← Chapters

တာအိုထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၁)

Vol. 62 Ch. 866

တာအိုထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၁)

Vol. 62 Ch. 866

တိထျန်းက အနည်းငယ် အာရုံထွေပြားသွား၏။ သူက ထိုအတွေးဖြင့် နှစ်များစွာ ကုန်ဆုံးခဲ့ရပြီး ဖြေရှင်းနည်း ရှိလားဟု စဉ်းစားနေခဲ့ရသည်။ ဖြေရှင်းနည်း မရှိဘူးဟု မကြာခဏ ကောက်ချက်ချခဲ့သော်လည်း ယခုအခါ သူ မှားနေမှန်း သိခဲ့ရသည်။

ဝမ်ဝေ့၏ နည်းလမ်းဖြင့် သူ့ဇနီးကို ကောင်းကင်တာအို၊ အစစ်အမှန် ကောင်းကင်တာအိုနှင့် မဟာတာအိုတို့မှ လက်ခံကြရလိမ့်မည် ဖြစ်ပြီး ပြီးပြည့်စုံသည့် လမ်းစဉ်ကို လျှောက်လှမ်းဖို့ ပြဿနာရှိမည် မဟုတ်ပေ။

ထိုတားမြစ်ချက်ကို မထိတွေ့ဘဲ သူ့ကင်းလွတ်ခွင့်က အနည်းဆုံးတော့ ဒိုင်မေးရှင်းအမြင့်ဆီ မတက်လှမ်းခင်အထိ ဆက်လက် တည်ရှိနေလိမ့်မည်။ သူက စစ်ဆေးမှုကို အောင်မြင်ကာ တာအိုကို သက်သေပြနိုင်၏။

သူ့ဖန်ဆင်းခြင်းတာအိုဖြင့် လူသားမျိုးနွယ်အတွက် ပါရမီရှင်များစွာ၊ အရင်းအမြစ်များနှင့် ရှားပါးအသုံးအဆောင်ပစ္စည်းများကို ဖန်တီးနိုင်ပြီး သမိုင်းကြောင်းအများစုနှင့် လူမှုအဖွဲ့အစည်း ပျောက်ဆုံးသွားရသည့် အခြေအနေ မရောက်အောင် တားဆီးနိုင်လိမ့်မည်။

အကယ်၍ သူသာ အောင်မြင်ခဲ့ပါက သေဆုံးသွားခဲ့ရသည့် သူ့ကလေးကိုလည်း ကယ်တင်နိုင်ပြီး တခြားသူတွေ အရွယ်ရောက်လာသည်ကိုလည်း စောင့်ကြည့်နိုင်လိမ့်မည်။

ခဏအကြာတွင် တိထျန်းက နောက်ဘဝတစ်ခုကို တွေ့ကြုံခံစားခဲ့ရပြီး အရာအားလုံးက သူ့ထက် ကောင်းမွန်နေလေ၏။ ခဏအကြာတွင် သူက သူ ဖန်ဆင်းခဲ့သည့် ပုံရိပ်ယောင်အောက်၌သာ ထာဝရ နေချင်လာမိသည်။

သို့သော် ထိုအရာက မဖြစ်နိုင်ကြောင်း သိထား၏။ ထို့ကြောင့် သူက သက်ပြင်းချကာ သူ့စိတ်ကို အတင်းအကြပ် ထိန်းချုပ်လိုက်သည်။ သို့သော်လည်း သူ့မျက်ဝန်းထောင့်မှ မျက်ရည်စများကို ဝမ်ဝေ့အပါအဝင် မည်သူမှ သတိမထားမိပေ။

သူက တိထျန်းကို သူ့နည်းလမ်း ပြောပြပြီးသည့်နောက်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားကြောင်း ခံစားမိလိုက်၏။ ထို့ကြောင့် သူက ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း ဘာမှရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူက ကံကြမ္မာစွမ်းအားကို အသက်သွင်းကာ လိုချင်သည့် အဖြေကို တွက်ချက်ကြည့်လိုက်သည်။

သိပ်မကြာခင် သူ့စကားတချို့ကြောင့် ကောင်းကင်တာအိုက ပြောင်းလဲသွားကြောင်း သိလိုက်ရသည်။ ထိုအရာက သူ စစ်ဆေးမှုအောင်မြင်သွားပုံကို မှတ်တမ်းတင်ထားပြီး နောင်အနာဂတ်တွင် တိထျန်းလိုလူမျိုး ရှိလာခဲ့လျှင်ဆိုပြီး တန်ပြန်နည်းလမ်းများကို ပြင်ဆင်ထားလေသည်။

ထို့ကြောင့် တစ်ယောက်ယောက်က ပြီးပြည့်စုံသည့် လမ်းစဉ်နောက်လိုက်ဖို့ ထိုနည်းလမ်းကို အသုံးပြုဖို့ ကြိုးစားခဲ့ပါက ဆိုးဆိုးရွားရွား ခံစားရလိမ့်မည်။

ဝမ်ဝေ့က တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်၏။ သူက ကောင်းကင်တာအိုနှင့် ဆက်ဆံရေးကောင်း ရှိသည်မှာ ခေတ်ကာလသားတော်၏ ဂုဏ်ပုဒ်ကြောင့် ဖြစ်သော်လည်း ထိုအရာက သူ့ကျင့်ကြံရေးခရီးလမ်း အများစုတွင် သူ့ကို ကြံစည်ခဲ့သည့်အတွက် မကျေနပ်နေဆဲ ဖြစ်၏။

ကောင်းကင်တာအိုနှင့် ပတ်သက်လာသည့်အခါ သူ့တွက်ကပ်မှုက မထင်မှတ်ထားသည့် အနေအထားသို့ ရောက်ရှိနေလေပြီ။ သို့သော်လည်း ထိုအရာက သူသည် သတင်းအချက်အလက်ကို အလွယ်တကူ ထုတ်ဖော်လိုက်ရသည့် အဓိကအကြောင်းအရင်း မဟုတ်ပေ။

ကောင်းကင်တာအိုက ဘယ်လိုအရာမှန်း ကောင်းကောင်းသိထားလေ၏။ သူက ခေတ်ကာလသားတော် ဖြစ်သော်လည်း တိုက်ပွဲကို ရှုံးနိမ့်သွားခဲ့လျှင် သူ့ကို စွန့်ပယ်ပြီး တိထျန်းနှင့် ဆွေးနွေးကာ ရောက်ရှိလာမည့် ခေတ်သစ်အတွက် ခေါင်းဆောင် လုပ်ခိုင်းဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ပုံမှန်အားဖြင့် တိထျန်းသည် ထိုအရာကို ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် ကောင်းကင်တာအိုက သူ့ဇနီး၏ အမှတ်အသား ရှိနေလေ၏။ တိထျန်းတစ်ယောက် တာအိုကို သက်သေပြပြီးသည့်အချိန် သူ့အင်အားဖြင့် ထိုအရာကို အတင်းအကြပ် ရယူနိုင်သော်လည်း ထိုအမှတ်အသားထံ တစ်စုံတစ်ခု ဖြစ်ပျက်နိုင်ချေလည်း ရှိနေသည်။ ထို့ကြောင့် သူက ထိုအရာကို ရယူသည့်အခါ မစွန့်စားရဲပေ။

ထို့အပြင် သူတို့၏ နောက်ဆုံးစကားဝိုင်းမှတဆင့် တိထျန်း၏ ကုသိုလ်ပမာဏ စုဆောင်းလိုသည့် လိုအင်ဆန္ဒသည် ဦးစားပေးတစ်ခု ဖြစ်လာခဲ့၏။ ဤနည်းလမ်းက သူ့ဇနီးကို အသက်ပြန်သွင်းနိုင်သည့် နည်းလမ်းတချို့ထဲမှ တစ်ခုဖြစ်၏။

ယခုတွင် ဝမ်ဝေ့က သူ့ကို ရိုးရှင်းကာ တဲ့တိုးဆန်သည့် နည်းလမ်းတစ်ခုကို ထုတ်ပေးလာခဲ့ပြီး သူ့ဇနီးကလည်း သူ့သေမျိုး ပြီးပြည့်စုံမှုကို ထိန်းသိမ်းထားနိုင်လိမ့်မည်။

အကယ်၍ သူသာ လုံလုံလောက်လောက် ရယူသရွေ့ အင်မော်တယ် ပြီးပြည့်စုံခြင်း လမ်းစဉ်ကိုပါ ဆက်လက် လျှောက်လှမ်းနိုင်လိမ့်မည်။

တိထျန်း၏ စိတ်သဘောထား၊ ရက်စက်မှုတို့ဖြင့် ကောင်းကင်တာအို၏ အနှစ်သာရကို ယူသည့်အခါ ခေတ်ကာလကို ဦးဆောင်ရမည့် ရှည်ကြာသော လမ်းစဉ်ကို အဘယ်ကြောင့် ရွေးချယ်မည်နည်း။

ဒါဆိုတော့ ကောင်းကင်တာအိုကနေ ငါ့ကို ခေတ်ကာလရဲ့ သားတော်အနေနဲ့ ပစ်ပယ်နိုင်မဲ့ အခြေအနေကို ဖယ်ရှားခဲ့ပြီးပြီ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒီဂုဏ်ပုဒ်နဲ့ဆိုရင် ဒီတိုက်ပွဲမှာ ငါ့ရဲ့ အောင်မြင်နိုင်ချေအပေါ် သက်ရောက်မှု မရှိဘူးဆိုပေမဲ့ အသက်ရှင်နိုင်ချေတော့ တိုးမြှင့်ပေးလိမ့်မယ်…

ဝမ်ဝေ့က သူ အသက်ရှင်နေသရွေ့ တာအိုကို သက်သေပြနိုင်မည့် နည်းလမ်းများစွာ ရှိသေးသည်။ တိထျန်းက ကောင်းကင်တာအို၏ အနှစ်သာရကို အတင်းအကြပ် ယူသည့် အကျိုးဆက်အတွက်မူ သူက အစီအစဉ်တချို့ ထားရှိပြီးသွားလေပြီ။ ထို့အပြင် ထိုသို့သော အပြုအမူမျိုးက ပြောသလောက် မလွယ်ကူပေ။

ထို့ကြောင့် တိထျန်းက ထိုအရာကို လုပ်ဖို့ အာရုံစိုက်ထားစဉ် ထိုသူက ဝမ်ဝေ့ကို အာရုံစိုက်နိုင်မည် မဟုတ်ပေ။ ထိုအခါ သူက တာအိုကို သက်သေပြမည့် နောက်ထပ်နည်းလမ်းတစ်ခုကို ကြိုးစားကြည့်နိုင်သည်။ ထို့နောက် သူက တိထျန်းကို တားဆီးပြီး ကမ္ဘာကို ကယ်တင်သည့်အတွက် ကုသိုလ်များ ရရှိနိုင်လေ၏။

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး တိထျန်းအား ကြည့်လိုက်သည်။ သူ့အကြည့်များက တည်ငြိမ်နေပြီး ထိုသူကို ကြံစည်နေသည့် အရိပ်အမြွက် အနည်းငယ်မျှပင် မရှိပေ။

ထိုသူက တည်ငြိမ်လာပြီးသည့်နောက်တွင် တစ်ဖက်လူကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်လာ၏။ သူတို့က အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ တိုက်ပွဲကွင်းပြင်တစ်ခုလုံးက ဖိအားအောက်တွင် တုန်ယင်လာသော်လည်း မည်သူကမှ ဂရုမစိုက်ပေ။

ဤတိုက်ပွဲတွင် အားကုန်ထုတ်သုံးပြီး ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုတို့ကို ထုတ်သုံးရတော့မည် ဖြစ်ကြောင်း သိလိုက်ကြသည်။ ယခုမှစ၍ သူတို့သည် ရည်ရွယ်ချက်တစ်ခုသာ ရှိပြီး တစ်ဖက်လူကို ဖျက်ဆီးဖို့ အရာအားလုံးကို အသုံးပြုရမည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် စက္ကန့်ပိုင်းကြာ စိုက်ကြည့်ပြီးသည့်နောက်တွင် တိထျန်းက အရင်ဦးဆုံး လက်ဦးမှုရယူလိုက်သည်။

သံသရာကိုးပါးလက်သီး - တတိယလက်သီး သေခြင်းရှင်ခြင်း အပြောင်းအလဲ

ထိုလက်သီးချက်ဖြင့် ရှင်သန်မှုသဘောတရားရှိသည့် အရာအားလုံးက သေဆုံးမှုသဘောတရားအဖြစ် အတင်းအကြပ် ပြောင်းလဲခံလိုက်ရသည်။ ထို့ကြောင့် ထိုအရာထဲတွင် တိုက်ပွဲကွင်းပြင်တွင် ပြန့်ကျဲနေသည့် စွမ်းအားများနှင့် ဒြပ်ထုများလည်း အပါအဝင်ဖြစ်ပြီး တိုက်ပွဲကွင်းပြင်၏ ကာလံဒေသံနှင့် ဝမ်ဝေ့ကိုယ်တိုင်လည်း ပါဝင်နေသည်။

ဤတိုက်ကွက်တစ်ခုဖြင့် တိထျန်း၏ လမ်းကြောင်းရှိ အရာအားလုံးသည် သေခြင်းတရားဆီ စတင် လျှောက်လှမ်းသွားကြရ၏။

သို့သော်လည်း သိပ်မကြာခင် တစ်ဖက်လူက တူညီသည့် တိုက်ကွက်ကို အသုံးပြုလာသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ဝေ့က တူညီသည့် တိုက်ကွက်ကို ပြောင်းပြန်အနေဖြင့် အသုံးပြုခဲ့သည်။ သူက ရှင်သန်မှုမှ သေဆုံးမှုကို အရာအားလုံးကို ပြောင်းလဲပစ်ခဲ့စဉ် ဝမ်ဝေ့က သေဆုံးမှုမှ ရှင်သန်မှုဆီ ပြောင်းလဲပစ်ခဲ့သည်။

အရေးပါသည့်အပိုင်းက တစ်ဖက်လူသည် သူ့ထက်မြန်ဆန်နေပြီး သူ့တိုက်ကွက်ကို အလျင်အမြန် ချိုးဖောက်သွားခြင်း ဖြစ်သည်။

ကျစ်…

တိထျန်းက တွေးလိုက်မိသည်။ သို့သော်လည်း သိပ်မကြာခင် သူက စိတ်ငြိမ်ငြိမ်ထားကာ အာရုံစူးစိုက်လိုက်၏။ ဟိုးအရင်ကတည်းက ကောင်းကင်တာအိုမှ သင်ယူထားရသည်မှာ တစ်ဖက်လူ၏ စိတ်အခြေအနေကို နှောင့်ယှက်ပြီး သူတို့၏ တိုက်ကွက်ကို ကူးယူကာ သူတို့ထက် ပိုမိုကောင်းမွန်အောင် အသုံးပြုဖို့ ဖြစ်သည်။ ထိုအရာက တစ်ဖက်လူကို နှိမ်နင်းပစ်နိုင်ပြီး သူတို့၏ စိတ်အခြေအနေကိုပါ ဖျက်ဆီးပစ်နိုင်၏။

တစ်ဖက်လူ၏ နည်းဗျူဟာကို သင်ယူပြီးသည့်နောက်တွင် တိထျန်းက အခြေအနေကို တည်တည်ငြိမ်ငြိမ်ဖြင့် အကဲဖြတ်လိုက်သည်။

ပထမလက်သီး - နောက်ဆုံးအငွေ့အသက်

သူက သူ့ကျမ်းက ပထမလက်သီးကို အသုံးပြုလိုက်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ရှိ အက်တမ်များကို ဖျက်ဆီးပစ်ဖို့ရာ အာရုံစိုက်ထားလိုက်သည်။ ထိုလက်သီးချက်အတွက် မရဏတာအို အသုံးပြုမှုက ဖျက်ဆီးခြင်းတာအိုနယ်ပယ်အထိ ရောက်ရှိနေသည်။

ထင်ထားသည့်အတိုင်း ဝမ်ဝေ့က သေခြင်းနှင့် ရှင်ခြင်းတာအိုကို အသုံးပြုကာ ထိုလက်သီးချက်ကို ပုံတူပွားပြီး အလွယ်တကူ တုံ့ပြန်ခဲ့သည့်အတွက် တိထျန်းက မျက်မှောင်ကြုတ်လိုက်ရသည်။

တိထျန်းက အချိန်ဖြုန်းမနေဘဲ ဆက်လက်တိုက်ခိုက်လိုက်၏။

ပဉ္စမလက်သီး - ဝိညာဉ်အသွင်ပြောင်းခြင်း

ထိုနည်းစနစ်ဖြင့် ဝမ်ဝေ့သည် သံသရာစွမ်းအားက သူ့ဝိညာဉ်အပေါ် အလုပ်ဖြစ်လာကာ သူ့ဇစ်မြစ်အား တိရစ္ဆာန်အဖြစ် အတင်းအကြပ် ပြောင်းလဲပစ်နေသည်ကို ခံစားမိလိုက်သည်။

အကယ်၍ ထိုနည်းစနစ်သာ အောင်မြင်သွားပါက သူ့ဝိညာဉ်သည် အားနည်းသွားမည် ဖြစ်ကာ သူ့ခန္ဓာကိုယ်နှင့် သင့်တော်တော့မည် မဟုတ်ပေ။ ထိုအခါ သူက အားကောင်းသည့် ခန္ဓာကိုယ်နှင့် စည်းမျဉ်းထိန်းချုပ်ခွင့်ကို ဆုံးရှုံးသွားရလိမ့်မည်။

ထို့နောက် တိထျန်းက သူ့ကို သတ်ဖို့ရာ အင်မတန် လွယ်ကူသွားလိမ့်မည်။

ထို့ကြောင့် သူက ထိုသံသရာစည်းမျဉ်းကို ထိုဖြစ်စဉ်ဖြင့် တားဆီးခဲ့ပြီး တူညီသည့် နည်းစနစ်ကို တိထျန်းအပေါ် အသုံးပြုခဲ့သည်။

သူက ငါတို့တိုက်ပွဲအတွင်း ငါ ပြတဲ့ ကျင့်စဉ်ကိုပဲ ပြန်လည်ဖန်တီးနိုင်တယ်လို့ ထင်ထားတာ။ ဒါပေမဲ့ သူက ငါ ကျမ်းတစ်ခုလုံးကို သိနေခဲ့တာပဲ

ခဏအကြာတွင် သူက အိပ်စက်သူများအကြားတွင် သစ္စာဖောက်ရှိနေပြီလားဟု စဉ်းစားမိသွားသည်။ သို့သော်လည်း ထိုသတင်းအချက်အလက်ကို ထုတ်ဖော်မည့် နည်းလမ်းများစွာ ရှိနေသည့်အတွက် ထိုအတွေးကို လက်လျှော့လိုက်၏။

သူ့ဆီမှာ သတင်းအချက်အလက်ဘယ်လောက်ရှိနေလဲ ကြည့်ရအောင်…

တိထျန်းက ဆဌမလက်သီးကို အသုံးပြုလိုက်သည်။ သို့သော်လည်း သူက ဒဿမ သာလွန်အုတ်မြစ်ကို ရရှိပြီးသည့်နောက်မှ အဆင့်မြှင့်တင်ထားသည့်ပုံစံကို အသုံးပြုလိုက်၏။

ဝိညာဉ် ဆင့်ခေါ်ခြင်း

ဝမ်ဝေ့က သူ့ကိုယ်သူ အန္တရာယ်ကြား ရောက်ရှိသွားသည်ကို တွေ့ရှိလိုက်ရသည်။ ထိုတိုက်ကွက်က သူ့အသိစိတ်ပင်လယ်၏ ခုခံနိုင်စွမ်းကို ကျော်ဖြတ်သွားပြီး သူ့ဝိညာဉ်အပေါ် သက်ရောက်မှု ရှိလာသည်။

သူက အသိစိတ်ပင်လယ်အတွင်း ပွင့်လာသည့် တံခါးခြောက်ချပ်ကို မြင်လိုက်ရသည်။ တံခါးတစ်ခုချင်းစီတွင် တစ္ဆေ၊ အသူရာ၊ တိရစ္ဆာန်၊ လူသား၊ ကောင်းကင်နှင့် ငရဲဟူသည့် စာလုံးများ ကပ်ထားလေသည်။

ဝမ်ဝေ့က ထိုလမ်းစဉ်သည် လူတစ်ယောက်အား မည်သို့ပြန်လည်ဝင်စားမည် ဖြစ်ကြောင်း ဆုံးဖြတ်ပေးမည့် နည်းလမ်းများ ဖြစ်ကြောင်း သိလိုက်၏။

တစ္ဆေလမ်းစဉ်က တစ္ဆေ သို့မဟုတ် ဝိညာဉ်သက်ရှိများအတွက် ဖြစ်၏။ ကျင့်ကြံသူများက သေဆုံးသွားပြီး အချိန်တစ်ခုကြာမြင့်ပြီးနောက် သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ်က ထိုလမ်းကြောင်းအတွင်း ဝင်ရောက်သွားရလိမ့်မည်။

အသူရာလမ်းစဉ်ကမူ သူတို့၏ သေဆုံးမှုအတွင်း အငြိုးတရားနှင့် အမုန်းတရားများစွာ ရှိနေသည့်သူများအတွက် ဖြစ်ပြီး အကုသိုလ်တို့ကို စုပ်ယူနိုင်စွမ်းဖြင့် မွေးဖွားလာသည့်သက်ရှိများအတွက် သို့မဟုတ် သူတို့၏ ပင်ကိုယ်စရိုက်အနေဖြင့် သတ်ဖြတ်ဖို့ရာအတွက် မွေးဖွားလာသည့် အသူရာမျိုးနွယ်များကဲ့သို့ သက်ရှိများအတွက် ဖြစ်ပေသည်။

တိရစ္ဆာန်လမ်းစဉ်ကမူ တိရစ္ဆာန်များနှင့် သာမန်နတ်ဆိုးမျိုးနွယ်များအတွက် ဖြစ်ကာ လူသားလမ်းစဉ်ကမူ သာမန်လူသားများနှင့် လူသားပုံစံရှိသည့် သက်ရှိများအတွက် ဖြစ်သည်။ ကောင်းကင်လမ်းစဉ်ကမူ အပြစ်ကြွေး မရှိသည့် ကောင်းမွန်စွာ နေထိုင်ခဲ့သည့် လူများ၊ အကုသိုလ် မရှိသည့် အားကောင်းသည့် ကျင့်ကြံသူများနှင့် ပင်ကိုသက်ရှိများအတွက် ဖြစ်သည်။

နောက်ဆုံးတွင် ငရဲက သူတို့သေဆုံးသွားပြီးသည့်နောက်တွင် ဆိုးရွားလွန်းသည့် ကံကြွေး ရှိသည့်လူများအတွက် ဖြစ်၏။ ငရဲလမ်းစဉ်က ဝိညာဉ်များသည် သူတို့၏ အပြစ်ကြောင့် နှိပ်စက်ခံရသည့် နေရာကို ညွှန်းဆိုခြင်း မဟုတ်ပေ။ ထိုအရာက ကွဲပြား၏။

ငရဲအတွင်း ခံစားပြီးသည့်နောက်တွင် ထိုအပြစ်ကြွေးရှိသည့် ဝိညာဉ်များက ငရဲလမ်းစဉ်တွင် ပြန်လည်ဝင်စားကြရပြီး သူတို့သည် ဆိုးရွားသည့် ကံကြမ္မာဖြင့် မွေးဖွားလာရမည်ဖြစ်ကာ သူတို့၏ ဘဝသည် ကျင့်ကြံရေးကို စတင်နိုင်ခဲ့လျှင်ပင် ဆိုးဆိုးရွားရွား ခက်ခဲနေစေလိမ့်မည်။

All Chapters