ဘယ်လောက်တောင် ရက်စက်လိုက်လဲ
Vol. 32 Ch. 471
နှစ်ယောက်စလုံး လင်းရီစကားလုံးများ၏ သက်ရောက်မှုကို ခံစားလိုက်ရပြီး ရုတ်ချည်း ၀မ်းနည်းသွားခဲ့ကြ၏။
"ဆင်းရဲတဲ့ တောင်ပေါ်ဒေသတွေမှာတော့ ဒီရဲ့ ပြဿနာက ဖြစ်ပျက်နေကြပဲ .. ပြောရရင်တော့ လမ်းခရီး အဆင်မပြေတာကြောင့်ပေါ့... မဟုတ်ရင် ဆင်းရဲတယ်ဆိုပြီး ခေါင်းစဉ်တပ်ခံရမှာ မဟုတ်ဘူး... "ချီရှန်းကျောက် ပြောလိုက်သည်။
လင်းရီ ခေါင်းညိမ့်လိုက်၏။ "မင်း ခု ပြောသွားတဲ့ လမ်းက ဘယ်လောက်တောင် အခြေအနေ ဆိုးရွားနေလို့လဲ...."
"ရွံ့တွေထူချက်က သွားလို့ရတဲ့လမ်းဆိုတာက ကျဉ်းကျဥ်းလေးရယ်.. အကျယ်က နှစ်မီတာလောက်ပဲ ရှိတာ... မိုးမရွာတဲ့ နေ့တွေဆိုရင် သွားနိုင်ရုံလောက်လေးပဲ... မိုးရွာတဲ့ နေ့ဆိုရင်တော့ လှည်းနဲ့ဖြတ်တောင် မရဘူး...ဒါရိုက်တာကျောက် အဲ့ဘက်သွားတုန်းက မိုးရွာတဲ့ နေ့နဲ့ တိုးတော့ လမ်ခရူဇာတောင် နစ်နေသေးတယ်.... "
"မဖြစ်နိုင်တာ... လမ်ခရူဇာနဲ့တောင် သွားလို့မရဘူးဆိုတော့ အဲ့လမ်းက ငိုးကျလောက်အောင် ဆိုးရွားနေတာပဲဟ... "
"အမှန်ပဲ... အဲ့တာကြောင့်လည်း နေသာတဲ့ နေ့တွေပဲ သွားလို့ရတာ.... "ချီရှန်းကျောက် ပြောလိုက်ပြီး "ပြီးတော့ မြို့ပြင်မှာ မီတာသုံးဆယ် ကျယ်၀န်းတဲ့ မြစ်ကြီးတစ်စင်းကလည်း ရှိသေးတယ်....ရွာသားတွေကတော့ ကြိုးတံတား တစ်စင်းထိုးထားတာပဲ..ဒါပေမယ့် ဖြတ်သန်းရတော့ ခက်တယ်....ကျွန်တော့်အထင်တော့ မြို့ပေါ်ကလူတွေတာ အဲ့ပေါ် ဖြတ်လျှောက်လိုက်ရလို့ကတော့ လိပ်ပြာများ လွင့်သွားမလား မသိဘူး...."
"ဘယ်လိုငရဲတုန်းဟ... အဲ့လောက်ကြီး ဆိုးရွားရလား...."
"ဒါတောင် အကုန်မဟုတ်သေးဘူး... မဟုတ်ရင် အဲ့ဒီလောက် ဆင်းရဲမှာမဟုတ်ဘူး...."
လင်းရီ မေးပွတ်၍ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် "ကောင်းတာလုပ်ရင် ဗုဒ္ဓဆီရောက်မယ်... အချိန်ရရင် မင်းရဲ့ စီနီယာအစ်မကျီကို ခေါ်ပြီးတော့ ဒီပရောဂျက်ရဲ့ ကုန်ကျငွေကို တစ်ချက် တွက်ချက်ကြည့်ခိုင်းလိုက်ဦးမယ်.... လမ်းပြုပြင်တာနဲ့ တံတားတစ်စင်းဆောက်တာက ဘယ်လောက်ထိ ကုန်ကျနိုင်မလဲ ကြည့်ကြတာပေါ့...."
"မဖြစ်နိုင်တာ ဘော့စ်... ရှင်က လမ်းတွေပြင်ပြီး တံတားတွေ ဆောက်မလို့ပေါ့... ကီလိုမီတာ နည်းနည်းလေးဆိုပေမယ့် ယွမ် မီလီယမ်နဲ့ချီပြီး ကုန်ကျမှာနော်... ကျွန်မတို့ ဆောက်မယ့် မျှော်လင့်ခြင်းကျောင်းထက်တောင် ပိုဈေးကြီးတယ်... "
"ဒါပေမယ့် ငါတို့ ဒီပြဿနာတွေကို မဖြေရှင်းထားဘူးဆိုရင် ကျောင်းက အခွံကြီးပဲ ရှိနေမှာလေ... မင်းက ဆရာတွေကို အဲ့ငရဲလမ်းကို ဖြတ်သန်းရလောက်တဲ့အထိ လစာကို ဘယ်လောက်များများပေးဖို့ စိတ်ကူးထားလဲ...."
"ဒါပေမယ့် တအားကြီး အကုန်အကျများမှာဆိုလို့...."
"မပူနဲ့.. ပိုက်ဆံ ကိစ္စက ငါ့နည်းငါ့ဟန်နဲ့ ရှိတယ်... "လင်းရီ ပြောလိုက်ပြီး "နည်းနည်းလောက် မတည်ပြီးတော့ ရန်ပုံငွေရှာလိုက်မယ်... အဲ့လိုဆိုရင် ဒီကိစ္စက လုံး၀ ဖြေရှင်းပြီးသား ဖြစ်သွားပြီ...."
"အင်း အဲ့လိုလည်း ရတယ်နော.... ဘော့စ် ... ရှင်က အရမ်း အံ့ဩဖို့ ကောင်းတာပဲ...."ဟော်ယွမ်ယွမ်မှ လက်မထောင်လိုက်၏။
သူမတို့ ဘော့စ်မှာ အမြဲ မိမိုက်သလို လုပ်တတ်သော်လည်း ကြင်နာတတ်ပြီး အမြော်အမြင် ကြီးမားသူတစ်ဦးဖြစ်၏။
" ဒါတွေ မင်းနားမလည်ပါဘူးကွာ... ခေါင်းဆောင်တွေဆိုတာ ရှေ့ကို ကြိုမြင်၊ကြိုတွေးရတယ်... ဒါကြောင့်မို့လည်း ငါက ဘော့စ်ဖြစ်နေပြီးတော့ မင်းတို့က ငါ့၀န်ထမ်းတွေ ဖြစ်နေတာလေ...."
"ရှေ့ရေးကို ကြိုမြင်တယ်.... "ဟော်ယွမ်ယွမ် အံ့အားသင့်သွားပြီး "ရှင်က မြစ်ထဲမှာ ငါးမွေးမြူရေစ လုပ်ဖို့ စဉ်းစားနေတာလား...."
"ဟမ့် ရိုးအတယ်... မရင့်ကျက်ဘူး...ဉာဏ်တိမ်တယ်.... "လင်းရီ ပြောလိုက်ပြီး "စဉ်းစားကြည့်ကြည့်... ငါတို့ သုံးယောက် သေတဲ့အခါကျရင် ငါ့ရဲ့ အုတ်ဂူကျောက်တိုင်မှာ ဒီလိုမျိုး ရေးထိုးထားလိမ့်မယ်... ကျော်ကြားတဲ့ မျိုးချစ်စီးပွားရေးသမား၊ နည်းပေးလမ်းပြသူ ၊ ကိုယ်ကျိုးစွန့်တဲ့ ပရဟိတသမား ၊ သိပ္ပံပညာရှင် ပြီးတော့ ဟွာရှရဲ့ အချောအမောဆုံး ဂီတ ပညာရှင်......မင်းတို့ရဲ့ အုတ်ဂူကတော့ ဗလာကြီးပေါ့...."
ဟော်ယွမ်ယွမ် ဆွံ့အသွားခဲ့ရ၏။
"ဘာမှ မရှိလည်း ကျွန်မ ဂရုမစိုက်ဘူး... ဒါပေမယ့် အချောမောဆုံး ဆိုတာက ဘာပြောချင်တာ... ဘယ်သူ့ရဲ့ အုတ်ဂူကျောက်တိုင်မှာ အဲ့လိုရေးထားတာ ရှင်မြင်ဖူးလို့လဲ.... "ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ကျွန်မအထင်တော့ ရှင့်ရဲ့ အူတ်ဂူကျောက်တိုင်မှာ ဟွာရှရဲ့ နာမည်ကြီး ဘုရင်၊ ဂုဏ်သရေရှိ ဟွာချင်းရေကန်ရဲ့ အဖွဲ့၀င် ၊ပြီးတော့ မကောင်းတဲ့ကောင်တွေရဲ့ ဘိုးဘေး....."
"နေ နေ နေစမ်းပါဦး... ငါက မကောင်းတဲ့ကောင်တွေရဲ့ ဘိုးဘေး မဟုတ်ဘူး... ဖြစ်မယ့်ဖြစ် မင်းရဲ့ တီချယ်ဖန့်ပဲ ဖြစ်မှာ... သူနဲ့ ယှဉ်လိုက်ရင် ငါက ကျောင်းသား အဆင့်လောက်ပဲ ...."
"ရှင် စကားလမ်းကြောင်း မလွှဲနဲ့... "ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ပြီးတော့ ကျွန်မရဲ့ တီချယ်ဖန့်ကလည်း အဲ့သလို လူစားမျိုး မဟုတ်ဘူး..."
ထိုသို့ ပြောလိုက်သော်လည်း ဟော်ယွမ်ယွမ်ရဲ့ ဖန့်ရှင်းကော်၏ တန်ခိုးကြီးမားလှသော အမှုများကို သိရှိထားလေသည်။
"ငါ့ကို နောက်ကျရင် ပိုပြီး ယဉ်ယဉ်ကျေးကျေးပြောဖို့ပဲ သတိပေးချင်တယ်... မဟုတ်လို့ကတော့ ငါသေရင် ငါ့မြေးကို မင်းတို့အုတ်ဂူပေါ်မှာ သေးပန်းခိုင်းပစ်မယ်...."
ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ ပြောစရာစကားများ ပျောက်ရှသွားခဲ့ရသည်။
ဘယ်လိုတောင် ရက်စက်တာလဲ...
စားသောက်ပြီးနောက် ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ လင်းယွမ် အုပ်စုသို့ပြန်ကာ ကုမ္ပဏီကိစ္စများကို စီမံကြလေသည်။ လင်းရီကတော့ ကားတစ်စီးဖြင့် လေလေးချွန်ကာ ရှောင်ထျန်၏ အိမ်သိူ့ မောင်းလာခဲ့၏။ မရောက်ခင်တုန်းကလည်း လင်းရီ မိနစ်နှစ်ဆယ်လောက် ကြိုတင်ပြီး ဖုန်းဆက်ထားခဲ့လေသည်။ သို့မှသာ သူရောက်လာချိန်တွင် အတူကျောင်းသွားရန် အချိန်မှီပေလိမ့်မည်။
ကလင်...
မိနစ်နှစ်ဆယ်ကြာပြီးနောက် ရှောင်ထျန်ထံမှ ဖုန်းဆက်လာခဲ့၏။
"ငါ ခုအောက်ထပ်မှာ.. နင်ကော ခု ဘယ်မှာလဲ... "
"လာနေပြီ ကားလမ်းပိတ်နေလို့.. ခဏနေ ရောက်တော့မှာ.... "
"မြန်မြန်လာခဲ့... ဒီနေ့ လေက အရမ်းပြင်းလွန်းတော့ ရပ်နေရင်းနဲ့ လူတောင် လွင့်ထွက်သွားတော့မတတ်ပဲ... "
"မင်း ဝိတ်ကြီးနဲ့ တိုင်ဖွန်းလာတောင် လွင့်ထွက်မှာ မဟုတ်ဘူး...."
"ငါက ပေါ့ပါတယ်နော်... "
"လရှီးကို ပေါ့တာလား..... "
ဖုန်းချပြီးနောက် လင်းရီ ရှောင်ထျန်၏ ရပ်ကွက်ထဲသို့ ရောက်လာခဲ့၏။
သူတို့ မတွေ့ရတာ ကြာပြီဖြစ်သော်လည်း ရှောင်ထျန်၏ ပုံပန်းသွင်ပြင်ကတော့ ဘာမျှ မပြောင်းလဲချေ။ သန်မာသည့် အမျိုးသမီးတစ်ဦး၏ အရှိန်အဝါကို ခံစားနေရဆဲပင်။
ယနေ့တွင်တော့ သူမ အဖြူရောင် ကုတ်အင်္ကျီတစ်ထည်နှင့် အမျိုးသမီး၀တ် ဘလောက်စ်အပြာရောင်ကို ၀တ်ဆင်ထား၏။ သူမကို ကြည့်ရသည်မှာ အရမ်းကို သန့်ရှင်းသပ်ရပ်နေလေသည်။ ရေလှိုင်းကဲ့သို့ ဖြာကျနေသည့် ဆံနွယ်များနှင့် လုံး၀န်းကြီးမားသော ပေါက်စီကြီးများမှာတော့အင်မတန်မှ ၀င့်ကြွားနေခဲ့၏။
"နင်ခုတလော ဘာတွေ အလုပ်ရှုပ်နေတာ ... Didi ပြန်မောင်းနေတယ်လို့တော့ ငါ့ကို လာမပြောနဲ့... "ကားထဲသို့ ၀င်လာပြီးနောက် ရှောင်ထျန်မှ မေးလိုက်၏။
"ငါခု ဆေးရုံမှာ ဒေါက်တာ လုပ်နေတာလေ... "
"အမ်... တကယ်ကြီးလား...."ရှောင်ထျန် လုံး၀ မယုံကြည်ပေ။ "နင်က ဒေါက်တာလုပ်နေတာလား.. ဒေါက်တာဘွဲ့ယူထားလား... ပိုပြီး တိတိကျကျပြောမှပေါ့ဟဲ့.... "
"ဒေါက်တာလုပ်နေတာ... "လင်းရီ ပြောလိုက်ပြီး "ငါက ဟွာရှန်းဆေးရုံ နှလုံးအထူးကုဌာနရဲ့ လက်ထောက်ဒါရိုက်တာပဲ.. မင်း တစ်ခုခု ဖြစ်ရင် ငါ့ကိုသာ လာရှာလှည့်...."
"ငါနင့်ကိုတော့ အရမ်းလေးစားသွားပြီ... နင်က ခုခေတ် ဆေးပညာကိုတောင်မှ နားလည်တယ်ပေါ့... နင် ဘွဲ့ယူဖို့ဆိုပြီးတော့ မားကတ်တင်း လေ့လာခဲ့တာလည်း မှတ်မိပါသေးတယ်... ဒါပေမယ့် နင် ဆေးပညာ လေ့လာခဲ့ဖူးတယ်လို့တော့ မကြားမိပါဘူး... "
"ဘယ်တတ်နိုင်မှာ... ငါ့မှာလည်း ရွေးချယ်စရာကမရှိဘူး...အရမ်း ထူးချွန်းလွန်းနေတာကိုး....."
"အင်းပါ... ငါ သက်တောင့်သက်သာ မဖြစ်သလို ခံစားနေရရင် နင့်ဆီ လာရှာမယ်လေ.... "
"ငါ့အထင်တော့ ခုလည်း တစ်ခုခု အဆင်မပြေဘူးလို့တော့ ထင်တာပဲ... ငါ စမ်းသပ်ကြည့်ပေးရမလား.... "
"မဖြစ်နိုင်တာ... ငါက ဘာလဲ ဖြစ်နေလို့...."
"မင်းရဲ့ကိုယ်မှာ အဆီပိုတွေ စုနေပြီးတော့ အာဟာရဖြန့်ဝေတာက မညီမျှမှုတွေ မြင်တွေ့နေရတယ်... "
"ဟမ်.. အဆီပိုတွေ စုနေတယ်... "ရှောင်ထျန် ရေရွတ်လိုက်ပြီး "နင် ပြောချင်တာက ငါ့ရင်ဘက်ကြီးနေတာကိုလား...."
"ဒါက သာမန် အသိလေးပဲလေ... ကားထဲမှာ ဘယ်သူမှ မရှိဘူးဆိုတော့ ငါ သေချာစမ်းကြည့်ပေးလို့ရတယ်...."
"ဟွန်း ဆုတောင်းလေ.... "
နှစ်ယောက်သား တစ်လမ်းလုံး စကားပြောလာခဲ့ကြ၏။
ကျောင်းသို့ ရောက်လာပြီးနောက် ကားပါကင်ထိုးကာ ဆရာများ အဆောက်အဦးသို့ လမ်းလျှောက်လာကြလေသည်။
"စကားမစပ် ကျောင်းအုပ်ကျောက်က ငါ့ကို ဘာလို့ ရှာနေလဲ ဆိုတာ သိလား...."
"အင်း... စွန့်ဦးတီထွင်တဲ့ ကျောင်းသားတွေနဲ့ ဆက်စပ်နေမယ် ထင်တာပဲ...."
"စွန့်ဦးတီထွင်တယ်...."
ကောလိပ်ကျောင်း အသီးသီးတွင် သူတိူ့၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများကို စတင်လုပ်ကိုင်ကြသည့် စွန့်ဦးတီထွင်သူများ ရှိကြ၏။
သို့သော်လည်း လူနည်းစုများပင်။ တစ်ခုခုကို ကြိုးစားကြည့်ပြီးနောက် လက်တွေ့ကမ္ဘာ၏ နစ်မွန်းမှုအောက်တွင် ၉၉.၉ ရာခိုင်နှုန်းသော ကျောင်းသားများမှာ သေဆုံးသွားကြလေသည်။
"အသေးစိတ်တော့ ငါလည်း သေချာ မသိဘူး... နင် ကျောင်းအုပ်ကျောက်ကိုသာ မေးကြည့်လိုက်တော့..."ရှောင်ထျန် လေကြောင့် ရှုပ်ပွနေသည့် သူမ၏ ဆံစများကို ဖြီးသပ်လိုက်ရင်း ပြောလိုက်၏။
"ဒါပေမယ့် နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိသေးတယ်.... "
"မင်းစကားကို တစ်ခါတည်း ဆုံးအောင် ပြောလို့ မရဘူးလား... "
"ဘာတွေ အလျင်လိုနေတာ... "ရှောင်ထျန် သူ့ကို မျက်လုံးလှိမ့်လိုက်ပြီး "ကျောင်းက ခုမှ စဖွင့်တာမလား... ဒါကြောင့်မို့ ကြိုဆိုပွဲ အခမ်းအနားလည်းရှိတယ်... ဒါပေမယ့် အသစ်လေးတွေ အပြင် စတုတ္ထနှစ်က အလုပ်သင်ဆင်းနေတဲ့ ကျောင်းသားတွေကောပါမှာ... နင်ကလည်း ကျောင်းရဲ့ ဂုဏ်သရေဆောင် ဒုဥက္ကဌကြီးဆိုတော့ တက်ရောက်ရမယ်လေ.... "
"ဒါပေမယ့် ငါက အမည်ခံ သပ်သပ်ပဲလေ.. ကျောင်းအုပ်ကျောက်လည်း အဲ့တာကို သိတယ်.. ဒါကတော့ မဖြစ်နိုင်လောက်ဘူး... "
လင်းရီ ပြောလိုက်ပြီး "နောက်ပြီး ကြိုဆိုပွဲ အခမ်းအနား ကျင်းပဖို့က အရမ်း စောလွန်းနေသေးတယ်... "
"ဟိုးအရင်တုန်းကတော့ ကျောင်းအုပ်က နှစ်ကုန်ပိုင်းမှ စလုပ်တာ.. ဒါပေမယ့် ဒီနှစ်ကျတော့ အရေးကြီးတဲ့ ဧည့်သည်တွေကို ဖိတ်ထားတော့ အချိန်ကို နောက်ဆုတ်လိုက်တာလေ... "
"မဖြစ်နိုင်တာ... ဘယ်သူက အဲ့လောက် အံ့ဩဖို့ ကောင်းနေတာလဲတဲ့...."
ရှောင်ထျန် ပခုံးတွန့်လိုက်ပြီး "ငါလည်း ဘယ်သိမှာ နင် ကျောင်းအုပ်ကို တွေ့ရင် မေးကြည့်လိုက်ပေါ့.... "
"ကောင်းပြီ ငါအရင် သွားတော့မယ်... "
ဘီရှော့လမ်းဆီ ရောက်တော့ နှစ်ယောက်သား လမ်းခွဲလိုက်ကြပြီး လင်းရီကတော့ ကျောင်းအုပ်ရုံးခန်းထံ ရောက်လာခဲ့သည်။
"တီချယ်လင်း.. ရောက်လာပြီလား.... "လင်းရီကို မြင်တော့ ကျောက်ချီ မတ်တပ်ရပ်ပြီး ဆိုဖာပေါ်၌ ထိုင်ရန် လက်ပြလိုက်ကာ "ထိုင်ပါဦး...ကျုပ်က တီချယ်လင်း လာမှာကို စောင့်နေတာ.... "
"နှစ်ယောက်သား ထိုင်ချလိုက်ပြီး လက်ဖက်ရည်သောက်ကာ စကားများ ပြောဆိုကြ၏။ လင်းရီ သူ့ရေနွေးကြမ်းခွက်ကို ချပြီးနောက် "ကျောင်းအုပ်ကျောက်... ကျုပ်က အပြင်လူလည်း မဟုတ်တော့ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောလေ... ကျုပ်စွမ်းနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိလို့ကတော့ ဘာပြဿနာမှ မရှိစေရဘူး.... "
"အဲ့တာဆိုလည်း ကျုပ် အဓိကအချက်ကို တန်းသွားလိုက်တော့မယ်... "ကျောက်ချီ လင်းရီအတွက် ရေနွေးကြမ်း ငှဲ့ပေးရင်း ပြောလိုက်ပြီး
"ဒီလိုပါ တီချယ်လင်း... ကျုပ်ဆီမှာ အက်ပလီကေးရှင်း တစ်ခုကို တီထွင်ထားတဲ့ ကျောင်းသားနှစ်ယောက်ရှိတယ်.... သူတို့ရဲ့ အက်ပလီကေးရှင်းကိုလည်း Apple နဲ့ Androidတွေမှာ သုံးလို့ရအောင် စီစဉ်ပြီးသား.... ခု ကုမ္ပဏီထောင်ဖို့ ရန်ပုံငွေ လျှောက်ထားချင်နေတယ်.....ကျုပ်ဖြစ်စေချင်တာက ကြီးကြပ်သူ နေရာမှာ တီချယ်လင်းရဲ့ နာမည်ကို ဖြည့်စေချင်လို့ပါ....”