ဟော်ရှင်းယုနဲ့ တိုက်ပွဲ
Vol. 18 Ch. 264
"Bugatti ကော်ပိုရေးရှင်းက ကမ္ဘာပေါ်က တန်ဖိုးကြီးကားဘရန်းတွေရဲ့ ထိပ်ဆုံးအဆင့်မှာ ရှိနေတာ။ Bugatti ပြိုင်ကားတိုင်းက ယွမ် ၂၅ သန်းအောက် မနည်းဘူး"
"ဒါတောင် ညီလေးလင်းက Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာဝင် ဖြစ်လာနိုင်စွမ်း ရှိတယ်။ ညီလေးလင်းက အရမ်းတော်ပါ့လား"
"Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာက Bugatti ကော်ပိုရေးရှင်းရဲ့ တတိယအများဆုံးရှယ်ယာဝင်ဖြစ်တာနဲ့ အတူတူပဲ"
"ညီလေးလင်းက အရမ်းကို တော်တာပဲ..."
ယွမ်ချမ့် အနည်းငယ် အံ့သြမိနေဆဲပင်။
လင်းဖန်က သူ့သရုပ်မှန်နဲ့ နောက်ခံတို့ကြောင့် ငွေ ၁ ဘီလီယံလောက်ကို ကစားနိုင်သည်။
သူ့မှာ ဒီလိုနောက်ခံမျိုးရှိနေပါက လင်းဖန် ဟော်မိသားစုနဲ့ ရင်ဘောင်တန်းနိုင်ကာ မျှမျှတတ တိုက်ခိုက်နိုင်ပါပြီ။
ဟော်ရှင်းယုက သာမန် စီးပွားရေးလှည့်ကွက်တွေ သုံးရင်တောင် Bugatti ကော်ပိုရေးရှင်းလို ကျောထောက်နောက်ခံမျိုး ရှိနေပါက လင်းဖန်ကို ဟော်ရှင်းယု အနိုင်ယူနိုင်ဖို့ အလွန် ခက်ခဲပါသည်။
ဘာပဲဖြစ်ဖြစ် Bugatti ကော်ပိုရေးရှင်းက တန်ဖိုးကြီး ဘရန်းတစ်ခုဖြစ်ကာ နိုင်ငံခြား ဘရန်းတစ်ခုလည်း ဖြစ်သည်။ ဟော်မိသားစုက အလွန်ဆုံး ပြည်တွင်းမှာသာ ဖွံ့ဖြိုးတိုးတက်နေကြသူများ ဖြစ်သည်။ စီးပွားရေး လှည့်ကွက်များနဲ့ Bugatti ကော်ပိုရေးရှင်းကို ထိခိုက်အောင် မလုပ်နိုင်ပါ။
သို့သော် ယခု လင်းဖန်က ဟော်ရှင်းယုကို ကာစီနိုတွင် ရင်ဆိုင်မည်ဆိုသဖြင့် ယွမ်ချမ့် စိတ်ပူမိပါသည်။
ဟော်ရှင်းယုကိုသာ သူရှုံးသွားလျှင် ယွမ်ဟန် နည်းပညာနဲ့ ခေတ်သစ်လီရှန်းဟိုတယ်တို့ အလွန် အထိနာသွားကြလိမ့်မည်။
ဒီနေ့ည ၁ ဘီလီယံ ယွမ်ကျော်ကို ဆုံးရှုံးသွားလျှင် ကုမ္ပဏီ ၂ ခုစလုံး ဘဏ်အကြွေးများ တင်သွားပါလိမ့်မည်။
ထိုအခါ ကုမ္ပဏီ ၂ ခုစလုံး ဒေဝါလီခံရကာ လုံးဝ ပျောက်ကွယ်သွားရတော့မည်။
Bugatti ကော်ပိုရေးရှင်းကလည်း ငွေသား ၁ ဘီလီယံ ထုတ်ကူညီထားပြီးသား ဖြစ်သဖြင့် နောက်ထပ် ၁ ဘီလီယံလောက် ထပ်ထုတ်ပေးဖို့ မဖြစ်နိုင်ပါ။
လင်းဖန်က Bugatti ကော်ပိုရေးရှင်း၏ ရှယ်ယာဝင်တစ်ယောက်သာဖြစ်သည်။ တခြား ရှယ်ယာဝင်တွေက ငွေဘီလီယံနဲ့ချီပြီး သူ့ကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုခွင့်ပေးမှာ မဟုတ်ပါ။
ထို့အပြင် Bugatti ကော်ပိုရေးရှင်းမှာ အသုံးပြုဖို့အတွက် ငွေသား ဘီလီယံနဲ့ ချီပြီးတော့ မရှိလောက်တော့ပေ။ သူတို့ ငွေသား ဘီလီယံချီပြီး သုံးစွဲလိုက်ပါက Bugatti ကော်ပိုရေးရှင်း၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုလည်း ပြဿနာ တက်လာနိုင်ပါသည်။
လင်းဖန် ရှုံးသွားလျှင် အားလုံးပြီးဆုံးသွားမည်။
လင်းဖန် ဟော်ရှင်းယုကို ထိပ်တိုက် ရင်မဆိုင်ရင်လည်း သူမရဲ့ အစွမ်းအစနဲ့သာဆို ကုမ္ပဏီ ၂ ခုကို ဒေဝါလီခံသွားအောင် လုပ်နိုင်ဆဲဖြစ်သည်။
ယွမ်ချမ့် သက်ပြင်းချလိုက်ပါသည်။
ဟော်မိသားစုကို ဆန့်ကျင်ပြီးနောက် ကုမ္ပဏီ ၂ ခုလုံး ချောင်ပိတ်ရိုက်ခံနေရလေပြီ။
ဒါတောင် ဟော်ရှင်းယု အစီအစဥ်များ၏ ပထမ ခြေလှမ်းသာ ရှိနိုင်သေးသည်။
ဟော်ရှင်းယုသာ အောင်မြင်သွားပါက ကုမ္ပဏီ ၂ ခု၏ ကျဆုံးမှုက မူလအစသာ ဖြစ်လိမ့်မည်။
ရှားဝမ်ချွေ့ မိသားစုနဲ့ ယွဲ့ဟွာဖျော်ဖြေရေးတို့လည်း ပြဿနာရင်ဆိုင်လာရနိုင်သည်။
"စီအီးအိုယွမ် ကျွန်မတို့ ဒီနေ့ည ဘယ်လိုလုပ်ကြမလဲ" ယန်ရှုက ယွမ်ချမ့်ကို ကြည့်ကာမေးလိုက်ပါသည်။
"စိတ်မပူပါနဲ့ ညီလေးလင်းကိုယ်တိုင် ဒီကို လာပြီး ဟော်ရှင်းယုနဲ့ ပြိုင်လိမ့်မယ်"
"သူ ရှုံးသွားရင် ကျွန်တော်တို့ အရှက်တကွဲ အကျိုးနည်းစွာနဲ့ သေဆုံးရလိမ့်မယ်။ နိုင်သွားရင်တော့ ဟော်မိသားစုရဲ့ မောက်မာမှုတွေကို နှိမ်နင်းနိုင်မှာပဲ" ယွမ်ချမ့်က ပြောလိုက်ပါသည်။
"သူ ရှုံးသွားရင် ကျွန်မတို့ ကုမ္ပဏီ ၂ ခုစလုံး ဒေဝါလီခံသွားရနိုင်တယ်နော်" ယန်ရှုပုံမှန်ဆို ဘယ်လောက်ပဲ တည်ငြိမ်တတ်ပါစေ။ အခုလို အချိန်မှာတော့ အနည်းငယ် ပျာယာခတ်နေပါသည်။
သူတို့ ပြိုင်ဘက်က လက်ရှိ စီးပွားရေး ဘုရင်မကြီးဖြစ်ကာ ဟော်မိသားစု၏ သမီးကြီး ဟော်ရှင်းယု ဖြစ်သည်။
ထိုစဥ် ကာစီနိုတံခါးပွင့်လာခဲ့၏။
ယွမ်ချမ့်နဲ့ ယန်ရှုတို့ ရင်တုန်သွားခဲ့ရသည်။
သားရေအစစ် အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က အနောက်တွင် လက်ထောက်များစွာ၊ လုံခြုံရေးအစောင့်များစွာ ခြံရံလျက် ခပ်မြန်မြန် ဝင်လာခဲ့သည်။
သူမက လက်ရှိ စီးပွားရေး ဘုရင်မဖြစ်သည်။ သူမ၏ အရှိန်အဝါက အလွန် ဖိနှိပ်နိုင်စွမ်းရှိပြီး ယုံကြည်ချက် ပြည့်ဝကာ မာနထောင်လွှားသည်။ သူမ၏ မျက်လုံးများမှာလည်း ဘေးနားက အရာအားလုံးကို အထင်သေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
အမှတ် ၁၀၀ တွင် ၈၅ မှတ်လောက်ရနိုင်သည့် ခန္ဓာကိုယ်နဲ့ အမျိုးသမီးဖြစ်သဖြင့် ဟော်ရှင်းယုက အလွန်လည်း လှပပါသေးသည်။
ကြောက်ဖို့ အကောင်းဆုံးက သူမ၏ အရှိန်အဝါပင်။
သူမရှေ့မှာ လူတွေမတ်တပ်ရပ်သည့်အခါ သူမကို ကြည့်တောင် မကြည့်ရဲကြပေ။
သူမ၏ မျက်လုံးများက အေးစက်ပြီးတည်ငြိမ်လှသည်။ အားလုံး၏ အတွေးကို ဖောက်ထွင်းမြင်နေသလားဟု ထင်ရသည်။
သူမ ဝင်လာသည့်အခါ အားလုံးရဲ့ အကြည့်က သူမထံသို့ရောက်ရှိသွားသည်။
ဟော်မိသားစု၏ သမီးကြီး ဟော်ရှင်းယု ရောက်လာပါပြီ။
လူတိုင်း၏ နှုတ်ဆက်မှုကို မမြင်ချင်ယောင် ဆောင်လိုက်သည်။ ဒီကိုလာရသည့် သူမ၏ ပန်းတိုင်က တစ်ခုသာရှိသည်။
ကုမ္ပဏီ ၂ ခုကို ဖြိုခွင်းဖို့ ဖြစ်ပါသည်။
လင်းဖန်ကို အနိုင်ယူပစ်ပြီး လင်းဖန်ကို တန်ရာတန်ကြေး ပေးဆပ်ရအောင်လုပ်ပစ်မည်။
"စီအီးအိုဟော် ကြိုဆိုပါတယ်" ယွမ်ချမ့်က တောင်းပန်စွာဖြင့် ပြုံးလိုက်ပြီး ဟော်ရှင်းယုကို ကြည့်လိုက်ပါသည်။
"တိုကင်ပြား လဲရအောင်။ ယွမ် သန်း ၂၀၀ ဖိုးလောက် လဲရင် လုံလောက်ပြီ" ဟော်ရှင်းယုက သူမမျက်လုံးထဲတွင် သန်း ၂၀၀ က ဘာမှ မဟုတ်သလိုမျိုး အေးအေးဆေးဆေး ပြောလိုက်ပါသည်။
"ကောင်းပါပြီ" ပါလာသည့် လက်ထောက်က ခေါင်းငြိမ့်လိုက်သည်။
ဟော်ရှင်းယုဘေးတွင် ဘော်ဒီဂတ်များစွာရှိသည်။
ဟော်ရှင်းယုက လောင်းကစားစားပွဲဝိုင်းတွင် ဘုရင်မ တစ်ပါးလို ထိုင်လိုက်ပါသည်။
လောင်းကစားဝိုင်းကို မသွားသလောက်ရှားသည့် သူမ ဒီနေ့တော့ ဒီမှာထိုင်လိုက်ပါသည်။
လင်းဖန်လည်း ဒီကိုရောက်လာပါက လင်းဖန် ဟော်မိသားစုကို အရှက်ခွဲခဲ့သမျှ တန်ပြန်သွားအောင် လုပ်ပစ်မည်။
ဟော်ရှင်းယုက သန်း ၂၀၀ ဖိုး တိုကင်လဲမည်ဟု ကြားလိုက်ရတော့ ယွမ်ချမ့်နဲ့ ယန်ရှုတို့ ကျောတစ်လျှောက် အေးစိမ့်သွားကြသည်။
ဟော်ရှင်းယုက သိန်းဂဏန်း သို့မဟုတ် သန်းဂဏန်းလောက်နဲ့ လောင်းကစားလုပ်ရတာကို ဂရုမစိုက်ပေ။
သူမ ဒီကာစီနိုကို ဗလာကျင်းဖြစ်သွားအောင် လုပ်ချင်သည်။
ကုမ္ပဏီ ၂ ခုစလုံးကို လုံးဝ ပိတ်ချပစ်လိုက်ရအောင် လုပ်ပစ်ချင်သည်။
ဟော်ရှင်းယုနောက်ကို လိုက်လာသည့် လူတချို့လည်း ရှိသေး၏။
သူတို့ကလည်း ရှန်ဟိုင်းမြို့က ဒုတိယမျိုးဆက် သူဌေးသားများဖြစ်ပြီး ဟော်ရှင်းယုကို ပိုးပန်းနေကြသူများ ဖြစ်သည်။
သူတို့အားလုံးက အကျော်အမော်မိသားစုများက ဖြစ်ပြီး ဟော်ရှင်းယုကို လောင်းကစားတွင် အနိုင်ယူနိုင်ပါက သူမ၏ နှလုံးသားကိုပါ ရနိုင်လောက်သည်။
စုစုပေါင်း လူ ၃ ယောက် ဝိုင်းတွင် ထိုင်လိုက်သည်။
ဟော်ရှင်းယုက အလယ်တွင် ထိုင်လိုက်၏။ သူမ ဘေးနားက လူနှစ်ယောက်က ရှန်ဟိုင်းမြို့၏ အကျော်အမော်မိသားစုများမှ သခင်လေးများဖြစ်ကြသော သခင်လေးကျောင်းနဲ့ သခင်လေးဝမ်တို့ ဖြစ်ပါသည်။
"ငါဒီနေရာကို မိနစ် ၃၀ အတွင်း ဗလာကျင်းဖြစ်သွားအောင် လုပ်နိုင်တယ်။ ငါ့မှာအချိန်မရှိဘူး။ စကြရအောင်" ဟော်ရှင်းယုက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပါပြီ။” သခင်လေးကျောင်းနဲ့ သခင်လေးဝမ်တို့ ပြုံးလိုက်ပါသည်။
သူတို့သုံးယောက်သား ယွမ်ချမ့်နဲ့ ယန်ရှုတို့ကို ကြည့်လိုက်ကြသည်။
ဒီနေ့ကာစီနိုမှာ လူတွေလည်း အလွန်များပြားလွန်းပါသည်။
သမိုင်းဝင် ဘုရင်မကြီး ဟော်ရှင်းယု ရောက်လာလေပြီ။
ရှန်ဟိုင်းမြို့၏ အကျော်အမော်မိသားစုများမှ သခင်လေးများက သူမနဲ့အတူ ကစားချင်ကြသည်။ သူတို့က ဟော်ရှင်းယုကို သဘောကျနေကြသူများ ဖြစ်သည်။
ဟော်ရှင်းယုကတော့ သူတို့ကို လုံးဝဂရုမစိုက်ပါ။ သူမ ယွမ် သန်းရာကျော် အနိုင်ရနိုင်သည်။
သူတို့ ၃ ယောက် ထိုင်ပြီးကြပြီဖြစ်ပြီး ကာစီနို ဝန်ထမ်းသာ ကျန်တော့သည်။
သူတို့ မလောင်းပါက ယွမ်ချမ့်၏ ကုမ္ပဏီလက်အောက်က ကာစီနို ဒေဝါလီခံလိုက်ရတာနဲ့ မခြားနားတော့ပါ။
ဒီမှာ အကျော်အမော်မိသားစုများစွာက လူတွေ အများကြီးရှိနေသည်။ သူတို့ ဟော်ရှင်းယုနဲ့ ကစားဖို့ ငြင်းဆန်ပါက ယွမ်ချမ့်နဲ့ ယန်ရှုတို့၏ ကာစီနို ဆိုင်းဘုတ် လုံးဝ ပျက်စီးသွားတော့မည်။
"စီအီးအိုဟော်၊ သခင်လေးကျောင်းနဲ့၊ သခင်လေးဝမ်တို့ ကျေးဇူးပြုပြီး ခဏလောက်စောင့်ကြပါဦး"
"လင်းဖန် မကြာခင် ရောက်လာပါလိမ့်မယ်။ သူကိုယ်တိုင် ခင်ဗျားတို့နဲ့ ကစားပါလိမ့်မယ်" ယွမ်ချမ့်က ပြောလိုက်သည်။
လင်းဖန် လာမည်ဟု ကြားလိုက်ရတော့ သခင်လေးကျောင်းနဲ့ သခင်လေးဝမ်တို့ လှောင်ပြုံးပြုံးလိုက်ကြသည်။
ဟော်ရှင်းယု၏ လောင်းကစားစွမ်းရည်ကို သိသော်လည်း သူတို့ လိုက်လာခဲ့ကြ၏။
လောင်းကစားတွင် ကံက အရေးကြီးသည်။ သူတို့ ဟော်ရှင်းယုကို နိုင်သွားပါက အောင်နိုင်ခြင်း ခံစားချက်မျိုးကို ခံစားနိုင်မှာပဲ မဟုတ်လား။
သို့သော်လည်း လောင်းကစားတွင် အရေးအကြီးဆုံးအရာက နည်းလမ်းပဲဖြစ်သည်။
မဟုတ်ပါက ကတ်ကောင်းကောင်းတွေ ရထားရင်တောင် မလောင်းရဲကြဘဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားပါလိမ့်မည်။
"မဖြစ်နိုင်တာ သရုပ်ဆောင်တစ်ယောက်ကများ မစ္စဟော်နဲ့ လောင်းကစားလုပ်ရဲတယ်ပေါ့"
"လင်းဖန်က သူ့ကိုယ်သူ တကယ် တစ်ခုခုလို့ ထင်နေတာပဲ။ ညီလေးဟော်ထျန်းကို ဒဏ်ရာ ရအောင်လုပ်ပြီး သူ့ပါဝါကို ကြွားတယ်။ မစ္စဟော်နဲ့ပါ လောင်းကစားလုပ်ချင်သေးတယ်။ သူက တန်ကောတန်ရဲ့လား" သခင်လေးလီနဲ့ သခင်လေးကျောင်းတို့ ပြောလိုက်ကြသည်။
သခင်လေးလီနဲ့ သခင်လေးကျောင်းတို့က ဟော်ရှင်းယု၏ မဟာကပ်ဖားများ ဖြစ်ကြသည်။
သို့သော်လည်း ဟော်ရှင်းယုက သူတို့ဖားတာတွေကို စိတ်မဝင်စားပါ။
သူတို့နှစ်ယောက်၏ စကားများကိုကြားသောအခါ ယွမ်ချမ့် မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ နာမည်တွေကို တိုးတိုးတိတ်တိတ် မှတ်ထားလိုက်ပါသည်။
လင်းဖန်က Bugatti ကော်ပိုရေးရှင်း၏ တတိယ အများဆုံး ရှယ်ယာဝင်ဖြစ်သည်။ ဒီလို ကျောထောက်နောက်ခံ တစ်ခုတည်းနဲ့ လီမိသားစုနဲ့ ကျောင်းမိသားစုတို့ကို နာကျင်ခံစားသွားရအောင် လုပ်နိုင်ပါသည်။
ထို့အပြင် အနုပညာလောကထဲက လင်းဖန်၏ အဆင့်အတန်းနဲ့ ရေပန်းစားမှုတို့ ဒီလောက်မြင့်မားနေတာတောင် ဒီနှစ်ယောက်က လင်းဖန်ကို လှောင်ပြောင်ရဲသည်။
ယွမ်ချမ့်က ထုတ်မပြောသော်လည်း သူ့အမြင်မှာတော့ ဒီနေ့ည လင်းဖန် အနိုင်ရသွားလျှင် လီမိသားစုနဲ့ ကျောင်းမိသားစုတို့ အကျိုးဆက်များကို ခံနိုင်ရည်ရှိကြမည် မဟုတ်ပေ။
ကာစီနိုထဲတွင် လူ ၃ ယောက်က ဖုန်းများကို မသိမသာထုတ်ကာ မက်ဆေ့တစ်စောင်စီ တိုးတိတ်စွာ ပို့လိုက်ကြသည်။
[ စီအီးအိုမာ။ လီဟဲ့ဖန်းနဲ့ ကျောင်းကျင်းတို့က စီအီးအိုလင်းကို သရော်နေကြတယ်။ သူတို့ မိသားစုနှစ်စုကို ဘယ်လိုရှင်းလိုက်ရမလဲ ]
[ မမလေး၊ လီနဲ့ ကျောင်းမိသားစုရဲ့ သခင်လေးတွေက လင်းဖန်ကို လှောင်ပြောင်နေကြတယ်။ လူလိုသူလို မဆက်ဆံဘဲ အဆင့်မရှိတဲ့ သရုပ်ဆောင်လို့ ခေါ်နေကြတယ် ]
[ မမလေး၊ ဘော့စ်လင်းကို စော်ကားနေတဲ့လူတွေ ရှိတယ်။ သူ့နာမည်က...]
တစ်ယောက်က စီအီးအိုမာ၏ လက်ထောက် ဖြစ်သည်။
နောက်တစ်ယောက်က ရှားဝမ်ချွေ့ လွှတ်ထားသူ ဖြစ်ပြီး နောက်တစ်ယောက်က စုရှောင်းယွီ၏ လက်အောက်ငယ်သား ဖြစ်သည်။
လီနဲ့ ကျောင်းမိသားစု သခင်လေးနှစ်ယောက်ကတော့ သူတို့ စကားလုံးများက လူ ၃ ယောက်ကို တိုက်ခိုက်လိုက်သလို ဖြစ်သွားမှန်း မသိကြပေ။
ဟော်ရှင်းယု မော့ကြည့်လိုက်သည်။ လင်းဖန်၏ နာမည်ကို ကြားသောအခါ သူမ၏ မျက်လုံးများ တွန့်သွား၏။
လင်းဖန်က Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာဝင်ဖြစ်ဖြစ်၊ Bugatti ဘော့စ်ရဲ့ မိတ်ဆွေဖြစ်ဖြစ် လင်းဖန်ကို ဒီနေ့ သူမ အနိုင်ယူပစ်ပါတော့မည်။
စီးပွားရေးနဲ့ လောင်းကစားတွင် သူမကို ဘယ်သူမှ အနိုင်မယူဖူးပါ။
ဒီလိုဆို လင်းဖန်ကို နလံပြန်မထူနိုင်တဲ့အထိ သူမ အလဲထိုးတော့မည်။
ထိုအချိန်တွင်...
ကာစီနို တံခါးပွင့်လာခဲ့သည်။
အနက်ရောင်စစ်စစ် ဘော်ဒီနဲ့ တောက်ပနေသော ပြိုင်ကား ခပ်လန်းလန်းတစ်စီး ပေါ်လာခဲ့သည်။ ကားတံခါးများက လိပ်ပြာတောင်ပံခတ်သလို ပွင့်သွားသည်။
ကားတံခါးနားတွင် လင်းဖန်ကို ကြိုနေသည့် လုံခြုံရေးအစောင့်များရှိပါသည်။ သူတို့ လင်းဖန်ကို ဦးညွှတ်လိုက်ကြသည်။
ကာစီနိုထဲက မီးအလင်းများအားလုံး လင်းဖန်ကို ထိုးလိုက်ကြသည်။
မြေပေါ်မှာလည်း လင်းဖန်ကို ကြိုဆိုနေသကဲ့သို့ ကောဇောနီ အရှည်ကြီး ရှိနေပါသည်။
အားလုံး လင်းဖန်ကို ကြည့်လိုက်ကြသည်။ လင်းဖန် ရောက်လာပါပြီ။
ဒီနေ့ သူ့ပြိုင်ဘက်က ဟော်မိသားစု၏ သမီးကြီး၊ စီးပွားရေးလောကထဲက သမိုင်းဝင် စီးပွားရေးသမားတစ်ယောက် ဖြစ်သည်။ ကာစီနိုလောကမှာလည်း အရှုံးမရှိသူ ဖြစ်၏။
သူမ၏ နာမည်က ဟော်ရှင်းယုဖြစ်၏။
ဟော်မိသားစု၏ ကြမ်းကြုတ်ရန်လိုမှုနဲ့ ရင်ဆိုင်လာရသဖြင့် လင်းဖန် လွတ်လမ်းမရှိတော့ပါ။
ဒီနေ့ည ဟော်ရှင်းယုနဲ့ တိုက်ခိုက်မှ ဖြစ်ပါမည်။