မင်းကိုယ်မင်း လင်းရီနဲ့ မနှိုင်းယှဉ်နဲ့... သူက တကယ့် ချီတာ....
Vol. 32 Ch. 472
"ကျောင်းအုပ်ကျောက်.. ခင်များက ကျုပ်ထက်ပိုပြီးတော့ အတွေ့အကြုံ ပိုရင့်ကျက်တော့ အဆက်အသွယ်တွေကလည်း ကျုပ်ထက် များမှာပဲလေ... ခင်များနာမည် ရေးတာက ပိုအဆင်ပြေမယ်လို့ မထင်ဘူးလား...."
"အဲ့လို မပြောစမ်းပါနဲ့... ကျုပ်က တီချယ်လင်းထက် အသက်ပိုကြီးတာပဲ ရှိတာ... အဆက်အသွယ်ချင်းယှဉ်မယ်ဆိုရင်တော့ တီချယ်လင်းလောက် မကောင်းတာ အမှန်ပဲ... "ကျောက်ချီ ပြောလိုက်ပြီး
"တီချယ်လင်းက လုံရှင်း သုတေသနစင်တာရဲ့ ဥက္ကဌလေ.. ဒီတော့ ကျုပ်ထက် ပိုပြီး ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ ရင်းနှီးမှာပေါ့... နောက်ပြီး ကျုပ် ကျောင်းသားနှစ်ယောက် ရေးထားတဲ့ အက်ပလီကေးရှင်းက နယ်ပယ်စုံနဲ့ ဆက်နွယ်နေတာ... ကြီးကြပ်သူနေရာမှာ တီချယ်လင်းရဲ့ နာမည် ရေးလိုက်တာက ပိုပြီး ထိရောက်တယ်.... "
"ကောင်းပြီလေ... အဲ့တာဆိုလည်း ဘယ်အချိန် လက်မှတ်ထိုးပေးရမှာ.... "
"ခု လုပ်လိုက်တာပေါ့... ကျောင်းသား နှစ်ယောက်ကလည်း ကျောင်းမှာ ရောက်နေပြီးသား... ကျုပ် သူတို့ကို ဒီခေါ်လိုက်မယ်...."
"ရတယ်လေ.... "
ကျောက်ချီ သူ့စားပွဲထံ ပြန်သွားပြီး လက်ထောက် ကျိုးကွမ်းကျယ်ကို ဆင့်ခေါ်ပြီး ကိစ္စများကို ရှင်းပြလိုက်၏။
နာရီ၀က်ကြာပြီးနောက် ရုံးခန်းကို တစ်စုံတစ်ယောက်မှ တံခါးလာခေါက်လေသည်။
"၀င်ခဲ့.... "
တံခါးမှာ ပွင့်ဟလာပြီး ကျောင်းသားနှစ်ယောက် ရှေ့နောက် ဆင့်၍ ၀င်လာခဲ့ကြ၏။ တစ်ယောက်မှာတော့ အရပ်အမောင်း မြင့်မားလှပြီး ကျန်တစ်ယောက်ကတော့ ပုကွကွနှင့်ဖြစ်သည်။ နှစ်ယောက်အတူ တွဲရပ်နေသည့် ပုံမှာ အတော်လေး ထူးဆန်းလှချေသည်။
"ကျောင်းအုပ်ကျောက်...."
ကျောက်ချီကို နှုတ်ဆက်ပြီးနောက် နှစ်ယောက်စလုံး လင်းရီကို ကြည့်လိုက်ကြ၏။ သို့သော်လည်း သူတို့နှင့် မရင်းနှီးသောကြောင့် သာမန်သူစိမ်းတစ်ယောက်ကဲ့သို့သာ ပြုမူလိုက်လေသည်။
သူတိူ့နှစ်ယောက်မှာ တက္ကသိုလ်၏ ဘွဲ့ရကျောင်းသားများ ဖြစ်သောကြောင့် လွန်ခဲ့သည့် တစ်နှစ်ခန့်ကပင် စီးပွားရေးလုပ်ငန်းများ စတင်ရန် ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။ ယခုမှသာ ကျောင်းသို့ ပြန်ရောက်လာသောကြောင့် လင်းရီနှင့် မရင်းနှီးသည်မှာ သဘာ၀ပင်။
"တီချယ်လင်း.. ကျုပ်ပြောတဲ့ နှစ်ယောက်က သူတို့လေ... အရပ်ရှည်တဲ့ တစ်ယောက်က ကျန်းပေါ်... နောက်တစ်ယောက်ကတော့ မောက်ကျင်းလုံ ...."
မိတ်ဆက်ပေးပြီးနောက် ကျောက်ချီ ကျန်းပေါ်နှင့် မောက်ကျင်းလုံဘက်သို့ လှည့်ကာ "မင်းတို့ ခု မြင်နေရတဲ့သူက ကျောင်းရဲ့ ဒုဥက္ကဌ လင်းရီပဲ... "
"ဒုဥက္ကဌ.... "
လင်းရီ၏ အထောက်အထားကို သိရှိသွားတော့ နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြသည်။
သူတို့ စိတ်ထဲတွင်တော့ ဒုဥက္ကဌ ဖြစ်လာနိုင်သူမှာ အနည်းဆုံး အသက်သုံးဆယ်ခန့် ရှိရမည်ဟု မှတ်ယူထားကြသည်။
သို့သော်လည်း ယခုလို ငယ်ရွယ်သည့် ဒုဥက္ကဌမျိုး ရှိလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။
'ဒီကောင် နောက်တံခါး ဘယ်နှစ်ခုတောင် သုံးလိုက်ရမလဲ....'
"ဟယ်လို ဒုဥက္ကဌလင်း... "နှစ်ယောက်သား ခေါင်းညိမ့် နှုတ်ဆက်လိုက်ကြ၏။
"မင်းတို့ အက်ပလီကေးရှင်း ရန်ပုံငွေအတွက် လက်မှတ်ထိုးခိုင်းချင်နေတာ မလား... ငါသေချာစဉ်းစားပြီးတော့ ဥက္ကဌလင်း ထိုးတာက ပိုပြီး သင့်လျော်လိမ့်မယ်... ဒါကြောင့်မို့ ငါ သူ့ကို ဖိတ်ခေါ်လိုက်ရတာပဲ.... "
"အာ...."
နှစ်ယောက်စလုံး တွန့်ဆုတ်သွားခဲ့ကြ၏။
သူတိူ့ ကျောက်ချီကို လက်မှတ်ထိုးစေချင်သည်မှာ တက္ကသိုလ် အုပ်ကြီး ဖြစ်နေသောကြောင့် မဟုတ်ပဲ ပညာရေး နယ်ပယ်ရှိ သူ၏ အဆက်အသွယ်များကြောင့်ပင်။
အနာဂတ်တွင် အလားအလာရှိသည့် ရင်းနှီးမြုပ်နှံသူတစ်ဦး ရှာတွေ့ခဲ့ပါက ကြီးကြပ်သူမှာ ကျောက်ချီဖြစ်ကြောင်း သိသွားလျှင် ကျောင်းအုပ်၏ မျက်နှာဖြင့် ပို၍ ပြောရဆိုရ အဆင်ပြေပေလိမ့်မည်။
ယင်းက သူတို့၏ အဓိက ရည်မှန်းချက်ပင်။
သို့သော်လည်း အစားထိုးလိုက်မည်ဆိုပါက အဘယ်ကြောင့် လက်မှတ်ထိုးခိုင်းဖို့ရာ လိုအပ်ပါမည်နည်း။
"အဲ့မှာ ရပ်မနေကြနဲ့လေကွာ.. စာရွက်တွေ ယူလာခဲ့.. ဥက္ကဌလင်းကို အက်ပလီကေးရှင်း အကြောင်း ရှင်းပြပေးပြီးတော့ လက်မှတ်ထိုးခိုင်းလိုက်တော့.... "
သို့သော်လည်း နှစ်ယောက်လုံး တုံ့ဆိုင်းနေကြပြီး အက်ပလီကေးရှင်းကို မကမ်းပေးကြပေ။
"မင်းတို့ ဘာလုပ်နေကြတာလဲ... သူ့ကို လက်မှတ်ထိုးခိုင်းမှာလား မထိုးခိုင်းဘူးလား..."ကျောက်ချီ မျက်နှာထား တည်တင်းစွာဖြင့် စကားပြောလိုက်၏။
"ကျောင်းအုပ်ကျောက်.. ကျွန်တော်တို့က ကျောင်းအုပ်လက်မှတ်ထိုးပေးတာကို လိုချင်တာ... "
"ငါလား.... "
ကျန်းပေါ် ခေါင်းညိမ့်လိုက်ပြီး "ဒီရဲ့ လက်မှတ်က ကျွန်တော်တို့ ရင်းနှီးမြုပ်နှံသူ ရှာဖွေတဲ့နေရာမှာ အရမ်းအရေးကြီးတယ်... တကယ်လို့ ရင်းနှီးမြုပ်နှံသူ ရှာ မတွေ့ခဲ့ဘူးဆိုရင် ဒေဝါလီခံလိုက်ရတော့မှာ... ဒါကြောင့်မို့ ဒီလက်မှတ်ထိုးတဲ့ ကိစ္စကို ပေါ့သေးသေး တွေးလို့မရဘူး.... "
"မင်းတို့ ကောင်စုတ် နှစ်ကောင်ကတော့ ဘာတွေ ပြောနေတာလဲကွ... " ကျောက်ချီ စားပွဲခုံကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး
"ငါ ဥက္ကဌလင်းကို လက်မှတ်ထိုးခိုင်းဖို့ ဘယ်လောက် အားထုတ်ထားရလဲဆိုတာ မင်းတို့ သိလား... ဥက္ကဌလင်းရဲ့ အချိန်တွေက ဘယ်လောက်တောင် အဖိုးတန်လိုက်လဲဆိုတာ မင်းတို့ နာမးလည်ဘူးလားကွ...."
"ကျောင်းအုပ်ကျောက် .. သူ့ရဲ့ အချိန်တွေက တန်ဖိုးရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်... ဒါကြောင့်မို့လည်း လက်မှတ်မထိုးခိုင်းတာပေါ့... ကျောင်းအုပ်ကျောက် လက်မှတ်ထိုးလိုက်တာက ပိုကောင်းပါတယ်...."
ကျောက်ချီ၏ အမူအရာမှာ ပို၍ ရုပ်ဆိုးလာခဲ့ပြီး လင်းရီကို ကမန်းကတမ်း ရှင်းပြရင်း "တီချယ်လင်း စိတ်မဆိုးပါနဲ့... ကျုပ် သူတို့ကို သေချာပြောပြလိုက်ပါ့မယ်.. "
"မလိုပါဘူး... ကျုပ်က အရည်အချင်း မမှီဘူးဆိုရင်လည်း မထိုးပေးရုံပေါ့.. ဘာဆန်းတာမှတ်လို့..."
"တီချယ်လင်းက လုံရှင်း သုတေသန စင်တာရဲ့ ဥက္ကဌကို အရည်အချင်း မမှီဘူးဆိုမှတော့ ဘယ်သူက အရည်အချင်း မှီတော့မှာ.... "
"ဥက္ကဌလင်းက လုံရှင်း သုတေသနစင်တာရဲ့ ဥက္ကဌလား.... "
ကျန်းပေါ်နှင့် မောက်ကျင်းလုံတို့ နှစ်ဦးလုံး လုံရှင်းသုတေသနစင်တာ၏ ဩဇာလွှမ်းမိုးမှုကို သိရှိထားကြလေသည်။
"မဟုတ်ရင် ငါက ဘာလို့ ဥက္ကဌလင်းကို ဒီကို လာဖို့ တောင်းဆိုတယ်လို့ ထင်လဲ..."
"ဒါက....."
နှစ်ယောက်လုံး ကိုးရို့ကားယား ဖြစ်သွားကြတော့၏။
အကယ်၍ သူတို့သာ လင်းရီ၏ အထောက်အထားကို စောသိခဲ့ပါက တစ်ခါတည်း လက်မှတ်ထိုးခိုင်းပြီး ဖြစ်သည်။
နည်းပညာ နယ်ပယ်တွင် အလုပ်လုပ်နေသောကြောင့် လင်းရီ၏ စကားလုံးများက တာသွားမည်မှာ သေချာပေါက်ပင်။
"ဥက္ကဌလင်း.. တောင်းပန်ပါတယ်... ကျုပ်တို့က ငယ်ရွယ်ပြီး မရင့်ကျက်သေးတော့ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ဗျ.... "
"ကောင်းပြီလေ... တောင်းပန်စရာ မလိုပါဘူး... မင်းတို့ရဲ့ ကျောင်းအုပ်ကျောက်နဲ့ကလည်း ရင်းနှီးနေတော့ ငါ ခွင့်လွှတ်ပေးမယ်... "လင်းရီ ပြောလိုက်ပြီး "မင်းတို့ ရင်းနှီးငွေ ဘယ်လောက် လိုချင်လဲ.... "
"ငါးသိန်းလောက်ဗျ..... "
"လင်းယွမ် အုပ်စုကို သွားပြီးတော့ ဟော်ယွမ်ယွမ်လို့ ခေါ်တဲ့ တစ်ယောက်ကို ရှာလိုက်.. ငါက ယွမ်ငါးသိန်း ထုတ်ခိုင်းလိုက်တယ်လို့ပြောလိုက်.... အဲ့တာဆို အဆင်ပြေပြီ... "
"လင်းယွမ်အုပ်စု... "ကျန်းပေါ်နှင့် မောက်ကျင်းလုံတို့ ကြက်သေသေသွားခဲ့ကြပြီး "အဲ့တာက ကျိုးဟိုင်မှာ အသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီကြီး မဟုတ်ဘူးလား... သူတို့ ရုံးစိုက်ထားတဲ့ အဆောက်အဦး နှစ်ခုနဲ့တင်ကို ယွမ် ၁၈ ဘီလီယမ်ကျော် တန်ကြေးရှိတယ်... သူတို့ မျက်လုံးထဲမှာဆို ကျွန်တော်တို့ နှစ်ယောက်က ဘာမှကို ဟုတ်မှာ မဟုတ်တော့ဘူး.... ဖြစ်ပါ့မလားဗျ...."
"ငါ့နာမည်သာပြောလိုက်... သေချာပေါက် အဆင်ပြေစေရမယ်.... "
"တကယ်.... "
"ဒါပေါ့ကွ...လင်းယွမ်အုပ်စုဆိုတာက ငါ့ကုမ္ပဏီ... ဘယ်သူက ငါ့စကားကို ငြင်းပယ်ရဲမှာ... "
ဟစ်....
ထိုသတင်းကို ကြားတော့ ကျောက်ချီလည်းကြက်သေသေသွားခဲ့၏။
"တီချယ်လင်း... လင်းယွမ်အုပ်စုက တကယ်ကြီး ခင်များရဲ့ ကုမ္ပဏီလား.... "
"ဟုတ်တယ်...."လင်းရီ အချက်အလက်ကျကျဖြင့် "ကျုပ်က အများပြည်သူတွေဆီ မကြေညာတော့ လူ သိပ်မသိကြတာပဲ ရှိတယ်... "
ကျောက်ချီ သူ့နဖူးမှ ချွေးအေးများကို သုတ်လိုက်ပြီး "တီချယ်လင်းက ကျုပ်လို အဘိုးကြီးကို နှလုံးရောဂါ ရအောင် လုပ်နေတော့တာပဲ.... "
"အသေးအမွှားလေးပါ.... "
လင်းရီ၏ တည်ငြိမ်သည့် အမူအရာကို မြင်တော့ ကျန်းပေါ်နှင့် မောက်ကျင်းလုံတို့ ရှော့ခ်ရသွားခဲ့ကြသည်။
အသက်အရွယ်အရဆိုလျှင် လင်းရီမှာ သူတို့နှင့် တစ်ရွယ်တည်း နီးပါးပင်။
သို့သော်လည်း တစ်ဖက်ကတော့ လုံရှင်းစင်တာ၏ ဥက္ကဌဖြစ်နေရုံသာမက လင်းယွမ်ကဲ့သို ယွမ်ဘီလီယမ်ပေါင်းများစွာ တန်ကြေးရှိသည့် ကုမ္ပဏီတစ်ခု၏ နောက်ကွယ်မှ သူဌေးကြီးလည်း ဖြစ်နေပြန်သည်။
နှိုင်းယှဉ်ကြည့်လျှင်တော့ သူတိူ့ နှစ်ယောက်မှာ ဘာမဟုတ်သည့် ဆော့ဝဲတီထွင်သူလေးများ ဖြစ်၏။ ခြားနားချက်က ကမ္ဘာလောက်ကြီးပင်။
ရင်နာဖိူ့ အကောင်းဆုံးအချက်ကတော့ သူတို့ယခုလေးတင် လင်းရီကို အထင်သေးခဲ့ကြ၏။
ငိုးပဲ... ငါတို့က တကယ့် သောက်ရူးတွေပါလားဟ...
"ဘာတွေ ငေးငိုင်နေတာ... ဥက္ငဌလင်းကို လက်မှတ်ထိုးခိုင်းလိုက်တော့လေ... "ကျောက်ချီပြောလိုက်၏။
"ကျေးဇူးပါ ဥက္ကဌလင်း.. ကျေးဇူးပါဗျ... "
"တကယ်လို့ ကျေးဇူးတင်ချင်ရင် ကျောင်းအုပ်ကျောက်ကို တင်လိုက်... ငါက သူ့မျက်နှာကြောင့် လုပ်ပေးတာ.... "
"ဟုတ် ဟုတ် .. ကျေးဇူးပါ ကျောင်းအုပ်ကျောက်... ကျေးဇူးပါဗျ.... "
"ကောင်းပြီ.. ဒီကိစ္စပြီးသွားပြီဆိုတော့ မင်းတို့ပြန်ကြတော့ ... ငါ မင်းတို့ ဥက္ကဌလင်းရဲ့ ပြောစရာ ရှိသေးတယ်... "
"ဟုတ် ဟုတ် ... အဲ့တာဆို ခွင့်ပြုပါဦးခင်ဗျ.... "
နှစ်ယောက်သား ရုံးခန်းထဲမှ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားခဲ့ကြပြီး ကျောက်ချီ လင်းရီကို ကြည့်ကာ ပြောလိုက်သည်။
"ဟားဟား...တီချယ်လင်း...ကြည့်လိုက်စမ်းပါဦး.... ကျုပ်က ပိုက်ဆံတောင်းသလိုမျိုးတောင် ဖြစ်နေပြီ... ကျုပ်တကယ် တီချယ်လင်းကို လင်းယွမ်အုပ်စုရဲ့ သူဌေးဖြစ်လိမ့်မယ်လို့ ထင်မထားဘူး.... "
"ကျောင်းအုပ်ကျောက်က နောက်နေပါပြီ... ကျုပ်က ပင်းချန်တက္ကသိုလ်ရဲ့ ဒုဥက္ကဌပဲလေ... ဒီတော့ အကူညီလိုရင်တော့ ဖြည့်ဆည်းပေးရမှာပေါ့... ပြီးတော့ ယွမ် ငါးသိန်းဆိုတာကလည်း မများပါဘူး.... အဲ့လောက်ကတော့ ကျုပ် မျက်တောင်တစ်ခတ်အတွင်း ပြန်ရှာလို့ရတယ်.... "
ကျောက်ချီ ရယ်မောလိုက်ပြီးနောက် လင်းရီကို ကြည့်ကာ "ဒီကိစ္စပြီးသွားပြီဆိုတော့ ကျုပ်မှာ ပြောစရာ ကျန်သေးတယ်... "
"ပြောလေ....."
"ဒီနေ့ မွန်းလွဲ သုံးနာရီလောက်မှာ ကြိုဆိုပွဲ အခမ်းအနားရှိတယ်... တီချယ်လင်းကလည်း ကျောင်းရဲ့ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးပဲလေ.. ဒီလည်း ရောက်နေပြီ ဆိုမှတော့ အတူတက်ရောက်ကြရင်ကော....”