အခန်း (၆၃၀)
Vol. 42 Ch. 630
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ပြင်ပ မြေအောက်နန်းတော်၌ဖြစ်သည်။
ဤအချိန်တွင် လန်မိသားစု၏စွမ်းအားကြီး
လူဆယ့်နှစ်ယောက်မှာ ကောင်းကင်ဘုံသိုင်းမျှော်စင်၏
ငါးလွှာ၌ခရမ်းရောင်အလင်း
လင်လက်လာသည်ကိုတွေ့လိုက်ရသည်။
“သူပဉ္စမအလွှာကိုဝင်သွားပြီ”
အဘိုးအိုတစ်ဦးကလေးနက်သော
အသံဖြင့်ပြောလိုက်သည်။
“ဟုတ်တယ်”
ထို့နောက်လန်မိသားစုဝင်များမှာ အနည်းငယ်ခေါင်းညိမ့်လိုက်ကြသည်။
ဤအချိန်တွင် မြေအောက်နန်းတော်အတွင်းလန်မိသားစုဝင်ဆယ့်နှစ်ယောက်တို့၌ အလယ်ဗဟိုရှိ ရွှေရောင်နဂါးတိုင်လုံးကြီးထက်၌ ထိုင်နေသော အဘိုးအိုမှလွှဲ၍ အခြားဆယ့်တစ်ယောက်လုံးမှာ ကောင်းကင်ဘုံသိုင်းမျှော်စင်၏ငါးလွှာမြောက်၌ရပ်တန့်ခဲ့ကြသူများဖြစ်ကြသည်။
ငါးလွှာမြောက်၌သူတို့ကြု့တွေ့ခဲ့ရသည့်အတွေ့အကြုံများအား ပြန်တွေးမိသောအခါတွင် ၎င်းတို့၏အိုမင်းသောမျက်နှာများထက်၌ ရှက်ရွံ့မှုများပေါ်လာသည်။
ဤကဲ့သို့အသက်အရွယ်၌ယခုကဲ့သို့ဖြစ်အောင်သူတို့အနေဖြင့်ထိုအချိန်က ပဉ္စမအလွှာတွင်မည်သည်
ကိုကြုံတွေ့ခဲ့ရပါသနည်း။
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ငါးလွှာမြောက်တွင် ရှစ်ဖုန့်မှာ ထပ်တလဲလဲတုန်လှုပ်အံ့အားသင့်နေသည်။ သူ၏မျက်လုံးများပင်စတင်ပြူးကျယ်လာ၏။
“ဒါက..ဒါက အပိုဆုလား. ဒါမှမဟုတ်..စမ်းသပ်မှုတစ်ခုလား..”
ပန်းရောင်ပွင့်ချပ်များက ကောင်းကင်ထဲ၌လွင့်မျောနေပြီး ရှစ်ဖုန့်မှာဤအချိန်၌ ပန်းရောင်ပန်းပွင့်ချပ်ပင်လယ်အလယ်တွင်ရပ်တည်နေသည်။ သူရပ်နေသေသောနေရာမှလွဲ၍ ဦးတည်ချက်အနှံ့၌ များပြားလှစွာသော အဝတ်ဗလာနှင့် ဆွဲဆောင်မှုရှိသောအမျိုးသမီးများက ၎င်းတို့၏ဝမ်းဗိုက်များထက်တစ်ယောက်ကိုယ်တစ်ယောက်လဲလျောင်းကာ နေနေကြသည်။
သူတို့အားလုံးက သူတို့ထံသို့လာနေသော ရှစ်ဖုန့်အားကြည့်နေကြပြီး သူတို့၏ပျော့ပျောင်းညင်သာသော ညည်းညူသံများက ကောင်းကင်ထဲ၌ပဲ့တင်ထပ်နေသည်။
“လာပါ.လာခဲ့ပါ… တို့ရှင့်ကိုလွမ်းနေတာ..”
“လာပါ.တို့ကအရမ်းလှတယ်မလား..ရှင်သာလာတာနဲ့ တို့ရဲ့လှပတဲ့မျက်နှာနဲ့ ခန္ဓာကိုယ်က ရှင်လေးအတွက်ပဲနော်”
“လာပါ..ဒီကိုလာခဲ့ပါ.. တို့ရှင့်ကိုလွမ်းနေတာ..လာပါ..လာပြီးတို့ကို ပွေ့ဖက်ပါအုံးရှင်ရယ်”
ရှစ်ဖုန့်က ဆွဲဆောင်မှုရှိသောညည်းညူသံများအား
နားထောင်ကာ အဝတ်ဗလာအမျိုးသမီးများအား
ကြည့်နေသည်။ သူတို့က ဤအရမ်းသနားဖို့ကောင်းပြီး ချစ်ခင်လိုနေကြသည်။ အရိုးသားဆုံးပြောရလျှင် ယောက်ျားတစ်ယောက်ဖြစ်လာပြီးနောက််၌ ဤကဲ့သို့သော မြင်ကွင်းမျိုးအား ပက်ပင်းကြုံတွေ့ရခြင်းက ကောင်းကင်ဘုံသို့ရောက်ခြင်းပင်ဖြစ်သည်။
ဤကဲ့သို့ဆွဲဆောင်မှုရှိလှသောမြင်ကွင်းအားမြင်ရကာ ညည်းညူသံများအားကြားရ ပြီး အဆက်မပြတ်နှခေါင်းဝသို့ထိုးနှက်လာသော မွှေးရနံ့များအား ခံစားရပြီးနောက်ရှစ်ဖုန့်ပင်မထိန်းနိုင်ဘဲ အနည်းငယ်ဂနာမငြိမ်ဖြစ်လာသည်။
သူ၏သွေးများကခေါင်းအစခြေအဆုံး စတင်ဆူပွက်လာ၏။
“ဒီအလွှာရဲ့ စမ်းသပ်မှုက လူတစ်ယောက်ရဲ့ စိတ်စွမ်းအားကို စမ်းသပ်တဲ့ပုံပဲ…”
ရှစ်ဖုန့်က သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများအားပိတ်လိုက်ပြီး ကာမယာဂနှိုးဆွသောမြင်ကွင်းအားကြည့်ခြင်းကိုရပ်တန့်လိုက်သည်။
သို့သော်ညည်းညူသံလှိုင်းများက ရှစ်ဖုန့်၏သွေးများအး သားရဲတစ်ကောင်ကဲ့သို့ ဆူပွက်လာစေပြီး သူ၏စိတ်အားရိုက်ခတ်စေကာ မတည်ငြိမ်အောင်လုပ်နေသည်။
“စိတ်ထိန်းစမ်း.. နားတွေကိုပိတ်ထား”
ထို့နောက်မကြာခင် ရှစ်ဖုန့်က အော်ပြောလိုက်ပြီး သူ၏လက်တို့ဖြင့်ဆီးလ်တစ်ခုအား
ပုံဖော်လိုက်သည်။ သူ၏အကြားအာရုံနှင့်နားတို့အား
ဆီးလ်ခတ်လိုက်ပြီး သူ၏စိတ်အားတည်ငြိမ်ရန်အတင်းအကျပ်လုပ်ယူလိုက်သည်။
ဤအချိန်တွင်သူ၏ကိုယ်အားနူးညံ့သောကိုယ်တစ်ခုက လာရောက်ဖက်သလို ရှစ်ဖုန့်ခံစားလိုက်ရသည်။ သူပါးပြင်၊နားနှင့် လည်ပင်းတို့တွင် နွေးထွေးသောလေလှိုင်းတို့က တိုက်ခတ်လာသည်။
“သတ်”
ရှစ်ဖုန့်ကသူ၏နှလုံးသားအားတင်းပြီး သတ် ဟူသောစကားလုံးအား အေးစက်စွာပြောလိုက်သည်။ရုတ်တရက် ပြင်းထန်ပြီးအေးစက်သော သွေးနီရောင် မီးတောက်များက သူ၏ကိုယ်မှထွက်ပေါ်လာသည်။
“အား”
ဆွဲဆောင်မှုရှိသော နာကျင်စွာအော်ဟစ်သံက ကမ္ဘာအတွင်းပျံ့နှံ့လာသည်။ အကယ်၍ယောက်ျားတစ်ယောက်သာ
၎င်းအားကြားလျှင် သူမအတွက်သနားမှုအားသေချာပေါက်
ခံစားရမည်ဖြစ်သည်။သို့သော် ရှစ်ဖုန့်က သူနားတို့အားဆီးလ်ခတ်ထားသောကြောင့်
သနားစဖွယ်အော်သံအားကြားနိုင်ခြင်းမရှိချေ။
ထို့နောက် ရှစ်ဖုန့်၏ကိုယ်မှထွက်ပေါ်လာသော သွေးနီရောင်မီးတောက်များက ဦးတည်ချက်ပေါင်းစုံသို့ပျံ့နှံ့သွားသည်။
နာကျင်မှုအပြည့်ဖြင့် ဆွဲဆောင်မှုရှိသောအော်ဟစ်သံများက ကမ္ဘာအတွင်းစတင်ရိုက်ခတ်သွားသည်။
မျက်စိတစ်မှိတ်အတွင်း ပန်းရောင်ကမ္ဘာကြီးက ပြင်းထန်သောသွေးနီရောင်
မီးပင်လယ်အဖြစ်ပြောင်းလဲသွားသည်။
နောက်ဆက်တွဲအနေဖြင့် ဆန်းကြယ်သောစွမ်းအင်များကတစ်ခုပြီးတစ်ခုပေါ်လာပြီးသူ့ထံသို့ ဦးတည်ချက်ပေါင်းစုံမှလာနေသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
“ပြီးသွားပြီလား”
ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏ တင်းနေအောင်ပိတ်ထားသောမျက်လုံးများအား ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူမျက်လုံးထဲဝင်ရောက်လာသည်က သွေးနီရောင် မီးတောက်များ၏တောက်လောင်မှု
အောက်၌ရှိနေသာ အရှုပ်အထွေးများပင်ဖြစ်သည်။
ထိုအဝတ်ဗလာနှင့်ချစ်ဖို့ကောင်းသော ပုံရိပ်များမှာ သဲလွန်စတစ်ခုပင်မကျန်ပဲပျောက်ကွယ်သွား
ပြီဖြစ်သည်။ ၎င်းတို့၏အလောင်းများပင်ကျန်ရစ်ခြင်းမရှိချေ။
“ဒီတစ်ကြိမ်က ပန်းလေးတွေကိုဖျက်ဆီးပစ်ရတာပဲ”
ရှစ်ဖုန့်က လုံးဝရှုပ်ထွေးနေသာ အရာများအားကြည့်ရင်း စိတ်ထဲမှတီးတိုးရေရွတ်လိုက်သည်။
ထို့နောက်ဦးတည်ချက်ပေါင်းစုံမှလာ
သောဆန်းကြယ်သောစွမ်းအင်များအားသူ၏ကိုယ်အတွင်း လုံးဝစုပ်ယူလိုက်ပြီး နောက်ထပ်တစ်ကြိမ်အပြည့်အဝ
ချေဖျက်လိုက်သည်။
“ဟား”
ရုတ်တရက်လက်သီးတစ်လုံးအား ရှေ့သို့ ပစ်သွင်းလိုက်၏။ရှစ်ဖုန့်၏လက်သီးချက်
ကြောင့်လေထဲ၌ မိုးခြိမ်းသံကဲသို့မြည်ဟိန်းသံတစ်ခု
ထွက်ပေါ်လာသည်။ လေလထုပင် ရေကဲ့သို့လှိုင်းတွန့်များထသွားသည်။
ရှစ်ဖုန့်ထုတ်ဖော်လိုက်သောသူ၏ကာယခန္ဓာ ခွန်အားက ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်သို့
ရောက်ရှိနေပြီးဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်၏ကိုယ်၌ ခရမ်းရောင်အလင်းတစ်ခုထပ်မံလင်းလက်လာသည်။ ခရမ်းရောင်အလင်းလင်းလက်လာပြီးနောက် ရှစ်ဖုန့်၏ ပုံရိပ်ပျောက်ကွယ်သွားသည်။
ကောင်းကင်ဘုံသိုင်းမျှော်စင်၏ အပြင်ဘက် မြေအောက်နန်းတော်ထဲ၌ အံ့အားသင့်စွာပြောဆိုသံများအားကြားရသည်။
“သူ.. သူတကယ်ပဲ ဆွဲဆောင်မှုကိုခုခံနိုင်ပြီး ဆဋ္ဌမအလွှာကို ဝင်သွားတယ်”
“သူက ဒီလိုဆွဲဆောင်မှုမျိုးကိုတောင်တောင့်ခံနိုင်တာလား..ဒါက..သူ့ရဲ့စိတ်စွမ်းအားက ဘယ်လောက်တောင်အားကောင်းနေလို့လဲ”
“ငါ.. ငါအဲ့ချိန်တုံးကျရှုံးခဲ့တာ. အကယ်၍ ငါသာ အဲ့အချိန်တုံးက ညှို့ယူမှုကိုတောင့်ခံနိုင်ခဲ့ရင် ငါ့ရဲ့အောင်မြင်မှုတွေက အခုငါထက်ပိုပြီးမြင့်မားနေဖို့ဖြစ်
ကောင်းဖြစ်နိုင်တယ်”
အလယ်ဗဟိုရှိတိုင်လုံးပေါ်၌ထိုင်နေသော အဘိုးအိုမှလွဲ၍ အခြားသောအဘိုးအိုများကအံ့အားသင့်စွာပြောလိုက်ကြသည်။
သူတို့ထဲမှအချို့ဆိုလျှင် ထိုနေ့ကသူတို့မြင်ခဲ့ရသည့်ဆွဲဆောင်မှုရှိသော
မြင်ကွင်းအားပြန်အမှတ်ရမိကြပြီး အနည်းငယ်လွမ်းဆွတ်မှုကိုပင်ခံစားနေရဆဲဖြစ်သည်။သူတို့ထဲမှအချို့ဆိုလျှင် ယင်းက သူတို့ဘဝ၏အပျော်ရွှင်ရဆုံးသောအရာဖြစ်လိမ့်မည်ဟုပင်တွေးကြသည်။
ယင်းကစမ်းသပ်မှုပြီးသည့်နောက်တွင်ပင် ကြာရှည်ကျန်ရစ်နေခဲ့သောအရာဖြစ်သည်။
“သူက ဒီလိုညှို့ယူမှုမျိုးကိုတောင်တောင့်ခံနိုင်တယ်.သူက….ယောက်ျားကော…ဟုတ်ရဲ့လား”
အဘိုးအိုတစ်ဦးက ထပ်မံပြောလိုက်သည်။
သူဤသို့ပြောလိုက်ချိန်တွင် သူပြောလိုက်သည်က မှား နေသကဲ့သို့ သိပ်မဝေးသောနေရာမှအခြားအဘိုးအိုတစ်ဦး၏သတိပေးသော အကြည့်တစ်ခုကိုလက်ခံရရှိလိုက်သည်။
အဘယ်ကြောင့်ဆိုသော အကြောင်းပြချက်မှ သူတို့ထဲမှ အခြားသူတစ်ဦးက ငါးလွှာမြောက်ကို ဖြတ်သန်း၍ ခြောက်လွှာမြောက်သို့ဝင်ရောက်ခဲ့
သောကြောင့်ဖြစ်သည်။
သတိပေးမှုအားရသောအခါတွင် အဘိုးအိုက ရုတ်ခြည်းနားလည်သွားပြီး အလယ်ဗဟိုရှိ ပုဂ္ဂိုလ်အား မသိမသာတစ်ချက်ကြည့်လိုက်သည်။
ထိုနောက်အဘိုးအိုများက တစ်ယောက်ပြီးတစ်ယောက် အလယ်ရှိ ရွှေရောင်နဂါးတိုင်လုံးထက်မှအဘိုးအို
အားကြည့်လိုက်သည်။မြေပြင်ထက်၌ရပ်နေကြသော ဧကရာဇ်မင်းလန်ယွမ်နှင့်လန်ကွမ်းတို့ပင် သူတို့၏အကြည့်များအား ကောင်းကင်ဘုံသိုင်းမျှော်စင်ထံမှ ဘိုးဘေးများထံသို့ရွှေ့ပြောင်းလိုက်သည်။
ဤဘိုးဘေး၌သားသမီးရှိသည်ဟု သူတို့လုံးဝမကြားဖူးပဲ ယခု၌ သူ့တွင်မည်သည့်မျိုးဆက်မှရှိမနေပေ။ ဖြစ်နိုင်သည်မှာ ဤဘိုးဘေး နည်းနည်း………
အလယ်ဗဟိုရှိရွှေရောင်တိုင်လုံး၌ရှိနေသော အဘိုးအိုမှာ သူ့ထံသို တိုက်ရိုက်လာနေသောထူးဆန်းသည့်
အကြည့်များအားအာရုံခံမိလိုက်သည်။
သူ၏အိုမင်းသောမျက်နှာက မည်းမှောင်သွားပြီး သူက အသံနက်ဖြင်ပြောလိုက်သည်။
“မင်းတို့ငါ့ကို အဲ့လိုလာကြည့်နေစရာမလိုဘူး. ငါက လူပျိုပညာရပ်ကို ကျင့်ကြံခဲ့တာ..ငါသာ အမျိုးသမီးတစ်ဦးကိုတစ်ခုထိတာနဲ့ ငါ့ပညာရပ်က ကျိုးပျက်သွားမှာ..ငါငါးလွှာမြောက်ကို ဝင်တော့ အလှလေးတွေတစ်အုပ်ကြီးနဲ့သိုင်း
တာအိုနှစ်ခုကြားမှာရွေးစရာဖြစ်လာတယ်.
.အကြိမ်ပေါင်းများစွာ သိုင်းတာအိုအပေါ်ငါလက်လျော့လုနီးပါးပဲ. ဒါပေမဲ့ အဆုံးသတ်မှာ ငါအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်”
“အာ..”
“အမ်”
“အင်”
အဘိုးအိုများမှာ ဤအရာအားကြားလိုက်ရသောအခါတွင် သူတို့အနေဖြင့် ၎င်းအားထူးဆန်းစွာကြည့်မိသည်ကိုမိသွား
ကြောင်းသဘောပေါက်လိုက်ကြပြီး သူတို့အားလုံး အဆင်မပြေဖြစ်စွာတုန့်ပြန်လိုက်ကြသည်။
ထို့နောက်အဘိုးအိုတစ်ဦးက ၎င်းအားချီးမွမ်းလိုက်၏။
“တော်ဝင်ဦးလေးရဲ့စိတ်စွမ်းအားက တကယ့်ကိုထူးခြားတာပဲ. အဲ့အချိန်တုံးက ကျုပ်လည်းအဲ့တာကိုစမ်းသပ်မှုတစ်ခုဆိုတာသိခဲ့ပေမဲ့ အဆုံးသတ်မှာတောင့်မခံနိုင်ခဲ့ဘူး..အဲ့အချိန်တုံးက ကျုပ်သာ သွေးဆောင်မခံခဲ့ရရင် ပိုသန်မာတဲ့သိုင်းတာအိုထဲကျုပ်ခြေချနိုင်ခဲ့မှ. ဒါပေမဲ့… ဒါကတကယ်ကို..တကယ်ကို .. ကျုပ်ရဲ့စိတ်စွမ်းအားက တော်ဝင်ဦးလေးကို မယှဉ်နိုင်ခဲ့ဘူး”
“ဟုတ်တယ်.. ကျုပ်တို့အားလုံးက တော်ဝင်ဦးလေးရဲ့စိတ်စွမ်းအားကို မယှဉ်နိုင်ခဲ့ဘူး”