အခန်း (၆၂၆)
Vol. 42 Ch. 626
ခရမ်းရောင်တိမ်တိုက်များ
ဖြင့်ပြည့်နှက်နေသော ဤကမ္ဘာအတွင်း ပထမဆုံးခြေလှမ်းကို စတင်လိုက်သည်နှင့် ဤကမ္ဘာ၏ မြေဆွဲအား က ပြောင်းလဲသွားသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
ကောင်းကင်ဘုံသိုင်းမျှော်စင်သို့
ပထမဆုံးဝင်ရောက်ပြီး ရပ်နေဆဲအချိန်ကာလက မြေဆွဲအားမှာ ပြင်ပကမ္ဘာနှင့်အတူတူသာဖြစ်သည်။သို့သော် သူ ပထမဆုံးခြေလှမ်းလိုက်သည်နှင့် မြေဆွဲအားက နှစ်ဆဖြစ်သွားသည်။
သို့သော် ရှစ်ဖုန့်အတွက် နှစ်ဆပမဏာက များစွာသောက်ရောက်မှုဖြစ်ခြင်းမရှိပေ။ သွေးနတ်ဆိုး၏သွေးနီရောင်ကမ္ဘာငယ်အတွင်းသူရှိခဲ့စဉ်က သူ၏ကျင့်ကြံမှုအား ဆရာသခင်အဆင့်အထိဖိနှိပ်ခြင်းကို
ခံခဲ့ရသည်ဖြစ်သည်။ လူ့ဘီလူးကြီးက သူ့အား တောင်ထိပ်ဆီသို့ခေါ်သွားသောအခါတွင် ဆရာသခင်နယ်ပယ်အဆင့်နှင့်ပင် မြေဆွဲအားအဆတစ်ရာနီးပါးအားတောင့်ခံနိုင်ခဲ့သည်ဖြစ်၏။
ထိုထက်ပိုသည်ကားသူသည်ယခု မဟာသူတော်စင်နယ်ပယ်ဖြစ်သည်။ ယင်းကမြေဆွဲအား နှစ်ဆမျှာသာဖြစ်၏။
ထို့နောက် ရှစ်ဖုန့်က နောက်ထပ်ခြေတစ်လှမ်းအား စတင်လှမ်းလိုက်သည်။ ဒုတိယခြေလှမ်းအားစလှမ်းချိန်တွင် သူမျှော်လင့်ထားသကဲ့သိုဖြစ်လာသည်ဟူသောအမူအယာမျိုး သူ၏မျက်နှာထက်၌ပြသလာ၏။ ဒုတိယခြေလှမ်းအားစလှမ်းလိုက်ချိန်တွင် ရုတ်ခြည်းမြေဆွဲအားကနှစ်ဆဖြစ်သွားသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
သို့သော် ရှစ်ဖုန့်က အနည်းငယ်မျှတုန့်ဆိုင်းနေခြင်းမရှိသလို သူ၏မျက်နှာပေါ်၌လည်း အတက်အကျတို့ အနည်းငယ်မျှပင်ဖြစ်ပေါ်မနေပေ။ တစ်လှမ်းခြင်းလှမ်းပြီး ခရမ်းရောင်တိမ်တိုက်များဆီသို့ လျှောက်လှမ်းသွားကာ သူခြေလှမ်းလိုက်တိုင်းတွင် မြေဆွဲအားကနှစ်ဆဆီတိုးတိုးလာခဲ့သည်။
သူနှင့်ခရမ်းရောင်တိမ်တိုက်လှေကားများရှိရာ နေရာက မီတာနှစ်ရာခန့်ကွာဝေးသည်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ခြေလှမ်းပေါင်းလေးရာခန့်လှမ်းခဲ့ရ၏။ ဤအချိန်တွင် မြေဆွဲအားက ပုံမှန်မြေဆွဲအားထက် အဆလေးရာခန့်ရှိနေပြီဖြစ်သည်။ အဆုံးသတ်တွင် မြေဆွဲအားအားခုခံရန်အတွက် သွေးနီရောင်ချပ်ဝတ်အား ရှစ်ဖုန့်ဝတ်ဆင်ခဲ့သည်။
သို့သော်သူ၏လက်ရှိကျင့်ကြံမှုမဟာသူတော်စင်နယ်ပယ်နှင့် သူ၏ကိုယ်ပေါ်ရှိ သွေးနီရောင်ချပ်ဝတ်တို့နှင့်အတူ ရှစ်ဖု်န့၏မျက်နှာက် မြေဆွဲအားအဆလေးရာအောက်၌ တည်ညိမ်နေဆဲဖြစ်သည်။ ခရမ်းရောင်တိမ်တိုက်များဖြင့်ဖွဲ့စည်းထားပုံ
ရသော လှေကားများရှေ့သို့ သူရောက်လာသည်။
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ပထမအလွှာနှင့်ပက်သက်၍ ရှစ်ဖုန့် ၎င်း၏အထာကိုနပ်လာသည်။ ခရမ်းရောင်လှေကားထစ်များရှိရာအကွာအဝေးကြောင့် မြေဆွဲအားက ပြောင်းလဲသွားခြင်းမရှိပေ။ ထိုအစား လူတစ်ယောက်လှမ်းသော ခြေလှမ်းကြောင့်သာ ပြောင်းလဲခြင်းဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုက နိမ့်ပြီး မြေဆွဲအားအား တောင့်မခံနိုင်ခဲ့လျှင် ၎င်း၏ ရွေ့လျားမှုပညာရပ်ကိုအသုံးပြု၍ ရှေ့သို့ ခုန်ကူးခြင်းက အကောင်းဆုံး ဖြစ်သည်။ ခြေလှမ်းလှမ်းသည့်ပမာဏနည်းလေ နောက်ဆုံး ခြေလှမ်းသို့ရောက်သောအခါ၌ မြေဆွဲအားကပို၍ သေးငယ်လေဖြစ်သည်။
သို့သော် ဤနည်းလမ်းက အားနည်းသောလူများ ၌သာ သက်ရောက်နိုင်သည်ဖြစ်သည်။ ရှစ်ဖုန့်၏လက်ရှိ စွမ်းအားဖြင့် ဖြည်းဖြည်းချင်းသွားခဲ့လျှင်ပင် မြေဆွဲအားအဆလေးရာကသူ့အား သက်ရောက်မှုရှိလိမ့်မည်မဟုတ်ပေ။
ထို့နောက်ရှစ်ဖုန့်၏ညာခြေက ထပ်မံရွေ့လျားလိုက်ပြီး ခရမ်းရောင်လှေကားထစ်များပေါ်သို့ ချနင်းလိုက်သည်။
ခရမ်းရောင်လှေကားများပေါ်သို့သူခြေချပြီးပြီး
ချင်းသူ၏တစ်ကိုယ်လုံးပေါ့ပါးသွားမှုကို
ခံစားရ၏။ အစောပိုင်းကသူခံစားရသော
မြေဆွဲအားအဆလေးရာမှာ ခရမ်းရောင် လှေကားထစ်များပေါ်သို့သူခြေချသည်နှင့် လုံးဝပျောက်ကွယ်သွားသည်။ ဆန်းကြယ်ပြီး မမြင်နိုင်သောစွမ်းအားတို့က သူထံသို့ ဦးတည်ချက်အနှံ့မှသိမ်းကျုံးလာနေသည်ကို ရှစ်ဖုန့်ခံစားရ၏။
“ဒီစွမ်းအား”
ဤစွမ်းအားအားရှစ်ဖုန့်အာရုံခံမိသောအခါတွင် အစပိုင်းသူတုန်လှုပ်အံ့အားသင့်သွားရပြီးနောက်သူ၏မျက်နှာက ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်သွားသည်။
တလိပ်လိပ်ထနေသောစွမ်းအင်တို့မှာ ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်တို့နှင့် တူညီသော်လည်း ဤစွမ်းအင်က ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်ထက်ပို၍ သန့်စင်ကာ ခမ်းနားသည်။ ရှစ်ဖုန့်ကသူ၏ကိုယ်အားထိန်းချုပ်လိုက်ပြီး န်းကြယ်သောစွမ်းအင်တို့အားသူ၏ကိုယ်အတွင်းသို့စုပ်ယူလိုက်၏။
ထိုထက်ပိုသည်ကား ၎င်းမှာချေဖျက်ရန်အရမ်း
လွယ်ကူခြင်းပင်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကသူ၏ ဒန်တန်အတွင်းသို့စုပ်ယူခံလိုက်ရပြီး သူ့ဒန်တန်နှင့်ကောင်းကင်မီးတောက်တို့၏စွမ်းအင်အဖြစ်သို့ပြောင်းလဲသွားသည်။
ဆန်းကြယ်သောစွမ်းအင်က သူ၏ကိုယ်အတွင်းဝင်ရောက်လာသည်နှင့် သူ၏ အသွေး၊အသား ၊အရွတ်များ၊အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများအားလုံးက ပို၍ အားကောင်းလာသည်ကို တွေ့လိုက်ရ၏။
“ဆန်းကြယ်လိုက်တဲ့စွမ်းအား.. ဒါက ကောင်းကင်ဘုံသိုင်းမျှောင်စင်ထဲကို ခြေချတာနဲ့ရတဲ့အကျိုးကျေးဇူးလား. ဒါက ပထမအဆင်ပဲရှိသေးပြီး ပထမခြေလှမ်းပဲရှိသေးတယ်. ငါသာပိုပြီး တက်သွားရင် အကျိုးကျေးဇူးတွေပိုပြီးရမှာပဲ”
သူ၏ဒန်တန်အတွင်းတိုးပွားလာသော
စွမ်းအင်များနှင့်သူ့ခန္ဓာကိုယ်၏
ပြောင်းလဲမှုတို့အား ခံစားရင်း ရှစ်ဖုန့်ပျော်ရွှင်မှုအပြည့်ဖြင့်ပြောလိုက်သည်။
ဦးတည်ချက်ပေါင်းစုံမှလာသော စွမ်းအင်တို့အားလုံးအားသူစုပ်ယူပြီး
သည့်နောက်၌ ရှစ်ဖုန့်ထပ်မံတုန့်ဆိုင်းမနေတော့ပေ။ သူ၏ခြေထောက်အားထပ်မံရွေ့လျားလိုက်ပြီး ဒုတိယလှေကားသို့ခြေချလိုက်သည်။
ဒုတိယလှေကားထစ်နှင့်သူခြေထောက်ထိသည်နှင့် တူညီသောအရာဖြစ်ပျက်လာသည်။ ဆန်းကြယ်သောစွမ်းအင်တို့က ဦးတည်ချက်ပေါင်းစုံမှထပ်မံပေါ်ထွက်လာသော်လည်း ဤတစ်ကြိမ်တွင် စွမ်းအားများက ယခင်ကထက်ပို၍ခမ်းနားလွန်း၏။ယင်းကရှစ်ဖုန့်အား စိတ်ကြိုက်စုပ်ယူခွင့်ပြုနေသည်။
ရှစ်ဖုန့်၏ဒန်တန်အတွင်းမှစွမ်းအင်နှင့် သူ၏ကိုယ်က ထပ်မံစတင်ပြောင်းလဲလာသည်။
သိပ်မကြာခင် ရှစ်ဖုန့် ထပ်မံစတင်ရွေ့လျားလိုက်ပြီး ဆန်းကြယ်သောစွမ်းအင်တို့အား စတင်စုပ်ယူ၏။ရှစ်ဖုန့် ခရမ်းရောင်လှေကားထစ်ငါးထစ်မြောက်သို့ရောက်သောအခါတွင် သူ၏ ကာယခန္ဓာခွန်အားက ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်မှ ကြယ်ခြောက်ပွင့်ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိလာသည်။
ခရမ်းရောင်တိမ်တိုက်လှေကားထစ်ပေါင်းဆယ့်သုံးထစ်ကျန်သေးသည်ဖြစ်၏။
ကျန်နေသော ခရမ်းရောင်လှေကားထစ်များအားကြည့်၍ ရှစ်ဖုန့်က ပြောလိုက်သည်။
“အကယ်၍ ဒီလိုသာဆိုရင် ငါခြေတစ်လှမ်းလှမ်းလိုက်တိုင်းမှာ ဆန်းကြယ်တဲ့စွမ်းအားတွေက ပိုပြီးပိုပြီး ခမ်းနားလာမှာပဲ.. ငါလှေကားထစ်ဆယ့်သုံးခုလုံးကိုတက်ပြီးတဲ့အခါကြရင် ငါ့ရဲ့ကာယခန္ဓာခွန်အားက ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်အဆင့်
လောက်ရှိလိမ့်မယ်”
ဤသို့ပြောပြီးနောက်ရှစ်ဖုန့်က ထပ်မံလှမ်းလိုက်သည်။
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ အပြင်ဘက် မြေအောက်နန်းတော်အတွင်းတွင် လန်မိသားစု၏ ကျွမ်းကျင်သူဆယ့်နှစ်ဦးက ကောင်းကင်ဘုံသိုင်းမျှော်စင်အား စိုက်ကြည့်နေဆဲဖြစ်သည်။ ဤအချိန်တွင် ရွှေရောင်နဂါးတိုင်လုံးပေါ်ရှိ အဘိုးအိုက အခြား အဘိုးအိုများအားပြောလိုက်သည်။
“ဒီလူငယ်လေး ဘယ်အဆင့်ထိဝင်ရောက်နိုင်မယ်
လို့မင်းတို့ထင်လဲ”
“ဒီလူငယ်လေးရဲ့ပါရမီအရတော့ ငါးလွှာလောက်အထိက ပြဿနာတစ်ခုမဟုတ်ဘူး..”
အခြားအဘိုးအိုတစ်ဦးကပြောလိုက်သည်။
“အသက်ဆယ့်ငါးဆယ့်ခြောက်အရွယ်နဲ့ သူက ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကို
ရောက်နေပြီ.. သူကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်မှာရှိစဉ်က ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူကိုသတ်ပစ်ခဲ့တယ်.. ဒါက သေချာပေါက်ကို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးပဲ…ကျုပ်အမြင်ကတော့ ခြောက်လွှာမြောက်ကို ဝင်ရင်တောင်သူ့အတွက်ပြဿနာဖြစ်မှာမဟုတ်ဘူး”
“ခြောက်လွှာ”
ခြောက်လွှာဟုကြားလိုက်ရသောအခါတွင် အခြားအဘိုးအိုတစ်ဦးက အံ့အားတကြီးပြောလိုက်သည်။
“အကယ်၍ သူသာ ခြောက်လွှာကိုတကယ်ဝင်နိုင်ခဲ့ရင် , သူကတော်ဝင်ဦးလေးတော်နဲ့ အတူတူပဲ ဖြစ်သွားမှာမဟုတ်လား”
အဘိုးအိုက စကားပြောပြီးသောအခါတွင် သူကလှည့်လိုက်ပြီး အလယ်ဗဟို၌ထိုင်နေသော အသက်အကြီးဆုံးအဘိုးအိုထံသို့ ခေါင်းအနည်းငယ်မော့၍ ကြည့်လိုက်သည်။ တော်ဝင်ဦးလေး၏သူခေါ်နေသောသူက ၎င်းကို ဖြစ်သည်။
ဤလူများကြားထဲတွင် ကောင်းကင်ဘုံသိုင်းမျှောင်စင်အတွင်း
သူတို့ဝင်ရောက်ခဲ့စဉ်က ငါးလွှာမြောက်အထိသာ
ဝင်ရောက်နိုင်ခဲ့ကြသော်လည်း အသက်အကြီးဆုံးအဘိုးတစ်ယောက်သာ ခြောက်လွှာမြောက်သို့ ဝင်ခဲ့သည်ဟု ကောလဟာလရှိခဲ့သည်ဖြစ်သည်။
လန်မိသားစု၏သမိုင်းတွင် ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ငါးလွှာမြောက်သို့ ဝင်ရောက်နိုင်သူများအား ပါရမီရှင်များဟုခေါ်နိုင်သည်ဖြစ်သည်။ ခြောက်လွှာမြောက်သို့ ဝင်ရောက်နိုင်သောအဘိုးအိုမှာ အထွတ်အထိပ်ပါရမီရှင်တစ်ဦးဖြစ်နေပြီဖြစ်၏။
လန်မိသားစုမှလူတစ်ယောက်သာ ခုနှစ်လွှာမြောက်သို့ဝင်နိုင်ခဲ့ပြီး ၎င်းမှာ နှစ်ထောင်ပေါင်းများစွာအကြာက
သူတို့၏ဘိုးဘေးဖြစ်သည်။ ထိုအချိန်က ဘိုးဘေးမှာ အရှေ့ပိုင်းဒေသကြီးတစ်ခုလုံး၌ နမည်ကျော်ကြားသောပြိုင်ဘက်ကင်း ဧကရာဇ်နယ်၌ယ်တစ်ပါးဖြစ်ခဲ့သည်။
ရှစ်လွှာမြောက်ကမည်သည့်အမျိုးအစားဆို
သည်အားမည်သူမျှမသိကြချေ။ ကိုးလွှာမြောက်အကြောင်းကိုမူထည့်
ပြောရန်ပင်မလိုပေ။
အဘိုးအိုက ခြောက်လွှာမြောက်အားပြောသည့်အချိန်တွင် အခြားသောအဘိုးအိုများကလည်း အလယ်ဗဟိုရှိအဘိုးအိုထံသို့ လှည့်လိုက်ပြီး သူ၏အမြင်အားစောင့်ဆိုင်းနေကြ၏။ သူတစ်ယောက်တည်းသာ ခြောက်လွှာမြောက်သို့
ဝင်ရောက်ဖူးခြင်းဖြစ်သည်။
ထို့နောက်မျက်နှာထက်ရှိအရေးအကြောင်းများနှင့် ဂန္ဓမာပန်းကဲသို့အဘိုးအိုက သူ၏ပါးစပ်ကိုဖြည်းညှင်းစွာဟ၍ ပြောလိုက်သည်။
“ငါသူ့အရွယ်တုံးကကျင့်ကြံမှုသိုင်းပညာအရာမှာသူ့ကိုမယှဉ်နိုင်ဘူး. ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်နဲ့ ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်ကို
တောင်သူသတ်နိုင်ခဲ့တာ. သူ့ရဲ့အောင်မြင်မှုက ငါ့ထက်ကိုသေချာပေါက်ပိုမြင့်လိမ့်မယ်”
“ဦးလေးတော်ထက်ကို မြင့်တာလား”
“သူကလား”
အဘိုးအို၏စကားအားကြားပြီးနောက် အားလုံး အံ့အားတကြီးဖြစ်ကုန်သည်။ ထို့နောက် သူတို့ထဲက အဘိုးအိုတစ်ဦးကပြောလိုက်သည်။
“ ကျုပ်တို့ရဲ့ဘိုးဘေးဝင်ရောက်ခဲ့တဲ့ ခုနှစ်လွှာမြောက်ကို သူဝင်နိုင်မှာလား”