အရှိန်အဟုန်ကို ပြန်လည်ရယူခြင်း
Vol. 62 Ch. 861
တိထျန်းက ဒဏ်ရာရရှိပြီးသည့်နောက်တွင် ကိစ္စများစွာကို သဘောပေါက်သွားခဲ့သည်။ အဓိကတစ်ခုက သူသည် တိုက်ပွဲစည်းချက်ကို ဆုံးရှုံးသွားခဲ့ပြီး တိုက်ပွဲအစကတည်းက ရုပ်ခန္ဓာကိုသာ အသုံးပြုခဲ့ပြီး တစ်ဖက်လူ၏ အလိုဆန္ဒအတိုင်း လိုက်လုပ်ခဲ့သည်။
သူ့စိတ်သဘောထားက ဝမ်ဝေ့အား သူသည် ခန္ဓာကိုယ်လေ့ကျင့်ရေး ကဏ္ဍတွင် ပိုမိုကောင်းမွန်ကြောင်း သက်သေပြဖို့ လွှမ်းမိုးခံလိုက်ရသည့်အတွက် ထိုသူနှင့် ခန္ဓာကိုယ်ချင်း ယှဉ်ပြိုင်ခဲ့သည်။
ဒီပြိုင်ပွဲမှာ ငါ ရှုံးနိမ့်သွားပြီ…
တိထျန်းက တွေးလိုက်မိသည်။ သူက ထိုသုံးသပ်ချက်ကို ဆုံးဖြတ်လိုက်သည်မှာ သူ့လက်ရှိဒဏ်ရာကြောင့် မဟုတ်ဘဲ လတ်တလောလေးမှ သတိထားမိခဲ့သည့် နောက်ထပ်လေ့လာမှု တစ်ခုကြောင့် ဖြစ်သည်။
ငါက ဘာမှချုပ်တည်းမထားပေမဲ့ သူကတော့ ထိန်ချန်ထားတုန်းပဲ…
တိထျန်းက တိုက်ပွဲတစ်ခုလုံးကို ပြန်လည်သုံးသပ်ကြည့်လိုက်၏။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ သဘောတရားကို အသုံးမပြုခဲ့သလို ရှေးဟောင်းဖျက်ဆီးခြင်း နတ်ဘုရားအသွင်ကိုလည်း မပြောင်းလဲခဲ့ပေ။
ထိုအချက်က တိထျန်းအနေနှင့် သူ့တွင် ထိန်းသိမ်းထားစရာ မရှိသလောက် နည်းပါးပြီး တစ်ဖက်လူကမူ ထိုအရာများကို ဝှက်ဖဲများအဖြစ် ထိန်းသိမ်းထားသည်။
အဲဒါဆိုတော့ ငါ့ရဲ့နောက်ထပ် လှုပ်ရှားမှုက ဘာလဲ။ တာအိုကို သုံးပြီးတော့ အားကုန်သုံးပြီး သူ့ကို တိုက်ခိုက်ရမှာလား…
ထိုသို့လှုပ်ရှားမှုမျိုးက အကောင်းဆုံး ဖြစ်ဟန်ပေါ်သော်လည်း တိထျန်းက နောက်ကျကျန်ခဲ့ပြီ ဖြစ်ကြောင်း နားလည်လေပြီ။ အကယ်၍ တိုက်ပွဲသာ အမှတ်ဇယား ရှိနေပါက သူသည် နှစ်ပွဲ ရှုံးနိမ့်ပြီးသွားလေပြီ။ ထို့ကြောင့် သူ့တာအိုနှင့် တိုက်ခိုက်မည့် အဆင့်ဆီ သွားခြင်းက သူ့ကို အရေးသာချက်ပေးမည် မဟုတ်ပေ။
သူ့နည်းဗျူဟာက ငါ့ကို အားနည်းအောင် လုပ်ပြီးတော့ တိုက်ပွဲစည်းချက်ကို ထိန်းချုပ်ပြီး ငါ့ရဲ့ဝှက်ဖဲတချို့ကို ထုတ်ဖော်အောင် အတင်းအကြပ်ဖိအားပေးခဲ့တာပဲ။ ငါက သူ့အစီအစဉ်အတိုင်း လိုက်လုပ်ခဲ့မိတယ်…
ငါ သူ့ကို အနိုင်ယူပြီးတော့ တိုက်ပွဲရဲ့အရှိန်အဟုန်ကို ပြန်ရယူနိုင်မဲ့ ကဏ္ဍတစ်ခုတော့ လိုအပ်နေပြီ…
တိထျန်း၏ စိတ်ထဲ အလျင်အမြန် တွက်ချက်နေသည်။
ဝိညာဉ် တကယ်လို့ ငါ ဝိညာဉ် တိုက်ပွဲမှာသာ သူ့ကို အရေးသာခဲ့မယ်ဆိုရင် အရှိန်အဟုန်ကို ပြန်လည်ရယူနိုင်တယ်။ သူက သူ့ဝိညာဉ်နဲ့ပတ်သက်ပြီး အတော်လေး မောက်မာနေတာဆိုတော့ ဒီအနိုင်ရမှုက အတော်လေးကို သက်ရောက်မှု ဖြစ်လာစေမှာပဲ…
တိထျန်းက ထိုအစီအစဉ်သည် အလုပ်ဖြစ်နိုင်ကြောင်း ချက်ချင်း သိလိုက်သည်။ ဆက်တိုက်ဆိုသလို ထိုအရာသည် ဖော်ဆောင်ဖို့ရာအတွက် ရှုပ်ထွေးကြောင်း သိထားသည်။
ငါ သူ့ကို ပထမဆုံးတွေ့ကတည်းက သူ့ဝိညာဉ်ကို ချောင်းကြည့်ပြီးတော့ ထိတ်လန့်သွားခဲ့တယ်။ အဲဒါရဲ့ ဇစ်မြစ်ကို မှန်းကြည့်လို့တောင် မရဘူး။ ဒါပေမဲ့ သူ့အပေါ် သိထားသလောက်အရဆိုရင် သူ့ဝိညာဉ်က အကြွင်းမဲ့တော့ မဟုတ်ဘူး…
မှန်ကန်တဲ့ အကူအညီ အထောက်အပံ့နဲ့ဆိုရင် အဲဒါကို လွှမ်းမိုးပစ်နိုင်တယ်…
တိထျန်း၏ အကြည့်များက တောက်ပလာလေ၏။ သူက နဝမအဆုံးစွန်အုတ်မြစ်ကို ရှိနေလျှင် ထိုနည်းဗျူဟာကို တစ်ခါမှ ကြိုးစားကြည့်မည် မဟုတ်ပေ။ သို့သော်လည်း ဒဿမသာလွန်အုတ်မြစ်ကို ရလာဖို့အတွက် သူ့အနေဖြင့် ပင်ကိုဧကရာဇ် ဝိညာဉ်ကို ရယူခဲ့ရသည်။
ထို့ကြောင့် ထိုဝိညာဉ်အဆင့်ဖြင့် သူ့အစီအစဉ်သည် ကောင်းမွန်သော အထောက်အပံ့များဖြင့် အောင်မြင်နိုင်ကြောင်း ခံစားမိ၏။ သူက စိတ်ထဲ အလျင်အမြန် တွက်ချက်ကာ သူ ရရှိနိုင်သည့် အကောင်းဆုံးပုံရိပ်ယောင် ပညာရပ်ကို စဉ်းစားနေသည်။
အဆုံးမဲ့အလွှာ ပုံရိပ်ယောင်ပညာရပ်…
တိထျန်းက တွေးလိုက်မိသည်။ ထိုအရာက မြေခွေးမျိုးနွယ်၏ တစ်ဦးတည်းသော မဟာဧကရာဇ်ဖြစ်သူ အမြီးဆယ်ချောင်း ဧကရာဇ်မှ ဖန်တီးထားသည့် ဧကရာဇ်ကျမ်းတစ်ခု ဖြစ်ပေသည်။
တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူမက ချက်ချင်း ထွက်သွားသည်ဟု လူအများစုက ယုံကြည်ခဲ့ကြသော်လည်း အမှန်တရား မဟုတ်ခဲ့ပေ။ သူမက ဧကရာဇ်ကျမ်းကို ပြီးမြောက်အောင် အဆုံးသတ်ခဲ့ပြီး မြေခွေးမျိုးနွယ်အတွက် ချန်မထားခဲ့ပေ။ ထိုအစား သူမက အသင်္ချေအင်ပါယာကမ္ဘာထံ ဖြန့်ကျက်ထားခဲ့ပြီး မျိုးနွယ်က ကံကြမ္မာ ဆက်စပ်လျှင် သူတို့ရှာတွေ့လိမ့်မည်ဟူသော စိတ်သဘောထားမျိုး ရှိခဲ့၏။
သူမ၏ အဓိကရည်ရွယ်ချက်က အမွေအနှစ်ကို ချန်ထားခဲ့ဖို့ ဖြစ်သည်။ တခြားနည်းဖြင့်ပြောရလျှင် ကမ္ဘာကြီးက သူမကို မွေးဖွားပေးသည့် ကံကြွေးအတွက် ပြန်လည်ပေးဆပ်လိုက်ခြင်း ဖြစ်၏။
သို့သော်လည်း ထိုအရာကို တွေ့ရှိသွားသူက သူ့အိပ်စက်သူများထဲမှ တစ်ယောက် ဖြစ်နေခဲ့သည်။ ထို့ကြောင့် တိထျန်း၏ လက်အတွင်း အဆုံးသတ်သွားခဲ့၏။
ပုံရိပ်ယောင်တာအိုနှင့် ပတ်သက်လာသည့်အခါ အမြီးဆယ်ချောင်းဧကရာဇ်က အသင်္ချေအင်ပါယာကမ္ဘာ၏ ထိပ်သီးဧကရာဇ် အယောက်နှစ်ဆယ်ထဲတွင် ပါနိုင်သည်။ သို့သော်လည်း သူမ၏ ကျမ်းမှ ထူးကဲမှုအရ သူမသည် ထိပ်တန်း၅ယောက်အတွင်း ရှိနိုင်ပြီး ထိပ်သီး ၃ယောက်ထဲတွင် ပါဝင်နိုင်သည်။
တိထျန်း၏ စိတ်ထဲ ထိုအတွေးများက ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက အကြိုအစီအစဉ်တစ်ခုကို ပြုလုပ်ကာ စတင်လှုပ်ရှားလိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့ခေါင်းအထက် မဟူရာမြစ်ကြောင်း တစ်စင်းကို ဆင့်ခေါ်လိုက်၏။
ထိုမြစ်ကြောင်း ပေါ်ထွက်လာသည့်အခါ တိထျန်းက မထိန်းချုပ်နိုင်သည့် စိတ်ဆန္ဒရှိနေသော ကြောက်မက်ဖွယ် အကြည့်တစ်ခုကို ခံစားမိလိုက်သည်။ ထိုအရာက အစားအစာ မရှိဘဲ ကန္တာရထဲ အချိန်များစွာကုန်ဆုံးခဲ့ရသည့် လူတစ်ယောက်က မြို့တစ်မြို့ကို ရှာဖွေတွေ့ရှိပြီး ပထမဦးဆုံးအကြိမ် ကောင်းကောင်းမွန်မွန် အစာစားခဲ့ရသလိုမျိုး ဖြစ်၏။ ခံစားချက်မှာ ထိုအကြည့်အောက်တွင် သူက အစားအစာမျှသာ ဖြစ်နေလေ၏။
ကံကောင်းစွာဖြင့် ထိုအခြေအနေက ခေတ္တမျှသာ ကြာမြင့်ခဲ့သည့်အတွက် သူက အထင်မှားတာလားဟုပင် ထင်မှတ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ မသိသည်က သူ မဟူရာမြစ်ကြောင်းကို ဆင့်ခေါ်ပြီးသည့်နောက်တွင် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးတချို့က ငရဲကမ္ဘာဆီ ဆင်းသက်လာခဲ့၏။
ဝမ်ဝေ့က ထိုမြစ်ကြောင်းကို ကြည့်ကာ သူ သိထားသည့် တစ်စုံတစ်ခုဟု ခံစားမိလိုက်သည်။ ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ထိုအရာကို ချက်ချင်း သဘောပေါက်သွားခဲ့၏။
“မေ့လျော့မှတ်ဉာဏ်များ မဟူရာမြစ်” သူက မျက်တောင်ခတ်ကာ ရေရွတ်လိုက်သည်။
စိတ်ပျက်မှု နှလုံးသား
တိထျန်းက ကောင်းမွန်စွာ ထုဆစ်ထားသည့် ပုံရိပ်ယောင်ကို အသက်သွင်းလိုက်ပြီးသည့်နောက် မဟူရာမြစ်ကြောင်းကို အသုံးပြုကာ ပုံရိပ်ယောင်၏ စွမ်းအားကို မြှင့်တင်လိုက်သည်။
မေ့လျော့မှတ်ဉာဏ်များ မဟူရာမြစ်ကြောင်းကို ငရဲမဟူရာမြစ်ဟုလည်း သိကြ၏။
ဝိညာဉ်က ပြန်လည်မဝင်စားခင် မဟူရာမြစ်ကြောင်းအတွင်း ဆေးကြောရပြီး သူတို့၏ ယခင်ဘဝမှ မှတ်ဉာဏ်များကို စည်းပိတ်ခြင်း သို့မဟုတ် ဖျောက်ဖျက်ခြင်းတို့ လုပ်ဆောင်ရသည်။
မဟူရာမြစ်ကြောင်းက အားကောင်းသည့် အရင်းအမြစ်တစ်ခု ဖြစ်၏။ ကျင့်ကြံသူများက သူတို့၏ မှတ်ဉာဏ်များ အကောင်းအတိုင်းဖြင့် ချက်ချင်းမွေးဖွားမလာကြသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ထိုလူများထဲတွင် စံပြများလည်း အပါအဝင် ဖြစ်၏။ ရှားရှားပါးပါး လူတချို့ကသာ သူတို့၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို ချက်ချင်း ပြန်လည်အမှတ်ရကြသည်။
ပုံမှန်အားဖြင့် သူတို့သည် အမှတ်ရလာဖို့အတွက် ၅နှစ်မှ ၁၀နှစ် အချိန်ယူရပြီး အနည်းဆုံးတော့ မည်သည့်နေရာတွင် ပြန်လည်ဝင်စားစေကာမူ ကျင့်ကြံရေး ပထမအဆင့်သို့ ရောက်ရှိသည်အထိ စောင့်ဆိုင်းရမည်။
ကောင်းကင်ဘုံအဆင့်အောက်မှ လူများနှင့် ပတ်သက်လာသည့်အခါ ပြန်လည်ဝင်စားပြီးသည့်နောက်တွင် သူတို့၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိဖို့က ရတနာကဲ့သို့ ပြင်ပအကူအညီ မပါပဲ မဖြစ်နိုင်လုနီးပါး ဖြစ်သည်။
ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများကြားတွင် သူတို့၏ တကယ့်ကိုယ်ကို နားလည်ထားသည့် ထာဝရကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများက တတ်နိုင်သမျှ မြန်မြန်မှတ်ဉာဏ်များကို ပြန်လည်နိုးထနိုင်ချေ ရှိ၏။
ရှည်ကြာလှသည့် ဘဝအတွင်း တိထျန်းက သူ့ဝိညာဉ်ကို မေ့လျော့ခြင်းမြစ်ကြောင်းထဲ အကြိမ်များစွာ ဆေးကြောခဲ့သည်။ တစ်ခါက သူသည် ရေစက်တချို့ကို ခိုးယူဖို့ ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့၏။
ထိုရေစင်ကို သန့်စင်ကာ ဆန့်ကျင်ချီအဖြစ် ပြောင်းလဲဖို့ ကြံရွယ်ထားခဲ့သည်။ သူသာ လုံလုံလောက်လောက် ရှိသရွေ့ ထာဝရဧကရာဇ်အဆင့် ဆန့်ကျင်ချီကို ဖန်တီးနိုင်လိမ့်မည်။
ဒုတိယ ရွေးချယ်မှုက ထိုရေကို သူ့သံသရာတာအိုအပေါ်ပိုမိုနားလည်နိုင်ဖို့ရာ ကူညီပေးနိုင်သည့် ရတနာတစ်ခုအတွင်း စုပ်ယူစေဖို့ သို့မဟုတ် သန့်စင်စေဖို့ ဖြစ်သည်။
သို့သော်လည်း ထိုရေက ပမာဏနည်းပါးသော်လည်း အရည်အသွေးက မြင့်မားနေလေသည်။ ထို့ကြောင့် တိထျန်းက ဒဿမသာလွန်အုတ်မြစ်ကို မရရှိခင်အချိန်အထိ ကောင်းမွန်စွာ အသုံးမပြုခဲ့ရပေ။
……………………………………………
ဝမ်ဝေ့က မျက်လုံးဖွင့်လာပြီး စိတ်ရှုပ်ထွေးမှုများ ရှိနေလေသည်။
“ငါက ဘယ်ရောက်နေတာလဲ။ ဘာတွေလုပ်နေတာလဲ”
သူက ဘေးပတ်လည်ကို ကြည့်ကာ ကျင့်ကြံရေးအခန်းအတွင်း ရှိနေသည်ကို မြင်လိုက်ရ၏။ သူက သူ့လက်၊ မျက်နှာနှင့် အဝတ်အစားကို ပြန်လည်ကြည့်လိုက်ပြီး သူတို့က နည်းနည်းလွဲချော်နေသလို ခံစားနေမိသည်။
သို့သော်လည်း အခြေအနေကို သေချာမသုံးသပ်နိုင်သေးခင် အခန်းပြင်ပမှ အသိပေးသံတချို့ကို ကြားလိုက်ရသည်။
သူက ကျောက်စိမ်းအဆောင်ကို အသက်သွင်းကာ အခန်း၏ အစီအရင်ကို ထိန်းချုပ်လိုက်သည့်အခါ မိန်းမလှလေးတစ်ဦးက သူ့ကို စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။
“ကိုယ့်ရဲ့ ဟုန်အာ” သူ့၏ ခပ်ချောချော မျက်နှာအထက်တွင် ပြုံးလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် သူ့အကြည့်များက အလျင်အမြန် ပျောက်ကွယ်သွားလေ၏။
“သိပ်မကြာခင် မင်းက တကယ်ကို ပြီးပြည့်စုံလာတော့မှာပါ”
သူက ကျင့်ကြံရေးအခန်းမှ ထွက်လာသည်နှင့် နတ်သမီးလို ခန္ဓာကိုယ်လေးက သူ့ရင်ခွင်အတွင်း ကျရောက်လာသည်။ သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း ယခင်စိတ်လိုလက်ရ အပြုံးက ပြန်လည်ပေါ်ထွက်လာ၏။
“ဟုန်အာ ဘာလို့များ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ”
“လောင်ကုန်း ရှင့်အစီအစဉ် အလုပ်ဖြစ်တယ်” ဝူဟုန်က သူမ၏ စိတ်လှုပ်ရှားမှုကို ဝှက်မထားပေ။
“အစီအစဉ်လား” ဝမ်ဝေ့က အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း မေးလိုက်သည်။
“အော် တစ်ယောက်ယောက်ကို ဖမ်းမိပြီလား”
“ဟုတ်တယ်”
“အဲဒါဆိုရင် ဘယ်သူလဲဆိုတာကို သွားကြည့်ရအောင်”
နှစ်ဦးသားက နောက်ထပ် အခန်းတစ်ခုအတွင်း ဝင်ရောက်သွားကြပြီး သူတို့၏ လက်များက ကောင်းကင်တာအိုကိုယ်တိုင်က ကောင်းချီးပေးထားသည့် ကံဆက်နွယ်မှုများထက်ပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။ သိပ်မကြာခင် သူတို့က ပြင်းထန်သည့် အငွေ့အသက်မျိုး ရှိသည့် အစောင့်နှစ်ယောက်ရှိရာ အခန်းဆီ ရောက်ရှိလာသည်။
ဝမ်ဝေ့နှင် ဝူဟုန်တို့က အစောင့်ကို ဦးညွှတ်လိုက်ကြ၏။ ထိုလူများ၏ အဆင့်အတန်းက သူတို့ထက် နိမ့်ကျသော်လည်း သူတို့က မသေမျိုးများ ဖြစ်ကာ ဤလေးစားမှုမျိုးနှင့် ထိုက်တန်ပေသည်။
အခန်းအတွင်း ဝင်ရောက်လာပြီးသည့်နောက်တွင် သေရည်သောက်ကာ ပျော်ရွှင်နေသည့် လူအိုကြီးတစ်ဦးကို မြင်လိုက်ရသည်။ ထိုလူအိုကြီးက သာမန်သေမျိုးတစ်ယောက် အရက်မူးနေသလိုမျိုးနှင့် တူလေ၏။ ပို၍ဆိုးရွားသည်က သူ့သွင်ပြင်က သူတောင်းစားဟုပင် ထင်မှတ်နိုင်စေသည်။
“မကောင်းဆိုးဝါးမျက်ဝန်း မဟာဧကရာဇ်” နှစ်ဦးသားက အလေးအနက် အရိုအသေပြုလိုက်ကြသည်။
“ဝေ့အာ … ဟုန်အာ ငါတို့ဖမ်းမိတဲ့ ငါးအကြီးကြီးကို လာကြည့်တာလား” ထိုအမူးသမားက အပြုံးဖြင့် မေးလာသည်။
“ငါးအကြီးကြီးလို့တောင် ခေါ်တယ်လား” ဝမ်ဝေ့က မေးလိုက်၏။
“မင်းကိုယ်တိုင် ကြည့်ကြည့်လေ” ထိုအမူးသမားက လက်ဝှေ့လိုက်ပြီး ပိတ်ကားချပ်တစ်ခုကို ထုတ်ပြလိုက်သည်။ ဝမ်ဝေ့က အမြီးရှည်များသည် အရိပ်ဖြင့် ပြုလုပ်ထားပြီး အဖြူရောင်စက်ဝန်းသဏ္ဌာန်ရှိနေသည့် အနက်ရောင်ကြောင်တစ်ကောင်ကို မြင်လိုက်ရသည်။
“အဖြူရောင်အရိပ်ကြောင်ပဲ” ဝမ်ဝေ့က ထိုသက်ရှိကို ချက်ချင်း သိသည့်အတွက် တအံ့တဩ ပြောလိုက်သည်။ ထိုအရာက မိုးမြေကြားရှိ အရိပ်နှင့် မရဏစွမ်းအားမှ မွေးဖွားလာသည့် ပင်ကိုနတ်ဆိုးဖြစ်ပြီး ပြီးပြည့်စုံသည့် လုပ်ကြံသတ်ဖြတ်သူလည်း ဖြစ်ပေသည်။
ထို့ကြောင့် ဤစစ်ပွဲအတွင်း ထိုအရာက ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်လာခဲ့ကာ ဟော်သဲ့သက်ရှိဘက်မှ ဧကရာဇ်များနှင့် ပါရမီရှင်များစွာကို သတ်ဖြတ်ပစ်ခဲ့သည်။
သူတို့ခေါင်းဆောင်၏ ယုတ်မာမှုက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို ပျံ့နှံ့နေပြီဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှုကို တစ်ခါမှ မကျရှုံးခဲ့ဖူးပေ။ သို့သော် ယခုတွင် သူက သူတို့၏ အကျဉ်းသား ဖြစ်လာခဲ့၏။
“ကျုပ်တို့တွေ သူ့ကို ဖမ်းမိမယ်လို့ ထင်မထားမိခဲ့ဘူး” ဝမ်ဝေ့က ပြောလိုက်၏။ သူက ထိုငါးစာတာဝန်ကို ချမှတ်ခဲ့သူ ဖြစ်သော်လည်း ဤသို့ငါးအကြီးကြီး ဖမ်းမိလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဒီစစ်ပွဲမှာ မင်းရဲ့ အကျိုးပြုမှတ်နဲ့ဆိုရင် မင်းရဲ့ ခြိမ်းခြောက်မှုကို ဒီလူတွေက အမြင့်ဆုံးသတ်မှတ်ထားတာလေ။ အဲဒါဆိုတော့ မင်း တာအိုကို သက်သေပြဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။” အမူးသမားက ထိုသူများဝင်လာကတည်းက အရက်ခရားကို တစ်ခါမှ မချရသေးပေ။
“သူတို့က မင်းကို သုတ်သင်ဖို့ သူ့ကို စေလွှတ်လိုက်တာ အံ့ဩစရာတော့ မရှိပါဘူး”
ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သဘောတူလိုက်၏။ သူ့သားများနှင့် သူ့ဇနီးကို မဖန်တီးခင် သူက တခြားလူသားများကို လေ့ကျင့်မှုအဖြစ် ဖန်တီးခဲ့သည်။ သူတို့က ထာဝရပါရမီရှင်ဟု ယူဆ၍မရသော်လည်း အများစုကမူ အားကောင်းသည့် ထာဝရအရှင်နှင့် တာအိုဘိုးဘေးများ ဖြစ်လာနိုင်ကြသည်။
ထို့ကြောင့် ပင်ကိုနတ်ဆိုးနတ်ဘုရားများက ထိုမကောင်းဆိုးဝါးများသည် ထာဝရအထွတ်အထိပ်ဖြစ်လာနိုင်သည့်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူထားခဲ့သည်။
“သူ့ကို ဒီအတိုင်းထားလို့ အဆင်ပြေပါ့မလား။ အဲဒီနတ်ဆိုးတွေနဲ့ နတ်ဘုရားတွေက သူ့ကို လွယ်လွယ်လေးသေခွင့်ပေးမှာ မဟုတ်ဘူး” ဝမ်ဝေ့က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
အမူးသမားက ခေတ္တရပ်လိုက်ပြီးသည့်နောက်တွင် သူ့ကို တစ်ချက်ကြည့်လာသည်။
အကြောင်းအရင်းတချို့ကြောင့် ဝမ်ဝေ့က သူ့မျက်ဝန်းအထက် အံ့အားသင့်မှုကို အာရုံခံမိလိုက်၏။ ထို့နောက် ဝမ်းနည်းမှု၊ နှမြောတသမှုနှင့် မျှော်လင့်ချက်တို့ လိုက်ပါလာသည်။ သူက ထိုဧကရာဇ်၏ စိတ်ခံစားချက်များကို အဘယ်ကြောင့် ဖတ်နိုင်နေလဲဟု စိတ်ရှုပ်ထွေးမိသွားသည်။ ပို၍အရေးကြီးသည်က သူသည် ထိုစိတ်ခံစားချက်များ၏ အရင်းအမြစ်ကို ပို၍ စိုးရိမ်မိ၏။
“မစိုးရိမ်နဲ့။ အထွတ်အထိပ် ခေါင်းဆောင်တစ်ယောက် ဒီမှာရောက်နေပြီ”
ဝမ်ဝေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ အထွတ်အထိပ် ခေါင်းဆောင်ဖြစ်လာဖို့ရာအတွက် သူတို့က ထာဝရဧကရာဇ် ဖြစ်ရမည် သို့မဟုတ် ထာဝရဧကရာဇ်တစ်ယောက်၏ တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားရမည်။ သို့သော်လည်း သူ့အလိုလိုသိစိတ်က အထွတ်အထိပ် ခေါင်းဆောင်များသည် ဤအခြေအနေအတွက် မလုံလောက်သေးကြောင်း ပြောပြနေ၏။
သဘောတရားအရ ထိုအရာက အမှန် မဟုတ်ပေ။ အထူးသဖြင့် မကောင်းဆိုးဝါးမျက်လုံး ဧကရာဇ်က ထိပ်သီးပထမတန်းစား ဧကရာဇ်တစ်ယောက် ဖြစ်၏။ ထို့အပြင် သူက ဤနေရာတွင် ဤအမူးသမားထက် ပိုအားကောင်းသည့် နောက်ထပ် မဟာဧကရာဇ်တစ်ယောက်ရှိကြောင်း သိထားလေသည်။ သို့သော် သူက စိုးရိမ်နေဆဲ ဖြစ်၏။
ထို့ကြောင့် သူက ပါးစပ်ဟကာ တစ်ခုခုပြောတော့မည့်ဆဲဆဲတွင်
ဝုန်း
အခန်းတစ်ခုလုံး စတင်တုန်ခါလာကာ ဝမ်ဝေ့ဆီ ကြောက်မက်ဖွယ် ခံစားချက်တစ်ခု လွှမ်းခြုံသွားလေသည်။