← Chapters

တိုက်ပွဲမစခင် ပန်းပဲထုခြင်း

Vol. 39 Ch. 531

တိုက်ပွဲမစခင် ပန်းပဲထုခြင်း

Vol. 39 Ch. 531

စန်းဟွာမှာ အလွန်စိတ်ပူနေသည်။ ကျားနတ်မင်းက သူတို့ကို ရန်သူအသိုက်ဆီသို့ အတားအဆီးမရှိ ခေါ်သွားနိုင်ရာ... ရန်သူ့ဘက် ပြောင်းသွားသည်ဟု ဆိုလိုသည်လား...

‘ဒါပေမဲ့ သူက နတ်ဘုရားတစ်ပါးလေ ... ငါတို့ကို လိမ်စရာမှာ မလိုတာ... ငါတို့ကို သတ်ချင်ရင် ခါချလိုက်ရုံပဲ... စားလိုက်လို့လည်း ရတာပဲ’

ထိုသို့တွေးနေပါသော်လည်း စန်းဟွာ စိတ်အေးအေး မထားနိုင်သေးပေ။ သူတို့ရောက်နေသည်မှာ ရန်သူ၏စခန်းထဲ မဟုတ်ပါ၏လော။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲ၌ ကောင်းကင်နတ်ဆိုးမျိုးနွယ် တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းနှစ်သောင်းကြာခဲ့ပြီးဖြစ်ပြီး သူမ၏မှတ်ဉာဏ်ထဲတွင် သူတို့အားလုံးက ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ သူတို့လက်ထဲ ရောက်သွားလျှင် သေရသည်ကပင် ကံကောင်းလှပြီဟု ဆိုရလိမ့်မည်။

ယခု သူတို့ ကောင်းကင်နတ်ဆိုးတို့၏ စခန်းထဲ ရောက်နေကြချေပြီ။

စန်းဟွာ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ သူတို့ကို စိုက်ကြည့်နေသော မိစ္ဆာနတ်ဆိုးများအား မြင်လိုက်ရသည်။ သူတို့က ဆာလောင်နေသော သားရဲများသဖွယ် အမှောင်ထုထဲတွင် ပုန်းအောင်းနေပြီး သူတို့ကို ခုန်အုပ်ကာ တစစီ စုတ်ဖြဲပစ်တော့မည့် အသွင်များ ရှိနေကြရာ စန်းဟွာ ကျောချမ်းလာသည်။

စန်းဟွာ၏ လက်ဝါးနှစ်ဖက်လုံး အေးစက်နေပြီး သူမအကြည့် မိစ္ဆာနတ်ဘုရားတစ်ပါးအပေါ် ကျရောက်သွားသည့်အခါ အကြည့်မလွှဲနိုင်တော့ပေ။

ထိုနတ်ဘုရားက အပေါ်ပိုင်းအဝတ်ဗလာ ဖြစ်ပြီး သာမန်လူတစ်ယောက်နှင့် မတူပေ။ မီးတောက်အမှတ်အသားများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေ၏။

သူ၏မျက်လုံးများက မီးလုံးကြီးနှစ်လုံးပမာ တဝင်းဝင်းတောက်နေလျက် ထူးဆန်းနေသည်။ သူက သူတို့ကို မြင်လျှင် ပြုံးပြသည်။ “မိန်းကလေး ငါ မင်းကို မြင်ဖူးတယ်...မင့်မိသားစုက ငါ့လက်ထဲမှာ သေခဲ့ရတာမဟုတ်လား”

စန်းဟွာ လက်သီးတင်းတင်းး ဆုပ်လိုက်မိသော်လည်း မည်သည်ကိုမျှ မပြောဖြစ်လိုက်ပေ။

ချင်မူက ထိုမိစ္ဆာနတ်ဘုရားကို တစ်ချက်လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။ သူ စန်းဟွာနှင့် ပထမဆုံးတွေ့ခဲ့တုန်းက ကောင်းကင်နတ်ဆိုးများ မြို့ထဲသို့ ဝင်ရောက်လာခဲ့၍ စန်းဟွာ၏အဖေမှာ ခုခံတိုက်ခိုက်ခဲ့ရသည်။ ထိုအချိန်တွင် မိစ္ဆာနတ်ဘုရားတစ်ပါးက စန်းဟွာတို့ မိသားစုထဲ ဝင်လာခဲ့ပြီး လူအများစုကို သတ်ပစ်ခဲ့၏။ ထိုမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းခဲ့လေသည်။ သူ စန်းဟွာ၏မျက်နှာကို မမြင်ခဲ့ရသော်လည်း သူမ၏အကြောက်တရားနှင့် အမျက်ဒေါသကိုတော့ ခံစားခဲ့ရသည်။

ချင်မူက သူမကို ခေါ်ထုတ်ရင်း ထွက်ပြေးခဲ့၍ သူမ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တုန်းက ချင်မူနှင့် စန်းဟွာသည် မတူညီသောကမ္ဘာနှစ်ခုထဲတွင် တည်ရှိနေခဲ့၍ မိစ္ဆာနတ်ဘုရား၏ရုပ်သွင်အား ရှင်းလင်းစွာ မမြင်ခဲ့ရပေ။ သို့သော် စန်းဟွာ၏ လက်ရှိအမူအရာအရ အပေါ်ပိုင်းအဝတ်ဗလာဖြင့် မိစ္ဆာနတ်ဘုရားက သူမမိသားစုကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့သော မိစ္ဆာနတ်ဘုရားဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။

“ဒီနေရာရဲ့ အ‌ဆောက်အအုံပုံစံတွေက ငါတို့မဟာမြို့ပျက်နဲ့ ဆင်တယ်... ခိုင်ဧကရာဇ်ခေတ်ရဲ့ မြို့ပျက်အတော်များများက ဒီက နန်းတော်တွေနဲ့ ‌တော်တော်တူတာပဲ” ချင်မူ ရုတ်တရက် ပြုံးလိုက်သည်။ “စန်းဟွာ... နင်တို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ငါတို့မဟာမြို့ပျက်နဲ့ ပတ်သက်နေလောက်တယ်မလား”

ချင်မူမှာ သူမကို အာရုံလွှဲပေးရန် ကြိုးစားနေသော်လည်း စန်းဟွာမှာ သူ့အတွေးနှင့်သူ ဖြစ်နေ၍ သူ့ကို အာရုံမရှိပေ။

ကျားနတ်မင်းက ဖြေသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ခိုင်ဧကရာဇ်ခေတ်နဲ့ ပတ်သက်တယ်... ဒါက ကောင်းကင်ဘုံ ၃၃ ခုထဲက ပထမဆုံးကောင်းကင်ဘုံရဲ့ တစ်စိတ်တစ်ပိုင်းပဲ.... ဒါကြောင့် အဆောက်အအုံတွေ ဆင်နေတာ မထူးဆန်းဘူး”

“ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ခိုင်ဧကရာဇ်ခေတ်ကလား” ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၍ အော်လိုက်မိသည်။ “ကောင်းကင်ဘုံ ၃၃ ခုဆိုတာ ဘယ်လိုနေရာမျိုးလဲ... ခိုင်ဧကရာဇ်ခေတ်က အဆုံးသတ်သွားပြီမဟုတ်ဘူးလား”

ကျားနတ်မင်း စိတ်ရှုပ်ထွေးသွားသည်။ “ခိုင်ဧကရာဇ်က အဆုံးသတ်သွားပြီဟုတ်လား... ဘယ်တုန်းက အဆုံးသတ်သွားတာလဲ... ခိုင်ဧကရာဇ် အရှင်လတ်လတ်ကြီး ရှိနေသေးတာကို ဘယ်လိုအဆုံးသတ်နိုင်မှာတုန်းကွ.... ခိုင်ဧကရာဇ် အသက်ရှင်နေသေးသရွေ့ ခိုင်ဧကရာဇ်ခေတ်က ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး”

ချင်မူ စိတ်နှလုံးတုန်လှုပ်သွားပြီး ရင်တဒိန်းဒိန်း ခုန်လာသည်။ ခိုင်ဧကရာဇ်ခေတ်က အဆုံးမသတ်သေးဘူးတဲ့လော....

ဤသတင်းက အံ့အားသင့်ဖွယ်ကောင်းလွန်း၏။

မဟာမြို့ပျက်နှင့် ဖုန်းတုကမ္ဘာတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်နှစ်ခုကို သူ တွေးမိလိုက်၏....

ကောင်းကင်နတ်မင်းကျောင်းဆောင်မှ နတ်ဘုရားရုပ်တုက ခိုင်ဧကရာဇ်၏ အမိန့်တော်ကို နာခံ၍ နဂါးချီလင်ကို စီးကာ နဂါးဘုရင်ကို သွားသုတ်သင်ခဲ့သော အဖြစ်အပျက် နှင့်

ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာသို့ ထွက်သွားခဲ့သည့်အကြောင်း ယမမင်း ပြောပြခဲ့သော အဖြစ်အပျက်။

ဤအဖြစ်အပျက်နှစ်ခုသည် ခိုင်ဧကရာဇ်ခေတ် အဆုံးမသတ်သေးသည့် သက်သေများပင် ဖြစ်သည်။

သို့သော် ကျားနတ်မင်း ကိုယ်တိုင်ပြောသည့်အခါ ချင်မူ အကြီးအကျယ် အံ့အားသင့်မိသေး၏။

“မင်းရဲ့ စိတ်အခြေအနေက မတည်ငြိမ်ဘူး... ခဏနေရင် တိုက်ပွဲထဲမှာ အရေးနိမ့်လိမ့်မယ်” ကျားနတ်မင်းက ကျယ်လောင်စွာ ပြောသည်။ “မင်းရဲ့စိတ်အခြေအနေက အစကတည်းက မသန်မာဘူး ... အနည်းဆုံး ကိုယ့်စိတ်ကိုယ် ပြန်ထိန်းစမ်း”

ချင်မူ ဇဝေဇဝါ မေးလိုက်မိသည်။ “ဘာတိုက်ပွဲလဲ”

“‌ရောက်ပြီ”

ကျားနတ်မင်းက တုံ့ခနဲ ရပ်၍ ခန္ဓာကိုယ်ကို လှုပ်ခါကာ ချင်မူနှင့်  စန်းဟွာကို ချပေးလိုက်သည်။ သူတို့နှစ်ယောက် မြေပေါ် ဆင်းလိုက်သည်နှင့် ကျားနတ်မင်းလည်း ကျားခေါင်းနတ်ဘုရားအသွင် ပြောင်းလိုက်၏။ သူက လူနှစ်ယောက်ကို ငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အရှင် ... ဒီနှစ်ယောက်က အသုံးမဝင်ဘူး.... စိတ်အခြေအနေအားလုံး ဂယောက်ဂယက် ဖြစ်နေတယ်... အရှင် သူတို့ကို တိုက်ခိုက်ခိုင်းရင် မရှုမလှ ရှုံးကုန်လိမ့်မယ်”

စန်းဟွာမှာ သူမမိသားစုကို သတ်ခဲ့သည့် မိစ္ဆာနတ်ဆိုးကို မြင်ခဲ့ရသောကြောင့် ဒေါသထွက်ပြီး စိတ်မထိန်းနိုင် ဖြစ်နေသည်။ ချင်မူမှာလည်း ကျားနတ်မင်း ပြောခဲ့သော သတင်းကြောင့် စိတ်နှလုံးတုန်လှုပ်နေ၏။ ကြောင်ကြောင်ငေးငေး ဖြစ်နေသည့်အတွက် နှစ်ယောက်လုံး ‌ကောင်းမွန်သောအခြေအနေတွင် မဟုတ်ပေ။

သို့သော် ကျားနတ်မင်း၏အသံကို ကြားသည်နှင့် နှစ်ယောက်လုံး စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ရှေ့တူရူသို့ ကြည့်လိုက်ကြသည်။ မြင်ကွင်းက သူတို့အား မှင်သက်သွားစေ၏။

သူတို့အရှေ့ရှိ ဖရိုဖရဲ ဖြစ်နေသော နန်းဆောင်များမှာ အတိုင်းထက်အလွန် ထူးဆန်းနေသည်။ တချို့က မီးများစွဲလောင်နေသော်လည်း မပျက်စီးကြပေ။ နန်းဆောင်များကိုယ်တိုင်က မီးတောက်များ ထုတ်လွှတ်နေသယောင် ထင်ရပြီး ပူပြင်းလှသော မီးအရှိန်ကြောင့် အထဲသို့ပင် ထိုးဖောက်မြင်နေရသည်။ လူငယ်လေးနှစ်ယောက်မှာ နန်းဆောင်အတွင်းပိုင်းကို အပြင်မှ လှမ်းမြင်နေရ၏။

မီးတောက်မီးလျှံများက မြို့တစ်မြို့လုံးအား နေ့အလား ထွန်းလင်းနေစေသည်။

နန်းဆောင်များ၏အ‌ပေါ် ကောင်းကင်ယံတွင် နတ်ဘုရားများနှင့် မိစ္ဆာနတ်ဘုရားများက တစ်ယောက်ကိုတစ်ယောက် မျက်နှာမူလျက် ရပ်နေကြသည်။ တန်ခိုးရှင်သစ်ခုတ်သမားကို ချင်မူ တန်းမြင်လိုက်ရ၏။ သူ့အနောက်တွင် ရပ်နေသော နတ်ဘုရားများကိုလည်း မြင်လိုက်ရသည်။ သူတို့ကြားတွင် စန်းဟွာ၏အဖေ ရှိနေသည်။

သစ်ခုတ်သမားတို့နှင့် ဆန့်ကျင်ဘက်တွင်မူ မိစ္ဆာနှင့်မတူဘဲ အတော်လေး တင့်တယ်ခံ့ညားနေသော မိစ္ဆာနတ်ဘုရားတစ်ပါး ရှိနေ၏။ အရုပ်ဆိုးသည့်အရာဆို၍ သူ့တွင် နားနှစ်ဖက်လုံး ကင်းမဲ့နေခြင်းသာ ရှိသည်။

ထိုသူ၏ ဘယ်ဘက်နား, နေရာတွင် မျက်နှာတစ်ခု ရှိနေသလို၊ ညာဘက်နား နေရာတွင်လည်း အလားတူဖြစ်၏။

ချင်မူမှာ သူ့နောက်စေ့ကို မမြင်ရ၍ နောက်စေ့တွင်လည်း မျက်နှာတစ်ဖက်  ရှိနေမည်လား မပြောတတ်ပေ။

ရုတ်တရက် ကိုက်‌‌ပေါင်းများစွာ တုတ်ခိုင်သော အနက်ရောင်တိုင်လုံးကြီးတစ်လုံး ထွက်ပေါ်လာသည်။ အနက်ရောင်စေတီသဖွယ် တိုင်လုံးကြီးက မြေကွက်လပ်ထဲသို့ ဒေါင်လိုက်စိုက်ဝင်သွားသည်။

မယုံနိုင်လောက်အောင် ကြီးမားသော ပုဆိန်ကြီးတစ်လက်လည်း မြေကွက်လပ်ထဲသို့ ပစ်လွှတ်ခံလိုက်ရသည်။ ပုဆိန်ကြီးသည် အနက်ရောင်တိုင်လုံးကြီးတစ်မျှ ကြီးမား၏။

ထိုအခါမှ အနက်ရောင်တိုင်လုံးကြီးက အနက်ရောင်စေတီမဟုတ်ဘဲ လှံကြီးတစ်လက် ဖြစ်ကြောင်း ချင်မူ သတိထားမိလိုက်သည်။

၎င်းက သစ်ခုတ်သမား၏ ပုဆိန်နှင့် မျက်နှာချင်းဆိုင်တွင် မတ်မတ် စိုက်ဝင်နေသည်။

ဝိညာဉ်လက်နက်နှစ်ခုမှာ အလွန်ကြီးမားလှသည့်အတွက် ဖိအားကြောင့် မြေပြင်ထက်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

“မြေကွက်လပ်ထဲ ဝင်လိုက်” ကျားနတ်မင်းက သူတို့နှစ်ယောက်ကို လောနေသည်။ “အရှေ့က လူတွေ သေတာနဲ့ မင်းတို့အလှည့် လာလိမ့်မယ်”

ချင်မူနှင့် စန်းဟွာလည်း မြေကွက်လပ်အနားသို့ လျှောက်သွားသည်။ ကွက်လပ်ထဲတွင် သွေးအလိမ်းလိမ်းဖြစ်နေသော ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ရှိနေ၏။ သူတို့က အသက်ရှူနှုန်းများကို ထိန်းလျက် ချပ်ဝတ်တန်ဆာများဖြင့် ရပ်နေကြရာ စစ်မြေပြင်မှ ရောက်လာကြခြင်း ဖြစ်တန်ရာသည်။

အခြားတစ်ဖက်တွင်လည်း လူငယ်ကောင်းကင်နတ်သိုင်းပညာရှင်များ ရှိကြသည်။ သို့သော် ကောင်းကင်နတ်ဆိုးမျိုးနွယ် ဖြစ်ချေသည်။ သူတို့လည်း ဒဏ်ရာဒဏ်ချက်များ ရထား၍ စစ်မြေပြင်မှ ရောက်လာကြခြင်းဖြစ်လိမ့်မည်။ အားလုံးက ရက်စက်ခက်ထန်ပြီး ရဲရင့်သောအသွင် ရှိကြ၏။

“အရှင် သူတို့ ရောက်ပါပြီ” ကျားနတ်မင်းက ကောင်းကင်ယံရှိ တန်ခိုးရှင်သစ်ခုတ်သမားအား အရိုအသေပေးလိုက်သည်။

“သူတို့ဘာလို့ စိတ်မငြိမ်ကြတာလဲ”

ကျားနတ်မင်းက တမုဟုတ်ချင်း ပြန်ဖြေသည်။ “သူ့ရဲ့ စိတ်အခြေအနေက နိမ့်ကျလွန်းပါတယ်... ခိုင်ဧကရာဇ်ခေတ် အဆုံးမသတ်သေးတာကို ကြားလိုက်တာနဲ့ အဲဒီလိုစိတ်နဲ့ကိုယ် မကပ်တော့တာပါ”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို စိုက်ကြည့်လိုက်၍ ကျားနတ်မင်း၏ နားရွက်နှစ်ဖက် နောက်ကုပ်သွားသည်။ သူ စကားမပြောရဲတော့ပေ။

တန်ခိုးရှင်သစ်ခုတ်သမား ချင်မူ့ကို လှမ်းကြည့်လိုက်သည့်အခါ ချင်မူက ထောင်ကျယ်အိတ်ထဲမှ အနက်ရောင်သံတုံးတစ်တုံး ထုတ်နေသည်။ ထို့နောက် နန်းဆောင်များမှ ဖြာထွက်နေသော မီးအား သွားတို့၏။

‘စိတ်လည်း မငြိမ်ဘူး... လုပ်ချင်တာလည်း လုပ်တတ်တယ်... သူက အသုံးတည့်ပါ့မလား.... ငါ သုံးသပ်တာပဲ မှားသွားတာလား... စစ်မြေပြင်ထဲမှာတုန်းက သူ အဲဒီလောက် မစပ်စုတတ်ပါဘူး...’

ချင်မူ့လက်ထဲရှိ အနက်ရောင်သံတုံးမှာ မီးအရှိန်ကြောင့် ခြစ်ခြစ်တောက် ပူလာသည်။ ချင်မူက တမုဟုတ်ချင်း ပစ်ချလိုက်၏။ သံတုံးတစ်တုံးစလုံး အရည်ပျော်သွားသည့်တိုင် မီးတောက်များက မငြိမ်းသေးပေ။ သံရည်ပူများ ပြာကျသွားသည်အထိ မီးစွဲလောင်နေသေးသည်။

“ဒီနေရာကို လီမြို့လို့ ခေါ်တာ အံ့ဩစရာမရှိဘူးး.... ဒါက တကယ် လီမီးလျှံ ဖြစ်နေတာကိုး”

သူ့အနောက်ရှိ နတ်ဘုရားတစ်ပါး တအံ့တဩ ပြောလိုက်၍ တန်ခိုးရှင်သစ်ခုတ်သမား မျက်မှောင်ကြုတ်သွားသည်။

“လီမီးလျှံတင် ရှိနေတာမဟုတ်ဘူး မိစ္ဆာမီးလျှံလည်း ရှိနေတယ်” ချင်မူက ပြောလိုက်သည်။

ကျားနတ်မင်းမှာ မနေနိုင်ဘဲ ဝင်ရှင်းပြသည်။ “ဒီနေရာကို ကောင်းကင်နတ်ဆိုးတွေ သိမ်းထားတာ ဆိုတော့ လီမီးလျှံထဲမှာ သူတို့မီးလျှံတွေ ထည့်ပြီး အကောက်ကြံထားတာပဲ.... သွားမထိနဲ့ မင်း အရိုးပြာကျတဲ့အထိ မီးစွဲလောင်ပြီး သေသွားလိမ့်မယ်.... ဟုတ်သား လီမီးလျှံထဲမှာ မိစ္ဆာမီးလျှံ ရှိနေတာ မင်း ဘယ်လိုသိလဲ”

“လီမီးလျှံက အပူဓာတ်ပြင်းတော့ မဟူရာသံထည်ကို အလွယ်တကူ အရည်‌ဖျော်ပေးနိုင်တယ်... ဒါကြောင့် သတ္ထုသွန်းလုပ်ဖို့ သင့်တော်တယ်.. ဒါပေမဲ့ ပြာကျတဲ့အထိတော့ လောင်ကျွမ်းပစ်မှာ မဟုတ်ဘူး” ချင်မူက ရှင်းပြသည်။ “မိစ္ဆာမီးမှာကျ သိပ်ကြောက်စရာကောင်းတဲ့ သဘာဝရှိတယ်.... အဲဒါက တိုက်စားပစ်တာပဲ... ဒါပေမဲ့ အပူဓာတ်က မမြင့်ဘူး.... ဒါကြောင့် မဟူရာသံကို အရည်ဖျော်လိုက်တာက လီမီးလျှံဖြစ်ပြီး အစအနမကျန်အောင် လောင်ကျွမ်းပစ်ပေးလိုက်တာကတော့ မိစ္ဆာမီးလျှံပဲ”

ရုတ်တရက် ချင်မူ့မျက်လုံးများ ဝင်းလက်လာ၍ ကျားနတ်မင်းမှာ တအံ့တဩ ထခုန်လိုက်မိသည်။

“မိစ္ဆာမီးက ဝိညာဉ်လက်နက်တွေကို သွန်းလုပ်ပေးနိုင်တယ်... လီမီးက ပိုလို့တောင် အရည်အသွေးကောင်းတဲ့ နတ်မီးပဲ... ဒီခရီးကတော့ သိပ်အကျိုးရှိတယ်ဟ... ငါ့ဓားစက်လုံးတွေကို ထပ်ပြီး အဆင့်မြှင့်လို့ရပြီ” ချင်မူ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ရွှေအက သူ့ကို သတ္ထုသွန်းလုပ်ခြင်း၏ ဆန်းကြယ်သော သဘောတရားများကို သင်ပေးခဲ့၍ မည်သည့်မီးအမျိုးအစားကိုမဆို သူ သုံးတတ်၏။ ယခုတွင် နှစ်မျိုးမြင်နေရရာ သူ စိတ်မလှုပ်ရှားမိဘဲ မနေတော့ပေ။ သူက သံပြားတစ်ပြား ထုတ်ပြီး အနက်ရောင်သံတူကြီးတစ်လက် ထုတ်လိုက်သည်။

“နောင်ကြီးကျားကတော့ မသိလောက်ပေမယ့် ကျွန်တော့်ဓားစက်လုံးက လက်ချောင်းကို ရစ်ပတ်ထားနိုင်အောင် ပျော့ပျောင်းနေတဲ့အဆင့် ရောက်နေပြီ... နောက်အဆင့်တစ်ဆင့်က စီးဆင်းနေတဲ့ ရေအလျဉ်လို ရွေ့လျားနိုင်တဲ့အဆင့်ပဲ... အရင်တုန်းက အဆင့်မြင့်မီးလျှံတွေ မတွေ့ခဲ့လို့ အဆင့်မမြှင့်နိုင်ခဲ့ပေမယ့် အခုတော့ မြှင့်လို့ရပြီ”

ချင်မူက ဓားစက်လုံးကို ထုတ်၍ မှင်သက်နေသော ကျားနတ်မင်းဆီ လှမ်းကြည့်လိုက်သည်။ ထို့နောက် ပြုံးရယ်လျက် ပြောလိုက်၏။ “မိစ္ဆာမီးက မဟူရာသံကို မီးလောင်ပြာချပစ်နိုင်ပေမယ့် မဟူရာ‌ရွှေအမြုတေကိုတော့ ပြာမချပစ်နိုင်ဘူး.. ကျွန်တော့်ဓားတွေက မဟူရာရွှေအမြုတေကို ကောင်းကင်သတ္ထုနဲ့ ‌ပေါင်းစပ်ပြီး သွန်းလုပ်ထားတာ... သူတို့ကို မိစ္ဆာမီးနဲ့ ပုံသွင်းပေးလိုက်ရင် အညစ်အကြေးတွေကို ဖယ်ထုတ်လို့ရသွားပြီ”

ပတ်ဝန်းကျင်ရှိ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများ ကြောင်သွားကြသည်။ ချင်မူက သတ္ထုသွန်းရန် စားပွဲခုံတစ်ခုံအား အလျင်အမြန် တည်ဆောက်ပြီး အနက်ရောင်လည်စည်းရင်ဖုံးအစကို ထုတ်ကာ ခါးတွင် စည်းလိုက်၏။ သူက ဓားပျံများကို စားပွဲပေါ် တင်ပြီး တစ်လက်ကောက်ကာ မီးထဲ နှစ်လိုက်သည်။

ဒေါင်

သတ္ထုကို ထုရိုက်လိုက်သော အသံက လေးနက်နေသောအခြေအနေကို ဖျက်စီးလိုက်သည်။ ချင်မူက ဓားတစ်လက်ချင်းကို အသေအချာ ထုရိုက်နေ၏။ ရိုက်ချက်တိုင်းက အချိန်အဆမိမိဖြင့် တိကျနေသည်။

“ခြွေလှေတဲ့ ကောင်လေး” စန်းဟွာက ခပ်တိုးတိုး ကပ်မေးသည်။ “နင်က ပန်းပဲလည်း လုပ်တတ်တာပဲလား” (ချင်မူရဲ့ ချင်က ခြွေလှေ့တယ်လို့ အဓိပ္ပါယ်ရတဲ့ ချင်ပါ)

ချင်မူက ခေါင်းမထောင်ဘဲ နှိမ့်နှိမ့်ချချ ပြောလိုက်သည်။ “ဆယ်နှစ်ကျော်လောက် လေ့လာခဲ့တာဆိုတော့ သင်္ချာထက် နည်းနည်းပိုကျွမ်းရုံတင်ပါ”

စန်းဟွာက လျှာတစ်လစ်ဖြစ်သွားပြီး သူ ပန်းပဲထုနေသည်ကို ကြည့်နေ၏။ သူမစိတ်က ယောက်ယက်ခတ်နေသောအခြေအနေမှ ပြန်လည်တည်ငြိမ်သွားသည်။

သူမအဖေက သူမလည်း ပါလာသည်ကိုမြင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်ကာ ပါးစပ်ဟလိုက်သည်။ သို့သော် မည်သည်ကိုမျှ မပြောလိုက်ပေ။

ဒေါင် ဒေါင် ဒင် ဒင်

ချင်မူက အဆက်မပြတ် ထုရိုက်နေသည်။ ပတ်ဝန်းကျင်တွင် နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးဆယ်ယောက်ကျော် ရှိပါသော်လည်း သူ၏ သတ္ထုထုရိုက်နေသံသာ ကြားရ၍ သူတို့အားလုံး စိတ်အနှောင့်အယှက် ဖြစ်လာကြ၏။

ရုတ်တရက် တန်ခိုးရှင်သစ်ခုတ်သမားနှင့် မျက်နှာချင်းဆိုင်ရှိ မိစ္ဆာနတ်ဘုရားက ခေါင်းလှည့်လိုက်ပြီး မျက်နှာတစ်ခုဖြင့် သူ့အား ကြည့်သည်။ သူက ဖော်ရွေစွာ ပြောလိုက်သည်။ “ဖုရွေ့လော်အနေနဲ့ ကောင်းကင်နတ်ဘုံအတုက ကောင်းကင်ဆရာသခင်ကို တွေ့ခွင့်ရပြီပေါ့လေ... မင်းရဲ့ ဂုဏ်သတင်းက မင်းကို ကိုယ်တိုင်တွေ့ရတာလောက် မယှဉ်နိုင်တာ အမှန်ပဲ.... မင်းရဲ့ ဆက်ခံသူ ဒီကောင်လေးက စိတ်ဝင်စားစရာကောင်းပေမယ့် မင့်အစား သူ့ကို တိုက်ခိုက်စေချင်တာ သေချာရဲ့လား”

တန်ခိုးရှင်သစ်ခုတ်သမား၏အမူအရာက အပြုံးအရယ် ကင်းမဲ့၏။ “စိတ်နှလုံးကို ကျင့်ကြံတယ်ဆိုတာ သတ္ထုထုရိုက်တာလိုမျိုးပဲ.... သူ့စိတ်နှလုံးက စောစောက မငြိမ်မသက် ဖြစ်နေလို့ ပန်းပဲထုရင်း ယောက်ယက်ခတ်နေတဲ့ ခံစားချက်တွေကို တည်ငြိမ်အောင် လုပ်နေရုံလေးပါပဲ... ဒါက စိတ်အခြေအနေကို ကျင့်ကြံတဲ့နည်းလမ်းတစ်ခုပဲလေ ဖုရွေ့လော် ... မင်း မမြင်နိုင်ဘူးလား”

ဒေါင် ဒေါင် ဒေါင်

ချင်မူက တူကြီးကို မြှောက်၍ ဓားသွားများအား မရပ်မနား ထုနေသည်။ စိတ်နှလုံးကို ကျင့်ကြံနေသည်နှင့် လားလားမျှမတူဘဲ အမှန်တကယ် သတ္ထုသွန်းလုပ်နေသည်နှင့်သာ တူနေ၏။

သစ်ခုတ်သမား၏ မျက်လုံး‌ထောင့်စွန်းများး တွန့်သွားပြီး မျက်နှာတည်တည် မထားနိုင်တော့ပေ။ ‘သူ ဘာလို့ ထုနေသေးတာတုန်း’

အောက်တွင် ချင်မူက ထုပြီးသွားသော ဓားများကို သိမ်း၍ နောက်တစ်သုတ် ထုတ်ကာ မီးထဲ နှစ်လိုက်သည်။

သစ်ခုတ်သမား၏ နဖူး၌ သွေးကြောများ ‌ထောင်လာသော်လည်း သူက ပြန်လည်ဖိချလိုက်သည်။

ဖုရွေ့လော်က ကျယ်လောင်စွာ ရယ်လိုက်၏။ “မင်းအနေနဲ့ ငါ့ကို ဖယ်ရှားဖို့ ခက်သလို၊ ငါလည်း မင်းကို မဖယ်ရှားနိုင်ဘူး... ဒါဆိုလည်း ဒီအငယ်တွေကိုပဲ ငါတို့အစား တိုက်ခိုက်ခိုင်းတာပေါ့.... ကောင်းကင်ဆရာသခင်၊ ငါ့ဘက်က နိုင်ရင် မင်း ပြန်ဆုတ်ပြီး မင်းရဲ့အိပ်မက်ကိုပဲ ဆက်မက်နေလိုက်တော့... မင့်ဘက်က နိုင်ရင်တော့ လီမြို့ကို မင်းဆီ ပေးမယ်”

တန်ခိုးရှင်သစ်ခုတ်သမား အတန်ငယ် တွန့်ဆုတ်နေသော်လည်း တဒေါင်ဒေါင် တဒင်ဒင် ထုရိုက်သံများက သူ့နားထဲ ရောက်လာပြန်သည်။ ချင်မူက ဓားများကို အလေးအနက် ရိုက်နေဆဲ ဖြစ်၏။

အနားရှိ မင်ယီမြို့အရှင်က ခပ်တိုးတိုး ပြောလာသည်။ “ကောင်းကင်ဆရာသခင် မပူပါနဲ့... ကျွန်တော်တို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ လူငယ်ပါရမီရှင်တွေ ရှိပါတယ်... အားလုံးက အစစ်အမှန်နတ်ဘုရားအထုံပါရမီနဲ့ လူငယ်တွေပါ... ဖုရွေ့လော်ရဲ့ တပည့်အောက် အားမနည်းပါဘူး”

တန်ခိုးရှင်သစ်ခုတ်သမားမှာ သံကို ထုရိုက်နေသေးသော ချင်မူ့အား ကြည့်ပြီး ခေါင်းညိတ်လိုက်ရတော့သည်။

၎

င

၎

၎

All Chapters