← Chapters

မင် ချစ်စရာ ကောင်းသလို လုပ်နေတာက ငါ့ဝိဉာဏ်တောင် လွင့်ထွက်မတတ်ပဲ

Vol. 32 Ch. 480

မင် ချစ်စရာ ကောင်းသလို လုပ်နေတာက ငါ့ဝိဉာဏ်တောင် လွင့်ထွက်မတတ်ပဲ

Vol. 32 Ch. 480

"အို ကေ ... ငါ သူ့ကို ၀ယ်ခိုင်းလိုက်မယ်.... "

ကျီချင်းရန် ပြောလိုက်ပြီး "နင် အလုပ်ဆင်းရင် ကျိုကျုံး ဗီလာကို တန်းပြန်လိုက်တော့... ငါ့က်ု လာကြိုစရာ မလိုတော့ဘူး... "

"ဘာလဲ.. မင်းပဲ အရင်တုန်းက ငါ့ဘက်က မဖိတ်ခေါ်ရင် မလာပါဘူးဆို.... "

"ဒီတစ်ကြိမ်ကို ထည့်မတွက်ဘူး... ယွမ်ယွမ်က အတင်းတောင်းဆိုနေလို့နော်... မဟုတ်ရင် ငါက မျက်နှာအောက်ချပြီး လာမှာတောင် မဟုတ်ဘူး.... "

"ဟားဟား... အေးပါကွ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။ သူမမှာ ဖုန်းတစ်ဖက်တွင်ရှိနေသော်လည်း ကျီချင်းရန်၏ ဂုဏ်ဆာနေသည့် အမူအရာကို လင်းရီ မြင်ယောင်ကြည့်ပြီး ဖြစ်လေသည်။

ရိုးရှင်းသည့် အလာပသလ္လာပများ ပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

ဟော်ယွမ်ယွမ်လည်း အဘယ်ကြောင့် သူ့ဆီ လာချင်နေလဲဆိုတာ ခန့်မှန်းပြီးဖြစ်ပြီး အဓိကကတော့ မျှော်လင့်ခြင်းကျောင်း တည်ဆောက်ရေးနှင့် လမ်းတည်ဆောက်ရေးတို့နှင့် ဆက်စပ်နေရပေမည်။

လင်းရီ ထိုအကြောင်းများ တွေးတောရင်း တစ်ဖက်မှ ပစ္စည်းများ သိမ်းနေစဉ် လီချူးဟန် ၀င်လာသည်ကို မြင်လိုက်ရ၏။

"ချုးဟန်... ငါမှတ်မိသာ မှန်မယ်ဆိုရင် မင်းရဲ့ မွေးရပ်မြေက ပေချောင်မြို့မလား..."

"အင်း... ဟုတ်တယ်လေ.. နင်က ဘာလဲ လုပ်မလို့...."

"မင်း ဘယ်အချိန် သွားလည်ဖို့ စိတ်ကူးထားလဲ... "

"နောက် ဗုဒ္ဓဟူးနေ့လောက်... "

လင်းရီ ‌တခဏမျှ စဉ်းစားလိုက်ပြီး ငါးရက်ခန့် ကျန်နေသေးသောကြောင့် အိုကေ လက်ဟန် လုပ်ပြလိုက်ပြီး "ကျန်တာကို ငါကြည့်စီစဉ်ထားလိုက်မယ်.... "

"အွန်း.. ကျေးဇူးပဲနော်.... "

ဌာနရှိ နာ့စ်များကို နှုတ်ဆက်ပြီးနောက် လင်းရီ ကျိုကျုံးဗီလာထံသို့ ပြန်လာခဲ့လေသည်။

သူပြန်ရောက်လာသည့် အချိန်တွင်တော့ ပါ၀င်ပစ္စည်းများကို ခင်းကျင်းထားပြီးဖြစ်ပြီး နှစ်ယောက်မှာ ခြံ၀န်းထဲတွင် အငွေ့အထောင်းထောင်းနှင့် စားသောက်နေကြပြီး ဖြစ်၏။

"ဘော့စ်... ပြန်လာပြီလား... မြန်မြန်လာ.. နှေးရင် ဘာမှ မကျန်ပဲ နေလိမ့်မယ်.... "

"ဘာလဲ မင်းက ငါ့ကိုတောင် မစောင့်တော့ဘူးပေါ့...."

"အစ်မကျီစောင့်နေတယ်လေ... ကျွန်မကတော့ ဆာလွန်းလို့ မစောင့်နိုင်တော့ဘူး...ဟီးဟီး.. အဲ့တာကြောင့် စားလိုက်ပြီ...."

"ဘာရယ်လို့တော့ မဟုတ်ပါဘူး.. မယဉ်ကျေးရာ ကျလို့ပါ..."ကျီချင်းရန် အမှန်ပြင်ပေးလိုက်၏။

"အားလုံးက အလိမ်အညာတွေ... ကြည့်... အစ်မတို့နှစ်ယောက်က ဘောင်းဘီတောင် ဆင်တူ ၀တ်ထားကြပြီး ညီမကို လိမ်ရလွယ်တယ်လို့များ ထင်နေတာလား.... "

"ထားလိုက်တော့... လင်းရီလည်း ပြန်လာပြီဆိုတော့ စားကြမယ်...."ကျီချင်းရန် ဟော်ယွမ်ယွမ်ကို စကားဖြတ်လိုက်ပြီး စားရန် နှိုးဆော်လိုက်၏။ ထိုကောင်မလေးကို ဆက်လွှတ်ထားပါက နောက်ထပ် နားရှက်စရာများ ကရားရေလွှတ် ပြောပေတော့မည်။

"ဟုတ်တယ် ဟုတ်တယ်... စားကြစို့... အဲ့တာပြီးရင် ရေကူးကြမယ်နော အစ်မကျီ..."

"ဟိတ် ဟိတ် ဘာကို ရေကူးမှာ..မင်းရဲ့ စီနီယာအစ်မကျီက D cup မို့လို့ လေးငါးပတ်လောက် ရေကူးလို့ရတာ... ဒါပေမယ့် မင်းက B cup လေ... "လင်းရီ ပြောလိုက်ပြီး

"ငါ့ရေကူးကန်ထဲမှာ D cup အောက်ဆို ဘယ်သူကမှ ရေကူးလို့ မရဘူး..... အဲ့လိုလုပ်လိုက်တာက ငါ့ရေကူးကန်ကို စော်ကားလိုက်တာနဲ့ အတူတူပဲ..."လင်းရီ စနောက်လိုက်၏။

"မမကျီ...."

"အမ်..... "

"ဘာလို့ အဲ့လိုကြီး ကြည့်နေတာ... "ဟော်ယွမ်ယွမ် မျက်‌တောင် ပုတ်ခတ်လုပ်၍ ကျီချင်းရန်ကို ငေးကြည့်လိုက်သည်။

"မင်းရဲ့ အစ်မကျီက ချစ်စရာကောင်းတဲ့ပုံစံ လုပ်နေတာလေ... ကြည့်ရတာ အရမ်း မျက်စိ အရသာရှိလွန်းတယ်... ဒါပေမယ့် မင်း ချစ်စရာကောင်းတဲ့ပုံစံ လုပ်နေတာကြီးက ငါ့ကို ခြိမ်းခြောက်နေတာလားပဲ.... "လင်းရီ ပြောလိုက်ပြီး "ရေကူးကန်ထဲ မကူးနဲ့... ရေချိုးကန်ထဲမှာ ရေချိုးလှည့်....."

"ဟွန့်း.. ကျွန်မကတော့ အောက်ဆင်းပြီး ကူးဖြစ်အောင်ကို ကူးမှာပဲ... ဘယ်သူမှ ကျွန်မကို လာတားလို့ မရစေရဘူး.... "

"ကဲ ကဲ နင်တို့ နှစ်ယောက် တော်လိုက်ကြတော့.. စားစရာရှိတာ အရင်စားကြမယ်.... "

ကျီချင်းရန် အနည်းငယ် ဇဝေဇဝါဖြစ်နေမိ၏။ တစ်ယောက်မှာ ကုမ္ပဏီ၏ စီအီးအိုဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ကုမ္ပဏီ၏ စီအက်ဖ်အို ဖြစ်လေသည်။ ထိုနှစ်ယောက်မှာ တွေ့သည့် အခ်ျန်တိုင်း တကျတ်ကျတ် ဖြစ်နေသော်လည်း ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်နေသည်က ထူးဆန်းနေတော့၏။

ဒီနှစ်ယောက်က အတော်လေးကို ပုံမှန် မဟုတ်တာ....

ကျီချင်းရန်၏ ကြား၀င် ဖြန်‌ဖြေမှုအောက်တွင် မည်သူမျှ ဘာမှ မပြောကြတော့ပဲ ဟော့ပေါ့နှင့် အကင်များကို စတင်သုံးဆောင်ကြ‌တော့၏။

စားသောက်နေစဉ် ကျီချင်းရန်မှ စကားစလာခဲ့ပြီး

"နင် ပေချောင်မြို့မှာ တံတားတစ်စင်း ဆောက်ချင်တယ်လို့ ပြောတယ်နော်... ငါခု ကုန်ကျစရိတ်တွေကို တွက်ချက်ကြည့်ပြီးသွားပြီ.... "

"ဟမ်...ပြီးသွားပြီလားဟ...."

"ဒါပေါ့...."ကျီချင်းရန် ဦးမော့လိုက်ပြီး "ငါ့ရဲ့ အရည်အချင်းတွေက အလကားသပ်သပ်မှ မဟုတ်တာ.... "

"ယွမ်ယွမ် ငါ့ကို ပေးတဲ့ အချက်အလက်တွေ အရဆိုရင် မြို့ရဲ့ လမ်းအရှည်က ၃.၂ ကီလိုမီတာလောက်ရှိတယ်.. တကယ်လို့ ကုန်ကြမ်းတွေကို အနီးအနားကပဲ ၀ယ်လိုက်မယ်ဆိုရင် ကုန်ကျစရိတ်ကို ပိုပြီး ချွေတာလို့ရတယ်... လေးမီးတာကျယ်တဲ့ ကွန်ကရစ်လမ်း တစ်မီတာကို ယွမ်ရှစ်ရာနှုန်းလောက် သွားကျမယ်.... "

လင်းရီ တွက်ချက်မှု တစ်ချို့ ပြုလုပ်ပြီးနောက် "အဲ့တာဆို အားလုံးပေါင်း ယွမ် ၂.၅၆ မီလီယမ် လောက်ကုန်ကျမှာပေါ့...."

ကျီချင်းရန် ခေါင်းညိမ့်လိုက်၏။ "ဒါက ရွာရဲ့ အခြေအနေကို စဉ်းစားပြီး တွက်ချက်ထားတာ.. ကွန်ကရစ်လမ်းက ပိုအဆင်ပြေတယ်... မဟုတ်ရင် ကတ္တရာလမ်းဆိုလို့ကတော့ ပိုပြီးတောင် ကုန်ကျစရိတ်က ကြီးသွားဦးမယ်... ဒါပေမယ့် မီတာ ၃၀ ကျော်ကျယ်တဲ့ မြစ်ကို ဖြတ်သန်းဖို့တံတားကုန်ကျစရိတ်နဲ့ ယှဉ်ရင်တော့ မပြောပလောက်သေးဘူး... တကယ်လို့ နင် ဆောက်ချင်တယ်ဆိုရင်တော့ တံတားအရှည်က အနည်းဆုံး လေးမီးတာကျယ်ပြီး မီတာငါးဆယ်ရှည်လျားရမယ်.... ဆိုတော့ စုစုပေါင်း တည်ဆောက်ရမယ့် ဧရိယာက ၂၀၀ စတုရန်းမီတာ...တစ်စတုရန်းမီတာကို ယွမ် ငါးသောင်း ကုန်ကျမယ်ဆိုရင် စုစုပေါင်း ကုန်ကျစရိတ်က ၁၀ မီလီယမ်ယွမ်ပဲ... လမ်းလုပ်ခပါ ထည့်တွက်မယ်ဆိုရင် ၁၃ မီလီယမ်... နောက်ပြီး မျှော်လင့်ခြင်းကျောင်းကောဆိုရင်တော့ အပြီးအစီး အနည်းဆုံး ၁၅ မီလီယမ်ပဲ ..."

ဟော်ယွမ်ယွမ် သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး "ဘော့စ်... ၁၅ မီလီယမ်က နည်းတဲ့ ပမာဏတော့ မဟုတ်ဘူးနော်... ရှင်တကယ်ကြီး လုပ်ဖို့ စီစဉ်ထားတာလား...."

"ဒါပေါ့ကွ... "လင်းရီ ပြောလိုက်ပြီး "နည်းတဲ့ ပမာဏမဟုတ်ဘူးဆိုရင်တောင်မှ ၅ မီလီယမ်ကို ဖယ်ထားလိုက်ဦး... ငါ့ဘက်က ၁၀ မီလီယမ်လောက်တော့ စိုက်နိုင်ပါသေးတယ်ဟ... "

ကျီချင်းရန်လည်း အစိုးရထံမှ ရန်ပုံငွေ တောင်းခံ၍ ရမှန်း သိသောကြောင့် မအံ့ဩသွားခဲ့ပေ။

"အဲ့တာဆို ကုန်ကျစရိတ်ရဲ့ သုံးပုံတစ်ပုံလောက် သက်သာသွားပြီလို့ ပြောလို့ရတယ်... ဒီလိုဆိုရင်တော့ အစီအစဉ်က မဖြစ်နိုင်တာ မဟုတ်တော့ဘူး...."

ကျီချင်းရန် အသားတစ်ဖက်ကို ညှပ်လိုက်ပြီး ဟော့ပေါ့အိုးထဲနှစ်ကာ "နင် ဘယ်အချိန် စလုပ်ဖို့ စီစဉ်ထားလဲ... "

"မြို့ဆင်ခြေဖုံးက ပရောဂျက်က စနေပြီဆိုတော့ မင်းဘက်က လူခွဲပေးနိုင်လို့လား.... "

"ပရောဂျက် အသေးအမွှားလေးပဲကို... လူဘယ်လောက်မှ လိုမှာမှ မဟုတ်တာ... ကိစ္စမရှိဘူး...."

"အဲ့တာဆိုလည်း အသင့်ပြင်ထားလိုက်တော့ကွာ.... ငါတို့ ကျန်တာတွေကို ပေချောင်မြို့နဲ့ ဆွေးနွေးရဦးမှာ... ဒါပေမယ့် မကြာပါဘူး... လေးငါးရက်လောက်ပါပဲ... "

"အင်း တိုက်တိုက်ဆိုင်ဆိုင် ငါတို့လည်း အစောပိုင်း ပြင်ဆင်မှုတွေ လုပ်ရဦးမှာဆိုတော့ လောစရာ အကြောင်းတော့ မရှိပါဘူးလေ.... "

ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့မှာ သိပ်အများကြီး မစားနိုင်ကြချေ။ နာရီ၀က်ကြာပြီးနောက် သူမတို့ တူများကို လွှတ်ချလိုက်ကြပြီး အခန်းထဲသို့ သွားကာ ရေကူး၀တ်စုံ သွားလဲကြလေသည်။ ထို့နောက် ရေကူးကန်ထဲသို့ ဒိုင်ဗင်ထိုးချရန် ပြင်ဆင်နေကြ၏။

ဟော်ယွမ်ယွမ်၏ ရေကူး၀တ်စုံမှာ ပို၍ ဖော်ထားသော်လည်း စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက် ပိုင်ရှင် ကျီချင်းရန်မှာ ဘေးတွင် ရှိနေသည့် အခါတွင်တော့ လင်းရီ သူမကို စိတ်မ၀င်စားခဲ့ပေ။

ထို့နောက် နှစ်ယောက်သား ရေကူးကန်ထဲ ဆင်း၍ ရေဆော့ကစားကြလေသည်။ လင်းရီကတော့ ထိုင်ခုံပေါ်တွင် ထိုင်ရင်း ဝိုင်နှင့်မြည်းကာ အလှလေး နှစ်ယောက် ရေဆော့ကစားသည်ကို ခံစားကြည့်ရှုနေခဲ့၏။

ဆော့လို့ ၀သည့် အချိန်တွင်တော့ နှစ်ယောက်လုံး အပေါ်သို့ ပြန်တက်ခဲ့ကြသည်။ ပုံမှန်အတိုင်း ဆိုလျှင်တော့ ကျီချင်းရန်မှာ ကျိုကျုံးဗီလာသို့ ရောက်တိုင်း ညအိပ် နေလေ့ရှိ၏။ သို့သော်လည်း ယနေ့တွင် ဟော်ယွမ်ယွမ် ပါလာခဲ့သောကြောင့် သူမ ညအိပ်နေရန် ရှက်ရွံ့နေလေသည်။

ထို့ကြောင့် အ၀တ်အစားပြန်လဲပြီးနောက် ကားဖြင့် မောင်းထွက်သွားကြတော့၏။ လင်းရီလည်း နေထိုင်ရန် မတိုက်တွန်းချေ။ ယခု သူ့လက်ထဲတွင် လုပ်စရာများက အလွန်များပြားလို့နေခဲ့၏။

အထူးသဖြင့်တော့ 4 nanometer အလင်းအရင်းအမြစ်ပင်။ သူ ထိုပြဿနာကို ဖြေရှင်းလို့ရမည့် နည်းလမ်းကို အမြန်စဉ်းစားရပေမည်။

......

ထိုည၊ Cisco အဆောက်အဦး၏ ရုံးခန်းထဲတွင်တော့ မီးထိန်ထိန်လင်းလျက်ရှိ၏။

အနက်ရောင် ဘောင်းဘီအပွကို ၀တ်ဆင်ထားသည့် ချောင်ကျင်းချိုးမှာ ချောင်ကျားတုန်း၏ ရုံးခန်းထဲတွင် ပေါ်ပေါက်လာလေသည်။

"ကျင်းချိုး... နင့်သတင်းက တကယ်ပဲ သေချာရဲ့လား..."ချောင်ကျားတုန်း မတ်တပ်ရပ်ပြီး စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးမြန်းလိုက်၏။

"လုံရှင်း စင်တာက ချစ်ပ်ဗားရှင်း 1.0 ကို ကြေညာတော့မယ်ဆိုတာ တကယ်ပဲလား...."

ချောင်းကျင်းချိုး သူမခေါင်းကို ညိမ့်လျက် ယခုလို ပြန်ဖြေလိုက်သည်။

"သူတို့ ၀န်ထမ်း နှစ်ယောက်က သမီးခု ဦးစီးနေတဲ့ မီဒိယာကုမ္ပဏီကိုလာပြီးတော့ ထုတ်ကုန်အသစ်အကြောင်း ကြေညာပေးဖို့ လာပြောသွားတာ... သတင်းရဲ့ မှန်ကန်မှုကိုတော့ အပြည့်အ၀ အာမခံနိုင်တယ်.... "

"အရမ်းကောင်းတယ်...."ချောင်ကျားတုန်း စိတ်လှုပ်ရှားလွန်း၍ ဗလုံးဗထွေး ဖြစ်နေပြီး "အဖေတို့က ချစ်ပ်ဗားရှင်း 1.0 ကို အရင်တီထွင်လိုက်တယ်ဆိုရင်တောင်မှ လုံရှင်းက အထင်သေးလို့မရတဲ့ ပြိုင်ဘက် ဖြစ်နေသေးတုန်းပဲ... ဒါပေမယ့် ခု သတင်းစာရှင်းလင်းပွဲ လုပ်တော့မယ် ဆိုရင်တော့ အဖေတို့ လက်ထဲမှာ ရှိတဲ့ မူပိုင်ခွင့်တွေနဲ့ သူတို့ကို အပြတ်သတ် ချေမှုန်းလို့ရပြီ.... "

"အင်း ကျန်တာက အဖေတို့ကိစ္စပဲ... သမီးနဲ့ ဘာမှမဆိုင်တော့ဘူး...."ချောင်ကျင်းချိုး သူမ လက်ဆွဲအိတ်ကိုလွယ်လျက် တံခါး၀သို့ ဦးတည်လိုက်၏။

ချောင်ကျားတုန်း သူမကို Cisco ကိစ္စများနှင့် စိတ်မပူရန် ပြောပြီးကတည်းက သူမ ထိုကိစ္စများတွင် ၀င်မပတ်သက်ရန် ဆုံးဖြတ်ပြီးဖြစ်သော်လည်း ယနေ့ လုံရှင်းစင်တာမှလူများ သူမကို လာရှာသည့် အချိန်တွင်တော့ သူမ မည်သို့မျှ မျက်ကွယ်ပြုရန် မတတ်နိုင်ခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ သွေးမှာ ရေထက်ပြစ်သည် မဟုတ်ပါလော။

ထိုအရာက သူမ ဖြတ်တောက်နိုင်သည့် အရာ မဟုတ်ခဲ့ပေ။

"မပြန်ခင် ခဏလောက် ထိုင်သွားပါဦးလား... သမီးမျက်နှာ မမြင်ရတာတောင်မှ ဘယ်လောက်ကြာနေပြီလဲ... "ချောင်ကျားတုန်း ပြောလိုက်၏။

"သမီးကို မြင်တာ မမြင်တာက အရေးမဟုတ်ဘူး... အဖေ့ ခုလက်ရှိ ကိစ္စကိုပဲ အာရုံစိုက်ထားသင့်တယ်... "

ထိုသို့ ပြောပြီးနောက် ချောင်ကျင်းချိုး တံခါးကို တွန်းဖွင့်၍ ထွက်ခွာသွားလေသည်။

သူမ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီးဖြစ်သောကြောင့် ဆက်နေရန် မလိုအပ်တော့ချေ။

ချောင်ကျင်းချိုး ထွက်ခွာသွားပြီးနောက် ချောင်ကျားတုံး စားပွဲပေါ်ရှိ ဖုန်းကို ကိုင်ကာ သူ့အတွင်းရေးမှူးထံ ဆက်လိုက်၏။ "ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေ အားလုံးကို အသိပေးလိုက်...ငါတို့ ခု ချက်ချင်း အရေးပေါ် အစည်းအဝေးရှိတယ်....”

All Chapters