ငါက အဲ့လို လူစားမျိုးလား...
Vol. 32 Ch. 477
"နားလည်ပါပြီ..."လုရင်း ပြောလိုက်၏။
"ဘော့စ်...ကျွန်မတို့ မီဒီယာ ကုမ္ပဏီတွေကော ခေါ်ရဦးမလား..... "
"အင်း..... "လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် "ကျိုးဟိုင်မှာ ဖုန်းလန် ယဉ်ကျေးမှုဆိုတဲ့ မီဒီယာကုမ္ပဏီ တစ်ခုရှိတယ်.... သူတို့ကို သွားဆက်သွယ်လိုက်... ဒါပေမယ့် ငါ့နာမည်ကိုတော့ ထုတ်မပြောနဲ့..... "
"အဲ့တာဆို ကျွန်မတို့ရဲ့ အထောက်အထားတွေကော ဖုံးကွယ်ထားရဦးမလားဘော့စ်.... "
လင်းရီ၏ နည်းလမ်းများကို အသားကျနေသောကြောင့် လုရင်းမှ မေးမြန်းလိုက်လေသည်။
"မလိုဘူး.... လုံရှင်းသုတေသန စင်တာဆိုတဲ့ နာမည်နဲ့ပဲ ဆောင်ရွက်လိုက်...."
"နားလည်ပါပြီရှင့်.... "
နှစ်ယောက်သား ခေါင်းညိမ့်လိုက်ပြီး စွန်းဖုယွီမှ မေးလာခဲ့၏။ "ဖုန်းလန်ယဉ်ကျေးမှု မီဒီယာကုမ္ပဏီပြင် ကျွန်တော်တို့ တခြားမီဒီယာတွေကော ခေါ်လိုက်ရဦးမလားဘော့စ်..... "
"မလိုအပ်ဘူး...."လင်းရီ ပြုံးလိုက်ပြီး "ငါတို့သာ ဖုန်းလန်ယဉ်ကျေးမှုမီဒီယာနဲ့ လက်တွဲလုပ်လိုက်ရင် ကျန်တာကြိ သူတို့ဘက်က တာ၀န်ယူပေးလိမ့်မယ်..... "
"ဟုတ်ကဲ့... နားလည်ပါပြီ.... "
"အိုး နောက်တစ်ခု ကျန်နေသေးတယ်.... "လင်းရီ ပြောလိုက်ပြီး "ဒါက ဒါရိုက်တာရှန်းရဲ့ သုတေသန အစီရင်ခံစာတွေနဲ့ ဆိုင်တယ်.... တကယ်လို့ လက်မှတ်ထိုးစရာ ကိစ္စရှိရင် မင်းတို့ မြို့တော်၀န်ရုံးက လျန်ရူရွှယ်ကို လက်မှတ်ထိုးခိုင်းလိုက်.... "
"လက်ထောက်မြို့တော်၀န်အသစ်လား...."
"အင်း....သူမပဲ..."
"နားလည်ပါပြီ ဘော့စ်... "
"ကောင်းပြီ.. ခုသွားကြတော့... "လင်းရီ မတ်တပ်ရပ်လိုက်ပြီး "ငါ့မှာလည်း တခြားကိစ္စတွေ ကျန်နေသေးတော့ အရင်သွားနှင့်ပြီ.... "
"ကောင်းပါပြီရှင့်...ဂရုစိုက်ပါ....."
သုတေသန စင်တာမှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ ချင်းဟန်ထံ ဖုန်းခေါ်လိုက်လေသည်။
"ယီးပဲ.... မင်းခု စော်အလန်းလေးတွေနဲ့ ရေကူး၀တ်စုံပါတီ လုပ်နေပြန်ပြီလား.... ငါ့ကို ဒေါသထွက်အောင် လုပ်မလို့လားဟျောင့်.... "
"ငါ့ရုပ်ကို သေချာကြည့်ပြီးပြောစမ်း.. ငါကအဲ့လိုကောင်လား.... "
"သေစမ်း.... မင်းက လုံး၀ကို အဲ့လိုကောင်မျိုးပဲ.... တွေ့လို့ကတော့ မင်းမျက်နှာကို ထိုးပစ်ဦးမယ်....."
" တော်ပြီ ပေါက်တတ်ကရတွေ လုပ်မနေနဲ့တော့ ...ပြောစရာရှိတယ်..."လင်းရီ ပြောလိုက်ပြီး "ငါမှတ်မိသာ မှန်မယ်ဆိုရင် မင်းလက်အောက်မှာ လျိုယင်းရှီလို့ခေါ်တဲ့တစ်ယောက်ရှိတယ် မဟုတ်လား... ငါခုတလော ဘာလို့ သူ့ကို မတွေ့မိပါလိမ့်.... "
"အဲ့ကောင်လား... ငါသူ့ကို အဆင်ပြေတဲ့ အလုပ်တစ်ခု စီစဉ်ပေးထားတယ်လေ... ခုဆို ဒုဥက္ကဌတောင် ဖြစ်တော့မယ်.... "
"ငါခု အရေးကြီးလို့ သူ့ကို ခနလောက် ခေါ်လို့ရမလား...."
"ရတယ်လေ... မင်းခု ဘယ်ရောက်နေတာ.. ငါ သူ့ကို လာရှာခိုင်းလိုက်မယ်.... "
"ရတယ်... သူဘယ်ရောက်နေလဲ ဆိုတာကိုပဲ ငါ့ပြောလိုက်... ငါ သွားခေါ်လိုက်မယ်.... "
"စီနိုဟန်ကုမ္ပဏီမှာ သွားရှာလိုက်ရင် ရတယ်... မင်းမှာ အဲ့ကောင်ဖုန်းနံပါတ် ရှိတယ်မလား..... "
"အင်း...."လင်းရီ ပြောလိုက်ပြီး "ကျေးဇူးပဲဟျောင့်... မင်းလုပ်စရာရှိတာ ဆက်လုပ်တော့ ... ငါဖုန်းချလိုက်တော့မယ်.... "
ဖုန်းချပြီးနောက် လင်းရီ စီနိုဟန် ကုမ္ပဏီသို့ သွား၍ လျိုယင်းရှီကို သွားခေါ်လိုက်သည်။ သူရှာနေမှန်း သိတော့ တစ်ဖက်လူမှာ အောက်သို့ အရေးတကြီး ပြေးလာပြီး ဆင်းလာနှုတ်ဆက်လေသည်။
"မဆိုးဘူး... မင်းက အနောက်တိုင်း၀တ်စုံနဲ့ဆိုတော့ အတော်လေးကို ရာထူးမြင့်တဲ့သူမှန်း သိသာသွားပြီ.... "
"မစ္စတာလင်းကတော့ နောက်နေပါပြီ.... "
လျိုယင်းရှီ ပျော်ရွှင်စွာ ပြောလိုက်ပြီး
"သခင်လေးချင်းက ကျွန်တော့်ကို ဂရုစိုက်ပေးပြတော့ ဌာနမန်နေဂျာရာထူး စီစဉ်ပေးလိုက်တာလေ... ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော်က ရုံးထိုင်ရတာ သိပ်ကြိုက်တဲ့ကောင်မျိုး မဟုတ်ဘူးဗျ.... သခင်လေးချင်းနောက် လိုက်ပြီး လူမိုက်... အဟမ်း အလုပ်လုပ်ရတာကမှ ပိုပြီး သက်တောင့်သက်သာ ရှိတာ.... "
"ဟားဟား... စိတ်အေးအေးထားစမ်းပါဟ...နောင်ကျ မင်းမိသားစုကိုလည်း ထောက်ပံ့ရဦးမယ်လေ..."
"အမှန်ပဲ... "လျိုယင်းရှီ ပြောလိုက်ပြီး "တကယ်လို့ သခင်လေးချင်းသာ ကျုပ်ကို ဂရုမစိုက်ပေးဘူးဆိုရင် ကျွန်တော်တော့ဖြင့် ကျိုးဟိုင်မှာ နေနိုင်မှာတောင် မဟုတ်ဘူး.... "
အချင်းချင်း ချီးမွမ်းလိုက်ကြပြီးနောက် လျိုယင်းရှီ လင်းရီကို ကြည့်ကာ "မစ္စတာလင်း.. ကျွန်တော် သခင်လေးချင်းဆီက ကြားတာတော့ ကျွန်တော့်ကို လိုက်ရှာနေတယ်ဆို... ဘာလဲ ခိုင်းစရာရှိလို့......"
"ငါ့မှာ မင်းအတွက် အရေးကြီးတဲ့ မစ်ရှင်တစ်ခုရှိတယ်.... ငါ ကျန်တဲ့သူတွေကို မယုံဘူး... ဒါကြောင့်မို့ မင်းကိုယ်တိုင်လုပ်မှ ဖြစ်မှာ.... "
"ပြဿနာ မရှိဘူး... ဘာလုပ်ရမလဲဆိုတာသာ ပြောလိုက်ဗျာ....ကျွန်တော့်အရိုးတွေ ကြေရင် ကြေသွားပါစေ... ဖြစ်အောင် လုပ်ပေးမယ်.... "
"အေးဆေးပေါ့... ကားထဲ အရင်၀င်လိုက်... ငါမင်းကို တစ်နေရာ ခေါ်သွားမယ်.... လမ်းမှာ စကားပြောကြတာပေါ့.... "
"ကောင်းပါပြီ.... "
တစ်နာရီကြာပြီးနောက် လင်းရီ လျိုယင်းရှီနှင့်အတူ စက်ရုံဧရိယာသို့ ရောက်ရှိလာလေသည်။
လမ်းတွင်တော့ လျိုယင်းရှီ လုပ်ဖို့ လိုအပ်သည်များကို အသေးစိတ် ပြောကြားပြီးသား ဖြစ်၏။
"မစ္စတာလင်းက ဒီလိုမျိုး ကစားချင်နေတာလား... ဒါက နည်းနည်း စိတ်လှုပ်ရှားဖို့ ကောင်းသားပဲ..... "
"ဘာမှ စိတ်မပူနဲ့.. Sci-tech ကလည်း ငါ့အပိုင်ပဲ... ဘာ ဂယက်မှ မရှိစေရဘူး... ငါပြောတဲ့ အတိုင်းသာလုပ်...."
"ကောင်းပြီလေ.. မစ္စတာလင်း စီစဉ်တဲ့ အတိုင်းပေါ့.... "
ကားထဲမှ ထွက်ခွာပြီးနောက် နှစ်ယောက်သား တစ်နေရာစီ လမ်းခွဲလိုက်ကြလေသည်။ လင်းရီကတော့ ၀မ်ရန်၏ ရုံးခန်းထဲသို့ ဦးတည်၏။
ရုံးခန်းထဲတွင်တော့ ၀မ်ရန် အဖြူရောင် Tulle ruffle ရှပ်ကို ၀တ်ဆင်ထားပြီး ဂျင်းနှင့် ဒေါက်မြင့်ဖိနပ်တို့ကို ၀တ်ဆင်ထားလေသည်။ ယခုလို ၀တ်စုံမျိုး ၀တ်ဆင်ထားသည်က သူမကို ပို၍ ဆက်ဆီ ဆန်သွားစေပြီး ဆွဲဆောင်မှုကို ထပ်လောင်းတိုးပွားသွားစေသည်။
"တီချယ်လင်း... "
လင်းရီ ၀င်လာသည်က်ုမြင်တော့ ၀မ်ရန် မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။
"ခုတလော စက်ရုံအခြေအနေက ဘယ်လိုရှိလဲ... "လင်းရီ ဆိုဖာပေါ်တွင် ထိုင်ရင်း မေးမြန်းလိုက်၏။
"အရင်အတိုင်းပါပဲ... ၀မ်ရန် ပြောလိုက်ပြီး "ဒါပေမယ့် လက်ရှိ Sci-tech က ကျွန်မတို့ အပိုင် မဟုတ်တော့ဘူးလို့တော့ ခံစားနေရတယ်.... "
"ဘာလဲဖြစ်လို့...."
"၀ပ်ရှော့ခ်နဲ့ ကုန်လှောင်ရုံတွေ အကုန်လုံးကို Ciscoက လူတွေပဲ ထိန်းချုပ်ထားပြီးတော့ ကျွန်မက မီးဘေးအန္တရာယ် အဆင့်လေး စစ်ဆေးချင်တာတောင်မှ ၀င်လို့ မရဘူး... အပြင်မှာပဲ တားဆီးခံလိုက်ရတယ်... "၀မ်ရန် သိပ်စိတ်မ၀င်စားသည့် လေသံဖြင့် ပြောလိုက်၏။
"ကျွန်မကတော့ အမျိုးသမီး လုံခြုံရေးအစောင့်လို့တောင် ကိုယ့်ကိုယ်ကို ထင်နေမိပြီ... ဘာမှ လုပ်စရာမလိုပဲ လစာရနေလို့လေ... တီချယ်........ ကျွန်မကို တစ်ခြား အလုပ်လေး မစီစဉ်ပေးတော့ဘူးလား...."
ထိုသို့ ပြောရင်း ၀မ်ရန် လင်းရီအတွက် ကော်ဖီ ဖျော်ပေးနေပြီး လင်းရီထံ ကမ်းပေးလိုက်သည်။
"မပူနဲ့... မကြာခင် Cisco နဲ့ Sci-techရဲ့ ဆက်ဆံရေးက အဆုံးသတ်တော့မှာ... မင်းလည်း ဒီမှာ ဆက်နေစရာ မလိုတော့ဘူး.... "
"တီချယ် အထင်မလွဲနဲ့နော်... ကျွန်မက အလုပ်ကို စောဒက တက်နေတာ မဟုတ်ဘူး... "၀မ်ရန် ကမန်းကတမ်း ရှင်းပြလိုက်ပြီး "ဘာမှ မလုပ်ရဘဲ လစာယူနေရတော့ စိတ်မလုံမလဲ ဖြစ်လို့ ပြောနေတာ... "
"ငါလည်း အထင်မလွဲဘူး...."လင်းရီ ပြောလိုက်ပြီး "မင်းကို ဒီနေရာ နေခိုင်းထားတယ်ဆိုတာကလည်း ငါ့မှာ လူအင်အား အလုံအလောက်မရှိသေးလို့... ခု ငါ ကိစ္စအားလုံးကို ဒီရက်ပိုင်းအတွင်း....."
ချလပ်...
လင်းရီ စကားပြောလို့ မဆုံးသေးမီ ရုံးခန်းတံခါးမှာ ပွင့်ဟလာခဲ့၏။
ချောင်ရှန့်ယွီနှင့် သူ့အတွင်းရေးမှူးတို့ အပြင်မှ အလောတကြီးနှင့် ရောက်ချလာကြလေသည်။
"ရို... အစ်ကိုချောင်... မတွေ့ရတာတောင် တော်တော်ကြာနေပြီပဲ.... ဘယ်လိုလဲ... လုပ်ငန်းကိုင်ငန်းကော အဆင်ပြေရဲ့လား....ကြည့်ရသလောက်တော့ ပြေမှာပါ.... "
"လင်းညီလေး... မင်းဘာလို့ ငါ့ကို ခက်ခဲအောင် လုပ်နေတာ...."
ချောင်ရှန့်ယွီ ပြောလိုက်၏။
"ဘာလဲဖြစ်လို့... ကျုပ်က ကျုပ်ရဲ့ အတွင်းရေးမှူးဆီ လာလည်တာလေ... ဘာမှလဲ မလုပ်ပဲနဲ့... "
"ဘာမှ မလုပ်ဘူးလား.... "ချောင်ရှန့်ယွီ သူ၏ ဒေါသများကို ဖိနှိပ်ထားသည့် လေသံဖြင့်
"မင်း လူသန်ကြီးကို အိမ်သာတံခါးစောင့်ခိုင်းပြီး ၀င်ကြေးတောင်းနေတဲ့ ကိစ္စကကော.. ဘယ်သူမှ အဲ့လိုမလုပ်ဘူးလေကွာ... မင်းလုပ်နေတာကြီးက ကျင့်၀တ်နဲ့ မညီဘူးကွ.... "
"အစ်ကိုချောင်... ခင်များ ဒီညီလေးရဲ့ အခက်အခဲတွေကိုလည်း နားလည်ပေးဦးမှပေါ့.... "
"ဘာအခက်အခဲလဲ... မင်း လောင်းကစား ရှုံးလာပြန်ပြီလား... "
"ဟူး... မပြောစမ်းနဲ့.. ကျုပ် နောက်ထပ် လေးငါးသိန်း ထပ်ရှုံးလာပြန်ပြီ... ခု ပိုက်ဆံအိတ်ထဲမှာ ပင့်ကူအိမ်တွေပဲ ရှိတော့တယ်.... "
လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် စိတ်မပူနဲ့.. ကျုပ်က စဉ်းစားတတ်တဲ့ လူလေ... ခင်များနား ပိုက်ဆံ ထပ်မတောင်းပါဘူး... ကျုပ်လို အရွယ်ရောက်ပြီးသားလူတစ်ယောက်က ကိုယ့်ပိုက်ဆံကို ရှာရမယ်လေ ဟုတ်တယ်ဟုတ်... အချိန်တိုင်း အစ်ကိုချောင်ရဲ့ ပိုက်ဆံတွေ သုံးနေတယ်ဆိုတာက ဖြေရှင်းတဲ့ နည်းလမ်းမှ မဟုတ်တာ.... "
"လင်းညီလေး... မင်းရဲ့ ပိုက်ဆံ ရှာချင်တဲ့ စိတ်ကိုတော့ ငါအသိအမှတ်ပြုပါတယ်... ဒါပေမယ့် ဒီလိုနည်းလမ်းကြီးနဲ့တော့ မရှာသင့်ဘူးလေကွာ... "ချောင်ရှန့်ယွီ ပြောလိုက်ပြီး "စက်ရုံအလုပ်သမားတွေက အိမ်သာတောင် ပိုက်ဆံပေးသုံးနေရတယ်ဆိုတော့ ဘယ်အဆင်ပြေတော့မှာ... ခု ငါ့ကို ကွန်ပလိန်းတက်နေကြပြီ.... "
"တက်ပါစေပေါ့...."လင်းရီ ပြောလိုက်ပြီး "ပိုက်ဆံဆိုတာ သုံးဖို့ပဲ မဟုတ်ဘူးလား.... သိမ်းထားရင်တောင် ကြက်တွေလို ဥဥပေးမှာမှ မဟုတ်တာ..... "
"အဲ့တာတော့ ဟုတ်ပါတယ်... ဒါပေမယ့် ဘယ်သူက အိမ်သာမှာ အစောင့်ထားပြီး ပိုက်ဆံ ကောက်လို့လဲ..."
"ခင်များအိမ်မှာ အိမ်သာ မရှိဘူးလား..."လင်းရီ မေးလိုက်၏။
"ရှိတာပေါ့ကွ... မေးနေစရာတောင် လိုသေးလို့လား...."
"အဲ့တာပဲလေ... တကယ်လို့ အိမ်မှာ အိမ်သာတပ်ဆင်မယ်ဆိုရင် ပိုက်ဆံတွေ အများကြီးကို တစ်ခါတည်းပေးရမယ်.... ကျုပ်ဆီမှာ သုံးရင်တော့ အရစ်ကျ ပေးရုံပဲ... အဲ့လောက် သက်သာနေတာကိုတောင်မှ ဈေးကြီးတယ် ထင်နေရင်လည်း အများသုံး အိမ်သာသာ သုံးလိုက်ကြတော့....အဲ့တာက ဈေးပိုသက်သာတယ်....."
လင်းရီပြောလိုက်ပြီး "ကျုပ်တို့က စီးပွားရေးသမားတွေလေ... သူများအပေါ် ဘယ်လို ညွှန့်ရမယ် ရိုက်စားလုပ်ရမယ်ဆိုတာ သိနေရမယ်... ဒီအတွက်နဲ့တော့ ကျုပ်ကို အပြစ်လာတင်လို့ မရဘူ....”