ငါမင်းကို ပိုက်ဆံ နှစ်သိန်းပေးမယ်
Vol. 32 Ch. 478
ချောင်ရှန့်ယွီ ရင်ထဲတွင် ကျိန်ဆဲလိုက်၏။
'သူတိူ့က ငါ့အလုပ်သမားတွေကွ ... မင်းက အိမ်သာသုံးတာတောင် ပိုက်ဆံတောင်းနေမှတော့ ငါ့ယီးကို သူတို့က အလုပ်လုပ်ပေးတော့ပါ့မလား.... '
ထိုသို့ ဆိုလိုက်သော်လည်း လင်းရီမှာ စည်းမျဉ်းများအတိုင်း ကစားတတ်သူမဟုတ်ကြောင်းနားလည်ပေသည်။
မဟုတ်ပါက ကုန်လှောင်ရုံများကို ဖျက်ဆီးပြီး ငါးမွေးရန် ကြံလိမ့်မည်မဟုတ်ပေ။
သာမန်လူက အဲ့လိုမျိုး လုပ်မှာတဲ့လား...
"လင်းညီလေး... မင်းပြောတာက အဓိပ္ပာယ်တော့ရှိတယ်... ဒါပေမယ့် လက်တွေ့လုပ်လို့တော့ မရဘူးလေကွာ..."ချောင်ရှန့်ယွီ ပြောလိုက်ပြီး "အတွင်းရေးမှူး၀မ်ကော အိမ်သာသွားရင် ပိုက်ဆံပေးဖို့ လိုလား... "
"ဘာလို့ ပေးစရာလိုမှာ... သူက ကျုပ်လက်အောက် ငယ်သားဆိုမှတော့ ပေးစရာမလိုတာ သဘာ၀ပဲလေ..."
လင်းရီ ပြောလိုက်ပြီး "ကျုပ် ၀ပ် ရှော့နဲ့ ကုန်လှောင်ရုံတွေကို လက်လွှဲပေးလိုက်တုန်းကနဲ့ အတူတူပဲလေ... ကျုပ်ရဲ့ အတွင်းရေးမှူးက အထဲ၀င်ပြီး မီးဘေး စစ်ဆေးလို့တောင် မရတော့ဘူးမလား..."
၎င်းကိုကြားတော့ ချောင်ရှန့်ယွီ ဘာဖြစ်နေလဲ ဆိုတာ နားလည်သွားတော့သည်။
လက်စသတ်တော့ သူ့အတွင်းရေးမှူးအတွက် ရပ်တည်ပေးနေတာကိုး....
"လင်းညီလေး... ငါတို့ အရင်တုန်းကတည်းကနေ ရှင်းအောင် ပြောခဲ့ပြီးသား မဟုတ်လား... ကုန်လှောင်ရုံက Cisco ရဲ့ ပစ္စည်းတွေနဲ့ ဖြည့်ထားတာလေ... တကယ်လို့ အတွင်းရေးမှူး၀မ် ၀င်ပြီးတော့မှ တစ်ခုခု ဖြစ်သွားခဲ့တယ်ဆိုရင် နှစ်ဖက်လုံး ကောင်းမှာ မဟုတ်ဘူး... "ချောင်ရှန့်ယွီ အပြုံးလေးဖြင့် ပြောလိုက်ပြီး
"လင်းညီလေးက ကုန်လှောင်ရုံထဲ သွားချင်ရင် ခုခေါ်သွားပေးမယ်... အမြင်မတော်တာတွေ ရှိရင်ထောက်ပြလို့လည်း ရတာပေါ့.... "
"ကောင်းပြီလေ... ကျုပ်လည်း ရောက်လက်စနဲ့ တစ်ခါတည်း လိုက်ခဲ့လိုက်မယ်...ဘာလုပ်စရာမှ မရှိတာ... "
"အိုကေ..ဒါနဲ့ ဖြစ်နိုင်ရင် မင်းရဲ့ လက်အောက်ငယ်သားကို ပြန်ခေါ်လိုက်ပါလား... သူက အိမ်သာ၀မှာ စောင့်ပြီး ပိုက်ဆံတွေကောက်နေတော့ အောက်ခြေက ၀န်ထမ်းတွေ အလုပ်လုပ်လို့ အဆင်မပြေဘူး.... "
"ကောင်းပြီလေ.. ကျုပ်သူ့ကို ပြန်ခေါ်လိုက်မယ်... အရင်သွားကြည့်ကြတာပေါ့.... "
"ဒါပေါ့ ဒါပေါ့.. အချင်းချင်းတွေပဲကို..."
လင်းရီ လျိုယင်းရှီကို ပြန်ခေါ်လိုက်ပြီး ကုန်လှောင်ရုံထဲသို့ ဦးတည်လိုက်၏။
"ဥက္ကဌချောင်ကလည်း ဒီလို ငကြောင်မျိုးကို ဘာလို့ အရေးတယူလုပ်ပြီး ဆက်ဆံပေးနေတာ.... "အမျိုးသမီး အတွင်းရေးမှူးမှ အထင်သေးစွာ ပြောဆိုလိုက်သည်။
အစကတည်းက သူမ လင်းရီ အပေါ် အထင်အမြင်ကောင်းများ မရှိချေ။
ယင်းကလည်း သူမ၏ ရည်မှန်းချက်မှာ ပိုက်ဆံသာဖြစ်ပြီး ရုပ်ရည်က ဘာမျှ အရေးမပါသောကြောင့်ပင်။
"မှားတယ်... "ချောင်ရှန့်ယွီ လက်နောက်ပစ်ပြီး ကမ္ဘာကြီးကို အထက်စီးမှ ငုံ့ကြည့်နေဟန် ပြုလိုက်ပြီး "သူ့လို့လူမျိုးတွေက ကိုင်တွယ်ရ အလွယ်ကူဆူံးပဲ... သူဘာလို့ ဒီလိုလုပ်တယ်လို့ မင်းထင်လဲ... "
အမျိုးသမီး အတွင်းရေးမှူးမှ ခေါင်းခါရမ်းလိုက်၏။ သူမ လုံး၀ နားမလည်ချေ။
"ရှေ့ရက်တွေတုန်းက သူ့အတွင်းရေးမှူးက ကုန်လှောင်ရုံထဲ ၀င်ချင်တယ်.. ဒါပေမယ့် ငါတို့ရဲ့ လူတွေ တားဆီးတာကြောင့် အထဲမ၀င်လိုက်ရဘူးလေ.... ဆိုရိုးအတိုင်းပဲ... ခွေးကို ရိုက်ချင်ရင်တောင်မှ ခွေးသခင်ကို ကြည့်ရဦးမယ် မဟုတ်လား.... သူ အရှက်ရသလို ခံစားရလို့ ဒီလိုမျိုး လုပ်လာခဲ့တာပဲ.... "
အမျိုးသမီး အတွင်းရေးမှူးမှ တခဏခန့် တွေးတောပြီးနောက် ဘာဖြစ်နေလဲဆိုတာ နားလည်သွားတော့၏။
"ဥက္ကဌချောင် ဒီလိုလုပ်လိုက်တာက သူ့ကို မျက်နှာသာပေးလိုက်တာပေါ့နော်.... "
"ဒါပေါ့ကွ... ငါသူ့လိုလူမျိုးတွေ အများကြီး ကြုံခဲ့ပြီးပြီ... သူ့တို့ကိုယ်သူတို့ အကြီးကြီးတွေ ပြောပြီး လူလေးစားတာခံချင်ကြတာ... လုံလောက်တဲ့ မျက်နှာသာပေးနေသရွေ့ အားလုံး ဆွေးနွေးလို့ရတယ်... "
"ဥက္ကဌချောင်က အရမ်းတော်တာပဲ... သူဘယ်လိုလူစားမျိုးလဲဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ ပြောနိုင်တယ်နော်.... "
ချောင်ရှန့်ယွီ ပြုံးလိုက်ပြီး "ငါ အလုပ်လုပ်လာတာလည်း နှစ်ပေါင်း မနည်းတော့ဘူးလေ... ဒီလောက်လေးမှ အမြင်မရှိရင်လည်း အသက်ရှင်လာတာ အလကား ဖြစ်သွားမှာပေါ့ကွ... "
"အွန်း... သူ့ကို မြန်မြန်လေး ပထုတ်ပစ်လိုက်.. ကျွန်မကတော့ သူ့မြင်တာနဲ့တင် အရမ်း စိတ်အနှောက်အယှက် ဖြစ်တာပဲ.... "
ချောင်ရှန့်ယွီ ခေါင်းညိမ့်လိုက်ပြီး "မြန်မြန်လေး ကုန်လှောင်ရုံက လူတွေကို ရှိုးပွဲစဖို့ ပြောထားလိုက်... သူ၀င်လာတာနဲ့ အလေးတွေ ဘာညာ ပြုပေးလိုက်... ဒီကောင် စိတ်ကျေနပ်သွားရင် ပြီးသွားလိမ့်မယ်.... "
"အွန်း... ကျွန်မ ခုသွားပြောလိုက်တော့မယ်.... "
မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီတို့ ကုန်လှောင်ရုံရှေ့ ရောက်ရှိလာလေသည်။
တစ်ချိန်တည်းတွင် ကုန်လှောင်ရုံထဲမှ လူလေးယောက် ထွက်လာခဲ့ပြီး ခါးကျိုးမတတ် ဦးညွှတ်ကာ "ကုန်လှောင်ရုံလာစစ်ဆေးတဲ့ မစ္စတာလင်းကို ကြိုဆိုပါတယ်ခင်ဗျ.... "
"ငယ်သားတို့ ... မင်းတို့ ပင်ပန်းသွားရပြီ.... "
"မစ္စတာလင်း အတွက်ဆို ထိုက်တန်ပါတယ်ဗျ.... "
လျိုယင်းရှီကတော့ ဘေးကနေရင်း ရှုပ်ထွေးနေလေသည်။
'ဘာတုန်းဟ.. မစ္စတာလင်းက သာမန်ဆို ဒီလိုမျိုး ရောလို့ လွယ်တဲ့ လူစားမျိုး မဟုတ်ပါဘူးဟ....'
"မစ္စတာလင်း... တစ်လိပ်လောက် လုပ်ပါဦးဗျ... "ကုန်လှောင်ရုံ မန်နေဂျာမှ စီကရက်တစ်လိပ်ကမ်းပေးလိုက်၏။
"ငါမသောက်ဘူး... ဆေးလိပ်သောက်ပြီးရင် ချောင်းဆိုးတတ်လို့... "
"ဘော့စ်လင်း... ရေနည်းနည်းလောက် သောက်ပါဦးလားဗျ... ကျုပ်တို့ ဟိုး ဝေးလံခေါင်ဖျားတဲ့ အရပ်က စမ်းရေကို တကူးတက မှာယူထားတာပါ.... "
"တော်ပြီ... ရေသောက်ပြီးရင် ငါက လည်ချောင်းယားတတ်တယ်..... "
လူတိုင်း ပြောစရာစကားတို့ ပျောက်ရှသွားခဲ့ရ၏။
ခင်များ တမင်လုပ်နေတာမလား...
အမျိုးသမီး အတွင်းရေးမှူးကတော့ လင်းရီကို အထင်သေးသည့် မျက်၀န်တို့ဖြင့် ကြည့်လိုက်၏။
'ဟမ့် ဟန်လုပ်နေတယ်... ဒီလိုကောင်မျိုးက ဥက္ကဌချောင်နဲ့ ယှဉ်ရင် ဆီနဲ့ရေပဲ...'
လင်းရီကတော့ လက်နောက်ပစ်ပြီး မြောက်ကြွမြောက်ကြွ အထာဖြင့် ကုန်လှောင်ရုံကို လှည့်ပတ် စစ်ဆေးလိုက်လေသည်။
"အစ်ကိုချောင် .. Cisco က တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ... ဘယ်လောက်မှ မကြာသေးတာကို ဒီကုန်လှောင်ရုံတွေက အကုန်အပြည့်ဖြစ်နေပြီ... ဒါတွေကိုသာ ဖြန့်ဝေလိုက်မယ်ဆိုရင် ပိုက်ဆံ အတော်လေး ရမှာ မဟုတ်ဘူးလား...."
"လုပ်ငန်း အသေးစားလေးပါကွာ.... လင်းညီလေးရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ယှဉ်ရင်တော့ အဝေးကြီး လိုနေသေးတုန်းပဲ... "
"အေးဆေးပေါ့... ကျုပ်လည်း ဒီလို အောက်ခြေကနေ စခဲ့တာပဲလေ... နားမလည်တာ ရှိရင် ကျုပ်ကိုလာမေးလှည့်.. အချင်းချင်းတွေပဲကို ကျုပ် ပိုက်ဆံ အများကြီး မတောင်းပါဘူး.... "
၎င်းကိုကြားတော့ ချောင်ရှန့်ယွီ စိတ်ထဲတွင် အားပါးတရကျိန်ဆဲလိုက်၏။ သို့သော်လည်း အပြင်ဘက်တွင်တော့ ယဉ်ကျေးစွာ ပြုံးထားဆဲပင်။
"ဒါပေါ့ ဒါပေါ့.. ငါ နားမလည်တာတွေ ရှိရင် လင်းညီလေးကိုပဲ အားကိုးရမှာ... "
"အင်း.... အစ်ကိုချောင်က အကြီးကြီးတွေ လုပ်ရဖို့ ကံပါလာတဲ့သူပဲ... တကယ်လို့ မသိတာရှိရင် လည်းလေ့လာ... ဒါမှ အောင်မြင်မှာ..."
"ဟားဟား..... "
ချောင်ရှန့်ယွီ ရင်ထဲတွင် နှာခေါင်းရှုံ့လိုက်ပြီး ဘာမျှတော့ မပြောလိုက်ပေ။ သူ လင်းရီ၏ အရှက်ကင်းမဲ့မှုကို တော်တော်လေး ဆွံ့အနေလေသည်။
ဒီကောင် သူဘာတွေ ပြောနေတာလဲ ဆိုတာကော နားလည်ရဲ့လားကွ...
နာရီ၀က်ကြာပြီးနောက် လင်းရီတို့ ကုန်လှောင်ရုံများထံ လည်ပတ်၍ ပြီးသွားလေသည်။
"ရှောင်လျို... ငါ့ကိစ္စပြီးပြီ... ခု မင်းအလုပ်ကို ပြန်ဆက်လုပ်တော့... နောက်ဆို ဒါတွေနဲ့ ခေါင်းရှုပ်ခံမနေနဲ့တော့...."
"ရက်စ်ဘောစ်....ကျုပ် ခုပဲ သွားလိုက်ပါမယ်... "လျိုယင်းရှီ ပျော်ရွှင်စွာ ပြောလိုက်သည်။
"အိမ်း....ဒီခရီးက အချိန်တစ်နာရီလောက်ကြာတော့ ပိုက်ဆံ ယွမ်ဒါဇင်လောက် ဆုံးရှုံးသွားပြီကွာ... မှတ်ထား...ပိုက်ဆံရှာတဲ့ အချိန်ကျရင် သေးငယ်တဲ့ စမ်းချောင်းလေးကို ထာ၀ရ စီးဆင်းနေနိုင်အောင် လုပ်ရမယ်.... မျက်စိရှေ့မှာ ရောက်နေတဲ့ ရေတိုအကျိုးအမြတ်ကို မကြည့်ရဘူး... ဖြည်းဖြည်းချင်း ရှာဖွေသွားရမယ်.... "
"နားလည်ပါပြီဘော့စ်... "
"ဟေ့ ဟေ့ ... ခဏလေးနေစမ်းပါဦး... "
လျိုယင်းရှီ ထွက်ခွာသွားတော့မည်ကို မြင်တော့ ချောင်ရှန့်ယွီ နောက်မှ လှမ်းဟန့်တားလိုက်၏။
"ညီကို .. မင်းခုက ဘယ်လဲ သွားမလို့.... "
"လှည့်တာပြီးသွားတော့... ခု အိမ်သာသွားပြီး ပိုက်ဆံပြန်ကောက်မယ်လေ.... "
"ပိုက်ဆံ ကောက်မယ်.... "
ချောင်ရှန့်ယွီ အမူအရာမှာ ရုပ်ဆိုးသွားခဲ့ပြီး
"လင်းညီလေး.. မင်းဒါ ဘာသဘောလဲ... ငါ့ဘက်က ကုန်လှောင်ရုံကိုလည်း လိုက်ပြပြီးသွားပြီ... ရေနွေးကြမ်း စီးကရက်တွေတောင် ပြင်ပေးသေးတယ်... ဘာလို့ သူ့ကို အိမ်သာခ ဆက်ကောက်ခိုင်းနေတာ.... "
"ကျုပ်လည်း တတ်နိုင်ရင် ဘယ်လုပ်ခိုင်းချင်ပါ့မလဲ အစ်ကိုချောင်ရာ... "လင်းရီ သက်ပြင်းချလိုက်ပြီး
"သူက ကျုပ်နဲ့ သွေးဝေးတဲ့ ဆွေမျိုးလေ... သူ့မိဘတွေက အပြင်းဖျားပြီး ဆုံးသွားခဲ့တာ... ဒီကောင့်မှာက ဘာအရည်အချင်းမှလည်း ရှိတာက မဟုတ်ဘူး... ဆိုတော့ ဒီလို အလုပ်ပဲ လုပ်ခိုင်းရတော့တာပေါ့... တကယ်လို့ တခြားရွေးချယ်စရာရှိရင် ကျုပ်လည်း မခိုင်းချင်ပါဘူး...."
"လွယ်ပါတယ်... ငါ သူ့အတွက် ၀ပ်ရှော့ခ်မှာ အလုပ်တစ်ခု စီစဉ်ပေးလိုက်မယ်လေ... အဲ့လိုဆို သူလည်း ၀င်ငွေ ရသွားတာပေါ့... "ချောင်ရှန့်ယွီ ပြောလိုက်သည်။
"ပြဿနာက ကျုပ် ဆွေမျိုးမှာ ကြွက်သားတွေပဲ ရှိပြီး အဆံချောင်နေတာက ခက်တာ... အဲ့လို ခေါင်းသုံးရတဲ့ အလုပ်တွေက သူနဲ့ ကီးမကိုက်ဘူး... ပြီးတော့ သူလုပ်ချင်တဲ့ အလုပ်လည်း ရှိသေးတယ်.... သူ့အိပ်မက်က ငယ်ငယ်ကတည်းကရင် ကိုယ်ပိုင်စီးပွားရေးလေး လုပ်ချင်နေတာ.... "
ထို့နောက် လင်းရီ လျိုယင်းရှီကို ကြည့်လိုက်ပြီး "ငါ မှတ်မိသလောက် မင်း အလုပ်လုပ်မယ်ဆိုပြီး ဆိုင်ခန်းငှားဖို့ကြံတော့ တစ်နှစ်ငှားခကို ယွမ်နှစ်သိန်းတောင်းနေတာမလား... "
"အမှန်ပဲ... အဲ့သူဌေးက သေရင် ပိဿာဖြစ်မယ့် ဖက်တီးကြီး ... ကျုပ်ကို ယွမ်နှစ်သိန်းကြီးများတောင် တောင်းတယ်... ဒီမှာ အလုပ်ကြိုးစားပြီးရင် ပိုက်ဆံတွေနဲ့ သူ့အဆီထူနေတဲ့ မျက်နှာကြီးကို ဖြတ်ရိုက်ပစ်ဦးမယ်.... "
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "မင်းအကြံတွေက တကယ်မဆိုးဘူး... ဥက္ကဌချောင်ရဲ့ လက်အောက်မှာ လူတွေက အရမ်းများတော့ နှစ်လသုံးလလောက်နေရင် မင်းရည်မှန်းချက်တွေ ပြည့်လောက်ပြီ... "
"ငါ့ရှီးပဲ... "
ချောင်ရှန့်ယွီ စိတ်ထဲ ကျိန်ဆဲ လိုက်ပြီး "မင်းတို့က ဒီမှာ နှစ်လသုံးလလောက် အလုပ်လုပ်ချင်သေးတယ်ပေါ့လေ... ငါ့စီးပွားရေးကို တုတ်နဲ့ လာထိုးနေတာလားကွ... "
"ညီကိုလျို... မင်းက လင်းညီလေးရဲ့ ဆွေမျိုးဆိုမှတော့ လိုတဲ့ ယွမ်နှစ်သိန်းကို ငါပေးလိုက်မယ်... ရင်းနှီးမြုပ်နှံတယ်လို့ပဲ သဘောထားလိုက်ကွာ.....”