← Chapters

နောင်တ

Vol. 62 Ch. 863

နောင်တ

Vol. 62 Ch. 863

ဒီဦးတည်ချက်က…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုတုန်ခါနှုန်းသည် အဖြူရောင်အရိပ်ကြောင်ကို ဖမ်းဆီးထားသည့် အခန်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အာရုံခံမိလိုက်၏။

ဝုန်း ဝုန်း ဝုန်း

တစ်စုံတစ်ခု ကျိုးပျက်သွားသည့် အသံက ထွက်ပေါ်လာလေသည်။ ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်ဖြင့် အခန်းကို စစ်ဆေးကြည့်လိုက်သည့်အခါ အဖြူရောင်အရိပ်ကြောင်က ယခုအခါ စည်းပိတ်ရေးအစီအရင်ကို မည်သို့ဖျက်ဆီးသွားသည်ကို မြင်လိုက်ရသည်။

ငါတို့မှာ အချိန် သိပ်မရှိတော့ဘူး…

ဝမ်ဝေ့က သူ့ပထမဦးဆုံး အလိုလိုသိစိတ်က ထွက်ပြေးဖို့ ဖြစ်သော်လည်း သူ့အနေနှင့် တစ်စုံတစ်ခု လုပ်ဖို့လိုကြောင်း သိလေသည်။ မဟုတ်ပါက သူတို့သည် ဝေးဝေးရောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက အချိန်ဆွဲဖို့ရာအတွက် အစီအရင်ကို အားဖြည့်ဖို့ရာ တွေးလိုက်မိသည်။

သို့သော်လည်း သူက သိပ်မကြာခင် ခေါင်းခါလိုက်၏။ ဧကရာဇ်အစီအစဉ်က သူ့လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်နေသည်။

သူ့အစောပိုင်းနှစ်များတွင် မိုးမြေ၏ ကောင်းမွန်သော ကံကြမ္မာကို နားလည်ဖို့အတွက် ပင်ကိုအစီအရင်ကို လေ့လာခဲ့သည့်အတွက် ဖန်ဆင်းခြင်းတာအိုတွင် တိုးတက်လာခဲ့သည်။ သို့သော်လည်း သူက ဧကရာဇ်အစီအရင်မျိုးအတွက်မူ မလုပ်ဆောင်နိုင်သေးပေ။

“မိုးမြေသင်္ကေတတောင်တန်း” ဝူဟုန်က ရုတ်တရက် ပြောလိုက်၍ ဝမ်ဝေ့၏ အကြည့်များက တောက်ပလာသည်။ လူသားအစီအရင် ဘိုးဘေးက သူ့တာအိုသက်သေပြပစ္စည်းအဖြစ် သင်္ကေတများဖြင့် ပြုလုပ်ထားသည့် တောင်တစ်လုံးကို သန့်စင်ခဲ့သည်။ ထိုအရာက ဤအခြေအနေအတွက် အသင့်တော်ဆုံး ဖြစ်၏။

ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ လက်ကိုဝှေ့ကာ သင်္ကေတများဖြင့် ပြည့်နှက်နေသည့် တောင်တစ်လုံးကို ဖန်ဆင်းလိုက်သည်။ သူက ဖန်ဆင်းမှုကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုအရာက နဂိုမူလအရာနှင့် ဘာမှမယှဉ်နိုင်၍ သက်ပြင်းချလိုက်မိသည်။

သူ့တောင်က အရွယ်အစားအားဖြင့် သေးငယ်နေရုံသာမက အနှစ်သာရကလည်း မူလနှင့် မယှဉ်နိုင်ပေ။ သို့သော် ထိုအတုအယောင် ပုံတူပွားလိုက်ခြင်းက သူ့အသားအရည်ကို ပိုမိုဖြူဖျော့လာစေပြီး နှာခေါင်းမှ သွေးများ စီးကျလာစေသည်။

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ထိုတောင်ကို အဖြူရောင်အရိပ်ကြောင် ရှိသည့်အခန်းသို့ ပို့ဆောင်လိုက်ပြီး စည်းတံဆိပ်အစီအရင်ကို အားဖြည့်လိုက်သည်။

“သွားကြစို့” ဝမ်ဝေ့က သူ့ဒဏ်ရာများကို ကုစားဖို့ အသက်ဓာတ် စွမ်းအားအမြောက်အများကို ဖန်ဆင်းလိုက်သည်။ သူတို့နှစ်ဦးက ကူးသန်းပို့ဆောင်ရေး အစီအရင်ဆီ ပျံသန်းလာကြ၏။ ထင်ထားသည့်အတိုင်း အပြင်ဘက်တွင် တိုက်ပွဲက အစီအရင်ကို ဖျက်ဆီးပြီးသွားလေပြီ။

သို့သော်လည်း ဝမ်ဝေ့က မိုးမြေသင်္ကေတတောင်ကို ဖန်ဆင်းကာ ပြန်လည်ပြုပြင်လိုက်သည်။ သူက နောက်ထပ် နည်းလမ်းတစ်ခုကို ကြိုးစားကြည့်ပြီး ဤအခြေအနေမှ ကူးပြောင်းသွားလိုက်ချင်သော်လည်း သူ့လက်ရှိစွမ်းအားက မလုံလောက်ခဲ့ပေ။

ဧကရာဇ်အဆင့် ကူးသန်းပို့ဆောင်ရေးအစီအရင်ကို အသုံးပြုခြင်းကသာ ပင်ကိုနတ်ဆိုးနတ်ဘုရားများမှ ဖန်ဆင်းထားသည့် လေဟာနယ် အတားအဆီးများကို ဖြတ်ကျော်နိုင်ချေ ရှိလိမ့်မည်။

ယခုအခါ သူက ဤနေရာမှ သူ့ဇနီးကို ပို့ဆောင်ဖို့ နည်းလမ်းကို စဉ်းစားနေလေ၏။

အစီအရင်ကို ပြင်ဆင်ပြီး စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်ပြီး ရေရွတ်လိုက်သည်။

“တစ်ခုခုတော့ မှားနေပြီ”

သူက အစီအရင်ကို လှည့်ကြည့်လိုက်ပြီး ဘာမှားနေသည်ကို အဖြေရှာဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့စိတ်ခံစားချက်များက အပြင်းအထန် လှုပ်ခတ်နေသည့်အတွက် ကျောက်စိမ်းနှစ်ခုကပင် အကူအညီ မဖြစ်ခဲ့ပေ။

“အစီအရင်က … ” ဝူဟုန်က လက်ညှိုးထိုးပြလိုက်သည်။

“အဲဒါက ဒီလိုမျိုး ကျိုးပဲ့မလွယ်သင့်ဘူး။ ဖျက်ဆီးခံလိုက်ရတဲ့အပေါ် မူတည်ပြီးတော့ ဒါက ပုံမှန် မဟုတ်ဘူး”

“ငါတို့ဆီမှာ သစ္စာဖောက် ရှိနေပြီ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူက တစ်စုံတစ်ယောက်သည် ထိုတိုက်ကွက်အတွက် အတွင်းမှ လုပ်ကြံထားကြောင်း သိလိုက်သည်။

ငါ အဲ့ဒါကို ချက်ချင်း တွေးခဲ့မိသင့်တာ…

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်ပြီး ယခုအခါ ထိုကိစ္စများ တွေးနေရမည့် အချိန် မဟုတ်ကြောင်း သိလေသည်။ ယခု သူက သစ္စာဖောက်ကို သိပြီဖြစ်သည့်အတွက် အခြေအနေက ပိုမိုအန္တရာယ်များလာကာ မခန့်မှန်းနိုင်တော့ပေ။

ဘယ်သူက သစ္စာဖောက်သွားတာလဲ။ ဘာလို့ အဲ့လိုလုပ်ရတာလဲ…

သူက ထိုမေးခွန်းများကို သူ့ကိုယ်သူ မေးခွန်းထုတ်နေစဉ် ဝမ်ဝေ့၏ စိတ်ထဲ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း သူက ထိုအရာကို အလျင်အမြန် ငြင်းဆန်ခဲ့၏။

သူ မဖြစ်နိုင်ပါဘူး…

“သတိထား” ဝူဟုန်က အော်ပြောလိုက်သည်။

ဝမ်ဝေ့က ခန္ဓာကိုယ်ကို အလိုလိုလှုပ်ရှားလိုက်၏။ သူ ရှိနေခဲ့သည့်နေရာတွင် ခရမ်းရောင် ရိုက်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝမ်ဝေ့က ထိုရိုက်ချက်လားရာကို ကြည့်လိုက်ပြီး သူ့ညာဖက်လက် ဆုံးရှုံးသွားသည်ကို လျစ်လျူရှုထားလိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး သွေးမျက်ရည်ကျသလို ခံစားနေရသည်။

“ဘာလို့လဲ” သူက ခပ်ဩဩဖြင့် မေးလိုက်ပြီး အဖြူရောင်ဓားတစ်ချောင်းကို ကိုင်ဆောင်ပြီး ခရမ်းရောင်ဝတ်ရုံနှင့် ရုပ်ချောချောအမျိုးသားအား ကြည့်လိုက်သည်။

“မင်းလည်း အကြောင်းအရင်းကို ခန့်မှန်းမိမှာပါ” ထိုခရမ်းရောင်ပုံရိပ်က ဖြေလာပြီး ဝူဟုန်အား ညင်သာစွာ ကြည့်လိုက်သည်။

“မင်းက ငါ့ကို ဒီလို တွန်းပို့ခဲ့တာပဲ” ခရမ်းရောင်ဝတ်ရုံ ပိုင်ရှင်က ပြန်ပြောလာသည်။ သူ့အသံထဲတွင် လွမ်းဆွေးမှုအချို့ ပါဝင်နေလေ၏။ သို့သော်လည်း သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားခဲ့သည်။

ဝမ်ဝေ့က သူ့အစ်ကိုကြီးဖြစ်သူအား ကြည့်ကာ အတိတ်အကြောင်းကို ပြန်လည်တွေးမိသွား၏။ အဆင့်(၃) သင်္ကေတခန္ဓာနယ်ပယ်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ဟော်သဲ့သက်ရှိများက ကောင်းကင်ရွေးချယ်ခံ ဂုဏ်ပုဒ်ကို ရယူဖို့အတွက် ရက်စက်သည့် စစ်ဆေးမှုကို ဖြတ်ကျော်ကြရသည်။

သူတို့၂ယောက်က ရှားပါးဆေးပင် တစ်ခုအတွက် တွေ့ဆုံကာ တိုက်ခိုက်ကြရသော်လည်း နောက်ဆုံးအနိုင်ရရှိသူကို မဆုံးဖြတ်နိုင်ခင် တခြားပါဝင်ဆင်နွှဲသူများက သူတို့ကို လုပ်ကြံခဲ့ကြသည်။ ထို့ကြောင့် သူတို့က အဖွဲ့ဖွဲ့ကာ ထိုဖြစ်ရပ်မှ အသက်ရှင်သန်ခဲ့ကြ၏။

သေခြင်းရှင်ခြင်း အတွေ့အကြုံအပြီးတွင် သူတို့က ပိုမို ရင်းနှီးလာခဲ့သည်။ နောက်ဆုံးတွင် သူတို့က သွေးသောက်ညီအစ်ကို ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး တစ်ချိန်တည်းတွင် မမွေးဖွားခဲ့သော်လည်း တစ်ချိန်တည်းတွင် သေဆုံးကြမည်ဟု ကျမ်းသစ္စာ ပြုခဲ့ကြသည်။

ထိုကတည်းက သူတို့၏ ဆက်နွယ်မှုသည် ပိုမိုအားကောင်းလာခဲ့ပြီး နှစ်သန်းများစွာ ကြာမြင့်ခဲ့သည်။ သူတို့က ကောင်းကင်အလိုဆန္ဒတိုက်ပွဲသည် သူတို့၏ ညီအစ်ကိုဆက်ဆံရေးကို သက်ရောက်မှု မရှိစေဖို့အထိ ကျိန်ဆိုခဲ့ကြ၏။

“ဒီရလဒ်ကို ထင်ထားပြီးသားပါ” ဝမ်ဝေ့က သူ့အစ်ကိုကြီး၏ ထူးထူးဆန်းဆန်း အပြုအမူတချို့အကြောင်းကို တွေးကာ ပြောလိုက်သည်။ ထိုအရာအများစုက သူ ဝူဟုန်ကို ဖန်တီးပြီးသည့်နောက်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်၏။

“မင်းလည်း သိမှာပါ”

“ကောင်းပြီ။ အခု ငါတို့တိုက်ပွဲရဲ့ နောက်ဆုံးအနိုင်ရရှိတဲ့သူကို ဆုံးဖြတ်ကြရမယ်” ဝမ်ဝေ့က သူ့အတွက် လက်မောင်းအသစ်တစ်ခုကို ဖန်ဆင်းရင်း ပြောလိုက်သည်။ ခန္ဓာကိုယ်က ဧရာမအရွယ်အစားကြီး ဖြစ်လာကာ ခရမ်းရောင်ဝတ်ရုံပိုင်ရှင်ကလည်း သူ့နောက်မှ လိုက်ပါလာလေ၏။

သူတို့၏ တိုက်ပွဲက ပြင်းထန်လှသော်လည်း မိနစ်၃၀မျှသာ ကြာမြင့်ခဲ့သည်။

ဝမ်ဝေ့က သူ့အစ်ကိုကြီး၏ အလောင်းပေါ် ရပ်နေရင်း မျက်ဝန်းထဲမှ နောက်ဆုံးအလင်းတစ်ချက် ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။ ထိုသူက သူ့အား အားနာစွာ ကြည့်နေပြီး နောက်ဆုံးတစ်ချက်က ဝူဟုန်ကို လှမ်းကြည့်လိုက်လေ၏။ ထို့နောက် သူက မသေခင် ပြုံးလိုက်သည်။

ဝမ်ဝေ့က သူ့မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။ သူ့အစ်ကိုကြီး၏ တိုက်ပွဲစွမ်းရည်က သူ့ထက် မြင့်မားကြောင်း သိထားလေ၏။ သူအနိုင်ရရှိသည့် တစ်ခုတည်းသော အကြောင်းအရင်းက ထိုသူ၏ စိတ်ထဲမှ ပဋိပက္ခကြောင့်သာ ဖြစ်သည်။

ဝမ်ဝေ့က သူ့လက်မှ သွေးများကို ကြည့်ကာ မျက်ရည်များက မြေပြင်ပေါ် ကျဆင်းလာသည်။ သူ့စိတ်က ပြိုလဲလုနီးပါး ဖြစ်နေလေ၏။

“ရှင့်ဆီမှာ ရွေးချယ်စရာ မရှိဘူးလေ။” လှပသည့် အသံတစ်သံ ထွက်လာသည်။

သို့သော်လည်း ဝမ်ဝေ့က အမြဲလိုလို ထိုအသံကို သဘောကျခဲ့သော်လည်း ယခုအခါ ဤအခိုက်အတန့်ကို ပိုမိုဂရုစိုက်နေမိသည်။

ထိုရိုးရှင်းလှသည့် စကားလေးလုံးက သူ့ ပြိုလဲလုနီးပါးစိတ်ဆီ မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးလာခဲ့၏။

“ရှင့်ကိုယ်ရှင် အပြစ်မတင်ပါနဲ့” ဝူဟုန်က ဆက်ပြောလိုက်သည်။

“ရှင်က ကျွန်မတို့မိသားစု အသက်ရှင်ဖို့ လိုတာကိုပဲ လုပ်ခဲ့တာပါ”

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ တုန်ယင်နေသည့် သူ့ခန္ဓာကိုယ်အား ထိန်းချုပ်လိုက်သည်။ ဤသည်က စိတ်ပျော့နေရမည့်အချိန် မဟုတ်ကြောင်း သိလေ၏။ ထို့ကြောင့် သူက ခန္ဓာကိုယ်ထဲတွင် တုယီနယ်ပယ်စွမ်းအား ကူးစက်ခံထားရသည့် အစိတ်အပိုင်းများကို ဖယ်ရှားကာ ပြန်လည်ဖန်တီးဖို့ ပြင်ဆင်လိုက်သည်။

“တကယ့်ကို ရင်ထဲထိစရာ မြင်ကွင်းပဲ” အေးစက်စက် အသံတစ်ခုက ပြောလိုက်သည်။

ဝမ်ဝေ့က အခန်းအဝင်ဝကို လှမ်းကြည့်လိုက်ရင်း မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားလေသည်။ သူက အဖြူရောင် မျက်ဆံနှင့် အနက်ရောင်ကြောင်သည် သူ့အား ကစားလိုစိတ်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။

သို့သော်လည်း ထိုအမူအရာအောက်တွင် သတ်ဖြတ်ငွေ့တို့ဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံ ရှိနေလေသည်။ သတ်ဖြတ်ငွေ့က ပြင်းထန်လွန်းလှသည့်အတွက် အခန်းအပူချိန်ကိုပင် မြင့်တက်လာစေပြီး ဝမ်ဝေ့နှင့် ဝူဟုန်တို့ကို မလှုပ်ရှားနိုင်အောင် တားဆီးထားသည်။

“ပါမွှားလေး မင်းက ငါ့ရဲ့ ပထမဦးဆုံးတာဝန်ကို ကျရှုံးလုနီးပါး ဖြစ်စေခဲ့တာပဲ” အဖြူရောင်အရိပ်ကြောင်က ပြောလိုက်သည်။

“အဆိုးဆုံးက ငါက ငါ့ရဲ့ ကျရှုံးမှုအတွက် ကာမိအောင် အရင်းအမြစ်အများကြီးနဲ့ အဆက်အသွယ်တွေ အများကြီး သုံးခဲ့ရတယ်”

ဝမ်ဝေ့က ထိုပင်ကိုနတ်ဆိုး၏ သတ်ဖြတ်ငွေ့ကို ဖယ်ရှားဖို့ကြိုးစားရင်း သူ့မျက်နှာက နီရဲလာလေသည်။ သို့သော်လည်း သူ့စိတ်က အင်မတန် နှေးကွေးစွာ အလုပ်လုပ်နေလေ၏။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ မဖြစ်နိုင်ပေ။

“ကောင်းပြီလေ။ မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ချင်ပေမဲ့ အစားအစာနဲ့ မကစားရဘူးဆိုတာကိုတော့ သိထားတယ်”

ကြောင်ကြီးက သူ့လက်ဝါးချက်ကို မြှောက်ကာ အရိပ်ဖြင့် ပြုလုပ်ထားသည့် ဧရာမလက်ဝါးချက်တစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

ဝုန်း

ထိုသူနှစ်ဦးရှေ့တွင် တောက်ပသည့် အလင်းရောင်ဒိုင်းကာတစ်ခု ထွက်ပေါ်လာလေ၏။

ကြောင်က ထိုအလင်းတန်းကို မြင်သည့်အခါ အနည်းငယ် အံ့အားသင့်သွားပြီး ဝူဟုန်ကို လှမ်းကြည့်လိုက်သည်။

“မိုးမြေကြားတွင် အပြီးပြည့်စုံဆုံး သက်ရှိဆိုတဲ့အတိုင်းပဲ” ထိုသက်ရှိက ဝူဟုန်သည် သူမ၏ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံသည့် အနှစ်သာရကိုပါ စတေးပြီး ဤဒိုင်းကာကို ထုတ်လွှတ်ခဲ့ကြောင်း မြင်လိုက်၍ မှတ်ချက် ပေးလိုက်သည်။

ပြီးပြည့်စုံမှုက မဟာတာအိုရဲ့ ထိန်းချုပ်မှုအောက်မှာ တားမြစ်ချက်ဆိုတဲ့အကြောင်းကို ကြားဖူးတယ်။ အခု ဒီစွမ်းအားကို မြင်ခဲ့ဖူးတော့ အမှန်ဖြစ်နေတဲ့ပုံပဲ…

အဖြူရောင်အရိပ်ကြောင်၏ သတ်ဖြတ်ငွေ့က ပိုမိုပြင်းထန်လာလေ၏။

ထို့နောက် သူက ဒုတိယအကြိမ် ဆက်လက် တိုက်ခိုက်လာသည်။ ဤတစ်ကြိမ်တွင် သူက ပင်ကိုသွေးမျိုးဆက် အသုံးအဆောင်ပစ္စည်းကို ဆင့်ခေါ်လိုက်ပြီး သူ့လည်ပင်းတွင် ခေါင်းလောင်း ပုံစံတစ်ခု ထွက်ပေါ်လာကာ သူ့စွမ်းအားကို မြှင့်တင်ပေးထားသည်။

ဝုန်း

သူ့တိုက်ကွက်က အဖြူရောင်ဒိုင်းကာကို ဖျက်ဆီးပစ်လိုက်၏။ သို့သော်လည်း ဝမ်ဝေ့က မလှုပ်ရှားဘဲ ဝူဟုန်၏ ခန္ဓာကိုယ် ဖြည်းဖြည်းချင်း လဲကျသွားသည်ကိုသာ ကူကယ်ရာမဲ့စွာကြည့်နေမိသည်။

“မဖြစ်ဘူး” သူက အော်ကာ သူမဆီ ပြေးဝင်သွားလိုက်သည်။ သူက သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း သူမ၏ အသက်ဓာတ် ပျောက်ကွယ်သွားနေသည်ကို ခံစားမိနေ၏။ သူက စွမ်းရည်အားလုံးကို သုံးကာ သူမကို ကယ်တင်ဖို့ ကြိုးစားခဲ့သည်။ တခြားသော တာအိုများဖြင့်လည်း သူမ၏ အသက်ကို ကယ်တင်ဖို့ လုပ်ဆောင်ခဲ့၏။ သို့သော် အသုံးမဝင်ခဲ့ပေ။

“ကျွန်မ တောင်းပန်ပါတယ်။ ရှင့်ကို မကာကွယ်နိုင်ခဲ့ဘူး” ဝူဟုန်၏ ပါးစပ်ထဲ သွေးများအပြည့် ဖြစ်နေလေသည်။ သူမက ဖြည်းဖြည်းချင်း လက်ကို မြှောက်ကာ သူ့ပါးပြင်ကို ထိတွေ့လိုက်ပြီးသည့်နောက်တွင် သူမ၏ လက်က အသက်မဲ့စွာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး” ဝမ်ဝေ့က သူမကို အသက်ပြန်သွင်းဖို့ ကြိုစားနေသော်လည်း အသုံးမဝင်ခဲ့ပေ။ သူက ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။ သူ့အသံက ဝမ်းနည်းမှုနှင့်မျှော်လင့်ချက်ကုန်ခမ်းမှုတို့ ပါဝင်နေသည့်အတွက် အဖြူရောင်အရိပ်ကြောင်ပင် လွှမ်းမိုးခံလိုက်ရပြီး ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

“ဟမ်” ကြောင်က ထိုပါမွှားသည် သူ့ကို ထိတ်လန့်အောင် လုပ်နိုင်ခဲ့သည့်အတွက် ဒေါသထွက်သွားမိ၏။ သူက ခေါင်းကို မော့ကာ တည်နေရာတစ်ခုအား လှမ်းကြည့်လိုက်ပြီး သူ့အမူအရာက ပျက်ယွင်းသွားသည်။

“ဒီအငွေ့အသက်က ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်လား။ ဒီအခြေအနေက သူ့ကို သတိပေးလိုက်တာလား”

ကြောင်က ထိုပထမဦးဆုံး သက်တမ်းအရင့်ဆုံး အထွတ်အထိပ်ခေါင်းဆောင်နှင့် မပြိုင်နိုင်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူက သူ စထားသည့် အလုပ်ကို အလျင်အမြန် အဆုံးသတ်လိုက်၏။

All Chapters