← Chapters

အခန်း (၆၂၄)

Vol. 42 Ch. 624

အခန်း (၆၂၄)

Vol. 42 Ch. 624

“ဂျိန်း…ဂျိန်း”

ထျန်းလျန်အင်ပါယာ၏တော်ဝင်မြို့တော်၏ ကောင်းကင်ယံထက်တွင် မိုးချိန်းသံများက တအုံးအုံးထနေသည်။ မျက်စိတစ်မှိတ်အတွင်း လျှပ်စီးများက လင်းလက်လာပြီး မိုးများကထစ်ချုန်းလာကာ သဲကြီးမဲကြီး ကျဆင်းလာ၏။

ရှစ်ဖုန့်က ဧကရာဇ်မင်းလန်ယွမ်နှင့်မင်းသားကွမ်း

တို့နောက်မှလိုက်ပါလာပြီး တော်ဝင်နန်းတော်၏ လျှို့ဝှက်မြေအောက်လမ်းဝင်ပေါက်သို့

သူတို့အားလုံးဝင်ရောက်လိုက်သည်။ လမ်း၏ဘေးနှစ်ဖက်လုံးတွင် တောက်ပသောပုလဲလုံးများအား မြှုပ်နှံထားပြီး လမ်းကြောင်းတစ်ခုလုံး လင်းထိန်နေ၏။

ရှစ်ဖုန့် ၊လန်ယွမ်နှင့်လန်ကွမ်းတို့က လျှောက်လမ်းအတိုင်း ဖြည်းဖြည်းချင်းဝင်ရောက်လာသည်။

လျှောက်လမ်းက တောက်ပလင်းထိန်နေသည်ဆိုလျှင်တောင် ကြမ်းပြင်နှင့် နံရံများထက်၌ အမှတ်အသားများဖြင့်ပြည့်နှက်နေ၏။ ၎င်းမှာ နှစ်ပေါင်းများစွာကြာ ပြုပြင်ထားခြင်းမရှိသည့်ပုံပေါ်သည်။ ထိုထက်ပိုသည်ကား ၎င်းတို့မှာ အချိန်တော်တော်လေးကြာကတည်းက တည်ရှိနေခဲ့သည့်ပုံပေါ်ခြင်းပင်ဖြစ်သည်။

သူတို့သုံးဦးသား လျှောက်လမ်း၏ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်လာသကဲ့သို့ သူတို့ရှေ့၌ ရွှေတံခါးကြီးတစ်ခုပေါ်လာရန် အချိန်သိပ်မကြာလိုက်ပေ။

ရွှေရောင်တံခါးပေါ်တွင် ခက်ထန်သော လက်သည်းကိုးခုရွှေရောင်နဂါး တစ်ကောင်၏ပုံကို ထွင်းထုထားသည်။

ဤအချိန်တွင် လန်ယွမ်နှင့်လန်ကွမ်းတို့က ရွှေရောင်တံခါးကြီး၏ရှေ့မှောက်၌ ရပ်တန့်လိုက်၏။ သူတို့နှစ်ဦးလုံးကတစ်ချိန်တည်းတွင် လက်သင်္ကေတဆီးလ်များအား ပုံဖော်လိုက်ကြပြီး ဆန်းကြယ်သော ရွှေရောင်ရုန်းများက သူတို့၏လက်များ မှပျံသန်းထွက်လာသည်။

များစွာသောရွှေရောင်ရုန်းများက ရွှေရောင်နဂါးတစ်ကောင်ပုံရိပ်အဖြစ်

ဖွဲ့စည်းသွားပြီး ရွှေရောင်တံခါးထံသို့ပျံသန်းသွားကာ ရွှေရောင်တံခါးပေါ်ရှိ ရွှေရောင်နဂါးပုံနှင့် ပြင်းထန်စွာပစ်ဆောင့်သွားသည်။

၎င်းက ရွှေရောင်တံခါးအတွင်းဝင်ရောက်သွားသကဲ့သို့ ရွှေရောင်နဂါး ပုံရိပ်က ပျောက်ကွယ်သွားသည်။ ဤအချိန်တွင် ရွှေရောင်တံခါး၌ မျက်စိကျိန်းလောက်စရာ ရွှေရောင်အလင်းတစ်ခုလင်းလက်လာသည်။ ရုတ်ခြည်း နေရာတစ်ခုလုံး ရွှေရောင်တို့စွန်းထင်းသွားသည်။

“ဝုန်း”

ကျယ်လောင်သော တုန်ခါသံများ အတွဲလိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ရွှေရောင်ဂိတ်တစ်ခုက ကောင်းကင်ထဲသို့ ဖြည်းဖြည်းချင်းထိုးတက်လာသည်။

ရွှေရောင်တံခါးကလေထဲမြင့်တက်လာသကဲ့သို့ အထဲရှိကမ္ဘာက ရှစ်ဖုန့်၏မျက်လုံးအတွင်း ဖြည်းဖြည်းချင်းပေါ်လာ၏။

အထဲအားကြည့်ရင်း သူပထမဆုံးအထင်ကြီးမိသည့်အချက်မှာ ၎င်းက ကျယ်ဝန်းပြီး ခမ်းနားသော မြေအောက်နန်းတော်တစ်ခုဖြစ်နေခြင်းပင်ဖြစ်သည်။ ပုလဲလုံးများ၏ထွန်းလင်းမှုအောက်တွင် မြေအောက်နန်းတော်တစ်ခုလုံးကလည်းလင်းထိန်နေသည််။

ရွှေရောင်တံခါးက လေထဲသို့မြင့်တက်သွားပြီးနောက် တလက်လက်တောက်ပလင်းထိန်နေသာ ရွှေရောင်အလင်းတို့ကလည်းဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်လာကာ မြေအောက်နေရာတစ်ခုလုံး တုန်ခါခြင်းလည်းရပ်တန့်သွားသည်။

“အင်း”

ရှစ်ဖုန့်က ခေါင်းအနည်းငယ်ညိမ့်လိုက်ပြီး မြေအောက်နန်းတော်ဆီသို့ ၎င်းတို့နှစ်ဦးနောက်မှလိုက်ပါလိုက်သည်။

မြေအောက်နန်းတော်သို့သူဝင်ဝင်ခြင်း မြေအောက်နန်းတော်အတွင်းမှ အားကောင်းသော အရှိန်အဝါတစ်ခုအားရှစ်ဖုန့်ရုတ်ခြည်း

ခံစားမိသည်။

ထိုစွမ်းအားကြီးအရှိန်အဝါနောက်သို့လိုက်ပါ၍ ရှစ်ဖုန့် ခေါင်းကိုမော့လိုက်သည်။

ရှစ်ဖုန့်၏ရှေ့တွင် ရွှေရောင်ပုံစံအတွင်း၌ လွန်စွာကြီးမားသော ရွှေရောင်တိုင်လုံးကြီးများရှိနေသည်။ စုစုပေါင်းတိုင်လုံးကြီးဆယ်လုံးရှိပြီး အခြားသောကိုးခုက အရွယ်အစားတူ ပုံစံတူ ရွှေရောင်နဂါးတိုင်လုံးများဖြစ်ကာ နဂါးကိုးကောင်က ပုလဲလုံးအားဝန်းရံသကဲ့သို့ စီစဉ်ထားသည်။

ဆယ်ခုမြောက် ရွှေရောင်နဂါးတိုင်လုံးက အခြားတိုင်ကိုးလုံး၏အလယ်တွင် ရပ်တည်နေသည်။ အရွှယ်အစားနှင့်အရှိန်အဝါအရတွင် အခြား တိုင်လုံးကိုးခု ဆယ်ခုမြောက်နှင့်မနှိုင်းယှဉ်နိုင်ပေ။၎င်းမှာ ကြက်အုပ်ထဲမှကြိုးကြာတစ်ကောင်

ကဲ့သို့ဖြစ်သည်။

ရွှေရောင်နဂါးတိုင်လုံး ဆယ်လုံး၏ ထိပ်ဖျားတွင် ရွှေရောင်နဂါးဝတ်ရုံတို့အား ဝတ်ဆင်ထားကာ တင်ပျဉ်ခွေထိုင်နေပြီး အားကောင်းသောအရှိန်အဝါတို့အားထုတ်လွှတ်နေသည့ အဘိုးကြီးများရှိနေသည်။ ဤအဘိုးကြီးများက မင်းသားကွမ်းတစ်ဖြစ်လည်း လန်ကွမ်းထက် ပိုအသက်ကြီးပုံရပြီး သူတို့၏အရှိန်အဝါက ကြယ်လေးပွင့် မဟာသူတော်စင်နယ်ပယ်လန်ကွမ်းထက် အားနည်းခြင်းမရှိပေ။

အထူးသဖြင့် အလယ်ဗဟိုရှိ ရွှေရောင် တိုင်လုံးပေါ်တွင်ထိုင်နေသော အဘိုးအိုဖြစ်သည်။ သူ၏ အရေးအကြောင်းများနှင့်မျက်နှာက ဂန္ဓမာပန်းကဲသို့ဖြစ်သည်။ သူအသက်ရှင်နေထိုင်ခဲ့သည်မှာ မည်မျှကြသည်ကို မည်သူမျှမသိကြသော်လည်း နှစ်ရာဂဏန်းအချို့ခန့်တော့ရှိလောက်ပြီဖြစ်၏။ သူ၏ကိုယ်ပေါ်မှအရှိန်အဝါက ပင်လယ်တစ်ခုကဲ့သို့ ခမ်းနားကာနားလည်နိုင်စွမ်းထက်

ကျော်လွန်သည်ဖြစ်သည်။ ဤနေရာရှိမည်သူကမှ သူနှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။

ထျန်းလျန်အင်ပါဘာ၏မြေအောက်နန်းတော်အတွင်းတွင် ထျန်းလျန်အင်ပါယာ တော်ဝင်မိသားစု၏ စွမ်းအားကြီးသောအဘိုးကြီးများက တကယ်ကိုများစွာရှိနေသည်။ အကယ်၍ ဤအဘိုးကြီးများသာပေါ်လာခဲ့လျှင် ထျန်းလျန်အင်ပါယာ၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူဆယ်ယောက်မှာ ဘေးဖယ်ပေးရလိမ့်မည်ဖြစ်၏။

“လန်ယွမ်က ဘိုးဘေးတို့ကို လေးစားသမှုဂါရဝပြုပါတယ်”

“ဘိုးဘေးတို့ကို နှုတ်ခွန်းဆက်သပါတယ်”

မြေအောက်နန်းတော်အတွင်းသို့ ဝင်ရောက်လာပြီးနောက် လန်ယွမ်နှင့်လန်ကွမ်းတို့က ရွှေရောင်နဂါးတိုင်လုံးဆယ်လုံးရှေ့၌ရပ်လိုက်ပြီး တိုင်လုံးများပေါ်ရှိ အဘိုးအိုဆယ်ဦးအား လေးစားမှုအပြည့်ဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

ရှစ်ဖုန့်ကတော့ ဝင့်ကြွားစွာရပ်နေဆဲဖြစ်ပြီး သူ၏ခေါင်းကိုမော့ထားဆဲဖြစ်ကာ အဘိုးအိုဆယ်ဦးအားမော့ကြည့်နေသည်။

လန်ယွမ်နှင့်လန်ကွမ်းတို့ စကားဆုံးသွားသောအခါတွင် တိုင်လုံးကြီးဆယ်လုံးကြီး ပေါ်၌ တင်ပျဉ်ခွေထိုင်နေကြသော အဘိုးကြီးဆယ်ဦးက ရုတ်တရက်သူတို့၏မျက်လုံးများအား

ဖွင့်လိုက်ကြသည်။

စွမ်းအားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက အိပ်ပျော်နေသောသားရဲများက တစ်ချိန်တည်းနိုးထာသကဲ့သို့ မြေအောက်နန်းတော်အတွင်းစတင်

ပျံ့နှံ့လာသည်။

ထို့နောက်နိုးလာသောအဘိုးကြီးအားလုံးက သူတို့၏အကြည့်များအား လန်ယွမ်နှင့်လန်ကွမ်းတို့၏နောက်၌

ရပ်နေကြသော ရှစ်ဖုန့်အပေါ်သို့စူးစိုက်လိုက်ကြသည်။

ရှစ်ဖုန့်အားတွေ့သောအခါတွင် အလယ်ဗဟိုရှိအသက်အကြီးဆုံးအဘိုးကြီးက သူ၏မျက်နှာထက်၌ စိတ်ကျေနပ်သောအမူအယာတစ်ခုအား

ပြသလာသည်။ သူက သူ၏ ပါးစပ်အားဖြည်းညှင်းစွာဖွင့်ဟလိုက်ပြီး ပြောလိုက်သည်။

“ဒါက သတို့သား ရွေးချယ်ပြိုင်ပွဲက နေ ဒီလက်ထပ်ပွဲရဲ့ တစ်သန်းမှာတစ်ယောက်တည်းပဲ

ရှိတယ်ဆိုတဲ့ပါရမီရှင်လား.. မဆိုးဘူး. ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကို

သူရောက်နေပြီ.. ဒီလိုပါရမီမျိုးက အရှေ့ပိုင်းဒေသကြီးတစ်ခုလုံးမှာတောင် နှစ်တစ်အတွင်းရှားတောင့်ရှားခဲမြင်ရတဲ့

အရာမျိုးပဲ”

အလယ်ဗဟိုရှိအဘိုး အိုကစကားပြောပြီးနောက် အခြားအဘိုးအိုများကလည်း စိတ်ကျေနပ်သောအမူအယာများအားပြသပြီး သူတို့၏ခေါင်းများကိုညိမ့်လိုက်ကြသည်။

“ဟုတ်တဘ်.မဆိုးဘူး.မဆိုးဘူး..

တကယ်မဆိုးဘူ”

သို့သော် သူတို့စိတ်ကျေနပ်ကြသော်လည်း သူတို့၏ခံစားချက်များအား မျက်နှာထက်၌များစွာပြသခြင်းမရှိပေ။ သူတို့၏မျက်လုံးများ အတွင်း၌ လန်ယွမ်နှင့်လန်ကွမ်းတို့ ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်လူငယ်တစ်ဦးအားခေါ်လာခြင်းက ပုံမှန်သာဖြစ်သည်။ယင်းကသူတို့၏

မျှော်မှန်းချက်အတွင်းတွင်သာရှိ၏။

ဤအချိန်တွင် လန်ယွမ်က သူ၏လက်သီးတို့ကိုလေးစားစွာဆုပ်လိုက်ပြီး လေးစားမှုအပြည့်ဖြင့် အဘိုးအိုဆယ်ယောက်အားပြောလိုက်သည်။

“ ဘိုးဘေးတို့.. ဒီပုဂ္ဂိုလ်ဟာ သူ့ရဲ့ကျင့်ကြံမှုက ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်မှာသာရှိတယ်ဆိုပေမဲ့.ဒီနေ့ပဲသူဟာကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူကို

သတ်ပစ်ခဲ့တာပါ”

လန်ယွမ်၏စကားဆုံးသောအခါတွင် ဤအချိန်၌ အသံများရုတ်တရက်ထွက်ပေါ်လာသည်။

“ဘာ”

“ဘာ”

“ဘာ”

“ဘာ”

“ဘာ”

ကောင်းကင်ထဲရှိအဘိုးကြီးများထံမှာ အာမေဋိတ်သံများထွက်လာသကဲ့သို့ မူလက ခြားနားမှုမရှိကြသော သူများမှာ လန်ယွမ်၏စကားအားကြားရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားကြသည်။

ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ယောက်ဆိုသည်ကားဘာမှမဟုတ်ပေ။ သို့သော် ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ယောက်က ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ယောက်အားသတ်သည်ဆိုသည်ကား အနည်းငယ်ထိတ်လန့်ဖို့ကောင်းသည်ဖြစ်သည်။ မဟာသူတော်စင်နယ်ပယ်အတွင်းတွင် အဆင့်တစ်ဆင့်ပိုမြင့်မားသော မဟာသူတော်စင်နယ်ပယ်တစ်ဦးအားစိန်ခေါ်နိုင်ခြင်းက အံ့ဖွယ်တည်ရှိမှုတစ်ခုဖြစ်သည်။ သို့သော် ဤလူငယ်ကတော့ သူ့ထက်ကြယ်နှစ်ပွင့်ပိုများသော မဟာသူတော်စင်နယ်ပယ်တစ်ဦးအားတကယ်စိန်ခေါ်နိုင်စွမ်းရှိ၏။ထိုထက်ပိုသည်ကား သူက ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးအားသတ်ပစ်ခဲ့ခြင်းပင်ဖြစ်သည်။

“ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးအနေနဲ့သူက ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးကိုသတ်ပစ်ခဲ့တယ်..ဒါက..ဒါကတကယ်ပဲ

ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ပပါရမီပဲ. ဒီတစ်ခေါက်ပြိုင်ပွဲက တကယ်ပဲ စိတ်မပျက်စေတဲ့ပုံပဲ”

ရွှေရောင်နဂါးတိုင်လုံးပေါ်မှအဘိုးအိုတစ်ဦးက

ပြောလိုက်သည်။

အဘိုးအိုစကားပြောပြီးနောက်သိပ်မဝေး

သောနေရာရှိ ရွှေရောင်တိုင်လုံးပေါ်မှ အခြားအဘိုးအိုတစ်ဦးကလည်း ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဒါကတကယ်ကို အမှန်ပဲ.. ဒီလိုပါရမီစွမ်းရည်မျိုးနဲ့.. သူက ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်းမှာငါတို့ ကိုအံ့အားသင့်မှုတစ်ခုပေးနိုင်စွမ်းရှိလိမ့်မယ်”

အဘိုးအိုများ၏စကားအားကြားပြီးနောက် လန်ယွမ်မှာ လျစ်လျူရှုမိထားသောတစ်စုံတစ်ခုကို သတိရလိုက်သည်။ သူက အဘိုးအိုများကိုဆက်ပြောလိုက်၏။

“ဘိုးဘေးတို့ ဒီလူ ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူကိုသတ်တဲ့အချိန်တုံးက သူဟာ ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်မှာပဲ

ရှိပါသေးတယ်”

All Chapters