← Chapters

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၃)

Vol. 62 Ch. 856

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၃)

Vol. 62 Ch. 856

ဝမ်ဝေ့က တိထျန်းအကြောင်း ၉၅ ရာခိုင်နှုန်းလောက်ကိုသာ သင်ယူခဲ့ရပြီး သူ့နည်းစနစ်နှင့် စွမ်းရည်များကိုသာ အာရုံစိုက်ထားခဲ့သည်။ သို့သော်လည်း ကျန်ရှိနေသည့် ၅ရာခိုင်နှုန်းတွင် သူ့တကယ့်ဝှက်ဖဲများနှင့် ဤတိုက်ပွဲကို အခက်တွေ့နိုင်သည့် အကြောင်းအရင်းများ ပါဝင်နေသည်။

သို့သော်လည်း သူ့နိမိတ်ကြေးမုံက အသုံးမဝင်လုနီးပါး ဖြစ်လာစေသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။ တိထျန်းက ဒဿမသာလွန်အုတ်မြစ်ကို ရရှိသွားခြင်း ဖြစ်၏။ သူ တစ်ဖက်လူအကြောင်း သင်ယူထားသည့် ဗဟုသုတများအားလုံးက နဝမအဆုံးစွန်အုတ်မြစ်တွင်သာ ရှိနေသေးသည့်အတွက် သတင်းအချက်အလက် နောက်ကျသွားခဲ့သည်။

ဝမ်ဝေ့ကိုယ်တိုင်ကလည်း ဒဿမ သာလွန်အုတ်မြစ်ကို ရယူပြီးသည့်နောက်တွင် သူ့ကံကြမ္မာသာလွန်ကျမ်းကို အဆင့်မြှင့်တင်ခဲ့ပြီး အသုံးမဝင်သည့် နည်းစနစ်များကို ဖယ်ရှားကာ တခြားအရာများကို တိုးမြှင့်ပြီး လက်ရှိအင်အားကို သိသာစေမည့် နည်းလမ်းအသစ်များ ဖန်တီးခဲ့သည်။

သူ့အနေဖြင့် တိထျန်းသည်လည်း သံသရာ၉ပါး လက်သီးချက်ကို အတူတူ အဆင့်မြင့်တင်လိမ့်မည်ဟု ခန့်မှန်းမိသည်။

အချုပ်အားဖြင့် သတင်းအချက်အလက်ရှိမှုကြောင့် သူ ထင်ထားခဲ့သည့် အရေးသာမှုများက သိသိသာသာ လျော့ကျသွားခဲ့သည်။

ထိုအတွေးများက ဝမ်ဝေ့၏ စိတ်ထဲ ဖြတ်ပြေးသွားကာ တစ်ဖက်လူဆီ ပြေးဝင်သွားပြီး ထပ်မံ ထိုးချလိုက်သည်။ သူ့ခန္ဓာကိုယ်က ယခင်လို သိပ်သည်းနေဆဲသာ ဖြစ်၏။ သို့သော်လည်း ရလဒ်က အတူတူသာဖြစ်ကာ သက်ရောက်မှုမရှိခဲ့ပေ။

အဲဒါဆိုတော့ ဒါက ရုပ်ပိုင်းဆိုင်ရာ တိုက်ကွက်တွေကို ခံနိုင်ရည်ပဲ… အဲဒါဆို ဓာတ်သဘာဝနဲ့ တခြားအရာတွေကရော…

သူက သူ့ခန္ဓာကိုယ်ထဲမှ လျှပ်စီးဓာတ်ကို အလျင်အမြန်ထိန်းချုပ်ကာ သူ တုယီနယ်ပယ် ပထမဆုံးဝင်ရောက်စဉ်အခါက စည်းပိတ်ထားခဲ့သည့် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးနှင့် ပေါင်းစပ်ခဲ့သည်။

တိထျန်းက သူ့လက်သီးချက်ကို တည်တည်ငြိမ်ငြိမ် ပြန်လည်တုံ့ပြန်လိုက်၏။

ဝုန်း

ဝမ်ဝေ့က လွင့်စင်သွားကာ သူ့အရိုးအက်သံများပင် ထွက်ပေါ်လာသည်။ ထို့နောက် ပါးစပ်မှ သွေးတစ်ပွက် အန်လိုက်ရ၏။

ငါ မြန်မြန်လုပ်ဖို့ လိုတယ်…

တိထျန်းက ဆက်လက် တိုက်ခိုက်ရင်း တွေးလိုက်မိသည်။ သူ့အရေပြားစွမ်းရည်က လတ်တလောလေးမှ ဆင့်ကဲပြောင်းလဲထားပြီး တိုက်ခိုက်မှုအားလုံးကို ယာယီခံနိုင်ရည် ပေးထားလေသည်။ သို့သော်လည်း နောက်ဆုံးတိုက်ကွက်မှ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ပြင်းထန်သည့် တိုက်ကွက်များက သူ ဤအခြေအနေတွင် နေနိုင်မည့် အချိန်ကို လျှော့ချနိုင်၏။ ထိုတိုက်ကွက်နှစ်ခုဖြင့် သူ နေနိုင်သည့်အချိန်က မိနစ်ပိုင်းမျှ လျှော့ချခံလိုက်ရသည်။

တိထျန်းက ဝမ်ဝေ့ဆီ ပြေးသွားကာ ဦးခေါင်းကို ဖောက်ခွဲပစ်လိုက်သည်။ သို့သော်လည်း သူ့လက်သီးချက်က လေကိုသာ ထိုးခွင်းမိခဲ့၏။ ထိတွေ့မှုမတိုင်ခင် ဝမ်ဝေ့က သူ့ဦးခေါင်းမှ မော်လီကျူးနှင့် အက်တမ်အားလုံးကို ကွဲပြားစေခဲ့ပြီး သူ့ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် အသိစိတ်ပင်လယ်အပါအဝင် အားလုံးကို ပျောက်ကွယ်စေကာ ထိုရက်စက်လှသည့် လက်သီးချက်ကို ရှောင်ရှားခဲ့သည်။

သူ့ခေါင်းမဲ့ခန္ဓာကိုယ်က တိထျန်း၏ ဗိုက်ကို တိုက်ခိုက်လိုက်၏။ သူ့တိုက်ကွက်က အကျုံးမဝင်ခဲ့သော်လည်း ဤသည်က သူ၏ ပင်မရည်ရွယ်ချက် မဟုတ်ပေ။ သူ့လက်သီးခွန်အားကို အသုံးပြု၍ တစ်ဖက်လူနှင့် အကွာအဝေးကို ချဲ့လိုက်ခြင်း ဖြစ်၏။

ထို့နောက် သူ့အက်တမ်များက သူ့ခေါင်းကို ပြန်လည်တည်ဆောက်လာစဉ် ကမ္ဘာဦးစိတ်ဝိညာဉ်ကလည်း နေရာမှန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူက တိုက်ကွက်အားလုံးကို ခံနိုင်ရည် ရှိနေတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ယခင်တိုက်ကွက်တုန်းက သူသည် တိထျန်း၏ ခံနိုင်ရည်ကို တိုက်ခိုက်ဖို့အတွက် နဂါးရာသီခွင်ကို အသုံးပြုခဲ့သည်။

ငါ မအောင်မြင်ပေမဲ့ တိထျန်းရဲ့ နည်းစနစ်က သူ့ရဲ့ ကိုယ်ထည်မဲ့အခြေအနေနှင့် တူညီကြောင်း သင်ယူခဲ့ရတယ်…

လွှမ်းမိုးခံရပြီးသည့်နောက်တွင် အချိန်ကန့်သတ်ချက်ပင် ရှိလာနိုင်၏။

နောက်ထပ် စက္ကန့်သုံးဆယ်အတွင်း ဝမ်ဝေ့က တစ်ဖက်လူနှင့် တိုက်ရိုက်မတိုက်ခိုက်ဘဲ အရှိန်ကို အသုံးပြု၍ ရှောင်ရှားနေခဲ့သည်။ သူက ယုန်ရာသီခွင်ကို အထွတ်အထိပ်အခြေအနေထိ မြှင့်တင်ထားပြီး ကြွက်သား အံ့ဖွယ်စွမ်းရည်မှ အာကာပြင်ထိန်းချုပ်မှုကိုပါ တွဲ၍ အသုံးပြုခဲ့သည်။

ငါ နောက်ထပ် နည်းလမ်းတစ်ခု လိုနေပြီ…

တိထျန်းက သူ့စွမ်းရည်ကို ပြန်လည်ရုတ်သိမ်းရင်း တွေးလိုက်သည်။ ဤသို့သောနည်းစနစ်က အန္တရာယ်များပြားလှသည့် တိုက်ပွဲတွင် အသက်ကယ် နည်းလမ်းတစ်ခု ဖြစ်၏။ ထို့ကြောင့် သူက အသုံးပြုမှုလွန်ကဲခြင်း မဖြစ်လိုပေ။

ထိုအရာကို အသုံးပြု၍ တိုက်ခိုက်မည့် ကြိုးပမ်းမှုက ကျရှုံးခဲ့သောကြောင့် ဆက်၍ အသုံးပြုနေသည်မှာ ဉာဏ်မရှိရာ ကျ၏။ ထို့ကြောင့် သူက တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ထပ် နည်းဗျူဟာတစ်ခုကို ပြောင်းလဲလိုက်သည်။

တိထျန်း၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အငွေ့အသက် သို့မဟုတ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ဝမ်ဝေ့၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

သူက တစ်ဖက်လူဆီ ဖြစ်ပျက်လာသည့် အပြောင်းအလဲများက အာရုံခံမိလိုက်၏။

သူက ခန္ဓာကိုယ်ရဲ့ သဘောတရားကို အသက်သွင်းလိုက်တာလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ခန္ဓာကိုယ်လေ့ကျင့်သူများက သူတို့ခန္ဓာကိုယ်အတွင်း သဘောတရားအယူအဆများကို ထည့်သွင်းဖို့ လိုအပ်လေသည်။ အထူးသဖြင့် သွေးလေ့ကျင့်ရေးဖြစ်စဉ်တွင် ဖြစ်၏။

ဝမ်ဝေ့က သူ့သဘောတရားအယူအဆဖြင့် ဗလာနတ္ထိကို ရွေးချယ်ခဲ့ပြီး သူ့ခန္ဓာကိုယ်အား ထာဝရတည်ရှိအောင် ပြုလုပ်ခဲ့သည်။

တကယ်လို့ ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် သူက မဖျက်စီးနိုင်စွမ်းကို ရွေးချယ်ခဲ့တာပဲ…

သူ သိထားသလောက် မဖျက်စီးနိုင်စွမ်းသည် ခန္ဓာကိုယ်လေ့ကျင့်သူများ အသုံးအများဆုံး သဘောတရားတစ်ခု ဖြစ်၏။ ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးသည့်နောက်တွင် သူတို့ကို မဖျက်စီးနိုင်သော ကောင်းကင်ဘုံအရှင်များဟု ခေါ်ဆိုသည့် အဓိကအကြောင်းအရင်းလည်း ဖြစ်ပေသည်။

အတိအကျပြောရလျှင် မဖျက်စီးနိုင်ခြင်းက ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်အတွက် မဟာတာအိုမှ ရွေးချယ်ထားသည့် အဓိကလမ်းစဉ် သို့မဟုတ် အယူအဆတစ်ခု ဖြစ်ပေသည်။ ခွန်အားအစစ်အမှန် တာအို၏ ၅ဆင့်မြောက် ဖြစ်သည့် မိစ္ဆာနတ်ဘုရားအဆင့်တွင် ခန္ဓာကိုယ်စမ်းသပ်ချက်၌ ထိုအယူအဆသဘောတရား ပါဝင်လာပြီး စိတ်စွမ်းအားဖြင့်ပင် ဆက်နွယ်နေသည်။

တိထျန်းက သူ့စွမ်းအားကို အသက်သွင်းပြီးသည့်နောက်တွင် အချိန်မဖြုန်းပေ။ သူက တစ်ဖက်လူဆီ ပြိုင်ဘက်ကင်းအရှိန်ဖြင့် ပြေးဝင်သွားလိုက်၏။ သူက လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို ဖြိုခွင်းပစ်မည့် မြေဖြိုစက်အလား ဖြစ်သည်။

ဝမ်ဝေ့က သူ့ရှေ့တွင် အားကောင်းသည့် ဓာတ်သဘာဝ အကာအရံတစ်ခုကို ဖန်တီးခဲ့၏။ ထို့နောက် သူက အတွင်းအင်္ဂါ၅ခုအတွင်း သိုလှောင်ထားသည့် ပင်ကိုစွမ်းအားများကို အသုံးပြုကာ ဟွမ်သွမ်းမီးတောက်နှင့် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကိုပင် အသုံးပြုခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

ထိုအရာများက မဖျက်စီးနိုင်ဖွယ် ခန္ဓာကိုယ်အထက် ထိတွေ့လာသည့်အခါ နှေးကွေးသွားခြင်း မရှိဘဲ တစ်ဖက်လူဆီ ဆက်တိုက်ပြေးဝင်လာဆဲသာ ဖြစ်၏။

ရလဒ်ကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က နောက်ထပ်တစ်ခုကို ကြိုးစားကြည့်လိုက်သည်။ သူက အရှိန်အရေးသာမှုကို အသုံးပြုလိုက်သည်။ သို့သော် ထိုနည်းဗျူဟာကလည်း ဤတစ်ကြိမ်တွင် အသုံးမဝင်ခဲ့ပေ။

တိထျန်း၏ ခြေထောက်မှ လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက အရှိန်အတွက် ပြုလုပ်ထားသည့် ဟွင်သွမ်းရတနာတစ်ခု ဖြစ်နေသည်။

ထို့အပြင် ဤအခြေအနေအသစ်၌ တိထျန်းသည် နဂါးဆင် ဖိနှိပ်စွမ်းရည်ကို အများအပြား အသုံးပြုလာနိုင်သည်။ ဝမ်ဝေ့ဝန်းကျင်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးက ပြင်းထန်သည့် မြေဆွဲအားနှင့် တူညီသည့် အနေအထားသို့ ကျရောက်သွားပြီး သူ့အရှိန်ကို လျော့ကျသွားစေသည်။

ဝုန်း

လက်သီးတစ်ချက်တည်းဖြင့် ဝမ်ဝေ့က သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့အတွင်းအင်္ဂါများက အပေါက်ဖြစ်သွားကာ အရိုးများက အက်သွားပြီး ကြွက်သားများက ပျက်စီးသွားသည်။ သို့သော်လည်း ထိုဒဏ်ရာမျိုးက သူ့အတွက် အသေးအဖွဲသာဖြစ်ပြီး ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွား၏။

ထိုအရာနှင့် မထိတွေ့ခင် သူက သူ့ခုခံနိုင်စွမ်းအားလုံးကို မယုံကြည်နိုင်လောက်သည့် အနေအထားတစ်ခုသို့ မြှင့်တင်ခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လုပ်ထားသည့် သံမဏိကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ကို မာကြောစေခဲ့သည်။ သူ့အတွင်းအင်္ဂါမှ ရွှေဓာတ်နှင့် မြေဓာတ်ကို အသုံးပြု၍ ဒုတိယအလွှာအဖြစ် ခင်းကျင်းခဲ့ပြီး ယင်ယန်မျှခြေကို အသုံးပြုကာ ခုခံကာကွယ်ရေး တတိယအလွှာကို အသုံးပြုခဲ့သည်။

နောက်ဆုံးတွင် သူက အတုအယောင် တာအိုဆန္ဒကို အထွတ်အထိပ်ရောက်အောင် ထိန်းချုပ်ပြီး ခုခံနိုင်စွမ်းအတွက် တိုက်ခိုက်ရေးကို စွန့်ပစ်ခဲ့၏။

သူ့ခုခံစွမ်းရည်က မြင့်မားရုံသာမက တိထျန်း၏ တာအိုဆန္ဒ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ပြန်လည်ကုစားနှုန်းကို နှောင့်နှေးခြင်းမှလည်း ကာကွယ်ထားခဲ့သည်။

ကျစ် သူ့အရှိန်နဲ့ ခုခံနိုင်စွမ်းက ဘာလို့ ဒီလိုအဆင့် ရောက်နေရတာလဲ…

တိထျန်းက သူသည် အရှိန်နှင့် ခုခံရေးတာအိုကို ကန့်သတ်ချက်ထိရောက်အောင် ကျင့်ကြံထားသည့် လူနှစ်ယောက်နှင့် တိုက်ခိုက်နေသလိုမျိုး ခံစားနေရသည်။

သူက ဒေါသထွက်လာကာ ပိုမိုပြင်းထန်လာပြီး စိတ်ဝိညာဉ်က အလေးအနက် အာရုံစူးစိုက်ထားသည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် တိထျန်း၏ သူ့အတုအယောင် တာအိုဆန္ဒအပေါ် ထိန်းချုပ်နိုင်စွမ်းက သူ့ဘဝ၌ အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။

တိုက်ပွဲက တိုးတက်ဖို့ရာအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်၏။ ဒဿမသာလွန်အုတ်မြစ်ကို ရောက်ရှိပြီးသည့်နောက်တွင် တိထျန်းနှင့် ဝမ်ဝေ့တို့က သူတို့၏ သက်ဆိုင်ရာအင်အားစုများမှ ဆန့်ကျင်ကျင့်ကြံသူများနှင့် လေ့ကျင့်ခဲ့ကြသည်။ သို့သော်လည်း ထိုတိုက်ပွဲများက သေခြင်းရှင်ခြင်း တိုက်ပွဲမဟုတ်သည့်အတွက် ထောက်ထားစရာ များပြားလှသည်။

ထို့ကြောင့် သူတို့ကြီးထွားနိုင်သည့် အခြေအနေက ကန့်သတ်ချက်ရှိနေသည်။ သို့သော် ယခုတွင်…

နောက်ထပ် မူမမှန်မှုတစ်ခုပဲ…

ဝမ်ဝေ့က သူ့ဘေးမှ နာကျင်မှုကို ခံစားမိလိုက်၍ တွေးလိုက်သည်။

သူ့ဓာတ်သဘာဝစွမ်းအားက တစ်ခုခုတော့ ပါဝင်နေတယ်။ ကြည့်ရတာ ကွဲပြားနေတဲ့ပုံပဲ။ သူတို့က ခုခံမှုမရှိဘဲ အချင်းချင်း တိုက်ခိုက်နေပေမဲ့ တစ်ခုနဲ့တစ်ခုနဲ့လည်း အမှီသဟဲပြုနေတယ်…

တိထျန်း၏ တိုက်ကွက်က ဝမ်ဝေ့၏ အာကာပြင်ကို သုတ်သင်ပစ်လိုက်သည်။ သို့သော်လည်း သူ့တိုက်ကွက်က အသုံးမဝင်ခဲ့ပေ။ အကြောင်းအရင်းမှာ ထိုသူက သူ့ခန္ဓာကိုယ်ကို မီးဓာတ်အဖြစ် ပြောင်းလဲလိုက်ပြီး သူ့ရုပ်ပိုင်းဆိုင်ရာတိုက်ကွက်ကို အသုံးမဝင်ဖြစ်သွားစေခဲ့သည်။ တိထျန်းက အလျင်အမြန် လှုပ်ရှားကာ ဝမ်ဝေ့၏ နံရိုးဘေးကို ကန်လိုက်သည်။ သူ့ခြေထောက်က ရေဓာတ်အဖြစ် ပြောင်းလဲသွားကာ တစ်ဖက်လူကို လွင့်စင်သွားစေ၏။

နောက်ထပ် မူမမှန်မှုတစ်ခု…

ဝမ်ဝေ့က သူ့ဘေးမှ နာကျင်မှုကို ခံစားမိ၍ တွေးလိုက်မိသည်။

သူ့ဓာတ်သဘာဝစွမ်းအားက တစ်ခုခုတော့ ပါဝင်နေတဲ့ပုံပဲ။ ကြည့်ရတာ ဟွင်သွမ်းအငွေ့အသက်ဖြစ်ပုံပဲ။ ဘာတွေဖြစ်နေတာလဲ…

သူ့စိတ်ထဲ အလျင်အမြန် တွက်ချက်နေကာ ထိုထူးထူးဆန်းဆန်း အရှိန်အဝါကို သုံးသပ်နေလေ၏။ ထိုအရာက သူ၏ ဟွင်သွမ်းမီးတောက်ကို အမှတ်ရသွားစေသော်လည်း ရေဓာတ်သဘာဝ ဖြစ်နေသည်။

သူက ဟွင်သွမ်းရေ၊ ဟွင်သွမ်းမြေ၊ ဟွင်သွမ်းသတ္တု၊ ဟွင်သွမ်းသစ်သားနဲ့ ဟွင်သွမ်းမီးတောက်တွေနဲ့ ပေါင်းစပ်နိုင်ခဲ့တာလား။ မဖြစ်နိုင်လိုက်တာ။ ကြေးမုံက ငါ့ကို သူက နှလုံးသားကလွဲရင် ကျန်တဲ့အင်္ဂါတွေအတွက် အထွတ်အထိပ် ပင်ကိုပစ္စည်းကိုပဲ သုံးတယ်လို့ ပြောခဲ့တာ…

ဝမ်ဝေ့က စိတ်ရှုပ်ထွေးနေသော်လည်း တိထျန်းက သူ့ကို သုံးသပ်ဖို့ရာ အချိန်မပေးပေ။

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို မာန်ပါလာကာ တိထျန်း၏ တိုက်ကွက်ကို ပြန်လည်ထိုးနှက်လိုက်သည်။

ထင်ထားသည့်အတိုင်း တစ်ဖက်လူ၏ မဖျက်ဆီးနိုင်ဖွယ် သဘာဝကြောင့် လက်မောင်းက ကျိုးလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့နဂါးရာသီခွင်ကပင် အလုပ် မဖြစ်ခဲ့ပေ။ သို့သော်လည်း သူက ထိုရလဒ်ကို ထင်ထားပြီးသား ဖြစ်၏။

သူ့လက်မောင်းက အဆစ်နှင့် ကြွက်သားများ မရှိသကဲ့သို့ နောက်ပြန် ၃၆၀ ဒီဂရီ ကွေးညွတ်သွားသည်။ သို့သော်လည်း ထိုနည်းဗျူဟာက တစ်ဖက်လူဆီမှ ခွန်အားများကို အရိုးအနည်းငယ် ကျိုးရုံမျှဖြင့် ဖယ်ရှားနိုင်ခဲ့သည်။

တိထျန်းက နီးကပ်နေသည့် အခွင့်အရေးကို ရယူကာ ခပ်ပြင်းပြင်းဖြင့် ခေါင်းချင်း ဝင်တိုက်လိုက်သည်။ ရလဒ်အနေဖြင့် သူ့ဦးခေါင်းခွံက ပုံပျက်သွားခဲ့၏။

မည်သို့ပင်ဆိုစေကာမူ သူ့ရည်ရွယ်ချက်က အောင်မြင်ခဲ့သည်။

သူတို့ အလွန်နီးကပ်နေစဉ်အခါက သူ့မျက်ဝန်းမှ ကြောက်မက်ဖွယ် အပူဓာတ်တစ်ခု ထုတ်လွှတ်လာကာ တိထျန်းကို နောက်လွင့်သွားစေသည်။

ဒီလိုမျိုး တိုက်ကွက်ကတောင် အပျက်အစီး မဖြစ်စေဘူးလား…

ဝမ်ဝေ့က ကိစ္စများသည် ပို၍ မူမမှန်တော့ကြောင်း ခံစားမိလာသည်။

သူ့အရင် ခံနိုင်ရည်စွမ်းအားက ရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းကနေ အရေပြားစွမ်းရည်ကနေ ဖြစ်ပေါ်လာတဲ့ဟာပဲ။ ဒါပေမဲ့ ဒီစွမ်းရည်က နိမိတ်ကြေးမုံက ဖော်ပြတာနဲ့ ကွဲလွဲနေတယ်…

ဒါက ဒဿမ သာလွန်အုတ်မြစ်ကို ရသွားတဲ့ ရလဒ်လား။ မဟုတ်သေးဘူး။ ဒါက အဓိပ္ပာယ်မရှိဘူး။ ငါ့ရဲ့ စွမ်းရည်အားလုံးက အလားအလာ တိုးမြင့်လာပေမဲ့ အပြည့်အဝ ပြောင်းလဲသွားတာမျိုး ဆင့်ကဲပြောင်းလဲသွားတာမျိုး မရှိခဲ့ဘူး…

ဝမ်ဝေ့က ထိုအရာသည် အမည်မသိ ၅ရာခိုင်နှုန်းထဲမှ ဝှက်ဖဲတချို့ဖြစ်နိုင်ကြောင်း သိထား၏။

ဒီလိုမျိုးဆိုရင် ငါက သူ့ကို စွမ်းရည်တွေ များများ ထုတ်ဖော်ဖို့ တွန်းအားပေးရမယ်…

All Chapters