အိပ်မက်တွေကြားထဲက အတားအဆီး
Vol. 32 Ch. 470
"ကဲ ကဲ ဒီကိစ္စကို ဆက်မပြောကြနဲ့တော့...."လီချူးဟန် ပြောလိုက်ပြီး "လူတိုင်းပဲ... ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြ..."
"နားလည်ပါပြီ ဒါရိုက်တာလီ...."
၀မ်ဇီရီကိစ္စ ဆွေးနွေးတာ ရပ်ဆိုင်းလိုက်ကြပြီး လူတိုင်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်လိုက်ကြတော့၏။ ၀မ်ဇီရီမှာ သူတိူ့ဘ၀ထဲ ခဏတာ လာသည့် ဧည့်သည် သပ်သပ်ပင်။
အဖမ်းခံလိုက်ရတော့လည်း အဖမ်းခံရတယ်ဟုသာ မှတ်ယူလိုက်ကြတော့၏။
"နင် နေ့လည်စာ ဘာစားချင်လဲ... ငါ အော်ဒါမှာလိုက်မယ်လေ..."နေ့လည် ရောက်တော့မည်ကို မြင်တော့ လီချူးဟန် တိုးတိုးလေး ပြောလိုက်၏။
လင်းရီ သူ့နာရီကို ကြည့်လိုက်ပြီး "ငါ ဒီနေ့လည် သွားစရာ ရှိသေးတယ်... ဌာနမှာ မစားတော့ဘူး.... နေ့လည်ပိုင်း အလုပ်တောင် ဆင်းဖြစ်ချင်မှ ဆင်းဖြစ်တော့မှာ...."
"အင်း အဲ့တာဆိုလည်း သွားလေ... ငါနင့်အလုပ်တွေ ကြည့်ထားပေးလိုက်မယ်...."
"အင်း...."
နှုတ်ဆက်ပြီးနောက် လင်းရီ အ၀တ်အစားလဲပြီး ကုမ္ပဏီကိစ္စများ ဆွေးနွေးရန် လင်းယွမ်အုပ်စုသို့ ဦးတည်လိုက်၏။
"မိနစ်နှစ်ဆယ်အတွင်း ကုမ္ပဏီဘေးက စီချွမ် စားသောက်ဆိုင်မှာ ဆုံမယ်... နင်တို့နှစ်ယောက် သီးသန့်ခန်း တစ်ခန်း ဘွတ်ကင်လုပ်ထားလိုက်ကြ....."
ဆေးရုံမှ ထွက်ခွာပြီးနောက် လင်းရီ ဟော်ယွမ်ယွမ်ကို ဖုန်းဆက်ပြီး ညွှန်ကြားလိုက်၏။
"အိုကေ... ပြဿနာမရှိဘူး..."
ကလင်....
လင်းရီ ဖုန်းချပြီးနောက် နောက်တစ်ကြိမ် ထပ်မံ၍ အသံမြည်လာပြန်သည်။
ယခုတစ်ကြိမ်တွင်တော့ ရှောင်ထျန်ထံမှပင်။
"နင်နေ့လည်ကျရင် ကျောင်းကို လာဦးမှာလား...."
"အင်း... မင်းက ဘယ်လိုလုပ်ပြီး သိသွားတာ...."
"ကျောင်းအုပ်ကျောက်ဆီကနေ ကြားခဲ့တာပေါ့ဟဲ့... "ရှောင်ထျန် ပြောလိုက်ပြီး "ငါ ဒီ မနက် နေလို့ထိုင်လို့ မကောင်းဘူး... နင်ငါ့ကို လာကြိုပေးပါလား...."
"မင်းမှာလည်း ကိုယ်ပိုင်ကား ရှိတယ် မဟုတ်ဘူးလား....."
"ဟင့်အင်း... ခုတော့ တိုက်ခံထားရလို့ 4S စတိုးဆိုင်မှာ ပြင်ထားရတယ်...."
"အဲ့တာဆိုလည်း ကောင်းပြီလေ... ငါ့ကို လိပ်စာပို့လိုက်... ငါ အလုပ်ကိစ္စတွေ ပြီးရင် လာကြိုပေးမယ်...."
"အွန်း အွန်း...."ရှောင်ထျန် ပြောလိုက်ပြီး "ငါတို့ ခု ဂိမ်းတစ်ပွဲလောက် ဆော့လို့ရသေးလား...."
"ပိုက်ဆံပေးလေ... အဲ့တာဆို ဆော့ပေးမယ်...."
ဖုန်းချပြီးနောက် လင်းရီ သူစားနေကျဖြစ်သည့် စီချွမ် စားသောက်ဆိုင်သို့ မောင်းနှင်သွားလိုက်သည်။
သီးသန့်ခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ လင်းရီ မွှေးကြိုင်လှသည့် ငရုတ်သီးရနံ့မှာ သူ၏ နှာခေါင်း၀သို့ တိုး၀င်လာခဲ့လေသည်။
စားပွဲပေါ်တွင်တော့ ဟင်း ခုနစ်ပွဲ၊ ရှစ်ပွဲခန့် ရှိနေပြီး အေးစက်နေသည့် ဟင်းတစ်ပွဲကသာလျှင် အသီးအရွက်ဟင်း ဖြစ်နေခဲ့၏။
လင်းရီ ၀င်လာသည်ကို မြင်တော့ ဟော်ယွမ်ယွမ်တို့ နှစ်ယောက် မတ်တပ်ရပ်လိုက်ကြပြီး အသိအမှတ်ပြု နှုတ်ဆက်ပြီးသောအခါ ချီရှန်းကျောက် ရိုကျိုးစွာဖြင့် ပြန်ထိုင်လိုက်၏။
ဟော်ယွမ်ယွမ်ကတော့ ပျော်ရွှင်စွာဖြင့် စတင်စားသောက်လေသည်။ သူမ လင်းရီ စတင်သုံးဆောင်သည်ကို စောင့်ဆိုင်းမည့် ရည်ရွယ်ချက် မရှိချေ။
"ဒါရိုက်တာလင်း.. " ချီရှန်းကျောက် ကူကယ်ရာမဲ့စွာဖြင့် လင်းရီကို ပြုံးပြလိုက်၏။
လင်းရီ ဟော်ယွမ်ယွမ်ကို ကြည့်ကာ "ယွမ်ယွမ်.. ငါက ဒီမှာ ဘော့စ်နော်... ဒါတောင်မှ မင်းက ငါ့ထက်အရင် စားနှင့်နေပြီပေါ့...."
"ဟီးဟီး....ဘာလို့လဲဆိုတော့ ကျွန်မက အရမ်းဗိုက်ဆာနေလို့လေ.... ဘော့စ်ကလည်း စိတ်ကြီးပဲ... ဒီလို အသေးအမွှားလေးတောင်မှ ဘာလို့ထည့်တွက်နေတာ... "ဟော်ယွမ်ယွမ် နှုတ်ခမ်းရှိ အဆီများကို လျှာဖြင့် သပ်ရင်း ပြောလိုက်၏။ သာမန်ဆိုလျှင်တော့ ပိန်ပါးသည့် သူမမှာ စားနိုင်လိမ့်မည်ဟု ထင်မှတ်မထားသော်လည်း တကယ့်တကယ်တွင်တော့ အစားတစ်လိုင်းကြီးပင်။ လင်းရီ မှတ်မိသလောက်တော့ သူ ဟော်ယွမ်ယွမ်နှင့် တွေ့တိုင်း သူမ လက်ထဲတွင် မုန့်တစ်ခုခုတော့ ရှိနေတတ်၏။
"ငါ မင်းနဲ့ မငြင်းချင်ဘူး... ဒါပေမယ့် ရှိတာက လူလေး သုံးယောက်လောက်ကိုကွာ.. အဲ့တာကို ဟင်းပွဲတွေ ဒီလောက် အများကြီး မှာထားရလားကွ....မင်းဒါတွေ ကုန်အောင် စားနိုင်မှာလား..."
"ဟင့်အင်း..."ဟော်ယွမ်ယွမ် ခေါင်းခါရမ်းလိုက်ပြီး "မကုန်တာတွေ အိမ်ပြန်သယ်သွားမယ်လေ... အဲ့လိုဆို ညစာအတွက် စိတ်ပူစရာ မလိုတော့ဘူး... ကုမ္ပဏီရဲ့ ရန်ပုံငွေတစ်ချို့ကို မသုံးစွဲပေးရင် နှမြောစရာကြီး ဖြစ်နေမှာပေါ့... ကျွန်မက အစ်ကိုချီလို မပိန်းပါဘူးနော်..... "
"ငါ့ကို လုံး၀ အလေးမထားတာပဲ... "
"အယ်....အဲ့လို မပြောရဘူးလေ... ဘော့စ်ကလည်း ကျွန်မအတွက် အရမ်းအရေးကြီးပါတယ်နော်... မဟုတ်ရင် ဘယ်သူက ကျွန်မကို ရက်ရက်ရောရောနဲ့ လစာပေးတော့မှာ.... "
"မင်းရဲ့ ဒီနေ့ အမူအကျင့်အတိုင်းဆိုရင်တော့ လစာ ထပ်လျှော့မှ ဖြစ်တော့မယ်နဲ့ တူတယ်.... "
"မရဘူး.... "ဟော်ယွမ်ယွမ် သူမ၏ တူများကို ချလိုက်ပြီး "ရှင် အဲ့လိုမျိုး လူတွေကို ပိုက်ဆံနဲ့ မခြိမ်းခြောက်ရဘူး... ကျွန်မလို အလှလေးကို ရှင်က လုပ်ရက်တယ်ပေါ့... အသည်းနှလုံး မရှိတဲ့ လူဆိုးကြီး.... "
"တော်စမ်း... ပေါက်တတ်ကရတွေ ဆက်မပြောနဲ့တော့.... စားကြမယ်...."
လင်းရီ ဟော်ယွမ်ယွမ်ကို ဆက်မစနောက်တော့ပဲ စားရင်းဖြင့် "Didi အခြေအနေ ဘယ်လိုရှိလဲ...."
"ဟိုမှာကတော့ အခွံကြီးပဲကျန်တယ်... ဒေတာစင်တာကို ကျိုးဟိုင်ဆီ ရွေ့လာခဲ့ပြီးသွားပြီ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဒါပေမယ့် ပိုင်ဆိုင်မှု လွှဲပြောင်းတာနဲ့ ပတ်သက်ပြီးတော့ လုပ်ရိုးလုပ်စဉ်တွေက ပိုပြီး ရှုပ်ထွေးတော့ ဒါရိုက်တာချိန်နဲ့ ဒါရိုက်တာထျန်က သေချာလေး ကိုင်တွယ်နေတယ်... အများဆုံး နောက်တစ်ပတ်လောက်ဆို အားလုံး ပြီးစီးသွားပြီ...."
"အင်း... ဒီကိစ္စကို ငါတို့ လက်အောက်မှာ ထိန်းချုပ်နိုင်အောင် လုပ်တာက အကောင်းဆုံးပဲ... ငါ Cisco ကို ကိုင်တွယ်ပြီးလို့ရှိရင် ဆိုင်ရာအလုပ်တွေ စတင်တော့မှာ...."
"Cisco ဆိုမှပဲ ခုမှ သတိရတယ်... "ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " Cisco က ကျွန်မတို့ရဲ့ ယွမ် သုံးဘီလီယမ် အော်ဒါ ပြီးတော့မှာနော်... ခန့်မှန်းကြည့်ရသလောက်တော့ နောက်တစ်ပါတ်လောက်ဆို ကုန်တွေက ရောက်တော့မှာ.... "
"ပြီးတော့မှာလား....."
"အွန်း... သူတိူ့ နိုင်ငံတွင်းက ထုတ်လုပ်တဲ့ စက်ရုံတော်တော်များများကို ငှားလိုက်တာလေ... ဒါကြောင့်မို့ သူတို့ရဲ့ ထုတ်လုပ်တဲ့ နှုန်းက မြန်ဆန်လာခဲ့တာ...."
"မဆိုးဘူး မဆိုးဘူး.... ဒီလိုဆိုတော့လည်း ငါ့ရဲ့ အစီအစဉ်တွေကို စတင်ရတော့မှာပေါ့...."
ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ နှစ်ဦးလုံး လင်းရီ၏ အစီအစဉ်ကို သိချင်နေမိကြ၏။
တစ်ခုခု ကြီးကြီးမားမားပဲ ဖြစ်ရမယ်....
"ဘော့စ်... ကျွန်မတို့ ကူညီပေးနိုင်မယ့် ကဏ္ဍကော ရှိလား...."ဟော်ယွမ်ယွမ် မေးလိုက်၏။
သူမနှင့် လင်းရီမှာ အမြဲ တကျတ်ကျတ် ဖြစ်နေသော်လည်း သူမမှာ လင်းရီ၏ ဘက်တော်သားဖြစ်လေသည်။
"အဲ့တာဆို အသက်၀င်သွားအောင် သီချင်းလေး ဘာလေး ဆိုလိုက်ပါလား... ငါလည်း ပိုပြီး စားလို့ ၀င်တာပေါ့ ..."
"ကျွန်မကတော့ မ၀င်ချင်ပါဘူး... ရှင်လည်း နည်းနည်းပဲစား... အဲ့တာမှ ကျွန်မ အိမ်ကို အများကြီး သယ်သွားလို့ရမှာ... "
ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်မှာ Cisco နှင့် စပ်လျဉ်း၍ အများကြီး ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။
ယခု Cisco မှ ကုန်ပစ္စည်းများ တင်ပို့လာတော့မည့် အချိန်တွင်တော့ အဓိက ကစားသူမှာ လုံရှင်း စင်တာ ဖြစ်သွားခဲ့ချေပြီ။
ထိုသို့ ပြောလိုက်ရသော်လည်း Cisco ကို အဆုံးသတ်ပြီးလျှင်တော့ ဟော်ယွမ်ယွမ်တို့ နှစ်ယောက်မှာ အသားကုန် အလုပ်များပေတော့မည်။
"ဘော့စ်... ရှင် ဖောင်ဒေးရှင်း ကိစ္စကော မကြားဘူးလား...."စားရင်းသောက်ရင်း ဗိုက်ပြည့်သွားခဲ့သည့် ဟော်ယွမ်ယွမ်မှ ပြောလိုက်၏။ သူမ၏ အမူအရာမှာတော့ အ၀ဂုန်းဆင်းလိုက်ရ၍ ကျေနပ်သည့် အမူအရာ ဖြစ်နေလေသည်။
"ပြောစမ်းပါဦး... ငါလည်း အဲ့ဘက် မလှည့်တာတောင် အတော်ကြာနေပြီ..."
"အခု ကျွန်မတို့ ဖော်ဒေးရှင်းက နိုင်ငံတစ်၀န်းမှာရှိတဲ့ မိဘမဲ့ဂေဟာ ၁၇၄ ခုကို လှူဒါန်းပေးပြီး သွားပြီ... စုစုပေါင်း လှူဒါန်းမှုက ဒီတစ်လထဲမှာကို ၈၂ မီလီယမ် ပမာဏကို ရောက်နေပြီ... လွန်ခဲ့တဲ့ ရက်တုန်းက ကျွန်မတို့ အစည်းအဝေးထိုင်ပြီးတော့ သေချာဆွေးနွေးကြည့်တော့ ကျွန်မတို့ ခုလို ဆက်လုပ်နေတာကို နည်းနည်း အရှိန်လျော့ဖို့ ဆုံးဖြတ်ထားတယ်.... ပြီးတော့ ကျွန်မတို့ လက်အောက်မှာ ရှိတဲ့ ဂေဟာတွေကိုလည်း ရေရှည် ထောက်ပံ့ပေးဖို့အတွက် အစီအစဉ်တွေ ဆွဲထားသေးတယ်.... "
"ဆက်ပြောပါဦး...."
"ဒီလိုလေ.... မနေ့ကပဲ ဖောင်ဒေးရှင်း တာ၀မ်ခံ ဒါရိုက်တာကျောက်က အစ်ကိုချီစီကို အစီရင်ခံစာ တင်သွင်းလာခဲ့တယ်... ကျွန်မ အထင်တော့ သူခွဲခြမ်းစိတ်ဖြာထားတာက မဆိုးဘူးလို့တော့ ထင်တာပဲ...." ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " သူမ ပြောထားတာက ကျွန်မတို့ရဲ့ ဖောင်ဒေးရှင်းက အဆုံးမရှိတဲ့ တွင်းနက်ကြီးလို ဖြစ်နေပြီး ကုမ္ပဏီအတွက်လည်း ဘာအကျိုးအမြတ်မှ မလုပ်ပေးနိုင်ဘူး... သူမက အဲ့တာကို ပြန် ဖွဲ့စည်းပြီးတော့ ကုမ္ပဏီရဲ့ ဂုဏ်သတင်းအတွက် အကျိုးရှိအောင် လုပ်ပေးချင်နေတာ......."
"မိဘမဲ့ဂေဟာတွေကို ဒီတိုင်း ရန်ပုံငွေ ထောက်ပံ့ပေးတာက သိပ်မထိရောက်ဘူး... ဒါကြောင့်မို့ ပိုပြီး ထိရောက်အောင် ကျွန်မတို့ နိုင်ငံထဲက ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေမှာ မျှော်လင့်ခြင်း မူလတန်းကျောင်း ဆောက်တာပဲဖြစ်ဖြစ် တစ်ခုခု ပြုလုပ်ပေးသင့်တယ်.... ငါး အလကား ပေးလိုက်တာထက် ငါးမျှားနည်း သင်ပေးလိုက်တာက ပိုကောင်းတယ်လေ....."
"မင်းတို့ကော အဲ့ဒီ အကြံပြုချက်ကို ဘယ်လိုထင်လဲ...."
ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းညိမ့်လိုက်၏။
"ကျွန်တော်တို့ကတော့ ပြဿနာ ရှိလိမ့်မယ်လို့ မထင်ဘူး... ယွမ်ယွမ်က ဒီပရောဂျက်ရဲ့ အစောပိုင်း ကုန်ကျစရိတ်ကနေ နှောင်းပိုင်းလောက်အထိကို တွက်ချက်ပြီးသွားပြီ... တကယ်လို့ မျှော်လင့်ခြင်း မူလတန်းကျောင်း ဆောက်ချင်တယ်ဆိုရင် ယွမ် နှစ်မီလီယမ်လောက်ဆို လုံလောက်ပြီ.... ကျွန်တော်တို့ လက်ရှိ လင်းယွမ်အုပ်စုရဲ့ အနေအထားနဲ့ဆိုရင် ဒီလောက်ပမာဏလေးက မများပြားဘူး......တတ်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိတယ်...."
"ဒါက မူလတန်းကျောင်း ကုန်ကျစရိတ် တည်ဆောက်ဖို့ ကုန်ကျစရိတ်ချည်းပဲ မလား...."
"ဟုတ်ပါတယ်ဘော့စ်... ဒါပေမယ့် ကျွန်တော်တို့ ပိုကြီးတဲ့ ဂျူနီယာအထက်တန်းကျောင်းဆောက်ချင်တယ်ဆိုရင်တော့ နောက်ထပ် ယွမ် ငါးသိန်းလောက်ပဲ ထပ်ကုန်မှာ ... ပြီးတော့ ဆောက်လုပ်မယ့် ပရောဂျက်ကိုလည်း ချောင်ရန် အုပ်စုရဲ့လက်ထဲ အပ်လိုက်လို့ရတယ်... ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်လို့လည်းရတာပေါ့..."
"အဆင်ပြေပါတယ်... ဘယ်လောက်မှ ကုန်ကျတာလည်း မဟုတ်တာ... "လင်းရီ ပြောလိုက်ပြီး "ခု မင်းတို့မှာ တိကျတဲ့ ပစ်မှတ် ရှိပြီလား..."
"ဒါရိုက်တာကျောက်ရဲ့ အစီရင်ခံစာထဲမှာတော့ ပေချောင်မြို့နဲ့ ဖူးရုန်မြို့ နှစ်ခုလုံးက ရန်ချိန်မှာ နွမ်းပါးတဲ့ မြို့လေးတွေချည်းပဲ... လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေတော့ အဲ့မြို့က ကလေးတွေ တော်တော်များများက ပညာရေး အကန့်အသတ်နဲ့... ဒါကြောင့်မို့ ကျွန်တော်တို့ ကြိုးစားကြည့်ချင်တယ်ဆိုရင်တော့ အဲ့ဒီ မြို့နှစ်မြို့က အကောင်းဆုံး ပစ်မှတ်တွေပါပဲဗျ....."
"ပေချောင်မြို့..."
လင်းရီ ရေရွတ်လိုက်ပြီး 'အဲ့တာက ချူးဟန်ရဲ့ မွေးရပ်မြေမဟုတ်ဘူးလား...'
"ဘော့စ်လင်းက ပေချောင်မြို့ကို သိတာလား...."
"နည်းနည်းပါးပါး ကြားဖူးတာပေါ့ကွာ... တော်တော်လေး ဆင်းရဲနွမ်းပါးတဲ့ နေရာလို့တော့ ဆိုကြတာပဲ...."
"အွန်း...သူတို့က ဆင်းရဲတာထက်ကို ပိုတယ်..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "မြို့ထဲမှာ စိုက်ပျိုးလို့ရတဲ့ မြေကလည်း သိပ်မရှိဘူး... ပြီးတော့ မြေအများစုကလည်း ဆားဓာတ်များနေတယ်... ကောင်းကင်ဘုံက စိတ်ဆိုးပြီး မိုးခေါင်တဲ့ နှစ်ဆိုလို့ကတော့ အကုန်လုံး ငတ်ပြတ်တဲ့ နှစ်ပဲ.... "
ဟော်ယွမ်ယွမ် သူမ၏ ပုံစံကို တစ်မျိုးပြောင်းထိုင်လိုက်ပြီး ဆက်လက်၍ "ကျွန်မ အဲ့ဒီနေရာကို သေချာလေး စုံစမ်းကြည့်ပြီးသွားပြီ... သူတို့ရဲ့ နှစ်စဉ် GDP က ကျွန်မတို့ရဲ့ နှစ်စဉ် ၀င်ငွေလောက်တောင် မရှိဘူး...."
"အမ်.... "
"ခု ကိစ္စပဲပြောလေ... ဘာဆိုင်လို့ ငါ့ရဲ့ အဖိုးတန်တဲ့ ၀င်ငွေက စကားဝိုင်းထဲ ရောက်လာခဲ့တာ.... ဒါကြီးက ကိုယ်ရေးကိုယ်တာ တိုက်ခိုက်တာပဲ မဟုတ်လားကွ..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ အဲ့လိုဆိုရင်တောင်မှ သူတိူ့ရဲ့ GDP က နည်းတယ်လို့ မခေါ်ဘူးလေ...."
"ကျွန်မကတော့ ဘော့စ်ရဲ့ အရှက်ကင်းမဲ့မှုကို အထင်သေးမိသွားပြီ...."
"အဲ့တာဆိုလည်း ဒီလိုလုပ်လိုက်ကွာ... မျှော်လင့်ခြင်း မူလတန်းကျောင်း ဆောက်မယ့် တည်နေရာကို ပေချောင်မြို့လို့ သတ်မှတ်လိုက်တော့...."လင်းရီ ပြောလိုက်ပြီးနောက်
"ဒါနဲ့ နေစမ်းပါဦး...ဆရာတွေ ခေါ်ယူဖို့ ကိစ္စကျတော့ကော ... တကယ်လို့ ကျောင်းမှာ သင်ပေးမယ့် ဆရာတွေ မရှိဘူးဆိုရင် အခွံသပ်သပ်ချည်း ဖြစ်နေမှာပေါ့ဟ...."
"အဲ့ဒီကိစ္စလည်း စဉ်းစားပြီးသွားပြီ... ပေချောင်မြို့နဲ့ ကီလို ၃၀ လောက်ဝေးတဲ့နေရာမှာ ထိုက်ရွှေမြို့ရှိတယ်.... အလွှာလေး မြို့တစ်မြို့ဆိုပေမယ့် မြို့ပြလူနေမှုပုံစံတော့ မဆိုးဘူး... ကျွန်မတို့ အဲ့ဒီမြို့နဲ့ ဆက်သွယ်ပြီး ဆရာတွေ ခေါ်ယူနိုင်ရင်တော့ အကောင်းဆုံးပဲ...."
"ကီလို ၃၀ တည်းလား...."
ချီရှန်းကျောက် ခေါင်းညိမ့်ရင်း သက်ပြင်းချလိုက်ပြီး "ပြဿနာက လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာပဲ... ကီလိုမီတာ ၃၀ တည်း ဝေးတယ်ဆိုပေမယ့် ရွှံ့ထူပြီး ညစ်ပတ်နေတဲ့ လမ်းတွေ၊ မတ်ဆောက်တဲ့လမ်းတွေနဲ့ ကြိုးတံတားတွေကို ဖြတ်သန်းပြီးတော့မှပဲ မြို့နှစ်မြို့ကို ဆက်သွယ်ထားတာ... ကားနဲ့ သွားဖို့တောင် အရမ်းခက်ခဲတယ်... ဒီပြဿနာ ကြောင့်ပဲ မြင့်မားတဲ့ လစာငွေနဲ့ လာချင်အောင် ဆွဲဆောင်မှပဲရမှာ.... သာမန်သာဆိုလို့ကတော့ ဘယ်သူမှ လှည့်ကြည့်မှာတောင် မဟုတ်ဘူး...."
"အဲ့လိုဆိုရင် လမ်းခရီးကြာချိန်က တစ်နေ့ကို လေးနာရီလောက် သွားရမှာပေါ့... တကယ်လို့ ငါတို့က လစာငွေ အမြောက်အမြားနဲ့ ကမ်းလှမ်းရင်တောင် သူတို့က လက်ခံပါ့မလား....."
"အင်း.... ဒါကမှ တကယ့်ပြဿနာ..."နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
"ဖူး....."
လင်းရီ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး "ဒီရဲ့ သုံးဆယ်ကီလိုမီတာ ခရီးကြောင့်လေးနဲ့ ကလေးတွေ ဘယ်လောက်များများရဲ့ အိပ်မက်တွေ ပျက်ဆီးသွားခဲ့ပြီလဲ....”