← Chapters

အခန်း (၆၂၅)

Vol. 42 Ch. 625

အခန်း (၆၂၅)

Vol. 42 Ch. 625

“ဘိုးဘေးတို့ ဒီလူ ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူကိုသတ်တဲ့အချိန်တုံးက သူဟာ ကြယ်တစ်ပွင့်မဟာသူတော်စင်

နယ်ပယ်မှာပဲရှိပါသေးတယ်”

လန်ယွမ်ဤကဲ့သို့ပြောလိုက်သည်နှင့် အဘိုးကြီး၏မျက်နှာက သိသိသာသာကိုပြောင်းလဲသွားသည်။

အလယ်ဗဟိုရှိ ရွှေရောင်နဂါးတိုင်လုံးထက်၌ရှိနေသော အရေးအကြောင်းများနှင့် ဂန္ဓမာပန်းကဲ့သို့မျက်နှာနှင့် အဘိုးအို၏ အစကများစွာပြောင်းလဲခြင်း

မရှိသောမျက်နှာပင်လျှင် လွန်စွာတုန်လှုပ်အံ့အားသင့်သောအမူအယာမျိုးကိုပြသလာသည်။

ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးက ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးအားသတ်ခဲ့ခြင်းဖြစ်ပြီးယင်းက ကြယ်သုံးပွင့်ကွာခြားသည်ဖြစ်သည်။ဤသည်ကား ကြားပင်မကြားဖူးသောအရာဖြစ်၏။

“ကောင်းတယ်..ကောင်းတယ်….အရမ်းကောင်းတယ်.. ဒီလိုပါရမီရှင်တစ်ယောက်သာဆိုရင် ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲကိုဝင်ပြီးတာနဲ့သူကငါတို့ကို ကြီးမားတဲ့အံ့အားသင့်မှုမျိုးပေးမှာသေချာတယ်.. လန်မိသားစုဘိုးဘေးတွေဝင်ရောက်ခဲ့တဲ့ ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ ခုနှစ်လွှာကိုတောင်သူဝင်နိုင်လောက်တယ်”

“သူထွက်လာတဲ့အချိန်ကြရင် သူကအဲ့မိစ္ဆာသတ္တဝါကို နှိမ်နှင်းနိုင်မှာပဲ”

အရေးအကြောင်းများစွာနှင့်အဘိုးအိုက စိတ်ကျေနပ်စွာပြုံးလိုက်ပြီး သူ၏ခေါင်းအားညိမ့်လိုက်သည်။

ထို့နောက်အခြားအဘိုးအိုတစ်ဦးကလည်း

ပြော၏။

“အခြေအနေက အရေးပေါ်ဖြစ်နေတယ်.. ငါတို့ဘိုးဘေးတွေတပ်ဆင်ထားခဲ့တဲ့ဆီးလ်က အားနည်းသည်ထက်အားနည်းလာနေပြီ.. မြန်မြန်ကောင်းကင်ဘုံသိုင်းမျှော်စင်ကို

ဖော်ထုတ်ပြီးတော့ သူ့ကိုဝင်ခိုင်းလိုက်ပါ. ကောင်းကင်ဘုံသိုင်းမျှော်စင်ကသူထွက်လာပြီးမကြာခင် အထိလောက်ပဲ ကျုပ်တို့က ဆီးလ်ကို ကိုင်တွယ်နိုင်လိမ့်မယ်”

“ဟုတ်တယ်..အမှန်ပဲ”

ထို့နောက် အဘိုးအိုများက က စတင်ခေါင်းညိမ့်လိုက်ကြသည်။

ထို့နောက် ရွှေရောင်နဂါးတိုင်လုံးကြီး ဆယ်လုံးပေါ်မှအဘိုးအိုဆယ်ယောက်တို့က သူတို့၏လက်များဖြင့်မတူညီသော လက်သင်္ကေတဆီးလ်ဆယ်မျိုးတို့အား ပုံဖော်လိုက်ကြသည်။ ထို့နောက် လက်သင်္ကေတဆီးလ်များက အဆက်မပြတ်စတင်ပြောင်းလဲလာလာကာအသံများထွက်ပေါ်လာသည်။

“ဟူး..ဟူး..ဟူး.ဟူး”

အဘိုးအိုတစ်ယောက်ချင်းစီ၏ရှေ့တွင် အရိပ်များစတင်ပေါ်လာသည်။

“ဝုန်း..”

“ဝုန်း..”

မြေအောက်နန်းတော်တစ်ခုလုံး စတင်ပြင်းထန်စွာတုန်ခါလာသည်။

ရှစ်ဖုန့်က ဆန်းကြယ်ပြီး ရှေးကျသောရုန်းများ အားအမှီလိုက်ကာ ကြည့လိုက်သည်။

ဤအချိန်တွင် ဧရာမရွှေရောင် စတုရန်းကြီးကသူ၏ရှေ့၌ပေါ်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။စတုရန်းအတွင်းမှ တောင်ငယ်လေးတစ်လုံးအရွယ်ရှိသော ခရမ်းရောင် မျှော်စင်တစ်ခု ဖြည်းဖြည်းချင်းမြင့်တက်ထွက်ပေါ်လာသည်။

“ဒါကကောင်းကင်ဘုံ သိုင်းမျှော်စင်ပဲဖြစ်ရမယ်”

ရှစ်ဖုန့်က မြင့်တက်လာသော မျှော်စင်အားကြည့်၍ သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။

ခရမ်းရောင်မျှော်စင်က လေထဲသို့ မြင့်တက်လာသကဲ့သို့ ခရမ်းရောင်မျှော်စင်၏ပုံပန်းသွင်ပြင်အား ရှစ်ဖုန့်ရှင်းလင်းစွာမြင်လာရသည်။ ၎င်းက အလွှာကိုးခု ခရမ်းရောင်မျှောင်စင်ဖြစ်၏။

“ကောင်းကင်ဘုံသိုင်းမျှော်စင်”

ကောင်းကင်ဘုံသိုင်းမျှော်စင်အပြည့်အဝ

ထွက်ပေါ်လာပြီးနောက် ခရမ်းရောင်မျှော်စင်တစ်ခုလုံးက ခရမ်းရောင်အလင်းတို့ လင်းလက်တောက်ပလာသည်။ ခရမ်းရောင်မျှော်စင်၏အထက်တွင် ဝေ့ဝဲစီးမျောနေသော ခရမ်းရောင်တိမ်တိုက်များရှိနေသည်။

“ရှစ်ဖုန့်..ဒါက ကောင်းကင်ဘုံသိုင်းမျှော်စင်ပဲ”

လန်ယွမ်က ကောင်းကင်ဘုံသိုင်းမျှော်စင်အား လက်ညှိုးထိုးညွှန်ပြပြီး ရှစ်ဖုန့်ကို ပြောလိုက်သည်။

“အင်း”

ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်လိုက်ပြီး ကောင်းကင်ဘုံသိုင်းမျှော်စင်အားကြည့်၍ ပြန်ဖြေလိုက်သည်။

ဤအခိုက်အတန့်တွင် အဘိုးအို၏အက်ကွဲကွဲအသံက ဆယ်ခုမြောက် ရွှေရောင်နဂါးတိုင်လုံးမှ ရိုက်ခတ်ထွက်ပေါ်လာသည်။

“ကောင်းကင်ဘုံသိုင်းမျှော်စင်ထွက်ပေါ်လာပြီး. .သွားပြီး တော့စမ်းသပ်မှုကိုခံယူချေ”

“အရည်အချင်းစမ်းသပ်မှုလား”

အဘိုးအို၏အက်ကွဲကွဲအသံအားကြားပြီးနောက် ရှစ်ဖုန့်ကလှည့်လိုက်ပြီး လန်ကွမ်းအား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။

ရှစ်ဖုန့်ကသူ့အားကြည့်နေသည်ကိုတွေ့ရသောအခါတွင် လန်ကွမ်းက ရှင်းပြသည်။

“မင်းအဲ့ကိုသွားရင်. မင်းရဲ့ညာလက်ကို ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ ဝင်ပေါက်ပေါ်မှာတင်လိုက်.. မင်းရဲ့ပါရမီက အရည်အချင်းပြည့်မှီရင် မင်းကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့

လမ်းကြောင်းထဲ အလိုအလျောက်ပို့ပေးတာခံရလိမ့်မယ်”

“ဒါပေမဲ့ မင်းရဲ့ပါရမီနဲ့ဆိုရင်..ဒါကပြဿနာ

မဟုတ်လောက်ပါဘူး”

“သိပြီ”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ထို့နောက် ရှစ်ဖုန့်က လှုပ်ရှားလိုက်ပြီး ကောင်းကင်ဘုံသိုင်းမျှော်စင်ထံသို့ ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဘုံသိုင်းမျှော်စင်၏ရှေ့သို့ ရောက်ရှိသွား၏။ ထို့နောက် ရှစ်ဖုန့်က သူ့ရှေ့ရှိ ခရမ်းရောင်တိမ်တိုက်ပုံစံဂိတ်အား

စိုက်ကြည့်နေသည်။

ထို့နောက်လန်ယွမ်၏ ညွှန်ပြချက်အတိုင်းလိုက်ပါ၍ သူ၏ ညာလက်အားဆန့်ထုတ်လိုက်ပြီး ကောင်းကင်ဘုံသိုင်းမျှော်စင်ဂိတ်ပေါ်

ဖိကပ်လိုက်သည်။

ဤအချိန်တွင် ကောင်းကင်ဘုံသိုင်းမျှော်စင်က ပထဆုံးအကြိမ် တလက်လက်ထနေသော ခရမ်းရောင်အလင်းများတောက်ပလာသည်။ ထို့နောက် ရှစ်ဖုန့်၏ကိုယ်ပေါ်တွင်လင်း တလက်လက်ထနေသော ခရမ်းရောင် အလင်းတစ်ခုလင်းလက်လာ၏။ ထို့နောက် ခရမ်းရောင်အလင်းကဖျက်ခနဲဖြစ်သွားပြီး

ရှစ်ဖုန့်၏ကိုယ်ကလည်းနေရာမှ

ပျောက်ကွယ်သွားသည်။

အခြားတစ်ဖက်တွင် လန်မိသားစု၏အဘိုးအိုဆယ်ယောက်၊လန်ယွမ်နှင့်လန်ကွမ်းတို့အားလုံးက ထိုဘက်ခြမ်းသို့ကြည့်နေကြ၏။ကောင်းကင်ဘုံသိုင်းမျှော်စင်ရှေ့မှ ရှစ်ဖုန့်ပျောက်ကွယ်သွားသည်ကိုသူတို့ စောင့်ကြည့်နေကြသည်။

သို့သော် သူတို့ ဤအချင်းအရာအားတွေ့ရချိန်တွင် သူတို့၏အမူအယာများက ပြောင်းလဲမသွားကြပေ။ ဤသည်က သူတို့၏မျှော်မှန်းထားမှုအတွင်းရှိသည်ဖြစ်သည်။ မွန်းစတားဆန်သောပါရမီရှင်က ဘယ်လိုဖြစ်ပြီး ကောင်းကင်ဘုံသိုင်းမျှော်စင်၏ အခြေခံအကျဆုံးစမ်းသပ်မှုအား ကျရှုံးပါမည်နည်း။

ခရမ်းရောင်တိမ်တိုက်များက လေထုထဲ၌ပြည့်နှက််နေသည်။ ထို့နောက်ရုတ်ခြည်း ခရမ်း ရောင်အလင်းတို့က ဖျက်ခနဲပျောက်ကွယ်သွားသည်။ သို့သော် ခရမ်းရောင်အလင်းပြန်လည်ပေါ်လာသောအခါတွင် အနက်ရောင်ပုံရိပ်တစ်ခုက ခရမ်းရောင်တိမ်တိုက်များ အလယ်၌ ပေါ်လာ၏။

“ဒါက ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ အတွင်းပိုင်းလား”

ရှစ်ဖုန့်က ပတ်ဝန်းကျင်အား ကြည့်လိုက်ပြီး သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်းမှ ကောင်းကင်မီးတောက်၏အသံကရုတ်တရက်ထွက်ပေါ်လာသည်။

“အဲ့တာက တကယ်ဒီမျှော်စင်ပဲ. နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဒီမျှော်စင်ဟာ ဒီကမ္ဘာမှာတည်ရှိနေအုံးမယ်လို့ ဘယ်သူကထင်မှာလဲ”

“ဟမ်”

ကောင်းကင်မီးတောက်၏စကားများအား

ကြားပြီးနောက် ရှစ်ဖုန့်ရုတ်ခြည်းသတိပြန်ရသွားသည်။ ရတနာတစ်ထောင်စံအိမ်၌ ရှစ်ကျင်းရွှိုက်က သူ့အား ရတနာတစ်ထောင်စံအိမ်အကြောင်းကို ပြောသည့်အချိန်တွင် ကောင်းကင်မီးတောက်ကလည်းပြောခဲ့သည်။ ယခု ၎င်းဤကဲ့သို့ပြောသည်အားကြားပြီးနောက် ဤမျှော်စင်မှာ ၎င်း၏ခေတ်က သေချာပေါက်လာပုံရသည်။

“ဒီမျှော်စင်နဲ့ပက်သက်ပြီး ခင်ဗျားဘယ်လောက်ထိသိလဲ’

ရှစ်ဖုန့်က ကောင်းကင်မီးတောက်အားသူ၏

ဝိညာဉ်စွမ်းအားဖြင့်မေးလိုက်သည်။

“အရမ်းနည်းတယ်”

ကောင်းကင်မီးတောက်က ရိုးရှင်းသောပုံစံဖြင့်ပင်ပြန်ဖြေသည်။

“အရမ်းနည်းတယ်လား. ဘယ်လောက်တောင်သိထားလဲ. ဒီသခင်လေးကိုခင်ဗျားသိသမျှပြောပြပါ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ ဒီမျှော်စင်က သွေးပန်းခက်မျိုးနွယ်စုနဲ့မဆက်နွယ်နေဘူ. ဒီမျှော်စင်ရဲ့အံ့ဖွယ်ကောင်းမှုတွေကိုပဲငါကြားခဲ့တာ. ငါသိသမျှကအခုမင်းသိထားသမျှနဲ့

အတူတူလောက်ပဲ.”

ကောင်းကင်မီးတောက်ကပြောလိုက်သည်။

“ ဒါပဲလား”

ရှစ်ဖုန့်ကပြောသည်။

“ချီးပဲလေ..”

ရှစ်ကျင်းရွှိုက်၏စကားအားကြားတုံးက ၎င်းကထပြောခဲ့သည်။ ဤမျှော်စင်နှင့်ပက်သက်၍ကောင်းကင်

မီးတောက်က တော်တော်လေးသိသည်ဟု ရှစ်ဖုန့်ထင်ခဲ့၏။ ၎င်းက ရှစ်ကျင်းရွှိုက်သိထားသည်ထက်ဘာမှပိုသိခြင်းရှိမနေဟု သူမမျှော်လင့်ထားခဲ့ချေ။

၎င်းကအရမ်းကိုအသုံးမကျပေ။ ၎င်း၏ခေတ်၌ အလဟဿနေထိုင်ခဲ့ခြင်းသာဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က ဤအသုံးမကျအသုံးမဝင်သော ကောင်းကင်မီးတောက်အားလျစ်လျူရှု

ထားလိုက်ပြီး သူ၏မျက်လုံးတို့အားရှေ့သို့စူးစိုက်လိုက်သည်။

ခုဏက မီတာရာပေါင်းများစွာရှိသောအကွာအဝေး

တစ်ခုအတွင်း၌ ခရမ်းရောင်တိမ်တိုက်များဖြင့်ဖွဲ့စည်းထားသော လေပေါ်ပျံနေသည့် လှေကားများအား တွေ့ခဲ့သည်ဖြစ်သည်။ ဤလှေကားများက ဒုတိယအလွှာသို့သွားသည့်လမ်းဖြစ်ပုံပေါ်၏။

ရှစ်ဖုန့်က ခရမ်းရောင်လှေကားများထံသို့ အပြင်းသွားရန်ပြင်လိုက်သော်လည်း ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်းသို့ဝင်ရောက်ခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်က ဆန်းကြယ်သောစွမ်းအားအချို့၏ ကန့်သတ်ဖိနှိပ်ခြင်းကို ခံထားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ အနေဖြင့် ပျံသန်းနိုင်ခြင်းမရှိပေ။

ရှစ်ဖုန့်က သူ့ကိုယ်ပေါ်ရှိ ပြောင်းလဲမှုများအား ဂရုတစိုက်အာရုံခံလိုက်သည်။ တကယ်ကို ဤကမ္ဘာ၏ ဆန်းကြယ်ပြီး ရှေးကျသော စွမ်းအားက သူ၏ကိုယ်အား ဖိနှိပ်ထား၏။ သူ၏လက်ရှိခွန်အားဖြင့်ပင် ၎င်းအား ချိုးဖျက်နိုင်စွမ်းမရှိပေ။

သူနေရာခုန်ကူးခြင်းကိုမလုပ်နိုင်သောကြောင့် ရှစ်ဖုန့် က ခရမ်းရောင်လှေကားများထံသို့ စတင်လျှောက်လှမ်းလိုက်သည်။

သို့သော်သူပထမခြေစလှမ်းသည့်အချိန်တွင် သူ၏မျက်နှာက ရုတ်တရပ်ပြောင်းလဲသွားသည်။

All Chapters