← Chapters

ဓားမနတ်ဘုရား

Vol. 39 Ch. 532

ဓားမနတ်ဘုရား

Vol. 39 Ch. 532

တန်ခိုးရှင်သစ်ခုတ်သမားက မျက်နှာချင်းဆိုင်ရှိ မိစ္ဆာနတ်ဘုရားများ၏ မာန်တက်နေသော တပည့်များကို ကြည့်လိုက်သည်။ ထိုကောင်းကင်နတ်ဆိုးငယ်များအားလုံး ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။ တစ်ယောက်ချင်းတိုင်းတွင် ကြောက်မက်ဖွယ်ရာ ရုပ်ခန္ဓာများ ရှိကြ၍ အတိုင်းထက်အလွန် သန်မာအားကောင်းကြသည်။ သေခြင်းရှင်ခြင်းများစွာကို ကြုံတွေ့ကျော်ဖြတ်ခဲ့ဖူးသော သိုင်းပညာရှင်များဖြစ်ကြောင်း သိသာပေသည်။

သူ့အနေဖြင့် ကောင်းကင်နတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် သူတို့မျိုးနွယ်၏အင်အားကို သေချာစွာ သိထား၏။ ရုပ်ခန္ဓာချင်းယှဉ်လျှင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အစစ်အမှန်နတ်ဘုရားအထုံပါရမီရှိသော ကောင်းကင်နတ်သိုင်းပညာရှင်များပင် အတန်ငယ် နိမ့်ကျနေလိမ့်မည်။

ထို့အပြင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး ကောင်ကင်နတ်ဆိုးများဖြင့် မကြာခဏ တိုက်ခိုက်နေရသောကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကဲ့သို့ ကောလိပ်ကျောင်းများ၊ တက္ကသိုလ်များ တည်ထောင်ရန် အချိန်မရှိပေ။ ဂိုဏ်းများလည်း မတည်ထောင်နိုင်သည့်အတွက် နတ်ဘုရားများကသာ အထုံပါရမီအားကောင်းသည့် လူငယ်များကို ရှာဖွေ၍ ကိုယ်တိုင်သင်ပေးရသည်။

ထိုအခြေအနေတွင် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေ၏။ ကောင်းကျိုးအနေဖြင့် နတ်ဘုရား၏ ကိုယ်တိုင်သင်ကြားမှုကြောင့် တပည့်တစ်ဦးတစ်ယောက်ချင်းစီသည် အလွန်တရာအားကောင်းပြင်းထန်သော စွမ်းရည်များဖြင့် လက်ရွေးစင်များ ဖြစ်လာကြ၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် လမ်းစဉ်များ၊ ကျင့်စဉ်သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများအား လွှဲပြောင်းသင်ကြားပေးရာ၌ ပြဿနာတစ်စုံတစ်ရာ မရှိပေ။ နတ်ဘုရားအဆင့် ကျင့်စဉ်များကိုပင် လွှဲပြောင်းပေး၍ရသည်။ ဥပမာ စန်းဟွာဆိုလျှင် သူမအဖေ စန်းယဲ့ကိုယ်တိုင် သင်ကြားပေးထားခြင်းဖြစ်သည်။

ဆိုးကျိုးအနေဖြင့် တပည့်တစ်ယောက်သည် ဆရာသင်ပေးသော အရာကိုသာ သင်ယူနိုင်၏။ အခြားလူ၏ ပြိုင်ဘက်ကင်း သိုင်းကွက်များကို လေ့လာသင်ယူရန်မှာ သူတို့အတွက် ခက်ခဲလေသည်။ ဥပမာ စန်းဟွာသည် စန်းယဲ့၏ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို ကျင့်ကြံထား၍ သူ့တွင် မရှိသော ‌ကောင်းကင်နတ်သိုင်းများကို တစ်ခါမှ မလေ့လာဖူးပေ။ လေ့လာလျှင်တောင်မှ အခြားလူက သူမကို စန်းယဲ့ကဲ့သို့ အားသွန်ခွန်စိုက် သင်ပေးနိုင်မည်မဟုတ်။

အခြားသူများ၏ ကျင့်စဉ်သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကို မလေ့လာသည့်အခါ လူတစ်ယောက်သည် အထူးပြုနယ်ပယ်တစ်ခုတွင်သာ ကျွမ်းကျင်‌တော့၏။ ရလဒ်အနေဖြင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက တိုးတက်မှုမရှိတော့ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့်ယှဉ်လျှင် များစွာ ခေတ်နောက်ကျနေ၏။

ချင်မူလည်း ထိုအခြင်းအရာများကို မြင်နိုင်ခဲ့ရာ တန်ခိုးရှင်သစ်ခုတ်သမားလည်း မြင်နိုင်လေသည်။

တန်ခိုးရှင်သစ်ခုတ်သမားမှာ ပန်းပဲထုနေသေးသော လူငယ်လေးကို ကြည့်ရင်း သူ့ကိုယ်သူ သံသယဝင်လာမိ၏။ ‘စစ်မြေပြင်မှာ သူ ဒုက္ခရောက်နေတာ မြင်လိုက်တုန်းက သူ နားလည်နိုင်မယ့် ကောင်းကင်နတ်သိုင်းတစ်ခုကို ငါ ထုတ်သုံးပြလိုက်တယ်... သူကလည်း ချက်ချင်း တတ်သွားပြီး အသက်ဘေးကနေ လွတ်သွားခဲ့တယ်... ငါ့ရဲ့ ဆက်ခံသူအနေနဲ့ ပြိုင်ဘက်ကင်းတဲ့ ပါရမီ ရှိထားသင့်သလို၊ ငါ အမွေပေးခဲ့တဲ့ ကျင့်စဉ်ကိုလည်း ပြီးပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံထားနိုင်မှာပဲ... ဒါကြောင့် သူ ငါ့ကောင်းကင်နတ်သိုင်းကို ချက်ချင်း နားလည်သွားတာ.... ဒါပေမယ့် အခု ဘာလို့ ဒီလိုဖြစ်သွားတာလဲ... ငါ ထင်တာပဲ မှားခဲ့တာများလား’

ထိုအခိုက်အတန့်တွင် နတ်ဘုရားတစ်ပါးက လမ်းလျှောက်လာပြီး ဦးညွှတ်အရိုအသေပေးသည်။ “ကောင်းကင်ဆရာသခင်၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ခုနစ်စဉ်ကြယ်အဆင့် သိုင်းပညာရှင်တွေ ရောက်လာပါပြီ”

တန်ခိုးရှင်သစ်ခုတ်သမားက သူတို့ကို ကြည့်၍ ခပ်သာသာ ခေါင်းညိတ်လိုက်သည်။ “ဝင်လာခွင့်ပေးလိုက်”

စန်းဟွာက ရောက်လာသူများအား ကြည့်ကာ မျက်လုံးများ တောက်ပလာ၏။ “ခြွေလှေ့တဲ့ ကောင်လေး ... ဟိုကောင်မလေးက ယွီဟယ်လို့ ခေါ်တယ်... သူက ခုနစ်စဉ်ကြယ်အဆင့်မှာ နံပါတ်တစ် ကောင်းကင်နတ်သိုင်းပညာရှင်ပဲ”

ချင်မူက မီးတောက်ထဲမှ ဓားတစ်လက်ထုတ်၍ ကြည့်လိုက်သည်။ ပူသင့်သ‌‌လောက် မပူသေးသောကြောင့် ပြန်ထည့်လိုက်၏။

စန်းဟွာမှာတော့ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ချင်မူ့ကို ပြောနေ၏။ “ယွီဟယ်က အစစ်အမှန်နတ်ဘုရားပန်ယုရဲ့ တပည့်... နတ်ဘုရားနှိမ်စေတီရဲ့ စမ်းသပ်မှုကို အောင်ထားပြီးသား.. အစစ်အမှန်မိစ္ဆာငယ်အဆင့် ကောင်းကင်နတ်ဆိုးသုံးကောင်ကိုလည်း သတ်ပစ်နိုင်ခဲ့လို့ သူ့ကို ခုနစ်စဉ်ကြယ်အဆင့်မှာ နံပါတ်တစ်လို့‌ အသိအမှတ်ပြုထားကြတယ်... တွေ့လား ဟိုကောင်မ‌လေးလေ... ဆံပင်ကို စေတီလိုပုံစံ ခပ်မြင့်မြင့် ထုံးထားတဲ့တစ်ယောက်.... သိပ်လှတာပဲနော်”

ကျားနတ်မင်းက အေးတိအေးစက် အမူအရာဖြင့် ယွီဟယ်ဆိုသည့် မိန်းကလေးကို လှမ်းကြည့်သည်။ ယွီဟယ်က နားဆွဲများ၊ လက်ကောက်များကို ချွတ်ကာ အဝတ်အစားအား သပ်သပ်ရပ်ရပ် လုပ်နေ၏။ သေခြင်းရှင်ခြင်းတိုက်ပွဲအတွက် အသင့်ပြင်နေသည့် သက်သေဖြစ်သည်။

“မဆိုးဘူးပဲ” ကျားနတ်မင်းက ချီးကျူးလိုက်သည်။ “ခန္ဓာကိုယ်လှုပ်ရှားမှုတွေအတွက် အတားအဆီးမဖြစ်အောင် လက်ဝတ်တန်ဆာတွေကို ချွတ်ထားတယ်... တိုက်ပွဲပေါင်းများစွာနဲ့ ပုံသွင်းခံထားရတဲ့ သိုင်းသမားတစ်ယောက်လို့တောင် ပြောလို့ရတယ်”

“ခြွေလှေ့တဲ့ကောင်လေး ... ကြည့်ကြည့်.... ခုနစ်စဉ်ကြယ်အဆင့် ထိပ်တန်းသိုင်းပညာရှင်အဆင့် ဆယ်ယောက်လုံး ရောက်လာကြပြီ... နေဦး မဟုတ်သေးဘူး နှစ်ယောက်လိုသေးတယ်... သူတို့ တိုက်ပွဲကျသွားတာများလား”

ချင်မူက ဓားများကို ထုရိုက်ရာတွင်သာ အာရုံရှိပြီး ခန္ဓာကိုယ်ကို လှုပ်ခါကာ ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်အသွင် ပြောင်းလိုက်သည်။ ထို့နောက် ရေငွေ့ကို ဖန်တီး၍ ဓားကို အအေးခံသည်။ အအေးခံပြီးသော ဓားကို ဆုပ်ကိုင်ပြီး ချီစွမ်းအင် ထည့်သွင်း၏။ ဓားအား လက်နှစ်ဖက်ဖြင့် ပွတ်လိုက်သည့်အခါ ပြောင်လက်နေသော ဓားကား စက်လုံးလေးတစ်လုံးအသွင် ပြောင်းသွားတော့သည်။

သူက စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်၏။

စန်းဟွာမှာ ထခုန်မတတ် စိတ်လှုပ်ရှားနေသည်။ “ကြည့် ကြည့်.. အဲဒါ ရွှီယောင်ပဲ.... သူ့ဆရာက အစစ်အမှန်နတ်ဘုရားယန်ရွှေ ဆိုပေမယ့် ဖုရွေ့‌လော်နဲ့ တိုက်ခိုက်ရင်း သေသွားပြီ... ဒါပေမဲ့ ရွှီယောင်က တကယ် အင်အားကြီးမားတယ်... သူ့မှာ ဆရာသခင်တစ်ယောက်ရဲ့ အမူအကျင့်ရှိသလို သူ့သိုင်းကွက်တွေကလည်း အားကောင်းပြင်းထန်တယ်... သူ လျှောက်တဲ့ လမ်းကြောင်းက ရုပ်ခန္ဓာကို တန်ခိုးရှင်ရုပ်ခန္ဓာ ဖြစ်လာစေမယ့် လမ်းကြောင်းပဲ”

ကျားနတ်မင်းက ရွှီယောင်ကို လှမ်းကြည့်ပြီး မိုးပြိုကျလျှင်တောင်မှ ထိတ်လန့်မည့်ဟန်မရှိသော လူငယ်၏ တည်ငြိမ်အေးဆေးသော ဟန်ပန်ကို မြင်လိုက်ရသည်။ မိစ္ဆာနတ်ဆိုးများနှင့် နတ်ဘုရားများ၏ ရှေ့မှောက်တွင်ပင် သူ၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။

“သူက ဒီခြွေလှေ့တဲ့ကောင်လေးထက် အများကြီး တည်ငြိမ်တယ်... လျှောက်မစပ်စုတတ်ဘူး... ရွှီယောင်ကလည်း သိုင်းပညာရှင်တစ်ယောက်ပေပဲ” ကျားနတ်မင်းက ချီးကျူးလိုက်၏။

ရွှီယောင်က လျှောက်လာသည်။ သူသည် အလွန်လေးနက်တည်ကြည်သော လူငယ်တစ်ယောက် ဖြစ်ပြီး တည်ငြိမ်အေး‌ဆေးသော အမူအရာ ရှိ၏။

သူ့အနောက်ရှိ လူငယ်များလည်း ထူးခြားကြသည်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ အားလုံးတွင် သိပ်သည်းထူထဲသော အသတ်အဖြတ်အရှိန်အဝါ ရှိကြသည်။ အားလုံးက စစ်မြေပြင်မှ ရောက်လာကြခြင်း ဖြစ်လိမ့်မည်။

စန်းဟွာမှာ အဆုံးအစွန်အထိ စိတ်လှုပ်ရှားနေတော့သည်။ “ဒီလူတွေက နတ်ဘုရားနှိမ်စေတီကနေ ထွက်လာနိုင်ကြတဲ့ လူငယ်သိုင်းပညာရှင်တွေပဲ.. အားလုံးက ထူးချွန်ထက်မြက်ကြတယ်... ဟိုးက ဟွမ်ယွဲ့ပဲ... သူက အကြီးစားစစ်ပွဲတွေမှာ ဝင်တိုက်ခိုက်ပေးခဲ့လို့ စစ်မှုထမ်းကောင်းတစ်ယောက် ဆိုပြီး ထင်ရှားတယ်... သူကလည်း အစစ်အမှန်နတ်ဘုရားပန်ယုရဲ့ တပည့်ပဲ... နတ်ဘုရားနှိမ်စေတီကို အမြန်ဆုံး ဖြတ်ကျော်နိုင်ခဲ့တာ သူပဲလေ... အဆင့်ကတော့ နည်းနည်းနိမ့်တယ်... အဆင့်သုံး”

ချင်မူက ပြုပြင်ထုရိုက်ပြီးသွားသော ဓားပျံများကို သိမ်း၍ ကျန်ဓားပျံများအား လီမီးလျှံထဲ ထည့်ကာ တကုပ်ကုပ် အလုပ်လုပ်နေသည်။

ကျားနတ်မင်းက ဟွမ်ယွဲ့ကို ကြည့်ကာ သိုင်းအရူးတစ်ယောက်ဖြစ်ကြောင်း သတိထားမိလိုက်၏။ ယခုလို အခြေအနေတွင်ပင် ဟွမ်ယွဲ့က သိုင်းကျင့်နေသေး၏။ လမ်းလျှောက်ရင်း သိုင်းကွက်များ ထုတ်ဖော်နေပြီး သူ့ခေါင်းထက်တွင် တိမ်တိုက်များ လွင့်မျောနေသည်။

ဟွမ်ယွီ၏ ကျင့်စဉ်က ထူးဆန်းသည့်အပြင် မူလဝိညာဉ်ကို ဖွဲ့တည်ပြီးထား၏။ အပြင်သို့ မထုတ်လွှတ်နိုင်သေး‌သော်လည်း သူ၏မူလဝိညာဉ်က ချီစွမ်းအင်ကို ရှူသွင်းရှူထုတ်နိုင်ပြီဖြစ်သည်။

“ဒီလူ့ရဲ့ ကျင့်စဉ်စွမ်းအင်က ‌တော်တော်သိပ်သည်းတာပဲ” ကျားနတ်မင်း၏မျက်လုံးများ လင်းလက်သွားပြီး သူက ချီးကျူးလိုက်သည်။ “သိုင်းရူးတစ်ယောက်ဆိုပေမယ့် သူ့အတွေးတွေက စင်ကြယ်တယ်... ပိုပြီးသန်မာအားကောင်းလာအောင် လုပ်ဖို့အပြင် တခြား ဘာအတွေးမှ မရှိဘူး... ဒါကြောင့် သူ့စိတ်အခြေအနေက တော်တော်မြင့်မားတယ် ပြောရမယ်... ခြွေလှေ့တဲ့ကောင်လေးနဲ့ ကျစ်ဆံမြီးနဲ့မိန်းကလေး မင်းတို့နှစ်ယောက် သူ့ဆီက သင်ယူသင့်တယ်”

စန်းဟွာမှာ ကျားနတ်မင်း သူမအား အကြံဉာဏ်ပေးမှန်း သိသည့်အတွက် ကပျာကယာ ခေါင်းညိတ်လိုက်သည်။

ကျားနတ်မင်းက ဓားပျံနောက်တစ်သုတ် ထုတ်၍ မီးထဲ ထည့်နေသော ချင်မူ့ဆီသို့ လှမ်းကြည့်လိုက်သည်။ သူက တူကြီးဖြင့် ဓားတစ်လက်ကို ထုရိုက်ရင်း အညစ်အကြေးများ ထုတ်နေ၏။

ကျားနတ်မင်း၏မျက်နှာ မည်းမှောင်သွားသည်။

ယွီဟယ့်အကြည့်က ဓားများကို ထုရိုက်ရင်း အလုပ်များနေသော ချင်မူ့ဆီ ရောက်သွားသည်။ သူမ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး စန်းဟွာကို မေးလိုက်၏။ “ညီမလေးစန်းဟွာ ဒီလူက ဘယ်သူလဲ”

စန်းဟွာက သူမကို တလေးတစား ကြည့်ပြီး ပြုံးလျက် ပြန်ဖြေလိုက်သည်။ “သူက ချင်မူပါ ... အခြားကမ္ဘာက လာတာ... သူ့ချင်က ခြွေလှေ့တဲ့ ချင်တဲ့... မမကြီး၊ မမကြီးက ရှစ်မြို့စစ်ပွဲမှာ နာမည်ကြီးလာတယ်နော်”

ယွီဟယ် မျက်နှာပျက်သွားသည်။ “ဒါပေမဲ့ ရှစ်မြို့က ရန်သူလက်ထဲ ကျသွားခဲ့တာပဲ မဟုတ်လား... ကောင်းကင်နတ်ဆိုးတွေရဲ့ အစွမ်းအစက တို့တွေထက် သန်မာအားကောင်းနေတယ်... ဒါပေမဲ့ ငါတို့ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက အင်အားအရေအတွက်ကိုပဲ အားကိုးနေတဲ့ ကောင်းကင်နတ်ဆိုးတွေအောက် မနိမ့်ကျပါဘူး”

ရွှီယောင်က လျှောက်လာပြီး စန်းဟွာကို နူးညံ့စွာ ပြုံးပြသည်။ “ညီမလေးစန်းဟွာ ... နတ်ဘုရားနှိမ်စေတီထဲ မဝင်ရသေးဘူးမလား.... ညီမလေးရဲ့အစွမ်းအစတွေက အစ်ကိုတို့ နောက်ဆုံးအကြိမ် တွေ့ပြီးကတည်းက  ပိုပြီးတိုးတက်လာတာပဲ... နတ်ဘုရားနှိမ်စေတီရဲ့ စမ်းသပ်မှုကို သေချာပေါက် အောင်မှာပါ”

စန်းဟွာ မာန်တက်သွားသည်။

ရွှီယောင်က ချင်မူ့ကို လှမ်းကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ သူက ခပ်တိုးတိုး မေးလိုက်သည်။ “ဒါက...”

“ခြွေလှေ့တဲ့ ချင်မူတဲ့”

ယွီဟယ် ရယ်ရခက်၊ ငိုရခက်နေသည်။ “အခြားကမ္ဘာက လာတာတဲ့လေ... တော်တော်ထူးဆန်းတယ်.. ဒီအထိ ရောက်လာပြီး ပန်းပဲထုနေရတယ်လို့”

စန်းဟွာမှာ ရှက်သွားပြီး ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ “ချင်မူက သိပ်အင်အားကြီးတယ်... သူ့မှာ ကျွန်မတစ်ခါမှ မမြင်ဖူးတဲ့ မုခ်ဝကြီးလည်း ရှိတယ်... အဲဒီမုခ်ဝကို ဖြတ်သွားရင် ဘယ်သူမှ အသက်မရှင်နိုင်ဘူး... သူ့လက်ချက်နဲ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်တွေအများကြီး သေခဲ့ပြီးပြီ.... ဖုယွီရှောင်ကို တစ်ချက်တည်း သတ်ပစ်နိုင်ခဲ့တဲ့ လကျောက်စိမ်းမျက်လုံးတစ်လုံးကို ပိုင်ထားသေးတယ်... ဒါပေမဲ့ သူ့ဆေးပညာက ပိုလို့တောင် အဆင့်မြင့်တယ်... သူ့ပန်းပဲစွမ်းရည်ကလည်း သင်္ချာစွမ်းရည်ထက် ပိုအဆင့်မြင့်တယ်..”

“ဖုရွေ့လော်ရဲ့ တပည့် ဖုယွီရှောင်ကို သူ သတ်လိုက်တာလား”

အားလုံး အံ့ဩသွားကြပြီး သဲသဲမဲမဲ ထုရိုက်နေသော ချင်မူ့ကို လှမ်းကြည့်လိုက်ကြသည်။ ယွီဟယ်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “ဒီအစ်ကိုတော်ချင်ရဲ့ ရတနာတွေက သိပ်ထူးခြားတာပဲ”

ကျန်ရှိသူများလည်း ခေါင်းညိတ်လိုက်ကြ၏။ ဖုယွီရှောင်သည် ကောင်းကင်နတ်အသွင်အဆင့် လူငယ်သိုင်းပညာများအကြား ထင်ရှားကျော်ကြား၏။ ချင်မူအနေဖြင့် ဖုယွီ‌ရှောင်ကို သတ်ပစ်နိုင်ခဲ့ခြင်းမှာ လကျောက်စိမ်းမျက်လုံးဆိုသော ရတနာ၏စွမ်းအားကြောင့်သာ ဖြစ်ချေလိမ့်မည်။

“ရတနာကြောင့်ပဲ မဟုတ်ပါဘူး.... ခြွေလှေတဲ့ကောင်လေးက သင်္ချာစွမ်းရည်လည်း သိပ်မြင့်လို့ပါ... သူက ဖုယွီရှောင် ဘယ်နားရွေ့မလဲဆိုတာ သင်္ချာနဲ့ တွက်ပြီး ပစ်လိုက်တာတဲ့...”

ပြောရင်း စန်းဟွာမှာ ယုံကြည်ချက်နည်းလာသည်။

“သင်္ချာဟုတ်လား”

အားလုံး ခေါင်းယမ်းလိုက်ကြ၏။ ဟွမ်ယွဲ့က မှင်သေသေ ပြောလိုက်သည်။ “သင်္ချာက ဘာအသုံးတည့်လို့လဲ... သိုင်းစွမ်းရည်ကိုလည်း မမြှင့်တင်ပေးနိုင်တဲ့အပြင် အချိန်လည်း ကုန်တယ်”

ကျားနတ်မင်းက ချောင်းဟမ့်ကာ အလေးအနက် ပြောလိုက်၏။ “အားလုံးပဲ စိတ်တည်ငြိမ်အောင် အရင်ဆုံး လုပ်ထားကြ... ခဏနေရင် တိုက်ပွဲတွေ စတော့မယ်... ငါ့အရှင်က ဖုရွေ့‌လော်နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပေမယ့် အနိုင်အရှုံးထွက်မလာခဲ့ဘူး... ဒါကြောင့် လီမြို့ရဲ့ပိုင်ရှင်ကို ဆုံးဖြတ်ဖို့ လူငယ်အချင်းချင်း တိုက်ခိုက်ခိုင်းဖို့ လုပ်လိုက်ကြတာပဲ ... ငါတို့ လီမြို့ကို ပြန်လိုချင်ရင် အားလုံးရဲ့ အစွမ်းအစတွေကို ထုတ်သုံးရမယ်”

ရွှီယောင်က တဒေါင်ဒေါင် တဒင်ဒင် ထုရိုက်နေသော ချင်မူ့ကို ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။ “ဒီနောင်တော်က ဒီလိုထုရိုက်နေမှတော့ ကျွန်တော်တို့ ဘယ်လို စိတ်ငြိမ်အောင် လုပ်ရမှာလဲ”

အားလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ကျားနတ်မင်းမှာ သူတို့ကို အားတုံ့အားနာ ကြည့်လိုက်၏။ “သူ့ကို ဘေးမဲ့ပေးထားလိုက်ပါ... သူ့စိတ်အခြေအနေက မင်းတို့လို မဟုတ်တော့ အဲဒီလိုထုရိုက်နေမှ စိတ်ငြိမ်အောင် လုပ်နိုင်မှာ”

ဟွမ်ယွဲ့၏ စူးရှသောအကြည့်က အခြားတစ်ဖက်အပေါ် ကျရောက်သွားပြီး သူ့အသံမှာ အတန်ငယ် ဩရှအက်ကွဲလာသည်။ “ကျဲ့ဟွလီ ... ဖုရွေ့လော် ဂုဏ်အယူရဆုံး တပည့်။ ငါ သူ့ကို စစ်မြေပြင်ပေါ်မှ မြင်ခဲ့ဖူးတယ်.... သူ့လက်ချက်နဲ့ သေတော့မလိုတောင် ဖြစ်ခဲ့ရတယ်... တပ်ကူတွေ အချိန်မှီရောက်လာလို့သာ သေကံမပျောက်ခဲ့တာ”

ရွှီယောင်ကလည်း ထိုလူငယ်မိစ္ဆာသိုင်းပညာရှင်ကို ကြည့်နေသည်။ သူ့လက်ရှိ ဓားမက တဝှမ်ဝှမ် တုန်ခါလာ၏။ “ငါလည်း သူနဲ့ သိုင်းကွက်ဖလှယ်ပြီး ရှုံးခဲ့ဖူးတယ်.. အစ်မတော်ယွီဟယ်ပဲ သူ့ကို အနိုင်ယူနိုင်မယ်ထင်တယ်”

ယွီဟယ်၏အကြည့်က ကျဲ့ဟွလီအပေါ် ကျရောက်သွားပြီး သူမက ခေါင်းယမ်းလိုက်၏။ “ငါ အခုလေးတင် သူနဲ့ တွေ့ခဲ့ပြီးပြီ... တိုက်ပွဲအခင်းအကျင်းကြောင့် သိုင်းကွက်နှစ်ကွက် ဖလှယ်ပြီး လူစုကွဲသွားပေမယ့် သူ့အစွမ်းအစကို ဆုံးဖြတ်လို့ရခဲ့တယ်... ငါ့အနေနဲ့ သူ့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်အပြည့်အဝ မရှိဘူး... သူနဲ့ တိုက်ခိုက်ရင် အားလုံး သတိထားကြပါ”

ကျားနတ်မင်းလည်း ကောင်းကင်နတ်ဆိုးမျိုးနွယ် လူငယ်ဆီသို့ လှမ်းကြည့်ကာ အတန်ငယ် မှင်သက်သွား၏။ လူငယ်သည် တည်တည်တံ့တံ့အမူအရာဖြင့် ချော‌မောခံ့ညား၏။ သူ၏ရုပ်သွင်ကိုသာကြည့်လျှင် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဟု မြင်မိမည်မဟုတ်ပေ။

‘မဟုတ်ဘူး သူက ကောင်းကင်နတ်ဆိုးမဟုတ်ဘူး... လူတစ်ယောက်ပဲ’ ကျားနတ်မင်း ရင်ထဲတွင် လှုပ်ခါသွားပြီး ကျဲ့ဟွလီ၏ နောက်ခံကို တမုဟုတ်ချင်း သဘောပေါက်သွား၏။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “သူက ဖုရွေ့လော်ရဲ့ တပည့်မဟုတ်ဘူး... အထက်ဘုံက လူတစ်ယောက်ပဲ”

ယွီဟယ်၊ ရွှီဟောင်နှင့် ဟွမ်ယွဲ့တို့အားလုံး အံ့အားသင့်သွားကြသည်။ အသေးစိတ်မေးရန် ပြင်လိုက်ကြသော်လည်း ကျားနတ်မင်းက လေပေါ် ခုန်တက်ကာ သစ်ခုတ်သမားအား ပြောလိုက်သည်။ “အရှင် ... ကျဲ့ဟွလီက ကောင်းကင်နတ်ဆိုးမဟုတ်ဘူး.. အထက်ဘုံက လာတာ ဖြစ်လောက်တယ်”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းညိတ်၍ တစ်ဖက်သို့ ကြည့်ကာ အ‌လေးအနက် ပြောလိုက်သည်။ “ဖုရွေ့‌လော် မင်းလည်း ကောင်းကင်နတ်ဘုံနဲ့ ပတ်သက်နေတဲ့ ပုံပဲ... မင်းရဲ့ ဒီတပည့်က အထက်ဘုံက လာတာဆိုတော့ သူ့ဆရာက အထက်ဘုံက ဘယ်နတ်ဘုရားဖြစ်နေမလဲ”

ဖုရွေ့လော်က ကျယ်လောင်စွာ ရယ်မောပြီး အေးအေးလူလူ ပြောလိုက်၏။ “ကျဲ့ဟွလီက အခြေခံခိုင်မာသလို ၊ သူ့မိစ္ဆာကျင့်စဉ်က ငါ့နောက်နားလေးမှာတင်ပဲ... သူ့အစွမ်းအစတွေက သိပ်ပြောင်မြောက်လို့ ငါ အားအထားဆုံးတပည့်ဆိုလည်း မမှားဘူး.... မင်း ထင်တာမှန်တယ်... သူ့နောက်ခံက အင်အားကြီးတယ်... သူ့မှာ ဆရာနောက်တစ်ယောက် ရှိသလို အဲဒီလူကို မင်းလည်း သိပါတယ်.. အဲဒီလူက ဝူရွှမ်လို့ ခေါ်တဲ့ ဓားမနတ်ဘုရားပဲ... မင်းနဲ့ သိုင်းကွယ်ဖလှယ်ခဲ့ဖူးပါတယ်”

တန်ခိုးရှင်သစ်ခုတ်သမား၏အမူအရာ မည်းမှောင်သွားပြီး သူက ခေါင်းညိတ်လိုက်သည်။ “ဝိညာဉ်လက်ရွေးစင်အစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းစစ်သူကြီး ကောင်းကင်ဓားမ လော့ဝူရွှမ်... သူက အမှန်တကယ် မိတ်ဆွေဟောင်းကြီးပါပဲ...မင်း သူနဲ့ ပတ်သက်နေမယ် မထင်ထားဘူး”

ပန်းပဲထုနေသော ချင်မူ့နားရွက်နှစ်ဖက် လှုပ်သွားသည်။ သူက သံတူကြီးကို ချ၍ ခေါင်းမော့ကာ စန်းဟွာကို မေးလိုက်သည်။ “ဘာအစောင့်တပ်ဖွဲ့လဲ.. ဘယ်ဝူရွှမ်လဲ”

“ဝိညာဉ်လက်ရွေးစင်အစောင့်တပ်ဖွဲ့ ... လော့ဝူရွှမ်”

ယွီဟယ်က အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောလိုက်၏။ “ငါ့ဆရာ အစစ်အမှန်နတ်ဘုရားပန်ယုက သူ့အကြောင်း ပြောခဲ့ဖူးတယ်.... လော့ဝူရွှမ်က လက်တစ်ဖက်ပြတ် ဓားမနတ်ဘုရားတစ်ပါးတဲ့... သိပ်သန်မာအားကောင်းတဲ့ ဓားမကွက်တွေနဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးတဲ့... သူ့မှာ လက်တစ်ဖက်ပဲ ရှိပေမယ့် သူ့ဓားမသိုင်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ”

ချင်မူ မှင်သက်သွားသည်။ လွန်ခဲ့သော နှစ်လေးသောင်းတုန်းက ညတွင် ဝိညာဉ်လက်ရွေးစင်အစောင့်တပ်ဖွဲ့မှ လော့ဝူရွှမ်နှင့် တွေ့ခဲ့ဖူးသည်ကို သတိရလိုက်၏။

ထိုညတွင် ပိုင်ဖန်းရုံမြို့သားများ ထွက်ပြေးနိုင်အောင် သူက လော့ဝူရွှမ်ကို တားခဲ့ပြီး လက်တစ်ဖက် ဖြတ်ပစ်ခဲ့၏။

လော့ဝူရွှမ်နှစ်ယောက်က တစ်ယောက်တည်း ဖြစ်နေသည်လား....

ချင်မူ ကျဲ့ဟွလီအား အလျင်အမြန် လှမ်းကြည့်လိုက်သည်။ ရွှီယောင်က ပြုံးလိုက်၏။ “ခြွေလှေ့တဲ့ နောင်တော်ချင်၊ ပန်းပဲ မထုတော့ဘူးလား”

ချင်မူက မဖြေပေ။ တစ်ဖက်ရှိ ကျဲ့ဟွလီကလည်း ချင်မူ့အကြည့်ကို ခံစားလိုက်ရ၍ ခေါင်းမော့လိုက်ရာ အကြည့်ချင်း ဆုံသွား၏။ ချင်မူ့အကြည့်က ကျဲ့ဟွလီ လွယ်ထားသော ဓားမရှည်အပေါ် ကျရောက်သွားသည်။ ဓားမက အလွန်ရက်စက်ကြမ်းကြုတ်ပြီး မိစ္ဆာဆန်နေသည်။ လက်ကိုင်ရိုးပေါ်တွင် မျက်လုံးတစ်လုံး ရှိနေ၏။

ထိုမျက်လုံးက ရုတ်တရက် ပွင့်လာပြီး ချင်မူ့ကို စိုက်ကြည့်သည်။

ကျဲ့ဟွလီမှာ ချင်မူ့မျက်နှာကို မြင်လျှင် အတန်ငယ် မှင်သက်သွားသည်။ သူ့အမူအရာတွင် မယုံကြည်နိုင်မှုတို့ ပြည့်နေပြီး ရင်ဘတ်ထဲမှ စာတစ်လိပ်ထုတ်ကာ ဖြန့်ကျက်လိုက်သည်။ ထို့နောက် ချင်မူ့ဆီသို့ နောက်တစ်ခေါက် လှမ်းကြည့်ကာ ဝမ်းသာအားရ ပြုံးလိုက်၏။

ချင်မူက မိစ္ဆာဓားမပေါ်မှ အကြည့်မခွာဘဲ အလေးအနက်ပြောလိုက်သည်။ “အစ်မတော်ယွီဟယ်... ကောင်းကင်ဓားမလော့ဝူရွှမ်ရဲ့ လက်ကို ကျွန်တော် ဖြတ်ခဲ့တာဆိုရင် ယုံမလား”

၎

င

၎

၎

All Chapters