← Chapters

အခန်း (၆၂၉)

Vol. 42 Ch. 629

အခန်း (၆၂၉)

Vol. 42 Ch. 629

ကျင့်ကြံမှုတွင် သိုင်းပညာလမ်းစဉ်အား နားလည်သဘောပေါက်ဆင်ခြင်နိုင်ခြင်းက အရေးအကြီးဆုံးသောအရာဖြစ်သည်။

ကောင်းကင်ဘုံ သိုင်းမျှော်စင်အတွင်းတွင်လူတစ်ဦးအနေဖြင့် စွမ်းအားများအပြင် သိုင်းပညာလမ်းစဉ်ကိုလည်းနားလည်

သဘောပေါက်အောင်ဆင်ခြင်နိုင်သည်ဖြစ်သည်။သိုင်းပညာလမ်းစဉ်၏ အတွေးစီးကြောင်းများစွာက လူတစ်ယောက်၏စိတ်ထဲသို့

ဝင်ရောက်လာမည်ဖြစ်၏။မည်မျှပင်လူတစ်ဦးကပါရမီဆိုးဝါးနေပါစေ ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်း၌သာ သိုင်းပညာလမ်းစဉ်အားနားလည်သဘောပေါက်အောင်ဆင်ခြင်မှုပြုလုပ်မည်ဆိုလျှင် ၎င်းအနေဖြင့် မကြာခင်သို့မဟုတ်နောက်ပိုင်း၌ အဆင့်ချိုးဖျက်နိုင်လိမ့်မည်ဖြစ်သည်။

ဤသည်မှာ လန်မိသားစု၏လက်ရွေးစင်ဆယ့်

နှစ်ယောက်တို့အတိတ်တုံးက ဖြတ်ကျော်ခဲ့သောအရာဖြစ်သည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်းသို့

ဝင်ရောက်ပြီးနောက် တစ်လွှာပြီးတစ်လွှာ ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်းမှစွမ်းအင်တို့အားစုပ်ယူ၍နောက်ထပ်နယ်ပယ်တစ်ခုသို့

မချိုးဖျက်နိုင်ခင်အရင်ဆုံး ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်း နားလည်းသဘောပေါက်

ဆင်ခြင်မှုကိုပြုလုပ်ရသည်ဖြစ်သည်။

ယင်းမှာ ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်း

သူတို့ယခင်ကရရှိခဲ့သော အတွေ့အကြုံဟုလည်းပြော၍ရနိုင်သည်ဖြစ်၏။

သို့သော်လူတစ်ယောက်၏ပါရမီက

မည်မျှပင်ကောင်းနေပါစေ မည်မျှပင်နတ်ဆိုးများကြားထဲမှနတ်ဆိုးဖြစ်နေပါစေ သူတို့၏အတွေ့အကြုံများအရတော့ မဟာသူတော်စင်နယ်ပယ်အဆင့်တို့အားချိုးဖျက်ရန်အတွက် လူတစ်ယောက်အနေဖြင့် အနည်းလေးသုံးရက်လေးရက်တော့ နေဖို့လိုအပ်သည်ဖြစ်သည်။

ဤလူငယ်ကကောင်းကင်ဘုံသိုင်းမျှော်စင်သို့ဝင်ရောက်ပြီး အထဲ၌ရှိနေသည်မှာ ဆယ့်နှစ်နာရီခန့်သာရှိသေးသည်ဖြစ်သည်။ သို့သော် သူက တကယ်ပဲ အသက်တစ်ရှိုက်စာအတွင်း စတုတ္ထအလွှာသို့တကယ်ဝင်ရောက်သွားခဲ့

သည်ဖြစ်၏။

သူတို့၏အတွေ့အကြုံများအရ ဤလူငယ်မှာကြယ်နှစ်ပွင့်သူတော်စင်

နယ်ပယ်ဖြစ်သောကြောင့် ကြယ်သုံးပွင့်သူတောင်စင်နယ်ပယ်သို့

ချိုးဖျက်ရန်အတွက်စွမ်းအင်များ လုံလောက်နေလိမ့်မည်ဖြစ်သည်။သူ့အနေဖြင့် ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်း၌ သိုင်းလမ်းစဉ်အား နားလည်သဘောပေါက်အောင်ဆင်ခြင်ပြီး နောက်တစ်ဆင့်သို့အဆင့်ချိုးဖျက်သင့်၏။

သို့သော်၎င်းကသူတို့ မျှော်လင့်ထားသကဲ့သို့မလုပ်ဘဲ စတုတ္ထအလွှာသို့တိုက်ရိုက်

ဝင်ရောက်သွားခဲ့သည်။

“သူကနောက်ထပ် အဆင့်တစ်ခုချိုးဖျက်ခြင်းမရှိဘဲနဲ့ စတုတ္ထအလွှာကို ဝင်ရောက်သွားတယ်..ဒီလိုဆို

ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲဝင်တာက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ..အဲ့တာထက်ပိုတာက ကောင်းကင်ဘုံသိုင်းမျှော်စင်က မဟာသူတော်စင်နယ်ပယ် လျှို့ဝှက်ရတနာတစ်ခုအဖြစ်အသုံးပြဖို့ငါတို့ကို လိုအပ်တာ”

ဤအချိန်တွင် ရွှေရောင်နဂါးတိုင်လုံးများထက်မှ အဘိုးအိုများ၏အသံများထွက်ပေါ်လာသည်။

“သူ့ရဲ့ပါရမီနဲ့ သူကပြိုင်ဘက်ကင်းနတ်ဆိုးတစ်ပါး

လို့ငါလန်ယွမ်ဆီကနေကြားခဲ့တယ်.. ဘာလို့သူကဒီလိုရူးမိုက်တဲ့အရာမျိုး

ကိုလုပ်ရတာလဲ.. သူနဲ ခွေးတစ်ကောင်လိုမျိုး ကျင့်ကြံခဲ့တဲ့လူကြားမှာ ဘာတွေများကွာခြားတော့မှာလဲ”

“ဒါ..ဒါကမဖြစ်နိုင်ဘူး”

အဘိုးအိုတစ်ဦး၏ပြောစကားအားကြားလိုက်ရသောအခါတွင် အခြားအဘိုးအိုတစ်ဦးက ငြင်းဆန်ကာပြောလိုက်သည်။

“ဒါကသေချာပေါက်မဖြစ်နိုင်ဘူး..လန်ယွဲ့အဲ့လိုမပြောခဲ့ဘူးလာ…သူဒီနေ့ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်ကိုသတ်တော့ သူက ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်မှာ

ပဲရှိသေးတာ..ဒီနေ့ သူက ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကို

ရောက်နေပြီ…ဘယ်လိုဖြစ်ပြီးသူက နောက်ထပ်အဆင့်တစ်ခုကို အရမ်းလွယ်လွယ်ကူကူချိုးဖျက်နိုင်ရတာလဲ… အဲ့ထာထက်ပိုတာကား..ဒါကကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကနေကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်ကို ချိုးဖျက်တာပဲလေ”

တစ်ရက်အတွင်း ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်မှ ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်သို့ ချိုးဖျက်သည်မှာ ယေဘုယျအမြင်များအား ဆန့်ကျင်နေသောအရာတစ်ခုပင်ဖြစ်သည်။ မည်သူကမျှထိုအရာအားယုံလိမ့်မည်မဟုတ်ပေ။

ဤအချိန်တွင် ဘိုးဘေးများ၏စကားများအားကြားပြီးနောက် ဧကရာဇ်လန်ယွမ်နှင့်လန်ကွမ်းတို့မှာတစ်စုံတစ်ခုအားတွေးမိသွားပြီး တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြသည်။

“ငါသာမှတ်မိတာမှန်ရင်.. ဒီလူငယ်လေး သတို့သားရွေးချယ်ပြိုင်ပွဲကိုစဝင်ပါတုံးက ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်ပဲ.. အဲ့ထာထက်ပိုတာကား.. ဒီနေ့ကျိရှောင်းကိုသတ်ပြီးတော့မှသူက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ကနေ မဟာသူတော်စင်နယ်ပယ်ကိုတက်လှမ်းခဲ့တာ’

“ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ကနေ ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်.. အဲ့ကနေကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကို တက်လှမ်းဖို့ တစ်ရက်ပဲကြာတယ်”

“ဒီလူက သာမန်အမြင်တွေနဲ့အကဲဖြတ်လို့မရဘူး.သူကသာမန်အမြန်တွေကို ချိုးဖျက်ပစ်ဖို့မွေးဖွားလာသလိုမျိုးပဲ”

ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်းတွင်ယေဘုယျအမြင်များဖြင့်အကဲဖြတ်၍မရသောသူက ကျယ်ပြောလှသောပင်လယ်ကြီးတစ်ခုအထက်၌ဝင့်ကြွားစွာရပ်နေသည်။သူ၏ရှေ့၊နောက် ၊ဘယ်၊ညာတို့တွင် ကျယ်ပြောလှသောပင်လယ်သာရှိသည်။ ရှစ်ဖုန့်ဤပင်လယ်၏အထက်၌ပျံသန်း

နေခဲ့သည်မှာ နာရီအနည်းငယ်ခန့် ကြာပြီဖြစ်သော်လည်း ဤကမ္ဘာ၏ဘာထူးခြားချက်ကိုမှ

သူရှာမတွေ့သေးပေ။

ယခင်ကကဲ့သို့ဘာခရမ်းရောင်လူသားတိုက်မှုမှလည်းမရှိသလို ဟင်းလင်းပြင်တိုက်ခိုက်မှုလည်းမရှိပေ။ ပင်လယ်အထက်၌ နာရီအနည်းငယ်ခန့်ပျံသန်းပြီးနောက် ပင်လယ်၏အဆုံးသတ်အားသူမမြင်နိုင်သေးပေ။မည်သည့်ထူးဆန်းမှုကိုမှလည်းသူရှာမတွေ့ပေ။ ပထမအလွှာတုံးကကဲ့သို့ ခရမ်းရောင်လှေကားထစ်များကိုလည်းသူရှာမတွေ့ပေ။

“ဆန်းကြယ်တဲ့ ဧရိယာအကုန်လုံးက ပင်လယ်ထဲမှဖြစ်နိုင်တယ်”

ရှစ်ဖုန့်ကခေါင်းငုံ့လိုက်ပြီး သူ့အောက်ရှိကျယ်ပြောလှသောပင်လယ်အားကြည့်၍ ပြောလိုက်သည်။

ထို့နောက် သူ၏တစ်ကိုယ်လုံးအားဗွမ်းခနဲပင်လယ်အတွင်းသို့တစ်ဟုန်ထိုးဦးတည်လိုက်၏။

ပင်လယ်အတွင်းရောက်သည်နှင့်ရှစ်ဖုန့်မှာ ပင်လယ်ထဲထိုးဆင်းသော

နဂါးတစ်ကောင်ကဲ့သို့ဖြစ်နေသည်။စူးစမ်းရန်အတွက် ပင်လယ်၏အခြေအထိသူထိုးဆင်းလိုက်သည်။

ရှစ်ဖုန့်၏လက်ရှိစွမ်းအားဖြင့် ပင်လယ်အောက်ခြေ၌ သုံးရက်သုံးညတိတိအသက်မရှူရ

လျှင်ပင်ပြဿနာမဟုတ်ပေ။

ရှစ်ဖုန့်က ပင်လယ်ထဲထိုးဆင်းပြီး အောက်ခြေသို့တစ်ဟုန်ထိုးဦးတည်နေသည်။နာရီဝက်ခန့်ကြာပြီးနောက် ပင်လယ်က ရုတ်တရက် ချာချာလည်လာပြီး ပင်လယ်ရေကစတင်ဆူပွက်လာသည်။

ဤအချိန်တွင်ပုံစံတူဝဲများက ရှစ်ုဖန့်၏ခန္ဓာကိုယ်ဝန်းကျင်၌ပေါ်လာ၏။၎င်းတို့ကပြင်းထန်စွာလည်ပတ်ပြီး ရှစ်ဖုန့်၏ဝန်းကျင်၌လည်ပတ်ကာကြီးသည်ထက်ကြီးမားလာသည်။

“ဒီပင်လယ်ထဲမှာတကယ်ကို ထူးခြားတဲ့တစ်စုံတစ်ခုရှိနေတာပဲ”

ရှစ်ဖုန့်က သူ့ဖာသာသူတွေးလိုက်ပြီး ဝဲများ၏အလယ်၌ရပ်နေသည်။ရုတ်တရက် ဝဲများကတစ်ချိန်တည်း၌အားကောင်းသောစုပ်ယူအားအားထုတ်လွှတ်လာသည်။

အကယ်၍ ဝဲတစ်ခုတည်းသာ ဆိုလျှင် ၎င်းက ရှစ်ဖုန့်အားစုပ်ယူသွားမည်သာဖြစ်သ်။ သို့သော်ဝဲများစွာက တစ်ချိန်တည်းတွင်အားကောင်းသော

စုပ်ယူအားတို့အားထုတ်လွှတ်ခြင်းကြောင့် ထိုဝဲများ၏စုပ်ယူအားက သူ၏ကိုယ်အားအပိုင်းပိုင်းစုတ်ဖြဲတော့မည်သကဲ့သို့ရှစ်ဖုန့်ခံစားရ၏။

“လောင်ကျွမ်းစမ်း”

ရှစ်ဖုန့်ကစိတ်ဖြင်အော်လိုက်သည်။ရုတ်တရက်သွေးနီရောင်မီးတောက်တို့က သူ၏ကိုယ်မှဟုန်းခနဲထွက်ပေါ်လာပြီး

ဦးတည်ချက်အနှံ့သို့စတင်သိမ်းကျုံး

ပျံ့နှံ့သွားကာ သူ့ပတ်ဝန်းကျင်မှ အရူးအမူးလည်ပတ်နေသောဝဲများအားလောင်ကျွမ်းသွားသည်။

အားကောင်းပြီးပြင်ထန်သော သွေးနီရောင်မီးတောက်များအောက်တွင် ပင်လယ်ရေမှာ ဖြည်းဖြည်းချင်းညိမ်ကျလာသည်။

ဤအချိန်တွင် ဆန်းကြယ်သောစွမ်းအင်များက ပင်လယ်ထဲမှပေါ်လာသည် ရှစ်ဖုန့်ထံသို့ဦးတည်လာသည်။

“ဒီစွမ်းအားပဲ”

ဤစွမ်းအားအားထပ်မံခံစားပြီးနောက် ရှစ်ဖုန့်က ငရဲဘုံကိုးခု ပညာရပ်အားအဆက်မပြတ်လှည့်ပတ်လိုက်ပြီး ပင်လယ်ရေအတွင်းမှဤဆန်းကြယ်

သောစွမ်းအင်များကိုစတင်စုပ်ယူလိုက်သည်။

ဤတစ်ကြိမ်ဆန်းကြယ်သောစွမ်းအင်များက ယခင်အလွှာများထက်ပို၍မြင့်မြတ်ခမ်းနားသည်ဖြစ်သည်။ ရှစ်ဖုန့်က စွမ်းအင်များအားသူ၏ကိုယ်အတွင်းသို့စုပ်ယူလိုက်၏။လုံးဝချေဖျက်ပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ကိုယ်၌အဖြူရောင်အလင်းတစ်ခုရုတ်တရက်လင်းလက်လာသည်။ ရှစ်ဖုန့်က ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်

သို့အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။

“ဟူး”

ထို့နောက်ချက်ချင်းရှစ်ဖုန့် သက်ပြင်းရှည်တစ်ချက်ချလိုက်ကာ ပင်လယ်ရေအတွင်းပြင်းထန်သောလက်သီးတစ်ချက်ကိုပစ်သွင်းလိုက်သည်။ရုတ်ခြည်း ရှစ်ဖုန့်အားဗဟိုပြုလျှက် ပင်လယ်ရေတို့ကရှစ်ဖုန့်၏လက်သီး

ချက်ကြောင့် ဦးတည်ချက်ပေါင်းစုံမှတလိပ်လိပ်ထလာသည်။ယင်းမှာ ဧရာမရေအောက်သက်ရှိကြီးတစ်ကောင်က ပင်လယ်ရေတွင်းပြင်းထန်စွာ ရုန်းကြွလာသကဲ့သို့ဖြစ်သည်။

ရှစ်ဖုန့်ကသူ့လက်သီး၏ စွမ်းအားအားအာရုံခံလိုက်သည်။ သူ၏ကာယခွန်အားကလည်း ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်

သို့ရောက်ရှိနေပြီဖြစ်၏။

“ငါ့ရဲ့ကာယခွန်အားကလည်း မဟာသူတော်စင်နယ်ပယ်ကိုဝင်ရောက်တော့မဲ့ပုံပဲ..ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲမှာ မဟာသူတော်စင်နယ်ပယ်ကိုဝင်တာက ပြဿနာတစ်ခုမဟုတ်တဲ့ပုံပဲ..ငါ့ရဲ့ကာယခန္ဓာက ဧကရာဇ်နယ်ပယ်ကိုဝင်တာနဲ့ ငါ့ရဲ့ငရဲဘုံကိုးခု ခန္ဓာက ပြည့်စုံသွားလိမ့်မယ်”

ရှစ်ဖုန့်ကစိတ်ထဲမှ ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။

ဤတစ်ကြိမ်ကောင်းကင်ဘုံသိုင်းမျှော်စင်သို့လာခြင်းကသူ့အတွက်မှန်ကန်သော ရွေးချယ်မှုဖြစ်သည်။

ရှစ်ဖုန့်ပျော်ရွှင်စွာခံစားနေစဉ် သူ၏ကိုယ်၌ခရမ်းရောင်အလင်း

တစ်ခုလင်းလက်လာပြီး ပင်လယ်ရေအတွင်းမှပျောက်ကွယ်သွားသည်။

All Chapters