← Chapters

အမျိုးသမီးတစ်ယောက်က ချစ်တတ်ပြီဆိုရင် အလှပြင်တတ်လာပြီ...

Vol. 32 Ch. 467

အမျိုးသမီးတစ်ယောက်က ချစ်တတ်ပြီဆိုရင် အလှပြင်တတ်လာပြီ...

Vol. 32 Ch. 467

ဖုန်းမှာ စပီကာ မဖွင့်ထားသော်လည်း ကျယ်လောင်သည့် အော်ဟစ်သံမှာ စပီကာဖွင့်ထားသည်ထက်ပင် ကျယ်လောင်နေခဲ့ပြီး မနီးမဝေးတွင် သန့်ရှင်းရေးလုပ်နေသည့် လင်းရီပင် ရှင်းလင်းစွာ ကြားလိုက်ရ၏။

ဖုန်းထဲရှိ အသံကိုကြားတော့ လီချူးဟန် မျက်နှာ ပြောင်းသွားခဲ့သည်။ တစ်ဖက်လူ ဘယ်သူလဲဆိုတာ သိရှိပြီးနောက် သူမ၏ အမူအရာမှာ ပို၍ အေးစက်သွားခဲ့ပြီး သူစိမ်းဆန်စွာမေးမြန်းလိုက်၏။

“ ရှင်က ဘာဖြစ်ချင်လို့လဲ….”

သူမ၏ ငယ်ဘဝမှတ်ဉာဏ်ထဲတွင် မမှတ်မိချင်ဆုံး ဟိုး အနက်ရှိုင်းဆုံး တစ်နေရာ၌ မြှုပ်နှံထားသည့် အမှတ်တရတစ်ခု ရှိခဲ့၏။

အရိုးခိုက်အောင် ချမ်းအေးသည့် ဆောင်းတွင်းတစ်ခုတွင် ကောင်မလေးတစ်ယောက် မီးဖိုထဲတွင် ဆန်ပြုတ် ပြုတ်နေလေသည်။ အိမ်ထဲတွင်တော့ လူမမာ အမျိုးသမီးတစ်ဦး ဖျော့တော့စွာ လဲလျောင်းနေပြီး အလွန်အမင်း အားယုတ်နေသည့် ပုံပင်။ ထိုအချိန်တွင် အပြင်ဘက်မှ ဆူဆဲ ကြိမ်းမောင်းသံများ၊စိတ်မချမ်းမြေစရာအသံများ ပျံ့လွင့်လာခဲ့၏။ ကလေးမလေးမှာတော့ မီးဖိုထဲတွင် မျက်ရည်သုတ်ရင်း ထိုသူ ဘယ်သူလဲဆိုတာကို သိရှိနေလေသည်။ ဆင်းရဲသည့် သူမတို့ မိသားစုတွင် မူးလာတိုင်း မိသားစုကို ရန်ပြုတတ်သည့် သူမအဖေ၏အသံကို လီချူးဟန် နာကျည်းမုန်းတီးစွာဖြင့် အရိုးထဲထိစွဲအောင် မှတ်မိနေခဲ့၏။

သူမ၏ ထိုအတိတ်မှတ်ဉာဏ်များကို မေ့ဖျောက်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ယနေ့တွင် တစ်လွှာချင်း ပြန်ဖော်ထုတ်ခံရလိမ်မည်လို့ ထင်မှတ်မထားခဲ့ပေ။

“ ကျွန်မကားကို ခြစ်ရာ ထင်အောင်လုပ်သွားမှတော့ ပြန်လျော်ပေးရမှာ သဘာဝပဲ မဟုတ်ဘူးလား…”

“ ဘာကို သဘာဝလဲ… နင်က တစ်နှစ်တစ်နှစ် ပိုက်ဆံဒီလောက်ဝင်နေတာကို နင့်ပိုက်ဆံနဲ့နင် ပြင်လေ….. ဘာလို့ သူများနား တစ်သိန်းကြီးများတောင် တောင်းလိုက်တာ… ငါ ထမင်းကျွေးခဲ့တာတွေက အလကားပဲလား…. နင့်မှာ အသိစိတ်လေး ဘာလေး မရှိဘူးလားကွ…”

“ အဲ့တာ ကျွန်မကိစ္စ… ရှင်နဲ့ ဘာမှမဆိုင်ဘူး… ခုကစပြီးတော့ ကျွန်မကို လာလည်း မဆက်သွယ်နဲ့တော့… ရှင့်ကိုလည်း အကြွေးတင်ထားတာ ဘာတစ်ခုမှ မရှိဘူး…”

“အေး... အဲ့တာဆို မင်းလည်း ဒီကို ခြေလာမချနဲ့… အဲ့တောင်ပေါ်က အုတ်ဂူကိုလည်း လာကြည့်စရာ မလိုတော့ဘူး…”

ပြောပြီးနောက် တစ်ဖက်မှ ဒေါသတကြီး အော်ဟစ်၍ ဖုန်းချသွားခဲ့လေသည်။ သို့သော်လည်း လီချူးဟန်ကတော့ ထိုနေရာ၌ အေးစက်စွာ ရပ်နေရင်း တစ်ခုခုကို အသည်းအသန် စဉ်းစားနေခဲ့၏။

“ စိတ်သက်သာရာရအောင် ရေနွေးကြမ်းသောက်လိုက်ပါလား…” လင်းရီ ပြောလိုက်၏။

“ အင်း...ကျေးဇူးပါ…”

နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး လင်းရီမှ သာမန်ကာလျှံကာ မေးမြန်းလိုက်၏။

“ ဘယ်သူလဲ ဖုန်းဆက်လာခဲ့တာ…”

“ ငါ့ အဖေ…” လီချူးဟန် ဖုန်းကွယ်မထားခဲ့ပေ။

“ အမေဆုံးသွားပြီးနောက်ပိုင်း ငါလည်း အိမ်က ထွက်လာခဲ့တာပဲ…. အမေ့အုတ်ဂူဆီ သွားလည်တာကလွဲရင် တစ်သက်လုံး အိမ်မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်… “

“ ကျိုးဟိုင်မှာလည်း သင်္ချိုင်းတွေ အများကြီးကို ဒီရွေ့လာခဲ့လိုက်ပါလား…”

“ရွေ့ချင်တာပေါ့.... ဒါပေမယ့် ငါက ဒီတိုင်း ဒေါက်တာလေးပဲလေ…. အဲ့လို ရွေ့နိုင်တဲ့စွမ်းရည်လည်း မရှိဘူး… ဘယ်သူကမှလည်း ပေးရွေ့မှာ မဟုတ်လောက်ဘူး…”

“ လွယ်ပါတယ်…. ဒါရိုက်တာလီရဲ့ မွေးရပ်မြေက ဘယ်မြို့လဲ… ဘယ်ချိန်သွားပြီး ဂါရဝပြုမှာ… ကျုပ်လိုက်ပြီး ပြန်ယူလာခဲ့ပေးမယ်….”

“ ရန်ချိန်မြို့အောက်က ပေချောင်ဆိုတဲ့ နေရာလေးလေ….” လီချူးဟန်ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့မြို့က ဆင်းရဲတဲ့မြို့ဆိုပြီးတော့ နာမည်ကြီးတယ်နော်… နင်ငါနဲ့ လိုက်ခဲ့ချင်တာ သေချာလို့လား….”

“ ဘာလဲ ဖြစ်နေလို့… ကျုပ်က အဲ့မြို့ကို သားမက်အနေနဲ့ သွားမှာလည်း မဟုတ်…”

“ ကျေးဇူးပါ လင်းရီ…”

လင်းရီ လီချူးဟန်၏ ဆောင်းတွင်းနှင်းစက်များကဲ့သို့ ကြည်လင်သော မျက်ဝန်းများထဲတွင် ပူပင်သောကကို မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။ ယင်းက ငြိမ်သက်နေသည့် ရေမျက်နှာပြင်ပေါ်သို့ ကျောက်ခဲတစ်လုံး ပြုတ်ကျသွားသည်နှင် သဏ္ဌာန်တူကာ လှိုင်းများက ရေးတေးတေးဖြစ်နေလေသည်။

“ ဘာလို့ အမြဲတမ်း ကျေးဇူးတင်နေရတာ…. အဲ့တာက စိတ်ရှုပ်ဖို့ကောင်းတယ်….”

“ အဲ့တာဆို ငါဘာပြောသင့်လဲ….”

“ ဘာမှ မပြောနဲ့…. ဒီတိုင်း ဖြစ်သင့်တဲ့ကိစ္စလို့ပဲ တွေးလိုက်…”

“ နင်က ငါ့ကို အများကြီး ကူညီပေးထားတာလေ…. ငါ့ဘက်က ဘာမှ ပြန်မလုပ်ပေးရင် နေလို့ကောင်းမှာမဟုတ်ဘူး…”

“ အဲ့တာဆို ဘယ်လို ကျေးဇူးတင်မှာ….”

“ ငါက အိမ်ထောင်ပြုပြီး ကလေးယူဖို့ အစီအစဉ်လည်း မရှိဘူးဆိုတော့ နင်ကလေးတွေရှိလာခဲ့ရင် ငါကူထိန်းပေးမယ်လေ…ပြီးတော့ ဒီလာပြီး သန့်ရှင်းရေးတွေလည်း လုပ်ပေးမယ်… နင်တစ်ခုခု လိုအပ်ရင်လည်း ပြောပေါ့… ငါစွမ်းနိုင်တဲ့ အတိုင်းအတာထဲရှိရင် ကူညီပေးဖို့ ဝန်မလေးပါဘူးဟယ်….”

“ ကျုပ်က ဒါရိုက်တာလီကို ဘာလို့အဲ့လိုအလုပ်တွေ လုပ်ခိုင်းရက်မှာ…. “ လင်းရီ ပြုံးလိုက်ပြီး “ နောက်မှ ဆက်ပြောကြတာပေါ့…”

“ အင်း နင်ကလည်း အပြင်ရောက်တာတောင် ဒါရိုက်တာလီလို့ ခေါ်နေတုန်းပဲလား… အရမ်း သူစိမ်းဆန်လိုက်တာဟယ်… ချူးဟန်လို့ပဲခေါ်…”

“ ကောင်းပြီလေ… ဒါဆိုလည်း ချူးဟန်ပေါ့…” လင်းရီ သူ့မျက်စိထဲ ကန့်လန့်ဖြစ်နေသည့် လီချူးဟန်၏ ဆံစများကို နောက်သို့ သပ်ပေးရင်း ပြောလိုက်၏။

နေ့လည်ခင်းတွင်တော့ နှစ်ယောက်သား ကျိုးကျုံးဗီလာ၌သာ နေ့လည်စာ စားလိုက်ကြပြီး လီချူးဟန် သူမအိမ်သို့ ပြန်သွားခဲ့‌လေသည်။

နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ ထုံးစံအတိုင်း အလုပ်သို့ ရောက်ရှိလာခဲ့၏။

ဌာနသို့ ရောက်လျှင်ရောက်ချင်း သူ ချောင်ရှင်း၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရလေသည်။

“ ဒါရိုက်တာလီ… ရှင် မိတ်ကပ်တွေ လိမ်းထားတာလား…”

“ ရှင်းရှင်း....နင် ဘာတွေလျှောက်ပြောနေတာ… ငါဘယ်နားက မိတ်ကပ်လိမ်းထားလို့လဲ…” လီချူးဟန် ရှက်ရွံ့စွာဖြင့် ငြင်းဆန်လိုက်၏။

“ ရှက်စရာမလိုပါဘူး ဒါရိုက်တာလီ ရှင်လိမ်းခဲ့တာ သေချာပါတယ်…” ချောင်ရှင်း ပြောလိုက်ပြီး “ ဒီနှုတ်ခမ်းနီအရောင်က…..... Givenchy ကပဲ ဖြစ်ရမယ်… ဖျော့တယ်ဆိုပေမယ့် ဟော့ဒီက ပြောနိုင်ပါသေးတယ်နော်….”

လင်းရီလည်း လီချူးဟန်ကို ကြည့်လိုက်၏။ သူမ တကယ်ကြီး မိတ်ကပ်ပါးပါးလေး ပုတ်ခဲ့သည့်ပုံပင်။

ကိုနန်ဖန်ဂဲဆိုသည့်အတိုင်း ထိုမျှအသေးအမွှားလေးကိုပင် သတိပြုမိသည့် ချောင်ရှင်း၏ အမြင်ကို လင်းရီ တိတ်တဆိတ် လေးစားသွားခဲ့ရ၏။

“ ရှင်းရှင်း.. နင် ဆက်မပြောနဲ့တော့… တော်ကြာ ဒါရိုက်တာလီ အရှက်သည်းသွားပြီး ငါတို့ကို အဝေးပို့နေဦးမယ်…” ယွမ်စီးချီမှ ပြောလိုက်၏။

“ ခစ်ခစ်… အဲ့တာဆိုလည်း မပြောတော့ပါဘူးဟယ်… အမျိုးသမီးတွေ မိတ်ကပ်ပြင်တယ်ဆိုတာက သူတို့ချစ်ရသူတွေ အတွက်ပဲ မဟုတ်လား….”

“ ကြည့်ရတာတော့ ဖဲပြားမတော်တဆဖြစ်ရပ်လေးက ဒါရိုက်တာလီအပေါ် အကြီးကြီး သက်ရောက်သွားတယ်နဲ့ တူတယ်…. အရင်တုန်းက ဒါရိုက်တာလီဆို မိတ်ကပ်တွေ လိမ်းလေ့လိမ်းထ မရှိပါဘူး..….”

“ဟဲ့ ဟဲ့.... တော်လိုက်တော့ … နင်ဆက်ပြောနေမှပဲ ငါတို့ တကယ်ကြီး အပို့ခံရတော့မယ်….”

လီချူးဟန် မျက်နှာကို တည်တံလိုက်ကာ သူမ၏ ဆံပင်များကို နား အနောက်သို့ သပ်ရင်း” ငါ့ကို လာစနေတယ်ပေါ့လေ… နင်တို့ နှစ်ယောက်လုံးရဲ့ ဒီလ အလုပ်ဆင်းတဲ့မှတ်ချက်က အဆင့် D ပဲ…”

“ အာ….”

ချောင်ရှင်းနှင့် ယွမ်စီးချီတို့ အော်ငိုချင်မိသွားခဲ့၏။

“အစ်ကိုရီ ညီမတို့ကို ကူပြောပေးပါလားဟင်… တကယ်လို့ ညီမတို့သာ D ရလို့ကတော့ ဒီလ ခေါက်ဆွဲပြုတ်လေးတောင် နှပ်မှန်မှာ မဟုတ်တော့ဘူး…”ချောင်ရှင်း ပြောလိုက်၏။

“ ဒါရိုက်တာလီက D ပေးပြီးမှတော့ ငါလည်း ဘာပြောနိုင်တော့မှာ… “ လင်းရီ ပြောလိုက်ပြီး “ ဒီလိုလုပ်… နင်တို့ အလျော့ခံလိုက်ရတဲ့ ငွေပမာဏကိုပြောလေ… ငါ လစာထုတ်ရင် အစားပြန်ပေးမယ်….”

“ တကယ်….”

“ ဒါပေါ့…. ဒီတိုင်း လေးငါးထောင်လေးပဲကို…”

“ တော်လောက်ပြီ… နင်တို့ ဘာလို့ ကိစ္စတွေကို ခက်ခဲအောင် လုပ်နေကြတာ…” လီချူးဟန်ပြောလိုက်ပြီး “ ငါ A ပြန်ချိန်းပေးလိုက်မယ်…”

"ကျွတ် ကျွတ် ကျွတ် ...ကြည့်ကြည့်....ဒါရိုက်တာလီက အစ်ကိုရီ ပိုက်ဆံကို အထိမခံနိုင်တာပဲနော်...."

"ရှင်းရှင်း... နင်ကလည်း ထားလိုက်စမ်းပါအေ... အဲ့လောက် ပိုက်ဆံလေးနဲ့ ဘာလို့ ဒါရိုက်တာလင်းကို အပူသွားပေးနေတာ...."

"သိပါတယ်ဟဲ့ နင်ကလည်း... ငါ့ဘာငါ ပျော်လို့ လျှောက်ပြောနေတာ...."

ချောင်ရှင်း ပြောလိုက်ပြီး "ဒါပေမယ့် နှမြောဖို့ ကောင်းတာက နောက်ဆို အစ်ကိုရီကျွေးတဲ့ ငှက်ပျောသီးတွေ စားလို့မရတော့ဘူး...."

"စဉ်းတောင် မစဉ်းစားနဲ့... "ယွမ်စီးချီ ပြောလိုက်ပြီး "ခုကစပြီးတော့ ဒါရိုက်တာလင်းရဲ့ ငှက်ပျောသီးက ဒါရိုက်တာလီ အတွက်ပဲ...."

လင်းရီ သတိမမူမိပဲ လီချူးဟန်ကို ကြည့်လိုက်၏။

သူမ၏ နှုတ်ခမ်းအစုံမှာ နှုတ်ခမ်းနီကြောင့် နှင်းဆီနီကဲ့သို့ နီဆွေးနေပြီး ထိုနှုတ်ခမ်းလေးဖြင့် ငှက်ပျောသီးစားသည့် မြင်ကွင်းကိုတောင် မြင်ယောင်ကြည့်မိသွား၏။

လီချူးဟန်လည်း လင်းရီကို ကြည့်လိုက်ရင်း 'ဒီကောင် ငါ့ကို တကယ်ကြီး ငှက်ပျောသီး ကျွေးမလို့ ကြံနေတာလား....'

လီချူးဟန် ချောင်ရှင်း၏ ပေါက်တတ်ကရများကို နားမထောင်ချင်သောကြောင် လူနာများကို လိုက်စစ်ဆေးလိုက်သည်။

အဓိက အမျိုးသမီး ဇာတ်ကောင် ထွက်ခွာသွားပြီးနောက် ဌာနမှာ တစ်ဖန် တိတ်ဆိတ်သွားပြီး အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်ကြလေသည်။

ကလင် ကလင်...

ထိုအခိုက်အတန့်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ သူ တွေးထင်ထားခဲ့သည်မှာ နေ့လည် ရေနွေးသောက် မေ့မှာစိုး၍ သတိပေးသည့် ကျောက်ချီ ဖြစ်မည်ဟု ခန့်မှန်းထားသော်လာ်း မျှော်လင့်မထားစွာဖြင့် အမည်မသိ နံပါတ်တစ်ခု ဖြစ်နေလေသည်။

"ဟယ်လို ဒါရိုက်တာလင်း... ကျုပ် ဒါရိုက်တာ မြောင်ကော်ဖုန်းပါ...."

"ဟမ်......"

လင်းရီ စက္ကန့်အနည်းငယ်ခန့်မျှ စဉ်းစားမရ ဖြစ်သွားခဲ့၏။ မြောင်ကော်ဖုန်းမှ ဖုန်းဆက်လာလိမ့်မည်လို့ သူ ထင်မှတ်မထားခဲ့ချေ။

"ဘာကိစ်စလဲ....."

"ကျုပ်အခု မစ္စတာလင်းနဲ့ စကားပြောချင်လို့ ရုံးခန်းထဲ လာခဲ့ပေးလို့ အဆင်ပြေမလား ဆာ.... "

"ဆာ......"

မြောင်ကော်ဖုန်း၏ ရိုသေစွာ သုံးနှုန်းလိုက်သည့် အပြုအမူက လင်းရီကို ကြက်သေသေသွားစေခဲ့၏။

လီချူးဟန်ကိုပင် ထိုသို့ မခေါ်ခဲ့ဖူးပေ။ ရာထူးကြီးမားပြီး ဂုဏ်သရေရှိ ဆရာ၀န်တစ်ယောက်အနေဖြင့် ထိုသို့ ခေါ်ဆိုလိုက်သည်က အတော်လေး ယဉ်ကျေးလွန်းရာ ရောက်၏။

"ကောင်းပြီလေ.. ကျုပ်အခု လာခဲ့လိုက်မယ်...."

"ကောင်းပါပြီ ကျုပ် ရုံးခန်းထဲမှာ စောင့်နေပါ့မယ်....."

ဖုန်းချပြီးနောက် လင်းရီ လက်များကို အိတ်ကပ်ထဲတွင်ထည့်ကာ မြောင်ကော်ဖုန်း၏ ရုံးခန်းထဲသို့ ဦးတည်လာခဲ့၏။

ဌာနထဲတွင်တော့ အရာအားလုံးက ဆိတ်သုဉ်းနေလေသည်။ ယခုလို ဖြစ်ပျက်လာလိမ့်မည်လို့ ၀မ်ဇီရီ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။

ယခုတော့ သူ လင်းရီနှင့် ယှဉ်တိုက်ခိုက်နိုင်တော့မည် မဟုတ်ကြောင်း သေချာနေလေပြီ။

သို့သော်လည်း ယခုတိုင် သူစဉ်းစားမရသည့် ပြဿနာတစ်ရပ်ငလည်း ရှိသေး၏။

လင်းရီမှာ ကျိကျိတက် ချမ်းသာပြီး ဖြစ်နေပါက အဘယ်ကြောင့် ဆေးရုံတွင် ဆရာ၀န် လာလုပ်ရပါသနည်း။

အိုင်ဒေါဒရာမာထဲက ကဲ့သို့ အိပ်မက်နောက်ကို လိုက်သည့် သူဌေးသားလေးလော။

ထိုသို့ ဆိုပါက အနည်းငယ် ရယ်ရွှင်ဖို့ ကောင်းနေချေပြီ။

၀မ်ဇီရီ သူ၏ ဘောပင်ကို ဒေါသထွက်စွာ လည်ရင်း ယခု အနေအထားဖြင့် သူ့ဘက်မှ အခွင့်အရေးမရှိသည်ကို သူနားလည်ပေသည်။ သို့သော်လည်း သူ့ထံတွင် မျှော်လင့်ချက် ရေးရေးလေးတော့ ကျန်နေသေး၏။

သူ့မိသားစု နောက်ခံကို အသုံးပြ၍ လင်းရီကို ဆေးရုံမှ အလုပ်ထုတ်၍ ရလေသည်။ ယခု နည်းလမ်းဖြင့် ဆိုပါက သူ့ဘက်မှ ပို၍ အားသာလာပေလိမ့်မည်။

ထိုအကြောင်း စဉ်းစားရင်း ၀မ်ဇီရီ မတ်တပ်ရပ်ကာ သွမ်ရုန်ချွမ်း၏ ရုံးခန်းထဲသို့ ဦးတည်လိုက်၏။

သွမ့်ရုံချွမ်းမှာ ယခုရာထူး ရရှိထားခြင်းမှာ သူ့အဖေကြောင့် ဖြစ်၏။ ယခု ကျောက်ကျန်းဝေမှာ လည်း အဖမ်းခံရပြီး ဖြစ်သောကြောင့် သူနှင့် စကားပြောဖို့ အချိန်ကောင်းပင်။

သွမ့်ရုံချွမ်း၏ ရုံးခန်းရှေ့သို့ ရောက်သောအခါ ၀မ်ဇီရီ တံခါးတွန်းဖွင့်လိုက်၏။ သို့သော်လည်း မည်သူမျှ ရှိမနေခဲ့ချေ။ သို့နှင့် စီမံရေးရာဌာနကို သွား၍ မေးမြန်းလိုက်၏။

"ဒါရိုက်တာသွမ့် ဘယ်သွားလဲဆိုတာ ခင်များ သိလား...."

"အမ်....ကျုပ်ထင် ဒါရိုက်တာမြောင် ရုံးခန်းဘက် ထွက်သွားတယ် ထင်တာပဲ....”

All Chapters