← Chapters

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၇)

Vol. 62 Ch. 860

ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၇)

Vol. 62 Ch. 860

ဝမ်ဝေ့က သူ့အစစ်အမှန်ဆန္ဒကို ထုတ်သုံးလိုက်ရင်း သူ့မျက်ဝန်းအနားက အနက်ရောင် လျှပ်စီးများသည် အနီရောင်စွက်လာလေ၏။ ထို့အပြင် သူ့ခန္ဓာကိုယ်က ယခုအခါ ဖိအားပြင်း အငွေ့အသက်တစ်ခု ထုတ်လွှတ်လာသည်။

ထို့နောက် သူက တိထျန်း သူ့ဆီ ပြေးဝင်လာသည်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။ ယခင် ထိပ်တိုက်တွေ့ဆုံမှုများတွင် သူ့စိတ်က ထိုသူ၏ လှုပ်ရှားမှုများကို အမှီလိုက်နိုင်သော်လည်း သူ့ခန္ဓာကိုယ်က အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သို့သော် ထိုအရာက ကွဲပြားသည်။

ယခု သူက သူ့အစစ်အမှန်ဆန္ဒကို အာရုံကြောစနစ်၌ ထည့်သွင်းပြီးသည့်အခါ မြင်နိုင်၊ တုံ့ပြန်နိုင်လာသည်။

ဝုန်း

သူတို့၏ လက်သီးချက်က အချင်းချင်း တွေ့ဆုံသွားကာ ဤတိုက်ပွဲကွင်းပြင်ကိုပင် တုန်ခါသွားစေသည့် တုန်ခါလှိုင်းများ ထွက်ပေါ်လာစေသည်။ သို့သော်လည်း ထိုထိပ်တိုက်တွေ့ဆုံမှု၏ ရလဒ်က သရေသာ ဖြစ်၏။

ပေါင်းစည်းရေးဖြစ်စဉ်က သဘာဝမကျဘဲ ချောမွေ့မနေဘူး …

ဒီပဲ့တင်ထပ်မှုက အပြီးပြည့်စုံဆုံးမျှခြေ ညီမနေဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။

ငါ့ရဲ့ စိတ်စွမ်းအားနဲ့ တာအိုဆန္ဒအပေါ် ပိုပြီးအာရုံစိုက်ထားဖို့ ဖြစ်နိုင်တယ်…

တိထျန်းကလည်း စဉ်းစားလိုက်သည်။

ဤထိပ်တိုက်တွေ့ဆုံမှုအတွင်း ထိုတိုက်တန်နှစ်ယောက်၏ စိတ်ထဲတွင် ကွမ်တန်ကွန်ပျူတာများပင် မျက်နှာပူသွားစေလောက်သည့် အရှိန်ဖြင့် တွက်ချက်နေကြသည်။

ဝုန်း

နောက်ထပ် တစ်ခေါက်လည်း သရေကျနေလေ၏။

ဒီတစ်ကြိမ်တော့ ပြဿနာက ငါ့ရဲ့စိတ်စွမ်းအားပဲ။ ငါ့ရဲ့တာအိုဆန္ဒထက်ပိုပြီး အားကောင်းနေတာဆိုတော့ မျှခြေညီအောင် အားလျှော့ထားဖို့ လိုတယ်…

စိတ်စွမ်းအား သဏ္ဌာန်ပြခြင်းနှင့် တာအိုဆန္ဒတို့က သူ့အတွက် အလိုလိုသိစိတ်တစ်ခု ဖြစ်၏။ ဤသို့သော အောင်မြင်မှုမျိုးက ပါရမီနှင့် နှစ်များစွာ လေ့ကျင့်အားထုတ်မှုတို့ လိုအပ်ပေသည်။

ငါ့ဆီမှာ အချိန်အကြာကြီး မရှိဘူး။ သူတို့သွေးမျိုးဆက်ရဲ့ အလိုလိုသိစိတ်ကိုပဲ မှီခိုနိုင်တယ်…

တိထျန်း၏ စိတ်ထဲ မလိုလားအပ်သည့် အတွေးတချို့ထွက်ပေါ်လာသော်လည်း သူတို့က အာရုံစူးစိုက်ကာ ဖိနှိပ်ထားလိုက်သည်။

ဝုန်း

တိထျန်းက သူ့ဘယ်ဖက်လက်မောင်းမှ အရိုးက အပြင်းအထန် နာကျင်လာ၍ နောက်ထပ်ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ သူ့အသိစိတ်ထဲ သံသယဖြစ်သည့် အတွေးများက ပိုမို ကျယ်လောင်လာလေ၏။ မည်သို့ပင်ဆိုစေကာမူ သူက တတိယ တိုက်ကွက်အတွက် ရှေ့တိုးလာသည်။

ဂျွတ်

ဝမ်ဝေ့၏ စွမ်းအားက သူ့ကို လွှမ်းမိုးနေသည့်အတွက် သူ့အရိုးက ကြေသွားလေသည်။

မဟုတ်ဘူး … ငါ ရှုံးလို့မဖြစ်ဘူး။ အထူးသဖြင့် သူ့ကို ရှုံးဖို့ ငြင်းဆန်တယ်…

ကျင့်ကြံရေးလောက၌ ပါရမီကွာဟချက်က ဆုံးဖြတ်ချက် ပြတ်သားသူကိုပင် ရူးသွပ်အောင် တွန်းပို့နိုင်သည်။ တိထျန်းက ထိုအချက်ကို ပါရမီရှင်တချို့နှင့် ထိပ်တိုက်တွေ့ဆုံပြီး ခက်ထန်သည့် အတွေ့အကြုံများမှတဆင့် သင်ယူခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း သူ တွေ့ဆုံခဲ့သည့်သူများအနက် ဝမ်ဝေ့ဆီ ရှုံးနိမ့်ဖို့ ငြင်းဆန်လေသည်။ ထိုအရာက မာနကြောင့် မဟုတ်သလို သူ့ကန့်သတ်ချက်ကို လက်ခံဖို့ မလိုလားမှုကြောင့်လည်း မဟုတ်ဘဲ ထိုသူက တာအိုနယ်ရှင် ဖြစ်စဉ် သူက မဟုတ်၍သာ ဖြစ်၏။

တိထျန်း၏ ပြင်းထန်လွန်းသည့် စိတ်ဆန္ဒက သူ့သွေးမျိုးဆက်အတွင်းရှိ ကမ္ဘာဦးဆန္ဒနှင့် သဟဇာတ ဖြစ်လာစေသည်။ ထို့နောက် ကမ္ဘာဦးဆန္ဒက သူ၏ ခေါ်ဆိုသံကို တုံ့ပြန်လာသည့်အလား သူ့ရုပ်ပိုင်းဆိုရာခွန်အားကို တိုးမြှင့်ပေးလိုက်သည်။

ဝုန်း

ယခုအခါ ဝမ်ဝေ့၏ အရိုးကြေရမည့် အလှည့် ရောက်ရှိလာသည်။ သို့သော်လည်း သူက ထိပ်တိုက်တွေ့ဆုံမှုပြီးသည့်နောက်တွင် အကြည့်များက တောက်ပလာခဲ့၏။ သူ့ တကယ့်အာရုံက စုယာ၏ နည်းစနစ်များမှတဆင့် တိထျန်း၏ စိတ်ခံစားချက် အပြောင်းအလဲကို အာရုံခံမိခဲ့သည်။ တိထျန်း၏ စိတ်အခြေအနေနှင့် ကမ္ဘာဦးဆန္ဒကြားမှ ပဲ့တင်သံကိုလည်း သတိထားမိခဲ့၏။

ငါ မှားသွားတယ်။ အစစ်အမှန်ဆန္ဒကို နားလည်မှုနဲ့ ထိန်းချုပ်မှုလိုအပ်တဲ့ စွမ်းအားလိုမျိုး မမှတ်ယူသင့်ဘူး။ ဒါက စိတ်ရဲ့ ကဏ္ဍတစ်ခုပဲ။ လိုအင်ဆန္ဒတွေနဲ့ တပ်မက်မှုတွေ ပါဝင်နေမှာပဲ…

သူက ဝူဟုန်၏ မှတ်စုအတွင်း ချန်ထားခဲ့သည့် မှတ်ချက်များကို အမှတ်ရသွားလေ၏။

“ငါ့ရဲ့ အလိုဆန္ဒက မိုးမြေအထက်မှာ တည်ရှိတယ်။”

ဝမ်ဝေ့က လက်သီးကျစ်ကျစ်ဆုပ်ကာ တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။ ထိုလက်သီးနှစ်ခု တွေ့ဆုံသွားသည်နှင့် တိထျန်း၏ အမူအရာက ပြောင်းလဲသွားလေ၏။ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာကာ သွေးမျိုးဆက်အတွင်းမှ ကမ္ဘာဦးဆန္ဒကို ဖိနှိပ်နေသည့် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။

ထို့နောက် ထိုအရာက သူ့တာအိုဆန္ဒနှင့် စိတ်စွမ်းအားသဏ္ဌာန်ပြခြင်းတို့ကိုပါ ဖိနှိပ်လာခဲ့သည်။ ထိုနှစ်ခုက ခုခံဖို့ ကြိုးစားပြီးအတူတကွ အလုပ်တွဲလုပ်နေကြသည်။ သို့သော်လည်း သူတို့၏ ကြိုးပမ်းမှုက အသုံးမဝင်ခဲ့ပေ။

ထိုစွမ်းအားက “ငါ့နောက်လိုက်ရင် စည်ပင်ကြွယ်ဝပြီးတော့ ငါ့ကို ဆန့်ကျင်ရင် ပျက်သုန်းသွားရမည်” ဟူသော စကား၏ ပြယုဂ်အလား ဖြစ်၏။

ထို့ကြောင့် တိထျန်းက သူ့ခန္ဓာကိုယ်တစ်ဝက် ပျက်သုန်းသွားသည်ကိုသာ ထိတ်လန့်တကြား ကြည့်နေရသည်။ သူ ခံစားမိသည့် အံ့ဩတုန်လှုပ်မှုက မျက်နှာသွင်ပြင်အထက် ဖုံးကွယ်ထားခြင်း မရှိပေ။

သို့သော် ထိုအရာက အဆုံးသတ် မဟုတ်သေးဘဲ ဝမ်ဝေ့က ဒုတိယမြောက် လက်သီးချက်ဖြင့် ထိုးခွင်းလာခဲ့သည်။

ဘန်း

တိထျန်း၏ ခန္ဓာကိုယ်က အက်တမ်တစ်ခု သို့မဟုတ် ဝိညာဉ်အပိုင်းအစပင် မကျန်ဘဲ ပျက်သုဉ်းသွားခဲ့သည်။

ဒီတိုက်ကွက်က ပြီးပြည့်စုံတယ်။ ဒါက သေမျိုးရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ရာသီခွင် နည်းစနစ်များကို ပေါင်းစည်းပြီးသည့်နောက်တွင် သူ၏ အစွမ်းထိန်းချုပ်ရေးနှင့် အစစ်အမှန်ဆန္ဒ အသုံးပြုမှုတို့ဖြင့် သူ့တိုက်ကွက်က မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၃၉ပါးအထိ ရောက်ရှိသွားခဲ့သည်။

အကယ်၍ တတိယဂိတ်ပေါက် ရှိသေးသည့် ရှေးခေတ်အချိန်သာ ဖြစ်ပါက သူသည် မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၄၀ခွန်အား၌ ဂိတ်ပေါက်ကို ဖွင့်နိုင်ပြီး ခန္ဓာကိုယ်ဖြင့် တာအိုကိုသက်သေပြကာ တတိယတန်းစားဧကရာဇ် ဖြစ်လာနိုင်သည်။

အကယ်၍ သမိုင်းမတိုင်မီ ကမ္ဘာအကြောင်း ဒဏ္ဍာရီများမှ သင်ယူခဲ့သည့်အရာသာ အမှန်ဖြစ်ခဲ့လျှင် မကောင်းဆိုးဝါးနတ်ဘုရား ၄၀ ခွန်အား၏ အဆင့်ကို သူတို့က ခန္ဓာကိုယ်ဆေးကြောခြင်းဟု ခေါ်ဆိုလေသည်။

ဝမ်ဝေ့က တိထျန်း၏ ခန္ဓာကိုယ်အသစ် ပေါ်ထွက်လာသည့် နေရာကို လှမ်းကြည့်လိုက်သည်။

အဲဒါဆိုတော့ သူ့ရဲ့အရိုးစွမ်းရည်က ငါနဲ့အတူတူပဲပေါ့…

မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်သည် ထိုသူ၏ စွမ်းရည်အများအပြားကို ဆင့်ကဲပြောင်းလဲစေခဲ့သော်လည်း အတွင်းအင်္ဂါများ၏ ဓာတ်သဘာဝကို ထိန်းချုပ်နိုင်စွမ်းနှင့် အရိုးအစားထိုးခြင်းကိုမူ ကျန်ရှိခဲ့ဟန်ပေါ်သည်။

ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။ သူက အရေးသာချက် ရှိနေသည့်အတွက် အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။

အနက်နှင့် အနီရောယှက်နေသည့် လျှပ်စီးက သူ့မျက်ဝန်းအထက် ပိုမို သိပ်သည်းလာသည်။

မိုးမြေသဟဇာတ ဖြစ်ခြင်း

တိထျန်းကလည်း အချိန်မဖြုန်းဘဲ သူ့ကြွက်သား အံ့ဖွယ်စွမ်းရည်ကို ထုတ်သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်လာကာ ဤစကြဝဠာကြယ်တာရာ ကွင်းပြင်၏ ဂုဏ်သတ္တိများကို ယူသုံးထားသည်။

ဘန်း

ဝမ်ဝေ့က တစ်ဖက်လူ၏ ခေါင်းကို ဖြတ်ကန်လိုက်သည့်အခါ ထိုသူက လက်နှစ်ဖက်ဖြင့် တားဆီးထားသည်။

တိထျန်းက မီတာဒါဇင်ချီ လွင့်စင်သွားသော်လည်း လက်မောင်းသာ ထိခိုက်သွားလေသည်။

နောက်ထပ်ထူးဆန်းပြီးတော့ အမည်မသိ နည်းစနစ်တစ်ခုပဲ…

ဝမ်ဝေ့က ဆက်လက် တိုက်ခိုက်ရင်း တွေးလိုက်မိသည်။ သူက ထိုနည်းစနစ်၏ ကန့်သတ်ချက်ကို မြင်နိုင်ဖို့အတွက် တိုက်ကွက်များစွာ ထုတ်လွှတ်နေသည်။

ဘန်း ဘန်း ဘန်း

သူ့ခုခံရေးက သိသိသာသာ တိုးမြင့်လာတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ငါက တစ်ကမ္ဘာလုံးနဲ့ တိုက်ခိုက်နေရသလို ခံစားနေရတယ်…

သူက တိထျန်း၏ ခန္ဓာကိုယ်သည် ကျယ်ပြန့်ကာ အဆုံးမဲ့ပြီး ဗလာကျင်းနေသည့် စွမ်းရည်မျိုးကို လိုက်ယူထားကြောင်း သိလိုက်သည်။

ဒီဂုဏ်သတ္တိတွေက အာကာပြင်နဲ့ ကိုက်ညီနေတာပဲ။ သူ့ရဲ့ ခန္ဓာကိုယ်က စကြဝဠာတစ်ခု ဖြစ်လာတာလား။ မဟုတ်သေးဘူး။ သူနဲ့ ပတ်ဝန်းကျင်ကြားမှာ ဆက်နွယ်မှု ရှိနေတဲ့ပုံပဲ။ သူက တိုက်ပွဲကွင်းပြင်တစ်ခုလုံးနဲ့ သဟဇာတ ဖြစ်သွားတာလား…

ဝမ်ဝေ့က လက်သီးချက်များ ဆက်လက် ထုတ်လွှတ်နေရင်း အခြေအနေကို သုံးသပ်နေသည်။ ထိုစဉ် တိထျန်းက ခုခံနေရင်း တန်ပြန်နည်းလမ်းကို စဉ်းစားနေလေ၏။ သို့သော် သူ့ကြိုးပမ်းမှုများ၏ ရလဒ်က သူ့ခုခံအားကို အားနည်းသွားစေသည့်အတွက် မျက်နှာအထက် ထိုးနှက်ချက်များစွာ လက်ခံရရှိလိုက်သည်။

ထိုစဉ် ဝမ်ဝေ့က သူ့အစစ်အမှန် ဆန္ဒကို စကြဝဠာဖျက်ဆီးပစ်မည့် ရည်ရွယ်ချက်ဖြင့် ပြောင်းလဲလိုက်ပြီး တိုက်ကွက်၏ အလားအလာကို မြှင့်တင်လိုက်ကာ တိထျန်း၏ နည်းစနစ်ကို ပစ်မှတ်ထားလိုက်သည်။

ကံဆိုးစွာဖြင့် ထိုနည်းလမ်းက ယာယီမျှသာ အလုပ်ဖြစ်ခဲ့ပြီး ထိုသူ၏ ဦးခေါင်းကို ဖောက်ခွဲပစ်နိုင်ခဲ့သည်။

သူက ဒီတိုက်ပွဲအတွင်း တော်တော်လေး တိုးတက်လာတာပဲ…

ဝမ်ဝေ့က တိထျန်းသည် သူ့ဦးခေါင်း ပြန်လည်ပေါက်ရောက်လာသည်ကို ကြည့်ရင်း တွေးလိုက်မိသည်။ သူ့တိုက်ကွက်၏ အဓိကအာရုံစိုက်မှုက သူ့အစစ်အမှန်ဆန္ဒကို တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်း ကျူးကျော်စေဖို့ ဖြစ်သည်။

သို့သော်လည်း တိထျန်းက သူ့ကြိုးပမ်းမှုများကို သေချာဂရုတစိုက် တားဆီးထားလေ၏။ သူတို့အောင်မြင်သွားသည့်အခါ သူက ရက်ရက်စက်စက်ဖြင့် ဝမ်ဝေ့၏ အစစ်အမှန်ဆန္ဒ ကျူးလွန်ထားသည့် နေရာများကို ရှင်းထုတ်ပစ်ခဲ့သည်။

အဆုံးမဲ့အာကာပြင် ဂုဏ်သတ္တိရှိနေသည့် သူ့ခန္ဓာကိုယ်က ထိုကူးစက်ခံရသည့် နေရာများကို ဖယ်ရှားဖို့ ပိုမိုလွယ်ကူစေသည်။

ဝုန်း

ဝမ်ဝေ့က ထပ်မံ ထိုးနှက်လိုက်သော်လည်း သူ့တိုက်ကွက်က အထိအခိုက် မရှိသလောက်နီးပါး နည်းပါး၏။

ငါသိပြီ။ သူ့ရဲ့ သဟဇာတရဲ့ စက်ကွင်းက အာကာပြင် ဘယ်လောက်ကြီးမားတယ်ဆိုတာပေါ်မှာ မူတည်နေလိမ့်မယ်။ သူ့ရဲ့ အရင်က ဒီကြယ်တာရာတိုက်ပွဲကွင်းပြင်လောက် ရှိပေမဲ့ အခုတော့ တခြားဒိုင်မေးရှင်းတွေပါ ပါဝင်လာတဲ့ပုံပဲ…

ကိစ္စများက ဝမ်ဝေ့အတွက် ခက်ခဲလာခဲ့သည်။ ဤသို့သော နည်းစနစ်မျိုးက တိထျန်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်။ သို့သော်လည်း သူ့မကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ဖြင့် သူ ထင်ထားသည်ထက် ပိုမိုတောင့်ခံနိုင်သင့်ပေသည်။

ထိုသူ၏ ဝိညာဉ်အတွက်မူ …

ဝမ်ဝေ့က ထိုသူ၏ ကမ္ဘာဦးစိတ်ဝိညာဉ်သည် ကျောက်စိမ်းအရည်အသွေးထက် ကျော်လွန်သည့်အဆင့်တစ်ခုသို့ ရောက်ရှိနေကြောင်း ပြောနိုင်လေ၏။

အချိန်ကြာတဲ့တိုက်ပွဲက ငါ့ဘက်မှာ အရေးသာတယ်။ ဒါပေမဲ့ တိထျန်းက ကြောက်မက်ဖွယ်ကောင်းတဲ့ အုတ်မြစ်ရှိတဲ့ ပါရမီရှင်ဆိုတော့ ဒီတိုက်ပွဲမှာ သူက ဖိအားအောက်မှာ အဆင့်တက်သွားနိုင်တယ်…

အချိန်က သူ့ဘက်မှာ ရှိပေမဲ့ တိထျန်းကိုသာ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့လျှင် ထိုသူက အခွင့်အရေးကို ယူလာနိုင်သည်။

အခြေအနေကို တည်တည်ငြိမ်ငြိမ်ဖြင့် သုံးသပ်ပြီးသည့်နောက်တွင် သင့်တော်မည့် ဆုံးဖြတ်ချက်ကို တုံ့ပြန်လိုက်သည်။ သူက တူညီသည့် နည်းဗျူဟာကို အသုံးပြုနေသည့်အလား ဆက်လက် တိုက်ခိုက်နေသည်။

တိထျန်းက မချိုးဖောက်နိုင်သည့် တံတိုင်းကြီးအလား ဖြစ်သော်လည်း လိပ်တစ်ကောင်လိုမျိုး နှေးကွေးနေသည့်အတွက် ဤအခြေအနေမှ လွတ်မြောက်ဖို့ ခုခံရင်းဖြင့်သာ ကြိုးစားနေရသည်။

ဝှစ်

တိထျန်းက ရုတ်ချည်းဆိုသလို သွေးတစ်ပွက် အန်လိုက်ရ၏။ ထို့နောက် သူ့မျက်စိ၊ နားရွက်နှင့် နှာခေါင်းပေါက်မှ သွေးများ စီးကျလာသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူက အကြောင်းအရင်းကို စစ်ဆေးကြည့်ရင်း ရေရွတ်လိုက်သည်။ သိပ်မကြာခင် သူက တာအိုဆန္ဒနှင့် စိတ်စွမ်းအား ပေါင်းစည်းထားသည့် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သူ့နောက်နည်းဗျူဟာက သူ့ကာကွယ်ရေး မချိုးဖောက်နိုင်သည့်အချိန်ကို အသုံးပြုပြီး ထိုအရာကို သုံးသပ်ကာ ပြန်လည်ဖန်တီးနိုင်မလားဟု ကြည့်ဖို့ ဖြစ်သည်။

သို့သော် ယခုတွင် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွင်း ထိုအရာကို ထည့်သွင်းနိုင်ခဲ့ပြီး သူ့ပြန်လည်ကုစားနိုင်စွမ်းကို နှောင့်နှေးစေလိုက်သည်။ ဤသို့သော ဒဏ်ရာမျိုးက တိုက်ပွဲစတင်စဉ်အခါကနှင့် အတူတူ ဖြစ်၏။

သူက ငါ့ခုခံမှုကို ဘယ်လိုလုပ် ကျော်လွှားခဲ့တာလဲ။ ငါ့ရဲ့ အာရုံခံမှုအောက်ကနေ ဘယ်လိုကျော်လွှားလာတာလဲ။ မမြင်နိုင်တဲ့ နည်းစနစ်တစ်ခုကို ဖန်တီးခဲ့တာလား…

တိထျန်းက တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်ကန်လေသည်။ ဝမ်ဝေ့၏ နည်းစနစ်က ရိုးရိုးရှင်းရှင်း အာရုံလွှဲပြောင်းမှုတစ်ခုသာ ဖြစ်၏။ သူက အစစ်အမှန်ဆန္ဒကို နှစ်ပိုင်းပိုင်းလိုက်ပြီး တစ်ခုကို တစ်ဖက်လူကို အာရုံလွှဲဖို့ ကြိုးစားခဲ့သည်။

ထို့ကြောင့် တိထျန်းက ပထမ အစစ်အမှန်ဆန္ဒကို တားဆီးခဲ့သည်ဟု တွေးမိစဉ်အခါက ဒုတိယ အစစ်အမှန်ဆန္ဒသည် သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ စွမ်းအားအတက်အကျကို ဖုံးကွယ်ထားခဲ့သည်။

သူက အစစ်အမှန်ဆန္ဒ မဖုံးကွယ်နိုင်တော့သည့်အချိန်ထိ ထပ်ခါထပ်ခါ ပြုလုပ်ပြီး ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ ဒိုင်မေးရှင်းအမြင့်ကသာ ဤတိုက်ပွဲကို ကြည့်ရှုနေပါက သူတို့သည် ကြောက်ရွံ့သွားလိမ့်မည်။ ဝမ်ဝေ့က အစစ်အမှန်ဆန္ဒစွမ်းအားကို ရရှိကာစ ဖြစ်သော်လည်း ဤသို့ထိန်းချုပ်မှုမျိုး ရရှိနေလေပြီ။ ဤသို့သော ပါရမီမျိုးက အမှန်တကယ် ကြောက်ဖို့ကောင်းလှ၏။

ထိုသူများက သူ့ကို များများစားစား ချီးကျူးကြမည်တော့ မဟုတ်ပေ။ ဤသို့လျင်လျင်မြန်မြန် တိုးတက်လာမှု၏ အကြောင်းအရင်းမှာ အစွမ်းထိန်းချုပ်ရေး ပညာရပ်နှင့် ချတည်ခဲ့သည့် အုတ်မြစ်ကြောင့်သာ ဖြစ်၏။

ငါ ဒီတိုက်ပွဲအတွက် နောက်ထပ် နည်းဗျူဟာအသစ် လိုနေပြီ…

တိထျန်းက သူ့ချဉ်းကပ်မှုသည် တိုက်ပွဲအစကတည်းက မှားယွင်းနေခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။

All Chapters