← Chapters

တာအိုထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၃)

Vol. 62 Ch. 868

တာအိုထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၃)

Vol. 62 Ch. 868

ဝမ်ဝေ့က ပူဖောင်းကို တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်၏။ သူက သူ့အချိန်တာအိုကို ရွေ့လျားကာ အကြည့်ပြင်းပြင်းတစ်ချက်ဖြင့် တိထျန်း၏ အချိန်တာအိုကို လွှမ်းမိုးပြီး ပူဖောင်းကို ဖောက်ပစ်လိုက်သည်။

သို့သော်လည်း တိထျန်းက ထိုဖြစ်နိုင်ချေကို မှန်းဆထားပြီးသား ဖြစ်၏။ သူက အချိန်တာအို ထိန်းချုပ်ရေးနှင့် နားလည်နိုင်စွမ်းတို့နှင့် ပတ်သက်လာသည့်အခါ ထိုသူနှင့် မယှဉ်နိုင်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူက သူ့ကိုယ်ပိုင်ကျွမ်းကျင်မှု ကဏ္ဍကို အသုံးပြု၍ တိုက်ခိုက်လိုက်သည်။

သူက သံသရာ၏ အဓိကကဏ္ဍဖြစ်သည့် သံသရာစက်ဝန်းဖြင့် အချိန်ပူဖောင်းထဲ ထည့်သွင်းလိုက်သည်။ သေဆုံးပြီးသည့်နောက်တွင် လူအများက ပြန်လည်ဝင်စားရမည်ဖြစ်ကာ သူတို့၏ ဘဝကို အသစ်တစ်ဖန် စတင်ကြရမည်။ ထို့နောက် သူတို့က သံသရာကို တဖန်ပြီးတဖန် ဖြတ်ကျော်ပြီး သူတို့က ထိုသံသရာစက်ကွင်းကို မလွတ်မြောက်နိုင်ခင်အထိ ထပ်ခါထပ်ခါ လည်ပတ်နေလိမ့်မည်။

သူ့နည်းဗျူဟာဖြင့် သူ့ပူဖောင်းသည် ပျောက်ကွယ်သွားသည့်အချိန်တိုင်း ပြန်လည်ပေါ်ထွက်လာမည်ဖြစ်ကာ သံသရာစက်ဝန်းတစ်ခုလို ဖြစ်နေလိမ့်မည်။

ဝမ်ဝေ့က သူ့တိုက်ကွက် ကျရှုံးသွားသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူက လေဟာနယ်ထဲတွင် ရပ်နေရင်း သူ့ပတ်ဝန်းကျင်က တုန်ခါသွားကာ ဒုတိယဝမ်ဝေ့ ထွက်ပေါ်လာသည်။ နောက်ထပ်မိနစ်ဝက်အတွင်း ဝမ်ဝေ့ရာချီ ထွက်ပေါ်လာပြီး တူညီသည့် အငွေ့အသက်မျိုး ပိုင်ဆိုင်ထားကြ၏။

သူတို့က တိထျန်းကို ဝိုင်းကာ သူ့ကို အသက်ရှူဖို့၊ နည်းဗျူဟာ ချဖို့နှင့် ထွက်ပြေးဖို့ အချိန်မပေးပေ။

ကိုယ်ပွားတွေလား။ မဟုတ်သေးဘူး။ ဒါက အချိန်အခြေခံနည်းစနစ်တစ်ခုပဲ…

တိထျန်းက သုံးသပ်လိုက်သည်။

သူက လွန်ခဲ့တဲ့စက္ကန့်ပိုင်းလေးက သူ့အတိတ်ကလူတွေကို ပြန်ခေါ်ခဲ့တာပဲ…

ထိုနည်းစနစ်က တူညီသည့် အင်အားရှိထားသည့် ဝမ်ဝေ့ရာချီကို ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် ကြောက်ဖို့ကောင်းလှသည်။ ထို အချိန်ကိုယ်ပွား သို့မဟုတ် အကြွင်းအကျန်များက ကြာကြာမတည်ရှိနိုင်သော်လည်း သူတို့က အားပြင်းသည့် တတိယတန်းစားတိုက်ကွက်ကို ထုတ်လွှတ်နိုင်ကြသည်။

ထို့ကြောင့် အဝိုင်းခံထားရသည့် တိထျန်းက ထိုလူများ ပေါ်ထွက်လာသည်နှင့် သူ အခက်တွေ့တော့မည်ဖြစ်ကြောင်း သိလိုက်သည်။

ဝုန်း

ဝမ်ဝေ့အားလုံးက အတူတကွအလုပ်တွဲလုပ်ကာ အစီအရင်တစ်ခုကို ဖွဲ့စည်းပြီး တိုက်ခိုက်လိုက်ကြသည်။ ထိုပြင်းထန်လှသည့် ထိချက်က စကြဝဠာတိုက်ပွဲကွင်းပြင် တစ်ခုလုံးကို သုတ်သင်ပစ်လိုက်သည်။ ကောင်းကင်တာအိုက တမင်အားဖြည့်ဖို့ လုပ်ဆောင်ထားသည့် နေရာက ဝမ်ဝေ့အားလုံး၏ တိုက်ကွက်ရှေ့တွင် စာရွက်ပါးလို ဖြစ်နေလေ၏။

သို့သော်လည်း ဝမ်ဝေ့နှင့် အချိန်ကိုယ်ပွားများက ထိုတိုက်ကွက်ပြီးသည့်နောက်တွင် မပျော်ရွှင်ကြပေ။ သူတို့က တစ်နေရာကို လှမ်းကြည့်လိုက်ကြ၏။ ယခင်ဖျက်ဆီးမှုအပြီးတွင် အဖွဲ့က သူတို့ကိုယ်သူတို့ မီးတောက်ဒိုင်မေးရှင်းတစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

တိထျန်းက အဆင်သင့် ပြန်လည်ဝင်စားခြင်းဟူသည့် နည်းစနစ်တစ်ခုကို အသုံးပြုကာ အသက်ပြန်ရှင်လာခဲ့၏။ ထိုစဉ် သူက သေဆုံးပြီး ပြန်လည်ဝင်စားလာကာ သူ့အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ထိုနည်းစနစ်က သေခြင်းရှင်ခြင်း အခြေအနေများတွင် ရှင်သန်ဖို့ သူ့ဝှက်ဖဲထဲမှ တစ်ခု ဖြစ်၏။

အချိန်တာအိုအပေါ် သူ့ထိန်းချုပ်နိုင်စွမ်းက တကယ်ကို စိတ်ခုစရာပဲ…

သူ့တာအိုနဲ့ ဆိုရင် သေခြင်းတရားကို အချိန်သဘောတရားလိုမျိုး ယူဆောင်လာတာက ပြဿနာ မဟုတ်ဘူး။

ဒါပေမဲ့ တစ်ဖက်လူက အချိန်မြစ်ကြောင်းကို ဆင့်ခေါ်ထားပြီး သူ့စွမ်းအားကို တိုးမြှင့်ဖို့ လှုံ့ဆော်ထားသည်။

ထို့ကြောင့် သူ့အနေဖြင့် ထိုသူ၏ တာအိုကို ယှဉ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းက ပြန်လည်ဝင်စားခြင်းလမ်းစဉ်ကို ဆင့်ခေါ်ပြီး ထိုအရာ၏ စွမ်းအားကို ငှားသုံးဖို့သာ ဖြစ်၏။ သို့သော်လည်း ပြန်လည်ဝင်စားခြင်းလမ်းစဉ်က အချိန်မြစ်ကြောင်း သို့မဟုတ် ကံကြမ္မာမြစ်ကြောင်းတို့နှင့် မတူညီပေ။

ထိုအရာက ပိုမိုသီးခြားဆန်လှပြီး လူအများအား ဆင့်ခေါ်ဖို့နှင့် စွမ်းအားများကို ငှား၍ အသုံးပြုဖို့ရာ ခက်ခဲအောင် ပြုလုပ်ထားလေ၏။ တိထျန်းအပါအဝင် လူအများစုက ထိုအကြောင်းအရင်းကို သိထားကြသည်။ အကောင်းဆုံးရှင်းပြချက်က မဟာတာအို၏ လုပ်ဆောင်ပုံအရ အခြေခံစည်းမျဉ်းတစ်ခုဖြစ်နေ၍ ဖြစ်သည်။

သို့သော်လည်း အမှန်တရားကမူ ကာဒီနယ် ၆ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် သံသရာကွပ်ကဲသူက သူမ၏ အလုပ်ကို အလေးအနက် မှတ်ယူလေသည်။ ထို့ကြောင့် သူမက ကျင့်ကြံသူများအား ပြန်လည်ဝင်စားခြင်းလမ်းစဉ်ကို သူတို့စိတ်တိုင်းကျ ဝင်ရောက်စွက်ဖက်ခွင့်မပြုထားဘဲ ကံကြမ္မာစီရင်သူနှင့် အချိန်ကြီးကြပ်သူတို့ကိုပါ အချိန်မြစ်ကြောင်းနှင့် ကံကြမ္မာမြစ်ကြောင်းကို လူအများအား များစွာထိန်းချုပ်ခွင့်ပေးထားသည့်အတွက် မကြာခဏ အပြစ်တင်ပြောဆိုလေ့ရှိသည်။

တိထျန်းက ပြန်လည်ဝင်စားခြင်းလမ်းစဉ်နှင့် ပတ်သက်ပြီး စဉ်းစားဖို့ အချိန်များစွာ မဖြုန်းခဲ့ပေ။ သူက ဝမ်ဝေ့အားလုံးသည် သူ့ဆီ ပြေးဝင်လာသည်ကို ကြည့်နေရင်း သူသာ တစ်စုံတစ်ခုမလုပ်ပါက အတော်အတန် ထိခိုက်သွားမည်ဖြစ်ကြောင်း သိလိုက်သည်။

ထို့ကြောင့် သူ့စိတ်ထဲ အလျင်အမြန် တွက်ချက်ကာ ဖြေရှင်းနည်းတစ်ခုကို ကောက်ချက်ချလိုက်သည်။

သူ့နောက်တွင် တိထျန်းနှစ်ယောက် ထွက်ပေါ်လာပြီး အချိန်စွမ်းအား ပါဝင်နေသည့် ထူးထူးဆန်းဆန်း အငွေ့အသက်တစ်ခု ထုတ်လွှတ်လာသည်။

ဒါက အနာဂတ် ဗုဒ္ဓကိုယ်လား…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။

မဟုတ်သေးဘူး။ ဒါက တစ်ခုကတော့ ဟုတ်တယ်။ ဒုတိယတစ်ခုက အတိတ်ဗုဒ္ဓကိုယ် ဖြစ်လောက်တယ်…

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကျမ်းသည် ဧကရာဇ်ကျမ်းသုံးခု ပေါင်းစပ်ထားသည့် ထူးကဲကျမ်းတစ်ခု ဖြစ်ပြီး ညီအစ်ကို၃ယောက်ဖြစ်သည့် ဗုဒ္ဓဧကရာဇ်၃ပါးမှ ရေးသားခဲ့ခြင်း ဖြစ်သည်။

သူ့အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုအတွင်း သူက အနာဂတ်ဗုဒ္ဓကျမ်းကို ရရှိလာခဲ့ပြီး ထိုကျမ်းက သူ့ကျင့်ကြံရေးခရီးတစ်လျှောက်တွင် တစ်စိတ်တစ်ပိုင်းဖြစ်လာကာ သူ့ကျင့်ကြံရေး ခရီးစဉ်နှင့် အချိန်တာအိုထိန်းချုပ်ရာတွင် တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။

ထိုအကျိုးကျေးဇူးများကြောင့် သူသည် တခြားကျမ်းနှစ်ခုကိုပါ အမြဲတမ်း ရယူလိုခဲ့၏။ ထို့အပြင် ဝမ်ဝေ့က ထိုကျမ်းသည် နောင်အနာဂတ်တွင် သူ့အတွက် အင်မတန် အရေးပါလာလိမ့်မည်ဟု အလိုလိုသိစိတ်က ပြောပြနေ၏။

ထို့ကြောင့် သူသည် ထိုအရာနှစ်ခုကို မည်သို့ပင်ဆိုစေကာမူ ရယူဖို့ ပြင်ဆင်ထားခဲ့သည်။ သူက ထိုကျမ်းကို မဖတ်ရှုရသေးသော်လည်း သူတို့အပေါ် နက်နက်နဲနဲ နားလည်ထားလေ၏။ ထို့ကြောင့် တိထျန်းက ဘာကိုအသုံးပြုနေမှန်း ချက်ချင်းသိလိုက်သည်။

တိထျန်းက ပြန်လည်ဝင်စားလာမှု ဘဝတစ်ခုတွင် ထိုကျမ်း၃ခုကို ကျင့်ကြံခဲ့ဖူသည့် ဗုဒ္ဓဘုန်းကြီး ဖြစ်ခဲ့ကြောင်း သိထား၏။ နိမိတ်ကြေးမုံမှ ထုတ်ဖော်ထားသည့် သတင်းအချက်အလက်အရ တိထျန်းသည် ထိုမျိုးဆက်အတွင်း တိုက်ပွဲကို ရှုံးနိမ့်ခဲ့သည်မှာ ထိုကျမ်း၃ခုကို ပေါင်းစည်းနေစဉ်အတွင်း သူ့ဝိညာဉ်က နိုးထလာကာ အသိစိတ်ပင်လယ်က ဖရိုဖရဲအချိန်စွမ်းအားဖြင့် လွှမ်းမိုးခံလိုက်ရ၍ ဖြစ်သည်။

အတိတ်နှင့် အနာဂတ်ဗုဒ္ဓကိုယ်များ ထွက်ပေါ်လာပြီးသည့်နောက်တွင် သူတို့က တောက်ပသည့် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေ၏။

ဝမ်ဝေ့က လက်ရှိအခြေအနေ၏ အပြောင်းအလဲကို ချက်ချင်း သတိပြုမိလိုက်သည်။

အတိတ်နှင့် အနာဂတ် အင်း ငါ သူတို့ကို ဆင့်ခေါ်လို့ မရတော့ဘူးပဲ…

သူက အချိန်မြစ်ကြောင်းကို အသက်သွင်းလိုက်သည့်အချိန် သူ့ထိန်းချုပ်မှုကို ခုခံနေသည့် စွမ်းအားတစ်ခုကို အာရုံခံစားမိလိုက်သည်။

သူက အဲဒီဗုဒ္ဓကိုယ်တွေကို စတေးပြီး ဒီတိုက်ပွဲကွင်းပြင်ရဲ့ အတိတ်နဲ့ အနာဂတ်ကို စည်းပိတ်ခဲ့တာလား…

ဝမ်ဝေ့က သူ့သုံးသပ်ချက်သည် မှန်ကန်နေကြောင်း သိလိုက်၏။ အကြောင်းမှာ သူ့အချိန်ကိုယ်ပွားများက ပျောက်ကွယ်သွား၍ ဖြစ်သည်။ အတိတ်ကို ရယူခွင့်မရှိဘဲ ကိုယ်ပွားများက လက်ရှိအခြေအနေတွင် တည်ရှိနိုင်မည် မဟုတ်ဘဲ ပျောက်ကွယ်သွားရလိမ့်မည်။

ငါ့ကို တားဖို့ ဒီလောက်လွယ်တယ်များ ထင်နေလား…

ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ တွေးလိုက်မိ၏။

သူက ထိုအတွေးများ တွေးမိသည်နှင့် တိထျန်း၏ အန္တရာယ်ခံစားနှုန်းက အသက်ဝင်လာကာ သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို ယင်ယန်ဒိုင်းကာဖြင့် လွှမ်းခြုံထားလိုက်သည်။

ဝုန်း

သူ့ဒိုင်းကာ သံသရာစက်ဝန်းဂုဏ်သတ္တိများ ပါဝင်နေကာ ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာစေသော်လည်း အင်အားကြီး စွမ်းအားတစ်ခုက ထိုအရာကို ချက်ချင်း ဖျက်ဆီးပစ်ကာ သူ့ဦးခေါင်းနှင့် ဝိညာဉ်ဆီ တိုက်ရိုက်ရောက်ရှိလာသည်။

သူက လက်ကိုမြှောက်ကာ အလျင်အမြန် တုံ့ပြန်လိုက်ပြီး သူ့တာအိုဆန္ဒနှင့် စိတ်စွမ်းအားတို့ကို လှုံ့ဆော်ကာ အကောင်းဆုံးခုခံလိုက်သည်။

တိထျန်းက မိုင်သန်းချီ လွင့်စင်ထွက်သွား၏။

သူက မဖျက်ဆီးနိုင်ဖွယ် အခြေအနေတွင်ရှိနေသေးသည့် သူ့လက်ကို ကြည့်လိုက်သည်။ သူတို့က သွေးတစ်စက်ပင် မထွက်ဘဲ အစိတ်အပိုင်းများ ပျောက်ဆုံးနေလေသည်။ ထိုအရာက ပန်းချီကားမှ ခဲဖျက်ဖြင့် ဖျက်ထားသလိုမျိုး ဖြစ်၏။

ဖျက်ဆီးခြင်း တာအိုလား…

တိထျန်းက တွေးလိုက်ပြီး သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးမှုများ ရှိနေလေ၏။ သူက ထိုစွမ်းအားသည် သူ့အတွက် ကြောက်မက်ဖွယ် အပျက်အစီးကို ဖြစ်စေနိုင်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော်လည်း ထိုအရာက သူ စိတ်ရှုပ်ထွေးနေရသည့် အကြောင်းအရင်း မဟုတ်ပေ။

ထိုတိုက်ကွက်က မည်သည့်နေရာမှာ ရောက်လာသလဲဟု နားမလည်နိုင်ခြင်းသာ ဖြစ်၏။ ရိုးရှင်းသည့် သဘောတရားတစ်ခုအရ တစ်ဖက်လူသည် တိုက်ကွက်ကို ပို့ဆောင်လိုက်သော်လည်း သူက မြင်နိုင်ခြင်း မရှိသလို၊ အာရုံခံမိခြင်းလည်း မရှိဘဲ တိုက်ကွက်က ဘယ်လိုရောက်ရှိလာမှန်း မသိလိုက်ရပေ။

အချိန်တာအိုလား…

သူက အချိန်မြစ်ကြောင်းမှ ပိတ်ဆို့ခံထားရသလို ခံစားနေရသည်။ တိထျန်းက ထိုနည်းစနစ်၏ အဖြေကို ရှာဖို့ အာရုံစိုက်ထားလိုက်၏။

သို့သော်လည်း ဝမ်ဝေ့က သူ့ကို လုံလုံလောက်လောက် အချိန်မပေးပေ။

တိထျန်းက နောက်ထပ် အန္တရာယ်အငွေ့အသက်ကို ခံစားမိကာ ပထမတိုက်ကွက်ထက်ပင် မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။ ခြေလှမ်းတစ်လှမ်းဖြင့် သူက မီးတောက်ဒိုင်မေးရှင်းမှ မြေကမ္ဘာဒိုင်မေးရှင်းဆီ ရောက်ရှိသွားလေ၏။

သို့သော် သူ့အပြုအမူများက အသုံးမဝင်ကြောင်း သဘောပေါက်လိုက်သည်။ ထူးဆန်သည့် တိုက်ကွက်က ကာလံဒေသ၏ အချုပ်အနှောင်များကို လျစ်လျူရှုကာ သူ့ဆီ တိုက်ရိုက်ကျရောက်လာသည်။

တိထျန်းက ထိုစွမ်းအားသည် သူ့ကံကြမ္မာကိုပါ သုတ်သင်ပစ်ဖို့ ရည်ရွယ်နေသည့် စွမ်းအားတစ်ခုကို ခံစားမိလိုက်ပြီး မိုးမြေဆီမှ သူ့ကို သုတ်သင်ပစ်ချင်နေသည်။ ပြောရလျှင် သူ မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားရလိမ့်မည်။

ကံကြမ္မာရဲ့ အကြောက်ဆုံးနဲ့ အားအကောင်းဆုံး အကျိုးနဲ့အကြောင်း…

တိထျန်းက သေခြင်းရှင်ခြင်းစာအုပ်ကို ဆင့်ခေါ်လိုက်သည်။

သူက သူ့ဝိညာဉ်ကဏ္ဍအားလုံးကို ထိန်းချုပ်နိုင်စွမ်း မရှိသေးသော်လည်း သေခြင်းရှင်ခြင်းကိုမူ ကောင်းကောင်းထိန်းချုပ်နိုင်သည်။ ထို့ကြောင့် သူက သေခြင်းရှင်ခြင်း စာအုပ်ထဲတွင် သူ့နာမည်ကို ဖျက်လိုက်သည်နှင့် ကံကြမ္မာက သူ့ကို သုတ်သင်ရာ၌ အောင်မြင်သွားပြီဟု ယုံကြည်သွားလိမ့်မည်။

ထို့နောက် သူ့ကို သတ်ဖို့ ကြိုးစားနေသည့် စွမ်းအားက ပျောက်ကွယ်သွားသည်နှင့် တိထျန်း၏ နာမည်ကို စာအုပ်ထဲတွင် ရေးသားဖို့ စုတ်တံတစ်ချောင်း ပေါ်ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို သူက သေဆုံးမှုနှင့် မတည်ရှိသည့် အခြေအနေမှ ရှင်သန်ကာ တည်ရှိလာသည့်အခြေအနေသို့ ကူးပြောင်းလာခဲ့သည်။

နှမြောစရာကောင်းလှသည်က သူတို့နည်းဗျူဟာများသည် ဂယက်ရိုက်ခဲ့၏။ တိထျန်းက သူ့ခန္ဓာကိုယ်၏ ၆၀ ရာခိုင်နှုန်းသည် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ ထိုဖြစ်စဉ်က ပြန်ပြောင်းဖို့ မလွယ်ကူလှပေ။

ဒီလောက်တောင်မြန်တယ်လား…

တိထျန်းက နောက်ထပ် တိုက်ကွက်ကို စဉ်းစားရင်း တွေးလိုက်မိသည်။ သူက သူ့ကိုယ်သူ အလျင်အမြန် ထိန်းချုပ်ကာ အာရုံစူးစိုက်လိုက်ပြီး သူ့စိတ်ဝိညာဉ်နှင့် အာရုံစူးစိုက်မှုတို့ကို ကန့်သတ်ချက်ထိရောက်အောင် တွန်းပို့လိုက်၏။

ထို့အပြင် တိထျန်း၏ အသိစိတ်ပင်လယ်အတွင်း ရွှေရောင်သစ်ပင်ငယ်တစ်ခု ထွက်ပေါ်လာကာ သူ့ဝိညာဉ်ကို အာဟာရဖြည့်ပေးနေသည့် မြင့်မြတ်ကာ တော်ဝင်ဆန်သည့် အလင်းရောင်တစ်ခု ထုတ်လွှတ်လာသည်။ သူ့လေ့လာနိုင်စွမ်း၊ နားလည်နိုင်စွမ်းနှင့် သုံးသပ်နိုင်စွမ်းတို့က မြင့်မားသည့် အဆင့်တစ်ခုသို့ ချက်ချင်းရောက်ရှိသွား၏။

ဝုန်း

တိထျန်း၏ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားလေ၏။ သို့သော်လည်း သူက ထိုဖြစ်စဉ် တစ်လျှောက်လုံးအတွင်း အင်မတန် တည်ငြိမ်နေခဲ့သည်။

မရဏ အစားထိုးခြင်း

မရဏအစားထိုးခြင်း အဆောင်က ဧကရာဇ်မျိုးနွယ်များသည် သူတို့၏ ကောင်းကင်ရွေးချယ်ခံများ စောစီးစွာ သေဆုံးခြင်းမှ ကာကွယ်ဖို့ရာအတွက် အသုံးပြုသည့် ရှားရှားပါးပါး အရင်းအမြစ်တစ်ခု ဖြစ်ပေသည်။ တိထျန်း၏ နည်းစနစ်က ထိုအဆောင်အပေါ် အခြေခံထားပြီး သူ့ကိုယ်သူ တစ်စက္ကန့်အတွင်း ပြန်လည် အသက်သွင်းနိုင်လေသည်။

တိထျန်းက ဖြူဖျော့နေသည့် အသားအရည်ဖြင့် ပြန်လည်ပေါ်ထွက်လာခဲ့၏။

“ငါ နားလည်သွားပြီ” သူက ရေရွတ်လိုက်၏။ နောက်ဆုံးတွင် သူက ဗောဓိသစ်ပင်၏ အကူအညီဖြင့် ဝမ်ဝေ့၏ နည်းစနစ်သည် မည်သို့အလုပ်လုပ်ကြောင်း တွေ့ရှိသွားခဲ့သည်။

All Chapters