ခွေး သားပေါက်ရင် ပွဲလုပ်ပေးရတယ်...
Vol. 32 Ch. 479
"အစ်ကိုချောင် ... အဲ့လိုလုပ်တာက သိပ်မကောင်းဘူး ထင်တယ်နော... ခင်များအတွက်လည်း ပိုက်ဆံရှာဖို့ဆိုတာ လွယ်ကူတာမှ မဟုတ်တာ... သူ့ဘာသူ ရှာပြီး ၀ယ်ပါစေ...."လင်းရီ ငြင်းဆိုလိုက်၏။
"လင်းညီလေး.... မင်း ဘာတွေ ပြောနေတာ... "ချောင်ရှန့်ယွီ ပြောလိုက်ပြီး "ငါ့အတွက် ပိုက်ဆံရှာရတာ မလွယ်ဘူးဆိုရင်တောင်မှ ယွမ် နှစ်သိန်းက လုံး၀ မများဘူး... အဲ့လောက်ကတော့ တတ်နိုင်ပါသေးတယ်... ပြီးတော့ အိမ်သာစောင့်တယ် ဆိုတာကလည်း လူလေးစားတဲ့ အလုပ်မဟုတ်ဘူးလေ.... သူ့ကို လုပ်ခိုင်းလို့ ဘယ်ကောင်းမှာ.... "
ထိုသို့ပြောရင်း ချောင်ရှန့်ယွီ ချက်ခ်လက်မှတ်စာအုပ်ထုတ်ကာ ယွမ်နှစ်သိန်းတန် ချက်ခ်လက်မှတ်တစ်စောင် ရေးပေးလိုက်၏။ ထို့နောက် လျိုယင်းရှီထံ ကမ်းပေးလိုက်လေသည်။
"ကောင်းပြီလေ... အစ်ကိုချောင်ကတောင် ဒီလိုပြောလာမှတော့ ကျုပ် အားနာမနေတော့ဘူး.... "လင်းရီ လျိုယင်းရှီကို ကြည့်လိုက်ပြီး "ဒါရိုက်တာချောင်ကို ကျေးဇူးတင်လိုက်လေ...."
"ကျေးဇူးပါ ဒါရိုက်တာချောင်... ကျေးဇူး အများကြီး တင်ပါတယ်..... "
"လင်းညီလေး.... မင်း ကတိနဲ့ မင်းနော်... ငွေလက်ခံပြီးပြီဆိုတော့ မင်းရဲ့ဆွေမျိုးကို အိမ်သာစောင့် ဆက်မလုပ်ခိုင်းနဲ့တော့.... "ချောင်ရှန့်ယွီမှ ပြောလိုက်သည်။
"မပူနဲ့... ကျုပ် လင်းရီက ကတိတစ်လုံးနဲ့ နေလာတာ... သူ့ကို အိမ်သာစောင့်ခိုင်းဖို့ အစီအစဉ်မရှိတော့ဘူး...."
လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "သွားစို့... ငါနဲ့ ကန်သင်းကို လိုက်ခဲ့...."
"ဟမ်....."
ချောင်ရှန့်ယွီ ကြက်သေသေသွားခဲ့ပြီး "လင်းညီလေး.... မင်းက ကန်သင်းကို ဘာလဲ သွားလုပ်မှာ..... "
"ကျုပ်ကခု Sci-tech စက်ရုံရဲ့ ကန်သင်းတာ၀န်ခံလေ.... ဒီတော့ ပိုက်ဆံရအောင် တစ်နည်းနည်းတော့ ဖန်ရမှာပေါ့.... "
"ဒါပေမယ့် ငါ ခုလေးတင် မင်းကို ယွမ် နှစ်သိန်းပေးလိုက်ပြီလေ.... "
"ကျုပ်ကို ပေးတာမှ မဟုတ်တာ.... ကျုပ်က ခု ပိုက်ဆံကို အရေးတကြီး လိုအပ်နေတာ.... မဟုတ်ရင် ခွက်ဆွဲရမယ့်ကိန်း ဆိုက်နေပြီ.... "
"လင်းညီလေး... ငါ မင်းကို ဝေဖန်ပြစ်တင်တာတော့ မဟုတ်ပေမယ့် မင်း ဒီလို လောင်းကစား ဆက်လုပ်နေရင် ပိုက်ဆံ ဘယ်လောက်ရှိရှိ အကုန် လုံးပါးပါးတော့မှာနော....."
"အစ်ကိုချောင် ခင်များ မှားနေပြီ... ကျုပ်အခု ပိုက်ဆံ အရေးတကြီး ရှာနေတယ်ဆိုတာက လောင်းကစား လုပ်ဖို့ မဟုတ်ဘူး... "လင်းရီ ပြောလိုက်ပြီး "တလောကမှ သူတိူ့အိမ်က ခွေးမကြီးက ခွေးဆယ်ကောင် ပေါက်ထားတာလေ... အဲ့တာ သူတို့ အောင်ပွဲခံတဲ့ အနေနဲ့ သုံးရက်သုံးည အလှူကြီးပေးမလို့ လုပ်နေတာ... ကျုပ်လည်း ယွမ်နှစ်သောင်းလောက် ဟုန်ပေါင်း ပေးချင်ပေမယ့် ကိုယ်တိုင်ကလည်း ဘိုင်ပြတ်နေတယ်ဆိုတော့ ဒီလိုပဲ ကြံမိကြံရာ ကြံရတော့တာပေါ့ဗျာ...."
လျိုယင်းရှီ 'မစ္စတာလင်း.. ကျုပ်တို့ အိမ်က ခွေးမမွေးဘူးလေ...'
'ငါယိုးပဲ...'
ချောင်ရှန့်ယွီ စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး 'ဒီကောင် ငါ့ကို မလိမ့်တစ်ပတ် လုပ်သွားပြန်ပြီ....'
ဘယ်ခွေးက တစ်ခါပေါက်ရင် ဆယ်ကောင် ပေါက်လို့တုန်းကွ...
"ဒါရိုက်တာချောင် .. ကျွန်မတို့ ခု ဘယ်လိုလုပ်ကြမလဲ... ဒီ လူယုတ်မာတာ ကန်သင်းသွားလို့ကတော့ သေချာပေါက် ပြဿနာရှာမှာနော်... "အမျိုးသမီး အတွင်းရေးမှူးမှ အရေးတကြီးဖြင့် ပြောလိုက်သည်။
"ငါ သိတယ်.... "
ချောင်ရှန့်ယွီ သူ့အံ့ကို တင်းတင်းကြိတ်လိုက်ပြီး "ပိုက်ဆံ အများကြီး ကုန်ပြီးမှတော့ နောက်ထပ် ယွမ် နှစ်သောင်းလောက်လေး ကုန်တာ ထည့်တွက်မနေတော့ဘူးကွာ... တကယ်လို့ ငါသူ့ကို ပေးလိုက်မယ်ဆိုရင် Sci-tech စက်ရုံတစ်ခုလုံးက ငါ့လက်ထဲ ရောက်လာပြီ.....နောင်ကျရင် ဒီကောင့်ကြောင့်နဲ့လည်း ခေါင်းစားခံနေစရာ မလိုတော့ဘူး..... "
"အွန်း... ကျွန်မတို့ တတ်နိုင်တာ အဲ့တစ်နည်းပဲ ရှိတော့တယ်.... "
"ဝေ့ လင်းညီလေး... ယွမ် နှစ်သောင်းတည်း မလား... မင်းဘ၀ကြီးက ခု သောက်ရမ်းခက်ခဲနေတာဆိုတော့ မင်းအစ်ကိုကြီးကလည်း မကြည့်ရက်ပါဘူးကွာ... လာခဲ့... ယွမ် နှစ်သောင်း ငါကူညီပေးမယ်.... "
"မကောင်းဘူး ထင်တယ်နော... ကျုပ် အစ်ကိုချောင်နားက ပိုက်ဆံ ထပ်မယူတော့ဘူးလို့ စဉ်းစားထားတာ.... နေပါဗျာ... ကျုပ်ဘာကျုပ် ကန်သင်းမှာ ထိုင်စားခ သွားကောက်တာပဲ ကောင်းပါတယ်...."
'ငိုးပဲ ဒီကောင်က ထိုင်စားတာတောင် ပိုက်ဆံ ကောက်ဦးမလို့တဲ့လား....'
"လင်းညီလေး... အချင်းချင်းတွေကို ဒီလိုစကားတွေ ပြောစရာ လိုလို့လားကွာ... ယွမ်နှစ်သောင်းလောက်လေးကတော့ မပြောပလောက်ဘူး....ခဏစောင့်"
ချောင်ရှန့်ယွီ သူ့ချက်ခ်လက်မှတ် စာအုပ်ကို ပြန်ထုတ်ကာ တစ်ခုခုရေးတော့မည့် အချိန်တွင် လင်းရီကြောင့် ရပ်တန့်ခံလိုက်ရ၏။
"အစ်ကိုချောင် ခင်များပြောတာ ကျုပ် ဆွေမျိုးကလည်း ခင်များဆွေမျိုးလို့ ပြောတယ်မလား... ခု သူတို့က ပွဲအကြီးကြီးပေးတော့မှာဆိုတော့ ပံ့ပိုးတဲ့ အနေနဲ့ ပွဲလာခဲ့ပါလား...."
"ဒါက........ မင်းလည်း တွေ့တဲ့အတိုင်းပဲ... ဒီမှာက ငါမရှိရင် မဖြစ်ဘူးဆိုတော့ လာလို့ မရဘူး.... "
"ရပါတယ်... တစ်လှေတည်း သီးနေကြတဲ့သူတွေပဲလေ.... မလာနိုင်မှတော့ ဟုန်ပေါင်း ပေးလိုက်လည်း ရပါတယ်...."
ချောင်ရှန့်ယွီ မျက်နှာ မည်းမှောင်သွားခဲ့သည်။
ငိုးပဲ ဒီကောင် ငါ့ကို လှည့်စားသွားပြန်ပြီ...
သည်းခံစမ်း ချောင်ရှန့်ယွီ... ဒီခါပြီးရင် ပြီးပြီ....
'မကြာခင် Sci-tech က ငါ့အပိုင် ဖြစ်တော့မှာ... အဲ့ခါကျရင် တိုးရင်းပေါင်းပြီး လက်စားပြန်ချေမယ်....'
"ဘယ်တတ်နိုင်မှာ... ငါတို့က အလုပ်နဲ့ အကိုင်နဲ့ဆိုတော့ မအားလပ်နိုင်ဘူးလေ... ဒီတော့ ဟုန်ပေါင်းပဲ ပေးလိုက်တော့မယ်...."ဒါရိုက်တာချောင်မှ လုပ်ပြုံးလေးဖြင့် ပြောလိုက်သည်။
"နှမြောဖို့ ကောင်းလိုက်တာဗျာ... အစ်ကိုချောင်သာ လာလို့ကတော့ ကျုပ်တို့ ဆွေမျိုးတွေ သေချာပေါက် ဂုဏ်တက်သွားမှာကို.... "
လင်းရီမှ နောင်တရနေသည့် လေသံဖြင့် ပြောလိုက်၏။
"ငါလည်း သွားချင်တာပဲလေ.... ဒါပေမယ့် ရွေးချယ်စရာမှ မရှိတာ.... "
"ရပါတယ်... မသွားနိုင်လည်း ကျုပ် စီစဉ်ပေးလို့ရတယ်...."
သို့နှင့် လင်းရီ လျိုယင်းရှီကို ကြည့်လိုက်ပြီး "ငါမင်းကို ပြောလိုက်မယ်... အစ်ကိုချောင်က မလာနိုင်ဘူးဆိူရင်တောင်မှ သူ့ရဲ့ ယွမ်တစ်သိန်းတန် ရက်ရောမှုကြီးကို လူတိုင်းသိအောင် လုပ်ပေးရမယ်.... မဟုတ်ရင် အဲ့ သောက်တောသားတွေက အစ်ကိုချောင် ဘယ်လောက် အံ့ဩဖို့ ကောင်းလဲဆိုတာ နားလည်နိုင်မှာ မဟုတ်ဘူး...."
ချောင်ရှန့်ယွီ "?????"
"ငါ ဘယ်တုန်းက ယွမ် တစ်သိန်းပေးမယ်လို့ ပြောလိုက်မိလို့..."
"ဟမ်.... အဲ့တာဆို ကျုပ်နားကြားမှားတာလား...."လင်းရီ လျိုယင်းရှီကို ပြန်ကြည့်လိုက်ပြီး "တို့ အစ်ကိုချောင် ရက်ရောချက်ကတော့ လက်လန်တယ်.... ယွမ်နှစ်သိန်းတောင် ဟုန်ပေါင်းပေးမယ်တဲ့... မင်း ဒီကျေးဇူးကို သေချာမှတ်ထားရမယ်နော်ဟျောင့်.... "
ချောင်ရှန့်ယွီ သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။
ဘယ်မြေနိုးက ငါ ယွမ်နှစ်သိန်း ပေးမယ်လို့ ပြောလိုက်တာလဲကွ....
"လင်းညီလေး... မင်း နားကြားမမှားလိုက်ဘူး... ငါ ပြောတာ ယွမ်တစ်သိန်းပေးမယ်လို့ ပြောတာ.... ယွမ်နှစ်သိန်းမဟုတ်ဘူး...."
"အမ်....ကောင်းပြီလေ... ဘယ်လောက် သေးတဲ့ ခြင်ပဲ ဖြစ်ဖြစ် အသားကတော့ ရှိသေးတာပဲ မဟုတ်လား.... တစ်သိန်းလည်း တစ်သိန်းအလိုက်ပေါ့.. ကျုပ်တို့ စိတ်မရှိပါဘူး...."
ချောင်ရှန့်ယွီ ဘယ်လို ပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။
ငိုးပဲ.. ဒီကောင် တော်တော် သောက်ရှက်မဲ့တာပဲကွ...
တဂျစ်ဂျစ်မြည်အောင် အံကြိတ်ရင်း ယွမ် တစ်သိန်းနှစ်သောင်းတန် ချက်ခ်လက်မှတ်ရေးကာ လင်းရီထံ ကမ်းပေးလိုက်၏။
"လင်းညီလေး.. ခု ဒီကိစ္စ ပြီးသွားပြီနော်... ငါတို့ကခု ၀ပ်ရှော့ခ်၊ ကုန်လှောင်ရုံတွေ အိမ်သာတွေနဲ့ ကန်သင်းတွေ အကုန်လုံးရဲ့ တာ၀န်ခံ ဖြစ်သွားပြီ... မင်း ၀င်ပါလို့ မရတော့ဘူး... "
"အဲ့အတွက်တော့ စိတ်ပူစရာ မလိုဘူး... အစ်ကိုချောင်က ဒီလောက်ရက်ရောနေမှတော့ ကျုပ်ကလည်း ဘယ်လှည့်စားရက်မှာ.... "လင်းရီ ပြုံးလိုက်၏။
"အိုကေ .. နောက်မှပြန်တွေ့ကြတာပေါ့..."
' ငါယီးမှ မင်းနဲ့ပြန်မတွေ့ချင်ဘူးဟျောင့်...'
ချောင်ရှန့်ယွီကတော့ လင်းရီမြန်မြန်သွားစေရန် မေတ္တာများ ပို့သနေလေသည်။
ချောင်ရှန့်ယွီကို နှုတ်ဆက်စကား ပြောပြီးနောက် လင်းရီ ၀မ်ရန် လျိုယင်းရှီတို့နှင့်အတူ ထွက်လာခဲ့လိုက်၏။
စက်ရုံ၀င်ပေါက်၀တွင် ရပ်နေရင်း လင်းရီ ၀မ်ရန်က်ု ကြည့်ကာ "နောက် လေးငါးရက်လောက်အထိ မင်း စိတ်တိုင်းကျသာလုပ်... အထဲက ယေဘုယျလှုပ်ရှားမှုတွေလောက် နားလည်ထားရင် အဆင်ပြေပြီ.... "
"နားလည်ပါပြီရှင့်... ကျေးဇူးပါ တီချယ်.... "
၀မ်ရန်ကို ညွှန်ကြားချက်တစ်ချို့ ပေးပြီးနောက် လင်းရီနှင့် လျိုယင်းရှီတို့ ကားနား ရောက်လာခဲ့လေသည်။
"မစ္စတာလင်း ယွမ် သုံးသိန်းနှစ်သောင်းတန် ချက်ခ်လက်မှတ်တွေပါဗျ... "
"မလိုဘူး... မင်းပဲ သိမ်းထားလိုက်တော့... ငါ့နောက် အလကား လိုက်ခဲ့ရတယ်လို့ ရာဇ၀င်တွင်သွားလို့ ဘယ်ဖြစ်မှာ.... "
ပြောပြီးနောက် လင်းရီ လက်ဝှေ့ယမ်းကာ ကားထဲ၀င်၍ စက်နှိုးလိုက်၏။ "မင်း ကုန်လှောင်ရုံတွေထဲ လှည့်ပတ်ကြည့်တော့ အခန်းဖွဲ့စည်းပုံနဲ့ စောင့်ကြည့်ရေး ကင်မရာတွေ ဘယ်နှစ်ခု တပ်ထားလဲ ဆိုတာ မှတ်မိတယ်မလား.... "
"ဟုတ်ကဲ့... အကုန်မှတ်မိပါတယ်.... "
"အင်း... သင့်တော်တဲ့ လူတစ်ချို့ကို ဆက်သွယ်ပြီးတော့ ငါ အမိန့်ပေးတာကို စောင့်နေ... အချိန်မရွေး လှုပ်ရှားနိုင်အောင် အဆင်သင့်လုပ်ထားကြ.... "
"မစ္စတာလင်း.....စိတ်မပူပါနဲ့ဗျ... ကျုပ်အကောင်းဆုံး ဆောင်ရွက်ပေးသွားမှာပါ...."
"အင်း.... အဆင်သင့်ဖြစ်နေပါစေ... ဒီကိစ္စက အရေးကြီးတယ်.... "
"နားလည်ပါပြီ.... "
စက်မှုဇုန်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ လျိုယင်းရှီကို စီနိုဟန်ကုမ္ပဏီသို့ ပြန်ပို့ကာ သူကတော့ စားပြီးသောက်ပြီး ဆေးရုံသို့ ဦးတည်လိုက်လေသည်။
ဆေးရုံသို့ ရောက်သည့် အချိန်တွင်တော့ လင်းရီ စတင်၍ အလုပ်များရချေပြီ။
အဘယ်ကြောင့်ဆိုသော် နေ့လည်ပိုင်းတွင် ခွဲစိတ်မှုတစ်ခု ရှိသောကြောင့် လူနာ၏ ဆေးမှတ်တမ်းများကို စစ်ဆေးကြည့်ရန် လိုအပ်၏။ သို့သော်လည်း လီချူးဟန်မှ သူ့အတွက် အားလုံး ပြင်ဆင်ပေးပြီးသား ဖြစ်ကာ လင်းရီ ဖတ်ရှုစရာတောင် မလိုဘဲ စိတ်ရှည်လက်ရှည်ဖြင့် အစအဆုံး ရှင်းပြပေးလေသည်။
မွန်းလွဲညနေ ငါးနာရီ ထိုးသောအခါ ခွဲစိတ်မှုမှာ ပြီးဆုံးသွားခဲ့ပြီး မစ်ရှင် ပြီးမြောက်မှုမှာလည်း (၃/၅) ဖြစ်သွားခဲ့၏။ နောက်နှစ်ရက်တွင်လည်း ခွဲစိတ်မှုများ ပြုရဦးမည် ဖြစ်သောကြောင့် မစ်ရှင်မှာ လျင်မြန်စွာ ပြီးဆုံးသွားတော့ပေမည်။
ယခု လင်းရီ စိတ်ထဲတွင်တော့ 4 nanometer အလင်းအရင်းအမြစ်ကို မည်သို့ ကိုင်တွယ်ရမလဲဆိုတာ တစ်ချိန်လုံး စဥ်းစားနေခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူ၏ အစီအစဉ် တစ်ခုလုံးတွင် ယခု ပြဿနာက ဖြေရှင်းရ အခက်ဆုံး ဖြစ်နေသောကြောင့်ပင်။
ကလင် ကလင်...
လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ခေါ်ဆိုလာသူကတော့ ကျီချင်းရန်ပင်။
"ဒေါက်တာလင်း... နင် အခု အလုပ်ဆင်းပြီလား...."
"အင်း ခုလေးတင် လူနာတစ်ယောက်ကို ခွဲစိတ်လို့ ပြီးသွားတာ.. တကယ်လို့ နောက်ထပ် ဘာမှ လုပ်စရာ မရှိဘူးဆိုရင်တော့ မင်းကို လာကြိုပေးလို့ရတယ်.... "
"မလိုဘူး.. ခု ငါနဲ့ ယွမ်ယွမ်နဲ့က ဈေးထဲ ရောက်နေတာ.... ငါတို့ ဒီည ဟော့ပေါ့ အတူစားကြရင် ဘယ်လိုလဲ... "
"ယွမ်ယွမ်ကကော အတူပါလာမှာလား.... "
"ဟုတ်တယ်လေ.. ငါ ယွမ်ယွမ်ကို ပြောစရာ ရှိလို့ စားရင်းနဲ့ ထိုင်ပြီး ဆွေးနွေးလို့လည်း ရတာပေါ့.... "
"ရတယ်... ဒါပေမယ့် ငါကတော့ အသားတွေ ၀ယ်ဖို့ ပိုက်ဆံ မစိုက်ပေးနိုင်ဘူးနော်... ကပ်စေးအိုး ယွမ်ယွမ်ပဲ ၀ယ်ပါလေ့စေ....”