← Chapters

အခန်း (၆၂၇)

Vol. 42 Ch. 627

အခန်း (၆၂၇)

Vol. 42 Ch. 627

“ကောင်းကင်ဘုံသိုင်းမျှော်စင်”

ရှစ်ဖုန့်က ခရမ်းရောင်တိမ်တိုက်များဖြင့် ပြုလုပ်ထားပုံရသော ခရမ်းရောင်လှေကားထစ်များ

ပေါ်သို့လျှောက်လှမ်းတက်နေသည်။ တစ်လှမ်းချင်းလှမ်းရင်း ထိပ်ဖျားဆီသို့ရောက်ရှိလာ၏။ သူမျှော်မှန်းထားသကဲ့သို့ပင် ခရမ်းရောင်လှေကားများအား တက်၍ပြီးဆုံးသွားခဲ့ပြီး ဆန်းကြယ်သောစွမ်းအားများအားလုံးအားစုပ်ယူလိုက်သည်။ သူ၏ ကာယခန္ဓာကိုယ်က ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်မှ ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်သို့

ရောက်ရှိလာသည်။

ဆန်းကြယ်သောစွမ်းအင်တို့က သူ၏ ဒန်တန်အတွင်း ငရဲဘုံကိုးခုအမှောင်စွမ်းအင်များ

အဖြစ်သို့ပြောင်းလဲသွားသည်။ သူ၏ ဒန်တန်အတွင်းစွမ်းအင်တို့က ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ယောက်ဖြစ်လာရန်အတွက် စွမ်းအင်သုံးပုံတစ်ပုံခန့်သာ

လိုအပ်တော့သည်ဖြစ်သည်။ အခြားစကားဖြင့်ပြောရလျှင် အကယ်၍သူသာနောက်ထပ်လှေကားထစ်နှစ်ခုအားကြုံတွေ့ခဲ့မည်ဆိုပါက သူ့အနေဖြင့် ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်သို့ အောင်မြင်စွာတက်လှမ်းနိုင်စွမ်း

ရှိလိမ့်မည်ဖြစ်သည်။

နောက်ပိုင်းတွင် သူ့အနေဖြင့် ပုံစံတူ ဆန်းကြယ်သောလှေကားထစ်များအား ကြုံကြိုက်လာရမည်ဟု ရှစ်ဖုန့်ယုံကြည်သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား နောက်တစ်ကြိမ်၎င်းတို့အားကြုံကြိုက်လာလျှင် တလိပ်လိပ်ထနေသောဆန်းကြယ်သည့်စွမ်းအင်များက ပို၍ သန့်စင်ခမ်းနားဖို့ဖြစ်နိုင်ချေ

များသောကြောင့်ဖြစ်သည်။

ယင်းမှာ ဤသည်ကား ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ပထမအလွှာသာဖြစ်သေးသောကြောင့်ဖြစ်သည်။

ရှစ်ဖုန့်က ခရမ်းရောင်လှေကားထစ်များ၏ထိပ်တွင် ဝင့်ကြွားစွာရပ်နေသည်။ သိပ်သည်းသော ခရမ်းရောင်တိမ်တိုက်များက သူ၏ ဝန်းကျင်၌ လွင့်မျောရပ်တည်နေ၏။ ရှစ်ဖုန့်၏ပုံရိပ်က ၎င်းတို့အတွင်း ခပ်ရေးရေးသာထွက်ပေါ်နေသည်။ ထို့နောက် ရှစ်ဖုန့်၏တစ်ကိုယ်လုံး၌ ခရမ်းရောင်အလင်းများကလင်းလက်လာပြီး ခရမ်းရောင်လှေကားထစ်များ၏ထိပ်မှ ပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ အပြင်ဘက် မြေအောက်နန်းတော်၌ဖြစ်သည်။

လန်မိသားစုဝင်ဆယ့်နှစ်ယောက်က စတုရန်း အတွင်းရှိ ကောင်းကင်ဘုံသိုင်းမျှော်စင်ထံသို့ကြည့်နေ

သည်။ ထို့နောက် ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ဒုတိယအလွှာ၌ ပထမအလွှာတုံးကကဲ့သို့ပင် တောက်ပသော ခရမ်းရောင်အလင်းတို့လင်းလက်လာသည်။

“သူ ဒုတိယအလွှာကို ဝင်သွားပြီ”

လန်ကွမ်းက ကောင်းကင်ဘုံသိုင်းမျှော်စင်၏

လင်းလက်နေသော ဒုတိယအလွှာအားကြည့်ရင်းရေရွတ်လိုက်သည်။

သို့သော်အခြားသူများမှာ ကောင်းကင်ဘုံသိုင်းမျှော်စင်အားကြည့်နေသော်လည်း အမူအယာများကပြောင်းလဲခြင်းမရှိပေ။ ဤကဲ့သို့မွန်းစတားပါရမီရှင်က ဒုတိယအလွှာသို့ဝင်ရောက်ခြင်း

မှာသူတို့၏မျှော်မှန်းချက်အတွင်း၌

သာရှိသည်ဖြစ်သည်။

ခရမ်းရောင်တိမ်တိုက်များဖြင့်ပြည့်နှက်နေသည့် တူညီသောနေရာတစ်ခုအတွင်းတွင် ခရမ်းရောင်အလင်းတစ်ခုဖျက်ခနဲ

လင်းလက်လာသည်။ ထို့နောက်သွေးနီရောင်ချပ်ဝတ်နှင့်

ပုံရိပ်တစ်ခုပေါ်လာ၏။

“ဒုတိယအလွှာ”

ရှစ်ဖုန့်ကများစွာ ပြောင်းလဲသွားခြင်းမရှိသော ဒုတိယအလွှာ၏ နေရာတစ်ခုလုံးအား စစ်ဆေးလိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်ကအစမ်းသဘောသူ၏ ညာခြေအားပြီး ခြေတစ်လှမ်းလှမ်းလိုက်သည်။

သို့သော် ခြေလှမ်းလှမ်းပြီးသောအခါတွင် မည်သည့်ပြောင်းလဲမှုကိုမှသူမခံစားရပေ။ မြေဆွဲအားက ယခင်ကအတိုင်းတူညီစွာရှိနေဆဲဖြစ်သည်။

“ဒီအလွှာကဘာများဖြစ်မလဲ”

ရှစ်ဖုန့်က ခရမ်းရောင်တိမ်တိုက်များဖြင့်ပြည့်နေသည့်

နေရာတစ်ခုလုံးအားကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။ ထိ့နောက် သူ၏ခြေနှစ်ဖက်လုံးအား ရှေ့သို့စတင်လှမ်းလိုက်၏။

ဤအလွှာက ပထမအလွှာနှင့် ဆင်တူပုံရသော်လည်း သေချာဂရုတစိုက်ကြည့်လျှင်တော့ မတူညီပေ။အနည်းဆုံး ပထမအလွှာ၌ မျှော်ကြည့်လိုက်လျှင် ထိပ်ဖျားသို့ဦးတည်နေသော ခရမ်းရောင်တိမ်လှေကားများအား

မြင်တွေ့နိုင်သော်လည်း ဤအလွှာတွင်တော့ ထိုကဲ့သို့အရာမျိုးရှိမနေပ။

ထို့နောက်ရှစ်ဖုန့်ရှေ့သို့ဆက်

လျှောက်လိုက်သည်။ သို့သော် ရှစ်ဖုန့် ခြေလှမ်းလေးငါးလှမ်းလှမ်းပြီးချိန်တွင် ရုတ်တရက် သူ၏နောက်မှ စွမ်းအင်အတက်အကျအနည်းငယ်ကို ခံစားမိလိုက်သည်။

သူ့နောက်ရှိစွမ်းအင်အတက်အကျ

အားအာရုံခံရင်း ရှစ်ဖုန့်ရုတ်တရက် နောက်သို့ လှည့်လိုက်သည်။ တစ်ချိန်တည်းမှာပင်

ခရမ်းရောင်တိမ်တိုက်များဖြင့်ဖွဲ့စည်းထားသော ခရမ်းရောင် လူတစ်ယောက်အား ရှစ်ဖုန့်မြင်တွေ့လိုက်ရပြီး ၎င်းက သူ့ထံသို့ လက်သီးတစ်လုံးပစ်သွင်းလာသည်။ သူ၏လက်သီး၌ ပြင်းထန်သောစွမ်းအားတို့ ပေါက်ကွဲထွက်ပေါ်လာ၏။

“ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်လား”

“ဝုန်း”

ရှစ်ဖုန့်က ခရမ်းရောင်လူအားမြင်တွေ့လိုက်ရသော

အခါတွင် ၎င်း၏လက်သီးရောက်မလာခင်အရင် သူ၏ညာခြေဖြင့် ၎င်း၏ရင်ဘက်နှင့်ဝမ်းဗိုက်တို့အား

ကန်လိုက်သည်။ ရှစ်ဖုန့်၏ကန်ချက်က ပို၍ စွမ်းအားကြီးမားပြီး ခရမ်းရောင်လူမှာ ရှစ်ဖုန့်၏ကန်ချက်ကြောင့် ရုတ်ခြည်း တစ်စစီပြိုကွဲသွားသည်။

ဤအချိန်တွင် ပျောက်ကွယ်သွားသော ခရမ်းရောင်လူ၏တစ်ကိုယ်လုံးမှ

ဆန်းကြယ်သောစွမ်းအင်တို့က သူ့ထံသို ကူးလူးလာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

“အဲ့စွမ်းအားပဲ”

သူ့ထံသို့ သိမ်းကျုံးဦးတည်လာနေသော ဆန်းကြယ်သည့်စွမ်းအင်တို့အားအာရုံခံရင်း ထိုဆန်းကြယ်သောစွမ်းအင်တို့က ပထမအလွှာရှိ ခရမ်းရောင် တိမ်တိုက် လှေကားထစ်များ၌သူကြုံတွေ့ခဲ့ရသော တူညီသည့်ဆန်းကြယ်သောစွမ်းအင်များ

ဖြစ်သည်ကို သူချက်ချင်းသဘောပေါက်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်ကသူ၏ ကာယခန္ဓာကိုယ်အား အဆက်မပြတ်လှည့်ပတ်လိုက်ပြီး သိမ်းကျုံးလာနေသော ဆန်းကြယ်သည့်စွမ်းအင်တို့အားသူ၏ ကိုယ်အတွင်းသို့ အရူးအမူးစုပ်ယူလိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ကန်ချက်ကြောင့် တစ်စစီကွဲကြေသွားသော ခရမ်းရောင်လူမှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။

ဆန်းကြယ်သောစွမ်းအင်များအားချေဖျက်ရင်း ခရမ်းရောင်လူပျောက်ကွယ်သွားသည်အား စောင့်ကြည့်ပြီးနောက် ဒုတိယအလွှာပေါ်၌ တိုက်ပွဲတစ်ခုအားဆင်နွှဲရမည်ဖြစ်သည်ကို ရှစ်ဖုန့်ဖြည်းဖြည်းချင်းနားလည်လာသည်။

ထို့နောက် ရှစ်ဖုန့်က လှည့်လိုက်ပြီး ဆက်လက်ရှေ့သို့လျှောက်လှမ်းလိုက်သည်။

ရှစ်ဖုန့်ခြေလှမ်းအနည်းငယ်လှမ်းပြီးသောအခါတွင် အထက်မှနေ၍ စွမ်းအင်အတက်အကျလှိုင်းနှစ်ခု

ရုတ်တရက်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်က ခေါင်းမော့လိုက်သောအခါတွင် ခရမ်းရောင်တိမ်တိုက်များဖြင့်ဖွဲ့စည်းထားသော ခရမ်းရောင်လူနှစ်ယောက်က သူ၏အထက်၌ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့ထဲမှတစ်ယောက်က ခရမ်းရောင်တိမ်တိုက်တို့ဖြင့် ဖွဲ့စည်းထားသော လှံရှည်ကိုကိုင်ထားပြီး အခြားတစ်ယောက်က ဓားရှည်တစ်လက်ကိုကိုင်ထားသည်။ ၎င်းတို့ကသူ့ထံသို့ဦးတည်လာ၏။

နှစ်ယောက်လုံးက ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်များ

ဖြစ်ကြသည်။

“ကောင်းလိုက်တဲ့ ချိန်သားကိုက်မှုပဲ”

ခရမ်းရောင်လူနှစ်ဦးအားကြည့်၍ ရှစ်ဖုန့်က သွားပေါ်အောင်ရယ်လိုက်သည်။ ၎င်းတို့ကသူ့ထံသို့ ဆန်းကြယ်သောစွမ်းအင်တို့အား

ကိုယ်တိုင်လာရောက်ပို့ဆောင်ပေးခြင်း

ဖြစ်သည်။

ရှစ်ဖုန့်က လှုပ်ရှားခြင်းမရှိသော်လည်း သူ၏ကိုယ်မှသွေးနီရောင်မီးတောက်တို့က ရုတ်တရက်ထွက်ပေါ်လာသည်။ မီးတောက်နှစ်ခုက ရုတ်တရက်အရိုးခြောက်မီးတောက်များ

အဖြစ်ပြောင်းလဲသွားပြီး ခရမ်းရောင်လူများထံသို့ ဦးတည်သွားသည်။

သွေးနီရောင်မီးတောက်အရိုးခြောက်များ၏တိုက်ခိုက်မှုအောက်တွင် ရှစ်ဖုန့်ထံသို့ ရောက်မလာခင်ခရမ်းရောင်လူနှစ်ယောက်မှာ မီးတောက်တို့၏လောင်ကျွမ်းခြင်းကိုခံလိုက်ရသည်။ ထို့နောက် ရှစ်ဖုန့်က လေထဲမှသူ၏ကိုယ်ဆီသို့ သိမ်းကျုံးဦးတည်လာနေသော ဆန်းကြယ်သည့်စွမ်းအင်တို့အား ထပ်မံ ခံစားမိလိုက်သည်။

နောက်ထပ်တစ်ကြိမ် ငရဲဘုံကိုးခု ပညာရပ်အား အဆက်မပြတ်စတင်လှည့်ပတ်၍ ဆန်းကြယ်သောစွမ်းအင်တို့အား စတင်ဝါးမျိုလိုက်သည်။ ဆန်းကြယ်သောစွမ်းအင်အားလုံးအား

သူစုပ်ယူပြီးသောအခါတွင် လေထဲရှိ လူသားပုံစံသွေးနီရောင်မီးတောက်များမှာလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

ထို့နောက် ရှစ်ဖုန့် ရှေ့သို့ဆက်လက်၍ စတင်လျှောက်လှမ်းလိုက်သည်။ သိပ်မကြာလိုက်ခင်မှာပင် ခရမ်းရောင်ပုံရိပ်သုံးခုက သူ၏နောက်နှင့် ဘယ်၊ညာတို့မှပေါ်လာသည်။ ၎င်းတို့က ရန်သူအားတွေ့လိုက်ရသကဲ့သို့ ရှစ်ဖုန်ထံသို့ ရုတ်တရက်ဦးတည်လာသည်။

သွေးနီရောင်မီးတောက်တို့က ထပ်မံပေါ်လာပြီး ခရမ်းရောင်လူသုံးယောက်မှာ ရှစ်ဖုန့်၏ရုတ်ခြည်းဝါးမျိုခြင်းကိုခံလိုက်ရသည်။ဆန်းကြယ်သောစွမ်းအင်တို့ကရှစ်ဖုန့်ထံသို့ ဦးတည်လာပြန်သည်။

ဆန်းကြယ်သောစွမ်းအင်သုံးခု အား စုပ်ယူပြီးနောက် သူ၏ကိုယ်က ပို၍ စွမ်းအားကြီးမားလာသည်ဟု ရှစ်ဖုန့် ရုတ်ခြည်းခံစားရသည်။

ထို့နောက် ရှစ်ဖုန့် ရုတ်တရက်လက်သီးတစ်လုံးအား သူ့ရှေ့ရှိ ခရမ်းရောင်မြူတိမ်တိုက်တို့အတွင်းသို့ ပစ်သွင်းလိုက်သည်။ ရှစ်ဖုန့်၏လက်သီးချက်က သူ့ရှေ့ရှိခရမ်းရောင်မြူတိမ်တိုက်တို့အတွင်း ရုတ်ခြည်းပျောက်ကွယ်သွား၏။

အစောပိုင်းက ဆန်းကြယ်သောစွမ်းအင်သုံးခုတို့အား စုပ်ယူပြီးနောက် ရှစ်ဖုန့်၏ကာယကိုယ်က သူတော်စင်နယ်ပယ်သို့အောင်မြင်စွာဝင်ရောက်နိုင်သွားသည်။ သူ၏လက်သီးက ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏ခွန်အားဖြင့်တူညီသည်ဖြစ်သည်။

“ဒီကောင်းကင်ဘုံသိုင်းမျှော်စင်က တကယ့်ကိုမဆိုးဘူး. ဒါက ရှေးခေတ်အဂ္ဂရိတ်ဆရာသခင်တစ်ဦး

သန့်စင်ထားတဲ့ လျှို့ဝှက် ရတနာဖြစ်ဖို့ထိုက်တန်တယ်..”

ရှစ်ဖုန့်က သူ၏ ကာယခန္ဓာကိုယ်၏သန်မာလာမှုတို့နှင့် ဒန်တန်အတွင်းမှ ငရဲဘုံကိုးခုစွမ်းအင်တို့အား အာရုံခံလိုက်သည်။ဆန်းကြယ်သောစွမ်းအင်တို့နှင့်ပက်သက်၍ တွေးကာပြောလိုက်၏။

“ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲက နေရာကိုငါတော့ချစ်သွားပြီ”

ထို့နောက်ရှစ်ဖုန့်က ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ဆက်လျှောက်သွား၏။ ထို့နောက်တွင် ခရမ်းရောင်တိမ်တိုက်တို့ဖြင့်ဖွဲ့စည်းထားသောခရမ်းရောင်လူလေးယောက်ကိုကြုံ

တွေ့ရပြန်သည်။ထို့နောက် ငါးယောက်၊ခြောက်ယောက် တို့ကို ကြုံတွေ့လာရသည်။

ခရမ်းရောင်လူများအား

သူသတ်လိုက်သည့်အချိန်တိုင်းတွင် နောက်တစ်ကြိမ်ပေါ်လာသောအခါ၌ လူတစ်ယောက်ပိုလာသည်ကို ရှစ်ဖုန့်ဖြည်းဖြည်းချင်းရှာတွေ့လာသည်။

ကျင့်ကြံမှုနယ်ပယ်များမှာမူ ဘိုးဘေးနယ်ပယ်အတွင်း ၌ကြုံရာကျပန်းအဆင့်များဖြစ်ကြသည်။

တစ်ခါတစ်ရံတွင်၎င်းတို့က ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်များ

ဖြစ်နေကြပြီး အချို့ကတော့ကြယ်တစ်ပွင့်

ဘိုးဘေးနယ်ပယ်များဖြစ်ကြသည်။

All Chapters