← Chapters

မာကြောတဲ့ ကျောက်တုံး

Vol. 39 Ch. 534

မာကြောတဲ့ ကျောက်တုံး

Vol. 39 Ch. 534

“ကောင်းကင်ဓားမ လော့ဝူရွှမ်ရဲ့ လက်ကို နင် ဖြတ်ခဲ့တာ ဟုတ်လား”

အားလုံး အဓိပ္ပါယ်မရှိသလို ခံစားလိုက်ရသည်။ အတည်ငြိမ်ဆုံး ရွှီယောင်ပင် တဟားဟား ထရပ်လိုက်မိ၏။ “ခြွေလှေ့တဲ့ နောင်တော်ချင်ရယ်... ကိုယ့်ဓားသာကိုယ် ဆက်ထုနေစမ်းပါ”

ချင်မူက အကြည့်လွှဲလိုက်သော်လည်း သူ့အမူအရာက ထူးထူးဆန်းဆန်း အလွန်လေးနက်သွား၏။ ယွီဟယ်၊ ဟွမ်ယွဲ့၊ ရွှီယောင်၊ စန်းဟွာနှင့် ကျန်ရှိတို့အားလုံး ချင်မူဘေးမှ ဆုတ်လိုက်ကြရသည်။ သူတို့ဘေးတွင် ပန်းပဲထုနေ‌သော ဤကောင်လေးက ဓားအိမ်မှ ထွက်လာတော့မည့် ဓားတစ်လက်ဖြစ်လာသကဲ့သို့ သူတို့ ခံစားလိုက်ရသည်။ သူ၏ စူးရှထက်မြက်နေသော စိတ်ဝိညာဉ်က ကြောက်လန့်ဖွယ်ကောင်းသော်လည်း အဆုံးသတ်တွင် ဓားအိမ်ထဲမှ ထွက်မလာခဲ့ပေ။

ကောင်လေးသည် ကြောက်မက်ဖွယ်ရာ စိတ်အာရုံနှင့် သတ်ဖြတ်လိုသောစိတ်ဆန္ဒတစ်ခုကို ပင်ကိုယ်တုံ့ပြန်စိတ်အလျောက် ရှောင်တိမ်းလိုက်ခြင်းသာ ဖြစ်၏။

ဒေါင် ဒေါင်

ချင်မူက ဓားပျံများကို ဆက်လက်ထုရိုက်နေသဖြင့် သတ္ထုကို ထုရိုက်နေသော အသံများ ပြန်ထွက်လာသည်။

အားလုံး ထင်ယောင်ထင်မှား ခံစားလိုက်ရသကဲ့သို့ ဇဝေဇဝါ ဖြစ်သွားကြသည်။

ထိုစဉ် အခြားတစ်ဖက်တွင် ကျဲ့ဟွလီ ဘေးရှိ ကောင်းကင်နတ်ဆိုးအမျိုးသမီးတစ်ယောက်က တစ်ချက်ကြည့်ကာ တအံ့တဩ ပြောလိုက်၏။ “နင့်ပန်းချီထဲက လူက ပန်းပဲထုနေတဲ့ ဟိုကောင်လေးနဲ့ တူနေတာပဲ”

ကျဲ့ဟွလီက ပန်းချီကားကို ပြန်လိပ်၍ သိမ်းရင်း မှင်သေသေ ပြောလိုက်သည်။ “ငါ့ဆရာ သူ့ကို ရှာနေတာ ကြာပြီ... သူ့ဓားမသိုင်း ဒီလောက်အထိ အဆင့်မြင့်မားလာခဲ့တာက သူ့ကျေးဇူးကြောင့်တဲ့.... ငါ အောက်ဘုံကို ထွက်မလာခင် သူ့ဓားမသိုင်းကို ကစားပြပြီး ဒီပန်းချီကား ပေးလိုက်တာပဲ... သူက အဲဒီလူကို ရှာပြီး သူ့ဓားမကွက်တွေ ပြစေချင်တာလေ”

ကောင်းကင်နတ်ဆိုးအမျိုးသမီး တုန်လှုပ်သွားပြီး ရယ်လိုက်သည်။ “နင့်ဆရာက သူ့ကို တော်တော်ထည့်တွက်ထားတာပဲ... သူ့ဓားမကွက်တွေ ဘယ်လောက် သန်မာအားကောင်းတဲ့အကြောင်း ဒီပန်းပဲဆရာလေးကို မြင်စေချင်တာ ကြည့်ရင် နင့်ဆရာက သူ့ကို မုန်းသလို လေးစားမှုလည်း ရှိနေတယ်... ဒါပေမဲ့ ဒီ‌ပန်းပဲဆရာလေးက ငယ်ငယ်လေး ရှိသေးတာ... နင့်ဆရာရဲ့ အာရုံကို ဘယ်လိုဆွဲဆောင်နိုင်ခဲ့တာပါလိမ့်”

“ဒါကတော့ ငါလည်း မသိဘူး” ကျဲ့ဟွလီ၏အကြည့်က ချင်မူ့အပေါ် ကျရောက်သွားသည်။ “လွန်ခဲ့တဲ့ လပိုင်းလောက်က ... ငါ့ဆရာ ကမ္ဘာလောကတွေတောင် ဖြတ်သန်းပြီး ငါ့ကို ဆက်သွယ်ခဲ့တယ်... သူ ရှာနေတဲ့ လူ ပေါ်လာပြီမလို့ အဲဒီကမ္ဘာကို သွားခိုင်းနေတာ.... ဒါပေမဲ့ ငါလည်း ဒီစစ်ပွဲရှိနေတော့ မအားဘူးဖြစ်နေတာနဲ့ မသွားရသေးဘူး.. သူ ဒီမှာ ပေါ်လာမယ်လို့ မထင်ထားတာတော့ အမှန်ပဲ”

သူက သက်ပြင်းချကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဓားမနတ်ဘုရားက သူ့ကို ဒီလောက်အထင်ကြီးထားတာဆို‌တော့ ငါ သူနဲ့ တကယ် တစ်ပွဲတစ်လမ်း နွှဲချင်မိတယ်”

ချင်မူက မည်သည့်ခံစားချက်ကိုမှ ထုတ်မပြဘဲ ဓားပျံများကို ထုရိုက်နေသည်။ သို့သော် သူ့အကြည့်ကြောင့် ဤကောင်လေး အနေရခက်နေသည်ကို‌တော့ ကျဲ့ဟွလီ ခံစားနေရသေး၏။

သူ့အကြည့် ချင်မူ့ကိုယ်ပေါ် ကျသွားသည့်အခါ ထိုကောင်လေး ကိုယ်ဟန်အနေအထား ပြင်နေသည်ကို သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။

ကျဲ့ဟွလီ ပြုံးလိုက်ပြီး စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ပေ။ မိစ္ဆာဓားမပေါ်ရှိ မျက်လုံးလည်း စိတ်လှုပ်ရှားလာသဖြင့် တစ်ပတ်နှစ်ပတ် လည်ရင်း အရွယ်အစားကြီးမားလာသည်။

ရုတ်တရက် ဖုရွေ့လော်၏အသံ ထွက်လာသည်။ “ကောင်းကင်ဆရာသခင်... လူစုံပြီဆိုတော့ စကြတာပေါ့”

“စည်းကမ်းတွေ မသတ်မှတ်တော့ဘူးလား”

“စည်းကမ်းဟုတ်လား.... သေခြင်းရှင်ခြင်းတိုက်ပွဲမှာ စည်းကမ်းတွေ ရှိလို့လား”

ဖုရွေ့လော်က တဟားဟား အော်ရယ်လိုက်ပြီး မြေကွက်လပ်ထဲရှိ အနက်ရောင်လှံကြီး တုန်ခါလာသည်။ မြေကွက်လပ်၌ အက်ကြောင်းများ ထလာကာ တဝုန်းဝုန်းမြည်သံများနှင့်အတူ အက်ကွဲကြောင်းများ ပျံ့နှံ့သွား၏။

ချင်မူနှင့် ကျန်ရှိသူတို့အားလုံး မငြိမ်မသက် ဖြစ်လာ၍ ချီစွမ်းအင်ကို အလျင်အမြန် လှုံ့ဆော်လိုက်ရသည်။

တန်ခိုးရှင်သစ်ခုတ်သမားက မျက်ခုံးပင့်လိုက်သည်။ ဧရာမပုဆိန်ကြီးလည်း လှုပ်ခါလာပြီး မိစ္ဆာလှံနှင့် တိုက်ခိုက်သည်။ ကောင်းကင်လက်နက်နှစ်ခု၏ ထိတိုက်မှုက မြေကွက်လပ်အလယ် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ဖြန့်ကားပစ်လိုက်၏။

ကမ္ဘာမြေတုန်ဟည်းနေစေသော ပေါက်ကွဲသံများအကြားတွင် ချင်မူတို့၏အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။ သူတို့ခြေထောက်အောက်ရှိ မြေပြင်က ရုတ်တရက် မြင့်တက်လာ၏။ ပြန့်ကားလာသော မြေပြင်ကြောင့် သူတို့အားလုံး ခြေစုံမရပ်နိုင်တော့သဖြင့် ဟိုဟိုသည်သည် ခုန်နေရသည်။

မြေပြင်က ပြောင်းလဲသွား၏။ တခဏအတွင်း တောင်တန်းများ မြင့်တက်လာပြီး သူတို့အကြားရှိ အကွာအဝေးက လျင်မြန်စွာ ကျယ်ဝန်းလာသည်။

ကောင်းကင်လက်နက်နှစ်ခု၏ အဆုံးမဲ့သောစွမ်းအားက ပြောင်ရှင်းနေသည့် မြေကွက်လပ်တွင် တောင်တန်းများ ကြွတက်လာစေ၏။ အက်ကွဲကြောင်းများက တစ်ကြောင်းကိုတစ်ကြောင်း ဆုံဖြတ်သွားကြပြီး တောင်တန်းများက မျက်စိတစ်ဆုံး သွယ်တန်းနေသည်။ ကြီးကျယ်ခံညားလှသည့် စွမ်းအားကြောင့် လူငယ်များမှာ တအံ့တဩ ရှုမောမဆုံး ဖြစ်နေတော့သည်။

ချင်မူလည်း ပြောင်းလဲမှုများကို ကြည့်ကာ အံ့အားသင့်နေသည်။ မြေပြင်ညီမှာ အပြာရောင်ပင်လယ်တစ်စင်းအဖြစ်မှ ပိုးစာပင်အခင်းကြီး ဖြစ်သွားသကဲ့သို့ ထင်ရ၏။ နှစ်သန်းပေါင်းများစွာ ဖြစ်ပွားနိုင်မည့် ပြောင်းလဲမှုများက တစ်ခဏအတွင်း ဖြစ်ပွားနေချေသည်။

ဤသည်မှာ သေမျိုးလူသားများ မရရှိနိုင်သော နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးတို့၏ ကြီးကျယ်ခံ့ညားသော တန်ခိုးစွမ်းအားပင် ဖြစ်၏။

ယခုအချိန်မှ အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အစစ်အမှန်စွမ်းအားကို ချင်မူ မြင်တွေ့လိုက်ရသည်။ ဤစွမ်းအားမျိုးကို နတ်ဘုရားအဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအား ချုပ်ဆက်ထားသော နတ်ဘုရားရှင်းအန်းအနေဖြင့် အိပ်မက်မက်၍ပင် မရနိုင်ပေ။

“ဖုရွေ့‌လော်က တန်ခိုးရှင်သစ်ခုတ်သမားကို ခုခံနိုင်တယ်ဆိုတော့ တော်ရုံတန်ရုံ မဟုတ်ဘူးပဲ”

ချင်မူ ဓားပျံများကို သတိရလိုက်၍ ရင်ထဲ လှုပ်ခတ်သွားသည်။ လီမီးလျှံနှင့် မိစ္ဆာမီးလျှံထဲ၌ အပူပေးထား‌သော ဓားပျံတချို့အား သူ အချိန်မှီ ပြန်မ‌ခေါ်လိုက်ရပေ။

သူ သူတို့ကို အလျင်အမြန် ခေါ်လိုက်သည့်အခါ အဝေးရှိ ဓားပျံများ မြောက်တက်လာသည်။ သူ့ဆီမှ မိုင်နှစ်ဆယ်ကျော် ကွာဝေးသော်လည်း ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

ဓားပျံများ၏ အလျင်က အလွန်မြန်သော်လည်း သူတို့ကြားရှိ အကွာအဝေးက တဖြည်းဖြည်း ကြီးထွားလာသည်။

အကြောင်းရင်းမှာ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးတို့က ကမ္ဘာတစ်ခုကို ဖန်တီးနေသောကြောင့် ဖြစ်၏။ ဟင်းလင်းပြင် ပြန့်ကားနေသော အမြန်နှုန်းက ဓားပျံရွေ့လျားနေသော နှုန်းထက် များစွာလျင်မြန်လေသည်။

ဘုန်း

ရုတ်တရက် ဟင်းလင်းပြင်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး တောင်တန်းများ မြင့်တက်နေခြင်း ရပ်တန့်သွားသည်။ ဟင်းလင်းပြင်သည် ငြိမ်သက်သွား၏။

ဓားပျံများ လေကို ခွင်းလာသည့်အခါ ချင်မူက လက်မြှောက်လိုက်သည်။ ဓားပျံအချင်းချင်း ထိတိုက်သွားပြီး ဓားစက်လုံးအသွင် ဖွဲ့တည်ကာ လေတွင် လည်နေ၏။

ချင်မူမှာ စိတ်သက်သာရစွာဖြင့် သက်ပြင်းချကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ စန်းဟွာနှင့် ကျန်ရှိသူများအား မမြင်ရတော့ပေ။

ပတ်ဝန်းကျင်တွင် တောင်များ ပြည့်ကြပ်နေသော်လည်း ထူးထူးခြားခြား မြင့်မားနေခြင်းမရှိ။ အပြင်လောကရှိ တောင်များ ဆယ်ဆကျုံ့သွားသကဲ့သို့ ထင်ရသည်။ ချင်မူ ကျောက်တုံးတစ်တုံးကို ခုတ်ဖဲ့ပြီး အသေးစိတ်ကြည့်လိုက်သည်။ ထို့နောက် အမှုန့်ခြေကြည့်လိုက်၏။

အချိန်အနည်းငယ်ကြာသော် ကျောက်တုံးက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော သင်္ကေတအမှတ်အသားများအဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်ပါးကွယ်ပျောက်သွားသည်။

“တကယ် အစစ်မဟုတ်ဘူးပဲ”

ချင်မူ ခါးမတ်ကာ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ အဝေးသို့ နိမ့်ချည်မြင့်ချည် သွယ်တန်းသွားသော တောင်တန်းများမှာ ဖုရွေ့လော်နှင့် တန်ခိုးရှင်သစ်ခုတ်သမားတို့ သင်္ကေတအမှတ်အသားများဖြင့် ဖွဲ့တည်ထားသောအရာများ ဖြစ်လိမ့်မည်။ သူတို့၏အဆင့်က အစစ်အမှန်အဖြစ် ဖန်ဆင်းနိုင်သောအဆင့်သို့ မရောက်သေးဟန်တူ၏။

ရုတ်တရက် ဖုရွေ့‌လော်၏အသံက မိုးခြိမ်းသံကြီးသဖွယ် အပြင်မှ ဟိန်းထွက်လာသည်။ “သေခြင်းရှင်ခြင်းတိုက်ပွဲတွေမှာ စည်းကမ်းမရှိဘူး... ဒီသဲစားပွဲက စစ်မြေပြင်ပဲ... တစ်ဖက်စီမှာ လူဆယ်ယောက်စီ ရှိတယ်... အနိုင်ရတဲ့ဘက်က အနိုင်ရတဲ့သူဖြစ်မယ်... အကြံပြုစရာ ရှိသလား”

ချင်မူ ရင်ထဲတွင် လှုပ်ခါသွား၏။ ‘သဲစားပွဲဟုတ်လား’

သူ အသံလာရာဆီသို့ လှမ်းကြည့်သည့်အခါ ‌ကောင်းကင်၏အလွန်၌ မတန်မဆ ကြီးမားနေသော ဖုရွေ့လော်နှင့် တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာကြီးများအား မြင်လိုက်ရသည်။ အာကာသထဲက ဂြိုဟ်ကြီးများပမာ ထင်ရ၏။

‘ဒါဆို... မြေကွက်လပ်က အဆပေါင်းများစွာ ကြီးသွားသလို ထင်ရပေမယ့် အပြင်ကနေ ကြည့်ရင်တော့ အရွယ်အစားက ပုံမှန်ပဲ ရှိသေးတာပေါ့’

ချင်မူ အံ့ဩမဆုံး ဖြစ်နေမိသည်။ ဤအခြင်းအရာက သူ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေ၏။

သူ မြေကွက်လပ်သို့ ရောက်ရောက်ချင်း အရွယ်အစားအား တွက်ချက်ထားပြီးဖြစ်လေသည်။ ဤမြေကွက်လပ်၏ ဘေးတစ်ဖက်စီတွင် နန်းဆောင်တစ်ခုစီက ယင်နှင့်ယန်ပမာ တည်ရှိ၏။

ချင်မူ ပင်မလမ်းမကြီးအတိုင်း လျှောက်သွားပြီး လှေထားထစ်များအတိုင်း တက်ကာ မြေကွက်လပ်ထဲ ဝင်ခဲ့သည်။ မြေကွက်လပ်မှာ အကျယ်အားဖြင့် ကိုက်တစ်ရာပင် မပြည့်သည့်အပြင် အရှည်မှာလည်း တစ်ရာ့ငါးဆယ်ကိုက်သာ ရှိ၏။ ဘေးနှစ်ဖက်လုံးတွင် ဘေးရှိနန်းဆောင်များဆီ ဦးတည်နေသော လှေကားထစ်များ ရှိသည်။

ကောင်းကင်ယံမှ ငုံ့ကြည့်လျှင် နန်းဆောင်နှစ်ခုနှင့် မြေကွက်လပ်သည် ပါကွရှစ်မြှောင့်သင်္ကေတမှ လီသင်္ကေတကို ကိုယ်စားပြု၍ လီမီးလျှံ မွေးဖွားလာခြင်း ဖြစ်၏။ (☲ - ပါကွအင်းပြားမှ လီသင်္ကေတ)

ယခုတွင် မြေကွက်လပ်၏ အတွင်းနေရာက အဆများစွာ ကျယ်ဝန်းသွားသော်လည်း အပြင်လောကတွင်မူ အကျယ်ကိုက်တစ်ရာ၊ အရှည်တစ်ရာ့ငါးဆယ်အတိုင်း ရှိနေဆဲဖြစ်သည်။ ပါကွရှစ်မြှောင့်သင်္ကေတမှ နန်းဆောင်နှစ်ခုရှိသော လီသင်္ကေတအတိုင်း ဖြစ်နေ‌သေး၏။

တန်ခိုးရှင်သစ်ခုတ်သမား၊ ဖုရွေ့လော်၊ ပန်ယုနှင့် ကျန်နတ်ဘုရားများအတွက် ချင်မူက သဲစားပွဲအသေးလေးအပေါ်တွင် ရှိနေခြင်းဖြစ်သည်။ သူ၏လှုပ်ရှားမှုတိုင်းကို သူတို့အားလုံး ရှင်းလင်းစွာ မြင်နေလိမ့်မည်။

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ယခု သူ့တွင် ရွေးချယ်စရာ လမ်းနှစ်လမ်းရှိသည်။ တစ်လမ်းက ဘေးဘက်ရှိ နန်းဆောင်ထဲဝင်၍ လီမီးလျှံဖြင့် ဓားပျံများအား ဆက်လက်ပုံသွင်းထုရိုက်ရန် ဖြစ်သည်။ ကျန်တစ်လမ်းက သဲစားပွဲ၏အလယ်သို့ ဦးတည်ရန် ဖြစ်သည်။

ထိုနေရာတွင် တန်ခိုးရှင်သစ်ခုတ်သမား၏ ပုဆိန်နှင့် ဖုရွေ့‌လော်၏ လှံ ရှိနေ၏။ သွားစရာနေရာ လိုက်ရှာနေမည့်အစား အခြားသူများလည်း သွားမည့်နေရာသို့ ဦးတည်ခြင်းက ပိုကောင်းလိမ့်မည်။

ပုဆိန်နှင့် လှံ ကြက်ခြေခတ်လျက် ရှိနေသော နေရာသို့ အရင်ဆုံးရောက်သည့်လူက တစ်ပန်းသာမည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများ ရောက်မလာခင် ထောင်ချောက်များ၊ ဝင်္ကပါများ ခင်းကျင်းထားနိုင်သောကြောင့် ဖြစ်၏။

‘ဓား သုံးရာ့ဆယ့်ခြောက်လက်တော့ ပုံသွင်းပြီးပြီ... ဒီလောက်ဆို လုံလောက်ပါတယ်’

ချင်မူ အရှိန်တင်က သဲစားပွဲကမ္ဘာ၏အလယ်သို့ လျင်မြန်စွာ သွားလိုက်သည်။ ထော့ကျိုး၏ ကောင်းကင်ခိုးယူခြေသိုင်းအား အဆုံးစွန်အထိ ထုတ်လွှတ်၍ အလင်းတန်းပမာ တရှိန်ထိုး သွားနေ၏။

ဝုန်း

သူ့အမြန်နှုန်းက အသံထက် ကျော်လွန်သွား၍ ရှေ့တူရူရှိ လေထုမှာ အဖြူရောင်တိမ်တိုက်ပမာ ပေါက်ကွဲသွားသည်။ လေငွေ့များက သူ့မျက်နှာကို တွန်းတိုက်ကျီစယ်သွား၏။

ထိုအခိုက်အတန့်တွင် ချင်မူ ကျယ်လောင်သော ပေါက်ကွဲသံများ ကြားလိုက်ရသဖြင့် အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။ အဝေးရှိ လူရိပ်များလည်း အသံထက် မြန်သော အလျင်ဖြင့် ပြေးလိုက်ကြ၍ တောင်တန်းများအကြား လေငွေ့တိမ်တိုက်များ ကျန်ခဲ့လေသည်။

လေငွေ့တိမ်တိုက်များက အလွန်မျက်စိကျဖွယ်အသွင်အပြင်မျိုးဖြင့် တစတစ ပြန့်ကားဖြာထွက်လာသည်။

စုစုပေါင်း တိမ်တိုက် ၁၉ ခုရှိပြီး အသံထက်မြန်သော အလျင်ဖြင့် သွားနေသည့် မယုံနိုင်လောက်‌အောင် သန်မာအားကောင်းသော သိုင်းပညာရှင် ၁၉ ယောက်ကို ကိုယ်စားပြု၏။

သူတို့အားလုံး ပုဆိန်နှင့်လှံနေရာသို့ ဦးဆုံးရောက်လျှင် အသာစီးရနိုင်မှန်း သိထားသည့် သက်သေပင် ဖြစ်သည်။

ချင်မူ့နဖူးမှ သွေးကြောများ ထောင်လာသည်။ ယခုအချိန်မှ သူက သဲစားပွဲကမ္ဘာထဲရှိ လူအယောက်နှစ်ဆယ်အနက် အနှေးဆုံးဖြစ်ကြောင်း သဘောပေါက်လိုက်၏။

စန်းဟွာ၏အလျင်ကပင် သူ့ထက် အနည်းငယ် မြန်နေသည်။

သိုင်းပညာရှင်ဆယ့်ကိုးယောက်ကား အစစ်အမှန်နတ်ဘုရားငယ် ဆယ့်ကိုးယောက်နှင့် ညီမျှ၏။ သူတို့ ကျင့်ကြံသော ကျင့်စဉ်သိုင်းကွက်များက သူတို့၏ရုပ်ခန္ဓာကို ချင်မူထက် ပိုမိုသန်မာအားကောင်းသောအဆင့်သို့ တွန်းပို့ထားလေသည်။

ဤသို့ဖြင့် ချင်မူ ဂုဏ်ယူခဲ့ရသော အမြန်နှုန်းမှာ အဆင့်တူသိုင်းပညာရှင်များကို ရှုံးနိမ့်သွားတော့သည်။

ရုတ်တရက် ချင်မူက နောက်ပြန်လှည့်လိုက်သည်။ အားလုံးက ပုဆိန်နှင့်လှံရှိရာသို့ ဦးတည်နေကြသဖြင့် ထိုနေရာက အန္တရာယ်အများဆုံး နေရာဖြစ်လာလိမ့်မည်။ အားလုံး၏အလျင်ကလည်း သူ,မသာ ကိုယ်,မသာ ဖြစ်နေရာ ကောင်းကင်နတ်သိုင်းပညာရှင် အယောက်နှစ်ဆယ်လုံး ထိပ်တိုက်တွေ့ရနိုင်ခြေများ၏။ ရလဒ်အနေဖြင့် ရုန့်ရင်းဆန်ခတ် တိုက်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မည်။

ထိုကဲ့သို့ ပရမ်းပတာအခြေအနေမျိုးတွင် မတော်တဆမှုများ အလွယ်တကူ ဖြစ်နိုင်၏။ သူ့တွင် ပိုမိုကောင်းမွန်သည့် အစွမ်းအစများ ရှိလျှင်တောင်မှ ဝိုင်း၍ အသတ်ခံရနိုင်သည်။

သို့ဖြစ်၍ မသွားသည်က ပိုကောင်းလိမ့်မည်။

‌နောက်တခဏတွင် ပုဆိန်နှင့်လှံနေရာသို့ တရှိန်ထိုး ပြေးနေသော လူရိပ်ဆယ့်ကိုးခုလုံး ဖျတ်ခနဲ လှည့်ကာ ပျောက်ကွယ်သွားကြသည်။ သူတို့ မည်သည့်နေရာသို့ ထွက်သွားကြမှန်း သူ မမြင်လိုက်ရပေ။

ချင်မူ အတန်ငယ် မှင်သက်သွားမိပြီး အမူအရာလေးနက်သွားသည်။ ‘ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ဒီအချိန်အထိ အသက်ရှင်လာတဲ့သူတွေဆိုတော့ တကယ် မတုံးကြဘူ... ငါ့လိုပဲ တွေးမိကြတယ်... စိတ်ဝင်စားစရာတော့ ကောင်းလာပြီ... နောက်ဆုံးတော့ ငါ့ပြိုင်ဘက်တွေနဲ့ တွေ့ရပြီပဲ... ဒီလိုဆိုမှတော့ ငါ မင်းတို့ကို လိုက်မရှာတော့ဘူး.. မင်းတို့ ငါ့ကို လာရှာတာပဲ စောင့်တော့မယ်”

သူ့ခန္ဓာကိုယ်က လေကိုခွင်း၍ သဲစားပွဲကမ္ဘာ၏ အစပ်နားသို့ တန်းတန်းမတ်မတ် ပြေးသွားသည်။ ထိုနေရာတွင် ဆယ်မိုင်ကျော် မြင့်မားသည့် မီးနံရံတစ်ခု ရှိနေ၏။

တခဏကြာသော် သံကို ထုရိုက်နေသောအသံများ ထွက်လာသည်။

များစွာမကြာလိုက်ဘဲ ပထမဆုံးရောက်လာသူကို ချင်မူ တွေ့လိုက်ရ၏။ ထိုသူက ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ဖြင့် ဆွဲဆောင်မှုရှိသော မိန်းမလှလေးတစ်ယောက် ဖြစ်သည်။

“ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်ဆယ်ယောက်လုံး သန်မာအားကောင်းကြပေမယ့် နင်က အားအနည်းဆုံးပဲ” မိန်းမလှလေးက ချင်မူ့နောက်ကျောဆီသို့ ကြည့်ကာ တခစ်ခစ် ရယ်လိုက်သည်။ “ကျန်တဲ့သူတွေကို တိုက်ခိုက်ဖို့ ငါ ယုံကြည်ချက်မရှိလို့ နင့်ကိုပဲ တိုက်ခိုက်ရလိမ့်မယ်”

“မမကြီး” ချင်မူက သူမကို ခေါင်းလှည့်ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။ “မမကြီးကတော့ မာကြောတဲ့ ကျောက်တုံးကိုမှ ခလုတ်တိုက်မိတာပဲ”

၎

င

၎

၎

All Chapters