← Chapters

အခန်း (၆၂၈)

Vol. 42 Ch. 628

အခန်း (၆၂၈)

Vol. 42 Ch. 628

ခရမ်းရောင်လူဆယ်ယောက်အားသတ်ဖြတ်ပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ ကိုယ်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။ ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်အဆင့်မှ ကြယ်သုံးပွင့် မဟာသူတော်စင်နယ်ပယ်သို့

အောင်မြင်စွာဝင်ရောက်နိုင်ခဲ့၏။

ရှစ်ဖုန့်၏ကာယခန္ဓာခွန်အားကလည်း ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်မှ ကြယ်လေးပွင့်

သူတော်စင်နယ်ပယ်ဖြစ်လာသည်။

ဤအကြိမ်တွင် ကောင်းကောင်ဘုံသိုင်းမျှော်စင်အားသူဝင်ရောက်ခြင်းမှ တော်တော်လေးစုဆောင်းရရှိခဲ့၏။ သို့သော် ဤသည်ကသား ကောင်းကင်ဘုံသိုင်းမျှော်စင် ၏ ဒုတိယအလွှာပဲရှိသေးသည်ဖြစ်သည်။

ခရမ်းရောင်လူဆယ်ယောက်အားသတ်ဖြတ်ပြီးနောက် သူ၏ကိုယ်မှ ခရမ်းရောင်အလင်းတစ်ခုရုတ်တရက်

လင်းလာပြီး ရှစ်ဖုန့်ပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ အပြင်ဘက်တွင် လန်မိသားစုဝင်ဆယ့်နှစ်ယောက်က ကောင်းကင်ဘုံသိုင်းမျှော်စင်၏ တတိယအလွှာ၌လည်း ခရမ်းရောင်အလင်းတစ်ခုလင်းလက်လာသည်ကို တွေ့လိုက်ရသည်။

သို့သော် တတိယအလွှာမှာ အားလုံး ၏ မျှော်မှန်းထားချက်အတွင်း၌ရှိသေးသည်သာဖြစ်သည်။ အဓိကအရာမှာ ဘယ်အလွှာအထိဤမွန်းစတားရောက်နိုင်မည်လဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ခြင်းဖြစ်သည်။ သူဆဋ္ဌမအလွှာကို ရောက်မည်လား သို့မဟုတ် သူတို့၏ ဘိုးဘေးကဲ့သို့ သတ္တမအလွှာကို ရောက်နိုင်မည်လား။

ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲတွင် ကျယ်ပြောလှသောကမ္ဘာတစ်ခုရှိနေသည်။ ကောင်းကင်ရောမြေပြင်ကပါ ခရမ်းရောင်ဖြစ်နေသည်ဖြစ်သည်။

သွေးနီရောင်ပုံရိပ်တစ်ခုက ဤခရမ်းရောင်ကမ္ဘာ၏အလယ်၌ ဖျက်ခနဲပေါ်လာသည်။ ရှစ်ဖုန့်ရောက်ရှိလာခြင်းဖြစ်သည်။

ရှစ်ဖုန့်က ကောင်းကင်ဘုံသိုင်းမျှော်စင်၏ တတိယအလွှာသို့ဝင်ရောက်လာခဲ့သည်။ ကျယ်ပြောလှသော ခရမ်းရောင်ကမ္ဘာတစ်ခုလုံးအားကြည့်ပြီးနောက် သူ၏ခေါင်းအားချက်ချင်းမော့လိုက်သည်။ ဤအချိန်တွင် ခရမ်းရောင်ကောင်းကင်ထဲ၌ တောင်တစ်လုံးစာအရွယ်အစားရှိသော ဧရာမခရမ်းရောင်ဓားကြီးတစ်စင်း

ပေါ်လာသည်။

ဧရာမခရမ်းရောင်ဓားကြီးပေါ်လာပြီးနောက် ၎င်းက ရှစ်ဖုန့်ထံသို့ ပြင်းထန်စွာဖြင့်ခုတ်ပိုင်းကျဆင်းလာ၏။

“ဒီစွမ်းအား”

ကောင်းကင်ထက်မှကျဆင်းလာသော ပြင်းထန်သည့် ဧရာမဓားကြီးအားမြင်တွေ့လိုက်ရသော

အခါတွင် အစကရှစ်ဖုန့်တုန်လှုပ်အံ့အားသင့်သွားသည်။ဤစွမ်းအား ကတကယ်ပဲ သူ ယခုချိန်ပိုင်ဆိုင်ထားသော စွမ်းအားဖြင့် တစ်ထေရာတည်းတူညီနေသည်။

“တတိယအလွှာက ကျင့်ကြံသူတစ်ယောက်ရဲ့ကိုယ်ပိုင်စွမ်းအားကို အတုယူပြီးတော့ ကျင့်ကြံသူရဲ့စွမ်းအားအပြည့်တိုက်ခိုက်မှုနဲ့ ညီမျှတဲ့ တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်တာလား”

ရှစ်ဖုန့်သူ့ဖာသာသူတီးတိုးရေရွတ်ုလိက်သည်။ထို့နောက် သူကပြောလိုက်သည်။

“အကယ်၍ ဒီတိုက်ခိုက်မှုကသာအဲ့လိုဆိုရင် ဒါက ချိုးဖျက်ဖို့အတွက်ခက်လိမ့်မယ်..ဒါပေမဲ့ ဒါကတတိယအလွှာဆိုတော့လည်း အရမ်းတော့ လွယ်မနေသင့်ဘူး”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း ဦးတည်ချက်အားလုံးရှိအခြေအနေများအား အာရုံခံလိုက်သည်။ ထို့နောက်သူက သွားပေါ်အောင်ရယ်၍ ပြုံးလိုက်သည်။

“ငါမှန်းထားသလိုပဲ”

ဤအချိန်တွင် ခရမ်းရောင်လက်သီးများက သူ၏ရှေ့၊နောက်၊ဘယ်၊ညာတို့မှပေါ်လာသည်။ထို့နောက် ကောင်းကင်ထဲရှိ ဧရာမဓားကြီး၏လှုပ်ရှားမှုနောက်သို့လိုက်ပါ၍ ၎င်းတို့၏ ခက်ထန်သောတိုက်ခိုက်မှုများက ရှစ်ဖုန့်ထံသို့ ဦးတည်ချက်ပေါင်းစုံမှဦးတည်လာသည်။

လက်သီးချက်လေးခုမှာ ကောင်းကင်ထဲမှ ဧရာမ ခရမ်းရောင်ဓားကြီးကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့ကလည်း ရှစ်ဖုန့်၏ ကိုယ်ပိုင်စွမ်းအားနှင့်တူညီသော တိုက်ခိုက်မှုအားထုတ်ဖော်ခြင်းဖြစ်၏။၎င်းမှာ ဧရာမဓားတစ်လက်နှင့်

လက်သီးလေးခုတို့ဖြစ်ကြသည်။ယင်းမှာ ရှစ်ဖုန့်ငါးယောက်က တစ်ချိန်တည်းတွင်သူတို့၏စွမ်းအားအားလုံးဖြင့် တိုက်ခိုက်သကဲ့သို့ပင်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ဘယ်လက်၌ ငွေရောင်အလင်းတစ်ခုလင်းလက်လာသည်။ ကြီးမားသော ငွေရောင် တံစဉ်တစ်ခုက ရှစ်ဖုန့်၏ ဘယ်လက်၌ပေါ်လာသည်။

ငွေရောင်တံစဉ် ပေါ်လာပြီးပြီးချင်း ရှစ်ဖုန့်က ၎င်းအတွင်းသို့ ငရဲဘုံကိုးခုစွမ်းအင်များအား အရူးအမူးသွန်းလောင်းလိုက်သည်။ ငွေရောင်တံစဉ်က အဆုံးမဲ့ သမုဒ္ဒရာတစ်စင်းကဲ့သို့ ပင်ဖြစ်သည်။ ၎င်း၏စွမ်းအားက အကန့်အသတ်ရှိပုံမရပေ။ရှစ်ဖုန့်က

ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ယောက်ဖြစ်လာပြီး သူ၏ငရဲဘုံကိုးခုစွမ်းအင်အားလုံးအား

၎င်းအတွင်းသို့သွန်းလောင်းသည်တောင် ၎င်းမှာ လောဘကြီးသောလူတစ်ဦးကဲ့သို့ မပြည့်ဝနိုင်ဖြစ်နေဆဲဖြစ်သည်။

သူ၏ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ် ငရဲဘုံစွမ်းအင်များအား သွန်းလောင်းပြီးနောက် ငွေရောင်တံစဉ်၏ စွမ်းအားက ပို၍ စွမ်းအားကြီးမားလာပြီး ဝမ့်ကျိုးအား သတ်ဖြတ်စဉ်ကထက် ပို၍ ကြောက်ဖို့ကောင်းသည်ကို ရှစ်ဖုန့်ခံစားမိသည်။

ဤစွမ်းအားက အနည်းဆုံးကြယ်ခြောက်ပွင့်

မဟာသူတော်စင်နယ်ပယ်အဆင့်

ရှိသည်ဖြစ်သည်။

ထို့နောက် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့သော ဧရာမခရမ်းရောင်ဓားကြီးက ဦးစွာရောက်ရှိလာသည်။

ရှစ်ဖုန့်က သူ့လက်အတွင်းမှ ငွေရောင်တံစဉ်ကိုကိုင်ဆွဲလျှက် သူ၏အထက်မှလာနေသော ဧရာမခရမ်းရောင်ဓားကြီးထံသို့ရုတ်တရက်ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း”

ကျယ်ပြောလှသော ခရမ်းရောင် ကမ္ဘာအတွင်းတွင် မြည်ဟိန်းသံကြီးတစ်ခုကထွက်ပေါ်လာသည်။ ရှစ်ဖုန့်လက်ထဲရှိ ငွေရောင်တံစဉ်၏ ခုတ်ပိုင်းချက်အောက်တွင် လွန်စွာကြီးမားသော ခရမ်းရောင်ဓားကြီးမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရသည်။

ထို့နောက်ချက်ချင်း ကြီးမားသော လက်သီးလေးခုကလည်းနောက်မှနီးကပ်စွာလိုက်ပါလာသည်။

ရှစ်ဖုန့်က ငွေရောင်တံစဉ်အားကိုင်ထားပြီး အဖြူရောင်အလင်းတစ်ခုကသူ၏ကိုယ်၌လင်းလက်သွားသည်။အချိန်တိုလေးအတွင်း ငရဲဘုံကိုးခု ရွေ့လျားမှုပညာရပ်အားသူအသုံးပြုကာ

လှည့်ထွက်လိုက်ပြီးနောက် မူလနေရာသို့ပြန်လည်ရောက်ရှိလာသည်။ ထိုအချိန်တိုအတွင်းမှာပင် သူ၏လက်ထဲရှိငွေရောင်တံစဉ်က ခရမ်းရောင်လက်သီးလေးခုအားခုတ်ပိုင်ပြီးဖြစ်သည်။

ထို့နောက်တွင်…

“ဘန်း..ဘန်း..ဘန်း..ဘန်း..”

ဤပြင်းထန်သောပေါက်ကွဲမှုများ၏အလယ်တွင် သေခြင်းကောက်ရိတ်ဓားမြှောင်အား

ကိုင်ထားသော သွေးနီရောင်ပုံရိပ်တစ်ခုကသာရပ်နေသည်။

ရှစ်ဖုန့်၏ဘယ်လက်၌ ငွေရောင်အလင်းထပ်မံလင်းလက်သွားသည်။

ငွေရောင်တံစဉ်က ရှစ်ဖုန့်၏ ဘယ်လယ်၌ တက်တူးကဲ့သိုအမှတ်အသားတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

ဧရာမခရမ်းရောင် ဓားကြီးနှင့်လက်သီးလေးခုတို့အား

ဖျက်ဆီးလိုက်ပြီးနောက် ယခင်ကထက် ပို၍ မြင့်မြတ်ခမ်းနားသော ဆန်းကြယ်သောစွမ်းအင်တို့က သူ့ထံသို့ဦးတည်ချက်ပေါင်းစုံမှ တစ်ဟုန်ထိုးလာနေသည်ကို ရှစ်ဖုန့်ရုတ်ခြည်းအာရုံခံမိလိုက်သည်။

ရှစ်ဖုန့်က ဤအချိန်အားစောင့်နေခြင်းဖြစ်သည်။

ငရဲဘုံကိုးခု ပညာရပ်အား အဆက်မပြတ်လှည့်ပတ်လိုက်၏။

သူ၏ကိုယ်မှမွှေးညှင်းပေါက်များအားလုံးကို ဖွင့်လိုက်ပြီး ဆန်းကြယ်သောစွမ်းအင်များအား အရူးအမူး စတင်စုပ်ယူလိုက်သည်။

ဆန်းကြယ်သောစွမ်းအားကြောင့် ငွေရောင်တံစဉ်အားအသက်သွင်းစဉ်

ကုန်ဆုံးသွားခဲ့သောသူ၏စွမ်းအင်များအားလုံး လျှင်မြန်စွာပြန်လည်ပြည့်တင်းလာသည်။ ဤအချိန်တွင် ရှစ်ဖုန့်မှာ ကောင်းကင်မီးတောက်နှင့်ပေါင်းစပ်ထားသောသူ၏ဒန်တန်အတွင်းမှ စွမ်းအင်တို့အားရှင်းလင်းစွာအာရုံခံနိုင်ပြီး ၎င်းက တစ်ဟုန်ထိုးတိုးပွားနေသည်ဖြစ်သည်။ အထူးသဖြင့် သူ၏ ကာယခွန်အားမှ ထပ်မံစတင်၍ အားကောင်းလာပြန်သည်။

ဆန်းကြယ်သောစွမ်းအင်တို့အားလုံး ရှစ်ဖုန့်၏စုပ်ယူချေဖျက်ခြင်းကိုခံရပြီးနောက် သူ၏ ကာယခွန်အားက ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်သို့ရောက်ရှိလာသည်ကို ရှစ်ဖုန့်အာရုံခံမိသည်။သူ၏ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်ဒန်တန်အတွင်းရှိစွမ်းအင်တို့ကလည်းတစ်ဝက်သို့ရောက်ရှိလာပြီဖြစ်၏။

ထို့နောက်ရှစ်ဖုန့်၏ကိုယ်မှ ခရမ်းရောင်အလင်းတစ်ခုလင်းလက်လာပြီး သူ၏ကိုယ်ကကျယ်ပြောလှသော ခရမ်းရောင်ကမ္ဘာအတွင်းမှ ထပ်မံပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏အပြင်ဘက် မြေအောက်နန်းတော်တွင် လန်မိသားစုဝင်ဆယ့်နှစ်ယောက်တို့မှာ ကောင်းကင်ဘုံသိုင်းမျှော်စင်၏ စတုတ္ထအလွှာက ခရမ်းရောင်အလင်းလင်းလက်လာသည်ကိုတွေ့လိုက်ရသည်။

ယင်းမှာ ဤလူငယ်အနေဖြင့် ကောင်းကင်ဘုံသိုင်းမျှော်စင်၏ စတုတ္ထအလွှာသို့ ဝင်ရောက်သွားခြင်းဖြစ်ကြောင်း

ကိုသက်သေပြခြင်းဖြစ်၏။ အစကတည်း က ၎င်းဝင်ရောက်နိုင်မည်ဖြစ်သည်ကို

သူတို့မျှော်မှန်းထားပြီးဖြစ်သည်။

သို့သော် မင်းသားကွမ်းက ကောင်းကင်ဘုံသိုင်းမျှော်စင်အားကြည့်ကာမျက်မှောင်ကြုတ်၍ အံ့အားသင့်မှုဖြင့်ပြောလိုက်သည်။

“ဒီအမြန်နှုန်းက တကယ်ကိုအရမ်းမြန်တာပဲမဟုတ်လား. ယျထာဘူတာကျကျပြောရရင် .သူက ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ပဲရှိသေးတာ..ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့တတိယအလွှာက စွမ်းအင်တွေကို စုပ်ယူပြီးတဲ့နောက် သူ့ရဲ့ဒန်တန်ထဲမှာ ပြည့်နေမှာပဲ..သူကောင်းကင်ဘုံသိုင်းမျှော်စင်ကို တက်တဲ့အမြန်နှုန်းကို ကြည့်လိုက်ရင် ..သူက သိုင်းလမ်းစဉ်ကို နားလည်သဘောပေါက်အောင်ဆင်ခြင်မှုမလုပ်ပဲနဲ့ နောက်တစ်ဆင့်ကို ထပ်တက်နေတာပဲ”

“အမှန်ပဲ”

ဤအချိန်တွင် လန်ယွမ်ကလည်းသက်ပြင်းချလိုက်ပြီး

ပြောလိုက်သည်။အစောကတည်းက ဤပြဿနာအားသူတွေ့ထားပြီးဖြစ်သည်။

အကယ်၍၎င်းသာ ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲ၌

နောက်တစ်ဆင့်အားမချိုးဖျက်ခဲ့လျှင် ယင်းက ကောင်းကင်ဘုံသိုင်းမျှော်စင်၏စွမ်းအားကို ဖြုန်းတီးနေခြင်းမဟုတ်သလော။

မျှော်စင်အားနောက်တစ်လွှာထပ်

တက်နေခြင်းက ဘာအဓိပ္ပါယ်ရှိတော့မည်နည်း။

ယခင်က သူတို့က ကောင်းကင်ဘုံသိုင်းမျှောင်စင်အတွင်းဝင်ရောက်ချိန်တွင် တစ်လွှာသို့ ဝင်ရောက်ရန် အချိန်တစ်ခု ယူရသည်ဖြစ်သည်။သူတို့၏ဒန်တန်

၌စွမ်းအင်များပြည့်နေလျှင် သိုင်းလမ်းစဉ်အားနားလည်သဘော

ပေါက်အောင်ဆင်ခြင်ရန် ရပ်တန့်ရသည်ဖြစ်သည်။နောက်ထပ်တစ်ဆင့်သို့ ချိုးဖျက်ပြီးမှသာလျှင် ရှေ့သို့ဆက်နိုင်ကြသည်ဖြစ်၏။

ယင်းမှာ လူတစ်ယောက်၏ ဒန်တန်၌စွမ်းအင်များနှင့်ပြည့်နေသော်လည်း အဆင့်ချိုးဖျက်နိုင်စွမ်းရှိမနေသောကြောင့်ဖြစ်သည်။ ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်း၌ ဆန်းကြယ်သောစွမ်းအင်များမည်မျှပင် ရှိနေပါစေတစ်ခုပြည့်သွားသည်နှင့် ဒန်တန်အတွင်းသို့ ဆက်လက်စုပ်ယူနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

All Chapters