နှလုံးအထူးကု ဌာနက ပျက်စီးနေပြီ
Vol. 32 Ch. 469
"မင်း ဆိုလိုချင်တာ လင်းရီက တိတ်တိတ်လေး လာဘ်ပေးလာဘ်ယူ လုပ်နေတယ်ဆိုတဲ့ သဘောလား...."
"အမှန်ပါပဲ....."၀မ်ဇီရီ ပြောလိုက်ပြီး "ဒီလို အပြုအမူမျိုးက ကျုပ်တို့ ဟွာရှန်းဆေးရုံရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းစေတယ်.... ကျေးဇူးပြုပြီး အန်ကယ်တို့က စုံစမ်းစစ်ဆေးပေးပါ......"
ထိုအချိန်တွင် ၀မ်ဇီရီ ယုံကြည်ချက်အပြည့်ဖြင့် ပြုံးနေလေသည်။
သူ့ဖခင်နှင့် ရင်းနှီးပတ်သက်မှုများအရ အများကြီး ပြောပြစရာ မလိုဘဲ ဘာလုပ်ရမလဲဆိုတာ သိရှိပြီး ဖြစ်လောက်၏။
မည်သို့ပင်ဆိုစေ ထိုနှစ်ယောက်မှာ လင်းရီ၏ အထောက်အထားကို မသိရှိသေးပဲ သာမန် ခွဲစိတ်ဆရာ၀န်လေးအဖြစ်သာ မှတ်ယူနေပေလိမ့်မည်။
ထိုသို့ ဆိုပါက လင်းရီကို မောင်းထုတ်ဖို့ရာ လွယ်ကူသွားချေပြီ။
"ဒါရိုက်တာ၀မ်... ဒါရိုက်တာလင်းက ဒီလိုအမှုမျိုးကို ပြုတယ်ဆိုတာ သေချာလား...."မြောင်ကော်ဖုန်း အေးစက်စက် မေးမြန်းလိုက်၏။
သူတိူ့အားလုံး လင်းရီ မည်သူလဲဆိုတာကို သိရှိပြီး ဖြစ်၏။ လျန်ရူရွှယ်နှင့် ရင်းနှီးဆက်နွယ်မှုက်ု ထည့်မတွက်လျှင်တောင် လင်းရီမှာ ကျိုးဟိုင် နိုင်ငံတကာကားပြိုင်ပွဲကွင်း၏ ပိုင်ရှင်ဖြစ်လေသည်။
ထို့ကြောင့် သူ့မုန့်ဖိုးလောက်တောင် မရှိသည့် မစို့မပို့လေးကို မက်မောနေလိမ့်မည် မဟုတ်ကြောင်း ဦးနှောက်ပါသူတိုင်း စဉ်းစားတတ်ကြ၏။
"အမှန်ပဲ... ကျုပ်ရဲ့ စရိုက်နဲ့ အာမခံပြီးတော့ကို ပြောရဲတယ်.... ဒါရိုက်တာတို့... ကျေးဇူးပြုပြီး ဒီကိစ္စကို ပြင်းထန်စွာ ကိုင်တွယ်ပေးပါ...."
"မင်းမှာ သက်သေရှိလား....."
"သက်သေ....."
၀မ်ဇီရီ ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး
'ငါဒီလောက် စကားတွေ အများကြီး ပြောထားတာကို ဒီနှစ်ယောက်က ဘာလုပ်ရမလဲဆိုတာကို နားမလည်တာလားကွ.....'
ဒီအကြောင်းပြချက်က ယာယီ လက်ထောက် ဒါရိုက်တာလေးကို အလုပ်ဖြုတ်ဖို့ လုံလောက်နေပြီ မဟုတ်လား....'
"ကျုပ် သက်သေတွေ စုဆောင်းနေတုန်းပဲ.... မကြာခင် တွေ့တော့မှာ....."
ဘန်း....
မြောင်ကော်ဖုန်း စားပွဲကို ဒေါသတကြီး ရိုက်နှက်လိုက်ပြီး မတ်တပ်ရပ်ကာ "၀မ်ဇီရီ... ငါ့အထင်တော့ မင်း ဒါရိုက်တာလင်းကို ရည်ရွယ်ချက်ရှိရှိ စော်ကားနေတယ်လို့ ထင်တာပဲ... မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ....."
ယခု သူတို့ နှစ်ဦး၏ ကံကြမ္မာမှာ လင်းရီ လက်ထဲတွင် ရှိနေပြီး ဟွာရှန်းဆေးရုံရှိ မည်သူတစ်ဦးကမျှ လင်းရီကို မလေးမစား မပြုဝံ့ကြတော့ပေ။
'ဒီ၀မ်ဇီရီက လင်းရီကို အလုပ်ဖြုတ်စေချင်နေတယ်ပေါ့လေ.... ငါတို့ကို သေတွင်း အရောက်ပို့နေတာလားကွ....'
"ကျုပ်.... ကျုပ်....."
၀မ်ဇီရီ ချွေးအေးများ ထွက်လာခဲ့ပြီး ပြောစရာစကား ရှာမရဖြစ်နေခဲ့၏။။ သူ ဒေါသထွက်နေသည့် မြောင်ကော်ဖုန်းကို မည်သို့ ကိုင်တွယ်ရမှန်း မသိချေ။
"အဘိုးကြီးမြောင်... မင်း စိတ်လျော့ဦး...."
သွမ့်ရုန်ချွမ်း ပြောလိုက်သည်။
ထိုအခါ ၀မ်ဇီရီ စိတ်သက်သာရာ ရစွာဖြင့် တိုးညင်းစွာ သက်ပြင်းချလိုက်၏။ သူ၏ဖခင်မှာ ဒါရိုက်တာသွမ့်နှင့် ကောင်းမွန်သည့် ပတ်သက်ဆက်နွယ်မှုတို့ ရှိသောကြောင့် သူ့ကို မျက်နှာသာပေးမည်မှာ အသေအချာပင်။
"ဇီရီ...."သွမ့်ရုန်ချွမ်း ခေါ်လိုက်၏။
"ဗျာ.... ဒါရိုက်တာသွမ့်....."၀မ်ဇီရီ အပြုံးလေးဖြင့် ပြန်ထူးလိုက်၏။
"မင်းရဲ့ လက်ရှိအရည်အချင်းနဲ့ဆိုရင် ငါတို့ဟွာရှန်းဆေးရုံရဲ့ ဒါရိုက်တာဖြစ်ဖို့ အဆင့်မမှီဘူးကွာ... မင်း အထုပ်အပိုးတွေ ပြင်ပြီး လစ်လိုက်တော့...."
"ခင်ဗျာ........"
၀မ်ဇီရီ မျက်လုံးများ ပြူးကြောင်သွားခဲ့ပြီး ထင်ယောင်ထင်မှား ဖြစ်နေသည်လောဟုတောင် ခံစားသွားရတော့၏။
ဒါရိုက်တာသွမ်နှင့် သူ့ဖခင်မှာ ရင်းနှီးသည့် ဆက်ဆံရေးတို့ရှိပြီး လက်ရှိ ရာထူးကို ရယူနိုင်ခဲ့သည်မှာလည်း သူ့ဖခင်၏ ကျေးဇူးတို့ကြောင့်ပင်။
သို့သော်လည်း သူ့ဘက်မှ မထောက်ခံပေးသည့် အပြင် သူ့ကိုပါ အလုပ်ဖြုတ်လိုက်၏။
'ဘာတွေတုန်းဟ... သူ ဘာတွေ လုပ်ချင်နေတာလဲ....'
"ဒါ... ဒါရိုက်တာသွမ့်.... ခ.. ခင်များ ကျုပ်ကို အလုပ်ဖြုတ်ချင်တယ်ဆိုတာ သေချာပြီလား..."
"သေချာတယ်... မင်းအခု ထွက်သွားလိုက်တော့...."
သွမ့်ရုန်ချွမ်း လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်း လိုက်ပြီး "ငါ ဒါရိုက်တာမြောင်နဲ့ တခြား ပြောစရာတွေ ရှိသေးတယ်.... မင်းအခု ထွက်သွားလိုက်တော့....."
"ဒါပေမယ့် ကျွန်တော့်အဖေက ........"
"ဒါ မင်းအဖေနဲ့ ဘာဆိုင်လို့လဲ...."သွမ့်ရုန်ချွမ်း အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး "ဒါဆေးရုံ.... မင်းထင်နေတာ ... သူ ငါတို့ကို ထိန်းချုပ်လို့ရမယ်များ ထင်နေတာလား...."
"မ .. မဟုတ် ...... ကျွန်တော်ပြောချင်တာက ဒါပေမယ့်......"
"ဒါပေမယ့် ဆိုတာ မရှိဘူး.... မြန်မြန် လစ်လိုက်တော့... ခုကစပြီး ဟွာရှန်းဆေးရုံမှာ မင်းကို ထပ်မတွေ့ရစေနဲ့...."
"ကျ .... ကျွန်တော်..... ကျွန်တော် နားလည်ပါပြီ......."
၀မ်ဇီရီ ရုံးခန်းထဲမှ ဇွန်ဘီအသွင်ဖြင့် လမ်းလျှောက်ထွက်သွားခဲ့တော့၏။
ယခုလေးတင် ဖြစ်သွားခဲ့သည်များကို သူယခုတိုင် မယုံကြည်နိုင်သေးချေ။
သူဤနေရာသို့ ရောက်လာသည်မှာ လင်းရီကို အလုပ်ထုတ်ချင်၍ ဖြစ်၏။ ထင်မှတ်မထားစွာဖြင့် သူကသာလျှင် အလုပ်ဖြုတ်ခံရသူ ဖြစ်သွားလေသည်။
သူတို့က ဘာလို့ လင်းရီကို ကာကွယ်ပေးနေကြတာလဲ....
လင်းရီရဲ့ အထောက်အထားကို သိသွားကြလို့များလား....
၀မ်ဇီရီဆက်လက် မတွေးတော့ဝံ့ချေ။ အဘယ်ကြောင့်ဆိုသော် ယင်းက ဖြစ်နိုင်ချေများသောကြောင့်ပင်။
ထိုအကြောင်းတွေးမိသောအခါ ၀မ်ဇီရီ သူ့ပါးသူ ပြန်ရိုက်လိုက်၏။
အကယ်၍ သူသာ စောသိခဲ့ပါက သွမ့်ရုန်ချွမ်းကို လာရှာလိမ့်မယ် မဟုတ်ချေ။
၀မ်ဇီရီ ဌာနသို့ တွေဝေမှိုင်တိုင်စွာဖြင့် ပြန်ရောက်လာရင်း သူအလုပ်ထုတ်ခံရသည့် အကြောင်းပြချက်ကို မည်သို့ ပေးရမလဲဆိုတာ စဉ်းစားနေခဲ့၏။
အလုပ်ထုတ်ခံလိုက်ရသည် ဆိုတာက အင်မတန် ရှက်ဖို့ ကောင်းလွန်းလှသည်။ သူ၏ သိက္ခာကို ပြန်ဆယ်ရန် အကြောင်းပြချက်ကောင်းကောင်းတော့ ပေးရပေမည်။
ဌာနထဲတွင်တော့ လင်းရီနှင့် လီချူးဟန်တို့ ခွဲစိတ်မှုပြုမည့် ကိစ္စများကို အတူဆွေးနွေး တိုင်ပင် နေခဲ့ကြ၏။
၎င်းကိုမြင်တော့ ၀မ်ဇီပီ ပို၍ပင် ၀မ်းနည်းသလို ခံစားလိုက်ရပြီး လီချူးဟန်နှင့် ထိုသို့ ဆွေးနွေးစကားပြောချင်သည်မှာ သူ၏ ယခင် ရည်မှန်းချက်များ ဖြစ်လေသည်။ ယခုတော့ မပြည့်၀နိုင်တော့သည့် ဆန္ဒများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့၏။
"ဒါရိုက်တာ၀မ်... ကျွန်မကြားခဲ့တာ ရှင် အလုပ်ထုတ်ခံလိုက်ရပြီဆို...."
"ဟင်... ဟမ်..."
၀မ်ဇီရီ စိတ်ဓာတ်ကျကျဖြင့် ဌာနရုံးခန်းထဲသို့ ၀င်ရောက်လာစဉ် ချောင်ရှင်းလည်း နောက်မှ ရောက်လာပြီး ထိုစကားလုံးများကိုပြောလိုက်သောအခါ ရူံးခန်းတစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး လူတိုင်း ၀မ်ဇီရီကို ပြိုင်တူ ကြည့်လိုက်ကြသည်။
ယခု သတင်းကြီးက ရုတ်တရက်ဆန်လွန်း၏။ ကိစ္စတွေက အဘယ်ကြောင့် ယခုလို ဖြစ်သွားလဲဆိုတာ သူတို့ ဖြေရှင်းချက် လိုချင်နေလေသည်။
"ရှင်းရှင်း... နင်ဘာတွေ ပြောနေတာ...."
လီချူးဟန် မျက်မှောင်ကြုတ်လိုက်၏။
အကယ်၍ တစ်ယောက်ယောက် အလုပ်ထုတ်ခံရသည်ဆိုလျှင် ဒါရိုက်တာဖြစ်သည့် သူမက အရင်သိသင့်သည့် မဟုတ်ပါလော။
ဒီကောင်မလေးက ဒီသတင်း ဘယ်လိုရလာလဲတဲ့....
"ကျွန်မ အစ်ကိုရီခိုင်းတာတွေ လုပ်ရင်း HR ကို ရောက်တော့ အဲ့သတင်း ကြားခဲ့တာပဲ... ဒါရိုက်တာချိန်ပြောပြတာ...."
ဌာနရုံးခန်းထဲရှိ လူတိုင်း စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ကြ၏။ ယခု ကိစ္စမှာ HR ဌာနမှ မြစ်ဖျားခံလာသည်ဟုဆိုရာ သတင်းမှား မဟုတ်လောက်ပေ။။
"အာ... ဒါက...."
၀မ်ဇီရီ၏ အမူအရာမှာ ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး မတ်တပ်ရပ်၍ "ရှင်းရှင်း မင်း နားကြားမှားခဲ့ပြီး ထင်တယ်... ငါ အလုပ်မထုတ်ခံရပါဘူးဟ.. လျှောက်မပြောစမ်းနဲ့..."
"ဒါရိုက်တာချိန် အဲ့လိုပြောတာ ကြားတာပဲ...."
"မှားနေပြီ.....တကယ်တော့ ကိုယ့်ဘာကိုယ် အလုပ်ထွက်လိုက်တာ ... ကျုပ်က ဆေးပညာကို ဆက်သင်ယူဖို့ အမေရိကား သွားတော့မှာမို့လို့လေ... "၀မ်ဇီရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး
" ခဏနေ ကျုပ်သူငယ်ချင်း လာကြိုတော့မှာ.....သူ ရောက်လာမှပဲ အားလုံးကို နှုတ်ဆက်မလို့ လုပ်နေတာ...."
"အဲ့လိုလား... ဂုဏ်ပြုပါတယ်နော်..."
"ဒါပေါ့... ကျုပ်လည်း ဘယ်တတ်နိုင်မှာ... ခင်များတို့ထင်နေတာ ကျုပ် အလုပ်ဖြုတ်ခံရတယ်လို့ ထင်နေတာလား...."
၀မ်ဇီရီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။ ကံကောင်းစွာဖြင့် အားလုံး လက်ခံနိုင်လောက်သည့် အကြောင်းပြချက်ကို စဉ်းစားနိုင်ခဲ့လေသည် ။ ထို့သို့ဖြင့် တခြားသူများ ပြောဆိုမည်ကို ကြောက်ရွံ့စရာမလိုပဲ ရဲရဲတင်းတင်းဖြင့် ထွက်သွား၍ ရ၏။
ထိုအချိန်တွင်ပဲ ယူနီဖောင်းနှင့် ရဲအရာရှိနှစ်ဦး အပြင်မှ ရောက်လာခဲ့ပြီး ၀မ်ဇီရီကိုကြည့်ကာ "မင်းက ၀မ်ရန်ရှင်းရဲ့သား ၀မ်ဇီရီလား..."
"ဟုတ်... ဟုတ်ပါတယ်...."
ရဲအရာရှိ နှစ်ဦးကို မြင်တော့ ဌာနထဲရှိ လူတိုင်း ၀မ်ဇီရီနည်းတူ ကြက်သေသေသွားကြသည်။
ဒီမှာ ဘာဖြစ်နေလို့ ဘာလို့ ရဲတွေ ရောက်ချလာတာလဲဟ....
"မင်း အဖေ၊ ၀မ်ရင်းရှင်းက အကျင့်ပျက်ချစားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲခံထားရတယ်... မင်းလည်း ငါတို့နဲ့ စခန်းလိုက်ခဲ့ပြီးတော့မှ လိုအပ်တာတွေ ကူညီပေးရမယ်...."
"ဗျာ.....ဒါ....."
ရဲအရာရှိ နှစ်ဦးမှာ ၀မ်ဇီရီကို စကားပြောရန်ပင်အခွင့်အရေး မပေးပဲ တစ်ခါတည်း လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားတော့၏။
"ဘာတွေ ဖြစ်နေတာ... ဒါရိုက်တာ၀မ်ပြောတော့ အမေရိကားကို ပညာတော်သင် သွားမှာဆို... ခု ကျတော့ ရဲတွေ ဖမ်းတာ ခံလိုက်ရတယ်တဲ့လား... ဘာလို့ ဇာတ်အလှည့်အပြောင်းက အရမ်းကို မြန်ဆန်နေပါလိမ့်...."
လင်းရီကတော့ အကြမ်းဖျင်း ခန့်မှန်းပြီး ဖြစ်၏။
လျန်ရူရွှယ်ဘက်မှ စတင်လှုပ်ရှားလာ ချေပြီ။ Pfizer နှင့် ဆွေးနွေးစဉ်အခါက ၀မ်ရန်ရှင်းမှာလည်း ဆေးနွေးညှိနှိုင်းသူများထဲမှ တစ်ဦးဖြစ်သောကြောင့် သေချာပေါက် ဟုန်ပေါင်းများ လက်ခံထားလောက်၏။
ယခု စတင်လှုပ်ရှားလာချိန်တွင်တော့ လျန်ရူရွှယ်မှ စံပြအနေဖြင့် ၀မ်ဇီရီ၏ ဖခင်ကို အရင် ဖမ်းဆီးပြ လိုက်သည်။ ယခုဆိုလျှင် ကျန်သူများလည်း ကြောက်ဒူး တုန်နေလောက်ချေပြီ။
"မင်းတို့ နားကြားမှားတာ... "လင်းရီ ပြောလိုက်ပြီး "သူပြောသွားတာက တစ်ဆင့်မြင့်တဲ့ ပညာရေးကို သွားလေ့လာတာ မဟုတ်ဘူး... ပြန်ပြီး ပြုပြင်ပြောင်းလဲဖို့... ဒါကြောင့်မလို့လည်း ရဲတွေ သူ့ကို လာဖမ်းခေါ်သွားတာ.... "
[TN- shen zao နဲ့ gai zao ဆိုတော့ အသံဆင်ပြီး နားကြားမှားသလိုမျိုးပါ..... ]
"ဒါရိုက်တာလင်း... ခုမှ ဘယ်နှစ်ရက်ရှိသေးလို့... ကျွန်မတို့ နှလုံးဌာနက ဒါရိုက်တာသုံးယောက် ဖမ်းခေါ်ခံသွားရတာတောင် ဘယ်လောက်မှ မကြာသေးဘူး... ခုလည်း နောက်တစ်ယောက် ပါသွားပြန်ပြီ... ကျွန်မတို့ ဌာနက အဲ့လောက်တောင် ပျက်စီးနေပြီလား.... "ယွမ်စီးချီမှ ပြောလိုက်၏။