← Chapters

လင်းဖန်ကို မျှားခေါ်ဖို့ ကြိုးစားကြသော စီးပွားရေးအကျော်အမော်များ

Vol. 18 Ch. 256

လင်းဖန်ကို မျှားခေါ်ဖို့ ကြိုးစားကြသော စီးပွားရေးအကျော်အမော်များ

Vol. 18 Ch. 256

လင်းဖန်က စိတ်မဆိုးသော်လည်း ရှားဝမ်ချွေ့ကတော့ မပျော်တော့ပေ။

သူမရှေ့မှာ လင်းဖန်ကို ဝေဖန်နေတာမျိုးကို သဘောမကျပေ။

"ရပါတယ်။ လူတွေငါ့ကို မစော်ကားရင် ငါလည်း ပြန်မစော်ကားပါဘူး။ သူတို့ ပြောချင်တာ ပြောကြပါစေ" လင်းဖန်က ပြုံးလိုက်ပြီး သူ့ဘေးက ကောင်မလေးကို ကြည့်လိုက်သည်။ သူ့စိတ်အခြေအနေ အများကြီး ပိုကောင်းသွားပါသည်။

ရှားဝမ်ချွေ့သာ သူ့ဘေးမှာရှိနေလျှင် ကျန်တာ ဘာမှ မသုံးစွဲထားရင်တောင် မျက်စိကျစရာ ဖြစ်နေပါသည်။

"အင်းပါ ငါစိတ်မဆိုးပါဘူး~" ရှားဝမ်ချွေ့က ခေါင်းငြိမ့်ကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ နှာခေါင်းလေးကို နူးညံ့စွာ ထိလိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။

ရှားဝမ်ချွေ့၏ ပါးပြင်များ အနည်းငယ် နီရဲသွားပြီး ရှက်ရွံ့စွာဖြင့် လင်းဖန်၏ လက်မောင်းကို ဆွဲထားလိုက်ပါသည်။

သူမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်သိတာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့အတူတူရှိနေတာ တစ်လတောင် မပြည့်သေးပေ။ သူတို့နှစ်ယောက် ဟန်းနီးမွန်း ကာလမှာပဲ ရှိနေပါသေးသည်။

ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့၏ ချစ်ကြည်နူးသော ပြုမူပုံများက သူမကို ရှက်သွေးဖြာစေဆဲ ဖြစ်ပါသည်။

"အစ်ကိုယွမ် ခုနက ပြောသွားတဲ့လူက ဘယ်သူလဲ" သူ့အတွေးကို ဘယ်သူမှ မသိနိုင်အောင် လင်းဖန် ပြုံးလိုက်ပါသည်။

"ညီလေးလင်း။ သူက ဟွေ့မိသားစုရဲ့ ဒုတိယ သခင်လေးပေါ့။ နာမည်က ဟော်ထျန်းတဲ့။ ဟွေ့မိသားစုက ရှန်ဟိုင်းမြို့ရဲ့ နာမည်ကြီး မိသားစု ၄ စုထဲက တစ်စုပဲလေ။ ဟွေ့မိသားစု ကော်ပိုရေးရှင်းကလည်း ရှန်ဟိုင်းမြို့မှာ နာမည်ကြီးပဲ။ သူတို့က အိမ်ခြံမြေလုပ်ငန်းနဲ့ e-commerce လုပ်ငန်းတွေ လုပ်ကြပြီး စျေးကွက်တန်ဖိုးက ဘီလီယံ ရာနဲ့ချီပြီး ရှိတယ်" ယွမ်ချမ့် ရှင်းပြလိုက်သည်။

ထို့နောက် လင်းဖန်ကို ကြည့်ကာ ယွမ်ချမ့် ထပ်ပြောလိုက်သည်။

"ညီလေးလင်း အပြင်ဘက်မှာ အမြဲတမ်း မင်းအလိုမကျတဲ့ ကိစ္စတွေဆိုတာ ရှိနေမှာပဲ။ တကယ်တော့ တစ်ခါတစ်လေ ဖြစ်နိုင်ရင် သည်းခံလိုက်ပါ။ ဘယ်သူ့ကိုမှ ရန်မဖွဲ့တာ ပိုကောင်းတယ်။ ဟော်ထျန်းက သူ့ရဲ့ အားကောင်းတဲ့ မိသားစု နောက်ခံကို အားကိုးပြီး တစ်ခါတစ်လေ မောက်မာ ရိုင်းစိုင်းတတ်တယ်။ တချို့ နာမည်ကျော် ဆယ်လီတွေကို ဝေဖန်ပြီး လူတွေကို ဒေါသထွက်အောင် လုပ်ပေမယ့် ဘာမှ မပြောရဲကြဘူး။"

အခုခေတ်လူငယ်တွေက မျက်နှာလိုချင်ကြမှန်း ယွမ်ချမ့် သိပါသည်။

အထူးသဖြင့် အမျိုးသမီးများရှေ့တွင် ဖြစ်သည်။

ရှားဝမ်ချွေ့ရှေ့တွင် လင်းဖန်က သရုပ်ဆောင် တစ်ယောက်သာဖြစ်ပြီး ပြိုင်ကားကလည်း သူမိဘငွေကိုဖြုန်းကာ ဝယ်ထားကြောင်း ဟော်ထျန်းက တမင်သက်သက် ပြောသွားခြင်း ဖြစ်သည်။

ယွမ်ချမ့်၏ အမြင်မှာတော့ လင်းဖန်၏ နောက်ကြောင်းက မသေးသော်လည်း ဟွေ့မိသားစုကိုသာ ရန်ဖွဲ့မိပါက လင်းဖန်အတွက် မကောင်းနိုင်ပါ။

ယွမ်ချမ့်က လင်းဖန်ကောင်းဖို့အတွက်သာ ပြောနေခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီစီးပွားရေး လုပ်ငန်းသမားများ တွေ့ဆုံပွဲတွင် ပုန်းလျှိုနေသည့် ကျား၊ နဂါးများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။

နာမည်ကြီး ဝါရင့် စီးပွားရေးသမားအားလုံး ဒီကို ရောက်လာကြလိမ့်မည်။ ယွမ်ချမ့်တောင် ဘယ်သူ့ကိုမှ မစော်ကားရဲပါ။

ဟွေ့မိသားစုကိုသာ သူ့စော်ကားလိုက်မိပါက ဟွေ့မိသားစုကော်ပိုရေးရှင်း၏ လုပ်ငန်းပါတနာများကိုပါ စော်ကားမိလိုက်သလို ဖြစ်သွားပါမည်။

ယွမ်ရှစ်ကလည်း ဝင်ပြောလိုက်သည်။

"ယွမ်ချမ့်ပြောတာ အမှန်ပဲ။ ဒီကိုလာရင် ကိုယ့်ရဲ့ အဆက်အသွယ်ကိုပဲ တတ်နိုင်သလောက် တိုးချဲ့ဖို့ ကြိုးစား။ ပြဿနာ အသေးအဖွဲလေးတွေနဲ့ ကြုံရင်တော့ သည်းခံနိုင်သမျှ သည်းခံထားလိုက်။ ဟွေ့မိသားစုက တော်တော်လေး အားကောင်းတယ်။"

လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ကို လက်ကို ကိုင်လိုက်ပါသည်။ "အစ်ကိုယွမ် စိတ်မပူပါနဲ့ဗျာ။ တခြားသူတွေရဲ့ စကားကို ကျွန်တော် ဂရုမစိုက်တတ်ပါဘူး။ ဒီကို ဒီနေ့လာရတဲ့ အကြောင်းအရင်းက သူများနဲ့ ရန်ဖြစ်ဖို့မှ မဟုတ်တာ"

ဟော်ထျန်းက လင်းဖန်ကို တကယ်ဒေါသထွက်အောင် ရန်မစခဲ့ခြင်းကြောင့်လည်း ပါပါသည်။

လင်းဖန်ကိုသာ တကယ်ဒေါသထွက်အောင် ရန်စမိပါက သူ ကြောက်နေမှာ မဟုတ်ပေ။

သူတို့ ကော်မာရှယ်စင်တာကို ရောက်ရှိလာတော့ ခမ်းနားလှပစွာ အလှဆင်ထားပြီး ဝါရင့် စီးပွားရေးသမားများစွာလည်း ရှိနေကြသည်။

ဒါက အလွန်ခမ်းနားသည့် ညစာစားပွဲကြီး တစ်ခုဖြစ်ကာ စီးပွားရေး သူဌေးကြီးများစွာလည်း ညစာစားပွဲတွင် စုဆုံနေကြပါပြီ။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဝင်လာသောအခါ အားလုံး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ကြည့်လိုက်ကြသည်။

လင်းဖန်ကလည်း ဒီနေ့ Suit တစ်စုံ ဝတ်ဆင်ထားသည်။ သူက အလွန်ချောမောပြီး သာမန်ထက်ထူးကဲသော အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။ လင်းဖန်က အလွန်လည်း ငယ်ရွယ်သဖြင့် ဒီက ယောက်ျားပေါင်းများစွာကို ချက်ချင်းဆိုသလိုပဲ အနိုင်ယူပြီးသား ဖြစ်သွားခဲ့ပါသည်။

လင်းဖန် ဝင်လာတာနဲ့ အားလုံး၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

လင်းဖန်ဘေးမှာ ရှားဝမ်ချွေ့ကပါ ရပ်နေသဖြင့် ပို၍ တောက်ပလျက် ရှိပါသည်။

ရှားဝမ်ချွေ့က လှလှပပ ဝတ်စားဆင်ယင်ထားပြီး မှင်သက်လောက်အောင် လှပသော မျက်နှာလည်း ရှိသည်။ မိတ်ကပ်ပါးပါးလေး လိမ်းထားသဖြင့် ပို၍ပင် လှပနေပါသေးသည်။ လင်းဖန် ဘေးမှ လိုက်လာပြီး ညစာ စားပွဲရှိ အမျိုးသမီးများစွာကို အနိုင်ယူနိုင်ခဲ့သည်။

လက်ရှိစူပါစတား၊ အလွန်အမင်းရေပန်းစားသော စူပါစတား ရှားဝမ်ချွေ့ ဖြစ်သည်။

ယွမ်ချမ့်နဲ့ ယွမ်ရှစ်တို့လည်း လင်းဖန်ဘေးမှာ ရှိနေကြပါသည်။

ယွမ်ချမ့်လို စီးပွားရေး သူဌေးမျိုးကို လင်းဖန်ဘေးတွင် မြင်လိုက်ရသဖြင့် လူအမြောက်အများက ချက်ချင်းပဲ သူ့ကို လာနှုတ်ဆက်ကြပါသည်။

ဘာပဲဖြစ်ဖြစ် အနုပညာလောကထဲက လင်းဖန်၏ ကျော်ကြားမှုက အလွန်ကြီးမားသည် မဟုတ်ပါလား။

ထို့အပြင် လင်းဖန်၏ ကောင်မလေးကလည်း ရှားဝမ်ချွေ့ဖြစ်သည်။

ရှားဝမ်ချွေ့၏ အဖေကလည်း စီးပွားရေး သူဌေးကြီး တစ်ယောက်ပဲ ဖြစ်ပါသည်။

လင်းဖန် ပေါ်ထွက်လာသည့်အခါ လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

"ဝိုး လင်းဖန်က တကယ်ချောတာပဲ...."

"အဲ့တာ စူပါစတား လင်းဖန်မလား။ သူက ဇာတ်ညွှန်းရေးဆရာလည်း ဟုတ်တယ်။ သူ့ကောင်မလေးက စူပါစတား ရှားဝမ်ချွေ့လေ။"

"လင်းဖန်က ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလို ရလဒ်မျိုးတွေကိုတောင် ရနေပြီ။ တကယ်တော်တာပဲ။"

ယခု တက်ရောက်လာကြသူအများစုက စီးပွားရေး သူဌေးများ ဖြစ်ကြသော်လည်း လူတိုင်းက ဘီလီယံဆယ်ချီပြီး ပိုင်ဆိုင်မှု မရှိပေ။

မီလီယံဆယ်ချီ၊ ရာချီ ပိုင်ဆိုင်သည့် စီအီးအိုများလည်း ရှိသည်။

လင်းဖန်၏ ရေပန်းစားမှုက အနုပညာလောက တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။

အထူးသဖြင့် လင်းဖန်၏ လက်ရာနှစ်ခုဖြစ်သော "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"နဲ့ "ဘဝရဲ့ပျော်ရွှင်မှု" တို့ပဲဖြစ်ကြသည်။ ဖျော်ဖြေရေး ကုမ္ပဏီများစွာက ထိုဒရမ်မာနှစ်ခု၏ ရိုက်ကူးခွင့်များကို ဝယ်ယူချင်နေကြသည်။

ထိုရုပ်သံဒရမ်မာ ၂ ကားအတွက် ထုတ်လွှင့် ပြသခွင့်ကို ဝယ်ယူချင်နေကြသည့် ကုမ္ပဏီများစွာလည်း ရှိသည်။

လင်းဖန်၏ ရုပ်သံဒရမ်မာ ၂ ကားတွင် ရင်းနှီးမြှုပ်နှံချင်သည့် ကုမ္ပဏီတွေတောင် ရှိကြပါသည်။

လင်းဖန်ရိုက်ကူးသည့် ရုပ်သံဒရမ်မာတိုင်းက ရေပန်းစားလာသည်။ ထိုကုမ္ပဏီတွေသာ ရင်းနှီးမြှုပ်နှံလိုက်ပြီး ရုပ်သံဒရမ်မာများက ရေပန်းစားလာလျှင် နောက်ဆက်တွေ အကျိုးအမြတ်များက မနည်းလှပါ။

ထိုလူတွေ လင်းဖန်ကို မြင်သွားတော့ ချက်ချင်းပဲ လျှောက်လာခဲ့ကြပါသည်။

"မင်္ဂလာပါ ဒါရိုက်တာလင်း။ ကျွန်တော်က ကျားရှင်းဖျော်ဖြေရေးရဲ့ စီအီးအို ချမ့်ယောင်ယဲ့ပါ။ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ' နဲ့ 'ဘဝရဲ့ပျော်ရွှင်မှု'တို့ရဲ့ နောက်ဆက်တွဲ ဇာတ်ညွှန်းတွေကို ဘယ်တော့ ရေးလို့ပြီးမလဲ မသိဘူး။ ကျွန်တော်တို့ ကုမ္ပဏီက ခင်ဗျားရဲ့ ဇာတ်ညွှန်းတွေကို ဝယ်ယူရိုက်ကူးဖို့ အရမ်း စိတ်ဝင်စားနေလို့ပါ" ချမ့်ယောင်ယဲ့က ရှေ့တိုးလာပြီး လင်းဖန်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

ချမ့်ယောင်ယဲ့က ကျားရှင်းဖျော်ဖြေရေး၏ စီအီးအိုဖြစ်ကာ စီအီးအိုချမ့်ဟုလည်း သိကြသည်။ ကျားရှင်းဖျော်ဖြေရေးက စျေးကွက် တန်ဖိုး ဘီလီယံဆယ်ချီရှိသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ ယခုတော့ စီအီးအိုကိုယ်တိုင်တောင် လင်းဖန်ကို လာမျှားခေါ်နေရပါပြီ။

"သိပ်မကြာတော့ပါဘူး။ စကားမစပ် ဒါရိုက်တာလင်း။ ကျွန်တော်တို့ကုမ္ပဏီက မင်းသမီးလေးဝေ့ယောင်လို့ခေါ်တဲ့ ရုပ်သံဒရမ်မာကို ရိုက်ကူးဖို့ ရှိတယ်။ ခင်ဗျားကို ဒါရိုက်တာအဖြစ် ငှားရမ်းချင်လို့ပါ။ စျေးလည်း အရမ်းမြင့်အောင် ပေးပါ့မယ်။ တစ်လက်စတည်း ကြယ်ပွင့် စုရှောင်းယွီကို ဒီရုပ်သံဒရမ်မာရဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ဖိတ်ကြားချင်ပါတယ်" စီအီးအိုချမ့်က လင်းဖန်ကို ရိုးရိုးသားသား ကြည့်ကာ ပြောလိုက်ပါသည်။

"အနုပညာလောကထဲကလူတိုင်း စုရှောင်းယွီက ခင်ဗျားလက်အောက်က အနုပညာရှင်ဖြစ်သွားပြီဆိုတာ သိနေကြပါပြီ။ သူနဲ့ အတူတူ အလုပ်လုပ်ချင်တယ်ဆို ဒါရိုက်တာလင်းကိုပဲ လာတိုင်ပင်ရတာပေါ့" စီအီးအိုချမ့်က ပြောလိုက်ပါသည်။

"ခင်ဗျားတို့နဲ့ အတူတူ အလုပ်လုပ်ဖို့ စဥ်းစားပေးလို့ ရပါတယ်။ ဒါပေမယ့် ဇာတ်ညွှန်းကိုတော့ ကြိုဖတ်ဖို့ လိုအပ်လိမ့်မယ်။ အလုပ်တွဲလုပ်တာ အောင်မြင်တဲ့အခါ ကျွန်တော် အလုပ်ရှုပ်နေပြီး အဓိက ဒါရိုက်တာအဖြစ် မလုပ်နိုင်ရင် ရိုက်ကူးရေး အများစုကို လက်ထောက်ဒါရိုက်တာက အပြီးသပ်ပေးလိမ့်မယ်။ ကျွန်တော်ကလည်း အချိန်တချို့ယူပြီး ခင်ဗျားတို့ရဲ့ ရိုက်ကူးရေး လုပ်ငန်းစဥ်ကို လာကြည့်ပေးပါ့မယ်။ ခင်ဗျားတို့ရဲ့ ဒါရိုက်တာကိုလည်း ပြဿနာတွေ ကူရှင်းပေးပါ့မယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ရပါတယ် ကိစ္စမရှိပါဘူး။ ဒီနေ့ ညစာစားပွဲပြီးတဲ့အခါ ကျွန်တော့်လက်ထောက်ကို ဆက်သွယ်ခိုင်းလိုက်ပါ့မယ်" စီအီးအိုချမ့်က ပြောလိုက်ပါသည်။

"စုရှောင်းယွီ ခေါင်းဆောင်မင်းသမီးဖြစ်နိုင် မဖြစ်နိုင်ကိုတော့ ဇာတ်ညွှန်းဖတ်ပြီးမှ ဆုံးဖြတ်ပေးမယ်နော်" လင်းဖန်က ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက စုရှောင်းယွီအတွက် တာဝန်ရှိသူ ဖြစ်သည်။

"ကောင်းပါပြီ။ ကောင်းပါပြီ" စီအီးအိုချမ့်က တောက်ပစွာ ပြုံးလိုက်သည်။

ထို့နောက် စီအီးအိုများစွာ လင်းဖန်ထံကို ရောက်လာကြလေသည်။

သူတို့အားလုံးက ဖျော်ဖြေရေးကုမ္ပဏီ အကြီးစားကြီးများ၏ ဘော့စ်များ ဖြစ်ကြသည်။

ဘယ်ဖျော်ဖြေရေးကုမ္ပဏီမှ ပိုင်ဆိုင်မှု ဘီလီယံဆယ်ချီ မရှိဘဲ မနေပါ။

ယွမ်ချမ့်နဲ့ ယွမ်ရှစ်တို့နှစ်ယောက်သား မှင်သက်နေကြသည်။

လင်းဖန်က အရမ်းကြီး မတော်လောက်ဘူးဟု သူတို့ နဂိုက ထင်ထားကြသော်လည်း စီးပွားရေး အကျော်အမော်များစွာက လင်းဖန်ကို ဦးစွာ လာရောက် အလုပ်ကမ်းလှမ်းကြလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

ညီလေးလင်းက... အရမ်းတော်တာပဲ။

All Chapters