← Chapters

အခန်း (၆၂၂)

Vol. 42 Ch. 622

အခန်း (၆၂၂)

Vol. 42 Ch. 622

ရှစ်ဖုန့်က အနက်ရောင်ပုံရိပ်နောက်သို့လိုက်ပါလာပြီး နန်းတော်ထိပ်ဖျားလေထုထဲ၌ ဝင့်ကြွားစွာရပ်နေသည့် ရွှေရောင်ပုံရိပ်အား တွေ့လိုက်ရသည်။

သူက လက်သည်းကိုးခု နဂါးတစ်ကောင်ပါသောတော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့၌ခမ့်ညားသော အသွင်ရှိပြီး အုပ်ချုပ်သူတစ်ဦး၏အရှိန်အဝါက အလိုအလျောက်ထွက်ပေါ်နေသည်။ ၎င်းမှာ ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်မင်းဖြစ်ရမည်ဖြစ်သည်။

အနက်ရောင်ပုံရိပ်က ရှစ်ဖုန့်အား နန်းတော်ထိပ်ဖျားနှင့်နီးကပ်သည်အထိ ခေါ်လာခဲ့ပြီးနောက် ညကောင်းကင်ယံအတွင်း၌ မြူကဲ့သို့ဖြည်းဖြည်းချင်းမှေးမှိန်

ပျောက်ကွယ်သွားသည်။

ရှစ်ဖုန့်က လန်ယွမ်၏ရှေ့တွင်ရပ်လိုက်သည်။ ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်မင်းက လန်ကွမ်းနှင့် သူသတ်ခဲ့သော ဝမ့်ကျိုးတို့ကဲ့သို့ တူညီသောအဆင့်၌ဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံနိုင်သည်ဖြစ်သည်။ သူတို့အားလုံးက ကြယ်လေးပွင့်မဟာသူတော်စင်

နယ်ပယ်များဖြစ်ကြသည်။

ရှစ်ဖုန့်အားကြည့်၍ လန်ယွမ်က ပြုံးလိက်ပြီး ရှစ်ဖုန့်ထံခေါင်းညိမ့်ပြလိုက်သည်။

ရှစ်ဖုန့်ကလန်ယွမ်အားကြည့်လိုက်ပြီး မေးလိုက်သည်။

“ဘာလို့ ခင်ဗျားက ဒီသခင်လေးကိုရှာရတာလဲ”

ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် လန်ယွမ်က သူ၏မျက်နှာထက်ရှိအပြုံးကိုထိန်းထားသည်။ သို့သော် သူကရှစ်ဖုန့်၏မေးခွန်းကိုပြန်ဖြေခြင်းမရှိပေ။ ထိုအစား သူက ရှစ်ဖုန့်ကိုမေးလိုက်သည်။

“လူငယ်လေး.ငါဘယ်သူလဲဆိုတာ

ကိုမင်းသိလား”

“ထျန်းလျန်အင်ပါယာရဲ့အုပ်ချုပ်သူ”

ရှစ်ဖုန့်၏အမူအယာက ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။

ရှစ်ဖုန့်ကသူ၏သရုပ်မှန်အား

သိနေလိမ့်မည်ဟု လန်ယွမ်မမျှော်လင့်ထားခဲ့ပေ။ သို့သော်ယင်းကအံ့အားသင့်စရာ

တော့မဟုတ်ပေ။ သူကတော်ဝင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး နန်းတော်၏ထိပ်ဖျား၌ရပ်နေသည်ဖြစ်သည်။ သူ၏ အရှိန်အဝါနှင့်အတူ ရှစ်ဖုန့်အတွက်သူ၏သရုပ်မှန်အား

ဖြတ်မြင်နို်ငဖို့မှာ လွယ်ကူသည်ဖြစ်သည်။

သို့သော် ဤသည်က သူစိတ်ကူးထားသည်နှင့်လုံးဝကို ကွဲပြားနေသည်။ ထို့အပြင် သူကယောက္ခမဖြစ်သူဖြစ်သည်။ရှစ်ဖုန့်

အနေဖြင့်သူအားတွေ့သည့်အခါတွင် အနည်းဆုံးသူ၏ သဘောကျနှစ်ခြိုက်မှုကိုရဖို့ကြိုးစားပြီး သူ့နားသို့ချဉ်းကပ်သင့်သည်ဖြစ်သည်။

သို့သော် ရှစ်ဖုန့်က သူ့အား သိရှိသည်တောင် အခြားသူတစ်ဦးကဲ့သို့ ပြုမူနေသည်။

သို့သော် လန်ယွမ်မှာ ဤသည်အားစိတ်ထဲ၌ထားခြင်းမရှိပေ။ ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်မင်းတစ်ပါးဖြစ်သည်နှင့်အညီ ပင်ကိုယ်အားဖြင့်သူ့၌ စိတ်သဘောထားကြီးမြတ်မှုတို့ရှိ

သည်ဖြစ်သည်။

ထိုထက်ပိုသည်ကား ဤလူငယ်လေးမှာ သတို့သားရွေးချယ်ပြိုင်ပွဲအတွက် အသင့်တော်ဆုံးသောသူဖြစ်သည်။ ပြိုင်ပွဲ၌ ပါဝင်ချိန်တွင် ၎င်းက သူစိတ်ကူးထားသည်ထက် များစွာ ပို၍သာလွန်နေသည်ဖြစ်သည်။ သူသည်ထျန်းလျန်အင်ပါယာ

ရှင်သန်နိုင်ရေးအတွက်သော့ချက်ဖြစ်သည်။

လန်ယွမ်က ရှစ်ဖုန့်အား ခေါင်းညိမ့်ပြပြီး ပြုံးကာ ပြောလိုက်သည်။

“အမှန်ပဲ..ငါက ထျန်းလျန်အင်ပါယာရဲ့ဧကရာဇ်မင်းလန်ယွမ်ပဲ. ငါကမင်းရဲ့ယောက္ခမဖြစ်လာမဲ့သူ

လည်းဟုတ်တယ်.. ငါမင်းကိုဖိတ်ခေါ်လိုက်တာက မင်းရဲ့လင်လုံရဲ့လက်ထပ်ပွဲအတွက် ဆွေးနွေးဖို့ပဲ”

လန်ယွမ်စကားပြောပြီးပြီးချင်း ချိုသာပြီး ရှက်ရွံ့သောအသံလေးက ညအမှောင်ထုအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာသည်။

“ခမည်းတော်”

ဤအသံအားကြားလိုက်ရသောအခါတွင် လန်ယွမ်ကလှည့်လိုက်ပြီး ရှစ်ဖုန့်ကလည်း လိုက်ပါကြည့်လိုက်သည်။ အမှောင်ထုအတွင်းမှ လှပသော ပုံရိပ်လေးတစ်ခုက သူတို့ထံသို့ ဖြည်းညှင်းစွာလျှောက်လှမ်းလာနေသည်ကို တွေ့ရသည်။

လှပသောမိန်းမပျိုလေးက နှင်းကဲ့သို့ဖြူစွတ်သောဝတ်စုံကိုဝတ်ဆင်ထားပြီး ဖြည်းညှင်းစွာလျှောက်လှမ်းလာနေသည်။ သူက သူမအားကြည့်နေသည်ကို တွေ့ရသောအခါတွင် ချိုသာသောအပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ သို့သော် ဤအပြုံးတွင် ရှက်ရွံ့မှုတို့ပါဝင်နေသည်။ ရှစ်ဖုန့်အနေဖြင် အလှလေးအားမတွေ့ရသည်မှာ

ကြာခဲ့ပြီဖြစ်သ်ည။ သူမက ယနေ့ည၌ ထူးခြားစွာလှပနေသည်ဟုရှစ်ဖုန့်ခံစားရ၏။

“ရှစ်ဖုန့်လေး.”

ကျိမို့က ရှစ်ဖုန့်အား နူးညံ့ပျော့ပျောင်းစွာခေါ်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်က အလှလေးအားမြင်သည်နှင့် လန်ယွမ်အားလုံးဝလျစ်လျူရှုထားသည်။ သူကကျိမို့အားပြုံး၍ပြောလိုက်သည်။

“ဒါနဲ့ပက်သက်ပြီး မစိုးရိမ်ပါနဲ့”

“ငါမင်းကိုဘာကတိပေးထားလဲ. အခုကစပြီးတော့မင်းလွတ်လပ်သွားပြီ..မင်းရဲ့ပျော်ရွှင်မှုက မင်းရဲ့ကိုယ်ပိုင်လက်ထဲမှာပဲရှိတယ်.. အကယ်၍ တစ်ယောက်ယောက်က မင်းမလုပ်ချင်တာကို လုပ်ဖို့ တောင်းဆိုမယ်ဆိုရင် .ငါသဘောတူမှာမဟုတ်ဘူး”

ထို “တစ်ယောက်ယောက်” ဆိုသည်ကား သူ၏ရှေ့၌ရှိနေသောလန်ယွမ်ကို ညွှန်းဆိုခြင်းပင်ဖြစ်သည်။

“ငါလွတ်လပ်သွားပြီ”

ရှစ်ဖုန့် ၏စကားများအားကြား

ပြီးနောက် ကျိမို့က ဤစကားလုံးများအားခပ်ဖွဖွ

ရေရွတ်လိုက်သည်။ ထို့နေ့ကသူတို့ရှိနေစဉ်တွင်သူကပြောခဲ့သည်ဖြစ်သည်။

“ငါမင်းရဲ့လွတ်လပ်မှုကို ပြန်ပေးမယ်”

ကျိမို့ ရှစ်ဖုန့်အား ကြည့်လိုက်ပြီး ထပ်မံမေးလိုက်သည်။

“ရှစ်ဖုန့်လေး. နင်ငါ့အတွက်အများကြီးလုပ်ပေးခဲ့တာ. တကယ်ပဲငါ့ရဲ့လွတ်လပ်မှုကိုပြန်ပေးဖို့လား”

သူတို့ကြားထဲရှိစကားများအားကြားပြီးနောက် လန်ယွမ် သဲလွန်စအချို့ရသွားသည်။ ဤလူက သတို့သားရွေးချယ်ပြိုင်ပွဲ၌ ပါဝင်ရခြင်းမှာသူ၏သမီးဖြစ်သူအား လက်ထပ်ရန်အတွက်ဟုတ်ပုံမရပေ။ ထိုအစား သူက လင်လုံအားလက်ထပ်ချင်သူအားလုံးကို အနိုင်ယူပစ်ခဲ့ခြင်းဖြစ်သည်။

ဖြည်းဖြည်းချင်းလန်ယွမ်မျက်မှောင်ကြုတ်သွားသည်။ သူက ခေါင်းကိုလှည့်လိုက်ပြီး လူငယ်ထံသို့ စိုက်ကြည့်လိုက်၏။

ရှစ်ဖုန့်က ဘဝနှစ်ခု ရှင်သန်နေထိုင်ခဲ့သူဖြစ်ပြီး ကျိမို့သူ့အားဘာမေးသည်ကိုသိသည်ဖြစ်သည်။ သူက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ငါ့မှာ သွားစရာခရီးရှည်ကြီးရှိသေးတယ်..

အရှေ့ပိုင်းဒေသကြီးရဲ့ ကောင်းကင်က အရမ်းကိုသေးငယ်လွန်းတယ်. မကြာခင် ငါအာ ပိုကျယ်ပြန့်တဲ့ကောင်းကင်ပြင်ဆီသွားပြီးတော့ ကျင့်ကြံခြင်းရဲ့ အန္တိမကို လိုက်စားမှာ”

“ငါ”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ကျိမို့၏လှပသောမျက်နှာလေးထက်တွင် တုန့်ဆိုင်းသောလက္ခဏာတို့ဖြစ်ပေါ်လာသည်။ သို့သော် မကြာခင်တွင် သူမ၏တုန့်ဆိုင်းမှုတို့ပျောက်ကွယ်သွားပြီး စိတ်ပိုင်းဖြတ်ထားမှုတို့က အစားထိုး ဝင်ရောက်လာသည်။ သူမကပြောလိုက်သည်။

“ငါနဲ့အတူတူလိုက်နိုင်တယ်”

“လင်လုံ..သမီး နင်.”

သမီးဖြစ်သူ၏ စကားအားကြားလိုက်ရသောအခါတွင် လန်ယွမ်က မကျယ်သောအသံဖြင့် အော်ပြောလိုက်သည်။သူ၏သမီးဖြစ်သူက သူ၏ရှေ့မှောက်၌ပင် ၎င်းနှင့်အတူ ခိုးရာလိုက်ပြေးချင်နေသည်။

လန်ယွမ်၏စကားအားကြားပြီးနောက် ကျမို့က လှည့်လိုက်ပြီး ပြောလိုက်သည်။

“ခမည်းတော်. သမီး သူနဲ့အတူတူသွားချင်တယ်. ကျေးဇူးပြုပြီးသမီးကိုသွားခွင့်ပေးပါ”

လန်ယွမ်က ပြောလိုက်သည်။

“နင်..ဒါက..”

ဤအချိန်တွင် ရှစ်ဖုန့်က ကျိမို့အားပြောလိုက်သည်။

“ကောင်မလေး. ငါ့ရဲ့ရှေ့ကိုဦးတည်မဲ့လမ်းက အရမ်းကိုအန္တရာယ်များတဲ့ ကံဇာတာတွေပါတယ်.. အကယ်၍ မင်းသာငါ့နောက်ကိုလိုက်လာခဲ့ရင် . မင်းသေချာပေါက်အန္တရာယ်ဖြစ်လိမ့်မယ်..ငါတို့အတူတူကုန်ဆုံးခဲ့ကြတဲ့အချိန်အတော

အတွင်းမှာ မင်းဟာကလေးဘဝထဲက အလိုလိုက်ခံထားရတဲ့သူတစ်ယောက်ဆိုတာကို ငါသိခဲ့ရတယ်.. မင်းဟာငါသွားမဲ့လမ်းကြောင်းမှာလိုက်ပါဖို့ မသင့်တော်ဘူး”

“ဒါပေမဲ့.ဒါပေမဲ့..ငါမကြောက်ဘူး”

ကျိမို့ကပြောလိုက်သည်။

“ငါတကယ်မကြောက်ဘူး…နေ့ရက်တွေကိုနင်နဲ့အတူကုန်ဆုံးရရင်လုံလောက်တယ်လို့ငါခံစားရတယ်.. နင်ငါ့နဲ့အတူရှိနေပြီးတော့ ငါနင့်ကို ကြည့်လိုက်တိုင်းမှာစိတ်အေးချမ်းလုံခြုံမှုကို ငါခံစားရတယ်.. နင်ငါ့ကို စိတ်ပါလက်ပါနဲ့ကို ကာကွယ်ပေးမှာပဲမဟုတ်ဘူးလား”

“ဟူး.”

သမီးဖြစ်သူ၏စကားများအားကြားပြီးနောက် လန်ယွမ် နှလုံးသားထဲမှနေ၍ တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ကြီးပြင်းအရွယ်ရောက်လာသောမိန်းကလေးတစ်ဦးအား အိမ်ထဲ၌ ထိန်းသိမ်းထား၍မရဆိုသည်မှာ အမှန်ပင်ဖြစ်သည်။

လန်ယွမ်၌ မရေတွက်နိုင်သောကလေးများစွာရှိသော်လည်း ငုံထားမတက်တုန်နေအောင်

သူအချစ်ရဆုံးမှာ ဤသမီးဖြစ်သည်။

လန်ယွမ်မင်းသားတစ်ပါး ဖြစ်စဉ်အခါက သူ၏ချစ်လှစွာသောအမျိုးသမီးက

သူ၏ဘေးနား၌ရှိနေခဲ့သည်။ သူမက အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူမက သူ့အားအကြံများကို မကြာခဏပေးတတ်ပြီး သူမ၏ဘဝအားထီးနန်းအတွက်တိုက်ပွဲဝင်ရန်ကုန်ဆုံးစေခဲ့သည်။

သူမသာမရှိခဲ့လျှင် ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်တစ်ပါးသူဖြစ်လာမည်မဟုတ်သည်ကို လန်ယွမ်ကောင်းစွာသိသည်ဖြစ်သည်။

နောက်ပိုင်းသူထီးနန်းအားဆက်ခံသည့်နေ့တွင် သူမ မီးဖွားခြင်းနှင့်ကြုံခဲ့ရသည်။သူက သူတို့၏ကလေးမွေးဖွားလာမည်ကို ပျော်ရွှင်စွာဖြင့်စောင့်နေခဲ့သော်လည်း သူ့အား စောင့်နေသည့်အရာက သတင်းဆိုးသာလျှင်ဖြစ်သည်။

သူမ၌မီးဖွားမှုအခက်အခဲနှင့်ကြုံတွေ့ရပြီ သူမ၏သမီးလေးအားအကောင်းဆုံး ကြိုးစားမွေးပေးခဲ့သော်လည်း သူမကတော့ ထာဝရနှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

ထိုနေ့မှစတင်၍ နန်းတော်အကူ၏သတင်း

တင်ပြမှုအားသူကြားခဲ့ခြင်းကို ပြန်တွေးမိသည့်အကြိမ်တိုင်းနှင့် ကုတင်ထဲ၌ မျက်လုံးများအားမှိတ်ထားကာ လုံးဝလှုပ်ရှားခြင်းမရှိတော့သော လဲလျောင်းနေသည့် ခန္ဓာကိုယ်အကြောင်းအားတွေးမိသည့်အကြိမ်တိုင်းတွင် လန်ယွမ်တစ်ယောက် သူ၏နှလုံးသားအား ဓား နှင့်လှီးဖြတ်ထိုးဆွနေသကဲ့သို့ ခံစားရ၏။

သူမမှာ မင်းသမီးလင်လုံ၏ မွေးသည့်မိခင် ကျေးဇူရှင်ပင်ဖြစ်သည်။ သူမထွက်ခွာသွားပြီးနောက် လန်ယွမ် သမီးဖြစ်သူအားမြင်သည့်အချိန်တိုင်းတွင် သမီးဖြစ်သူထံမှ သူမ၏ အငွေ့အသက်များအားခံစားရပြီး သူအားမြင်တွေ့သလိုခံစားခဲ့ရသည်။ သူ၏သမီးဖြစ်သူကြီးပြင်းလာသကဲ့သို့ ပို၍ပို၍ သူမနှင့်တူလာသည်။

သူမ၏ပုံရိပ်အားမြင်တွေ့ရသကဲ့သို့ သူ၏သမီးဖြစ်သူအားလန်ယွမ်ကြက်သေသေစွာဖြင့်ကြည့်ခဲ့မိသည့်အကြိမ်ပေါင်း

များစွာရှိခဲ့သည်။ တစ်ချို့အချိန်များတွင် သူ၏သမီးဖြစ်သူအပြုံးအာ မြင်လိုက်ရသောအခါ၌ သူမကသူ့ဘေးသို့ပြန်လာသလို

လန်ယွမ်ခံစားရပြီး သူတို့အတူတကွ ကုန်ဆုံးခဲ့သည့် ပျော်စရာအချိန်များအား ပြန်အောက်မေ့မိသည်။

ထို့နောက်လန်ယွမ်ရှစ်ဖုန့်အား

ကြည့်လိုက်သည်။ အရှေ့ပိုင်းဒေသကြီး၏အင်ပါယာ

ကြီးသုံးခုထဲမှတစ်ခုဖြစ်သော ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်မင်းတစ်ပါးအနေဖြင့် ရှားတောင့်ရှားခဲသော အသားနားခံသည့်အမူအယာကို ပြသပြီး ပြောလိုက်သည်။

“အခုကစပြီးတော့ သူမငါ့ဘေးမှမရှိတော့တဲ့အချိန်မှာ ကျေးဇူးပြုပြီး ငါ့သမီးလေးကိုငါ့အတွက်

ကောင်းကောင်းစောင့်ရှောက်ပေးပါ”

All Chapters