← Chapters

Bugatti ကော်ပိုရေးရှင်းရဲ့ အကူအညီ

Vol. 18 Ch. 262

Bugatti ကော်ပိုရေးရှင်းရဲ့ အကူအညီ

Vol. 18 Ch. 262

လင်းဖန်က ကားမောင်းနေပြီး ယန်ရှုနဲ့ တွေ့ဆုံဖို့ ပြင်နေ၏။

လင်းဖန်က ခေတ်သစ်လီရှန်းဟိုတယ်၏ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်ပြီး ရှန်ဟိုင်းတစ်မြို့လုံးတွင် ဒီဟိုတယ်၏ ကိုင်းခွဲများစွာ ရှိသည်။

ဒီလို ကြယ်ငါးပွင့် ဟိုတယ်ကြီး၏ အရင်းအနှီးကွင်းဆက်က တစ်ညအတွင်း ပျက်စီးသွားခဲ့သည်။

ဟော်ရှင်းယု၏ နည်းလမ်းများက အတော်လေး ရက်စက်သည်ဟု ဆိုနိုင်ပါသည်။

ဟော်ရှင်းယု မတိုက်ခိုက်ခင်ကတည်းက လင်းဖန် ပြင်ဆင်ထားပြီးသားဖြစ်သည်။

ဟော်ရှင်းယုသာ တိုက်ခိုက်ချင်လျှင် တိုက်ခိုက်ပါစေ။

ယန်ရှုနဲ့ ခေတ်သစ်လီရှင်းဟိုတယ်မှာ အကြာကြီး ဆွေးနွေးတိုင်ပင်ပြီးနောက် လင်းဖန် ယွမ်ဟန်နည်းပညာမှာ ယွမ်ချမ့်နဲ့ သွားတွေ့ဖို့ ပြင်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူနဲ့ ယွမ်ချမ့်နဲ့က ရင်းနှီးကြသူများဖြစ်သည်။ ယွမ်ဟန်နည်းပညာသာ ပြိုလဲသွားပါက လင်းဖန် နည်းပညာအဆောက်အဦး၏ အထပ် ၇ ထပ်အတွက် ၅ နှစ်တာ ငှားရမ်းခကို ရရှိမည် မဟုတ်တော့ပေ။

နှစ်တိုင်း ရရှိနေသည့် ငှားရမ်းခ ယွမ်သန်းဆယ်ဂဏန်းများ ငွေအစစ်များဖြစ်ပါသည်။

တစ်ချိန်တည်းတွင် ဟော်မိသားစု၌...

ဟော်ရှင်းယုက မျက်လုံးများ မှိတ်လိုက် ထိုင်နေသည်။

ဝါရင့်စီးပွားရေးသမား တစ်ယောက်အဖြစ် လင်းဖန်၏ ကြယ်ငါးပွင့် ဟိုတယ်ကြီးကို အမြန် ဖျက်ဆီးပစ်လိုက်သည်။

"စီအီးအိုဟော် ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ အရင်းအနှီးကွင်းဆက် ပျက်စီးသွားပါပြီ။ ဘာအမှားအယွင်းမှ မရှိဘူးဆိုရင် ကုမ္ပဏီကို လဝက်အတွင်း ပိတ်ကြရပါလိမ့်မယ်။ စီအီးအိုဟော်ရဲ့ ရွှေ့ကွက်က အရမ်းပြောင်မြောက်တာပဲ။ လင်းဖန်ရဲ့ လက်တစ်ဖက်ကို ချိုးလိုက်တာနဲ့ အတူတူပဲ" လက်ထောက်က ပြောလိုက်ပါသည်။

"လင်းဖန်ကြောင့် ယွမ်ဟန်နည်းပညာလည်း ဒုက္ခရောက်နေပြီ။ ဒီတိုင်းသာ ဆက်သွားရင် သူတို့ကုမ္ပဏီလင်းဖန်နဲ့ အလုပ်တွဲလုပ်ရဲပါတော့မလား" လက်ထောက်က လေးစားစွာဖြင့် ကြည့်လိုက်ပါသည်။

ဒါက ရှန်ဟိုင်းမြို့ရှိ နာမည်ကြီးမိသားစု ၄ စုထဲက တစ်စုဖြစ်သော ဟော်မိသားစုဝင် ဟော်ရှင်းယု၏ စွမ်းအားပဲ ဖြစ်သည်။

ကုမ္ပဏီ ၂ ခုစလုံးက ဘီလီယံတန်ကြေး ရှိသော်လည်း ဟော်ရှင်းယုက ကုမ္ပဏီ ၂ ခုစလုံးကို ဒေဝါလီခံရလုနီးပါး ဖြစ်အောင် ချက်ချင်း လုပ်လိုက်နိုင်သည်။

"ကုမ္ပဏီ ၂ ခုပြိုလဲသွားပြီဆို လင်းဖန်က သေချာပေါက် သူတို့ဆီကို သွားမှာပဲ"

"လင်းဖန်က ငါ့မောင်လေးကို ဒီလောက်တောင် ထိခိုက်အောင် လုပ်ခဲ့တာ။ ငါတို့ဟော်မိသားစုကို အရှက်ခွဲလိုက်တာနဲ့ အတူတူပဲ... အဲ့တော့ ငါလည်း လင်းဖန်ကို ဟော်မိသားစုရဲ့ နည်းလမ်းတွေအကြောင်း သိသွားအောင် လုပ်ပစ်မယ်"

"လမ်းပေါ်မှာ ကားအက်ဆီးဒင့်တစ်ခုဖြစ်အောင် လုပ်လိုက်။ အဲ့ဒီအချိန်ကစပြီး လင်းဖန် ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားစေရမယ်" ဟော်ရှင်းယုက ဘာမှ ဂရုမစိုက်သလို အေးအေးဆေးဆေး ပြောလိုက်ပါသည်။

တချို့လူတွေက သူတို့လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရမည်။

ထိုအချိန်တွင်... သတင်းတစ်ခုက ဟော်မိသားစုထံသို့ ရောက်ရှိလာ၏။

"စီအီးအိုဟော် နောက်ဆုံးရသတင်းပါ"

"ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ ကုမ္ပဏီအရင်းအနှီးကွင်းဆက်ကို ပြန်ပြီး ပြုပြင်ပြီးသွားပါပြီ။ ကုန်ကြမ်းကုန်သည်တွေအားလုံးလည်း ခေတ်သစ်လီရှန်းဟိုတယ်နဲ့ သူတို့ဆက်ဆံရေး ပြန်ကောင်းမွန်အောင် လုပ်လိုက်ပြီ။ ခေတ်သစ်လီရှန်းဟိုတယ်က အခု ပုံမှန်ပြန်လည်ပတ်နေပါပြီ"

"အဲ့ဒီအပြင် ယွမ်ဟန်နည်းပညာအတွက် ငွေတွေအများကြီး ထောက်ပံ့ပေးထားတာလည်း တွေ့ရတယ်။ ကုမ္ပဏီ ၂ ခုစလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ကျွန်မတို့ ကုမ္ပဏီ ၂ ခုစလုံးရဲ့ အဆက်အသွယ်တွေ အကုန်လုံးကို စစ်ဆေးပြီးပြီလေ။ ၂ ခုစလုံးကို ပြိုလဲသွားအောင် လုပ်ခဲ့တာကို ဘာလို့ ဒီလောက် မြန်မြန် ပုံမှန်ပြန်ဖြစ်သွားရတာလဲ။” လက်ထောက်၏ မျက်နှာထားက အနည်းငယ် အကျည်းတန်သွားသည်။

ဟော်ရှင်းယု လှုပ်ရှားခဲ့ပြီး ကုမ္ပဏီ ၂ ခုစလုံးကို ဖျက်ဆီးခဲ့သည်။

သိပ်မကြာလိုက်ဘဲ ကုမ္ပဏီ ၂ ခုစလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

ဒီလိုကိစ္စမျိုးက စီးပွားရေးလောကမှာ မဖြစ်နိုင်ပါ။

ဟော်မိသားစုက ခေတ်သစ်လီရှန်းဟိုတယ်နဲ့ ယွမ်ဟန်နည်းပညာတို့၏ အသေးစိတ် အချက်အလက်များကို သေသေချာချာ ရှင်းရှင်းလင်းလင်း စုံစမ်းပြီးသွားပါပြီ။

သို့သော်လည်း ယခုတော့ ကုမ္ပဏီ ၂ ခုစလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေပြီ။

ဆိုလိုရင်းက ပြင်ပအင်အားစုတစ်ခုက ထိုကုမ္ပဏီ ၂ ခုအပေါ် ဟော်မိသားစု၏ တိုက်ခိုက်မှုအား ဝင်ရောက်နှောင့်ယှက်ခဲ့သည့် သဘော ဖြစ်သည်။

လင်းဖန် ပြန်တိုက်ခိုက်နေပါပြီ။

ဟော်ရှင်းယုက လင်းဖန်ကို အလဲထိုးခဲ့သော်လည်း လင်းဖန်၏ လုပ်ရပ်များက ကုမ္ပဏီ ၂ ခုစလုံး၏ အရင်းအနှီး ကွင်းဆက်များကို ပြန်ပြုပြင်နိုင်ခဲ့သည်။

ထိုကုမ္ပဏီ ၂ ခုမှာ အဆက်အသွယ်တွေလည်း အများကြီး ရှိပါသည်။

ရှန်ဟိုင်းမြို့တွင် ဟော်မိသားစုတစ်စုတည်းနဲ့ ကောင်းကင်ကြီးကို စိုးမိုးဖို့က ခက်ခဲလွန်းသည်။

"အကြောင်းအရင်းကို သိရပြီလား"

"ဘယ်ကုမ္ပဏီက ကုမ္ပဏီ ၂ ခုအတွက် ရန်ပုံငွေတွ ကူညီပေးလိုက်တာလဲ" ဟော်ရှင်းယုက မေးလိုက်သည်။

လင်းဖန်သာ ဒီကုမ္ပဏီ ၂ ခုကို ကယ်တင်ချင်ပါက ငွေတွေ အများကြီး လိုအပ်နိုင်ပါသည်။

ထိုငွေဆိုတာ အနည်းဆုံး သန်းရာချီပြီး ရှိနိုင်သည်။

တစ်နည်းအားဖြင့် လင်းဖန်တွင် ဟော်ရှင်းယု မသိရသေးသည့် တခြား ကျောထောက်နောက်ခံ တစ်ခုခု ရှိနေသေး၏။

ထို့ကြောင့်ပဲ ဒီကုမ္ပဏီ ၂ ခုက ချက်ချင်း နလံပြန်ထူနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

လင်းဖန်၏ တန်ပြန်တိုက်ခိုက်မှုက ဟော်ရှင်းယုကို ပိုပြီး တက်ကြွသွားစေသည်။

သူမ စီးပွားရေးမှာ တစ်ခါမှ မရှုံးနိမ့်ဖူးပေ။

ကုမ္ပဏီ တစ်ခုခုကသာ လင်းဖန်ကို ကူညီပေးဖို့ ကြိုးစားလျှင် ထိုကုမ္ပဏီကိုလည်း သူမ ဖျက်ဆီးပစ်မည် ဖြစ်သည်။

သူမမောင် ဟော်ထျန်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သဖြင့် အစ်မဖြစ်သူ ဟော်ရှင်းယုက လင်းဖန်ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ပါ။

"စီအီးအိုဟော် ဒီကုမ္ပဏီက နိုင်ငံခြားကုမ္ပဏီတစ်ခုပဲ... ကျွန်မတို့ ကုမ္ပဏီ သူတို့ကို တိုက်ခိုက်လို့ မရဘူး" လက်ထောက်ကပြောလိုက်သည်။

"အဲ့ဒီ ကုမ္ပဏီက Bugatti ကော်ပိုရေးရှင်းပဲ" လက်ထောက် ထိုသို့ပြောလိုက်ပြီးနောက် မိသားစုဝင်အားလုံး အံ့အားသင့်ကုန်ကြသည်။

"Bugatti ကော်ပိုရေးရှင်း ဟုတ်လား။"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ Bugatti ကော်ပိုရေးရှင်းက ဥရောပရဲ့ တန်ဖိုးကြီး ကားဘရန်းတစ်ခုလေ။ ပြီးတော့ နိုင်ငံခြား ကုမ္ပဏီကြီး။ လင်းဖန်က ဘယ်လိုလုပ်ပြီး သူတို့နဲ့ ပတ်သတ်နေရမှာလဲ"

"Bugatti ကော်ပိုရေးရှင်းက လင်းဖန်ကို တကယ်ကြီး ဒီပြဿနာမှာ ကူညီပေးလိုက်တာလား။ ကုမ္ပဏီ ၂ ခုစလုံးရဲ့ အရင်းအနှီး ကွင်းဆက်ကို တစ်ပြိုင်တည်း ပြန်ပြုပြင်ဖို့ ဆိုရင် ကုမ္ပဏီ ၁ ခုကို အနည်းဆုံး ငွေသားစီးဆင်းမှု သန်း ၅၀၀ လောက် လိုအပ်တယ်။ တစ်နည်းအားဖြင့် Bugatti ကော်ပိုရေးရှင်းက လင်းဖန်ကို ယွမ် ၁ ဘီလီယံ ထောက်ပံ့လိုက်တာပဲ"

"လင်းဖန်ရဲ့ နောက်ကြောင်းက ဘယ်လောက်တောင် နက်ရှိုင်းတာလဲ။ အဲ့တာကြောင့်လည်း အရင်တုန်းက လင်းဖန်ရဲ့ တခြားနောက်ကြောင်းရာဇဝင်တွေကို ရှာမရခဲ့တာကိုး။ အဲ့တာကြောင့်ပဲ လင်းဖန်က Limited Edition Bugatti ပြိုင်ကားကြီးကို ရနိုင်တာကိုး"

ဟော်ကော်ပိုရေးရှင်း၏ အထက်လူကြီးများ အတူစုရုံးမိကြပြီး မျက်နှာများက အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေကြသည်။

Bugatti ကော်ပိုရေးရှင်း၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ဟော်မိသားစု လင်းဖန်ကိုတိုက်ခိုက်ဖို့ ပိုခက်ခဲသွားပါသည်။

"စီအီးအိုဟော် ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

"Bugatti ကော်ပိုရေးရှင်းက ငွေတွေအများကြီး ပိုင်ဆိုင်ထားတယ်။ သူတို့ လင်းဖန်ကို ဆက်ပြီး ကူညီနေမယ်ဆိုရင် ကျွန်တော်တို့ သူ့ကို တိုက်ခိုက်ဖို့ ပိုခက်ခဲသွားမယ်"

"ငါတို့လင်းဖန်ကို သတ်မှဖြစ်မယ်။ လခွီးပဲ။ အဲ့ဒီကောင်လင်းဖန်က သောက်ရမ်းဘဝင်မြင့်နေတာ။ ကောင်မလေးရှိလည်းဘာဖြစ်လဲ။ ရှားဝမ်ချွေ့က အပျိုတောင်ဟုတ်ရဲ့လားမသိဘဲနဲ့။ လင်းဖန်က အဟောင်းပစ္စည်းကို ကောက်ရထားတာ နေမှာ"

ဟော်မိသားစုထဲက လူများစွာ လင်းဖန်ကို လှောင်ပြောင်နေကြသည်။

ဟော်မိသားစု၏ တစ်ဦးတည်းသော သားယောက်ျားလေး၏ ခြေလက်များ ကျိုးခဲ့ရသည်။

ဟော်မိသားစုတစ်ခုလုံး အရှက်ရခဲ့၏။

ဟော်မိသားစုကို ဘယ်သူက ဒီလိုမျိုး ပစ်မှတ်ထားရဲတာလဲ။

လင်းဖန်တစ်ယောက်တည်းသာ ရှိသည်။

လင်းဖန် ဒီလိုလုပ်ရပ်တွေကိုလုပ်ပြီးနောက် ဟော်မိသားစုဝင်အားလုံး ဒေါသထွက်ကုန်ကြပါသည်။

ဟော်ထျန်း၏ ခြေလက်များကို လင်းဖန် ရိုက်ချိုးလိုက်တော့ ဟော်မိသားစုက လင်းဖန်ကို အသေအကျေတိုက်ခိုက်ဖို့ စိတ်ဆုံးဖြတ်ချက် ချထားကြသည်။

သူတို့လိုချင်တာက လင်းဖန်ကို ဒီ့ထက်ပိုဆိုးသည့် ကံကြမ္မာမျိုးနဲ့ ပြန်ပေးဆပ်စေချင်ခြင်း ဖြစ်သည်။

"Bugatti ကော်ပိုရေးရှင်းက လင်းဖန်ကို ၁ ဘီလီယံ ကူညီ ထုတ်ပေးလိုက်တာ ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့တာက လင်းဖန်နဲ့ Bugatti ကော်ပိုရေးရှင်းတို့ရဲ့ ရင်းနှီးမှုကြောင့်ပဲ။ လင်းဖန်က Bugatti ကော်ပိုရေးရှင်းရဲ့ အဓိက ရှယ်ယာဝင်ကြီးတော့ မဖြစ်နိုင်ပါဘူး"

"Bugatti ကော်ပိုရေးရှင်းက ၁ ဘီလီယံ ထုတ်ပေးချင် ထုတ်ပေးနိုင်မယ်။ လင်းဖန်ကို ၂ ဘီလီယံလောက် ပေးနိုင်ပါ့မလား"

"ပြီးတော့ Bugatti ကော်ပိုရေးရှင်းက ချေးထားတဲ့ ၁ ဘီလီယံကိုလည်း သူပြန်ဆပ်ရဦးမှာပဲ။ ငါတို့ လင်းဖန်ကို ငွေပိုဆုံးရှုံးအောင် လုပ်နိုင်ရင် ခံနိုင်ရည်ရှိပါဦးမလား" ဟော်ရှင်းယုက တည်ငြိမ်စွာပဲ ပြုံးလိုက်ပါသည်။

အထူးသဖြင့် ခေတ်သစ်လီရှန်းဟိုတယ်နဲ့ ယွမ်ဟန်နည်းပညာ ဟိုတယ်တို့လို ကုမ္ပဏီတွေပေါ့။ အဲ့လိုကုမ္ပဏီတွေက ဟော်မိသားစုကို ယှဥ်နိုင်မှာ မဟုတ်ပေ။

"ယွမ်ဟန်နည်းပညာနဲ့ ခေတ်သစ်လီရှန်းဟိုတယ်တို့က ကာစီနိုလုပ်ငန်းတွေလည်း လုပ်တယ်လို့ ကြားတယ်...."

"သူတို့မှာ အရင်းအနှီးကွင်းဆက် ပြန်ရသွားလည်း ဘာဖြစ်လဲ။ အဲ့ဒီကုမ္ပဏီနှစ်ခုကို ချက်ချင်း ဒေဝါလီခံရအောင် လုပ်လို့ရတယ်"

ဟော်ရှင်းယုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ သူမ ကုတ်အင်္ကျီကို ဝတ်လိုက်ပြီး အပြင်ထွက်လာခဲ့သည်။

ဟော်မိသားစု၏ အထက်လူကြီးများအားလုံး ဟော်ရှင်းယု၏ နောက်ကျောကို ပျော်ရွှင်စွာ ကြည့်ရင်း ကျန်ခဲ့ကြသည်။

ယခင် ကော်မာရှယ် တိုက်ခိုက်မှုက ပထမခြေလှမ်းအဆင့်သာ ရှိသေးတာဆိုလျှင် လင်းဖန်၏ တန်ပြန်တိုက်ခိုက်မှုနဲ့ တုန့်ပြန်မှုတို့ကြောင့် ဒီတိုက်ပွဲကို ပိုမို ပြင်းထန်သွားစေသည်။

စီးပွားရေး လောကထဲက သမိုင်းဝင် စီးပွားရေးသမားဖြစ်သည့် ဟော်ရှင်းယုတစ်ယောက် ထိုကုမ္ပဏီ ၂ ခုကို ဖျက်ဆီးဖို့ အတွက် ခြေလှမ်း ဦးစွာ စလှမ်းဖို့ ရွေးချယ်လိုက်ပါပြီ။

All Chapters