← Chapters

အခန်း (၆၂၁)

Vol. 42 Ch. 621

အခန်း (၆၂၁)

Vol. 42 Ch. 621

မြောက်ပိုင်းဒေသကြီး သေခြင်းမဲ့တောင်တန်း၌ဖြစ်သည်။

သေခြင်းမဲ့တောင်တန်း၏ ကောင်းကင်ထဲ၌ အချင်းဝက်ပတ်လည်လီတစ်ရာရှိသော အကွာအဝေးအတွင်း၌ နေအလင်းရောင်တောက်ပခြင်း

မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ကတည်းကဖြစ်သည်။ ၎င်း၌နှစ်ပတ်လည် တလိပ်လိပ်ထနေသော တိုက်တိုက်မည်းများကဝန်းရံနေပြီး ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ အေးစိမ့်သော လေအေးများက တဟူးဟူးတိုက်ခတ်ကာ ဤအချင်းဝက်ပတ်လည်လီတစ်ရာအတွင်း၌ မှုန်မှိုင်းမှုတို့ကိုဖြစ်လာစေသည်။

သေခြင်းမဲ့တောင်တန်းအတွင်းတွင် သာမန်တောအုပ်များအတွင်း၌မြင်တွေ့ရသော သစ်ပင်များနှင့်သားရဲတိရစ္ဆာန်များအား မမြင်ရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တောင်တန်း၏ မှုန်မှိုင်းမှုနှင့်သေခြင်းအရှိန်အဝါ

တို့၏သက်ရောက်ခံရမှုကြောင့် ဤသို့ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တောင်တန်းအတွင်းရှိ အပင်များနှင့်သားရဲတိရစ္ဆာန်များကတော့ သန္ဓေပြောင်းလဲသွားခဲ့ကြ၏။

သစ်ပင်များမှာ မကောင်းဆိုးဝါး စိတ်ဝိညာဉ်များကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းသည်။

တိရစ္ဆာန်များနှင့် နတ်ဆိုးသားရဲများအားလုံးမှာ ခတ်ထန်ကြမ်းကြုတ်ရက်စက်လာသည်။

ထိုထက်ပိုသည်ကား ၎င်းတို့ ကမှုန်မှိုင်းသော သေခြင်းအရှိန်အဝါတစ်ခုကိုထုတ်လွှတ်ကြပြီး ဤတိရစ္ဆာန်များနှင့်နတ်ဆိုးသားရဲများက သေဆုံးသွားကြပြီးနောက် ယင်အလောင်းကောင်များအဖြစ်ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။

ဤသက်ရှိများအားလုံးမှာ သေခြင်းမဲ့တောင်တန်း ၏သက်ရောက်မှုကို ခံရပြီး ၎င်းနှင့်လုံးဝပေါင်းစပ်သွားသကဲ့သို့ပင်ဖြစ်သည်။

လောမိသားစု က သေခြင်းမဲ့တောင်တန်း၌ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ခြင်းကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်လား ဆိုသည်ကို တော့မည်သူမျှ မသိကြချေ။

လောမိသားစုက သေခြင်းမဲ့တောင်တန်းအားမျိုးဆက်ပေါင်းများစွာနှင့်နှစ်ပေါင်းများစွာစောင့်ကြပ်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်ပါစေ လူများမှာဤသည်ထက်ပို၍ သိကြခြင်းမရှိချေ။ သေခြင်းမဲ့တောင်တန်းဟုလူများ

ရည်ညွှန်းကြသည်နှင့် လောမိသားစုနှင့် လက်ရှိလောမိသားစု၏ခေါင်းဆောင်ဖြစ်သူ လောချင်းချွမ်တို့ကိုသာ

သူတို့စဉ်းစားကြလိမ့်မည်ဖြစ်သည်။

လူအနည်းစုကသာ လောမိသားစု၏ယခင်ခေါင်းဆောင်ဖြစ်သူနမည်ကိုသိကြသော်လည်း အားလုံးကတော့ လောချင်းချွမ်အားသိကြသည်ဖြစ်သည်။ ယင်းမှာလေချင်းချွမ်က ထျန်းဟန်တိုက်ကြီး၏ နံပါတ်တစ်ကျွမ်းကျင်သူ

ငရဲဘုံကိုးခု ဧကရာဇ် ၏ တပည့်တစ်ယောက်ဖြစ်နေသောကြောင့်မှ

လွဲ၍ အခြားမဟုတ်ပေ။

လက်တလောတွင် သေခြင်းမဲ့တောင်တန်းအား လောမိသားစုက ဆီးလ်ခတ်ထားပြီး မည်သူ့ကိုမှချဉ်းကပ်ခွင့်မပြုပေ။ ပြင်ပကမ္ဘာတွင် သေခြင်းမဲ့တောင်တန်းနှင့်ပက်သက်၍ ခန့်မှန်းချက်ပေါင်းများစွာဖြစ်ပေါ်နေသည်။ သေခြင်းမဲ့တောင်တန်း၌ဘာဖြစ်ပျက်နေသည်ကိုတော့မည်သူမျှသိကြခြင်းမရှိပေ။

သို့သော်လောလောဆယ်၌ သေခြင်းမဲ့တောင်တန်းမှာ တော်တော်လေးကို ဂနာမငြိမ်ဖြစ်နေသည်ကို အာရုံခံမိသည့်လူပေါင်းများစွာရှိသည်ဖြစ်သည်။ အကြိမ်တိုင်းအကြိမ်တိုင်း စွမ်းအင်အတက်အကျများဖြစ်ပေါ်နေသည်။ ယင်းမှာသေခြင်းမဲ့တောင်တန်းအတွင်း၌ မကြာခဏဆိုသလို ငလျှင်များလှုပ်ခတ်ဖြစ်ပေါ်နေ

သကဲ့သို့ဖြစ်သည်။

သေခြင်းမဲ့တောင်တန်းအတွင်း လျှို့ဝှက်နေရာတစ်ခု၌ဖြစ်ပြီး ဤလျှို့ဝှက်နေရာက နက်ရှိုင်းသောတောင်ကြားချိုင့်ဝှမ်းတစ်ခုနှင့်တူသည်။၎င်းအတွင်း၌၍ အနက်ရောင်မြူများက ရစ်ဝဲနေပြီး တလိပ်လိပ်ထနေကာ အောက်ဘက်ရှိတကယ့်မြင်ကွင်းအား မြင်ရန်အတွက်မဖြစ်နိုင်အောင်ပြုလုပ်နေသည်။

အေးစက်သော လေများကတိုက်ခတ်နေပြီး ဤနေရာရှိ ယင်ချီက အဆမတန်သိပ်သည်းထူထပ်နေသည်။

ဤလျို့ဝှက်နေရာ၏ ကောင်းကင်ထက်တွင် များစွာသောပုံရိပ်များက လွင့်မျောရပ်တည်နေကြသည်။ ၎င်းတို့က ယောက်ျားမိန်းများ အသက်ကြီးသူငယ်သူ များဖြစ်ကြပြီး အနည်းလေးထောင်ဂဏန်းခန့်ရှိသည်ဖြစ်သည်။၎င်းတို့အားလုံး၌ ပုံမှန်မဟုတ်သည့် လေးနက်မှုများရှိနေပြီး သူတို့၏လက်များဖြင့် ဆီးလ်များအားပုံဖော်နေကြသည်။ ဤလူများမှာ သေခြင်းမဲ့တောင်တန်းအား မျိုးဆက်ပေါင်းများစွာ စောင့်ကြပ်နေကြသော လောမိသားစု၏လူများဖြစ်ကြသည်။

လောမိသားစု၏ လက်သင်္ကေတများမှတစ်ဆင့် အရောင်အသွေးအမျိုးမျိုးရှိသော ဆန်းကြယ်ပြီး ရှေးကျသည့် ရုန်းများ ပျံသန်းထွက်ပေါ်လာကာ ကျဆင်းနေသော ပန်းများကဲ့သို့အောက်ဘက်ရှိ နက်ရှိုင်းသောတောင်ကြားချိုင့်ဝှမ်း

အတွင်းကျဆင်းသွားကြသည်။

လူအုပ်၏အလယ်တွင် ခရမ်းရောင်ဝတ်စုံအားဝတ်ဆင်ထားသည့်

လူတစ်ယောက်ရပ်နေသည်။ သူ့၌ ချောမောယောက်ျားပီသသောမျက်နှာရှိပြီး သူ၏အရှိန်အဝါက ထောင်ပေါင်းများစွာသောလူများ

ကြားထဲတွင်အားအကောင်းဆုံးဖြစ်သည်။ သူ၏လက်သင်္ကေတဆီးလ်တို့မှ ပျံသန်းထွက်လာသောရုန်းများမှာ အဖြူရောင်ဖြစ်သည်။

ဤပုဂ္ဂိုလ်မှာလက်ရှိ လောမိသားစု၏ခေါင်းဆောင်ဖြစ်သူ ဧကရာဇ်ကျိုးယို၏ တပည့် လောချင်းချွမ်ပင်ဖြစ်သည်။

ဤအချိန်တွင် လောချင်းချွမ်က တီးတိုးရေရွတ်လိုက်သည်။

“လောမိသားစုရဲ့မျိုးဆက်များစွာ

စောင့်ကြပ်လာခဲ့တဲ့ အဲ့ဆီးလ်က ငါ့မျိုးဆက်ကြမှ ကျိုးပျက်တော့မှာလား”

“ချင်းချွမ်”

လူအုပ်ကြားထဲမှ အဖြူရောင်ပုံရိပ်တစ်ခုက လေကိုထိုးခွင်းလာပြီး မျက်စိတစ်မှိတ်အတွင်း လောချင်းချွမ်၏ ဘေးသို့ရောက်ရှိလာသည်။သူက လောချင်းချွမ်အား ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“အဲ့မကောင်းဆိုးဝါးသက်ရှိက ဘိုးဘေးရဲ့ဆီးလ်ကို ချိုးဖျက်ဖို့သိပ်မကြာတော့ဘူးနဲ့တူတယ်”

အသစ်ရောက်ရှိလာသူမှာ အဖြူရောင်ဆံပင်နှင့် နီမြန်းသောအသားအရည်ရှိကာ ပွယောင်းသောဝတ်ရုံကိုဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ဤပုဂ္ဂိုလ်မှာ လောမိသားစု၏ပထမအကြီးအကဲဖြစ်သူ လောယွဲ့ခွန်းပင်ဖြစ်၏။

လောယွဲ့ခွန်း၏စကားများအားကြားပြီးနောက် လောချင်းချွမ်ကလည်းလေး

နက်သောအသံဖြင့်ပြောလိုက်သည်။

“ဆီးလ်ရဲ့ဖွဲ့စည်းပုံဗဟိုချက်က အောက်ဘက်မှာ. ကျုပ်တို့တွေဒီဆီးလ်ကိုလုံးဝမပြင်နိုင်တဲ့ပုံပဲ. အခု ကိစ္စတွေကိုဒီလိုဖြစ်လာတော့. ဒီဆီးလ်ရဲ့ဗဟိုချက်ကို ပြင်ဖို့အတွက် အောက်ဘက်ကိုပဲအပြင်းဦး

တည်သွားရမဲ့ပုံပေါ်တယ်”

“အမှန်ပဲ”

လောယွဲ့ခွန်းက လောချင်းချွမ်၏ စကားများအားကြားပြီးနောက် ခေါင်းညိမ့်လိုက်ပြီးပြောလိုက်သည်။

“အခု ပဲ ငါ့ကို မိသားစုရဲ့ကျွမ်းကျင်သူတွေကိုဦးဆောင်ပြီး အောက်ကိုသွားစူးစမ်းခွင့်ပြုပေးပါ”

“ဂရုစိုက်ပါ”

လောချင်းချွမ်က လေးနက်သောအသံဖြင့်ပြောလိုက်သည်။ နှစ်ပေါင်းများစွာကြာမြင့်ပြီးနော်က အနက်ရောင်မြူများ၏ အောက်ဘက်၌ ဆီးလ်၏ဖွဲ့စည်းပုံဗဟိုချက်ရှိပြီး အထွတ်အထိပ်မကောင်းဆိုးဝါး

သက်ရှိအားထိုနေရာ၌ ဆီးလ်ခတ်ထားသည်ကိုသာ

သူတို့သိရသည်ဖြစ်သည်။

ထိုအရာအပြင်လောမိသားစုအနေဖြင့် အောက်ဘက်၌ဘာဖြစ်နေသလဲ ဘာရှိနေသလဲ မမျှော်လင့်ထားသောအန္တရာယ်များ

ရှိမရှိဆိုသည်ကိုမသိချေ။

ယင်းမှာလုံးဝကိုဘာမှမသိရသော ကမ္ဘာတစ်ခုဖြစ်သည်။

လောယွဲ့ခွန်း၏ မျက်နှာကလေးနက်နေဆဲဖြစ်ပြီး လောချင်းချွမ်အားခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် လောမိသားစု၏ ကျွမ်းကျင်သူအယောက်ငါးဆယ်အား အမိန့်ပေးပြီး အောက်ရှိအနက်ရောင်မြူခိုးများအတွင်းသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။

ထျန်းလျန်အင်ပါယာ၏တော်ဝင

်မြို့တော်တွင်ဖြစ်သည်။

ရှစ်ဖုန့် ၊ ရှစ်ကျင်းရွှိုက်နှင့်ရွှယ်ဝူဟမ်တို့သုံးယောက်သားမနေ့ညက စိတ်ရှိတိုင်းသောက်ခဲ့ကြသည်။ရတနာတစ်ထောင်စံအိမ်ရှိရှစ်ဖုန့်၏ အခန်းအတွင်းသို့ ဧည့်သည်တစ်ယောက်ကလာ

ရောက်ရှာဖွေသည်။

၎င်းမှာသူ့ကိုယ်သူအရိပ်နက်ဟုခေါ်သော မှုန်ဝါးဝါး အနက်ရောင်အရိပ်ဖြစ်သည်။

“ကျုပ်သခင်က မင်းကို တောင်ဝင်နန်းတော်ကိုလာဖို့ဖိတ်ကြားလိုက်ပါတယ်”

အရိပ်နက်က ရှစ်ဖုန့်အားပြောလိုက်သည်။

ရှစ်ဖုန့်မှာမူလကကုတင်ထက်၌တင်ပျဉ်ခွေထိုင်လျှက် ကျင့်ကြံနေခဲ့သော်လည်း အရိပ်နက်ကရောက်လာပြီးသူ၏

ကျင့်ကြံမှုအားကြားဖြတ်ဟန့်တားခဲ့သည်။

သို့သော်ရှစ်ဖုန့်မှာ ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေဆဲဖြစ်ပြီး အရိပ်နက်အားကြည့်လိုက်သည်။ ဤအရိပ်နက်၏ ကျင့်ကြံမှုနယ်ပယ်က တကယ်ကို ကြယ်နှစ်ပွင့်မဟာ

သူတော်စင်နယ်ပယ်ဖြစ်နေသည်။ ဤကဲ့သို့သောလူမျိုး၏သခင်ဖြစ်သူကတော်ဝင်နန်းတော်မှဆိုလျှင် ..

အရိပ်နက်ထံမှမည်သည့်သတ်ဖြတ်လိုစိတ်နှင့်မကောင်းကြံလိုစိတ်တို့မှရှိမနေသည်

ကိုအာရုံခံမိသောအခါတွင် ရှစ်ဖုန့်က အရိပ်နက်အားပြောလိုက်သည်။

“မင်းရဲ့သခင်လား. ထျန်းလျန်အင်ပါယာရဲ့ဧကရာဇ်လား”

“အမှန်ပါပဲ.”

အရိပ်နက်က တုန့်ဆိုင်းခြင်းမရှိဘဲပြန်ဖြေသည်။

“သွားစို့”

ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲကုတင်ပေါ်မှ အခန်း၏ကြမ်းပြင်ထက်ရောက်သွားကာ အရိပ်နက်ကိုပြောလိုက်သည်။

“ကျေးဇူးပြုပြီး”

ထို့နောက် အရိပ်နက်ကလည်းလှုပ်ရှားလိုက်ပြီး ဖျက်ခနဲပြတင်းတံခါးဆီရောက်သွားကာ ပြင်ပဲသို့လွင့်မျောထွက်လိုက်သည်။

အရိပ်နက်ထွက်ခွာသွားသည်အား

တွေ့ရသောအခါတွင် ရှစ်ဖုန့်ကလည်း ချက်ချင်းထပ်မံလှုပ်ရှားလိုက်ပြီး ပြတင်းတံခါးဆီသို့ဦးတည်က ထိုမှတစ်ဆင့်ကောင်းကင်ယံသို့

ထိုးတက်လိုက်သည်။

ညသန်းခေါင်အချိန်အခါဖြစ်သော်လည်း ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်း၌လူများ လှုပ်ရှားသွားလာနေကြဆဲဖြစ်သည်။ လမ်းမများထက်တွင်လူများသွားလိုက်လာလိုက်ဖြင့်အရမ်းသက်ဝင်လှုပ်ရှားနေသည်။

သို့သော် ရှစ်ဖုန့်မှာ ပင်ကိုယ်အားဖြင့် ဤအရာများအပေါ်၌ အာရုံစိုက်ခြင်းမရှိပေ။ သူ့ရှေ့ရှိပုံရိပ်နောက်သို့လိုက်ပါလိုက်ပြီး တော်ဝင်နန်းတော်ရှိရာသို့ဦးတည်ပျံသန်းလိုက်သည်။

တော်ဝင်နန်းတော်၏ထိပ်ဖျားတွင် ရွှေရောင်ပုံရိပ်တစ်ခုက ဝင့်ကြွားစွာရပ်နေသည်။ သူကခေါင်းမော့လိုက်ပြီး ညကောင်းကင်ယံထဲရှိတောက်ပသောလအားကြည့်လိုက်သည်။ သို့သော်သူ၏မျက်နှာမှတစ်ဆင့် သူ စိတ်လွတ်နေသည်ကို ပြောနိုင်သည်ဖြစ်သည်။

ထို့နောက်လန်ယွမ်မှာ တစ်စုံတစ်ခုအားအာရုံခံမိလိုက်ပုံပေါ်၏။ မော့ထားသောခေါင်းအားငုံ့၍ သူ့ရှေ့ရှိဦးတည်ချက်သို့ကြည့်လိုက်သည်။ မှုန်ဝါးသောအနက်ရောင်အရိပ်တစ်ခုက သူ့ထံသို့ပျံသန်းလာနေသည်။၎င်း၏နောက်တွင်အနက်ရောင်ဝတ်ရုံနှင့်

လူငယ်တစ်ယောက်ပါလာ၏။

“သူရောက်လာပြီပဲ”

လူငယ်အားကြည့်၍ လန်ယွမ်ကပြောလိုက်သည်။

လန်ယွမ်၏မောင်းမဆောင်တွင် မရေတွက်နိုင်သောအလှလေး

များရှိသည်ဖြစ်သည်။ ပုံမှန်ဆိုလျှင်အမြဲတမ်း ညဘက်၌ သူ့အနေဖြင့် အလှလေးဆယ်ယောက်လောက်ဖြင့်

လွတ်လွတ်လပ်လပ် ခံစားပျော်ပါးလိမ့်မည်ဖြစ်သည်။ သို့သော် ညနက်ပိုင်းသူယခုသူဤနေရာသို့

ရောက်ရှိနေသည်။ ထိုအလှလေးများနှင့်မွေ့လျော်ခြင်းမရှိဘဲ ဤလူငယ်ရောက်လာကိုလာစောင့်နေခြင်းဖြစ်သည်။ ဤအချိန်တွင် ဤလူငယ်မှာ ထျန်းလျန်အင်ပါယာ၏အနာဂတ်နှင့်ပက်သက်ဆက်နွယ်နေသည်ဟုပြော၍

ရနိုင်သည်ဖြစ်သည်။

All Chapters