ကျားမလေးကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လျန်ရူရွှယ်
Vol. 32 Ch. 473
“တကယ်လို့ ကြိုဆိုပွဲအခမ်းအနား တက်ရောက်ရမယ်ဆိုရင်တော့ ကျုပ် ငြင်းရတော့မယ်… ကုမ္ပဏီမှာက တခြားအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတာလေ…”
“ တီချယ်လင်းမှာ အရေးကြီးလုပ်စရာ ရှိတယ်ဆိုမှတော့ ကျူပ် မတားတော့ပါဘူး …. ဖြည်းဖြည်းသွားပါဗျ…..”
“ ကောင်းပြီ…. တကယ်လို့ အကူအညီလိုရင် ကျုပ်ဆီ ဖုန်းဆက်လိုက်….”
သို့နှင့် လင်းရီ မတ်တပ်ရပ်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း သူ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြန်ထိုင်ချလိုက်၏။
“ ကျောင်းအုပ်ကျောက်ကို ကျူပ်တစ်ခုလောက် မေးရဦးမယ်….”
“ ပြောပါ တီချယ်လင်း …. အားနာနေစရာမလိုပါဘူး…”
“ ကျုပ် ပေချောင်မြို့မှာ မျှော်လင့်ခြင်းလို့ခေါ်တဲ့ မူလတန်းနဲ့ ဂျူနီယာအထက်တန်းထိ တက်ရောက်လို့ ရတဲ့ ကျောင်းတစ်ကျောင်းကို ကျုပ်ဆောက်ချင်တယ်… ဒါပေမယ့် သင်ပေးမယ့် ဆရာတွေ ခေါ်ယူတဲ့ နေရာမှာ အခက်တွေ့နေလို့…” လင်းရီ ပြောလိုက်ပြီး “ကျုပ် အစီအစဉ်က ဒီလို… တကယ်လို့ စတုတ္ထနှစ်ကျောင်းသားတွေထဲက အလုပ်လုပ်ချင်တဲ့သူတွေရှိရင် ကျုပ် အလုပ်သင်ခေါ်ပေးလို့ရတယ်…. လစာနဲ့ စားသောက်စရိတ်တွေအတွက်ကတော့ ဘာမှ စိတ်မပူနဲ့… ကျုပ် ကျောင်းသားတွေကို မနစ်နာစေရဘူး….”
“ ဟာ… ဒီလိုဆို အရမ်းကောင်းတာပေါ့…” ကျောက်ချီ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး “ ခုခေတ်မှာ အလုပ်တစ်ခုရဖို့ဆိုတာက ပိုပိုပြီး ခက်ခဲလာပြီလေ…. အခြေအနေတွေက ခက်ခဲနေရင်တောင် ပြဿနာ မရှိဘူး… သူတို့ တီချယ်လင်း လက်အောက်မှာ အလုပ်လုပ်ရတာကိုက ဂုဏ်ယူရမှာ….”
“ ကောင်းပြီလေ… ဒါက ကျုပ်တို့ရဲ့ ပရောဂျက်အသစ်ဆိုတော့ အထမြောက်အောင်မြင်ဖို့ဆိုတာက အချိန်တစ်ခုတော့ ကြာဦးမှာပဲ…. နောက်မှ အသေးစိတ် ဆက်စကားပြောကြတာပေါ့…..”
“ ဒါပေါ့ ဒါပေါ့… တီချယ်လင်းရဲ့ အစီအစဉ်တွေ အတိုင်းပါပဲ… ကျုပ်တတ်နိုင်တာရှိလို့ကတော့ အစွမ်းကုန်ကူညီပေးမယ်ဗျာ….” ကျောက်ချီပြောလိုက်ပြီး “ တကယ်လို့ မျှော်လင့်ခြင်းကျောင်းက အစိုးရပညာရေးဌာနရဲ့ ခွင့်ပြုချက်တွေလိုတယ်ဆိုရင် ကျုပ်ကိုပြောလိုက်…. ဒါက နိုင်ငံနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးအတွက်ပဲလေ…. ကျုပ်တို့ အချိန်ဆွဲနေလို့ ဘယ်ဖြစ်မှာ….”
“ အင်း… အဲ့တာဆို အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့….”
ကျောက်ချီနှင့် မျှော်လင့်ခြင်းကျောင်းအကြောင်း ပြောဆိုပြီးနောက် လင်းရီ ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်၏။
သို့သော်လည်း ကျောင်းမှ ချက်ချင်းမထွက်ခွာသေးပဲ ထိုအစား သူ၏ လုပ်ဖော်ကိုင်ဘက်ဟောင်းများနှင့် ဆုံတွေ့ရန် ကျောင်းကော်မတီရုံးခန်းထဲသို့ ရောက်လာခဲ့၏။
လင်းရီတံခါးကို ဖွင့်၍ အထဲသို့ ဝင်ရောက်လိုက်သောအခါ အံ့အားသင့်ဖို့ကောင်းစွာဖြင့် မည်သူမျှ ရှိမနေခဲ့ချေ။
“ ဟမ်… လူတွေ ဘယ်ပျောက်ကုန်ပါလိမ့်….”
သူ့ကိုယ်သူ တီးတိုးရေရွတ်ရင်း လင်းရီ ရှောင်ထျန်၏ ရုံးခန်း တံခါးကို ဖွင့်လိုက်သည်။ သို့သော်လည်း သူ့ကို ခရီးဦးကြိုပြုလိုက်သည်ကတော့ ကြီးမားသည့် တောင်တန်းကြီးနှစ်ခုဖြင့် ပန်းနုရောင် မျှော်စင်နှစ်ခုပင်။
“အား.... သပကြီး “
လင်းရီ ဝင်လာသည်ကို မြင်တော့ ရှောင်ထျန် သူမ ရင်ဘက်ကို ကပျာကယာ ဖုံးအုပ်လိုက်ပြီး တစ်ဖက်သို့ လှည့်လိုက်လေသည်။
ထိုအခိုက်အတန့်တွင်တော့ ရှောင်ထျန်မှာ ခရမ်းနုရောင် ရင်ကပ် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး သာမန်ထက်ပို၍ အမြင်တင့်တယ်နေတော့၏။
“ ငါ့ကို လန့်သေအောင် လုပ်နေတာပဲ ကောင်စုတ်… နင် အခန်းထဲမဝင်ခင် တံခါးမခေါက်တတ်ဘူးလားဟဲ့…” ရှောင်ထျန် မျက်နှများ ရဲပတောင်းခတ်နေကာ လင်းရီကို ဒေါသတကြီးဖြင့် ရန်တွေ့နေတော့သည်။
ကောင်စုတ်မှာ သူမ၏ လူအမြင်မခံသည့် အလှတရားများကို အမြတ်ထုတ်သွားချေပြီ။
“ ငါကမင်းကို စပရိုက်လုပ်မလို့လေ… ဘယ်လိုလဲ စပရိုက်ဖြစ်သွားရဲ့လား….”
“ နင့် ကြီးတော်ပဲ စပရိုက်လုပ်လိုက်တော့… သူများက အဝတ်အစားလဲနေတာကို နင်က တံခါးမခေါက် ဘာမခေါက်နဲ့ အတင်းဝင်လာခဲ့တာလေ… နှာဘူးကြီး….”
“ အပိုတွေပြောမနေနဲ့… ငါက ဒေါက်တာ… အရွယ်စုံ ဆိုဒ်စုံ အကုန်မြင်ဖူးပြီးသား… ဒါပေမယ့် ကမ္ဘာမြေသားဆိုရင်တော့ ရင်ဘက်က အဲ့လောက်မကြီးဘူး… မင်းက ဂြိုဟ်သားလား….”
“ နင်ပဲ ဂြိုဟ်သားလေ….. နင်တို့ တစ်မိသားစုလုံးကလည်း ဂြိုဟ်သားပဲ…. ဘယ်ဂြိုဟ်သားက ဒီလောက်လှတာ နင်မြင်ဖူးလို့လဲ…”
“ အေး ....မြင်တော့ မမြင်ဖူးဘူး… ဒါပေမယ့် သူတို့ဟာတွေလည်း မင်းလောက်ကြီးမယ်လို့တော့ မထင်ဘူး….”
“ ဟမ့် ခု နင့်ရှေ့နား ရပ်နေတဲ့ ကောင်မလေးက ပြိုင်စံရှားအလှလေးလို့ ဆိုလိုချင်တာပဲ မဟုတ်လား.….”
“ ဟုတ်ပါပြီ အစ်မတော်ရယ် မင်းကသာ ပြိုင်စံရှားအလှလေးပါ …. အဲ့လောက်ကြီးလည်း ဂုဏ်မဆာပါနဲ့လား…” လင်းရီ ထိုင်ခုံပေါ်တွင် ထိုင်လျက် ပြောလိုက်ပြီး “ ဒါနဲ့ စုန့်ကျားနဲ့ ကျန်တဲ့သူတွေကကော… ဘယ်တွေလည်း ပျောက်ကုန်ကြတာ… ပြီးတော့ မင်းကကော ဘာလို့ ဒီလိုကြီး ဝတ်ထားတာ…”
“ ကျောင်းက ကြိုဆိုပွဲအခမ်းအနား ရှိတယ်ဆိုတော့ အားလုံးက အလုပ်ရှုပ်နေကြတာလေ… “ ရှောင်ထျန် ထွင်းဖောက်မြင်နေရသည့် ဘရာကြိုးများကို ချည်လိုက်ပြီး “ ငါကလည်း ကျောင်းကော်မတီရဲ့ ဥက္ကဌဆိုတော့ တစ်စိတ်တစ်ပိုင်းလောက်တော့ ပါဝင်အားဖြည့်ပေးရမယ်လေ… ဒါကြောင့်မို့ စုန့်ကျားက ငါ့ကို ဝတ်စုံပို့ပေးလိုက်တာ… ဘယ်လိုနေလည်း ငါနဲ့ လိုက်တယ်မို့လား…”
“ အင်း .. အတော်လေး လှပါတယ်… ဒါပေမယ့် မင်းဝတ်လိုက်တော့ သိပ်မလှတော့ဘူးလို့ ဘာလို့ ခံစားနေရပါလိမ့်….”
“ ရင်သားတွေက အရမ်းကြီးနေလို့များလား….” ရှောင်ထျန်ပြောလိုက်ပြီး “ အဲ့လိုဆိုရင်တော့ငါသေးအောင် တစ်ခုခုလုပ်မှ ဖြစ်တော့မှာ…”
“ ငါ ကူညီပေးလို့ ရတယ်နော်….”
“ မလိုဘူး… ငါ့ဘာငါ လုပ်တတ်တယ်….. ငါ့ကို အသားလာယူဖို့ မကြိုးစားနဲ့….”
“ အဲ့တာဆိုလည်း ကိုယ့်ဘာကိုယ်လုပ်တော့ကွာ… ငါပြန်တော့မယ်…”
“ ဟင် ...နင်က ပွဲမတက်ဘူးလား….”
“ မတက်တော့ဘူး… ငါက မင်းတို့နဲ့ တွေ့ချင်လို့လာခဲ့တာ… ဘယ်သူမှ မရှိတော့ဘူးဆိုတော့ ပြန်တော့မယ်…”
“အွန်း... စကားမစပ် ငါ ဂိမ်းထဲမှာ ပလေယာတွေကို gank ဖို့ နည်းလမ်းအသစ် ရှာတွေ့ထားတယ်နော်… အဲ့နည်းလမ်းနဲ့ တောဝင်တဲ့သူက ပြိုင်ဘက်ကင်းပြီ… ဒီည စမ်းကြည့်ကြရအောင်….”
“ တော်ပြီ တော်ပြီ...… မင်း တခြားလမ်းပြောင်းကစားတဲ့ အချိန်ကျမှ ငါ့ကို အသိပေးလိုက်….”
လင်းရီ လက်ပြနှုတ်ဆက်ပြီးနောက် ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
ကားပါကင်သို့ ရောက်သောအခါ လင်းရီ ဆံပင်ကို သပ်ရပ်စွာ ချည်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ သူမမှာ မီးခိုရောင် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး လင်းရီကားရှေ့တွင်ရပ်နေကာ တစ်ယောက်ယောက်ထံ ဖုန်းခေါ်ဆိုနေလေသည်။
“ လျန်ရူရွှယ် မဟုတ်လား…. သူက ဒီဘာလာလုပ်တာ….”
မကြာမီ လင်းရီဖုန်းမှာ တုန်ခါလာခဲ့၏။ လျန်ရူရွှယ်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။
လင်းရီ ဖုန်း မကိုင်လိုက်သလို ဖုန်းလည်း မချလိုက်ပဲ အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်၏။ ထို့နောက် လျန်ရူရွှယ်နောက်သို့ တိတ်တဆိတ် ချဉ်းကပ်သွားကာ သူမမျက်လုံးများကို အုပ်လိုက်လေသည်။
ရုတ်ချည်းဆိုသလို လျန်ရူရွှယ်၏ ခန္ဓာကိုယ်မှာ လျင်မြန်လာပြီး လင်းရီကို တုန့်ပြန်ချိန်မပေးဘဲ လင်းရီနောက်ကျောသို့ ရောက်ရှိသွားခဲ့၏။ တစ်ချိန်တည်းတွင် လင်းရီ၏ လည်းပင်းကို လက်မောင်းဖြင့် ရစ်ပတ်ထားပြီး ဝမ်းဗိုက်ကိုလည်း တစ်စုံတစ်ခုဖြင့် ထောက်ထား၏။
“ဖက်ခ်... သေစမ်း… “ လင်းရီ ကြက်သေသေသွားတော့၏။
လင်းရီကို ထောက်ထားသည်မှာ အခြားမဟုတ်။ လျန်ရူရွှယ်၏ သေနတ်ပင်။
“ နင်ဘာလို့ ဒီရောက်နေတာ….”
“ ငိုးပဲ.. မင်းရူးနေတာလားကွ… သေနတ်ကို မြန်မြန်ဖယ်စမ်း…. ငါ ခုထိ မိန်းမတောင် မရသေးဘူး… အစောကြီး မသေချင်သေးဘူး….”
လျန်ရူရွှယ် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ရှိုးလိုက်ပြီး ဘယ်သူမှ ရှိမနေသည်ကို မြင်တော့ ပြန်လွှတ်ပေးလိုက်၏။
“ မင်းငါ့ကို လန့်သေအောင် လုပ်နေတာပဲကွ… ဘာလို့ သေနတ်ကြီး ဆောင်ထားတာ...”
အကယ်၍ လျန်ရူရွှယ်ကိုယ်ပေါ်တွင် ဓားဆောင်ထားသည်ဆိုပါက လက်ခံ၍ ရသေး၏။ သို့သော်လည်း မည်သည့် သာမန်လူကမျှ သေနတ်မဆောင်ထားကြချေ။
“ ဟွန့်...ဘယ်သူက နင့်ကို အသံမပေးဘဲ လာခိုင်းလို့….” လျန်ရူရွှယ်ပြောလိုက်ပြီး “ သေနတ်က ငါ့ကိုယ်ငါ ခုခံကာကွယ်ဖို့လေ…”
“ သူများသိသွားမှာ မကြောက်ဘူးလား…”
“ မကြောက်ပါဘူး… ယူလာရဲမှတော့ ကြောက်မယ်များထင်နေလား…”
ယခုမှသာ လင်းရီ လျန်ရူရွှယ် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သတိပြုမိသွားတော့၏။
လျန်ရူရွှယ် လှုပ်ရှားလိုက်သည့် အကွက်မှာ ထပ်ခါတလဲလဲ လေ့ကျင့်ထားခြင်းကြောင့် ခန္ဓာကိုယ်မှ သူ့အလိုလို တုန့်ပြန်နေခြင်းဖြစ်၏။
' ဒီ ရာထူးကြီးပိုင်းမှာ မွေးဖွားလာတဲ့ ကလေးတွေက တကယ့်ကို သာမန် မဟုတ်တာပဲ....'
"မင်းကကော ဘာလို့ ဒီရောက်နေတာ... "လင်းရီ ခေါင်းစဉ် ပြောင်းလိုက်ပြီး "မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဖူတန် ဒါမှမဟုတ် ကျောက် တက္ကသိုလ်ကို သွားသင့်တာ မဟုတ်ဘူးလား...."
"ငါက ဒီနယ်ကို ခုမှ ပြောင်းလာတဲ့ အရာရှိ အသစ်လေ.... ဒါကြောင့်မို့ အလိုက်အလျောက် နေထိုင်နိုင်အောင် ကျောင်းတိုင်းကို လိုက်လည်ရမှာပဲ.... ပင်းချန်တက္ကသိုလ်ကလည်း ကြိုဆိုပွဲအခမ်းအနားအတွက် ငါ့ကို ဖိတ်ကြားလာတော့ အနာဂတ်ကျရင် ဒိက ၀န်ထမ်းတစ်ချို့နဲ့ ပတ်သက်မှုတစ်ချို့ ရှိရင်ရှိလာနိုင်တယ်... ဒါကြောင့်မို့ ကြိုတွေးပြီး လာခဲ့လိုက်တာ.... "လျန်ရူရွှယ် ပြောလိုက်ပြီး "နောက်ပြီးတော့ ပင်းချန်တက္ကသိုလ်ရဲ့ လုပ်ခလစာမြင့်တဲ့ ပရောဂျက်တွေကလည်း မဆိုးပါဘူး... ငါလာပြီး စူးစမ်းကြည့်တာက သဘာ၀ပဲလေ... "
သို့နှင့် လျန်ရူရွှယ် လင်းရီကို ကြည့်လိုက်ပြီး "ကိုယ်တော်ကကော ဒီဘာလာလုပ်တာ... တက္ကသိုလ်ကျောင်းသူလေးတွေကို ခြေတော်လာတင်တာလား...."
"ပေါက်တတ်ကရတွေ... "လင်းရီ အထင်သေးစွာ ပြောဆိုလိုက်ပြီး "ငါက ကျောင်းရဲ့ အလှနတ်သမီးလေးကို အတွင်းရေးမှူး ခန့်ပြီးသား....ကျန်တဲ့သူတွေကို ဂရုစိုက်စရာ မလိုတော့ဘူး.... "
"နင်က ဘယ်တော့မှ လက်ဗလာနဲ့ မပြန်တတ်ဘူးဆိုတာ သိသားပဲ...."
လျန်ရူရွှယ် ပြောလိုက်လေသည်။
"အိုး ဒါနဲ့ မင်းခု အချိန်ရသေးလား... ငါမင်းနဲ့ ပြောစရာရှိလို့... "လင်းရီ ပြောလိုက်၏။
လျန်ရူရွှယ် ပခုံးတွန့်လိုက်ပြီး "ဟင့်အင်း...ငါ့မှာ အချိန်အများကြီး သိပ်မရှိဘူး... ခဏနေဆို ပွဲကစတော့မှာဆိုတော့ မစခင် ငါဟိုကို ကြိုရောက်နေမှ ဖြစ်မှာဟ.... "
"အဲ့တာဆိုလည်း နောက်နေ့မှ ပြောကြတာပေါ့.... "
"အဲ့တော့ နင်က ဘာဖြစ်ချင်လဲ... ဟိတ်.... နင် ဒီညနေ ဘာမှလုပ်စရာ မရှိရင် ငါနဲ့လိုက်ပြီး ပွဲလိုက်ကြည့်ပါလား... ငါတစ်ယောက်တည်း သွားရမှာ ပျင်းလို့.... "
"တော်ပြီ... ငါ့မှာလည်း တခြားလုပ်စရာလေးတွေ ရှိသေးတယ်.... "
"နင့်မှာ အနှိပ်ခံတာကလွဲပြီး ဘာလုပ်စရာများ ရှိသေးလို့... “