← Chapters

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၄)

Vol. 62 Ch. 857

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၄)

Vol. 62 Ch. 857

ဝမ်ဝေ့၏ မျက်လုံးဝန်းကျင်တွင် အနက်ရောင်လျှပ်စီးတစ်ခု ရုတ်ချည်းတောက်ပလာကာ သူ့အကြည့်များက ပိုမိုပြင်းထန်လာပြီး သူ့အရှိန်အဝါက တိုးပွားလာသည်။ ပတ်ဝန်းကျင်အာကာပြင်တစ်ခုလုံးက သူ့တည်ရှိမှုကို မတောင့်ခံနိုင်သည့်အလား တွန့်လိမ်သွားလေ၏။

ဝမ်ဝေ့၏ မျက်နှာအထက် အက်ကြောင်းများ ပေါ်ထွက်လာကာ သူ့ကို အနည်းငယ် ကြောက်စရာကောင်းသွားစေသည်။

ငါ အများကြီး သုံးမိသွားပြီ…

သူ့မျက်နှာအထက်မှ အက်ကြောင်းများက ပြန်ကောင်းမွန်လာကာ အနက်ရောင်လျှပ်စီး၏ ပြင်းအားက လျော့ကျသွားသည်။

ဒါ ငါ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက် ဖြစ်လောက်တယ်…

ဝမ်ဝေ့က ယခင်ထက်မြန်ဆန်သည့် အရှိန်နှုန်းဖြင့် တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။ သို့သော်လည်း သူ့လမ်းကြောင်းတွင် အနက်ရောင်လျှပ်စီးများကို ချန်ထားခဲ့၏။

ဝုန်း

သူက အမူအရာပျက်ယွင်းနေသည့် တိထျန်းကို လက်သီးဖြင့် ထိုးချလိုက်သည်။ အာကာပြင်ထဲတွင် အရိုးအက်သံ ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုအရာက အစမျှသာ ဖြစ်၏။

ဝမ်ဝေ့က ထိုသူ၏ ခေါင်းကို ဖောက်ခွဲပစ်ဖို့ရာအတွက် ချိန်ရွယ်လိုက်သည်။ သို့သော်လည်း တိထျန်းက သူ့စာအုပ်မှ စာရွက်တစ်ရွက်ကို ထုတ်ကာ သူ့ခေါင်းကိုလည်း အတွင်းအင်္ဂါများမှ လေ့ကျင့်ထားသည့် ဓာတ်သဘာဝထိန်းချုပ်နိုင်စွမ်းမှ တဆင့် ရေဓာတ်အဖြစ် ပြောင်းလဲလိုက်သည်။

နှမြောစရာကောင်းလှသည်က ထိုအရာက အသုံးမဝင်ခဲ့ပေ။ ဝမ်ဝေ့၏ လက်သီးချက်က ထိုမဖျက်ဆီးနိုင်ဖွယ် သဘာဝကို လျစ်လျူရှုထားနိုင်သည့်အတွက် သူ့ဓာတ်သဘာဝခန္ဓာကိုယ်ကို ထည့်ပြောဖို့ပင် မလိုတော့ပေ။ ကံကောင်းစွာဖြင့် တိထျန်း၏ တိုက်ကွက် အထိအခိုက် အနည်းငယ်ကို လျှော့ချနိုင်ခဲ့၏။

ဝုန်း

ဝမ်ဝေ့က ဒုတိယအကြိမ် လက်သီးချက်ဖြင့် ထပ်မံ ထိုးခွင်းလိုက်သည်။ ဤတစ်ကြိမ်တွင် ပိုကြမ်းတမ်းလာ၏။ ဤတိုက်ကွက်တစ်ခုဖြင့် တိထျန်း၏ ခန္ဓာကိုယ်ရှိ မော်လီကျူးတိုင်းနှင့် အက်တမ်တိုင်းက ပျောက်ကွယ်သွားပြီး ထိုတိုက်ကွက်၏ နောက်ကွယ်မှ ခွန်အားကြောင့် သုတ်သင်ခံလိုက်ရသည်။

ဝမ်ဝေ့က သူ့အောင်မြင်မှုနှင့် ပတ်သက်ပြီး မပျော်ပေ။ သူက တိထျန်း၏ ခန္ဓာကိုယ်အသစ် ထွက်ပေါ်လာသည့်နေရာကို လှမ်းကြည့်လိုက်၏။ ထိုသူ မသေဆုံးခင် တစ်မိနစ်အတွင်း လက်ချောင်းမှ သွေးတစ်စက်ကို ထုတ်နိုင်ခဲ့သည်။ ထိုသွေးတစ်စက်မှတဆင့် သူ့ခန္ဓာကိုယ်အသစ်ကို ပြန်လည်ရယူခဲ့၏။

စိတ်စွမ်းအားသဏ္ဌာန်ပြခြင်း…

တိထျန်းက အမူအရာ ပျက်ယွင်းလျက် တွေးလိုက်မိသည်။ သူက ထိုအရာကို ထင်မှတ်ထားပြီးသား ဖြစ်၏။ ယင်ကန်းလိုမျိုး လူမျိုးအတွက် မပြီးပြည့်စုံသည့် စိတ်စွမ်းအားသဏ္ဌာန်ပြခြင်းကို အောင်မြင်လိမ့်မည်။ ထိုစဉ် ဝမ်ဝေ့၏ ခန္ဓာကိုယ်လေ့ကျင့်ရေးပါရမီက ထိုသူထက် ကျော်လွန်နေလေသည်။ အထူးသဖြင့် ကျီစုန့်၏ အကြမ်းခံပုဆိန်ရုပ်ခန္ဓာကို ဝါးမျိုပြီးသည့်နောက်တွင် ဖြစ်၏။

ထို့ကြောင့် သူက ပိုမိုကောင်းမွန်သည့် စိတ်စွမ်းအား သဏ္ဌာန်ပြခြင်းကို မည်သို့မအောင်မြင်ဘဲ နေမည်နည်း။

သူ့အတွက်မူ

သူက အကြောင်းအရင်းများစွာအတွက် ထိုစိတ်စွမ်းအားသဏ္ဌာန်ပြခြင်းကို ရယူဖို့ မကြိုးစားခဲ့ဖူးပေ။ အဓိကအကြောင်းက သူ့ပိတ်လှောင်ထားသည့် စိတ်ကြောင့် ဖြစ်၏။ သူ့ဗဟုသုတများအပေါ် မူတည်၍ မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား အလယ်အလတ်နှင့် နောက်ပိုင်းအဆင့် ရောက်ရှိသူများကသာ စိတ်စွမ်းအား သဏ္ဌာန်ပြခြင်းကို နိုးထနိုင်ကြသည်။ လူများစွာက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးသည့်နောက်တွင်ပင် စောင့်ဆိုင်းရပြီး ဒိုင်မေးရှင်းအနိမ့်တွင် ဘယ်သူကမှ မအောင်မြင်ဖူးခဲ့ပေ။

ထိုစိတ်သဘောထားဖြင့် တိထျန်းက သူ့စိတ်စွမ်းအားကို သဏ္ဌာန်ဖော်ဖို့ မကြိုးစားခဲ့ဖူးပေ။

ခဏအကြာတွင် သူက သူ့ဆရာတစ်ယောက်ဖြစ်သည့် ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ဧကရာဇ်က ထိုစွမ်းအားနှင့် ပတ်သက်ပြီး ပြောခဲ့သည့်စကားကို အမှတ်ရသွားလေ၏။

“ငါက ငါ့စိတ်စွမ်းအား သဏ္ဌာန်ပြဖို့ ခန္ဓာကိုယ်ကို နှိပ်စက်ခဲ့တယ်။ အခုကစပြီး ငါ့ရဲ့ စိတ်စွမ်းအားက မိုးမြေသဘောတရားတွေ အထက်မှာ ရှိနေလိမ့်မယ်”

ဤထိပ်တိုက်တွေ့ဆုံမှုအတွင်း တိထျန်းက ထိုစကား၏ ဆိုလိုရင်းကို နားလည်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က လက်ရှိ မဖျက်ဆီးနိုင်သည့်အနေအထားတွင် ရှိနေသော်လည်း ဝမ်ဝေ့၏ လက်သီးချက်က ဂရုမစိုက်ပေ။ သူ့စိတ်စွမ်းအားက မဖျက်စီးနိုင်ဖွယ်အရာကိုပင် ဖျက်ဆီးနိုင်လိမ့်မည်ဟု ယုံကြည်ထားလေ၏။

အမှန်ပင် ထိုသို့လုပ်နိုင်ခဲ့သည်။

ဝမ်ဝေ့က တိထျန်းရှေ့တွင် ပေါ်ထွက်လာကာ ခန္ဓာကိုယ်ကို မလှုပ်မယှက်ဖြစ်သွားစေသည့် ဆုံမှတ်တစ်ခုကို ထိုးချလိုက်သည်။ ထို့နောက် သူက ထိုသူ၏ ခေါင်းမှ မြဲမြဲဆုပ်ကိုင်ကာ မလိုချင်သည့် အိတ်တစ်လုံးလိုမျိုး သယ်ဆောင်သွားလိုက်သည်။

သူ့သရက်ရွက်မှ မြေဓာတ်ကို အသုံးပြုကာ အသက်ဓာတ် မရှိသည့် ဂြိုလ်အကြီးကြီးများစွာကို ဖန်တီးခဲ့သည်။ သူက တုံ့ဆိုင်းမရှိဘဲ တိထျန်းကို ဒိုင်းကာအဖြစ် အသုံးပြုပြီး ထိုဂြိုလ်များကို ထိုးဖောက်ပစ်ခဲ့သည်။ ပိုပြီးရှင်းပြရမည်ဆိုလျှင် ထိုဂြိုလ်များကို တူးဖော်ဖို့ သူ့ကို တူးစက်အဖြစ် အသုံးပြုခဲ့သည်ဟု ဆိုရမည်။

သို့သော်လည်း သူက ဤဂြိုလ်များနှင့် မကျေနပ်သေးသည့်အတွက် ဟွင်သွမ်းမီးတောက်ကို အသုံးပြုကာ ကြယ်တာရာများကို ဖန်ဆင်းခဲ့သည်။ ထို့နောက် သူ့ကြွက်သားအံ့ဖွယ်စွမ်းရည်ကို အသုံးပြု၍ အာကာပြင်ကို ခေါက်ချိုးချိုးကာ နံရံအမြင့်များဖြင့် ပြောင်းလဲခဲ့သည်။

ဘန်း ဘန်း ဘန်း

တိထျန်း၏ ခန္ဓာကိုယ်က ထိုအာကာပြင်နံရံများကို တစ်ခုပြီးတစ်ခု ထိုးဖောက်သွားပြီး သူ့ကျောနှင့် ခေါင်းက သွေးအပြင်းအထန် ထွက်လာသည်။ တိထျန်းက နည်းလမ်းအားလုံးကို ကြိုးစား၍ တစ်ဖက်လူ၏ ဆုပ်ကိုင်ထားမှုကို ဖြေလျှော့ဖို့ ကြိုးစားခဲ့သည်။

သို့သော်လည်း ဝမ်ဝေ့၏ စိတ်စွမ်းအားက သူ မြင်ဖူးသမျှထဲ အလွှမ်းမိုးဆုံး ဖြစ်နေလေ၏။ သူ ကြိုးစားကြည့်သမျှ နည်းလမ်းများထဲ အနက်ရောင်လျှပ်စီးကသာ သူတို့ကို အတင်းအကြပ် ဖျက်ဆီးပစ်နိုင်သလို အသုံးမဝင်အောင် နှောင့်ယှက်နိုင်လိမ့်မည်။

တိထျန်းက အရှက်ကွဲမှုကို ခံစားမိနေသော်လည်း သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားလေ၏။ ထိုအရှက်ကွဲမှု ကြုံတွေ့သော်လည်း သူ့စိတ်စွမ်းအားက မှန်းကြည့်လို့ မရသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ဂျွတ်

သူ့လက်သီးတွင် အနက်ရောင်လျှပ်စီးတစ်ခု ထွက်ပေါ်လာပြီး ဝမ်ဝေ့၏ မျက်နှာကို ထိုးချလိုက်၏။

စိတ်စွမ်းအားသဏ္ဌာန်ပြခြင်းလား… သူကလည်း ငါ့ဆီကနေ သင်ယူပြီး အဆင့်တက်သွားတာလား…

ဒါပေမဲ့ ကိစ္စမရှိဘူး…

တိထျန်း၏ စိတ်စွမ်းအားက ယင်ကန်းထက် ပိုမိုမြင့်မားနေလျှင်ပင် ဝမ်ဝေ့နှင့် မယှဉ်နိုင်သေးပေ။ ကံကောင်းစွာဖြင့် စိတ်စွမ်းအားသဏ္ဌာန်ပြသည့် သူ့အပြုအမူက ဝမ်ဝေ့အား ခေတ္တမျှ သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။

ဘန်း

တိထျန်းက သူ့ကို ကန်ချလိုက်ပြီး သူ့အရှိန်အဝါကလည်း ထိုဖြစ်စဉ်အတွင်း သိသိသာသာ ပျောက်ကွယ်သွားလေ၏။ သူက ဟွင်သွမ်းရတနာကို အားကောင်းစေဖို့ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုကာ ကြောက်မက်ဖွယ် တိုက်ကွက်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ဤနည်းလမ်း၏ ဆိုးကျိုးကမူ အဆင့်မြှင့်တင်မှုက မိနစ်ပိုင်းမှ နာရီပိုင်းကြာအထိ အားနည်းသွားစေလိမ့်မည်။

“ငါ မင်းကို အထင်ကြီးမိသွားတာပဲ” တိထျန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“မင်းက ငါ့ကို ဒဏ်ရာအပြင်းအထန် ပေးနိုင်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခု ရှိခဲ့ပေမဲ့ မင်းက ငါ့ကို အရှက်ခွဲဖို့ အသုံးပြုခဲ့တယ်လား။ မင်းက အဲ့ထက်သာမယ်တော့ ထင်နေခဲ့တာ”

“အဲ့လိုဘယ်ဖြစ်ပါ့မလဲ။ ငါတို့တိုက်ပွဲက ငါ့အတွက် လက်စားချေရုံတင် မဟုတ်ဘူး။ စိတ်ဒဏ်ရာ ရှင်းလင်းရေးလည်း ပါတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ သူက ထိုစကားများကို ပြောသည့်အချိန် သူ့အရှိန်အဝါက ပိုမိုသိမ်မွေ့သွားသည်။ ထိုအရာက သူ့ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပျောက်ကွယ်သွားသလိုမျိုး ဖြစ်၏။

“ငါ့ဘဝမှာ မင်းက မကျော်လွှားနိုင်တဲ့ တောင်ကြီးတစ်လုံးလိုမျိုး ဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်မလား။ ဒီနေ့တိုက်ပွဲမှာ ငါက တောင်ကို ကျော်လွှားနိုင်ရုံတင်မကဘူး။ လွှမ်းမိုးနိုင်ခဲ့ပြီ”

ဝမ်ဝေ့က ပုခုံးကို အညောင်းအညာဖြေလိုက်သည်။ သူက အသုံးမဝင်ဟန်ပေါ်သည့် အရာတစ်ခုကို ရွေးချယ်ခဲ့သည်မှာ အချိန်က သူ့ဘက်တွင် ရှိနေ၍ ဖြစ်သည်။ သူက သက်လုံ အရေးသာမှုရှိနေသည့်အတွက် အချိန်ကြာသည့် တိုက်ပွဲက သူ့အတွက် အရေးသာစေနိုင်သည်။

သူ့အပြုအမူဖြင့် ဖြည်းဖြည်းချင်း အခွင့်ကောင်းယူနိုင်၏။

တိထျန်း၏ လည်ပင်းနှင့် နဖူးအထက် သွေးကြောများ ပေါ်ထွက်လာသည်။ သို့သော်လည်း သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။

စိတ်စွမ်းအားနဲ့ တာအိုဆန္ဒ ပေါင်းစည်းမှုက တကယ်ကို အိပ်မက်ဆိုးပဲ…

ခန္ဓာကိုယ်လေ့ကျင့်ထားသည့် ထာဝရဧကရာဇ်များနှင့် အတုအယောင် ထာဝရဧကရာဇ်များသည် ဟွင်သွမ်းစကြဝဠာတစ်လျှောက် အနှောင့်အယှက် ဖြစ်နေရသည်မှာ အကြောင်းအရင်း တစ်ခု ရှိပေသည်။ သူတို့၏ စိတ်စွမ်းအားနှင့် တာအိုဆန္ဒကို ထိန်းချုပ်နိုင်စွမ်းကြောင့် ဖြစ်၏။

ထိုအရာနှစ်ခုက သူတို့၏ အရှိန်၊ ခုခံအားနှင့် တိုက်ခိုက်ရေး၊ တစ်ဖက်လူ၏ ပြန်လည်ကုစားနိုင်စွမ်းကို ပယ်ဖျက်နိုင်ခြင်းတို့ကို မြှင့်တင်ပေးသည့်အတွက် သူတို့က ဟွင်သွမ်းကမ္ဘာအတွင်း အထွတ်အထိပ်တွင် တည်ရှိကြသည်။

ထို့အပြင် သူတို့က တခြားအုပ်စုအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သည်မှာ ထိုလူများအတွက် ထာဝရကောင်းကင်ဘုံအဆင့်နှင့် အဆုံးစွန်မဲ့ စံပြများကို သတ်ဖို့ရာ လွယ်ကူနေ၍ ဖြစ်သည်။

သို့သော်လည်း ထိုအင်အားကြီး ပုဂ္ဂိုလ်များအတွက် စံပြအဆင့်ကို ဝင်ရောက်ဖို့ရာ မလွယ်လှပေ။ အကြောင်းအရင်းကမူ ကောင်းကင်တာအိုနှင့် မဟာတာအိုတို့၏ ကန့်သတ်ချက်များကြောင့် ဖြစ်၏။

ထိုလမ်းစဉ်ကို လျှောက်လှမ်းသည့်သူများက အဆုံးစွန်မဲ့ စံပြနှင့် မငြိမ်းသတ်ဖွယ် စံပြတို့ ဖြစ်လာလိုပါက ဆိုးရွားလှဖွယ် စမ်းသပ်ချက်ကို တွေ့ကြုံခံစားရလိမ့်မည်။

တကယ်လို့ ငါသာ ဒီတိုက်ပွဲကို နိုင်ဖို့ အခွင့်အရေးတစ်ခု လိုချင်တယ်ဆိုရင် ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုက အဲဒါကို အသုံးပြုဖို့ပဲ…

တိထျန်းက တွေးလိုက်မိပြီး ခေတ္တမျှ တုံ့ဆိုင်းနေကာ ဝှက်ဖဲကို စောစောစီးစီး ထုတ်သုံးလိုက်ရမလားဟု စဉ်းစားနေမိသည်။

သို့သော်လည်း သိပ်မကြာခင် ဝမ်ဝေ့၏ မျက်ဝန်းအထက် သတ်ဖြတ်ငွေ့ကို ခံစားမိပြီးသည့်နောက် ဆုံးဖြတ်ချက်ချလိုက်၏။ ထို့အပြင် သူက တိုက်ပွဲတို တိုက်ခြင်းသည် သူ့အတွက် အရေးသာလိမ့်မည်ဟု ခန့်မှန်းထားပြီးသား ဖြစ်သည်။

သူ့အရှိန်အဝါက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်အထက် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ သူ့အရေပြားက ငွေရောင် ပြောင်းလဲသွားပြီး ဦးခေါင်းအထက် ဦးချိုလေးခု ထွက်ပေါ်လာသည်။ သူ့အဝတ်အစားများက အရေပြားနှင့် ပေါင်းစပ်သွားပြီး ဘောင်းဘီသာ ကျန်ရှိလေ၏။

သူ့အဖြူရောင်နှင့် အနက်ရောင် ဆံပင်များက ဤဗလာလေဟာနယ်ထဲတွင် လေ ရှိနေသည့်အလား လွင့်နေလေသည်။ သူက အမြီးတစ်ချောင်းနှင့်အတူ လက်သည်းများပါ ရှည်လာလေ၏။ သူ့ကျောဘက်တွင် လင်းနို့နှင့်တူသည့် တောင်ပံတစ်စုံထွက်ပေါ်လာသည်။

ယေဘုယျအားဖြင့် တိထျန်းသည် ခြိမ်းခြောက်နိုင်ပြီး နိုးထလာခါစဖြစ်သည့် ကမ္ဘာဦးနှင့် ရှေးဟောင်းသက်ရှိလိုမျိုး အငွေ့အသက်မျိုး ရှိနေသည်။ သူ့တည်ရှိမှုက အံ့ဩဖို့ကောင်းပြီး ဤတိုက်ပွဲကို ကြည့်နေသည့် အားနည်းသော သက်ရှိများထဲတွင် ကိန်းအောင်းနေသည့် အကြောက်တရားနှင့် ကိုးကွယ်လိုသည့် စိတ်ဆန္ဒတို့ကို နှိုးဆော်ပေးနိုင်သည်။

ရှေးဟောင်းဖျက်ဆီးခြင်း နတ်ဘုရားအသွင်ပြောင်းမှုလား…

ဒါက သူ့ရဲ့ ဝှက်ဖဲလား…

ဝမ်ဝေ့က ထိုအရာကို မယုံနိုင်ပေ။ ထိုအသွင်ပြောင်းမှုက ခန္ဓာကိုယ်ကို အကောင်းဆုံး အခြေအနေရောက်အောင် တွန်းပို့ပေးနိုင်သော်လည်း စွမ်းအားအရ တိုးမြင့်လာမှုက သူတို့၏ လက်ရှိအဆင့်အတွက် နည်းပါးလှသည်။

ဒဿမသာလွန်အုတ်မြစ်ကို ရရှိပြီးသည့်နောက်မှာ ဒီအသွင်ပြောင်းမှု၏ အကြီးမားဆုံး အကျိုးကျေးဇူးက ပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် ပြင်းအားတို့ကို တိုးမြှင့်ပေးနိုင်ခြင်း ဖြစ်သည်။

နမူနာအားဖြင့် ဝမ်ဝေ့နှင့်တိထျန်းတို့က အကြိမ်တစ်ထောင် ပြန်လည်ကုစားနိုင်မည်ဆိုပါက ထိုအသွင်ပြောင်းမှုသည် အကြိမ် ငါးထောင်မှ တစ်သောင်းအထိ တိုးမြှင့်ပေးလိမ့်မည်။

သို့သော်လည်း ထိုအရာတွင် တိုးမြှင့်ပေးခြင်းက တိုက်ခိုက်ရေးနှင့် အရှိန်တွင် အနည်းဆုံးသာ ဖြစ်၏။ ထိုအရာက ခုခံကာကွယ်ရေးကို အလေးထားသော်လည်း တခြားသော ကဏ္ဍများထက် အနည်းငယ်မြင့်မားနေရုံမျှသာဖြစ်၏။

အဲဒါဆို သူ့ဆီမှာ နောက်ထပ်ဝှက်ဖဲတစ်ခုတော့ ရှိရမယ်…

ထင်ထားတဲ့ အတိုင်း သူ မှန်ကန်နေခဲ့သည်။

တိထျန်း၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ပိုမိုရှေးကျပြီး ခက်ထန်လာသည်။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်သည် ထိုအငွေ့အသက်ကို ခံစားမိသည့်အခါ တုန်ယင်လာပြီး အင်မတန်မြင့်မြတ်သည့် လူတစ်ယောက်ထံ လေးစားမှု ပြရမည်ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

“ဒါက …”ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားရင်း တိထျန်း၏ အသွင်ပြောင်းမှုကို တစ်စက္ကန့်မှ မလွတ်အောင် ကြည့်နေသည်။

အတိအကျပြောရလျှင် သူက ပုံမှန်နှင့် တူသည့် ခန္ဓာကိုယ်အဖြစ် ပြန်လည်ပြောင်းသွားလေ၏။ တစ်ခုတည်းသော ကွဲပြားချက်ကမူ တိထျန်း၏ ရင်ဘတ်ပေါ်ရှိ ထူးထူးဆန်းဆန်း အမှတ်အသားများနှင့် မျက်ဆံ မရှိဘဲ ခရမ်းရောင်မျက်ဝန်းသာ ဖြစ်သည်။

All Chapters