အခန်း (၆၂၀)
Vol. 42 Ch. 620
တော်ဝင်နန်းတော်၏ တော်ဝင်ဥယျဉ်တော်ထဲတွင် ကျိမို့ကဝမ်းနည်းမှုအပြည့်ဖြင့်
ကောင်းကင်ထက်သို့မော့ကြည့်နေသည်။
သူ၏စကားလုံးများက သူမ၏စိတ်ထဲ၌ပဲ့တင်ထပ်နေ၏။
“ငါသာ ဒီလိုဖြစ်လာမယ်မှန်းသိခဲ့ရင် . ငါဘာလို့နင်နဲ့သိကျွမ်းခဲ့ရတာလဲ.. ထျန်းလျန်အင်ပါယာကိုလာပြီးတော့ငါ့အတွက်သတို့သားရွေးချယ်ပြိုင်ပွဲမှာ ဝင်ပါဖို့ ငါနင့်ကိုတောင်းဆိုခဲ့မိတယ်.. “
ကျိမို့၏မျက်နှာထက်၌ ဝမ်းနည်းကြေကွဲမှုတို့ကိုပြသနေသည်။ သူနှင့်သိကျွမ်းခဲ့ရသည့်အတွက်သူမကိုယ်သူမ အပြစ်တင်နေမိသည်။
အကယ်၍ သူမသာ သူနှင့်မသိခဲ့လျှင် သူ့အနေဖြင့် ဤပြိုင်ပွဲ၌ပါဝင်လိမ့်မည်မဟုတ်ပေ။
သူ့အနေဖြင့် လုံဟူဂိုဏ်းခေါင်းဆောင်ဝမ့်ကျိုး၏ သတ်ဖြတ်မှုအား ခံရလိမ့်မည်မဟုတ်ပေ။
“အရမ်းကိုနာကျင်စွာနဲ့အသတ်ခံခဲ့
ရတာပဲဖြစ်လိမ့်မယ်”
ကျိမို့၏စိတ်ထဲ၌ အတွေးများက ဖျက်ခနဲဖျက်ခနဲပေါ်ပေါ်လာသည်။
ဤအချိန်တွင် ရှောင်းစွေ့၏အသံကသူမ၏နားထဲသို့ဝင်ရောက်လာ၏။
“မင်းသမီး”
ကျိမို့ခေါင်းကိုပြန်ငုံ့ကြည့်လိုက်သောအခါတွင် ရှောင်းစွေ့ထွက်မသွားသေးသည်ကို တွေ့လိုက်ရသည်။ သူမက မပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
“ရှောင်းစွေ့.. ညည်းပိုပိုပြီးတော့မနာခံဖြစ်လာပြီ.. ညည်းကဒီမင်းသမီးကိုမပျော်ရွှင်
အောင်လုပ်နေတယ်.. ခုဏက ..ဒီမင်းသမီး ညည်းကို ထွက်သွားဖို့မတောင်းဆိုခဲ့ဘူးလား. ဒီမင်းသမီးတစ်ယောက်တည်းပဲနေချင်တယ်”
“အဲ့လိုမဟုတ်ဘူး.မင်းသမီး. မင်းသမီးနားလည်မှုလွဲနေတယ်လို့ဒီအစေခံထင်တယ်.. သူ..သူကမသေသေးဘူး”
ဤအချိန်တွင် နောက်ဆုံး၌ သူမပြောချင်သောစကားများအား အဆုံးထိပြောရန်ရှောင်းစွေ့ပြင်ဆင်လိုက်သည်။ စကားဆုံးသည်အထိ အသက်တစ်ချက်ရှူကာ ပြောလိုက်သည်။
ရှောင်းစွေ့၏စကားများအားကြားလိုက်ရသောအခါတွင် ကျိမို့ တုန်လှုပ်အံ့အားသင့်သွားသည်။ ရုတ်တရက်ကျောက်တန်းလျားပေါ်မှ ထရပ်လိုက်သည်။ သူမ၏လက်တို့အားဆန့်ထုတ်၍ ရှောင်းစွေ့၏ပခုံးများအားကိုင်လိုက်သည်။ သူမကမေးလိုက်၏။
“ဘာ…ရှောင်းစွေ့.နင်ဘာပြောလိုက်တယ်”
ကျိမို့က မေးလိုက်ရင်း ရှောင်းစွေ့၏ပိန်ပိန်ပါးပါးကိုယ်လေး
အားလက်နှစ်ဖက်ဖြင့် လှုပ်ခါလိုက်သည်။
“အား..မင်းသမီး. ကျွန်တော်မျိုးမကိုနာအောင်လုပ်နေပြီ…”
ကျိမို့ကသူမ၏ ပခုံများအား ဆုပ်ကိုင်လိုက်သောအခါတွင် ဆုပ်ကိုင်လိုက်သောအခါတွင် ရှောင်းစွေ့နာကျင်စွာဖြင့် ပြောလိုက်သည်။
ကျိမို့ကလက်တို့အားပြန်ရုတ်လိုက်ပြီး ရှောင်းစွေ့အားလွှတ်ပေးလိုက်၏။ သူမက ရှောင်းစွေ့အားကြည့်၍ မေးလိုက်သည်။
“သူမသေသေးဘူးလို့ နင်ပြောခဲ့တာလား”
“ဟုတ်ပါတယ်မင်းသမီး”
ရှောင်းစွေ့က ကျိမို့၏စကားများအားကြားလိုက်ရသောအခါတွင် အားတက်သရော
ခေါင်းညိမ့်လိုက်သည်။
“အဘိုးလေး. လန်ကွမ်းက သူ့ကိုကယ်တင်ခဲ့တာလား. တော်ဝင်မိသားစုထဲမှာ အဘိုးလေးလန်ကွမ်းကသာ ဝမ့်ကျိုးရဲ့ပြိုင်ဘက်ဖြစ်နိုင်တာ”
ကျိမို့ကသူမကိုယ်သူပြောနေပုံရ
သကဲ့သို့တစ်ချိန်တည်းမှာပင် ရှောင်းစွေ့ကိုမေးလိုက်သည်။
“မဟုတ်ဘူးမင်းသမီး. သူကဝမ့်ကျိုးကိုသူ့ရဲ့ကိုယ်ပိုင်
ခွန်အားနဲ့သတ်ပစ်လိုက်တာ”
ရှောင်းစွေ့ကပြောလိုက်သည်။
“ဘာ”
ရှောင်းစွေ့၏စကားများအားကြားလိုက်ရသော အခါတွင် ကျိမို့တုန်လှုပ်အံ့အားသင့်သွားသည်။ သူမအနေဖြင့်နားကြားမှားသည်ဟု ယူဆလိုက်၏။
“သူကဝမ့်ကျိုးကိုသတ်လိုက်တာလား..
နင်ရှစ်ဖုန့်အကြောင်းကိုပြောနေတာလား”
“ဟုတ်ပါတယ်မင်းသမီး. သူပဲ. သူပါပဲ..သူကဝမ့်ကျိုးကိုသတ်ပစ်လိုက်တာ”
ရှောင်းစွေ့ကခေါင်းညိမ့်ပြီး
ထပ်မံပြောလိုက်သည္။
“ကျွန်တော်မျိုးမတို့အားလုံး သူတော့ဝမ့်ကျိုးသတ်တာကို
ခံရပြီထင်ခဲ့တာ. အဲ့အချိန်မှာ သူက ဟင်းလင်းပြင်ထဲတစ်ဟုန်ထိုးသွားပြီး ဝမ့်ကျိုးဆီကိုပျံသွားတာ. အားလုံးက သူသေချင်နေတာလို့ထင်ကြပေမဲ့ အဆုံးသတ်မှာ သူဝမ့်ကျိုးသတ်တာကိုမခံရရုံသာမက အဲ့အစား ဝမ့်ကျိုးကသူသတ်တာကိုခံလိုက်ရတာ”
ရှောင်းစွေ့၏ စကားအားကြားလိုက်ရသောအခါတွင် ကျိမို့ကြက်သေသေသွားသည်။ ဤသည်မှာ အိမ်မက်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ သူ..သူက ဝမ့်ကျိုး သတ်တာကိုမခံခဲ့ရပေ။ထိုအစား သူကဝမ့်ကျိုးကိုသတ်ခဲ့သည်။
သူကတကယ်ပဲအရမ်းစွမ်းအားကြီးမား
နေပြီလော။ ဤကောင်မလေးကသူမ
စိတ်မကောင်းဖြစ်မည်ကိုကြောက်၍ သူမအတွက် ဤကဲ့သို့သောလိမ်ညာမှု
ကိုပြုလုပ်ခဲ့ခြင်းလော။
ကျိမို့က မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်းစွေ့အား လေးနက်သောလေသံဖြင့်မေးလိုက်သည်။
“ရှောင်းစွေ့နင်ဘာလုပ်နေတာလဲ..
နင်ငါ့ကိုလိမ့်နေတာလား. အခုနင်ဝန်ခံမယ်ဆိုနောက်မကျသေးဘူးနော်.. မဟုတ်ရင်နောက်ပိုင်းနင်လိမ်တာကို
ငါရှာတွေ့တာနဲ့.. ငါနင့်ကိုခွင့်လွှတ်မှာမဟုတ်ဘူး.
နင့်ကိုကုန်းကုန်း ဟိုင်နဲ့ လက်ထပ်ပေးလိုက်မှာ”
မင်းသမီးကသူမအား ကုန်းကုန်းဟိုင်နှင့် လက်ထပ်ပေးချင်နေသည်ဟု
ကြားလိုက်ရသောအခါတွင် ရှောင်းစွေ့၏မျက်နှာကသိသိသာသာပြောင်းလဲသွားသည်။ ကုန်းကုန်းဟိုင်က အသက်ကြီးပြီးရုပ်ဆိုးကာ အဆုတ်နာဖြစ်နေသူဖြစ်သည်။ သူကနေ့တိုင်းချောင်းတဟွတ်ဟွတ်ဆိုး၏။ ပိုပြီးအရေးကြီးသည်မှာသူကား
ကုန်းကုန်းအိုကြီးဖြစ်နေခြင်းပင်ဖြစ်သည်။
ရှောင်းစွေ့က ကျိမို့အားလျှင်မြန်စွာကျိန်ဆို ပြောလိုက်သည်။
“မင်းသမီး.ကျွန်တော်မျိုးမကျိန်ပါတယ်.. ကျွန်တော်မျိုးမမင်းသမီးကိုလုံးဝမလိမ်ပါဘူး. မင်းသမီးကျွန်တော်မျိုးမကို ကုန်းကုန်းဟိုင်နဲ့လက်ထပ်ပေးလိုမရဘူး. ကျွန်တော်မျိုးမမင်းသမီးကိုလုံးဝမလိမ်ရပါဘူး”
ရှောင်းစွေ့မှာစကားပြောနေရင်း ကျမို့အားအသနားခံသည့်အမူအယာ မျက်နှာထက်၌ပေါ်လာသည်။ သူမအနေဖြင့် ကုန်းကုန်းဟိုင်နှင့်လက်ထပ်ရခြင်းအား တော်တော်လေးအလိုမရှိနေပုံပေါ်၏။
ကျိမို့မှာ ရှောင်းစွေ့၏ အမူအယာနှင့်ကျိန်ဆိုမှုတို့အား ကြားမြင်သိလိုက်ရသည်။ ကုန်းကုန်းဟိုင်နှင့်လက်ထပ်ပေးမည်
ဟူသောခြိမ်းခြောက်မှုအောက်တွင် သူမအနေဖြင့် သူမပြောသည့်အတိုင်း
ရပ်တည်နေသေးသည်ဖြစ်သည်။ သူမအနေဖြင့် တကယ်ပဲလိမ်လည်နေခြင်းရှိပုံမရပေ။
ကျိမို့စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ်သက်ပြင်းချမိသည်။ သူလုံးဝမလိမ်ခဲ့ပေ။ သူတကယ်ပဲအသက်ရှင်နေသေးသည်။ ဤသည်ကားကောင်းမွန်သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား သူကပို၍ပို၍သန်မာသည်
ထက်သန်မာလာသည်။ သူကယုံကြည်ဖို့ခက်ခဲလောက်သည်ကို
အထိကို သန်မာလာသည်။
ထို့နောက်တွင် မင်းသမီး၏လှပသောမျက်နှာလေးထက်၌ပျော်ရွှင်မှုတို့ဖြစ်ပေါ်လာသည်ကို ရှောင်းစွေ့အရိပ်အယောင်တွေ့လိုက်ရသည်။ သူမ၏မျက်နှာထက်တွင်
စိတ်သက်သာရာရသောအပြုံးတစ်ခုပေါ်လာ၏။ သူမကနှုတ်ခမ်းလေးဆူလိုက်ပြီး ထက်တွန့်တက်လိုက်သည်။
“အစတုံးက ကျွန်တော်မျိုးမက မင်းသမီးကိုသတင်းကောင်းပြောပြဖို့လာတာ.. အဲ့အစား မင်းသမီးက ကျွန်တော်မျိုးမကို အရမ်း ကြမ်းတမ်းစွာဆက်ဆံပြီး ကုန်းကုန်းဟိုင်နဲ့တောင်
လက်ထပ်ပေးမယ်လို့ခြိမ်းခြောက်တယ်”
“အရူးမလားလေး.ညည်းစိတ်ဆိုးနေတာပဲ. ကောင်းပါပြီ..ကောင်းပါပြီ.ဒါက ငါ့အမှားပါ”
ကျိမို့ကရှောင်းစွေ့အားပြုံးပြလိုက်သည်။ သူမသေသည်ကိုသိပြီးနောက် ရှောင်းစွေ့စိတ်သက်သာရာရပုံပေါ်သည်။ သူမအနေဖြင့်စိတ်ကောင်းဝင်နေ၏။
“မင်းသမီးက မင်းသမီးပဲကျွန်တော်မျိုးမက နန်းတော်ရဲ့အစေခံလေ.. ဘယ်လိုလုပ်ပြီးတော့မင်းသမီး
ကိုစိတ်ဆိုးရဲမှာလဲ.”
ရှောင်းစွေ့ဤကဲ့သို့ပြောနေသော်လည်း သူမ၏နှုတ်ခမ်းဆူထားသောအသွင်အပြင်က စိတ်ဆိုးနေကြောင်းကိုပြသနေသည်။
ရှောင်းစွေ့၏အသွင်အပြင်အားကြည့်၍
ကျိမို့က ပြုံးလိုက်ပြီးပြောလိုက်သည်။
“ကောင်မလေး. ညည်းကစိတ်မဆိုးဘူးသာပြောနေတယ်.. ကောင်းပါပြီ.ကောင်းပါပြီ. စိတ်မဆိုးနဲ့တော့နော်.. ကွင်းထဲမှ ဘာအခြေအနေတွေဖြစ်ခဲ့တာလဲ”
ကျိမို့၏စကားအားကြားလိုက်ရသော
အခါတွင် ရှောင်းစွေ့တုန်လှုပ်သွားသည်။ သူမနှုတ်ခမ်းဆူနေသည်အားရပ်လိုက်ပြီး သူမ၏ခေါင်းလေးအားပုတ်လိုက်၏။
“အိုး..မေ့တော့မလို့.. ကျွန်တော်မျိုးမ မင်းသမီးကို အရေးအကြီးဆုံးအရာကို ပြောရအုံးမယ်..ဂုဏ်ပြုပါတယ်မင်းသမီး. အဲ့လူက ဝမ့်ကျိုးကိုသတ်ပြီးတဲ့နောက်လေထဲမှာ ဝင့်ကြွားစွာရပ်ပြီး ထျန်းလျန်အင်ပါယာတော်ဝင်မြို့ထဲက
ထောင်ပေါင်းများစွာသောလူတွေကို ငုံ့ကြည့်ခဲ့တယ်.. သူကသူ့ကိုယ်သူ ဒီသတို့သားရွေးချယ်ပြိုင်ပွဲရဲ့ အနိုင်ရရှိသူအဖြစ်ကြေညာခဲ့တယ်”
“အဲ့အရှိန်အဝါ..အဲ့ အဲ့ဖွယ်ကောင်းတဲ့ မောက်မာတဲ့အသွင်အပြင် ..ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်တစ်ခုလုံးတိတ်ကျသွားတယ်.. ဘယ်သူကမှသူ့ကိုမငြင်းရဲကြဘူး.သူနဲ့ဘယ်သူကမှမတိုက်ခိုက်ရဲကြဘူး.”
“သူက ဒီသတို့သားရွေးချယ်ပြိုင်ပွဲရဲ့ အနိုင်ရသူလို့ ညည်းပြောနေတာလား”
ရှောင်းစွေ့၏စကားများအား
ကြားလိုက်ရသောအခါတွင် ကျိမို့ ထပ်မံတုန်လှုပ်အံ့အားသင့်သွားရပြန်သည်။ သတို့သားရွေးချယ်ပြိုင်ပွဲက ဤကဲ့သို့အဆုံးသတ်လိမ့်မည်ဟု
သူမမမျှော်လင့်ထားခဲ့ပေ။ ထိုထက်ပိုသည်ကားနောက်ဆုံး
အနိုင်ရရှိသူက သူဖြစ်နေသည်။
“သူပဲလေ”
မင်းသမီး၏အံ့အားသင့်နေမှုအား
မြင်တွေ့ရသောအခါတွင် ရှောင်းစွေ့ကနဖူးလေးကိုပင့်ကာ ကျီစယ်သောအပြုံးဖြင့်ပြောလိုက်သည်။
“ဟုတ်ပါတယ်..သူပဲ.ရက်အနည်းငယ်အတွင်းသူကမင်းသမီးရဲ့သတို့သားဖြစ်လာတော့မှာ”
“အဲ့ထာထက်ပိုတာကား မသိလိုက်ပါဘဲနဲ့ လူတွေသူ့အတွက်စိတ်မကောင်းဖြစ်မိကြတဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့မျက်နှာက အကယ်ပဲအရမ်းကိုကောင်းမွန်စွာ
ပြန်ကောင်းသွားတယ်. လုံးဝကိုအရင်ကအတိုင်းနီးပါးပဲ. အဲ့တာကုသတဲ့အချိန်ကိုကျွန်တော်မျိုးမတောင် သတိမပြုမိလိုက်ဘူး.. ဘာပဲဖြစ်ဖြစ်ပါ. ကျွန်တော်မျိုးမနောက်ပိုင်းတွေ့တဲ့အခါ အဲ့တာကကုသပြီးနေပြီ”
ရှစ်ဖုန့်က ယခုကြယ်နှစ်ပွင့်
မဟာသူတော်စင်နယ်ပယ်ဖြစ်သည်။ ငရဲဘုံကိုးခုဖျက်ဆီးမရသောခန္ဓာအားအသက်သွင်းလုက်သည်နှင့် ထိုပြင်ပဒဏ်ရာများအား
မိနစ်ပိုင်းအတွင်းနှင်သူပြန်လည်
ကုသနိုင်သည်ဖြစ်သည်။
“ဂုဏ်ပြုပါတယ်မင်းသမီး. မင်းသမီးအတွက်စိတ်ကူးတဲ့ကယော်ျားကို ရှာတွေ့ခဲ့ပြီ”
ရှောင်းစွေ့ကမင်းသမီးအား
ထပ်မံဂုဏ်ပြုလိုက်သည်။
ရှောင်းစွေ့၏စကားများအားကြား
လိုက်ရသောအခါတွင် ကျိမို့၏လှပသောမျက်နှာလေး
မှာရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့် ရဲရဲနီသွားသည်။
“ဒါ.ဒါကအရမ်းရုတ်ခြည်းနိုင်လွန်းတယ်.
ငါ.ငါအဆင်သင့်မဖြစ်သေးဘူး. ငါ..ငါအရမ်းငယ်သေးတယ်”
သူမလက်ထပ်ရတော့မည့်
အကြောင်းအားတွေးမိသောအခါတွင် မင်္ဂလာဦးညအကြောင်းအား
တွေးမိသောအခါတွင် အရှေ့ပိုင်းဒေသကြီး၏အလှဆုံး အမျိုးသမီးဖြစ်သူ ထျန်းလျန်အင်ပါယာ၏
မင်းသမီးလင်လုံတစ်ဖြစ်လည်း ကျိမို့တစ်ယောက် ငှက်ကလေးကဲ့သို့ရှက်ရွံ့စွာဖြင့်
သူမ၏ခေါင်းလေးအားငုံ့ထားလိုက်သည်။