လင်းရီနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်
Vol. 32 Ch. 468
လင်းရီ တံခါးတွန်းဖွင့်၍ မြောင်ကော်ဖုန်း၏ ရုံးခန်းထဲသို့ ၀င်လာခဲ့သည်။
ပြင်းထန်သည့် လက်ဖက်မွှေးရနံ့ကို လင်းရီ ရုံးခန်းအပြင်ဘက်မှ ရရှိနေလေသည်။ လင်းရီ မြောင်ကော်ဖုန်း၏ ရုံခန်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး ရုံးခန်းမှာလည်း လွန်စွာ ကြီးမားကျယ်၀န်းလှကာ နှလုံးအထူးကု ဌာန၏ နှစ်ဆလောက် ကျယ်၀န်းလေသည်။ ထို့ပြင် အပြင်အဆင်များ အားလုံးကလည်း အံ၀င်ခွင်ကျဖြစ်အောင်ပြုလုပ်ထားပြီး ရှေးခေတ် ကိုလိုနီများစတိုင် ပြင်ဆင်ထားလေသည်။
သို့သော်လည်း လင်းရီကို အံ့အားသင့်သွားစေသည်ကတော့ မြော်ကော်ဖုန်းအပြင် သွမ့်ရုန်ချွမ်းလည်း ရုံးခန်းထဲ၌ ရောက်ရှိနေခြင်းကိုပင်။
"ဒေါက်တာလင်း.. ရောက်လာပြီလား... လာ လာ... ထိုင်ပါဦး... ကျုပ် ရေနွေးကြမ်း ငဲ့ထားပေးတယ်...."မြော်ကော်ဖုန်း အပြုံးလေးဖြင့် ဆီးကြိုလိုက်၏။
"ဒါရိုက်တာမြောင်... ကျုပ်က ဒီတိုင်း လက်ထောက် ဒါရိုက်တာ အဆင့်လေးပဲရှိတာ.... ခင်များရဲ့ အပြုအမူက အတော်လေး စိတ်မသက်မသာ ဖြစ်စေတယ်နော...."
ယခုတိုင် လင်းရီ အဘယ်ကြောင့် မြော်ကော်ဖုန်း၏ ပြူမူဆက်ဆံသည့်ပုံစံ ပြောင်းလဲသွားလဲဆိုတာကို စဉ်းစားမရဖြစ်နေလေသည်။
သို့သော်လည်း တစ်ခုခု မှားနေမှန်းတော့ သူတပ်အပ်သိ၏။ ကိစ္စ တစ်ခုခု ရှိနေပြီး ထိုကိစ္စမှာလည်း သေချာပေါက် သေးလိမ့်မည် မဟုတ်ပေ။
"မသက်မသာ ဖြစ်စရာ မလိုပါဘူး... .. ကျုပ်တို့က ဒီတိုင်း ရေနွေးကြမ်းသောက်ရင်း စကားလေးလည်း ပြောရင်းပေါ့...."
"ဟုတ်တယ် ဟုတ်တယ်... ဒီတိုင်း စကားပြောရုံသပ်သပ်ပဲ...."သွမ့်ရုံချွမ်းလည်း အပြုံးလေးဖြင့် ထောက်ခံလိုက်၏။
"ဒါရိုက်တာတို့ နှစ်ယောက် ပြောစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလေ... ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး....."
မြောင်ကော်ဖုန်း သူ့ကို အပြုံးလေးဖြင့် နှုတ်ဆက်သည်က အကြောင်းရှိလို့ ဆိုတာကတော့ လင်းရီ ရိပ်မိ၏။ သို့သော်လည်း သွမ့်ရုံချွမ်းကပါ ထိုသို့ ပြုမူလာချိန်တွင် လင်းရီ ရှုပ်ထွေးသွားခဲ့ရလေသည်။
ယင်းကလည်း ရန်ကွမ်းရှ၏ ခွဲစိတ်မှုနှင့် စပ်လျဉ်း၍ လင်းရီ သွမ့်ရုံချွမ်းကို အရှက်ခွဲထားခဲ့သောကြောင့်ဖြစ်ပြီး လောဂျစ်ကျကျ ပြောရမည်ဆိုပါက သူ လင်းရီကို အကြီးကြီး မုန်းတီးနေသင့်၏။
မြောင်ကော်ဖုန်းနှင့် သွမ့်ရုံချွမ်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး "အဘိုးကြီးမြောင်... မင်းပဲ ပြောလိုက်တော့ကွာ...."
မြောင်ကော်ဖုန်း ခေါင်းညိမ့်လိုက်ပြီး လင်းရီကို ကြည့်ကာ "ဒါရိုက်တာလင်း ခင်များလည်း ခု လိုက်စုံစမ်းစစ်ဆေးနေတဲ့ အကြောင်းကို သိပြီးလောက်ရောပေါ့...."
"ကျုပ်က နည်းနည်းလေးပဲ သိတာ.... "လင်းရီ ပြောလိုက်သည်။ ယခု လင်းရီ မြောင်ကော်ဖုန်း အဘယ်ကြောင့် သူ့ကို တွေ့ချင်နေလဲဆိုတာ နားလည်သွားပြီ ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ထိုအမည်စာရင်း စာအုပ်ကြောင့်ပင်။
"ဘာလို့လဲ....ကျုပ် အကူအညီ လိုလို့လား..."
နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ကြပြီး ယခု အခြေအနေရောက်နေမှတော့ မြောင်ကော်ဖုန်းတို့လည်း ဝေ့ဝိုက်မနေတော့ချေ။
"ဒါရိုက်တာလင်း... ကောင်းမှုတစ်ခု ပြုတယ်လို့ သဘောထားပြီး ကျုပ်တို့ကို တစ်ခါလောက် ကူညီပေးလို့ရမလား...."မြောင်ကော်ဖုန်း ပြောလိုက်ပြီး "ကျုပ်တို့ရဲ့ အပြစ်တွေက တကယ့် ပါမွှားလေးတွေဆိုတာ အာမခံရဲပါတယ်...."
"အဲ့တာတော့ ကျုပ်လည်း မသိဘူး...."
လင်းရီ အမှန်ကို ပြောနေခြင်းဖြစ်၏။ သူ၏ နေရာကို သူနားလည်ပေသည်။ လင်းရီမှာ စီးပွားရေးသမား တစ်ယောက်သာ ဖြစ်ပြီး ထိုကိစ္စများကြားထဲတွင် ၀င်မစွက်ဖက်ချင်ပေ။
ထို့ကြောင့် ယခု တောင်းဆိုမှုကြီးက သူ့ကို ခက်ခဲအောင် ပြုလုပ်နေသည်ဟု ဆို၍ ရ၏။
"ကျုပ်တို့မှာ ရွေးချယ်စရာ မရှိတော့ဘူးပဲ..."မြောင်ကော်ဖုန်း သက်ပြင်း ချလိုက်ပြီးနောက် သွမ့်ရုန်ချွမ်းကော သူကော ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
"ဟာ... ဒါရိုက်တာတို့ ဒါဘာလဲ လုပ်တာ .... ထထ .... "
"ဒေါက်တာလင်း.... ခင်များက မြို့တော်၀န်လျန်နဲ့ အရမ်းရင်းနှီးတယ်ဆိုတာ ကျုပ်တို့သိတယ်.... ကျေးဇူးပြုပြီး ကူပြောပေးပါလားဗျာ....ကျုပ်တို့ တောင်းဆိုပါတယ်......"
"ဒီလိုဆိုရင်ကော ... ကျုပ် ခင်များတို့ကို နှစ်နှစ်လောက် အေးဆေး နေနိုင်အောင်လို့ ကူညီပေးမယ်... ဒါပေမယ့် အခြေအနေတွေက အရမ်းပြင်းထန်နေတော့ ကျုပ်လည်း ဒီလောက်ပဲ တတ်နိုင်မှာ...."
"တကယ် ... ကျေးဇူးတင်လိုက်တာ ဒါရိုက်တာ လင်းရာ..."
သူတိူ့နှစ်ယောက်မှာ မကြာခင် ပင်စင်ယူတော့မည် ဖြစ်သောကြောင့် အလုပ်ဆက်လုပ်ရခြင်း ရှိမရှိက သူတို့အတွက် အရေးမပါတော့ချေ။ အဖမ်းမခံရသရွေ့တော့ အားလုံး အဆင်ပြေ၏။
"ထလိုက်တော့...ကျုပ်ကို ကျေးဇူးလည်း မတင်နဲ့... ခင်များတို့အမှုက သိပ်မကြီးတာကြောင့်လည်း ပါတယ်...."
"ဟုတ် ဟုတ်.... ဘာပဲ ဆိုဆို ဒါရိုက်တာလင်းကြောင့်လို့ ပြောရင်လည်း မမှားပါဘူး..."
"ရေနွေးကြမ်းတွေတောင် အေးကုန်တော့မယ် .. သောက်ပါဦးလား ဒါရိုက်တာလင်း..."
"ရပြီ... ခင်များတို့ ပြောချင်တာ ဒါပဲမလား... အဲ့လိုဆို ကျုပ်ပြန်တော့မယ်...."
"ဟုတ်ကဲ့ မစ္စတာလင်း.... ဖြည်းဖြည်းသွားပါခင်ဗျ...."
လင်းရီ ခေါင်းညိမ့်ပြီးနောက် လှည့်ထွက်လာခဲ့လိုက်၏။ လင်းရီကတော့ ထိုကိစ္စထဲ အများကြီး ၀င်မစွက်ဖက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ထိုနှစ်ယောက် ဘာဖြစ်မလဲဆိုတာကိုတော့ သူလည်း ထွေထူး ခေါင်းထဲထည့်နေလိမ့်မည် မဟုတ်ချေ။
လင်းရီ ထွက်သွားပြီးနောက် မကြာမီ ၀မ်ဇီရီ မြောင်ကော်ဖုန်း ရုံးခန်းရှေ့သို့ ရောက်လာပြီး တံခါး ခေါက်လိုက်၏။
ရုံးခန်းထဲတွင် အပြင်ဘက်ရှိ တံခါးခေါက်တံကို ကြားတော့ မြောင်ကော်ဖုန်းနှင့် သွမ့်ရုံချွမ်းတို့ အလျင်အမြန် မတ်တပ်ရပ်ပြီး နက်ခ်တိုင်များကို ပြန်တင်းကာ သူတို့၏ ကိုယ်ဟန်ကို ပြန်ပြင်လိုက်၏။ ၎င်းတို့၏ မူမမှန်သည့် ပုံစံကို အခြားသူများ မြင်သွား၍ မဖြစ်ပေ။
တံခါးရှေ့၌ ရောက်နေသူမှာ လင်းရီ မဟုတ်ကြောင်း သူတိူ့ သိလေသည်။ ထိုငနဲမှာ ဘယ်တုန်းကမှ တံခါးခေါက်တတ်သည့် အကျင့်မရှိချေ။
"၀င်ခဲ့..."
နှစ်ယောက်သား ဆိုဖာပေါ်တွင် မိန့်မိန့်ကြီး ထိုင်နေကြသည်။
ချလပ်
တံခါးပွင့်သွားခဲ့ပြီး ၀မ်ဇီရီ အထဲသို့ ၀င်လာခဲ့၏။
၀မ်ဇီရီ၏ ဖခင်မှာ ဗဟို ဆေးဝါးကွပ်ပဲရေးဌာန၏ ဒါရိုက်တာတစ်ဦးဖြစ်သောကြောင့် ပုံမှန်ဆိုပါက သူတို့ ၀မ်ဇီရီကို မြင်လျှင် အပြုံးလေးဖြင့် ကြိုဆိုနှုတ်ဆက်ပေလိမ့်မည်။
သို့သော်လည်း ယခု အခြေအနေတွင်တော့ ၀မ်ဇီရီ၏ ဖခင်ကိုယ်တိုင်ကပင် သူ့ကိုယ်သူ မကာကွယ်နိုင်လေရာ သွမ့်ရုန်ချွမ်းတို့လည်း သိပ်ခေါင်းစားခံမနေတော့ချေ။
"အန်ကယ်မြောင် ... အန်ကယ်သွမ့်... ကျုပ်တို့ ဌာနထဲမှာ ထင်မှတ်မထားတဲ့ ကိစ္စကြီးတစ်ခုကို ကျုပ်ရှာတွေ့ထားလို့ အဲ့တာ အန်ကယ်တို့ကို လာပြောပြတာ.... "၀မ်ဇီရီ အပြုံးလေးဖြင့်
ပြောလိုက်ပြီး
"ဒါနဲ့ ဒီလက်ဖက်ခြောက်က အရမ်းကောင်းတာပဲနော်... သဟုန်ပေါင်းတံဆိပ်ထင်တယ်... ကျုပ် အဖေမှာတောင် နည်းနည်းကျန်သေးတယ်... အိမ်ပြန်ရောက်မှပဲ ဦးလေးတို့ကို လက်ဆောင် ပြန်ထည့်ပေးလိုက်တော့မယ်...."
"မလိုဘူး မလိုဘူး..."သွမ့်ရုန်ချွမ်း အလျင်အမြန် ငြင်းဆန်လိုက်ပြီး "ရှောင်၀မ်.. မင်းပြောစရာ ရှိရင် ပြောချလိုက်... ငါနဲ့ ဒါရိုက်တာမြောင်က ဆွေးနွေးစရာ ရှိသေးတယ်..."
နှစ်ယောက်သား ပြောစရာ ကိစ္စရှိသည်ကို မြင်တော့ ၀မ်ဇီရီ အချိန်ဖြုန်းမနေတော့ပဲ လိုရာကို တန်းသွားလိုက်၏။
"ကျုပ် အန်ကယ်တို့ နှစ်ယောက်ကို ပြောစရာရှိတယ်.... "
"ဘာများတုန်းကွ...."
"ကျုပ်တို့ ဌာနရဲ့ ယာယီ လက်ထောက် ဒါရိုက်တာ လင်းရီရဲ့ ကိုယ်ကျင့်စရိုက်နဲ့ ပတ်သက်ပြီးတော့ ချွတ်ယွင်းချက် အကြီးကြီး ရှိနေတယ်...."၀မ်ဇီရီ တည်တံ့စွာ ပြောလိုက်ပြီး
"အန်ကယ်တို့ နှစ်ယောက် ပြင်းပြင်းထန်ထန် အရေးယူပြီးတော့ သူ့လို ငါးခုံးမကို ဟွာရှန်း ဆေးရုံကနေ နှင်ထုတ်ပစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....”