← Chapters

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၆)

Vol. 62 Ch. 859

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၆)

Vol. 62 Ch. 859

တိထျန်းက သူ့အတုအယောင် တာအိုစွမ်းအားနှင့် စိတ်စွမ်းအား သဏ္ဌာန်ပြခြင်းကို ခြေထောက်ဆီ ပို့ဆောင်လိုက်ပြီး သူ့ပြိုင်ဘက်ကင်း အရှိန်ကို ထပ်မံ တိုးမြှင့်လိုက်သည်။ သူက မြန်ဆန်လွန်းလှသည့်အတွက် ကာလံဒေသံအမျှင်များတွင် စုတ်ပြဲရာများကိုသာ ချန်ထားခဲ့သော်လည်း ထိုစုတ်ပြဲရာများက စက္ကန့်ပိုင်းမျှသာ ကြာမြင့်လေ၏။

ဝုန်း

ထိုလေဟာနယ်အတွင်း ပေါက်ကွဲသံအကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ဝမ်ဝေ့၏ လက်မောင်းနှစ်ဖက်က ပူဖောင်းလိုမျိုး ပေါက်ကွဲထွက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ သူ့လက်များက ကံကြမ္မာ ဆိုးရွားနေသော်လည်း သူ့ပါးစပ်မှ ညည်းတွားသံတစ်သံမှ ထွက်မလာခဲ့ပေ။

ထိုစဉ် တိထျန်းက ထိုအသုံးမဝင်သည့် ကိစ္စကို ဂရုမစိုက်ပေ။ တစ်ဖက်လူ၏ ခုခံမည့် နည်းလမ်းကို ဂရုစိုက်ပြီးသည့်နောက်တွင် သူက သတ်ဖြတ်ဖို့ ကြံလိုက်သည်။ ထို့ကြောင့် သူက တစ်ဖက်လူကို တုံ့ပြန်ဖို့ လုံလုံလောက်လောက် အချိန်မပေးဘဲ ဒုတိယလက်သီးချက်ကို ပစ်ခွင်းလိုက်၏။

လေဟာနယ်ထဲ နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ တိထျန်း၏ လက်က ဝမ်ဝေ့၏ ရင်ဘတ်အတွင်း ရောက်ရှိသွားကာ လူသားဒိုးနပ်အဖြစ် ပြောင်းလဲသွားစေသည်။

တိထျန်းက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်၏။ သူ့တိုက်ကွက်က အောင်မြင်ဟန်ပေါ်သော်လည်း မအောင်မြင်ခဲ့ပေ။ သူက တစ်ဖက်လူ၏ ဝိညာဉ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို သုတ်သင်ပစ်ဖို့ ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း နောက်ဆုံးသော မိနစ်ပိုင်းတွင် ဝမ်ဝေ့က အပေါ်ပိုင်းခန္ဓာမှ လွဲ၍ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို အားဖြည့်လိုက်သည်။

ထိုအားဖြည့်မှုဖြင့် တိထျန်း၏ တိုက်ကွက်က သူ့အောက်ပိုင်းခန္ဓာနှင့် ဦးခေါင်းကို မဖျက်စီးနိုင်ခဲ့ပေ။

ထို့နောက် သူက တိုက်ကွက်အများစုကို ခန္ဓာကိုယ်အပေါ်ပိုင်းထက်သာ ပို့ဆောင်ခဲ့ပြီး သူ့ခန္ဓာကိုယ်အထက် အပေါက်ကိုသာ ချန်ထားစေခဲ့သည်။

ဒီလိုမျိုး မြင့်မားတဲ့ တိုက်ခိုက်ရေး၊ အတွေ့အကြုံများပြားမှု၊ ထိန်းချုပ်နိုင်စွမ်းနဲ့ စွမ်းအားအပေါ် နားလည်နိုင်စွမ်း၊ တာအိုဆန္ဒနဲ့ စိတ်စွမ်းအားသဏ္ဌာန် ပြခြင်းတို့ရဲ့ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုမှု…

တိထျန်းက တိတ်တဆိတ် ချီးကျူးလိုက်သည်။

ငါ သူ့ဆီကနေ သင်ယူရမှာ အများကြီး ရှိသေးတာပဲ…။

တိထျန်းက နောက်ထပ် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။

သို့သော်လည်း ဝမ်ဝေ့၏ လက်က ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာ၏။ ထို့ကြောင့် သူက တုံ့ဆိုင်းခြင်းမရှိဘဲ တိထျန်း၏ ခေါင်းကို တံတောင်ဖြင့် တိုက်ခိုက်လိုက်သည်။

နှမြောစရာကောင်းလှသည်က တိထျန်း၏ ပြိုင်ဖက်ကင်းအရှိန်သည် တုံ့ပြန်နှုန်းလည်း ပါဝင်နေလေ၏။ ထို့ကြောင့် သူက ခေါင်းကို ရွေ့ကာ တိုက်ပွဲကို ရှောင်ရှားခဲ့သည်။

ဝမ်ဝေ့ကလည်း ထိုသို့ လှုပ်ရှားမှုမျိုးကို ခန့်မှန်းထားပြီးသား ဖြစ်ဟန်ပေါ်၏။ ထို့ကြောင့် သူက သူ့ဆုံမှတ်ထဲမှ တွင်းနက်ကြီး၏ ကြောက်မက်ဖွယ် မြေဆွဲအားကို စုစည်းကာ တံတောင်ဆီ ထုတ်လွှတ်လိုက်သည်။

ထိုစဉ် တိထျန်းက သူ့ခေါင်းဆီ ဦးတည်နေသည့် ကြောက်မက်ဖွယ် မြေဆွဲအားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လိုက်သည်။

သူက သူ့ကိုယ်ပိုင်မြေဆွဲအား သို့မဟုတ် နဂါးဆင်ဆီမှ ဖိနှိပ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ဝုန်း ဝုန်း

ထိုမြေဆွဲအားနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုက ပတ်ဝန်းကျင်အာကာပြင်ကိုပင် တွန့်လိမ်သွားစေပြီး အသေးငယ်ဆုံးသော အမှုန်များကပင် ကြေမွသွားကာ ပျောက်ကွယ်သွားသည်။ ဤအချိန်တိုအတွင်း ဝမ်ဝေ့၏ စွမ်းအားက လွှမ်းမိုးသွား၏။

နဂါးဆင်၏ စွမ်းအားက အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအပေါ် မူတည်နေသည်။ တိထျန်း၏ လက်ရှိခန္ဓာကိုယ်က မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်မှတဆင့် မယုံကြည်နိုင်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝမ်ဝေ့ တိုက်ကွက်၏ အကြောင်းအရင်းကမူ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ပြန်လည်ကောင်းမွန်စေဖို့ နာနိုစက္ကန့်ပိုင်း မျှအချိန်ဆွဲနိုင်စေရန် ဖြစ်၏။

သူ့အစီအစဉ်က အောင်မြင်ခဲ့သလို တစ်ချိန်တည်းမှာပဲ ကျရှုံးခဲ့သည်။

တစ်ခုခုက ငါ့ရဲ့ ကလီစာတွေကို တိုက်စားနေတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ပထမဦးစွာ သူက မကောင်းဆိုးဝါးနတ်ဘုရားဆီမှ ထူးဆန်းသည့် ကမ္ဘာဦးအရှိန်အဝါ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော်လည်း သူက ထိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်၏။

သူ့ကိုယ်ပွားအများစုက သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်စဉ်အခါက ဟွင်သွမ်းပစ္စည်းများဖြင့် ပေါင်းစပ်ခဲ့ကြသည်။ ထို့ကြောင့် ဝမ်ဝေ့က သူတို့ဆီမှ ဟွင်သွမ်းအငွေ့အသက်ကို စုစည်းကာ ကလီစာများအတွက် ကာကွယ်မှုပုံစံ အသုံးပြုခဲ့သည်။ ထို့အပြင် ဝမ်ဝေ့က တိထျန်း၏ ကမ္ဘာဦးအရှိန်အဝါကို သုံးသပ်လိုက်၏။

အချိန်အနည်းငယ်နှင့် ချီပန်းပွင့် အံ့ဖွယ်စွမ်းရည်တို့ဖြင့် သူသည် တိထျန်းလိုမျိုး ကမ္ဘာဦးအရှိန်အဝါကို ပေါင်းစည်းဖို့ရာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။

ကံကောင်းတာက ဒီစွမ်းအားက အားနည်းနေသေးတယ်။ သူက မထိန်းချုပ်နိုင်သေးဘူး…

ဝမ်ဝေ့က သူ့အပေါ်ရှိနေသည့် သက်ရောက်မှုကို ဖယ်ရှားရင်း တွေးလိုက်မိသည်။ ထို့အပြင် သူက သူ့ခန္ဓာကိုယ်ထဲ မဝင်ရောက်ဖို့ရာ ဆက်လက်စောင့်ကြည့်မည့် စာရင်းထဲ ထည့်လိုက်သည်။

တစ်ဖက်လူ၏ မြေဆွဲအားကို ချေဖျက်ပြီးသည့်နောက်တွင် ရှေ့ဆက်ပြေးဝင်သွားလိုက်သည်။

မကောင်းဆိုးဝါးနတ်ဘုရားက မိုးမြေကြားတွင် ပါရမီအရှိဆုံး သက်ရှိဖြစ်ပြီး စိတ်စွမ်းအားကဲ့သို့ အရာများကို ထိန်းချုပ်ရာတွင် သဘာဝ အလိုလိုသိစိတ် ရှိကြသည်။ သူတို့အနေဖြင့် အထွတ်အထိပ်ရောက်ဖို့ မလုံလောက်သော်လည်း သာမန်ခန္ဓာကိုယ် လေ့ကျင့်သူများ၏ ၉၉ ရာခိုင်နှုန်းအတွက်မူ လုံလောက်သည်ထက် ပိုပေသည်။

အဲဒါဆိုတော့ ငါ လုပ်ဖို့လိုတာက ငါ့ခန္ဓာကိုယ်ရဲ့ အလိုလိုသိစိတ်ကို ငါ့စိတ်စွမ်းအားရဲ့ အဆင့်မြင့် ထိန်းချုပ်မှုပုံစံကို ရောက်သွားအောင် လိုက်နာဖို့ပဲ…

သူ့မျက်ဝန်းအနီးတွင် အနက်ရောင်လျှပ်စီးတစ်ခု ပေါ်ထွက်လာပြီး သူ့စိတ်စွမ်းအားသဏ္ဌာန်ပြမှုသည် ပို၍ ထူထပ်လာသည်။

ဘန်း

ဝမ်ဝေ့၏ လက်မောင်းအသစ်က ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်သွားပြန်သည်။ ထို့အပြင် သူ့ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ဝက်က ပျောက်ကွယ်သွားလေ၏။

တိထျန်းက ဆက်လက် တိုက်ခိုက်လာသည်။

ဝမ်ဝေ့က သူ့ခြေထောက်များကို တားဆီးပြီး တုံ့ပြန်ခဲ့သည်။

သူက သူ့ခြေထောက်အပေါ် စွမ်းအင်စက်ကွင်းကို အာရုံစိုက်ထားခြင်း အပါအဝင် ခုခံရေးနည်းလမ်းများကို အသုံးပြုခဲ့သည်။ သူ့ညာဘက်ခြေထောက်က ပျောက်ဆုံးသွားပြီဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ဂရုမစိုက်ပေ။

သူက အခြေအနေ ဆိုးရွားနေသော်လည်း အဓိကနေရာ ဒဏ်ရာမရရှိသေးသည့်အတွက် ဒဏ်ရာများက ကလေးကစားစရာမျှသာ ဖြစ်၏။ သူက ဤသို့ ဆက်ဖြစ်နေ၍ မဖြစ်ကြောင်း သိထားလေသည်။ မဟုတ်ပါက သူ့သက်လုံက တိထျန်းအဆင့်လောက် လျော့ကျသွားပေလိမ့်မည်။

ငါ လုပ်ဖို့လိုတာက အဲဒီတုန်းက ခံစားချက်ကို ပြန်လည်ရှာဖွေဖို့ပဲ…

ဝမ်ဝေ့က ကွဲပြားသော်လည်း တူညီနေသည့် စွမ်းအားနှစ်ခုကို ပေါင်းစည်းဖို့ရာအတွက် ကြိုးစားနေသည်။

ဘန်း

တိထျန်း၏ တိုက်ကွက်က သူ့ဘယ်ဖက်ခြေထောက်ဆီ ကျရောက်လာလေ၏။ သို့သော်လည်း ထိုအရာက ချက်ချင်းဆိုသလို ပျက်သုန်းမသွားခဲ့ပေ။ အချုပ်အားဖြင့် လူသား၏ အရိုးမှ ခွင့်ပြုထားသည်ထက် ကျော်လွန်လောက်အောင် တွန့်လိမ်သွားခဲ့သည်။

သူ့ခြေထောက်အခြေအနေက ဆိုးရွားနေသော်လည်း ဝမ်ဝေ့၏ အကြည့်များက တောက်ပလာခဲ့၏။

အာ ရောက်လုနီးနေပြီ…

ထိုစဉ် တိထျန်းက အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူက ထိုမျက်ဝန်းများသည် မည်သည့်အရာကို ဆိုလိုနေကြောင်း သိလိုက်၏။ တစ်ဖက်လူက တိုက်ပွဲအတွင်း အဆင့်တက်လုနီးပါး ဖြစ်နေလေသည်။ သူကိုယ်တိုင်ကလည်း တိုက်ပွဲအတွင်း တွေ့ကြုံခဲ့ရပြီး ပထမဦးဆုံး ထိပ်တိုက်တွေ့ဆုံမှုတွင် ထိုမျက်ဝန်းမျိုးကို မြင်တွေ့ခဲ့ဖူးသည်။

သူ့စိတ်အခြေအနေက ပြောင်းလဲလာပြီး သူ့သွေးမျိုးဆက်မှ နောက်ထပ် စွမ်းအားတစ်ခုကို အသက်ဝင်လာစေခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့စွမ်းအားနှင့် အရှိန်တို့က ရာခိုင်နှုန်းအနည်းငယ်မျှ တိုးပွားသွားပြီး တစ်ဖက်လူဆီ ပြေးဝင်သွားခဲ့သည်။

ဘန်း

သူ့လက်သီးချက်က ဦးခေါင်းကို ချိန်ရွယ်ကာ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ ကြံရွယ်ခဲ့သည်။

တိထျန်းက သူ့လက်သီးချက်နှင့် ဝမ်ဝေ့၏ ခန္ဓာ ရှိခဲ့ဖူးသည့်နေရာကို ကြည့်လိုက်ပြီး မပျော်တော့ပေ။

သူ့လက်သီးချက်က တစ်ဖက်လူ၏ ဦးခေါင်းအထက် ကျရောက်လာသည့်အခါ ချက်ချင်း ပေါက်ကွဲသွားခြင်း မရှိပေ။ အနှစ်ချုပ်အားဖြင့် ဝမ်ဝေ့ ဦးခေါင်းက သူ့တိုက်ကွက်အပေါ် ရှိသင့်သည်ထက်ပို၍ တောင့်ခံထားနိုင်ခဲ့သည်။

ထို့အပြင် သူ့တာအိုဆန္ဒနှင့် စိတ်စွမ်းအားတို့က တိုက်ပွဲစတင်ကတည်းက အကြီးမားဆုံး ခုခံမှုကို လက်ခံရရှိလိုက်ရသည်။

အကယ်၍ ယခင်တိုက်ပွဲက ကောင်းမွန်စွာ ထုဆစ်ထားသည့် ဧရာမတံတိုင်းကြီးတစ်ခုဟု ဆိုရလျှင် ယခုတွင် အကောင်းဆုံး သံမဏိလူသားဖြင့် ပြုလုပ်ထားသလိုမျိုး ဖြစ်နေသည်။

သူက ဝမ်ဝေ့၏ ခန္ဓာကိုယ်ပေါ်ထွက်လာသည့် တစ်နေရာကို လှမ်းကြည့်လိုက်၏။

သူက အရိုးအစားထိုးမှုကို သုံးဖို့ တုံ့ဆိုင်းနေခြင်း မရှိဘဲ အဆင့်တက်ဖို့ရာအတွက် သူ့အသက်တစ်ခုကို စတေးပစ်ခဲ့တာပဲ။ ဒါက အဲ့လောက်တောင် အရေးကြီးနေတာလား…

ဝမ်ဝေ့က အဝေးတစ်နေရာတွင် အပြုံးဖြင့် ပြန်လည်ပေါ်ထွက်လာသည်။

အဖြေက ရိုးရိုးလေးပဲ။ ဝိညာဉ်ကို ကြားခံနယ်အဖြစ်အသုံးပြုရင်း ငါ့တာအိုနဲ့ ခန္ဓာကိုယ်ကြားက ပဲ့တင်သံပဲ။ စိတ်စွမ်းအားသဏ္ဌာန်ပြခြင်းက ငါ့ခန္ဓာကိုယ် ဒါမှမဟုတ် အနှစ်သာရ ရလဒ်လား…

တစ်ချိန်တည်းဆိုသလို တာအိုဆန္ဒက ငါ့တာအိုကနေ ဖြစ်တည်လာတာ။ ပြောရရင် ချီနဲ့ ဆက်စပ်နေတယ်။ ဝိညာဉ်ဆိုတာကလည်း စိတ်ဝိညာဉ်ရဲ့ သဏ္ဌာန်ပြမှုတစ်ခုပဲ…

သူတို့ကို ပေါင်းစပ်ဖို့ရာအတွက် အဆီအနှစ်၊ ချီနဲ့ စိတ်ဝိညာဉ်တို့အပေါ် နက်နက်နဲနဲနားလည်မှုတို့ကို လိုအပ်တယ်…

ဝမ်ဝေ့က လက်သီးဆုပ်ကာ ထိုစွမ်းအားနှစ်ခုကို ပေါင်းစည်းလိုက်သည်။ သူက သူတို့ကို သီးခြားအသုံးပြုသည်ထက် ပေါင်းစည်း၍ အသုံးပြုသည့်အခါ ပိုအားကြီးကြောင်း အာရုံခံမိလိုက်သည်။

အစောပိုင်းကျင့်ကြံရေး အဆင့်တွေတုန်းက ငါက မသိတတ်စဉ်အခါက တုယီနယ်ပယ်ကို အစစ်အမှန်ဆန္ဒလို့ ခေါ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီနာမည်က ဒီစွမ်းအားအသစ်နဲ့ ပိုပြီးတော့ သင့်တော်သလိုပဲ…

ဝမ်ဝေ့က ထိုကွဲပြားသည့် ဆန္ဒများ၏ ပေါင်းစည်းသည့် နာမည်ကို မသိသည်မှာ ဝူဟုန်က သူ့ကို ပြောဖို့ရာ ငြင်းဆန်ခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ သူက အစစ်အမှန်ဆန္ဒ ဖြစ်လိမ့်မည်ဟု ခံစားချက် ရှိနေမိသည်။

သူ ငယ်စဉ်က ထိုအရာကို အစစ်အမှန်ဆန္ဒဟု နာမည်ပေးစဉ်အခါက သူ့အနာဂတ်ကိုယ်၏ လွှမ်းမိုးမှုကို ခံရပြီး ထိုစွမ်းအားကို ရယူနိုင်မည်ကို မြင်ခဲ့ပြီးသား ဖြစ်လိမ့်မည်။ သို့မဟုတ် စကြဝဠာနှင့် သဟဇာတဖြစ်ကာ အနာဂတ်ကို ကောက်ချက်ချခဲ့သည်များလား။

အမှန်တရားက မည်သို့ပင်ဆိုစေကာမူ အရေးပါသည့်တစ်ခုက နာမည်သာ ဖြစ်၏။

စစ်ဆေးမှုတချို့ကို ကျော်ဖြတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တစ်ဖက်လူကို အာရုံစိုက်လိုက်သည်။ ထိုထိပ်တိုက် တိုက်ခိုက်မှုအတွင်း သူ အဆင့်တက်မှု မပါဝင်ဘဲ ကိစ္စများစွာ ဖြစ်ပျက်လာခဲ့သည်။

နမူနာအားဖြင့် သူသည် တိထျန်း၏ သွေးမျိုးဆက်မှ ထူးဆန်းသည့် စွမ်းအားကို ရှင်းပြဖို့ ခိုင်မာသည့် ကောက်ချက်ချမှုတစ်ခု ရှိလာခဲ့သည်။

ဒါက ကမ္ဘာဦးစိတ်ဆန္ဒပဲ ဖြစ်လောက်တယ်။ မိစ္ဆာနတ်ဘုရားတွေရဲ့ ကမ္ဘာဦးစည်းမျဉ်းကို ကမ္ဘာဦးဟွင်သွမ်းရဲ့ ကမ္ဘာဦးဆန္ဒကနေ အားမြှင့်တင်ပေးခဲ့တာပဲ…

ဒါပေမဲ့ သူတို့က ဟွင်သွမ်းကမ္ဘာအတွင်း ဝင်ရောက်ပြီးတဲ့နောက်မှာ အားမြင့်မှုက ဆုံးရှုံးသွားလိမ့်မယ်…

သူ့သွေးမျိုးဆက်မှာ ကမ္ဘာဦးစည်းမျဉ်း ရှိမနေပေမဲ့ တစ်စုံတစ်ယောက်က အဲဒီအရာကို သန့်စင်ပြီးတော့ ကမ္ဘာဦးဆန္ဒဆီက စွမ်းအားတချို့ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်…

ဝမ်ဝေ့က သီအိုရီတချို့ရှိနေသေးသည့် မျက်မှောင်ကြုတ်လိုက်သည်။ နမူနာအားဖြင့် တိထျန်းသည် ထိုအကြွင်းအကျန် ကမ္ဘာဦးဆန္ဒကို မထိန်းချုပ်နိုင်ပေ။ ထိုအစား ထိုအရာက သူ့စွမ်းရည်အားလုံးကို မကောင်းဆိုးဝါးနတ်ဘုရား၏ စည်းမျဉ်းအတွက် လုပ်ဆောင်သလိုမျိုး အလိုအလျောက် မြှင့်တင်ပေးခြင်း ဖြစ်လိမ့်မည်။

ဒါပေမဲ့ ဒါက ငါ့ရဲ့ သီအိုရီသက်သက်ပဲ ရှိသေးတယ်။ အတည်မပြုနိုင်သေးဘူး။ အဲဒါဆိုတော့ ဒီဖြစ်နိုင်ချေက မှားယွင်းနိုင်ချေလည်း ရှိတယ်…

ပြီးတော့ ငါက ကမ္ဘာဦးဆန္ဒရဲ့ အားမြှင့်တင်ပေးမှုက သူ့ရဲ့ စွမ်းရည်နဲ့ ခွန်အားအားလုံးအပေါ် မြှင့်တင်မှုက ကန့်သတ်ချက်ကို မသိရသေးဘူး…

ဝမ်ဝေ့က သုံးသပ်ပြီးသည့်နောက်တွင် တိုက်ပွဲကို ဆက်လက် ရင်ဆိုင်ဖို့ ပြင်လိုက်သည်။ သူက သူ့အစစ်အမှန်ဆန္ဒ၏ စွမ်းအားကို စမ်းသပ်ကြည့်ဖို့ မစောင့်နိုင်တော့ပေ။

All Chapters