Alibaba ရဲ့ ဒုဥက္ကဌ
Vol. 18 Ch. 259
ဟော်ထျန်းကို ခေါ်ထုတ်သွားတော့ စီးပွားရေး လုပ်ငန်းတွေ့ဆုံပွဲကြီးလည်း ဗြောင်းဆန်ကုန်ကြသည်။
ဟော်ကော်ပိုရေးရှင်းက ဘီလီယံရာချီပြီး ပိုင်ဆိုင်မှု ရှိ၏။
ရှန်ဟိုင်းမြို့၏ နာမည်ကြီးမိသားစု ၄ စုထဲက တစ်စုအနေဖြင့် ဟော်မိသားစုက အလွန်အားကောင်းပြီး အဆင့်အတန်းလည်း မြင့်မားသည်။
ဟော်မိသားစု၏ လုပ်ငန်းများက အိမ်ခြံမြေ၊ ဘဏ္ဍာရေးနဲ့ တခြား လုပ်ငန်းတွေအထိပါ ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်။
ဟော်မိသားစုက လုပ်ငန်းအားလုံးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
စီးပွားရေး လောကတွင် ဟော်ကော်ပိုရေးရှင်းကို မျက်နှာသာ မပေးရဲသည့် ကုမ္ပဏီက အလွန်နည်းသည်။
ဟော်ထျန်းက ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်ဖြစ်ကာ ဟော်ကော်ပိုရေးရှင်း၏ ဆက်ခံသူလည်း ဖြစ်သည်။ ဟော်မိသားစု၏ အခြေခိုင်မှုကြောင့် ဟော်ထျန်းက အမြဲလိုလို မောက်မာ ရိုင်းစိုင်းနေခြင်း ဖြစ်သည်။ Weibo ပေါ်မှာလည်း ဆယ်လီတွေကို မကြာခဏ ဝေဖန်တတ်သေးသည်။
အနုပညာလောကထဲမှာတောင် တချို့ နာမည်ကျော် ဆယ်လီတွေက ဘာမှ ပြန်မပြောရဲကြပါ။
ဟော်မိသားစုကို ဘယ်လိုလူက စော်ကားရဲမှာလဲ။
ဟော်မိသားစု၏ စီးပွားရေးလုပ်ငန်းများက အနုပညာလောကနဲ့လည်း ဆက်နွယ်မှု ရှိနေသေးသည်။
ဟော်မိသားစုသာ ဆယ်လီတစ်ယောက်ကို ထုတ်ပယ်ချင်လျှင် မဖြစ်နိုင်ဘဲ မနေပါ။
အရင်တစ်ခေါက်က Weibo ပေါ်တွင် လင်းခဲ့ရှင်း၏ သရုပ်ဆောင်စွမ်းရည်များကို ဟော်ထျန်းက ပေါ်တင် ဝေဖန်ခဲ့သည်။
လင်းခဲ့ရှင်းက ဘာမှ ပြန်မပြောရဲပေ။ Weibo ပေါ်တွင် ဟော်ထျန်းကို ပြန်ရန်တွေ့ဖို့ဆို ပိုတောင် ဝေးပါသေးသည်။
ဟော်ထျန်းသူမကို ဝေဖန်ပြီးနောက် ညစာစားပွဲတစ်ခုတွင် လင်းခဲ့ရှင်းကိုတွေ့ကာ သူမနဲ့ အတူတူသောက်ဖို့ပင် တောင်းဆိုခဲ့သေး၏။
လင်းခဲ့ရှင်းက ဝိုင်တစ်ခွက် နှစ်ခွက််လောက် အတင်းသောက်ခဲ့ရသည်။
ဟော်ထျန်းက လင်းခဲ့ရှင်းကို အခွင့်အရေး မယူခဲ့သော်လည်း သူ့လုပ်ရပ်များကြောင့် အနုပညာလောကထဲကလူတွေ သူ့ကို မုန်းတီးသွားစေသည်။
ယွမ်ချမ့်က စိတ်ဖိစီးသွားသည့်ပုံပေါ်ပြီး လင်းဖန်၏ ရှေ့တွင် ထိုင်ကာ မေးလိုက်ပါသည်။ "ညီလေးလင်း မင်းဘယ်လိုလုပ်ပြီး အဲ့ကောင် ဟော်ထျန်းကို စော်ကားပြီး လက်ရိုးတောင် ချိုးပစ်လိုက်ရတာလဲ။"
လင်းဖန်က ရေတစ်ခွက်သောက်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။
"ကျွန်တော် သည်းမခံနိုင်တဲ့အရာတွေဆိုတာ ရှိတယ်။"
"ဟော်ထျန်းကို တိုက်ခိုက်လိုက်တော့ ဘာဖြစ်လဲ။ တစ်ခုခုဖြစ်လာရင် ကျွန်တော်ရှင်းလိုက်မယ်။"
လင်းဖန်က ဟော်ထျန်းကို မကြောက်ပါ။ ဘီလီယံရာချီ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီနဲ့ ရင်ဆိုင်ရလည်း သူ ခြေတစ်လှမ်းမှ ပြန်ဆုတ်မှာ မဟုတ်ပေ။
ယွမ်ချမ့်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ချက်ချင်း နားလည်သွားခဲ့ပါသည်။
ဟော်ထျန်းလို သခင်လေးမျိုးက ဂိမ်းကစားရတာ၊ ကောင်မလေးတွေကို ပွေရှုပ်ရတာနဲ့ ဆယ်လီတွေကို ဝေဖန်ရတာမျိုးကို သဘောကျလေ့ရှိသည်။
ရှားဝမ်ချွေ့ကလည်း အလွန်လှပသူ ဖြစ်သည်။ ဟော်ထျန်းက လင်းဖန်စိတ်တိုအောင် တစ်ခုခု လုပ်လိုက်မိတာ ဖြစ်နိုင်ပါသည်။
"ညီလေးလင်း ဒါ အသေးအဖွဲကိစ္စ မဟုတ်ဘူးနော်။"
"ဟော်မိသားစုမှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ပဲ ရှိတယ်။ ဟော်ထျန်းက အငယ်ဆုံးဖြစ်ပြီး ဥက္ကဌကြီးဟွေ့က အရမ်းချစ်တယ်။ ဟော်ထျန်းရဲ့ အဖေက စီးပွားရေးလောကမှာ နာမည်ကြီးတစ်ယောက်ပဲ။"
"ဟော်ထျန်းရဲ့ အစ်မနာမည်က ဟော်ရှင်းယုတဲ့။ သူ့အစ်မကိုလည်း အထင်သွားမသေးနဲ့။ သူက ဒီနေ့ခေတ် စီးပွားရေးလောကမှာ သမိုင်းဝင်တစ်ယောက်ဖြစ်ပြီး စီးပွားရေးဘုရင်မတစ်ယောက်ပဲ။ သူ့ကြောင့်ပဲ အခုနှစ်ပိုင်းတွေထဲ ဟော်မိသားစုက ပိုင်ဆိုင်မှု ဘီလီယံ ဆယ်ဂဏန်းကနေ ဘီလီယံ ရာဂဏန်းလောက်အထိ တိုးတက်နိုင်ခဲ့တယ်။”
"ဟော်မိသားစု စီးပွားရေးလုပ်ငန်းတွေက အိမ်ခြံမြေတွေ၊ ဟိုတယ်တွေ၊ ဘဏ္ဍာရေးတွေ၊ စတော့စျေးကွက်တွေနဲ့ တခြားနယ်ပယ်ပေါင်းစုံပါတယ်။ အကုန်လုံးက ဟော်ရှင်းယုနဲ့ ဆက်နွယ်နေတယ်။"
"စီးပွားရေး လောကမှာ ဟော်ရှင်းယုကို စီးပွားရေးပါရမီရှင်လို့ခေါ်ပြီး စီးပွားရေးလောကထဲက ဘုရင်မလို့ ခေါ်ကြတယ်။"
"စီးပွားရေးလောကထဲက နာမည်ကြီးတွေတောင် ဟော်ထျန်းကို မျက်နှာသာ မပေးဘဲ နေချင်နေရဲမယ်။ ဒါပေမယ့် ဟော်ရှင်းယုကိုတော့ မျက်နှာသာ မပေးလို့ မရဘူး။"
"မင်း ဟော်မိသားစုကို တိုက်ခိုက်လိုက်ရင် ဟော်ရှင်းယုက သူ့မောင်ကို အရမ်းကာကွယ်ပေးပြီးတော့ ဟော်မိသားစု အိမ်ထောင်ဦးစီးနဲ့ပါ ပေါင်းလိုက်ရင် သူတို့ မင်းကို ထိခိုက်အောင် လုပ်မှာ စိုးရိမ်ရတယ်။” ယွမ်ချမ့်က တည်တံ့စွာဖြင့် ပြောလိုက်ပါသည်။
ဟော်ရှင်းယုက စီးပွားရေးလောကထဲတွင် သမိုင်းဝင်ပြီး မောက်မာသည့် ဘုရင်မတစ်ပါး ဖြစ်၏။
စီးပွားရေးလောကထဲက လူတိုင်းကို ကြောက်ရွံ့သွားအောင် စွမ်းဆောင်နိုင်သည့် အမျိုးသမီး ဖြစ်သည်။
ဒီကမ္ဘာကြီးပေါ်မှာ သူမကို အနိုင်ယူနိုင်သည့် အရာ ဘာမှ မရှိသလောက် ဖြစ်သည်။
လင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ ဟော်ရှင်းယုအကြောင်း သူကြားဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါသည်။
ယွမ်ချမ့်က ဆက်ရှင်းပြ၏။ "ဟော်မိသားစုက အရင်တုန်းက တခြားမိသားစုတိုင်းထက် ခြားနားတယ်။ အရင်က ချမ့်ဟုန်ကွမ်းမိသားစုနဲ့လည်း ခြားနားတယ်။ အခုခေတ် ဖျော်ဖြေရေး ကုမ္ပဏီတွေနဲ့လည်း ခြားနားတယ်။ ညီလေးလင်း မင်းရဲ့ နောက်ခံက အရမ်းလေးနက်တယ်ဆိုရင်တောင် သူတို့ကို စစ်ကြေညာလိုက်ရင် ဟော်မိသားစုကို အနိုင်ယူဖို့ အရမ်းခက်ခဲတယ်။"
"ဟော်ရှင်းယုသာ မင်းကို ရှင်းထုတ်ဖို့ ဆန္ဒရှိရင်... ညီလေးလင်း မင်းနဲ့ ရှားဝမ်ချွေ့တို့ ဆယ်လီတွေအဖြစ် ဆက်ရှိနိုင်တော့မှာ မဟုတ်လောက်ဘူး" ယွမ်ချမ့်က ပြောလိုက်ပါသည်။
"တစ်ခုပဲပြောပါ။ ကျွန်တော့်ကို ကူညီပေးမလား" လင်းဖန်က ပြုံးကာ ယွမ်ချမ့်ကို ကြည့်လိုက်ပါသည်။
ဒီတစ်ခေါက် သူ ဘော့စ်ကြီးတစ်ယောက်ကို စော်ကားလိုက်မိသည့်ပုံပင်။
ဟော်ထျန်း၏ အစ်မနာမည် ဟော်ရှင်းယုဆိုတာက လင်းဖန်၏ နှလုံးသားထဲတွင် ရေးထွင်းလိုက်ပြီးသားဖြစ်သွားသည်။
သူမက ယွမ်ချမ့်တောင် အလွန်ချီးကျူးရသည့် စီးပွားရေးလောကထဲက သမိုင်းဝင်တစ်ယောက် ဖြစ်သည်။
အစကတော့ စီးပွားရေးလောကထဲကို သူ ခြေမချချင်သော်လည်း ယခု ဟော်ရှင်းယုနဲ့ ရင်ဆိုင်ရသည့်အခါ လင်းဖန် ရွေးချယ်စရာ မရှိတော့ဘဲ သူမကို လေးနက်စွာ သတိထားရတော့မည်။
"ညီလေးလင်း ငါ့ကို ဘယ်လိုလူမျိုးလို့ထင်လို့လဲ။ ရိုးရိုးသားသားပြောရရင် ငါလည်း ဟော်မိသားစုကို မကြိုက်တာ ကြာပြီ။"
"မင်းအကူအညီလိုရင် ငါ့ကိုပွင့်ပွင့်လင်းလင်းသာ ပြောပါ။ ငါမင်းကို အပြည့်အဝ ထောက်ခံပေးမယ်။"
"ဒါပေမယ့် ဟော်ရှင်းယု ကိုယ်တိုင်ရောက်လာရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး ညီလေးလင်း။ မင်း နားလည်ပေးဖို့ မျှော်လင့်ပါတယ်။” ယွမ်ချမ့်က ပြောလိုက်၏။
ယွမ်ချမ့်က လင်းဖန်ကို ကူညီပေးနိုင်ပါသည်။ သို့သော်လည်း လင်းဖန်ကို ကူညီပေးလိုက်သည့်အတွက် သူ့ကုမ္ပဏီကိုတော့ အဆုံးရှုံးမခံနိုင်ပါ။
လင်းဖန်လည်း ဒါကို နားလည်ပါသည်။
လင်းဖန် ခေါင်းငြိမ့်လိုက်၏။ "အင်းပါ၊ ကျွန်တော် နားလည်ပါတယ်။"
ရှားဝမ်ချွေ့ကို ကြည့်ပြီး လင်းဖန် ပြုံးပြလိုက်သည်။
ဟော်မိသားစုက သူတို့ကို အနိုင်ကျင့်နေပြီဖြစ်သဖြင့် သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရတော့မည်။
ယခု လင်းဖန်၏ အဆင့်အတန်းနဲ့ အခြေအမြစ်တို့က အထင်သေးလို့ မရတော့ဘဲ ဟော်မိသားစုနဲ့တောင် ယှဥ်နိုင်နေပါပြီ။
လင်းဖန်က ရှားဝမ်ချွေ့ကို တောင်းပန်စွာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မတော်တဆ နင့်ကိုပါ ပြဿနာထဲ ဆွဲထည့်မိပြီ။ ငါ့ကို အပြစ်ပေးချင်ရင် အိမ်ပြန်ရောက်မှ ပေးနော်။"
ရှားဝမ်ချွေ့က ခေါင်းကို သိမ်မွေ့စွာခါလိုက်သည်။ သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြုံးလိုက်ပါသည်။ "ငါနင့်ကို အပြစ်မပေးချင်ပါဘူး။ နင်ရှိနေရင် ငါလုံခြုံတယ်။"
"ရပါတယ်လေ~ ဟော်မိသားစုက တိုက်ရိုက် ရင်ဆိုင်ချင်တယ်ဆိုလည်း ငါ့အဖေကို အခု ခေါ်လိုက်လို့ရတယ်" ရှားဝမ်ချွေ့က ပြောလိုက်သည်။ သူမ၏ မျက်လုံးများက အကြောက်တရား ကင်းမဲ့နေပါသည်။
လင်းဖန်နဲ့ တစ်ဘက်တည်းမှာ အတူရှိနေရတာ သူမ အလွန်ဝမ်းသာပါသည်။
"သူ့ကို ခေါ်စရာ မလိုပါဘူး။ အားလုံး ငါ့တာဝန်သာ ထားလိုက်" လင်းဖန်က အပြုံးဖြင့် ပြောလိုက်သည်။
"နင့်အဖေက နှစ်ဝက်ကြာရင် ငါ့ကို စမ်းသပ်ရဦးမှာ။ ဒီလို အသေးအဖွဲ ကိစ္စမျိုးနဲ့ ယောက္ခမကြီးကို ဒုက္ခပေးလို့ ဘယ်ဖြစ်ပါ့မလဲ။"
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး သိမ်မွေ့စွာ ခေါင်းငြိမ့်လိုက်ပါသည်။
သူတို့ လက်တောင် မထပ်ရသေးဘဲ သူမ အဖေကို ယောက္ခမဟုခေါ်နေလေပြီ။
လင်းဖန်သာ တကယ်အန္တရာယ်ရှိလာပါက ရှားဝမ်ချွေ့ ဒီတိုင်းထိုင်နေပြီး ဘာမှ မလုပ်ဘဲ မနေနိုင်ပါ။
ရှားဝမ်ချွေ့၏ မိသားစု လုပ်ငန်းက တကယ်ပဲ ဘီလီယံ ဆယ်ဂဏန်းလောက်သာ ပိုင်ဆိုင်မှု ရှိပါသည်။
သို့သော်လည်း ဒါက ရှားမိသားစု၏ လုပ်ငန်းသာ ဖြစ်သည်။
သူမ၏ အမေလည်း ရှိနေပါသေးသည်။
ဒါက ဘယ်သူမှ သိမထားသည့် ကိစ္စ ဖြစ်သည်။
ရှောင်းယွီ မပါရင်တောင် ရှားဝမ်ချွေ့က ဟော်ထျန်းကို ကြောက်စရာ မလိုပါ။
သူမ အမေတွင် သမီးလေးတစ်ယောက်တည်းသာ ရှိသဖြင့် အနိုင်ကျင့်ခံရတာကို ဒီတိုင်း ကြည့်နေနိုင်ပါ့မလား။
သို့သော် သူမ မိဘများ သူ့ကို ပိုပြီး အသိအမှတ်ပြုစေဖို့အတွက် လင်းဖန်က ဒီပြဿနာကို ကိုယ်တိုင်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပါသည်။
ရှားဝမ်ချွေ့ အနည်းငယ် ကြည်နူးသွားမိသည်။
အကြွင်းမဲ့လိုအပ်သည့် ကိစ္စမဟုတ်ဘဲ သူမ အမေကို မဆက်သွယ်ပါ။
လင်းဖန်ကို ယုံကြည်ဖို့သာ ရွေးချယ်ထားသည်။
ဒါလင်းဖန်အပေါ်ထားသည့် သူမ၏ ယုံကြည်မှုဖြစ်သည်။
တစ်ချိန်တည်းတွင်..။
ရုံးခန်းတစ်ခု၌ စီအီးအိုမာ ထိုင်နေ၏။
"လင်းဖန်က တကယ် မှော်ဆန်တဲ့လူပဲ" စီအီးအိုမာက ပြုံးလိုက်ပြီး ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ပြန်စဥ်းစားကြည့်လိုက်ပါသည်။
"စီအီးအိုမာ ကျွန်မတို့ ဝင်ပါသင့်လား" လက်ထောက်က မေးလိုက်၏။
"အခုတော့ အသာနေပါဦး" စီအီးအိုမာက ခေါင်းခါလိုက်ပါသည်။
"လင်းဖန်လို လူမျိုးကို ငါပိုပိုပြီး စိတ်ဝင်စားလာပြီ။ သူ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ငါမြင်ချင်တယ်။"
"လင်းဖန်သာ ဒီကိစ္စကို မဖြေရှင်းနိုင်ရင်..."
"ငါတစ်ခွန်းပဲ ပြောလိုက်မယ် လင်းဖန်က Alibaba ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်ပြီး Alibaba ရဲ့ ဒုဥက္ကဌတစ်ယောက်နဲ့ အဆင့်အတန်းချင်း တူညီတယ်" စီအီးအိုမာက လက်ထောက်ဖြစ်သူကိုကြည့်ကာ တည်တံ့စွာ ပြောလိုက်ပါသည်။
စီအီးအိုမာ ထိုသို့ပြောပြီးနောက် လက်ထောက်က အရာအားလုံးကို နားလည်သွားသည်။
စီအီးအိုမာ ဝင်ပါလို့မရသည့် ကိစ္စတချို့ ရှိသည်။
သို့သော်လည်း ဟော်မိသားစုက Alibaba ၏ ဒုဥက္ကဌလောင်းကို သူတို့မျက်စိရှေ့မှာ တိုက်ခိုက်ချင်ပါက Alibaba ထဲက ဘယ်သူမှ တာဝန်မယူနိုင်ပါ။
တနည်းအားဖြင့် လင်းဖန် မထိခိုက်မချင်း Alibaba မှ ဝင်ပါမည် မဟုတ်ပေ။
လင်းဖန်ကိုယ်တိုင် Alibaba ကို အကူအညီ လာတောင်းရင်တော့ မသိပါ။
သို့သော်လည်း လင်းဖန်သာ ထိခိုက်သွားလျှင် Alibaba ကို အရှက်ခွဲလိုက်တာနဲ့ အတူတူပဲ ဖြစ်သည်။
လင်းဖန်နောက်တွင် အာဏာရှိသည့် ကော်ပိုရေးရှင်း ခေါင်းဆောင်တစ်ယောက်က ကာကွယ်ဖို့ အသင့်ရှိနေသည်။
လင်းဖန်က Alibaba သို့မဟုတ် LV သို့မဟုတ် Chanel တို့ကို အကူအညီ သွားတောင်းနိုင်သည်။ သူ့မှာ ရွေးချယ်စရာတွေ အများကြီး ရှိပါသည်။
တနည်းအားဖြင့် ကျန်တာက လင်းဖန် ဟော်မိသားစုကို ကိုယ်တိုင် ဘယ်လို ကိုင်တွယ်မလဲဆိုသည့် အပေါ်မှာပဲ မူတည်နေပါသည်။