← Chapters

အခန်း (၆၁၈)

Vol. 42 Ch. 618

အခန်း (၆၁၈)

Vol. 42 Ch. 618

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏

အထက်ဝေဟင်ထဲ၌ သွေးနီရောင်ချပ်ဝတ်အားဝတ်ဆင်ထား

သောပုံရိပ်တစ်ခုက ဝင့်ကြွားစွာရပ်နေသည်။ ၎င်း၏နောက်ရှိသွေးနီရောင်ဝတ်ရုံက လေနှင့်အတူ လူးလွန့်နေပြီး ခမ့်ညားသောအသွင်ရှိကာ သွေးနီရောင်နတ်ဆိုးတစ်ပါးက ကမ္ဘာပေါ်သို့သက်ဆင်းလာသကဲ့

သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်က သူ၏ခေါင်းကိုငုံ့လိုက်ပြီး တိတ်ဆိတ်နေသည့် သိပ်သည်းထူထပ်များပြားလှသော အောက်ဘက်ရှိ လူအုပ်ကြီးအားကြည့်လိုက်သည်။ သူကပြောလိုက်၏။

“ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်မှာ

ကျင်းပတဲ့ သတို့သားလောင်းရွေးချယ်သိုင်းပြိုင်ပွဲမှာ အနိုင်ရရှိသူက ဒီသခင်လေး

ရှစ်ဖုန့်ဖြစ်တယ်လို့ ဒီသခင်လေး ကြေညာတယ်”

သူ၏သွေးအေးပြတ်သားသော မည်သူ့ကိုမှငြင်းဆန်ခွင့်မပြုသည့်အသံက လေထဲ၌ရိုက်ခတ်ထွက်ပေါ်လာသည်။

ထိုအသံအားကြားလိုက်ရသောအခါတွင် များစွာသောလူများ၏မျက်နှာထားများက ပြောင်းလဲသွားသည်။ သူက သူ့ကိုယ်သူတကယ်ပဲ အနိုင်ရရှိသူဟုကြေညာခဲ့၏။သူ့တို့အတွက် ဤကဲသို့သောအရာမျိုးအား ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။

မကျေမနပ်ဖြစ်ကြသော လူများစွာလည်းရှိသည်။ အထူးသဖြင့် ကွင်းထဲ၌ရှိနေသေးပြီး ဖယ်ထုတ်ခံရခြင်းမရှိကြသေးသော

သူများဖြစ်ကြသည်။

ဤရက်များအတွင်း သူတို့အနေဖြင့်သေသည်အထိ

တိုက်ခိုက်ခဲ့ကြသည်။ အချို့ဆိုလျှင် တိုက်ပွဲများအတွင်း၌ သေလုနီးပါးဖြစ်ခဲ့ရသည်။သူတို့အတွက်ဤကဲ့သို့သောအဆင့်မျိုးရောက်ဖို့က မလွယ်ကူပေ။ အဆုံးသတ်၌ သူတို့မရှုံးနိမ့်သေးခင် ရှစ်ဖုန့်ကသူ့ကိုယ်သူအနိုင်ရရှိသူ

အဖြစ်ကြေညာပြီးဖြစ်နေသည်။

သို့သော် ဤလူများမှာ မကျေမနပ်ဖြစ်ကြသော်လည်း မည်သူကမျှသူ့အားငြင်းဆန်ရဲခြင်းမရှိကြချေ။

ဤသည်ကားမည်ကဲ့သို့ဟာသမျိုးနည်း။ သူက ထူးချွန်ပြောင်မြောက်သူ ပါရမီရှင်တစ်ယောက်ပြီးတစ်ယောက်ကို

သတ်ပစ်ခဲ့သည်ဖြစ်သည်။ ဝမ့်ကျိုးနှင့် လုံဟူဂိုဏ်း၏ကျွမ်းကျင်သူထောင်

ပေါင်းများစွာပင်လျှင် နေ့တစ်ဝက်အတွင်းသူ၏လုံးဝရှင်း

ထုတ်ပစ်ခြင်းကိုခံလိုက်ရသည်။ သူတို့၏အလောင်းများပင်

ကျန်ရစ်ခဲ့ခြင်းမရှိချေ။ ဤကဲ့သို့ရက်စက်သောလူမျိုးနှင့်

ဆန့်ကျင်ဘက်နေခြင်းက ကိုယ့်သေလမ်းကို ကိုယ့်ဟာကိုရှာဖွေခြင်းအပြုအမူသာဖြစ်သည်။

သူ၏နမည်က ရှောင်ကျင့်ဖြစ်သည်။ သူသည် ထျန်းလျန်အင်ပါယာအတွင်း ကျေးရွာငယ်လေးတစ်ခုအတွင်းရှိ ဆင်းရဲသောမိသားစုတစ်ခုမှမွေးဖွား

လာခဲ့သူဖြစ်၏။

သူငယ်စဉ်ကတည်းက ထိုစွမ်းအားကြီး ကျင့်ကြံသူများအား အားကျခဲ့သည်။ ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီး အထိတ်အထိပ်လူများကြား

ထဲမှတစ်ယောက်အဖြစ် ရပ်တည်နိုင်ရန်အတွက်သူ စိတ်ပိုင်းဖြတ်ခဲ့သည်။

ထိုနှစ်က ရှောင်ကျင့် တောင်တန်းအတွင်းလျှောက်သွားရင်း မတော်တဆဂူတစ်ခုအတွင်း

ဝင်ရောက်မိခဲ့သည်။ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဆီသို့ သူ မတော်တဆဝင်တိုးမိလိမ့်မည်

ဟုသူမမျှော်လင့်ထားခဲ့မိပေ။

အဆုံးသတ်၌ ရှောင်ကျင့်ကံကောင်းခဲ့သည်။

ရှေးဟောင်းအမွေအနှစ်နေရာအတွင်း အန္တရာယ်များအားတစ်ခုပြီးတစ်ခုသူရှောင်ရှားနိုင်ခဲ့ရုံသာမက ထိုနေရာ၏ အမွှေအနှစ်များကိုပါရရှိဆက်ခံနိုင်ခဲ့သည်။

ထို့နေ့မှစတင်၍ ရှောင်ကျင့်တစ်ယောက် ကောင်းကင်ထက်သို့ပျံသန်းမြင့်တက်လာသည်ဟုပြော၍ရနိုင်သည်။ ဆင်းရဲသားတောသား ကျေးရွာလေးတစ်ခုကောင်လေးတစ်ယောက်က ကျင့်ကြံသူသိုင်းသမားတစ်ဦးဖြစ်လာသည်။

ရှေးဟောင်းအမွေအနှစ်အားရရှိခဲ့ပြီးနောက် ရှောင်ကျင့်တစ်ယောက်အပတ်တကုတ်ကျင့်ကြံအားထုတ်ခဲ့သည်။ ကျင့်ကြံရန်အတွက် အန္တရာယ်ရှိသောနေရာများကို

သူဝင်ရောက်ခဲ့သည်။ ဖြည်းဖြည်းချင်းရှောင်ကျင့်တစ်ယောက် သိုင်းသာမားတစ်ဦးအဖြစ်မှ ကျွမ်းကျင်သူသိုင်းပညာရှင်တစ်ဦးဖြစ်လာသည်။

ထိုကြားထဲတွင် ရှောင်ကျင့်လှပသောမိန်းကလေး

တစ်ဦးနှင့်တွေ့ဆုံခဲ့သည် ။ ရှောင်ကျင့်ကသူမအားချစ်ကျွမ်းဝင်ခဲ့ပြီး သူမကလည်းရှောင်ကျင့်ကို ချစ်ကျွမ်းဝင်ခဲ့သည်။ သို့သော် ထျန်းလျန်အင်ပါယာ၌ မင်းသမီးလင်လုံအတွက်သတို့သား ရွေးချယ်ပွဲကျင်းပမည်ကိုသူကြားခဲ့ရပြီးနောက် ရှောင်ကျင့်တစ်ယောက်ပြတ်သားစွာ

ပါဝင်ခဲ့သည်။ သူ၏အခွင့်အရေးရောက်ရှိလာပြီဟု

သူခံစားခဲ့ရ၏။

သူ့အနေဖြင့်မြင့်မားသောအဆင့်အတန်းကို ရောက်လိုသည်။ သူ၏ဘိုးဘေးများအတွက် ဂုဏ်သိက္ခာကိုရရှိလိုသည်။သူသည် ထျန်းလျန်အင်ပါယာဧကရာဇ်မင်း၏သားမက်တော်တစ်ဦးဖြစ်လိုခဲ့သည်။

သူ၏အိမ်မက်အတွက်အလို့ငှာ ထိုမိန်းကလေးက မည်မျှပင်တောင်းပန်ပါစေ မည်မျှပင် သူ့အနေဖြင့်ကူကယ်ရာမဲ့မှုကိုခံစားခဲ့ရပါစေ မည်မျှပင်ဝန်လေးမှုတို့ကိုခံစားခဲ့ရပါစေ အဆုံးသတ်၌သူမအား လမ်းခွဲရန်ကိုသာ ရှောင်ကျင့်ရွေးချယ်ခဲ့သည်။

ယခုအချိန်ထိတိုင် သူမအားသူလမ်းခွဲရန်ပြောသောအခါ၌ မျက်ရည်များရွှဲရွှဲစိုနေသည့် လှပသောမျက်နှာလေး၏ ပုံရိပ်က သူစိတ်ထဲ၌ ပြည့်နှက်နေဆဲဖြစ်သည်။

သို့သော် ဤသတို့သားရွေးချယ်သိုင်း

ပြိုင်ပွဲတွင်ပါဝင်ရန်အတွက် သူ့အနေဖြင့် စွန့်လွှတ်မှုများစွာအား ပြုလုပ်ခဲ့ရသည်ဖြစ်ပြီး စွမ်းအားကြီးပြိုင်ဘက်များအား တစ်ယောက်ပြီးတစ်ယောက်အနိုင်ယူခဲ့သည် ။ သူ့အနေဖြင့်ကပ်သီးလေးနိုင်ခဲ့မှု

တို့ပင်အကြိမ်များစွာရှိခဲ့၏။

ယခုကောင်းကင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော လူက သူ့ကိုယ်သူ ဤပြိုင်ပွဲ၏ ချန်ပီယံဖြစ်သည်ဟု ပြောနေသည်။ ရှောင်ကျင့်အနေဖြင့် ဤသည်အားမည်ကဲ့သို့ လက်သင့်ခံနိုင်ပါမည်နည်း။ဤပြိုင်ပွဲအတွက် အလို့ငှာ သူ၏အချစ်စစ်ကိုပင်စွန့်လွှတ်ခဲ့သည်ဖြစ်သည်။ ယခု ဤပုဂ္ဂိုလ်က သူ၏ အိမ်မက်နှင့်မျှော်လင့်ချက်များအား လုယူရန် တကယ်အလိုအရှိနေ၏။ ဤသည်က သူအားသတ်ဖြတ်ခြင်းနှင့်ဘာများ

ကွာခြားပါသနည်း။

ရှောင်ကျင့်မှာသူ၏လက်သီးတို့အား တင်းနေအောင်ဆုပ်လိုက်ပြီး ဟင်းလင်းပြင်အတွင်းမှလူ၏စကားများအား ပြန်အမှတ်ရလိုက်သည်။ သူ၏တစ်ကိုယ်လုံးဒေါသကြောင့်

တုန်ယင်နေ၏။ သူ၏လှုပ်ရှားရန်ပြင်လိုက်သည်။

သို့သော် ရှောင်ကျင့်က ဟင်းလင်းပြင်အားထိုးခွင်းတော့

မည့်အချိန်တွင် သူ့ကိုယ်သူအတင်းအကျပ်တားဆီးလိုက်သည်။ ဤလူက အရမ်းကိုသန်မာ၏။ သူအရမ်းသန်မာလွန်းပြီး ရှောင်ကျင့်၏နှလုံးသားကိုပင်

တဆက်ဆက်တုန်စေသည်ဖြစ်သည်။ သူအနေဖြင့်လုံးဝခုခံနိုင်ခြင်းမရှိပေ။

“အကယ်၍ငါသာသွားရင်..ငါ့ကိုယ်ငါသေတွင်းထဲကိုပို့နေတာပဲရှိမှာ”

ရှောင်ကျင့်မှာ သွေးရောင်ပုံရိပ်အားကြည့်လိုက်သည်။ ကူကယ်ရာမဲ့မူ လက်သင့်မခံနိုင်မှုများပြည့်နှက်စွာဖြင့် ကြေကွဲစွာပြောဆိုလိုက်သည်။

“ပြီးသွားပြီ. အားလုံးပြီးသွားပြီ.. ငါ့ရဲ့ရုံအာလေးကို လက်လွှတ်ခဲ့တယ်.. “

ရှောင်ကျင့်မှာ အဆုံးသတ်၌နောက်ဆုတ်ရန်သာ

ရွေးချယ်လိုက်သည်။ သူအနေဖြင့်လွန်စွာနောင်တရမှု၊ ဝမ်းနည်းကြေကွဲမှု၊ နှလုံးကြေကွဲမှုတို့ဖြင့်ပြည့်နှက်နေသည်။

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော် တော်ဝင်မြို့တော်အထက် ဟင်းလင်းပြင်အတွင်းတွင် ရှစ်ဖုန့်က တိတ်ဆိတ်နေသောများပြားလှသည့်လူအုပ်ကြီးအားငုံ့ကြည့်နေသည်။သူက ထပ်မံပါးစပ်ဖွင့်ဟလိုက်ပြီး ထူးခြားမနားစွာပြောလိုက်သည်။

“လက်မခံနိုင်သူတွေအနေနဲ့ အခုကစပြီးတော့ နေ့လည်မတိုင်ခင်အထိ ဒီသခင်လေးကို လာပြီးစိန်ခေါ်နိုင်တယ်”

“ဒီသခင်လေး ရတနာတစ်ထောင်စံအိမ်မှာနေတယ်”

ရှစ်ဖုန့်က စကားပြောပြီးနောက် လှည့်လိုက်ပြီး အဖြူရောင်အလင်းတန်းအဖြစ်သို့

ပြောင်းလဲကာ ရတနာတစ်ထောင်စံအိမ်ရှိရာသို့

မြင့်မားသောအမြန်နှုန်းဖြင့်ပျံသန်းသွားသည်။

ရှစ်ဖုန့်၏ပုံရိပ်ပျောက်ကွယ်မသွားခင်

အောက်ဘက်ရှိလူအုပ်ကြီးမှာ အုတ်အော်သောင်းနင်းဖြစ်လာသည်။ ကနဦးအခြေအနေများပြီးသွားပြီးနောက် ဆွေးနွေးမှုများမှာ ဆူနာမီကဲ့သို့အုံကြွလာ၏။

“ဒီရှစ်ဖုန့်.. သူက ဒီလိုမျိုးနဲ့ပထမနေရာကိုအနိုင်ရသွားတယ်.. သူထျန်းလျန်အင်ပါယာအတွင်းမှအလှဆုံးအမျိုးသမီးဖြစ်တဲ့မင်းသမီးလင်လုံရဲ့သတို့သားဆိုတဲ့ဘွဲ့ကိုအနိုင်ရသွားတာ မလား”

“အဲ့တာကရှစ်ဖုန့်မဟုတ်ရင်..မင်းမလို့လား..မင်းကရှစ်ဖုန့်ကို စိန်ခေါ်ရဲလား”

“ဟူး… ငါအရမ်းမနာလိုလိုက်တာ.. ဒီရှစ်ဖုန့်က အရှေ့ပိုင်းဒေသကြီးအတွင်းကအလှဆုံးအမျိုးသမီးဖြစ်တဲ့မင်းသမီးလင်လုံကို

သိမ်းပိုက်ပြီးတော့ သူမရဲ့ခန္ဓာကိုယ်နဲ့အတူအိပ်စက်ရတော့မယ်. အဲ့အချိန်ကြရင်..သူတို့..သူတို့..သူတို့ကတကယ့်တိရစ္ဆာန်တွေပဲ.. ငါဒါကိုစဉ်းစားလိုက်တိုင်း

ငါ့နှလုံးသားတဆစ်ဆစ်ကိုက်တာ

ကိုခံစားရတယ်”

“အား.. ငါ့ရဲမင်းသမီးလင်လုံလေး.. ငါရဲ့သတိုးသားလောင်းနေရာ..အား…”

ဟင်းလင်းပြင်ထဲတွင် ရွှေရောင်ချပ်ဝတ်စစ်သည်များကလည်းတိတ်တဆိတ်ဆုတ်ခွာသွားကြပြီးဖြစ်ပြီး ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော ရွှေရောင်ပုံရိပ်တစ်ခုသာကျန်ခဲ့သည်။မင်းသားကွမ်းက ဟင်းလင်းပြင်အားထိုးခွင်းသွားသော သွေးနီရောင်ပုံရိပ်အားကြည့်၍ အပြုံးတစ်ခုနှင့်သူ၏ခေါင်းအား ခါယမ်းလိုက်သည်။

“ဒီကောင်စုတ်.သူတကယ်မောက်မာတာပဲ.. ဒါက…သတို့သားရွေးချယ်သိုင်းပြိုင်ပွဲက အဆုံးသတ်လာတဲ့ပုံရတယ်.. ငါ့ရဲ့မြေးမလေးတော့ အနာဂတ်ကောင်းတစ်ခုပိုင်ဆိုင်တာပဲ”

ထို့နောက်မင်းသားကွမ်းက သူ၏ခေါင်းအားလှည့်လိုက်ပြီး သိပ်ဝေးသောနေရာမှ တော်ဝင်နန်းတော်ထိပ်ဖျားသို့ကြည့်လိုက်သည်။ တိမ်တိုက်များကြားထဲမှခပ်ရေးရေးပေါ်နေသော ရွှေရောင်ပုံရိပ်ထံသို့ကြည့်နေ၏။ ထို့နောက်တွင် မင်းသားကွမ်းကလှုပ်ရှားလိုက်ပြီး ထိုဦးတည်ချက်ဘက်သို့ တစ်ဟုန်ထိုးပျံသန်းသွားသည်။

ဟင်းလင်ပြင်အားထိုးခွင်းနေရင်း သူ၏အပြုံကမှေးမှိန်သွားပြီးပြောလိုက်သည်။

“သူ့ရဲ့အနာဂတ်သားမက်အတွက် တော်ဝင်တူလေးက ကျေနပ်ရဲ့လားဆိုတာကိုငါသိချင်မိတယ်.. ဒါပေမဲ့ဒီလိုပါရမီစွမ်းရည်နဲ့သားမက်တစ်ယောက်ကိုသူစိတ်ကျေနပ်သင့်ပါတယ်”

တော်ဝင်နန်းတော်ထိပ်ဖျားတွင်လန်ယွမ်က တိမ်တိုက်များကြားထဲ၌ ဝင့်ကြွားစွာရပ်နေသည်။ သူ ၏အကြည့်သွေးနီရောင်ပုံရိပ်သူ၏

မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ လုံးဝခွာသွားခြင်းမရှိချေ။

ဤအချိန်တွင်လန်ယွမ်ကသူ၏

ပါးစပ်အားဖြည်းညှင်းစွာဖွင့်ဟ

လိုက်ပြီးပြောလိုက်သည်။

“ငါ့ကလေးလင်လုံးက အရည်အချင်းကောင်းကောင်းရှိသားပဲ..”

ဤအရာအားပြောပြီးနောက် လန်ယွမ်က စိတ်သက်သာရာရစွာဖြင့်ပြုံးလိုက်သည်။

ထို့နောက် လန်ကွမ်း၏ပုံရိပ်က ဟင်းလင်းပြင်အားထိုးခွင်းလာသည်

ကိုတွေ့လိုက်ရပြီး အပြုံးတစ်ခုနှင့်အတူပြောလိုက်သည်။

“တော်ဝင်ဦးလေးတောင်ဒီကိုရောက်လာပြီပဲ.. ရှစ်ဖုန့်ကို တော်ဝင်ဦးလေးဘယ်လိုထင်လဲဆိုတာကို တူတော်သိချင်မိတယ်…တူတော်က

တော့သူကမဆိုးဘူးလို့ထင်တယ်”

ရွှေရောင်ပုံရိပ်နှစ်ခုက လျှင်မြန်စွာဆုံတွေ့သွားသည်။

“သူပဲ. သူတကယ်ပဲသူ့ကိုယ်သူအနိုင်ရသူ

အဖြစ်ကြေညာခဲ့တယ်.. ဒီလိုသာဆိုရင် မင်းသမီးအနေနဲ့သူချစ်တဲ့သူနဲ့ပဲလက်ထပ်ချင်တယ်ဆိုတဲ့ဆန္ဒပြည့်သွားတာမဟုတ်လား.. ငါ..ငါနန်းတော်ထဲကိုမြန်မြန်ပြန်သွားပြီးတော့မင်းသမီးကို ဒီသတင်းကောင်းကို တင်ပြရမယ်. မင်းသမီးပျော်မှာအသေအချာပဲ”

လူအုပ်အတွင်း တစ်နေ့တည်းအတွင်းအသွားအပြန်

အကြိမ်များစွာပြုလုပ်ခဲ့သော စိမ်းမြရောင်ပုံရိပ်တစ်ခုမှာ နောက်တစ်ကြိမ်ထပ်မံ၍ လူအုပ်အား

တိုးဝှေ့ပြီး တော်ဝင်နန်းတော်ရှိရာသို့ဦးတည်သွားသည်။

All Chapters