အခန်း (၆၁၉)
Vol. 42 Ch. 619
ရှစ်ဖုန့်က ရတနာတစ်ထောင်စံအိမ်ဆီသို့ပျံသန်း
သွားသကဲ့သို့ ရွှေရောင်ပုံရိပ်တစ်ခုနှင့် အဖြူရောင်ပုံရိပ်တစ်ခုက သူ၏ရှေ့၌ပေါ်လာသည်။ သူတို့က ရှစ်ဖုန့်အားစောင့်ဆိုင်းနေပုံရ၏။ ၎င်းတို့က ရှစ်ကျင်းရွှိုက်နှင့် ရွှယ်ဝူဟမ်တို့ဖြစ်ကြသည်။
ရှစ်ဖုန့်အားမြင်သောအခါတွင် ရှစ်ကျင်းရွှိုက်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ ပြိုင်ပွဲမှာအနိုင်ရပြီးတော့ ရှေ့ပိုင်းဒေသကြီးထဲက အလှဆုံးသောအမျိုးသမီးကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက် ညီလေးရှစ်ကို ဂုဏ်ပြုပါတယ်….”
ဤလူထူးဆန်းက အရမ်းကိုထူးဆန်းနေလိမ့်မည်ဟု ရှစ်ကျင်းရွှိုက်မမျှော်လင့်ထားခဲ့ပေ။
ထိုပါရမီရှင်များအားသူသတ်ခဲ့ရုံသာမက လုံဟူဂိုဏ်းခေါင်းဆောင်ဝမ့်ကျိုးကိုပါ
သတ်ပစ်ခဲ့သည်။ ဤသည်မှာ ရှစ်ကျင်းရွှိုက်လုံးဝမျှော်လင့်မထားခဲ့
သောအရာဖြစ်သည်။
ဤတိုက်ပွဲအား သူစောင့်ကြည့်နေသောအခါတွင် သူ့အတွက်ရှစ်ကျင်းရွှိုက် ချွေးပျံခဲ့ရသည်။ ဤလူထူးဆန်း စင်မြင့်ထက်၌ သေဆုံးမည်ဟု ရှစ်ကျင်းရွှိုက်အကြိမ်များစွာထင်ခဲ့သည်။ သူ့အနေဖြင့် အံ့ဖွယ်ကိစ္စများအားတစ်ခုပြီးတစ်ခု ဖန်တီးလိမ့်မည်ဟု ရှစ်ကျင်းရွှိုက်မမျှော်လင့်ထားခဲ့ပေ။
ရှစ်ကျင်းရွှိုက်စကားပြောပြီးနောက် ရွှယ်ဝူဟမ်ကလည်း ရှစ်ဖုန့်အာ ပြုံး၍ ဂုဏ်ပြုစကားဆိုလိုက်သည်။
“ဂုဏ်ပြုပါတယ်. သခင်လေးဖုန့်. .အရှေ့ပိုင်းဒေသကြီးရဲ့အလှဆုံး အမျိုးသမီးနဲ့သခင်လေးအခုဆိုအိပ်နိုင်ပြီ.. “
သူ၏ ဦးလေးငယ်က အရမ်းကိုထူးတစ်မူထူးခြားနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သူ ၏ပါရမီစွမ်းရည်က ငရဲဘုံကိုးခု ပညာရပ်များအား အထွတ်အထိပ်အထိကျင့်ကြံထားကြသော ငရဲဘုံကိုးခု အမှောင်ပညာရပ်များ၊ ငရဲဘုံကိုးခု သိုင်းနည်းစနစ်များ ၊ငရဲဘုံကိုးခု ဓားပညာရပ်များထက် လုံးဝကိုသာလွန်နေခဲ့သည်။
အဆုံးသတ်တွင် သူက ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်
ဝမ့်ကျိုးအား ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ် စွမ်းအားဖြင့် သတ်ဖြတ်ခဲ့သည်။
ငရဲဘုံကိုးခုဘိုးဘေးအနေဖြင့် အမွေခံတစ်ယောက်အားရရှိခဲ့သည်ဟုသုံးသပ်၍ရနိုင်သည်ဖြစ်သည်။ သူ့ဦးလေးငယ်၏အနာဂတ်အောင်မြင်မှုများကသူ၏ဦးလေးများထက် ပို၍ဆိုးလိမ့်မည်မဟုတ်ပေ ။ ပို၍ ပင်သာလွန်နေလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က သူ့ရှေ့ရှိလူနှစ်ဦးအားကြည့်၍ပြောလိုက်သည်။
“သွားစို့. ရတနာတစ်ထောင်စံအိမ်ကိုသွားပြီး
တော့စိတ်ရှိတိုင်းသောက်ကြစို့ .. မမူးမခြင်းတို့တွေအိမ်ကိုမပြန်ကြဘူး”
“ကောင်းတယ်.. စိတ်ရှိတိုင်းသာသောက်ပစ်လိုက်ကြစို့”
ရှစ်ဖုန့်၏စကားများအားကြားရသောအခါတွင် ရှစ်ကျင်းရွှိုက်ကလည်းသဘောတူ
ပြောဆိုလိုက်သည်။
“ကျုပ်လူတွေကိုပြင်ဆင်ဖို့အတွက်
အမိန့်ပေးလိုက်မယ်”
“စိတ်ရှိတိုင်းသောက်ကြမယ်. အရမ်းကောင်းတယ်.. ဒါကမှဖြစ်သင့်ဖြစ်ထိုက်တဲ့အရာမျိုးပဲ”
ရွှယ်ဝူဟမ်ကပြုံးလိုက်ပြီးပြောလိုက်သည်။ ထို့နောက်သူတို့သုံးဦးသား လှုပ်ရှားလိုက်ကြပြီး ရတနာတစ်ထောင်စံအိမ်ရှိရာသို့ ပျံသန်းသွားကြသည်။
ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်းရှိ တော်ဝင်နန်းတော်၏ တော်ဝင်ဥယျဉ်တော်အတွင်း၌ဖြစ်သည်။
“မင်းသမီး..ကောင်းလိုက်တာ”
မြစိမ်းရောင်ပုံရိပ်လေးတစ်ခုက ပန်းများသစ်ပင်များကြားထဲမှ အပြေးကလေးပျော်ရွှင်စွာထွက်လာသည်။ ပြေးလာရင်းသူမက ဝမ်းမြောက်စွာအော်ပြောလိုက်၏။
လှပသောအဖြူရောင်ပုံရိပ်လေးက ကန်လယ်ရှိ ငွားငွားစွင့်နေသောပန်းများဖြင့်ပြည့်နှက်
နေသည့် ဇရပ်တွင် ထိုင်နေသည်။ သူမ၏မျက်နှာထက်၌ ဝမ်းနည်းကြေကွဲမှုများဖြင့်ပြည့်နှက်နေ၏။ အစောပိုင်းက နန်းတော်အစေခံမလေးရှောင်းစွေ့နန်းတော်
သို့ပြန်လာပြီး လုံဟူဂိုဏ်းခေါင်းဆောင်ဝမ်ကျိုးက လုံဟူဂိုဏ်းမှ ထောင်ပေါင်းများဏွာသော
ကျွမ်းကျင်သူများအားဦးဆောင်ပြီး လာရောက်တိုက်ခိုက်သည်ဟု သတင်းပို့သည်ကိုကြားသိခဲ့ရသည်။
ပင်ကိုယ်အားဖြင့်ကျိမို့ ဝမ့်ကျိုး၏နမည်အားကြားဖူးသည်ဖြစ်သည်။ ဝမ့်ကျိုးမှာ ထျန်းလျန်အင်ပါယာ၏
ထိပ်တန်းအဆင့်ကျွမ်းကျင်သူ
ဆယ်ယောက်စာရင်း၌ဒုတိယချိတ်သူဖြစ်သည်။ သူကကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်ပြီး သူမ၏အဘိုးလန်ကွမ်းထက် အဆင့်တစ်ခုမြင့်မားသည်ဖြစ်သည်။
ဝမ့်ကျိုး၏ ပန်းတိုင်က သူ့သားဖြစ်သူဝမ့်ကုန်းအတွက်
လက်စားချေရန်ဖြစ်သည်။
ဝမ့်ကုန်း ထျန်းလျန်အင်ပါယာတော်ဝင်မြို့
တော်သို့ လာရခြင်းက သူ၏သားဖြစ်သူသေဆုံးမှုအတွက်
လာစားချေရန်ဖြစ်သည်။ယင်းက ဖြေရှင်း၍မရနိုင်သောအမုန်းတရားဖြစ်၏။ ကျိုမို့အနေဖြင့် သူ့အတွက်မည်ကဲ့သို့မစိုးရိမ်ပဲ
နေပါမည်နည်း။
“အဖြူလေး.အဖြူလေ.. သူအဆင်ပြေမယ်လို့နင်ထင်လား”
ကျိမို့ကခေါင်းလေးကိုငုံ့လိုက်ပြီး သူမဘေး၌လဲလျောင်းနေသော အဖြူလေးအားကြည့်လိုက်သည်။
“ဝေါင်း..ဝေါင်း..”
အဖြူလေးကနှစ်ချက်ဟိန်းလိုက်ပြီး ကျိမို့၏ စကားများအားပြန်လည်တုန့်ပြန်၏။
ကျိမို့မှာမူ အဖြူလေးပြောသည်အားသူမ
အနေဖြင့်နားလည်သကဲ့သို့ဖြစ်သည်။ သူမ၏ပါးစပ်အားဖွင့်ဟပြီးပြောလိုက်၏။
“အဖြူလေး.. ငါသူဘာမှဖြစ်တာကိုမလိုချင်ဘူး.
ဒါပေမဲ့. အဲ့ဝမ့်ကျိုးက ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်
တစ်ယောက်ပဲ..ဟူး..”
သူမကစကားပြောရင်း သက်ပြင်းရှည်အားတစ်ချက်ချလိုက်သည်။
“မင်းသမီး. ကောင်းလိုက်တာ.ကောင်းလိုက်တာ.”
“မင်းသမီး ..ဒါကတကယ်ကောင်းလိုက်တာ.. ကောင်းလိုက်တာ”
ဤအချိန်တွင် ကျိမို့၏နားထဲသို့ ဝမ်းမြောက်စွာအော်သောအသံတို့
ဝင်ရောက်လာသည်။
ဤအချိန်၌ သူမစိတ်ပျက်နေသည်ဖြစ်သည်။ ထိုအော်သံအားကြားလိုက်ရသောအခါတွင် သူမပို၍စိတ်ပျက်သွားသည်။”ကောင်းလိုက်တာ” ဟူသောစကားအား သူမကြားရ
သောအခါတွင် ကျိမို့၏မျက်နှာထက်၌
မပျော်ရွှင်သောအမူအယာတစ်ခုဖြစ်ပေါ်
လာသည်။ သူမက သူမထံသို့အပြေးလာနေသော မြစိမ်းရောင် ပုံရိပ်ထံသို့ကြည့်လိုက်သည်။
နန်းတော်အစေခံမလေး ရှောင်းစွေ့မှာ ပျော်ရွှင်စွာဖြင့်ပြေးလာနေသည်။ သူမက မင်းသမီးနှင့်အတူကြီးပြင်းခဲ့သူဖြစ်ပြီး သူမတို့နှစ်ဦးအား ငယ်စဉ်ကကတည်းကအတူ
ဆော့ကစားလာကြသောသူများဟု ပြော၍ရနိုင်သည်ဖြစ်သည်။
မင်းသမီး၏ချစ်သူဖြစ်သူက ဤပြိုင်ပွဲ၏အနိုင်ရရှိသူဖြစ်လာ
သောကြောင့်ရှောင်းစွေ့မှာမင်းသမီး
အတွက်နှလုံးသားထဲမှနေ၍ ပျော်နေမိသည်။
သို့သော် ဖြည်းဖြည်းချင်း ရှောင်းစွေ့တစ်ယောက်မင်းသမီးနှင့်နီးကပ်လာသောအခါတွင် မင်းသမီး၏မျက်နှာကအေးစက်နေပြီး မပျော်ရွှင်ပုံရစွာဖြင့်သူမအားကြည့်နေသည်ကို သူမ သဘောပေါက်လိုက်သည်။
“အာ..မင်းသမီးကဘာဖြစ်တာလဲ.
သူမပျော်ဘူးလား”
ရှောင်းစွေ့က မင်းသမီးထံသို့ကြည့်၍ သူမဖာသာသူမပြောလိုက်သည်။
“မင်းသမီး. ..”
ရှောင်းစွေ့မင်းသမီးအားဘာဖြစ်နေသနည်းဟု မေးချင်ခဲ့သည်။ သို့သော်သူမ၏ စကားမဆုံးခင် ကျိမို့ကသူမအားကြားဖြတ်
ဟန့်တားလိုက်သည်။
“ရှောင်းစွေ့…ရှောင်းစွေ့.. ဒီမင်းသမီးကညည်းကိုအရင်တုံး
ကကောင်းကောင်းဆက်ဆံပြီး နန်းတော်ရဲ့ စောင့်ရှောက်သူတစ်ဦးလိုဆက်ဆံခဲ့တယ်. ညည်းငယ်ငယ်လေးကတည်းက ညည်းကို နန်းတော်ထဲကဘာပင်ပန်းတဲ့
အလုပ်ကိုမှမခိုင်းခဲ့ဘူ.. အခုတော့သူဒီလိုမျိုးအခြေအနေဖြစ်တာကို ညည်းကတကယ်ပဲ ဒီမင်းသမီးကို ဒီလိုမျိုးလာပြောရဲတယ်.. ကောင်းလိုက်တာ..ညည်းက
ဒီမင်းသမီးကိုတကယ်ပဲစိတ်ပျက်စေတာပဲ”
“အာ..ဒါက..အဲ့လိုမဟုတ်ဘူးမင်းသမီး..သူ…သူက..”
ရှောင်းစွေ့မှာမင်းသမီး၏ စကားများအားကြားလိုက်ရသောအခါတွင် မင်းသမီးကသူမအားနားလည်မှုလွဲနေသည်ကို သိလိုက်သည်။ သူမလျှင်မြန်စွာရှင်းပြပြီး မင်းသမီးအားသတင်းကောင်းကို တင်ပြလိုခဲ့သည်။သို့သော် မင်းသမီး၏စကားအားသူမကြားလိုက်ရသောအခါတွင် အနည်းငယ်ပျာယာခတ်သွားပြီး သူမ၏စကားတို့က အနည်းငယ်တုန့်ဆိုင်းမှုဖြစ်လာခဲ့သည်။ သူမဆက်၍ပြောချင်သော်လည်း
ကျိမို့၏ကြားဖြတ်ဟန့်တားခြင်း
ကိုထပ်မံခံလိုက်ရသည်။
“ကောင်းပြီ..ရှောင်းစွေ့..ညည်းထွက်သွားလို့ရပြီ. ငါခဏလောက် တစ်ယောက်တည်းနေချင်တယ်..ဟူး.”
စကားအဆုံးတွင် ကျိမို့က သက်ပြင်းချလိုက်ပြီး အပြာရောင်ကောင်းကင်နှင့်
အဖြူရောင်တိမ်တိုက်တို့အား
မော့ကြည့်လိုက်သည်။
အတိတ်မှမြင်ကွင်းများကသူမ၏စိတ်ထဲ၌ပေါ်လာ၏။ ထိုအချိန်က သူမတို့ပထမဆုံးတွေ့ဆုံချိန်တွင် သူက အဘိုးကြီးတစ်ဦးအားသတ်ပစ်ခဲ့ပြီး သူမက ရပ်ကြည့်မနေနိုင်ဘဲ သူ့ကို အရာရှိများထံသို့ ခေါ်သွားလိုခဲ့သည်။
ထိုအချိန်တွင် ကျိရှောင်းက အပြင်းရောက်လာပြီး သူကသူမအားခေါ်ဆောင်၍ တောအုပ်အတွင်းပြေးခဲ့၏။
ထိုနေ့မနက်က တောအုပ်အတွင်းသူမထံသို့ သူအပြင်းလာချိန်တွင် သူကသူမအားတစ်ခုခုလုပ်ဆောင်ရန်လာသည်ဟု အစကထင်ခဲ့သည်။ သို့သော်သူကသူမအားကယ်တင်
လိမ့်မည်ဟုတော့သူမမမျှော်လင့်ခဲ့ပေ။ ထိုအချိန်က ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်က သူမအားခုန်အုပ်ခဲ့၏။
ယခုအချိန်အထိ ထိုအချိန်ကမြင်တွေ့ခဲ့ရသည့် မြင့်မားသော အနက်ရောင်ပုံရိပ်အား သတိရနေဆဲဖြစ်သည်။ သူ ၏ပခုံးထက်ထိကျနေသော ဆံပင်ရှည်တို့က လေနှင့်အတူကခုန်နေခဲ့သည်။ သူ၏လက်အတွင်းရှိ ဝံပုလွေမှလေထဲ၌ပင် သွေးနီရောင်မီးလုံးအဖြစ်သို့ပြောင်းသွားခဲ့သည်။
ထို့နေ့ကသူမသည်ရှန်းဟွေ့မြို့
လူငယ်သခင်လေး၏အရှက်ခွဲခြင်းကိုခံခဲ့ရသည်။ သူမအရှက်ခွဲခံရမှုကြောင့်သူက
ဒေါသထွက်သွားပြီး သူမအတွက်မားမားမတ်မတ်ရပ်တည်ခဲ့၏။ထိုအချိန်က သူမအရှက်ခွဲခံရချန်တွင် မည်သူမဆိုသူမယက်၌ရပ်တည်
မည်လားဆိုသည်ကိုသိချင်ခဲ့မိသည်။
ထိုနော့က သူကသူမအားခေါ်ဆောင်ထွက်ပြေးကာ နတ်ဆိုးသားရဲတောင်တန်းသို့ မတော်တဆ ဝင်ရောက်ခဲ့မိ၏။ စွမ်းအားကြီးနတ်ဆိုးသားရဲများ၏တိုက်ခိုက်မှုကိုသူတို့ခံခဲ့ရပြီး သူ ပြင်းထန်စွာ ထိခိုက်မိခဲ့သည်။ သူ့အားသူမကပတ်တီးများစည်းပေးခဲ့သည်။ မည်ကဲ့သို့ပတ်တီးစည်းရမည်ကိုသူမမသိခဲ့ချေ။ ထိုအချိန်က သူမအအနေဖြင့် သူ့အားနာကျင်စေခဲ့ရမည်သာဖြစ်သည်။
သို့သော်သူကသူမအားအနည်းငယ်
မျှပင်အပြစ်တင်ခဲ့ခြင်းမရှိပေ။ ထိုအစားသူမကိုပြုံးပြခဲ့သည်။
ညဘက်တွင်မိုးတို့ကသည်းထန်စွာရွာသွန်းနေခဲ့၏။ သူမနှင့်အဖြူလေးတို့အား ကြမ်းကြုတ်သောကျားသစ်နက်က တိုက်ခိုက်ခဲ့ပြီးအဖြူလေးအပြင်းအထန်ထိခိုက်ခဲ့သည်။ထိုအချိန်က သူမကိုယ်သူမထိုကျားသစ်နက်
ကြောင့်အပိုင်းပိုင်းစုတ်ပြဲပြီး
သေပြီဟုထင်ခဲ့သည်။ သို့သော်ထိုအချိန်တွင် သူမအားစိတ်သက်သာရာရာမှုကိုပေးစွမ်းသော အနက်ရောင်ပုံရိပ်က သူမ၏မျက်လုံးရှေ့၌ထပ်မံပေါ်လာခဲ့သည်။
နောက်ပိုင်းတွင်ကျိရှောင်းရောက်လာခဲ့ပြီး သူကသူမကိုခေါ်ဆောင်ရန် ထျန်းလျန်အင်ပါယာသို့လာခဲ့
မည်ဟုပြောခဲ့သည်။ထိုအချိန်တွင် သူမလွတ်လပ်လိမ့်မည်ဖြစ်သည်။
“အိမ်ကိုအရင်ပြန်လိုက်ပါ. ဆယ့်နှစ်ရက်နေပြီးရင် ..ငါမင်းကိုခေါ်ဖို့ ထျန်းလျန်အင်ပါယာကိုလာခဲ့မယ်. အဲ့အချိကြရင် မင်းလွတ်လပ်သွားလိမ့်မယ်”
ကျိမို့၏စိတ်ထဲတွင်ထိုနေ့ကစကားလုံးများက ထပ်တလဲလဲ ပြန်ပေါ်လာနေဆဲဖြစ်သည်။ငယ်ရွယ်ပြီး ချောမောယောက်ျားပီသကာ စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်
နေသောမျက်နှာက သူမစိတ်ထဲ၌ပေါ်နေမိသည်။