အခန်း (၆၂၃)
Vol. 42 Ch. 623
ရှစ်ဖုန့်က ထျန်းလျန်အင်ပါယာ ၏အုပ်ချုပ်သူ ဧကရာဇ်ကို ကြည့်လိုက်သည်။ပင်ကိုယ်အားဖြင့် ဟိတ်ဟန်ကြီးသော ဤဧကရာဇ်မင်းက သူ၏ သမီးဖြစ်သူအတွက်အလို့ငှာ ဖခင်တစ်ဦး၏ မေတ္တာတရားမျိုးအားထုတ်ဖော်ပြသ၍ သူ့အားအသနားခံနေသည်။
ထို့နောက်ရှစ်ဖုန့်က လှည့်လိုက်ပြီး လှပသော ကောင်မလေးအားကြည့်လိုက်သည်။ သူမ၏လှပသောမျက်နှာလေးက သူ၏ အဖြေအားမျှော်လင့်တကြီးစောင့်စားနေ၏။ သို့သော် ရှစ်ဖုန့်က သူ၏ခေါင်းအား ခါယမ်းလိုက်ဆဲဖြစ်ပြီး ပြောလိုက်သည်။
“ ငါရှေ့ကို ဆက်လျှောက်ရမဲ့လမ်းက မင်းစိတ်ကူးထားတာထက်ကို ကျော်လွန်ပြီး တော့အန္တရာယ်များတယ်. အကယ်၍ တစ်ခုခုများမှားသွားတာနဲ့ ငါဟာဆိုးဆိုးရွားရွားကိုသေရမှာ. ငါ့နောက်ကိုလိုက်လာပြီးတော့မင်းကိုအန္တရာယ်ထဲဆွဲထည့်ရတာမျိုးကို ငါတကယ်မလိုချင်ဘူး”
“ဒါပေမဲ့..ငါ..”
ကျိမို့က ဆက်ပြီးပြောချင်သော်လည်း ရှစ်ဖုန့်က သူမအား လျှင်မြန်စွာကြားဖြတ်ဟန့်တားလိုက်သည်။
“ကောင်းပြီ ဘာမှထက်ပြီးတော့ပြောနေစရာမလိုတော့ဘူး. မင်းအနေနဲ့ဒီမှာနေပြီးတော့ မင်းသမီးတစ်ဦးအဖြစ် ခမ်းနားထည်ဝါမှုနဲ့ ထင်ပေါ်ကျော်ကြားမှုတွေကို ပျော်ရွှင်ခံစားသင့်တယ်”
ကျိမို့အားပြောပြီးနောက် ရှစ်ဖုန့်က လန်ယွမ်ဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီသတို့သားရွေးချယ်ပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကို ဒီသခင်လေးသိတယ်.. ဒီသခင်လေး လည်း ကောင်းကင်ဘုံသိုင်းမျှော်စင်ကို ဝင်ချင်တယ်.. ကောင်းကင်ဘုံသိုင်းမျှော်စင်ကနေ
ထွက်လာတဲ့အခါကြရင် ဒီသခင်လေးခင်ဗျားကိုသေချာ
ပေါက်စိတ်ပါလက်ပါကူညီပေးမယ်”
ရှစ်ဖုန့်၏စကားများအားကြားလိုက်ရသောအခါတွင် လန်ယွမ်က ပြုံးလိုက်သည်။
“မင်းက သတင်းရတာတွေတော်တော်
လေးကောင်းတာပဲ.. တော်ဝင်မိသားစုရဲ့လျှို့ဝှက်ချက်ကိုတောင်မှ မင်းသိတယ်”
ထိုသို့ပြောပြီးနောက် လန်ယွမ်က မျက်နှာထက်၌ စိတ်ပျက်မှုများဖြင့်ပြည့်နေသည့် သမီးဖြစ်သူအားကြည့်လိုက်ပြီး စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။
“ဟူး”
အရိုးသားဆုံးပြောရလျှင် လန်ယွမ်အနေဖြင့် သူ၏သမီးအား ဤလူ၏စွန်းစားခန်းနောက်သို့ လိုက်ပါကာထွက်ခွာသွားရန်ကို မလိုချင်ပေ။ သို့သော် သူ၏သမီးဖြစ်သူ ဝမ်းနည်းရမည်ကိုလည်း သူမမြင်တွေ့လိုပေ။
သို့သော် ဤသည်ကအကောင်းဆုံးရလဒ်ဟု လန်ယွမ်ယုံကြည်သည်။ သူ၏သမီးကငယ်သေးပြီး အချစ်စိတ်နိုးထခြင်းသာဖြစ်သည်။
တစ်စုံတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်းက ပုံမှန်သာ ဖြစ်၏။ သို့သော် အနာဂတ်၌ သူမသာအကယ်၍ သူ့ကိုမတွေ့ရလျှင် ဖြည်းဖြည်းချင်းမေ့သွားလောက်သည်ဖြစ်သည်။
ထို့နောက်လန်ယွမ်က ရှစ်ဖုန့်အား ပြောလိုက်၏။
“ငါ့ရဲ့တော်ဝင်ဦးလေးတော် ရောက်လာတာကိုစောင့်ပါအုံး. ခဏနေရင်ငါမင်းကိုအဲ့ကိုခေါ်သွားပေးမယ်”
လန်ယွမ်ပြောသော နေရာက ရှစ်ဖုန့် အား ကောင်းကင်ဘုံသိုင်းမျှော်စင်သို့ခေါ်သွားမည်ဟု ဆိုလိုခြင်းသာဖြစ်သည်။
ရှစ်ဖုန့်မှာ ရှစ်ကျင်းရွှိုက် ထိုနေ့က သူ့အားပြောပြခဲ့သော ဆန်းကြယ်သည့်ကောင်းကင်ဘုံသိုင်းမျှော်စင် အကြောင်းကိုတွေးနေသည်။
ကောင်းကင်ဘုံသိုင်းမျှော်စင်သာ ရှစ်ကျင်းရွှိုက်ပြောသကဲ့သို့ တကယ်မှော်ဆန်နေမည်ဆိုလျှင်
၎င်းအတွင်း သို့ ဝင်ရောက်ပြီးသည့်နောက်၌
သူနောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။
လန်ယွမ်က ရှစ်ဖုန့်အားပြောပြီးနောက် ညကောင်းကင်ယံ၏အကွာအဝေး
တစ်ခုဆီသို့ကြည့်လိုက်သည်။ နည်းလမ်းကျကျပြောရလျှင် မင်းသားကွမ်းအနေဖြင့် ဤအချိန်၌ ရောက်ရှိနေသင့်ပြီဖြစ်သော်လည်း ရောက်မလာသေးပေ။
သူ့တွင်တစ်စုံတစ်ခုများဖြစ်နေသည်လော။
လန်ယွမ်သူ့ဖာသာသူစဉ်းစားလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုအားတွေးမိပြီး တိတ်တဆိတ်ပြောလိုက်သည်။
“အရိပ်နက်ဆီကနေ ငါ့ရဲ့ဦးလေးတော်က ဒီနေ့ အလှလေးတစ်ယောက်ကိုရထား
တယ်လို့ပြောတာကြားမိသလိုပဲ.. အဲ့အဘိုးကြီး…ဖြစ်နိုင်တာသူ…..”
လန်ယွမ်ဤအကြောင်းအားတွေးနေစဉ်တွင် ညကောင်းကင်ယံထဲ၌ ကျယ်လောင်သောရယ်မောသံ
တစ်ခုပဲ့တင်ထွက်ပေါ်လာသည်။
“ဟားဟား.. တောင်းပန်ပါတယ်..တောင်းပန်ပါတယ်. ငါလုပ်စရာတွေတော်တော်များနေလို့ပါ.. နောက်ကျသွားတာတောင်းပန်ပါတယ်”
ရယ်မောသံနောက်တွင် ညကောင်းကင်ယံထဲ၌ ရွှေရောင်အလင်းတန်းတစ်ခုလိုက်ပါလာသည်။ မင်းသားကွမ်းက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲပြီးဤဦးတည်ချက်သို့မြင့်မားသော အမြန်နှုန်းဖြင့်ဦးတည်လာနေသည်။
ရွှေရောင်အလင်းအားဖြတ်သန်း၍ လန်ကွမ်း၏ နီမြန်းနေသောမျက်နှာအား လန်ယွမ်မြင်တွေ့လိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့် ဤအဘိုးကြီး တကယ့်ကို သူ့ကိစ္စပြီးစီးမှ အလျှင်အမြန်လာခြင်းဖြစ်သည်ကို သိနိုင်သည်ဖြစ်သည်။
ယနေ့ညကအရေးကြီးသောညဖြစ်သော်လည်းသူက ဤကဲ့သို့သောအရာမျိုးအား
စိတ်ကူးဖို့အချိန်ရှိနေသေးသည်။ အချိန်ဖြန်းတီးခြင်းပင်ဖြစ်သည်။
လုပ်စရာကိစ္စများရှိနေသည်ဆိုသည်က ဆင်ခြေသာဖြစ်သည်။
ရွှေရောင်အလင်းပျောက်ကွယ်သွားသော
အခါတွင် လန်ကွမ်း၏ရွှေရောင်ပုံရိပ်ပေါ်လာသည်။
ဤအချိန်တွင် လန်ယွမ်က လန်ကွမ်းကိုပြောလိုက်သည်။
“ဦးလေးတော်…ဦးလေးတော်ရဲ့အသက်နဲ့ မှမလိုက်တကယ့်ကိုအားမန်တက်ကြွနေတာပဲ.. ပြီးတော့ ဓားကလည်း ထက်နေသေးသကိုး”
လန်ယွမ်၏စကားအားကြားပြီးနောက် လန်ကွမ်း၏မျက်နှာထက်၌ခွကျသော
အမူအယာတစ်ခုဖြစ်ပေါ်သွားသည်။ သူကပြုံးလိုက်ပြီးပြောလိုက်သည်။
“အိုး..တူတော်လေး မင်းနားလည်မှုလွဲနေပါပြီကောကွာ.. ဒီတစ်ကြိမ်ငါတကယ်ကို အရေးကြီးတဲ့တစ်စုံတစ်ခုလုပ်စရာရှိလို့ပါ”
လန်ကွမ်းမှာဤကဲ့သို့ပြောနေသော်လည်း သူ၏နီမြန်းနေသောမျက်နှာကသူ့အားသစ္စာဖောက်နေသည်။
ထို့နောက် လန်ကွမ်းက ကျိမို့အားတွေ့လိုက်ရပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။
“အိုး.ငါ့ရဲ့ မြေးမလေးဒီကိုရောက်နေပါလား. သမီးရဲ့အနာဂတ်ခင်ပွန်းလောင်းကို တွေ့ဖို့မစောင့်နိုင်တော့ဘူးလား”
“နှုတ်ဆက်ပါတယ်.. ဘကြီးတော်”
ကျိမို့က လန်ကွမ်းအားအနည်းငယ်
ဦးညွှတ်လိုက်သည်။ ထို့နောက်သူမက နှုတ်ခမ်းလေးစူလိုက်ပြီး စိတ်ထိခိုက်သောအမူအယာတစ်ခုကို ပြသလာ၏။ သူမကရှစ်ဖုန့်အားတစ်ချက်ကြည့်လိုက်ပြီး
ပြောလိုက်သည်။
“ဘကြီးတော်က နောက်နေတာပဲ”
“ဘယ်လိုလုပ်ပြီးတော့သူက သမီးရဲ့အနာဂတ်ခင်ပွန်းဖြစ်ရမှာလဲ.. ဘယ်လိုဖြစ်ပြီးတော့ သူ့လိုက် ပါရမီရှင်မျိုး မွန်းစတားဆန်တဲ့သူနဲ့ သမီးကထိုက်တန်မှာလဲ.. ဘယ်လိုလုပ်ပြီးတော့သူကသမီးကို
သဘောကျနှစ်ခြိုက်မှာတဲ့လဲ”
ကျိမို့၏ စကားအားကြားရသောအခါတွင် ရှစ်ဖုန့်အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်မှုအားမျက်နှာထက်၌ ပြသလာသည်။ ဤကောင်မလေးက စိတ်ဆိုးနေပြီး စကားနာထိုးနေသည်။
ကျိမို့ ၏စကားများအားကြားပြီးနောက် လန်ကွမ်းကစိတ်ထိခိုက်သောအမူအယာနှင့်ကျိမို့အားကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်မေးလိုက်သည်။
“ဘာဖြစ်လို့လဲ. သိပ်မကြာခင်က ပဲ မင်းတို့နှစ်ယောက်စကားများထားကြတာလား.. ငါ့မြေးမလေးက အရှေ့ပိုင်းဒေသကြီးမှာအလှဆုံးနဲ့
ထျန်းလျန်အင်ပါယာရဲ့ပုလဲရတနာတစ်ပါးပဲ..
တစ်ခြားသူနဲ့သမီးကမထိုက်တန်ဘူးဆိုရင် ဘယ်သူကရောသမီးနဲ့ထိုက်တန်မှာတဲ့လဲ”
“ဟုတ်တယ် သမီးကသူနဲ့မထိုက်တန်တာ”
ကျမို့က စိတ်ထိခိုက်သောမျက်နှာထား
ဖြင့်ပြောလိုက်သည်။
ရှစ်ဖုန့်ခဏမျှအခက်ကြုံသွားရသည်။ ယခုလန်ကွမ်းလည်းရောက်ရှိလာပြီ
ဖြစ်သောကြောင့် လန်ယွမ်နှင့်လန်ကွမ်းအားပြောလိုက်သည်။
“ကောင်းပြီ..အခု လန်ကွမ်းလည်းရောက်လာပြီဆိုတော့ ဒီသခင်လေးကို ခေါ်သွားပေး”
“လန်..လန်ကွမ်း…”
ရှစ်ဖုန့်ကသူ့အားလန်ကွမ်းဟုခေါ်သည်ကိုကြားရသောအခါတွင် လန်ကွမ်း ကြက်သေသေသွားရသည်။ ယခု ၎င်းတို့ကလက်မထပ်ရသေးသော်လည်း သူ့အားမင်းသားကွမ်းဟုခေါ်လျှင်
အဆင်ပြေသေးသည်ဖြစ်သည်။ ဘာကြောင့်များ ၎င်းကသူ့ကိုလန်ကွမ်းဟုခေါ်ရပါသနည်း။
လန်ယွမ်မှာ ကြက်သေသေနေသောလန်ကွမ်းအား
အပြုံးတစ်ခုနှင့်ကြည့်၍ ပြောလိုက်သည်။
“သွားစို့ဦးလေးတော်”
“ကောင်းပြီ”
လန်ကွမ်းမှာသူ၏အံ့အားသင့်မှုမှ
လုံးဝပြန်ကောင်းမလာသေးပေ။ သူတုန့်ပြန်သည့်အနေဖြင့်ခေါင်းသာဆတ်လိုက်ရသည်။
“လင်လုံ..နောက်ကျနေပြီ..သမီး ပြန်ပြီးအနားယူသင့်တယ်.. “
လန်ယွမ်က သမီးဖြစ်သူအား ညင်သာပျော့ပျောင်းစွာပြောလိုက်သည်။သူ ကသူ၏သမီးကြီးပြင်းလာသည်အားစောင့်ကြည့်ခဲ့သည်ဖြစ်သည်။ တကယ်တော့ သမီးဖြစ်သူယခုအခိုက်အတန့်၌မည်သို့ဖြစ်နေသည်ကို သူသိသည်ဖြစ်သည်။
“ဟုတ်ကဲ့ခမည်းတော်.. သမီးသွားပါတော့မယ်..”
ကျမို့က ဂါရဝပြု၍ ပြောလိုက်သည်။ ထို့နောက် သူမ၏ဖခင်ထံမှအကြည့်ကိုဖယ်၍ နှလုံးသားမရှိသောလူထံသို့ကြည့်လိုက်သည်။ နှုတ်ခမ်းလေးကိုဆူ၍ အေးစက်စွာဖြင့် “နှလုံးသားမရှိတဲ့လူ”ဟု ပြောလိုက်သည်။ထို့နောက် အမှောင်ထုအတွင်းဖြည်းညှင်းစွာ
ဆုတ်ခွာသွားသည်။
ရှစ်ဖုန့်မှာ ကောင်မလေး၏မျက်ဝန်းတို့မှ မကျေမချမ်းမှုအား သတိပြုမိသော်လည်း မမြင်ချင်ဟန်ဆောင်ထားရုံသာတက်နိုင်သည်။ သူရှေ့ဆက်လျှောက်ရမည့်လမ်းက တကယ်ကိုအန္တရာယ်များလွန်းပြီး စိတ်မချရမှုများဖြင့်ပြည့်နေသည်ဖြစ်သည်။
သူ၏သမီးဖြစ်သူခေါင်မိုး ထက်မှထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လန်ယွမ်က ရှစ်ဖုန့်နှင့်မင်းသားကွမ်းဘက်သို့လှည့်၍ ပြောလိုက်သည်။
“သွားစို့”
“ကောင်းပြီ”
ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်လိုက်သည်။
“သွားစို့”
လန်ကွမ်းကလည်းခေါင်းညိမ့်လိုက်သည်။
လန်ယွမ်က လှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်နှင့် လန်ကွမ်းတို့ကနောက်မှလိုက်ပါလာသည်။ ရှစ်ဖုန့်က ၎င်းတို့နောက်မှလိုက်ပါ၍ နန်းတော်အောက်ခြေသို့ ပျံသန်းသွားသည်။
ဤအချိန်၌ နန်းတော်ခေါ်မိုးအောက်ဘက်ရှိ
လသာဆောင်ပေါ်၌ အဖြူရောင်ပုံရိပ်တစ်ခုက တစ်ယောက်တည်းရပ်သေည်။ တစ်ဟုန်ထိုးထိုးဆင်းသွားကြသော ပုံရိပ်သုံးခုအားကြည့်၍ နောက်ဆုံး၌သူမ၏အကြည့်အားအနက်ရောင်ပုံရိပ်ပေါ်သို့ စူးစိုက်လိုက်သည်။သူမက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“ဟုတ်တယ် ငါဝမ်းနည်းတယ်. ကောင်စုတ်..ကောင်စုတ် .. အကောင်စုတ်ကြီး.. စိတ်ပုတ်တဲ့ရှစ်ဖုန့်လေး.. စိတ်ပုတ်တဲ့ရှစ်ဖုန့်လေး. နှလုံးသားမရှိတဲ့လူ.. ငါကောင်းဖို့အတွက်နင်ဒါကိုလုပ်တာငါသိတယ်..နင်ငါ့ကို ဒုက္ခတွေမခံစားစေချင်သလို နင်နဲ့အတူတလဲအန္တရာယ်တောထဲကို ဆွဲမခေါ်ချင်ဘူး. ဒါပေမဲ့ နင်နဲ့သာအတူမရှိရင် ငါအတွက်ဘာမှအဓိပ္ပယ်မရှိတာကို နင်မသိဘူး”