လောင်းကြေး
Vol. 32 Ch. 475
"နင် ပြောချင်တာကို ငါနားလည်တယ်... "လျန်ရူရွှယ် ပြောလိုက်ပြီး " ဒါပေမယ့် နင့်လိုမျိုး လူငယ်လေးတစ်ယောက်က ဒီလို အတွေးမျိုးတွေ ရှိနေတယ် ဆိုတာ ငါတကယ်ကို မယုံနိုင်ဘူးသိလား... "
"ငါက ကောင်းမွန်တဲ့ မိသားစုမှာ ပေါက်ဖွားလာတယ်... ငါ့သူငယ်ချင်းတွေ အကုန်လုံးကလည်း ဖာချမယ်... ကလပ်သွားမယ်... ကားပြိုင်မယ်.. ဒါတွေလောက်ပဲ ဦးနှောက်ထဲရှိကြတာ... နင်ကတော့ မတူဘူး... "
"မင်းလုပ်မှပဲ ငါက ပုံမှန် မဟုတ်တဲ့ ပုံစံတောင် ပေါက်နေပြီ... "လင်းရီ ပြောလိုက်ပြီး "ငါ့မှာလည်း ပြိုင်ကားတွေ ရှိတာပဲလေ.. ပြီးတော့ နိုက်ကလပ်တွေလည်း တက်တယ်... ဒီတိုင်း နိုက်ကလပ်က မော်ဒယ်လေးတွေကို သဘောမကျရုံလေးပဲ....သူတို့ဆီကနေ ငါ ဘယ်လိုမှ ကြိုက်နှစ်သက်မှုကို ခံစားလို့ မရလို့ကွာ.... ."
"အဲ့တာဆို နင်က ဘယ်လိုလူမျိုးတွေကို ကြိုက်တာ... "
လင်းရီ လျန်ရူရွှယ်ကို တောက်လောင်နေသော မျက်၀န်းတို့ဖြင့် ကြည့်လိုက်၏။ သူမမှာလည်း လင်းရီ၏ အထာကို သဘောပေါက်ကာ တစ်ဖက်သို့ လှည့်လိုက်ရင်း မျက်နှာပေါ်ရှိ ရှက်ရွံ့နေမှုများကို ဖုံးကွယ်ထားလိုက်သည်။
"ငါ့ကို လာမကြည့်နဲ့.. သူများ တင်ဆက်နေတာကို ကြည့်... "
လင်းရီ စင်ပေါ်သို့ ကြည့်ရှုလိုက်သောအခါ ရှောင်ထျန် အလှည့် ဖြစ်နေကြောင်း မြင်တွေ့လိုက်ရ၏။
"မင်း သတိပေးလိုက်တာ အတော်ပဲ... ငါလည်း သူ့အလှည့်ကို မျှော်နေတာ... "
"သူမလား... "
လျန်ရူရွှယ် ပီယာနို ရှေ့တွင် ထိုင်နေသည့် ရှောင်ထျန်ကို သေချာစူးစမ်းကြည့်လိုက်သောအခါ မနေနိုင်ပဲ နှုတ်မှ ရေရွတ်မိသွား၏။
"ဘုရား ဘုရား .... ဘာတွေများ စားလို့ အဲ့လောက်တောင် ကြီးနေတာပါလိမ့်.... "
ရှောင်ထျန် ပီယာနို တီးခတ်တော့မည်ကို မြင်တော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ အထင်သေးတာ မဟုတ်သော်လည်း သူမ၏ ဉာဏ်ရည်ဖြင့် ပီယာနို တီးတတ်လိမ့်မည်ဟု ထင်မှတ်မထားမိရုံပင်။
လင်းရီကို ပို၍ အံ့ဩသွားစေသည်ကတော့ ရှောင်ထျန်၏ ပီယာနိုစကေးများက အတော်လေး ကောင်းမွန်နေလေသည်။ သူမ ယခု တီးနေသည့် တေးသွားမှာ အနည်းငယ် ခက်ခဲသော်လည်း ရှောင်ထျန် ချောချောမွေ့မွေ့ဖြင့် တီးခတ်သွားခဲ့၏။
'အမယ်.. ဒီဂိမ်းသရဲလေးက ဒီလိုကျတော့လည်း ဘယ်ဆိုးလို့...'
"တီချယ်လင်း... သမီးတို့ကို သီချင်းတစ်ပုဒ်လောက် ဆိုပြ.... "
ရှောင်ထျန် ပီယာနို သံစဉ်ကို အဆုံးသတ်လိုက်ပြီး စင်အောက်ရှိ ချီးမြှောက်သံများကို ကြားတော့ အသံထွက် ကျိန်ဆဲလုနီးပါး ဖြစ်သွားခဲ့၏။
'သပပဲ... အားကြိုးမာန်တတ်နဲ့ တီးခတ်နေတဲ့ သူက ငါလေ... မဆီမဆိုင် သူတို့ တီချယ်လင်းကို ဘာလို့ တနေကြတာလဲ.... '
"တီချယ်လင်း... စင်ပေါ်တက်ပေးပါ... တီချယ် သီချင်းဆိုတဲ့ အသံလေးကို အရမ်း နားထောင်ချင်နေလို့... "
"ဟုတ်တယ် ဟုတ်တယ်... တီချယ် ပီယာနိုတီးတာလည်း နားထောင်ချင်သေးတယ်.... "
"သီချင်း တစ်ပုဒ်လောက်ပါဗျို့...."
အမျိုးသမီး ကျောင်းသူလေးများ ရူးသွပ်စွာ အော်ဟစ်နေသည်ကို မြင်တော့ လျန်ရူရွှယ် လင်းရီကို ပြုံးလျက်ကြည့်လိုက်၏။
"ရှင့်ရဲ့ အသည်းကျော်လေးတွေက တောင်းဆိုနေတယ်ဆိုတော့ မငြင်းဆန်သင့်ဘူးမလား... သီချင်းတစ်ပုဒ်လောက် ဆိုလိုက်လေ... "လျန်ရူရွှယ် ပြောလိုက်ပြီး "တကယ်လို့ နင် ဖျော်ဖြေတာက ငါ့ကို ကျေနပ်စေမယ်ဆိုရင် ရန်ပုံငွေရအောင် ကူညီပေးမယ်.... "
"ငါ့အထင်တော့ မင်းငါ့ကို အရှက်ရစေချင်နေသလိုပဲ... "
"နင်ပြောတာနော်... ငါ ဘာမှ မပြောရသေးဘူး... "လျန်ရူရွှယ် လင်းရီ၏ အားနည်းချက်ကို ရှာတွေ့သွားပြီး လှောင်ပြောင်ထေ့ငေါ့သည့် လေသံဖြင့် "နင်က ရန်ပုံငွေလည်း လိုချင်သေးတယ်.. ဒါပေမယ့် တစ်ခုခု ပြန်မပေးဘူးဆိုရင်တော့ မဟုတ်သေးဘူးလေ.. လောကကြီးမှာ အလကားစားရတဲ့ နေ့လည်စာဆိုတာ မရှိဘူး... "
"ငါက ငွေရှားနေတဲ့ ကောင်နဲ့ တူနေလို့လား... တကယ်လို့ မရနိုင်ဘူးဆိုရင်လည်း မယူဘူးပေါ့... "လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ငါတို့ အပြန်အလှန် အလှအပခံစားကြည့်နိုင်မယ်ဆိုရင်တော့ ငါစင်ပေါ်တက်ပြီး မျက်နှာပြရဖို့ ၀န်မလေးဘူး... ဘယ်လိုလဲ.. သဘောတူရဲလား.... "
"နင် ပေါက်တတ်ကရတွေ လျှောက်လုပ်လို့ မရဘူးနော်... ငါစိတ်ကျေနပ်အောင် လုပ်ပေးနိုင်မှ ရမှာ.... "
"ဒါပေမယ့် မင်းက ညစ်ပတ်ပြီးတော့ စိတ်မကျေနပ်ဘူးလို့ ပြောရင် ဘယ်လိုလုပ်မှာ... "
"အောက်က ပရိသတ် စိတ်ကျေနပ်သာနဲ့ အဆင်ပြေပြီ... "လျန်ရူရွှယ် အပြုံးလေးဖြင့် ပြောလိုက်၏။
" မင်း ဒီမှာ စောင့်နေ... "
လင်းရီ မတ်တပ်ရပ်လိုက်ပြီး အောက်ရှိ ကျောင်းသူလေးများကို ပြောလိုက်၏။
"အော်မနေကြနဲ့တော့..."
လူတိုင်း၏ အကြည့်အောက်တွင် လင်းရီ စင်ပေါ် တက်သွားခဲ့၏။
ထိုအချိန်တွင် ပွဲကြေညာသူမှာ လင်းရီ ဘေးသို့ ရောက်ရှိလာလေသည်။
"တီချယ်လင်း... ဘွဲ့ယူတော့မယ့် ဂျူနီယာလေးတွေကို ဘယ်လိုတွေများ ဖျောဖြေတင်ဆက်ပေးချင်ပါသလဲဗျ... "
"ကျုပ် သီချင်းဆိုမယ်... "လင်းရီ သာမန်ကာလျှံကာ ပြောလိုက်၏။
၎င်းအဖြေမှာ ပွဲကြေညာသူ၏ ခန့်မှန်းမှု အတိုင်းအတာထဲတွင် တည်ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် သီချင်းဆိုသည်မှာ ရိုးရှင်းသည့် ပါရမီတစ်ခုသာဖြစ်ပြီး လူတိုင်း သီချင်း ဘယ်လို ဆိုရမလဲ ဆိုတာ နားလည်ပေသည်။ နား၀င်ချိုသည်နှင့် နား၀င်ဆိုးသည်။ ထိုနှစ်ခုကသာ ကွာခြားသွားခဲ့၏။
စင်အောက်တွင်တော့ လျန်ရူရွှယ် တိတ်တိတ်ကလေး သူမဖုန်းကို ထုတ်၍ လင်းရီ၏ တင်ဆက်မှုကို မှတ်တမ်းရိုက်ကူးထားရန် စီစဉ်လိုက်သည်။
အနာဂတ်တွင် ထိုအကောင် သူမကို ကလန်ကဆန် ပြုဝံ့ပါက ယခု ဗွီဒီယိုကို ထုတ်ပြ၍ မျက်နှာ ဖြတ်ရိုက်လိုက်ပေမည်။
ထိုအကြောင်း တွေးတောရင်း လျန်ရူရွှယ်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ ကောက်ကျစ်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။
အပြန်အလှန် ကြည်နူးခံစားချင်နေတယ်ပေါ့လေ....
အိပ်မက်မက်နေလိုက်...
"တီချယ်လင်းက ဘယ်သီချင်းကို သီဆိုချင်တာ... စင်နောက်က ကျောင်းသားတွေကို ပြင်ခိုင်းလိုက်မယ်လေ..."
ယခုလို ပြုလုပ်သည်က ပွဲကျင်းပသည်ကို အလုပ်ရှုပ်စေသော်လည်း ထိုအရာက ဘာအရေးနည်း။
ယခု ရှိုးပွဲမှာလဲ ကျောင်းသားများကို ဖျော်ဖြေပေးရန်သာ။ ကျောင်းသား/သူများ ပျော်ရွှင်နေသရွေ့ ဘာကိစ္စမျှ မရှိချေ။
"မလိုဘူး... ပီယာနို ဒီမှာ ရှိနေတော့ ဒါပဲ သုံးလိုက်တော့မယ်... "
"ပီယာနို... "
လင်းရီ ပီယာနို တီးမည့် အသံကို ကြားတော့ ရှိုးပွဲကြည့်နေကြသည့် သူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
ဖြစ်နိုင်တာက တီချယ်လင်း ပီယာနို တီးတတ်နေတာလား...
"တီချယ်လင်း ဆိုမယ့် သီချင်း ခေါင်းစဉ်လေး တစ်ချက်လောက် ပြောပေးပါဦး.... "ပွဲကြေညာသူမှာ လည်း အံ့အားသင့်နေလေသည်။
ဒီရဲ့ တီချယ်လင်းက ခန့်ညား ချောမောရုံတင် မကသေးဘူး... ပီယာနိုပါ တီးတတ်နေတာလား...
"မင်းကို ချစ်နေတယ်... "
ထိုသို့ ပြောပြီးနောက် လင်းရီ ထိုင်ခုံပေါ်တွင် ထိုင်ကာ ပီယာနိုကို အသံမှန်မမှန် စစ်ဆေး၏။ ပြဿနာ မရှိကြောင်း သေချာသွားတော့မှ စတင်တီးခတ်လေသည်။
လင်းရီ တုံ့ဆိုင်းခြင်းမရှိ အဖြူနှင့် အမည်း ခလုတ်များကို လက်နှစ်ဖက်ဖြင့် နှိပ်လိုက်ပြီး လှပသည့် တေးသွားတစ်ပုဒ်မှာ သူ၏ လက်ချောင်းများအောက်တွင် ထွက်ပေါ်လာလေသည်။
"မင်းက အရမ်းလှတော့ ချစ်မိဖို့ အရမ်းကို လွယ်ကူတယ်... "
"မင်းနဲ့အတူ နှစ်ကိုယ်တူ ကမ္ဘာလေး တည်ဆောက်ချင်တာကလည်း ကိုယ့်ရဲ့အိပ်မက်လေးပဲ... "
"ပြီးတော့ တစ်ချိန်လုံး မင်းအနားရှိချင်တာကလည်း ကိုယ့်ရဲ့ ဆန္ဒလေးပါ... "
"မင်းကို ချစ်နေတာက လက်တွေ့ မဖြစ်နိုင်တဲ့ အိပ်မက်ဆိုရင်တောင်မှ ကိုယ်ဖြစ်ချင်တာကတော့ မင်းကို ဆက်ချစ်နေချင်တာပါပဲ.... "
"ပြီးတော့ အမြဲတမ်းလည်း ဆက်ချစ်နေဦးမယ်.... "
"ဘယ်သူကမှ မင်းငါ့ဘ၀ထဲကို ယူဆောင်လာခဲ့ပေးတဲ့ ပျော်ရွှင်မှုတွေကို နားလည်နိုင်မှာ မဟုတ်သလို ဘယ်သူကမှလည်း မင်းငါ့ကို ပျော်ရွှင်စေသလို ပျော်ရွှင်အောင် လုပ်ပေးနိုင်မှာလည်း မဟုတ်ဘူး...."
လင်းရီ၏ အသံမှာ သံစဉ်နှင့် လိုက်ဖက်ညီစွာ ကခုန်နေပြီး စင်အောက်ရှိ ကျောင်းသားများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
ဒါ သီချင်းဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါ... ဒါ.....
နောက်ဆုံး တီးလုံးကို တီးခတ်ပြီးသွားသည့် အချိန်တွင်တော့ လင်းရီ သူ၏ လက်များကို ရပ်တန့်လိုက်လေသည်။ တစ်ချိန်တည်းတွင် ကမ္ဘာကြီးလည်း ဆိတ်သုဉ်းပြီး အချိန်များ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။
လင်းရီ သီချင်းကို ထိုမျှ လှပစွာ ဆိုနိုင်လိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် လျန်ရူရွှယ်လည်း အလွန်အမင်း ရှော့ခ်ရနေလေသည်။
လင်းရီ မတ်တပ်ရပ်ပြီး အောက်ရှိလူများကို ကြည့်လိုက်၏။
"ဘာတွေ စောင့်နေတာ လက်ခုပ်တီးကြလေ..."
"ဟုတ်တယ် ဟုတ်တယ် ... လက်ခုပ်တွေ တီးကြ... "
ခန်းမထဲတွင် လက်ခုပ်တီးသံများ မိုးခြုန်းသံကဲ့သို့ဆူညံသွားခဲ့သည်။
ထိုအခါမှသာ လူတိုင်း လင်းရီမှာ ရုပ်ချောရုံ သပ်သပ်မျှ မဟုတ်ပဲ အခြားထူးချွန် ကျွမ်းကျင်သည့် အရာများလည်း ရှိသေးကြောင်း နားလည်သွားကြတော့၏။ သူကဲ့သို့သော ယောက်ျားမျိုးနှင့် နှိုင်းယှဉ်လျှင် အခြား ယောက်ျားတို့မှာ နှိုင်းယှဉ်ရန်ပင် မထိုက်တန်တော့ချေ။
သူတို့က တိရစ္ဆာန် အထီး သာသာတွေ ဖြစ်ကုန်ပြီ။
"တီချယ်လင်း ဆိုတာ အရမ်း နားထောင်လို့ ကောင်းတယ်.. နောက်တစ်ပုဒ်လောက်ရှင့်.... "
"ငါ မရတော့ဘူး... ငါ အသံနားထောင်ရင်းနဲ့ ကိုယ်၀န်ရှိချင်လာသလိုပဲ...."
"နောက်တစ်ပုဒ်လောက်...."
"တီချယ်လင်း .. ချစ်တယ် အရမ်းချစ်တယ်.. ကလေးတွေလည်း မွေးပေးချင်တယ်.... "
"ဒီလိုမှပေါ့.."
လင်းရီ ကျေနပ်အားရစွာဖြင့် ခေါင်းညိမ့်လိုက်ပြီး သူ့ထိုင်ခုံသို့ ပြန်လာခဲ့လိုက်၏။
ထိုအခိုက်အတန့်တွင် လျန်ရူရွှယ် မျက်နှာထက်ရှိ ရှော့ခ်ရနေသည့် အမူအရာမှာ မကွယ်ပျောက်သေးပေ။
"အလှလေးလျန်... ပရိတ်သတ်တွေရဲ့ တုံ့ပြန်မှုတွေ အရဆိုရင် အရမ်းကို ကျေနပ်အားရနေတဲ့ ပုံပဲနော်... ကျုပ်တို့ ခု အချင်းချင်း ကြည်နူးနှစ်သက်လို့ရပြီလား.....မေ့တော့ မမေ့လောက်ပါဘူးနော..."
"ဘာကို ကျေနပ်အားရတာ... ငါကတော့ ကောင်းတယ်လို့ မထင်ပါဘူး... "
"ဘာကွ...ဒါ မင်း အရမ်း အရှက်ကင်းမဲ့တာပဲ... "
"နင်ကမှ အရှက်မရှိတာ.. ဟွန့်.. အဲ့တော့ နင် ဘာဖြစ်ချင်လဲ.... "
လင်းရီ သူမကို ဘာမျှ မတတ်နိုင်ချေ။ သို့သော်လည်း သူစိတ်ထဲ ထားမနေခဲ့။လျန်ရူရွှယ်၏ စရိုက်နှင့် ဆိုပါက သူတောင်းဆိုတာကို သဘောတူမှသာ ထူးဆန်း နေပေလိမ့်မည်။
ပွဲမှာ ဒုတိယတစ်၀က် ကျိုးလာသည့် အချိန်တွင်တော့ ကျီချင်းရန် ကျောက်ချီကို အကြောင်း ပြချက် ပေး၍ စောစီး ထွက်လာခဲ့လိုက်လေသည်။ ယင်းကိုလည်း ကျောက်ချီ မျှော်လင့်ထားပြီးသား ဖြစ်၏။ လင်းရီ၏ မျက်နှာကြောင့်သာ မဟုတ်ပါက သူမ အစောကြီး ကတည်းက ထွက်သွားလိမ့်မည် ဖြစ်ကြောင်း သေချာနေလေသည်။
"နင် ညစာ အတူစားချင်လား... "ပါကင်ထိုးသည့် နေရာကို ရောက်တော့ လျန်ရူရွှယ် မေးမြန်းလိုက်၏။
"ကိုယ့်စကားကို မတည်တတ်တဲ့ သူနဲ့ အတူစားရင် ဘာစားစား အရသာရှိမှာ မဟုတ်ဘူး... ကိုယ့်ဘာကိုယ် တစ်ယောက်တည်းစားတာက ပိုကောင်းတယ်.... "
"နင် ဒီလိုမျိုး လုပ်မှ ဖြစ်မှာလား... "လျန်ရူရွှယ် ခါးသီးစွာ ပြောလိုက်၏။
"ဘာလို့မရရမှာ... ကတိမတည်တဲ့လူတွေက ယုံချင်စရာ မကောင်းဆုံးပဲ.. သူတိူ့က အပေါ်ယံသာ အားကိုးလို့ ရသလိုနဲ့ ဒုက္ခရောက်လာရင် ထားပစ်ခဲ့ကြမယ့် သူတွေချည်းပဲ... "
"နင်ဘယ်သူ့ကို အားကိုးလို့ မရတဲ့သူလို့ ပြောနေတာလဲ... ငါက နင်ထင်နေသလိုမျိုး မဟုတ်ဘူး.... "
"ကတိ ပေးထားတဲ့ အတိုင်းလည်း မလုပ်ပဲနဲ့ကို ငါက အဲ့လိုလူစားမျိုး မဟုတ်ဘူး လာလုပ်နေတယ်... ကျွတ် ကျွတ် .. တကယ့်ကို မယုံရတာပဲ.... "
"အဲ့တာဆိုလည်း ငါ့အိမ်အရင်သွားစို့... ဘာပဲဆိုဆို ငါတို့ ညစာတော့ အရင်စားရမယ် မလား... “