ဟော်မိသားစုနဲ့ တိုက်ပွဲ
Vol. 18 Ch. 260
စီးပွားရေးစင်တာတွင်...
လင်းဖန်က ထိုင်လက်စနေရာမှာပဲ ဆက်ထိုင်နေကာ ထွက်မပြေးပါ။
ဘယ်သူ့ကိုမှလည်း ရန်မစခဲ့ပေ။
သို့သော် ဟော်ထျန်းက ထပ်အထိုးခံချင်ပါက လင်းဖန် ထိန်းထားမှာမဟုတ်ပါ။
သိပ်မကြာခင် အသက်ကြီးကြီးလူတစ်ယောက် စီးပွားရေးစင်တာထဲသို့ လျှောက်လာခဲ့သည်။
ဟော်ထျန်း၏ ဦးလေးဖြစ်သူ ဟော်ချန်ထျန်းဖြစ်သည်။
သူက ဟော်ကော်ပိုရေးရှင်းမှာ အဆင့်အတန်း မြင့်မားသူတစ်ယောက်ဖြစ်၏။
ဟော်မိသားစုဝင်တိုင်းက ၎င်းတို့၏ အမှားများကို အလွန်ဖုံးဖိတတ်ကြသည်။
ဟော်ချန်ထျန်းဘေးတွင် ကြမ်းတမ်းသည့်ပုံစံဖြင့် ဘော်ဒီဂတ် အယောက် ၂၀ ကျော် ပါလာခဲ့သည်။
ဘေးနားကလူတွေအားလုံးလည်း အနောက်ဆုတ်ကုန်ကြသည်။
ဘယ်သူမှ ဟော်ချန်ထျန်းကို မတားကြပါ။
ကော်မာရှယ်စင်တာထဲက လုံခြုံရေးအစောင့်တွေတောင် ထိုအချိန်တွင် မလှုပ်ရဲကြပေ။
ဟော်မိသားစုလို မိစ္ဆာမျိုးကို တိုက်ခိုက်ပြီးနောက် စီးပွားရေးစင်တာ၏ လုံခြုံရေးအစောင့်တွေတောင် သူတို့ကို မတားဆီးနိုင်တော့ပါ။
ဒီမှာ တစ်ယောက်ယောက် မသေသရွေ့ လုံခြုံရေးအစောင့်များက ဟော်မိသားစုကို ဝင်ရှုပ်တော့မှာ မဟုတ်ပေ။
"လင််းဖန်က ဟော်မိသားစုကို စော်ကားပြီး ဟော်ထျန်းရဲ့ လက်ကို ချိုးပစ်လိုက်တယ်လို့ ကြားတယ်။ သူတို့ ပွဲသိမ်းပြီပဲ။"
"လင်းဖန် အားလုံးထဲမှာမှ ဟော်မိသားစုကို သွားရန်စရတယ်လို့။ ဟော်မိသားစုက ရန်စလို့ကောင်းတဲ့ မိသားစု မဟုတ်ဘူး။"
"ငါတို့မပြောနဲ့ ကုမ္ပဏီအကြီးစားတွေတောင် ဟော်မိသားစုနဲ့ စစ်မကြေညာရဲဘူး။ ဟော်မိသားစုမှာ ဟော်ရှင်းယုလို သမိုင်းဝင် စီးပွားရေးသမားတစ်ယောက်ရှိနေတာ။ သူ့ကို ဆန့်ကျင်တဲ့လူတွေအကုန်လုံး အဖြစ်ဆိုးနဲ့ ကြုံရတတ်တယ်နော်။"
အားလုံး စိတ်မကောင်းဖြစ်သွားကြသည်။
လင်းဖန်နဲ့ အလုပ်တူတူတွဲလုပ်ချင်သည်ဟူသော ကုမ္ပဏီတွေတောင် လင်းဖန်ကို မကူညီရဲကြတော့ပါ။
လင်းဖန် တကယ် ပြဿနာတက်နေပါပြီ။
"မစ္စတာလင်း" ဟော်ချန်ထျန်းက လင်းဖန်ရှေ့ကို လျှောက်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်ပါသည်။ သူ ဝမ်းသာနေသလား၊ စိတ်တိုနေသလား ဘယ်သူမှ မပြောနိုင်ကြပါ။
"မစ္စတာလင်း မင်း ငါ့တူရဲ့ လက်ကို ချိုးပစ်လိုက်တယ်ဆို ဟုတ်ရဲ့လား" ဟွေ့ချန်းထျင်က မေး၏။
"ခင်ဗျားတူကို သူဘာလုပ်မိလို့လဲလို့ အရင်သွားမေးလိုက်ပါလား" လင်းဖန်က တည်ငြိမ်စွာ ပြုံးလိုက်၏။
"အရေးကြီးလို့လား။ ဒီကောင့်ကို လှဲချပြီး ခြေတွေလက်တွေ အကုန်ချိုးပစ်စမ်းကွာ" ဟော်ချန်ထျန်းက တည်တည်ငြိမ်ငြိမ်ပဲ အမိန့်ပေးလိုက်သည်။ သူ့မျက်လုံးထဲတွင် ယုတ်ညံ့သော အရိပ်အယောင်များ တောက်ပသွား၏။
လင်းဖန်ရဲ့ ခြေလက်တွေကို ရိုက်ချိုးလိုက်လည်း ဘာဖြစ်လဲ။ တရားဥပဒေအရဆို အလွန်ဆုံး ဟော်ချန်ထျန်းက ဆေးဖိုးဝါးခ ပြန်ပေးလိုက်ရုံသာရှိသည်။
ဒီဆေးဖိုးဝါးခလောက်ကို ဟော်မိသားစုက လုံးဝ ဂရုမစိုက်ပေ။
ဒီလိုပြင်းထန်သည့် ဒဏ်ရာမျိုး ပြန်သက်သာဖို့ အနည်းဆုံး ရက် ၁၀၀ လောက် ကြာလိမ့်မည်။ သူ့ခြေလက်တွေ ကျိုးသွားလျှင် သာမန် လူတစ်ယောက်လို ပြန်ကောင်းဖို့က အနည်းဆုံး ၁ နှစ် ၂ နှစ်လောက်အထိ ခက်ခဲနိုင်ပါသည်။
ဒါ ဟော်မိသားစုရဲ့ လုပ်နည်းကိုင်နည်းပဲ ဖြစ်သည်။
"မစ္စတာဟော်။ ကျွန်တော့်မျက်နှာကြည့်ပြီး ဒီနေ့ကိစ္စကို အကြမ်းနည်းနဲ့ ဖြေရှင်းမယ့်အစား အေးအေးဆေးဆေး ဆွေးနွေးကြရအောင်လား။ ဟော်မိသားစုအတွက် သူ့ကို လျော်ကြေးပြန်ပေးခိုင်းလို့ရတာပဲ" ယွမ်ချမ့်က ဟော်ချန်ထျန်းကို ကြည့်လိုက်သည်။
"စီအီးအိုယွမ်၊ ပုံမှန်ဆို ဟော်မိသားစုက ခင်ဗျားကို မျက်နှာသာပေးပေမယ့် ဒီနေ့တော့ မရဘူး။"
"ကျုပ်တို့ကို ဆက်တားမယ်ဆိုရင် ယွမ်မိသားစုလည်း ဟော်မိသားစုရဲ့ ရန်သူဖြစ်သွားမယ်နော်" ဟော်ချန်ထျန်းက ပြောလိုက်သည်။
"ခင်ဗျား..." ယွမ်ချမ့်က အံကြိတ်ကာ လက်သီးကို ဆုပ်လိုက်ပါသည်။
ယွမ်ချမ့်က ဟော်မိသားစု၏ ရန်သူဖြစ်လာဖို့ လက်မခံနိုင်ပါ။ အထူးသဖြင့် ဟော်ရှင်းယု၏ ရန်သူ ဖြစ်မလာရဲပေ။
ထိုအချိန်တွင် ဟော်ချန်ထျန်းက လင်းဖန်ကို ပြန်ကြည့်လိုက်သည်။
"လုပ်လိုက်ကြစမ်း" ဟော်ချန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်သည်။ ဘော်ဒီဂတ်တွေက များပြားလွန်း၏။ လင်းဖန် ကြံ့ခိုင်မှု ဘယ်လောက်ရှိရှိ သူတို့ကို ယှဥ်နိုင်မှာ မဟုတ်ပေ။
သူ့ခြေလက်တွေသာ တကယ်ကျိုးသွားလျှင်...
ရှားဝမ်ချွေ့၏ မျက်လုံးလှလှလေးများတွင် အေးစက်သွားသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
လင်းဖန်က ရှားဝမ်ချွေ့၏ ခေါင်းကိုပုတ်ပေးလိုက်ပြီး အားလုံးအဆင်ပြေကြောင်း ပြသလိုက်ပါသည်။
လင်းဖန် လက်ဖျောက်တီးလိုက်၏။
စီးပွားရေးစင်တာ တံခါးကြီး ပွင့်လာသည်။
အနက်ရောင်ဝတ်စုံများဖြင့် ဘော်ဒီဂတ်များ အတန်းလိုက် ဝင်ရောက်လာသည်။
အနည်းဆုံး ဘော်ဒီဂတ် ၅၀ လောက် ရှိလိမ့်မည်။
အရှေ့ဆုံးတွင် ကြည့်ကောင်းသည့် အမျိုးသမီးတစ်ယောက်လည်း ပါသည်။ သူမက လင်းဖန်၏ မန်နေဂျာ လင်းချမ့်ဝေပဲ ဖြစ်သည်။
ကြံ့ကြံ့ခိုင်ခိုင် ဘော်ဒီဂတ်များစွာက လင်းဖန်ရှေ့ကို လျှောက်လာကြပြီး ၉၀ ဒီဂရီ ဦးညွှတ်လိုက်ကြသည်။
လင်းချမ့်ဝေလည်း လင်းဖန်ရှေ့ကို လျှောက်လာပြီး အနည်းငယ် ဦးညွှတ်လိုက်ပါသည်။
"ဘော့စ် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။"
လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။ "ကိစ္စမရှိပါဘူး။"
"ဟော်ထျန်းကို ခေါ်ပြီးသွားပြီလား" လင်းဖန်က မေးလိုက်၏။
"ဟုတ်ကဲ့ မစ်ရှင် အောင်မြင်ပါတယ်" လင်းချမ့်ဝေက သိမ်မွေ့စွာ ခေါင်းငြိမ့်လိုက်သည်။
ထိုအချိန်တွင် ဟော်ထျန်းက လူနာထမ်းစင်တစ်ခုပေါ်တွင် ပက်လက်လဲနေသည်။
ဟော်ထျန်းကို ဆေးရုံသို့ ပို့ဆောင်ရမည်ဖြစ်သော်လည်း ဟော်ထျန်း တံခါးနားသို့ ရောက်သည့်အခါ လင်းချမ့်ဝေက လူတွေကိုခေါ်လာပြီဖြစ်သည်။
ထို့ကြောင့် ဟော်ထျန်းတစ်ယောက် ဆေးရုံကို ရောက်မသွားဘဲ လင်းဖန်၏ လူတွေပြန်ခေါ်လာတာကို ခံလိုက်ရပါသည်။
"ဦးလေး ကယ်ပါဦး။"
"အဲ့ဒီကောင်လင်းဖန် ကျွန်တော့်လက်ကို ချိုးပစ်လိုက်တာ။ ဦးလေး ကျွန်တော့်အတွက် ကလဲ့စားချေပေးပါ" ဟော်ထျန်းက မျက်နှာ ဖြူရော်ဖြူဖပ်နဲ့ လင်းဖန်ကို စိုက်ကြည့်လိုက်သည်။
"ယီးပဲ ငါ့ကို ဒီလို လုပ်ရဲတဲ့ကောင်မျိုးမရှိတာ နှစ်တွေ ဘယ်လောက်တောင် ကြာပြီလဲ။ လင်းဖန် မင်းတော့ ကိစ္စပြတ်ပြီ။ မင်းရဲ့ ခြေတွေလက်တွေ ကျိုးပဲ့နေမှာ မြင်ယောင်နေပြီ ဟားဟားဟားဟား" ဟော်ထျန်းက ရယ်မောလိုက်သည်။
လင်းဖန်က ဟော်ချန်ထျန်းကို ကြည့်လိုက်သည်။ "အစကတော့ သူ့လက်တစ်ဖက်ပဲ ချိုးဖို့ ရည်ရွယ်ထားတာ။ မစ္စတာဟော်က ကျွန်တော့်ခြေလက်တွေ အကုန်လုံးကို ချိုးဖို့ စဥ်းစားလိမ့်မယ် ထင်မထားဘူး။ မစ္စတာဟော်ပြောမှ ကျွန်တော်ဘာလုပ်သင့်လဲ သတိရသွားတယ်။"
"အခု ဟော်ထျန်းရဲ့ ခြေတွေလက်တွေအကုန်လုံးကို ချိုးပစ်တော့မယ်" လင်းဖန်က ဟော်ထျန်းကို ကြည့်တောင်မကြည့်တော့ပါ။
ဒီနေ့ လင်းဖန်ပြဿနာတက်ပြီဟု အားလုံး ထင်ထားခဲ့သည်။
သို့သော်လည်း လက်တွေ့မှာတော့ ဒီလိုမဟုတ်ပေ။
ဟော်မိသားစုက လင်းဖန်ကို အလွတ်မပေးချင်ပါ။ လင်းဖန်လည်း ယွမ်ချမ့်လို တောင်းပန်လိမ့်မည်ဟု ထင်ထားခဲ့၏။
သို့သော် ဒီလိုဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။
ဒီနေ့ လင်းဖန်က ဟော်မိသားစုကို အလွတ်ပေးဖို့ စိတ်ကူးမရှိပါ။
ဟော်ကော်ပိုရေးရှင်းက ဘီလီယံရာချီပြီး ပိုင်ဆိုင်မှုရှိတဲ့ ကုမ္ပဏီဖြစ်နေလည်း ဘာာဖြစ်လဲ။
"လင်းဖန် အတင့်ရဲလိုက်တာ" ဟော်ချန်ထျန်းက ဒေါသထွက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။
"ဘာလို့ အတင့်မရဲရမှာလဲ" လင်းဖန်က ပြန်မေးလိုက်သည်။
ဟော်ချန်ထျန်းက တိုက်ခိုက်ချင်သော်လည်း လင်းဖန်ဘေးမှာ လူတွေများလွန်းသည်။
လင်းဖန်၏ ဘော်ဒီဂတ်အားလုံးက အထူးလေ့ကျင့်ရေး ဆင်းထားကြသူများဖြစ်သည်။
ဘော်ဒီဂတ် ၅၀ ကျော်ရှိနေပြီး သူတို့သာ တိုက်ခိုက်ကြပါက ဟော်ထျန်း၏ အခြေအနေ ပိုဆိုးသွားနိုင်ပါသည်။
"လင်းဖန် မင်းငါ့တူကို လွှတ်လိုက်တာ ပိုကောင်းမယ်နော်။"
"မင်းဒီတိုင်းသာ ဆက်လုပ်မယ်ဆိုရင် ငါ့တူသာ ဆေးရုံရောက်သွားရင် အနည်းဆုံးတော့ မင်းလည်း ရဲစခန်းရောက်မှာပဲ။"
"ဒီနေ့ ငါ့တူကို တောင်းပန်ပြီး သူ့ကို ၁၀ သန်းလောက် ပေးလိုက်လေ။ ဒီကိစ္စ ပြီးသွားစေရမယ်" ဟော်ချန်ထျန်းက လင်းဖန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဟော်ထျန်းကို ပြန်ရအောင် အရင်ခေါ်နိုင်လျှင် အားလုံးအဆင်ပြေနိုင်ပါသည်။
ဒီကိစ္စကို ဒီတိုင်း ပြီးသွားခွင့်ပေးလို့ဖြစ်ပါ့မလား။
ဟော်ထျန်း ဘေးကင်းသွားတာနဲ့ တစ်ပြိုင်နက် ဟော်မိသားစုက လင်းဖန်ကို ပိုပြီးကြီးကြီးမားမား ပြန်ပေးဆပ်ရအောင် လုပ်မည်။
"၁၀ သန်း ပေးရမယ်ဟုတ်လား" လင်းဖန်က ပြုံးလိုက်၏။
"ခင်ဗျား နားလည်တဲ့ပုံမပေါ်ပါလား။ ခင်ဗျားကို ဒီနေ့ အလွတ်မပေးနိုင်ဘူး။"
"ချကြစမ်းကွာ။"
"စကားမစပ် မစ္စတာဟော်လည်း တိုက်ခိုက်ချင်တယ်ဆိုရင် ခင်ဗျားရဲ့တူ နောက်တစ်ခေါက် မတ်တပ်ရပ်နိုင်ဖို့ အာမမခံနိုင်ဘူးနော်" လင်းဖန်က ပြောလိုက်သည်။
လင်းဖန်ကို ဒီလိုပုံစံမျိုးနဲ့ ရှားဝမ်ချွေ့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပါသည်။
လင်းဖန်ကို ဒီလောက်ဒေါသထွက်နေတာမျိုး တစ်ခါမှ မမြင်ဖူးပါ။
အပြင်ပိုင်းမှာတော့ လင်းဖန်က အလွန်တည်ငြိမ်နေသေးသော်လည်း လင်းဖန် အလွန်ဒေါသကြီးနေမှန်း ရှားဝမ်ချွေ့ပြောနိုင်ပါသည်။
အလွန်ဒေါသထွက်နေသည့် လင်းဖန်က ဘာကြောင့် ဒီလောက်တည်ငြိမ်နေရသနည်း။
ဟော်မိသားစုကို တိုက်ခိုက်ရမည်ဆိုရင်တောင် သူ တွန့်ဆုတ်နေမည်မဟုတ်ပါ။
သူ့သည်းခံနိုင်စွမ်းကို လာကျော်ပြီးနောက် လင်းဖန် ဘာမှ ဂရုမစိုက်တော့ပါ။
ဆယ်လီတစ်ယောက်၏ ဂုဏ်သိက္ခာကော၊ အနုပညာရှင်တစ်ယောက်၏ အရည်အသွေးကော သူ ဘာမှ ဂရုမစိုက်တော့ပါ။
ဟော်ထျန်းက ရှားမိသားစုနဲ့ လင်းဖန်ကို သတ်ပစ်ချင်နေသူဖြစ်သည်။ ဒီလိုရန်သူမျိုးနှင့် ရင်ဆိုင်ရသဖြင့် လင်းဖန် ညှာတာနေမှာ မဟုတ်ပေ။
ဟော်ချန်ထျန်း၏ မျက်နှာ ပိုပြီး ခက်ထန်သွားရသည်။
တစ်ချိန်တည်းမှာပင် ဟော်ထျန်းဘေးက ဘော်ဒီဂတ်များက သူ့ခြေလက်များကို လက်ကိုင်တုတ်များဖြင့် စရိုက်နေကြလေပြီ။
"လင်းဖန် အတင့်ရဲလိုက်တာ"
"ခွေးမသား"
"ငါ့ကို ထိရင် ငါ့အစ်မ မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူးနော်"
ဟော်ထျန်း၏ ချောက်ချားစရာ အော်သံအောက်တွင် သူ့ခြေလက်များ အကုန်ကျိုးပဲ့ကုန်လေသည်။