ငါ့အမျိုးသမီးဖြစ်ရင် လိုချင်တာ အကုန်ပေးမယ်
Vol. 18 Ch. 257
"ဒါရိုက်တာလင်း။ ကျွန်တော်က ဟွမ်ရွေ့မီဒီယာရဲ့ စီအီးအိုပါ။ တွေ့ရတာ ဝမ်းသာပါတယ်။"
ဟွမ်ရွေ့ စီအီးအိုက လင်းဖန်ရှေ့ကို လျှောက်လာပြီး သဘောကောင်းစွာ ပြုံးပြလိုက်ပါသည်၊။
ကျားရှင်းဖျော်ဖြေရေးပြီးနောက် နောက်ထပ် ဘော့စ်ကြီးတစ်ယောက်ဖြစ်သော ဟွမ်ရွေ့မီဒီယာမှ ရောက်လာခဲ့သည်။
ဟွမ်ရွေ့မီဒီယာကလည်း အကြီးမားဆုံး ဖျော်ဖြေရေး ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါသည်။
"ဟယ်လို" လင်းဖန်က ဟွမ်ရွေ့မီဒီယာ၏ စီအီးအိုနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ စီးပွားရေး အကျော်အမော်များစွာနှင့် ပူးပေါင်းမှုကို ရင်ဆိုင်ရသည့်အခါ လင်းဖန် အလွယ်တကူ ငြင်းပယ်လိုက်မှာ မဟုတ်ပေ။
ကုမ္ပဏီတစ်ခုနဲ့ အောင်အောင်မြင်မြင် ပူးတွဲ လုပ်ကိုင်နိုင်ပါက သူ ငွေတွေ အများကြီး ရနိုင်ပါသည်။
ဖျော်ဖြေရေးကုမ္ပဏီများစွာက ဘဝရဲ့ ပျော်ရွှင်မှုနှင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီအတွက် ဇာတ်ညွှန်းများကို လိုချင်ကြပါက ပြိုင်ဆိုင်မှု တစ်ခု ဖြစ်လာနိုင်သည်။
ဇာတ်ညွှန်းများ၏ စျေးနှုန်းကလည်း မိုးထိုးကာ မြင့်တက်သွားနိုင်ပါသည်။
"ဒါရိုက်တာလင်းရဲ့ ဒါရိုက်တာစွမ်းရည်တွေက အရမ်းထူးချွန်တာပဲ။ ဇာတ်ညွှန်းတွေကလည်း အရမ်းကောင်းတယ်။ အချိန်ရရင် ဟွမ်ရွေ့မီဒီယာအတွက် ဇာတ်ညွှန်းတစ်ခု ပြင်ဆင်ပေးတာပဲဖြစ်ဖြစ်၊ ဒါရိုက်တာကူညီလုပ်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်မလား။ စျေးနှုန်းကို ညှိနှိုင်းကြတာပေါ့" ဟွမ်ရွေ့မီဒီယာ စီအီးအိုက အပြုံးဖြင့် ပြောလိုက်ပါသည်။
"ရတာပေါ့။ ဇာတ်ညွှန်းကို ပြင်ဆင်ချင်တယ်ဆိုရင် ကျွန်တော့်ကို ဇာတ်လမ်းရဲ့ မူကြမ်းကို ပို့ပေးလိုက်ပါ။ ဒါရိုက်တာလုပ်ဖို့လည်း အတူတူပဲ။ အချိန်ရရင် ကျွန်တော့် မန်နေဂျာကိုသာ ဆက်သွယ်လိုက်" လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်ပါသည်။
ထင်မထားစွာဖြင့် အနုပညာလောကထဲတွင် သူက စီအီးအိုများစွာ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။
ဖျော်ဖြေရေး ကုမ္ပဏီများစွာ၏ အကျော်အမော်များ အားလုံးက လင်းဖန်နဲ့ အတူတူ အလုပ်လုပ်ချင်ကြသည်။
သူတို့ လင်းဖန်နဲ့ အလုပ်လုပ်နိုင်ပါက နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေ ဖြစ်ပါသည်။
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" နဲ့ "ဘဝရဲ့ပျော်ရွှင်မှု" တို့၏ အောင်မြင်မှုကြောင့် လင်းဖန်၏ အစွမ်းအစကို သက်သပြဖို့ လုံလောက်ပါသည်။
အရေးအကြီးဆုံးက လင်းဖန်နဲ့ရှားဝမ်ချွေ့တို့၏ လက်ရှိ ဆက်ဆံရေးနဲ့သာဆို သူတို့ ဘယ်ဒရမ်မာပဲ ရိုက်ရိုက် ပရိတ်သတ်များစွာက သဘောကျကြပါလိမ့်မည်။
"ဟယ်လို မစ္စတာလည်း ကျွန်တော်က ဆွမ်းမြူးဇစ်ရဲ့ စီအီးအိုပါ။ ခင်ဗျားရဲ့ အဆိုစွမ်းရည်ကလည်း အရမ်းပြောင်မြောက်တာပဲနော်။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်နိုင်မလားမသိဘူး။ စာချုပ်ကြေးအတွက် ကြိုက်သလောက် စျေးပြောနိုင်ပါတယ်။ ခင်ဗျားကို အဆိုတော် အစစ်အမှန်တစ်ယောက် ဖြစ်လာအောင် လုပ်ပေးဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်လို့ ကုမ္ပဏီက ကတိပေးပါတယ်။"
"ဟယ်လို ဒါရိုက်တာလင်း။ ကျွန်တော်က ပါဖက်ရဲ့ စီအီးအို လင်းတန်းဟုံပါ..."
"ဒါရိုက်တာလင်း ကျွန်တော်က..."
ချက်ချင်းပဲ စီးပွားရေး အကျော်အမော် ၁၀ ယောက်ကျော်လောက် လင်ဖန်ကို အလုပ်တူတူ တွဲလုပ်ဖို့ ကမ်းလှမ်းလာကြသည်။
ထိုမြင်ကွင်းကြောင့် ယွမ်ရှစ်နဲ့ ယွမ်ချမ့်တို့ အံ့သြတုန်လှုပ်သွားရပါသည်။
"ညီလေးလင်း ဘယ်တုန်းက ဒီလောက်ထိ တော်သွားတာလဲ။ အကြီးစားကုမ္ပဏီတွေရဲ့ စီအီးအိုတွေ အများကြီး ညီလေးလင်းနဲ့ အလုပ်တူတူ တွဲလုပ်ချင်နေကြပါလား" ယွမ်ချမ့်က သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးများက အံ့အားသင့်မှုများနဲ့ ပြည့်နှက်နေပါသည်။
"လင်းဖန်က အရမ်း အစွမ်းအစ ရှိတယ်နော်။ အနုပညာလောကထဲမှာတောင် သူ့အတွက်သူ နေရာတစ်ခုရအောင် လုပ်ပြီးသွားပြီ။ အဲ့တာကြောင့် ကုမ္ပဏီတွေအားလုံးက သူနဲ့ ဒီလောက်ထိ အလုပ် အတူတူ လုပ်ချင်နေကြတာပေါ့။ လင်းဖန်က တကယ်တော်တာပဲ" ယွမ်ရှစ်က သက်ပြင်းချလိုက်သည်။
"ဒါတွေက ဖျော်ဖြေရေးကုမ္ပဏီတွေပဲ ရှိပါသေးတယ်။ ညီလေးလင်းက စီးပွားရေးမှာလည်း အောင်မြင်မှုတချို့ရခဲ့သေးတယ်။ အရင်တုန်းက ညီလေးလင်းကို အထင်သေးခဲ့မိတယ်။ သူက အရမ်းငယ်သေးပေမယ့် လူတွေ အများကြီး မအောင်မြင်နိုင်တာတွေကို အောင်မြင်နေပြီ" ယွမ်ချမ့်က ပြောလိုက်ပါသည်။
စီးပွားရေး အကျော်အမော်များစွာက လင်းဖန်နဲ့ အလုပ် အတူတူ တွဲလုပ်ချင်သည့်လူတွေ များပြားနေမှန်း မြင်လိုက်ရသည်။
ထိုစီးပွားရေး အကျော်အမော်များက လင်းဖန်ကို ဦးစွာ လာရောက်နှုတ်ဆက်ကြသည်။
၎င်းတို့အနက် ကြော်ငြာရိုက်ကူးခြင်ပြီး လင်းဖန်၏ ရုပ်သံဒရမ်မာများတွင် ရင်းနှီးမြှုပ်နှံချင်သူများလည်း ပါဝင်နေပါသေးသည်။
ဝါရင့် စီးပွားရေးသမား ပေါင်းစုံ လင်းဖန်ကို ဝန်းရံလိုက်ကြသည်။
တခြားလူတွေလည်း သက်ပြင်းချမိကြပါသည်။
"လင်းဖန်လောက် ထူးချွန်တဲ့လူမျိုးကို မြင်ဖူးတာ ဒါပထမဆုံးပဲ။”
"အစကတော့ ဆယ်လီတစ်ယောက်ပဲ။ ဒါပေမယ့် စီးပွားရေးစင်တာကို ရောက်လာတော့ နာမည်ကြီးတွေအားလုံးက အသိအမှတ်ပြုကြတယ်။"
"လင်းဖန်က သာမန်မဟုတ်ဘူး။ နောက်ပိုင်းကျရင် အနုပညာလောကတစ်ခုလုံးကို ဦးဆောင်လမ်းပြမယ့်လူ ဖြစ်လာနိုင်တယ်။"
"လင်းဖန်က အနာဂတ် စူပါစတားတစ်ယောက်ပဲ။ သူ ပိုက်ဆံ ဘယ်လောက်ရလဲမသိဘူး။ အခု လင်းဖန်က ပရိတ်သတ်တွေ အများကြီးရဲ့ အိုင်ဒေါဖြစ်နေပြီ။"
သူတို့ စကားပြောနေစဥ် ရှားဝမ်ချွေ့ကို လုပ်ငန်း ခေါ်ယူချင်သည့် ကုမ္ပဏီစီအီးအိုများစွာလည်း ရှိပါသည်။
ဥပမာအားဖြင့် သူတို့ ရှားဝမ်ချွေ့ကို အန်ဒိုစာ တချို့ လက်ခံစေချင်သည်။
ရှားဝမ်ချွေ့၏ တုန့်ပြန်ချက်ကတော့ ရိုးရှင်းပါသည်။ သူမ လင်းဖန်၏ ပြောစကားအတိုင်းသာ နားထောင်မည်ဖြစ်သည်။
ထိုအချက်တစ်ချက်တည်းနဲ့ ထိုကုမ္ပဏီစီအီးအိုများ မနာလိုဖြစ်သွားကြပါသည်။
ရှားဝမ်ချွေ့က အနုပညာလောကထဲတွင် ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်သည်။ သူမ လက်များ ထုံကျင်သွားသည့်အထိ အန်ဒိုစာများကို လက်ခံနေသင့်သည်။ သူမ လင်းဖန်၏ ကောင်မလေး ဖြစ်သွားကတည်းက အန်ဒိုစာကိစ္စနဲ့ ပတ်သတ်ပြီး သူ့ပြောစကားကိုသာ နားထောင်တော့သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးက ဘယ်လောက် ကောင်းလိုက်သလဲ။
ည ၈ နာရီအချိန်...
ကော်မာရှယ်ကား တစ်စီးက စီးပွားရေးစင်တာ ရှေ့တွင် ရပ်တန့်လိုက်သောအခါ သူဌေးများစွာ၏ အာရုံစိုက်မှုက ထိုကားဆီသို့ ရောက်ရှိသွားခဲ့သည်။
Alibaba ၏ စီအီးအိုမာ ရောက်လာပါပြီ။
Alibaba ၏ စီအီးအိုမာ ရောက်ရှိလာသောအခါ စီးပွားရေးသူဌေးများစွာ၏ အားပေးသံများ ချက်ချင်း ထွက်ပေါ်လာသည်။
စီအီးအိုမာက ဘယ်လိုလူမျိုးမို့လို့လဲ။ အခုချိန်တွင် ထိပ်တန်း စီးပွားရေးသမား အစစ်အမှန်တစ်ယောက် ဖြစ်သည်။
ယခခု ကုမ္ပဏီဘော့စ်များစွာရှိနေပြီး ၎င်းတို့၏ ကုမ္ပဏီများက စျေးကွက်တန်ဖိုး ဘီလီယံလျောက် ရှိနေရင်ပဲ အံ့သြဖို့ကောင်းနေပါပြီ။
Alibaba ၏ စီအီးအိုမာကတော့ တရုတ်နိုင်ငံတွင် အချမ်းသာဆုံးလူ ဖြစ်သည်။
Alibaba ၏ စျေးကွက်တန်ဖိုးက ထရီလီယံအထိ ရောက်ရှိသွားပါပြီ။
"ဟယ်လို စီအီးအိုမာ"
"မင်္ဂလာညနေခင်းပါ စီအီးအိုမာ"
"..."
ကုမ္ပဏီပေါင်းစုံ၏ စီးပွားရေး သမားကြီးများ စီအီးအိုမာကို သွားနှုတ်ဆက်ကြပါသည်။
စီအီးအိုမာသာ သူတို့ကို သဘောကျပြီး အလုပ်တူတူ တွဲလုပ်ချင်သည်ဆိုပါက သူတို့ ကုမ္ပဏီတွေလည်း ထိပ်ဆုံးကို မြင့်တက်သွားလိမ့်မည်။
စီအီးအိုမာကို လင်းဖန် ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သော်လည်း ဂရုမစိုက်ပါ။
သူကလည်း Alibaba ၏ အဓိက ရှယ်ယာဝင် တစ်ယောက် ဖြစ်သည်။ ယခင်က စီအီးအိုမာ သူ့ကို တွေ့ချင်တုန်းက တဲ့တိုးငြင်းခဲ့သည်။
ထင်မထားစွာဖြင့် စီအီးအိုမာကို ဒီမှာ တွေ့လိုက်ရသည်။
"ညီလေးလင်း စီအီးအိုမာကို ငါတို့လည်း သွားတွေ့ရအောင်" ယွမ်ချမ့်က မျက်လုံးထဲတွင် အယူသန် အရိပ်အယောင်ဖြင့် ပြောလိုက်၏။ ဘော့စ်မာကဲ့သို့သော လူမျိုးကို တွေ့ရဖို့က အလွန်ခဲယင်းပါသည်။
"တော်ပါပြီ။ မလိုပါဘူး။ စီအီးအိုမာက ဘယ်လောက်တော်တော် သူလည်း လူပဲ။ လူတိုင်း သူ့ကို သွားနှုတ်ဆက်နေရင် သူ လူအများကြီးကို မှတ်မိနိုင်မှာ မဟုတ်ဘူး" လင်းဖန်က ပြုံးလိုက်သည်။
"ဟုတ်ပါပြီ၊ ဒါဆို ငါတို့ပဲ သွားတွေ့လိုက်မယ်" ယွမ်ချမ့်က စိတ်ပျက်စွာ ခေါင်းခါပြီး ပြောလိုက်ပါသည်။
လင်းဖန်က အလွန်တော်သော်လည်း စီအီးအိုမာနဲ့ မယှဥ်နိုင်ပါ။
စီအီးအိုမာကို စကားပြောရပြီး အတွေ့အကြုံများ မေးမြန်းဖို့က အလွန်ကောင်းသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
စီအီးအိုမာသာ သူ့ကို သဘောကျပါက ထီပေါက်တာထက်တောင် ပိုတန်ဖိုးရှိပါသေးသည်။
လင်းဖန်က ထိုအခွင့်အရေးအတွက် ယှဥ်ပြိုင်လိုစိတ် မရှိပေ။ ယွမ်ချမ့် နားမလည်နိုင်တာလည်း ဒါပဲ ဖြစ်သည်။
"မိန်းမ ငါ သန့်စင်ခန်း သွားလိုက်ဦးမယ်။ ဒီမှာ စောင့်နေဦးနော်" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။
"အင်း~" ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်ပြီး ထိုင်ခုံမှာပဲ ဆက်ထိုင်နေလိုက်သည်။
လင်းဖန် သန့်စင်ခန်းသွားနေစဥ် ရှားဝမ်ချွေ့၏ မျက်နှာချင်းဆိုင်တွင် တစ်စုံတစ်ယောာက်က ဝိုင်နီတစ်ပုလင်းနဲ့ လာထိုင်ပါသည်။
"မစ္စရှား မင်္ဂလာညနေခင်းပါ" လာနှုတ်ဆက်သည့်လူက လင်းဖန်ကို လှောင်ပြောင်ခဲ့သည့်လူဖြစ်နေသည်။ သူ့နာမည်က ဟော်ထျန်းဖြစ်သည်။
"ဘာကိစ္စရှိလို့လဲ" ရှားဝမ်ချွေ့က အေးတိအေးစက်ပဲ ပြန်မေးလိုက်ပါသည်။ ဒီလိုလူမျိုးတွေကို သူမ သဘောမကျပေ။
"ကျွန်တော် ဘာမှ လုပ်စရာမရှိရင် မိန်းမလှလေးတွေကို လာကြည့်လို့မရဘူးလား။ မစ္စရှား။ ကျွန်တော် WeChat မှာ Add လို့ရမလား" ဟော်ထျန်းက ပြောလိုက်သည်။
ရှားဝမ်ချွေ့ကို စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ကြည့်နေ၏။
ဟော်မိသားစု ဒုတိယမျိုးဆက်သူဌေးသား တစ်ယောက်အနေဖြင့် သူလိုချင်သည့် အမျိုးသမီးတိုင်းကို ရနိုင်သည်။
သူက ဟော်မိသားစု၏ ဆက်ခံသူဖြစ်သဖြင့် ဆယ်လီတစ်ယောက်ကို ပိုးပန်းဖို့က မလွယ်နိုင်ဘူးလား။
အစတော့ အမျိုးသမီးဆယ်လီများကို ဟော်ထျန်း မျက်စိကျလေ့ မရှိပါ။
ရှားဝမ်ချွေ့ကို ဒီနေ့ မြင်လိုက်ရချိန်မှာတော့ သူ့မျက်လုံးများ အရောင်တောက်သွားရသည်။
အဓိက အချက်က... ရှားဝမ်ချွေ့က အလွန်လှပနေခြင်းပင်။
ထို့အပြင် အမျိုးသမီးများစွာနဲ့ သူ့အတွေ့အကြုံအရဆို ရှားဝမ်ချွေ့က အပျိုစင်တစ်ယောက်ဖြစ်မှန်း သူ ခံစားနိုင်ပါသည်။
ရှားဝမ်ချွေ့ကို အရယူနိုင်ပါက ခံစားချက်က ခြားနားနိုင်သည်။
ထို့အပြင် အစမှ အဆုံးအထိ ဟော်ထျန်းက လင်းဖန်ကို အထင်သေးပြခဲ့သည်။
"ကျွန်မ စိတ်မဝင်စားဘူးး" ရှားဝမ်ချွေ့ မတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါသည်။
သူမ မတ်တပ်ရပ်လိုက်တော့ ဟော်ထျန်းဘေးက အစိမ်းရောင်ဝတ်စုံနဲ့ ဘော်ဒီဂတ်က ရှားဝမ်ချွေ့ရှေ့မှ ပိတ်ရပ်လိုက်သည်။
ရှားဝမ်ချွေ့ကို မထိမိသော်လည်း ဒီအပြုအမူကို သူမ သဘောမကျပါ။
အားလုံးက ဘော့စ်မာကို သွားတွေ့နေကြသဖြင့် ယွမ်ချမ့်နဲ့ ယွမ်ရှစ်တို့လည်း ရှားဝမ်ချွေ့ ဘေးမှာ မရှိကြပါ။
"မစ္စတာဟွေ့ ကျွန်မမှာ ချစ်သူရှိတယ်။ ဒီမှာ လူတွေ အများကြီးလည်း ရှိတယ်နော်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပါ။ မဟုတ်ရင် အချိန်မရွေး ကျွန်မ ရဲခေါ်လိုက်လို့ရတယ်" ရှားဝမ်ချွေ့က ဟော်ထျန်းကို ပြန်လှည့်ကြည့်လိုက်သည်။
ထိုစကားကို ကြားတော့ ဟော်ထျန်း ပြုံးလိုက်သည်။
"မစ္စရှား ကျွန်တော် ဘာရာဇဝတ်မှုကို ကျူးလွန်မိလို့လဲ မေးလို့ရမလား။ ကျွန်တော်က ခင်ဗျားကို WeChat မှာ Add လို့ ရမလားလို့ပဲ မေးတာပါ။ ကျွန်တော့်ကို မငြင်းဘူး မဟုတ်လား။"
"မကြာသေးခင်ကမှ ခင်ဗျားရဲ့ အဖေက နိုင်ငံခြားမှာ အဆင်ပြေနေတယ်လို့ ကြားတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဟော်မိသားစုသာ ခင်ဗျားရဲ့ အဖေကို နည်းနည်းလောက် တာဝန်ယူလိုက်ရင် ခင်ဗျားရဲ့ အဖေ နိုင်ငံခြားမှာ ရပ်တည်ဖို့ သိပ်မလွယ်လောက်တော့ဘူး" ဟော်ထျန်းက တည်ငြိမ်စွာ ပြောလိုက်ပါသည်။
သူ အမျိုးသမီးတစ်ယောက်ကို လိုချင်လျှင် ပိုးပန်းနေဖို့ စိတ်မဝင်စားပါ။
ရှားဝမ်ချွေ့ ခန္ဓာကိုယ်ကို ရနိုင်ရင် အဆင်ပြေပါပြီ။
ကျန်တာ ဘာမှ ဂရုမစိုက်ပါ။
ရှားဝမ်ချွေ့က ဆယ်လီတစ်ယောက်ဖြစ်နေလည်း ဘာဖြစ်လဲ။ လင်းဖန်လို ရည်းစားမျိုး ရှိနေလဲ ဘာဖြစ်လဲ။
ဟော်ထျန်းရဲ့ အမြင်မှာတော့ ဆယ်လီတစ်ယောက်ဆိုတာလည်း သရုပ်ဆောင်တစ်ယောက်သာ ဖြစ်သည်။
ရှားဝမ်ချွေ့ကို သူ အရယူနိုင်ဖို့ အလွန်ရိုးရှင်းပါသည်။
ရှားဝမ်ချွေ့၏ အားနည်းချက်က ဘာဆိုတာကိုသာ သိဖို့ လိုအပ်သည်။
အားလုံးရဲ့ အားနည်းချက်က ၎င်းတို့၏ မိသားစုသာ ဖြစ်သည်။
ရှားမိသားစုက အလွန်ချမ်းသာသော်လည်း ဟော်မိသားစုကိုတော့ မယှဥ်နိုင်ပါ။
ဟော်မိသားစုက ရှန်ဟိုင်းမြို့၏ နာမည်ကြီး မိသားစု ၄ စုထဲက တစ်စု ဖြစ်ပြီး အလွန်အားကောင်းသည်။ ဟော်ကော်ပိုရေးရှင်းကလည်း လုပ်ငန်းပေါင်းများစွာနဲ့ ဆက်နွယ်မှုရှိ၏။ ဟော်ကော်ပိုရေးရှင်းကသာ ရှားဝမ်ချွေ့၏ အဖေကို ပစ်မှတ်ထားမည်ဆိုလျှင် အလွန် လွယ်ကူပါလိမ့်မည်။
ရှားဝမ်ချွေ့၏ အားနည်းချက်ကို တစ်ဆင့်ချင်း ထိန်းချုပ်နိုင်ပါက သူမကို လုံးဝ သိမ်းပိုက်နိုင်ပါလိမ့်မည်။ ရှားဝမ်ချွေ့ကို WeChat ပေါ်မှာ အရင်ဆုံး Add လိုက်ပြီး တဖြည်းဖြည်းချင်း ခြိမ်းခြောက်ရမည်။
တရားဥပဒေတောင် သူ့ကို ရပ်တန့်နိုင်မှာ မဟုတ်ပါ။
ဟော်ကော်ပိုရေးရှင်းကသာ ရှားမိသားစုကို ပစ်မှတ်ထားချင်လျှင် သာမန် စီးပွားရေးလှည့်ကွက်တစ်ခုသာ လိုအပ်ပါသည်။
သို့သော်လည်း ရှားမိသားစု ရင်ဆိုင်ရမှာက ထာဝရ ကံဆိုးမှုဖြစ်၏။
ဟော်ထျန်းက ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "မစ္စရှား။ ကျွန်တော် WeChat ပေါ်မှာပဲ Add ချင်တာပါ။ ပြဿနာ ကြီးကြီးမားမား မရှိဘူးမလား။"
"ပြီးတော့... ဒီနေ့ည ကျွန်တော့်အိမ်ဆီလိုက်ခဲ့ဖို့ ဖိတ်ချင်တယ်။ ခင်ဗျားက ထက်မြက်တဲ့လူတစ်ယောက်ပါ။ ကျွန်တော့်ကို မငြင်းဘူး မဟုတ်လား။"
"မစ္စရှား စိတ်မပူပါနဲ့။ ခင်ဗျားသာ လိုက်လျောမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဟော်ကော်ပိုရေးရှင်းက ခင်ဗျားတို့ ရှားမိသားစုနဲ့ ခင်ဗျားကို ကူညီပေးဖို့ အကောင်းဆုံး ကြိုးစားပေးသွားမှာပါ။ ကျွန်တော့်ရဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ရင် ခင်ဗျားလိုချင်တာမှန်သမျှကို ပေးမယ်။"
ဟော်ထျန်းက ရှားဝမ်ချွေ့ဘေးကို လျှောက်လာပြီး နူးညံ့စွာ ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့ကို ပေါ်တင်ကြီး ခြိမ်းခြောက်နေပြီဖြစ်သည်။
ဒါက... ဟော်ကော်ပိုရေးရှင်း၏ ခွန်အားပဲ ဖြစ်သည်။
နောက်ဆုံးတော့ တစ်ခုခုဖြစ်နေမှန်း တစ်ယောက်ယောက် သတိထားမိသွားသည်။
ထိုအခါ ဟော်ထျန်းက ပြုံးပြီး ဘာမှ မဖြစ်သလို ဟန်ဆောင်လိုက်ပါသည်။ ရှားဝမ်ချွေ့ကို လက်ကမ်းပေးလိုက်ပြီး တမင်သက်သက် အကျယ်ကြီး ပြောလိုက်ပါသည်။ "မစ္စရှား အလုပ်တူတူ တွဲလုပ်ရတာ ဝမ်းသာပါတယ်ဗျာ။"
ရှားဝမ်ချွေ့တစ်ယောက် ပြောမကောင်းသည့် ကိစ္စများနဲ့ ထပ်ရင်ဆိုင်ရပြန်ပြီ။
နောက်ထပ် တစ်ယောက်က သူမနဲ့ အတူအိပ်ဖို့ ခြိမ်းခြောက်လာပြန်ပြီ။
ဒီတစ်ခေါက် ခြိမ်းခြောက်သူက သူမ အဖေတောင် မတိုက်ခိုက်ရဲသည့် မိသားစုက လူမျိုး ဖြစ်နေ၏။ ရှန်ဟိုင်းက ဟော်မိသားစု ဖြစ်သည်။
ဟော်ထျန်းက တမင်သက်သက်ပြောလိုက်ပြီး ရှားဝမ်ချွေ့ကို အရှက်ရအောင် လက်တောင် ကမ်းပေးလိုက်ပါသည်။
ရှားဝမ်ချွေ့ကို ရွေးချယ်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်သည်။
ရှားဝမ်ချွေ့သာ လက်ခံလျှင် သူနှင့် လက်ဆွဲနှုတ်ဆက်နိုင်သည်။ ထို့နောက် ဒီနေ့ည ရှားဝမ်ချွေ့၏ ခန္ဓာကိုယ်ကို ပျော်ပျော်ကြီး သိမ်းပိုက်နိုင်ပြီ။
ရှားဝမ်ချွေ့သာ ငြင်းဆန်လိုက်ပါက သူမကို အလွယ်တကူ အလွတ်ပေးမှာ မဟုတ်ပါ။
ရှားဝမ်ချွေ့က သူမ၏ မျက်လုံးလှလှလေးများဖြင့် ဟော်ထျန်းကို ကြည့်လိုက်သည်။
သူမက ကြယ်ပွင့်တစ်ယောက် ဖြစ်၏။
သူမက လင်းဖန်၏ ကောင်မလေးလည်း ဖြစ်သည်။
ဒီလို ကိစ္စများနဲ့ ရင်ဆိုင်လာရသည့်အခါ ရှားဝမ်ချွေ့ မချောက်ချားဘဲ ခပ်ပါးပါးသာ ပြုံးလိုက်ပါသည်။
သူမ အဖေက ဒီလောက် လွယ်လွယ်ကူကူ အနိုင်ယူခံရမလားဆိုတာကို ဘေးဖယ်ထားဦး၊ ဟော်မိသားစု သူ့ကို တကယ်တိုက်ခိုက်ရင်လည်း ဘာဖြစ်လဲ။
သူမ၏ အချစ်ဆုံးသူငယ်ချင်း စုရှောင်းယွီ ရှိနေပါသည်။ စုရှောင်းယွီသာရှိလျှင် သူမ ဘယ်နေရာမှာမှ အနိုင်ကျင့်ခံရမှာ မဟုတ်ပေ။
သို့သော်လည်း ဟော်ထျန်း၏ မျက်နှာထားကို မြင်လိုက်ရသောအခါ ရှားဝမ်ချွေ့ ပိုပြီး ရွံရှာသွားသည်။
"ကျွန်မတို့ သိလို့လား" ရှားဝမ်ချွေ့က မေးလိုက်သည်။ သူမ၏ မျက်လုံးများက သွေးအေးနေ၏။ ဟော်ထျန်းနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ စိတ်ကူး မရှိပါ။
သူမ နှစ်ပေါင်းများစွာ ရုပ်ရှင်ရိုက်ကူးခဲ့သည်။ သို့သော် လင်းဖန်နဲ့ မတွေ့ခင်က ဘယ်သူနဲ့မှ လက်မဆွဲဖူးပါ။
ကောင်မလေးများက သန့်ရှင်းရမည်ဖြစ်ပြီး သူတို့ အချစ်ဆုံးလူကိုသာ အရာအားလုံး ပေးဆပ်သင့်သည်ဟု သူမ ခံစားမိသည်။
ဆန့်ကျင်ဘက် လိင်တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ရခြင်းကို ရှားဝမ်ချွေ့ သဘောမကျဆုံး ဖြစ်သည်။
ထို့အပြင် ရှားဝမ်ချွေ့က ဟော်ထျန်းကို လုံးဝ မကြောက်ပါ။
ဟော်ထျန်းကသာ ယွမ်ချမ့်လိုမျိုး လင်းဖန်ကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံလျှင် ဟော်ထျန်းကိုလည်း သူမ ယဥ်ယဥ်ကျေးကျေး ပြန်ဆက်ဆံနိုင်သည်။
အခုတော့ ဟော်ထျန်းကို မျက်နှာသာ ပေးစရာ မလိုတော့ပါ။
ဟော်ထျန်း ကျောက်ရုပ်လို ငြိမ်သက်သွားခဲ့သည်။
ရှားဝမ်ချွေ့၏ စကားကိုကြားသောအခါ ဟော်ထျန်း၏ မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်သွား၏။
ဒီနှစ်ပေါင်းများစွာအထိ ဘယ်လိုမိန်းကလေးကမှ သူ့ကို ဒီလိုမျိုး အရှက်ရအောင် မလုပ်ဖူးပါ။
ထိုအချိန်တွင် လင်းဖန် ပြန်ရောက်လာခဲ့သည်။