← Chapters

အခန်း (၆၁၇)

Vol. 42 Ch. 617

အခန်း (၆၁၇)

Vol. 42 Ch. 617

“အား”

အိုမင်းပြီးနာကျင်မှုအပြည့်ဖြင့်

ဟစ်အော်သံက ဧရိယာတစ်ခုလုံးရိုက်ခတ်ဖြတ်သန်း

ထွက်လာ၏။

မူလကခန့်ညားပြီးအရှိန်အဝါကြီးမားသော ခန္ဓာကိုယ်မှာ အစောပိုင်းက

ငွေရောင်တံစဉ်၏ ပိုင်းဖြတ်မှုကိုခံလိုက်ရသည်။ ခန္ဓာကိုယ်မှာနှစ်ပိုင်းပြတ်ထွက်သွားပြီး တောက်ပနီရဲသောသွေးများက

ကောင်းကင်ထဲမှဖြန်းခနဲ ဖြာဆင်းကျလာသည်။

ငွေရောင်တံစဉ်က ဝမ့်ကျိုးအားသတ်ဖြတ်ပြီးနောက် ၎င်း၏ထက်ရှသောဓားသွားက

အေးစက်သည့်အလင်းတစ်ချက်

လင်းလက်သွားသည်။ ၎င်းက ဝမ့်ကျိုး၏နှစ်ပိုင်းပြတ်သွားသော

ကိုယ်အားထိုးသွင်းသယ်ဆောင်ကာ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏စင်မြင့်ပေါင်းတစ်ရာ၏အထက်ကောင်းကင်ထဲသို့အရှိန်အဟုန်ဖြင့်ပြန်လည် ပျံသန်းလာသည်။

ငွေရောင်တံစဉ်ကရှစ်ဖုန့်ရှိရာကောင်းကင်သို့ အလောင်းပိုင်းနှစ်ခုနှင့်အတူ ပြန်ရောက်လာသည်. ဤအချိန်တွင် ကောင်းကင်နှင့်မြေပြင်ထက်၌အလန့်တကြားအသံများဖြင့်ပြည့်နှက်နေ၏။

ယနေ့တွင် တုန်လှုပ်အံ့အားသင့်ဖို့ကောင်းသော အရာများစွာဖြစ်ပွားခဲ့သည်ဖြစ်သည်။မရေတွက်နိုင်သောလူများ၏နှလုံးသားထဲ၌ ဤအရာအားလက်သင့်ခံနိုင်ရန်ခက်ခဲနေ၏။

ယနေ့တွင် နဂါးဆင်တပ်၏ဗိုလ်ချုပ် ကျိရှောင်းသေခဲ့သည်။ ထျန်းခွန်းဂိုဏ်း၏ လိပ်နက်ခန်းမဒုခေါင်းဆောင်ပမ့်အောင်းသေခဲ့သည်။ ယခု လုံဟူဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဝမ့်ကျိုးသည်လည်းသေသွားခဲ့ပြီဖြစ်၏။

ဤအထင်ကရပုံရိပ်များအား

သတ်ဖြတ်ခဲ့သည့်သူမှာ ယခုကောင်းကင်ထဲ၌ရပ်နေသော

သွေးနီရောင်ချပ်ဝတ်နှင့် လူငယ်ပင်ဖြစ်သည်။ သူ၏နမည်က ရှစ်ဖုန့်ဖြစ်၏။

သူသည် လွန်ခဲ့သော ရက်အချို့ခန့်ကမှထင်ပေါ်လာခဲ့သော လူငယ်တစ်ယောက်ဖြစ်ပြီးလွန်ခဲ့သော ရက်အချို့အတွင်းကစ၍ တုန်လှုပ်အံ့အားသင့်ဖွယ်ကိစ္စများ

အားတစ်ခုပြီးတစ်ခုလုပ်ဆောင်ခဲ့သည်။ ယခုလည်း သူကလုံဟူဂိုဏ်းခေါင်းဆောင် ဝမ့်ကျိုးအားသတ်ဖြတ်ခဲ့၏။လူများအတွက် သူကဒဏ္ဍာရီတစ်ခုအားဖန်တီး

နေသကဲ့သို့ပင်ဖြစ်သည်။

“ဝမ့်ကျိုးသေသွားပြီ”

မင်းသားကွမ်းသည်လည်း ရှစ်ဖုန့်၏လက်အတွင်းပြန်လည်

ပျံသန်းလာသော ငွေရောင်တံစဉ်နှင့်၎င်း၏ထိုးသွင်း

ခြင်းခံထားရသော နှစ်ပိုင်းပြတ်နေသည့်အလောင်းထံ

သို့မှင်တွေစွာကြည့်နေမိသည်.

ဝမ့်ကျိုး၏စွမ်းအားကသူ့ထက်အား

နည်းခြင်းမရှိပေ။ ထိုထက်ပိုသည်ကား အစောပိုင်းကဝမ့်ကျိုးနှင့် တိုက်ခိုက်မှုကိုဖလှယ်ခဲ့စဉ်တွင် ဝမ့်ကျိုး၏စွမ်းအားကသူ့အထက်

အနည်းငယ်သာလွန်သည်ကို မင်းသားကွမ်းခံစားမိခဲ့ပြီးဖြစ်သည်။

အထူးသဖြင့်လုံဟူဂိုဏ်း၏အန္တိမိပညာ

ရပ်ဖြစ်သော “နဂါးကျားဆင်းသက်ခြင်း”ပင်ဖြစ်သည်။ ဝမ့်ကျိုးက ၎င်းအား အထွတ်အထိပ်ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည်ဖြစ်၏။

ယခုဝမ့်ကျိုးမှာ ထိုလူငယ်၏သတ်ဖြတ်မှုကို

တကယ်ခံလိုက်ရသည်။

ဤမွန်းစတား သူကတကယ်ပဲဤကဲ့သို့မွန်းစတားဆန်သော အဆင့်သို့ရောက်ရှိနေသည်။

ဖြည်းဖြည်းချင်းမင်းသားကွမ်းအနေဖြင့်တစ်စုံတစ်ခုအား သဘောပေါက်လာသည်။ ယင်းမှာ အစောက ပမ့်အောင်းနှင့် ဝမ့်ကျိုးတို့အားသတ်ဖြတ်ခဲ့သည့် ငွေရောင်တံစဉ်ပင်ဖြစ်သည်။၎င်းက ရှေးခေတ်ဒဏ္ဍာရီထဲက သေခြင်းကောက်ရိတ်ဓားနှင့်များ

စွာတူညီသည်ဖြစ်၏။

သို့သော်ထို့နောက်တွင် ငွေရောင်တံစဉ်ကရှစ်ဖုန့်၏လက်အတွင်းသို့ပြန်လည်ရောက်ရှိပြီးနောက် ပြင်းထန်သော သွေးနီရောင်မီးတောက်တစ်ခုက ရှစ်ဖုန့်၏ကိုယ်မှထွက်ပေါ်လာပြီး ဝမ့်ကျိုး၏နှစ်ပိုင်းပြတ်နေသော

အလောင်းထံသို့ ဝင်ရောက်သွားသည်ကိုမင်းသားကွမ်းရော ဧရိယာတစ်ခုလုံး၌ရှိနေသည့်

လူများပါမြင်တွေ့လိုက်ရသည်။

သွေးနီရောင်မီးတောက်အောက်တွင်

ဝမ့်ကျိုး၏ အလောင်းပိုင်းနှစ်ခုမှာ မီးရှို့ပြာချံလိုက်ရသည်။ ထို့နောက်တွင် ပြင်းထန်စွာတောက်လောင်နေ

သောသွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ကိုယ်ပေါ်သို့ပြန်လည်

ရောက်ရှိလာသည်။ ၎င်းတို့ပျောက်ကွယ်သွားသောအခါတွင် ရှစ်ဖုန့်၏ကိုယ်မှ ရုတ်တရက်အဖြူရောင်အလင်း

တစ်ခုလင်းလက်သွားသည်။

ဤအချိန်တွင် ကောင်းကင်ရော

မြေပြင်၌ပါ နောက်ထပ်တစ်ကြိမ် အုတ်အော်သောင်းနင်းဖြစ်လာပြန်သည်။

“သူ..တကယ်ပဲသူအဆင့်ထပ်တက်သွားတယ်.”

နောက်ဆုံးအကြိမ်သူအဆင့်

တက်ထားခဲ့သည်မှာ နေ့တစ်ဝက်ခန့်သာရှိသေးသည်ကို အားလုံးရှင်းလင်းစွာမှတ်မိသည်ဖြစ်သည်။

နောက်ထပ်အဆင့်တစ်ခုသို့

တက်လှမ်းခြင်းက ဤလူအတွက် ထမင်းစားရေသောက်သကဲ့သို့ဖြစ်နေ၏။ ယင်းမှာ လုံးဝကြားဖူးခြင်းမရှိသလို ကျင့်ကြံမှု၏ယေဘုယျ အသိအားချိုးဖျက်လိုက်ခြင်းပင်ဖြစ်သည်။

“သူအဆင့်တက်သွားတယ်..သူကနတ်ဆိုးပဲ. သူကတကယ်ပဲအဆင့်ထပ်တက်သွားတယ်”

မင်းသားကွမ်းတစ်ဖြစ်လည်း လန်ကွမ်းမှာလည်းကျန်လူစုကြီးကဲ့သို့ပင် အံ့အားသင့်စွာ ရေရွတ်မိလိုက်သည်။သူ၏လက်ထဲတွင်

ရှိနေသော ငွေရောင်တံစဉ်ကဤကဲ့သို့ စွမ်းအားကြီးစွမ်းအင်တို့ကို ထုတ်လွှတ်နိုင်ခြင်းကြောင့်လား သို့မဟုတ် ဤနတ်ဆိုးကပဲ သူကိုယ်တိုင်နတ်ဆိုးဆန်လွန်းနေပြီး သာမန်အမြင်တို့ဖြင့်အကဲဖြတ်၍

မရနိုင်သောကြောင့်လားဆိုသည်ကို မင်းသားကွမ်းကိုယ်တိုင်ပင် မတွေးတတ်တော့ချေ။

ဤငွေရောင်တံစဉ်က ပင်ကိုယ်အားဖြင့် ထူးခြားဆန်းကြယ်သည်ဖြစ်သည်။ သို့သော်ဤနတ်ဆိုးကတော့ပိုပြီး ဆန်းကြယ်ပြီးကောင်းကင်ဘုံကို

ပင်ဆန့်ကျင်နေ၏။

ကြယ်လေးပွင့်မဟာသူတော်စင်

နယ်ပယ်ဝမ့်ကျိုး၏ သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်

နှင့်၊သွေးတို့အား ဝါးမျိုပြီးသည့်နောက် ငွေရောင်တံစဉ်အားအသက်သွင်း

ရခြင်းကြောင့်ကုန်ဆုံးသွားခဲ့သော ငရဲဘုံကိုးခုစွမ်းအင်များသာ ပြန်လည်ပြည့်တင်းလာခဲ့ရုံမက သူသည်လည်းအောင်မြင်စွာအဆင့်တက်ခဲ့ပြီး ကြယ်နှစ်ပွင့်မဟာသူတော်စင်

နယ်ပယ်သို့ဝင်ရောက်နိုင်ခဲ့သည်။

ဤအချိန်တွင်ရှစ်ဖုန့်၏အကြည့်တို့က

သူ့ရှေ့ရှိ လုံဟူဂိုဏ်းမှလူများထံသို့ကျ

ရောက်သွားသည်။ဂိုဏ်းခေါင်းဆောင် ဝမ့်ကျိုးသေဆုံးသွားရခြင်းက ဤလူများအား လွန်စွာတုန်လှုပ်အံ့အားသင့်သွားစေသည်။

ယခုဂိုဏ်းခေါင်းဆောင်ဝမ့်ကျိုးအား သတ်ပစ်လိုက်သည့်ဤနတ်ဆိုးက တကယ်ကြီးသူတို့ဘက်သို့ကြည့်

နေသည်ကိုတွေ့လိုက်ရသည်။

ဤအချိန်တွင်လုံဟူဂိုဏ်း၏

ထောင်ပေါင်းများစွာသောကျွမ်းကျင်သူများမှာ ငှက်များနှင့်သားရဲများကဲ့သို့ဦး

တည်ချက်အနှံ့ခွဲထွက်ပြေးတော့သည်။

တစ်ယောက်ပြီးတစ်ယောက် အလျှင်အမြန်ဘယ်၊ညာ၊ထက်၊အောက် ပျံသန်းထွက်ပြေးကြ၏။ ဤနတ်ဆိုးနှင့်ဝေးရာသို့ ခြေကုန်သုတ်ပြေးနေကြသည်။

ဤလူများကသူ့အားသတ်ရန် ဝမ့်ကျိုးနောက်သို့လိုက်လာသူများဖြစ်သည်။ ဤလူများစတင်အသက်လုထွက်ပြေးနေသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်အနေဖြင့် သူတို့အားမည်ကဲ့သို့လွှတ်ပေးနိုင်ပါမည်နည်း။ဤအချိန်တွင်ရှစ်ဖုန့်၏ညာလက်က ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်သည်။

ဤအချိန်တွင် သိပ်သည်းသော အဖြူရောင်ဓားချီက ဗလာနတ္ထိဟင်းလင်းပြင်အတွင်း ဖြတ်သန်းသွား၏။ရှစ်ဖုန့်၏ရှေ့

ကောင်းကင်မှာ ရုတ်ခြည်းဓားချီပင်လယ်တစ်ခု

အဖြစ်ပြောင်းလဲသွားသည်။

“အား.အား.အား..အား”

စူးစူးဝါးဝါး နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သံများက ဟင်းလင်းပြင်ထဲ၌အဆက်

မပြတ်ထွက်ပေါ်လာပြီး တစ်ခုပြီးတစ်ခုပဲ့တင်ရိုက်ခတ်နေသည်။

ကြည့်ရှုနေကြသူလူအများမှာ သူတို့၏နှလုံးသားများ

တဆက်ဆက်တုန်ယင်သွားပြီး အားလုံးတုန်လှုပ်အံ့အားသင့်သွားကြသည်။ အချို့ထဲအတွင် ကျောရိုးထဲအထိအေးစိမ့်တက်မှု

ကိုခံစားလိုက်ရပြီးသူတို့၏ ဆံပင်များပင်အဆုံးထိထောင်မတ်သွားသည်။

များစွာသောခြေလတ်အပိုင်း

အစများကနေရာအနှံ့သို့လွင့်ပျံနေပြီး တောက်ပနီရဲသောသွေးများက ထျန်းလျန်အင်ပါယာ တော်ဝင်မြို့အောက်ဘက်နေရာအနှံ့သို့ ရွာသွန်းကျဆင်းနေသည်။

ကောင်းကင်ကသက်ရှိလောက

ငရဲတစ်ခုအသွင်ပြောင်းလဲသွားသည်။

စိတ်မချမ်းမြေ့ဖွယ်အော်သံများနောက်လိုက်ပါ၍ အသက်များက အဆက်မပြတ်ဆုံးရှုံးနေသည်။

ရှစ်ဖုန့်၏မျက်နှာထက်ကအေးစက်နေသကဲ့သို့ သူ့ရှေ့ရှိ ကောင်းကင်ပြင်အားသွေးအေးစွာ စိုက်ကြည့်နေသည်။ ဝမ်းနည်းကြေကွဲဖွယ်ဟစ်အော်သံ

များကိုကြားရသော်လည်း သူ၏နှလုံးသား၌လုံးဝလှိုင်းထခြင်းမရှိပေ။

အနည်းငယ်သနားစိတ်ဝင်မိခြင်းမရှိချေ။

ဤလူများကသူ့အား

သတ်ရန်လာခဲ့သည်ဖြစ်သောကြောင့် သူတို့အားလုံးသေကြရမည်သာဖြစ်သည်။

၎င်းတို့သူ့အားသတ်ဖို့မလာခင် သူသတ်ခြင်းအားခံရမည်ကို၎င်းတို့သတိပြုသင့်သည်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်၏ကိုယ်မှ ပြင်းထန်သောသွေးနီရောင်မီးတောက်တို့ ဟုန်းခနဲထွက်ပေါ်လာပြီး သူ့ရှေ့ရှိဟင်းလင်းပြင်သို့ သိမ်းကျုံးဖြတ်သန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တစ်ခွင်လုံး

သွေးနီရောင်မီးပင်လယ်

အဖြစ်ပြောင်းလဲသွား၏။

သွေးနီရောင်မီးပင်လယ်က ကောင်းကင်၌လောင်ကျွမ်းနေပြီး ဧရိယာတစ်ခုလုံး၌ အနီရောင်တို့ထွန်းလင်းနေ၏။၎င်းက လူတစ်ယောက်၏နှလုံးသားအား တဆက်ဆက်တုန်စေသော စွမ်းအားကြီး စွမ်းအင်နှင့်လွန်စွာအေးစက်သောအရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။လောင်ကျွမ်းနေသော သွေးနီရောင်မီးတောက်များအောက်တွင် အဆက်မပြတ်ဟစ်အော်နေသောအသံများမှာ ရုတ်ခြည်းရပ်တန့်သွားသည်။

လုံဟူဂိုဏ်း၏ကျွမ်းကျင်သူအားလုံးမှာ သိပ်းသည်းပြီး ရှုပ်ယှက်ခတ်နေသော ဓားချီနှင့် ပြင်းထန်စွာတောက်လောင်

နေသောသွေးနီရောင်

မီးပင်လယ်တို့၏အောက် ၌ သေဆုံးသွားပြီဖြစ်သည်ကိုအားလုံး

သိကြသည်ဖြစ်သည်။

ဤသတ်ဖြတ်ခြင်းကြယ်၏ လက်အတွင်းသေဆုံးခဲ့ကြ

သောကျင့်ကြံသူများကဲ့သို့ပင်

၎င်းတို့အနေဖြင့် ဤကမ္ဘာပေါ်၌ ဘာသဲလွန်စမှကျန်ရစ်နေခဲ့ခြင်းမရှိပေ။

ယနေ့တိုက်ပွဲအတွင်းတွင် လုံဟူဂိုဏ်းခေါင်းဆောင် ဝမ့်ကျိုးကျဆုံးသွားခဲ့သည်။ လုံဟူဂိုဏ်းမှကျွမ်းကျင်သူများ

အားလုံးသေဆုံးသွားခဲ့သည်။

နှစ်ထောင်ပေါင်းများစွာက

တည်းကထူထောင်ခဲ့သော ထျန်းလျန်အင်ပါယာအတွင်းရှိ အင်အားအကြီးမားဆုံးဂိုဏ်းတစ်ခုဖြစ်သည့် လုံဟူဂိုဏ်းမှ လုံးဝလဲပြိုကျဆုံးသွားခဲ့ပြီဖြစ်သည်။

ဗလာနတ္ထိဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော သွေးနီရောင်

ပုံရိပ်ထံသို့ ပြင်းထန်သည့်မီးတောက်များ

ကပြန်လည်လှိမ့်မဝင်လာခင်အထိ ကြာမြင့်စွာ တောက်လောင်နေခြင်းမရှိခဲ့ပေ။

သွေးနီရောင်မီးတောက်များက သွေးနီရောင်ပုံရိပ်ထံသို့ ပြန်လည်လှိမ့်ဝင်လာသောအခါတွင် ၎င်းတို့မှာ ချက်ချင်းစုပ်ယူခံလိုက်ရသည်။ သိပ်မကြာခင် ကောင်းကင်ထဲရှိသွေးနီရောင်

မီးတောက်များမှာ ရှစ်ဖုန့်၏ကိုယ်အတွင်းသို့လုံး

ဝစုပ်ယူခံလိုက်ရ၏။

ရှစ်ဖုန့်၏ဤတစ်ကြိမ် အညှာတာမဲအစုလိုက်အပြုံ

လိုက်သတ်ဖြတ်မှုအားကြုံတွေ့ခဲ့ပြီးနောက် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်းရှိ လူအုပ်ကြီး၌သဘောတူညီမှု

တစ်ခုရှိလာပုံရသည်။ သူတို့အားလုံးခေါင်းများအားမော့ကာ ကောင်းကင်ထဲရှိသွေးနီရောင်

ပုံရိပ်အားကြည့်လိုက်ကြပြီး လုံးဝတိတ်ကျသော အခြေနေသို့ကျရောက်သွား၏။

ဤအချိန်တွင် ရှစ်ဖုန့်ကခေါင်းကို ငုံ့လိုက်ပြီး ထျန်းလျန်အင်ပါယာတော်ဝင်မြို့

တော်အတွင်းမှသိပ်သည်း

ထူထပ်များပြားသော လူအုပ်ကြီးကိုကြည့်လိုက်သည်။

All Chapters