လင်းဖန်ရဲ့ ဟန်ဆောင်မှု
Vol. 18 Ch. 266
ဖဲချိုးပြီးနောက် ဖဲဝေဖို့ အချိန်ကျလာပါပြီ။
သူတို့ ၄ ယောက်တွင် ဝှက်ဖဲတစ်ချပ်စီ ရှိကြသည်။
လင်းဖန်၏ ဒုတိယဖဲက စပိတ် Ace ဖြစ်သည်။
ဟော်ရှင်းယု၏ ဒုတိယဖဲက ဟာ့တ် King ဖြစ်သည်။
သခင်လေးကျောင်းနဲ့ သခင်လေးလီတို့၏ ဒုတိယဖဲများက ကလပ်ဘ် 8 နဲ့ ဒိုင်းမွန်း 9 တို့ဖြစ်ကြ၏။
အားလုံး လင်းဖန်ကို ကြည့်လိုက်ကြသည်။
အမြင့်ဆုံး ဒုတိယဖဲကို ရရှိထားသူက လောင်းကြေး ဘယ်လောက်ထပ်မလဲ ရွေးချယ်နိုင်သည်။ တခြားသူတွေက လောင်းမလား မလောင်းဘူးလား ရွေးချယ်နိုင်သည်။
လင်းဖန် ဟော်ရှင်းယုကို ကြည့်လိုက်သည်။ "ခင်ဗျားမှာ ဟာ့တ် King ဖဲရှိတော့ အမြင့်ဆုံး ဖဲကို ရထားတာပေါ့။ ခင်ဗျား အရင်လောင်းလေ"
ဟော်ရှင်းယု ဆွံ့အသွားသည်။
သခင်လေးကျောင်း "???"
သခင်လေးလီ "???"
ယန်ရှုနဲ့ ယွမ်ချမ့်တို့လည်း ကြက်သေ သေသွားကြသည်။
ဒိုင်က လင်းဖန်ကို ကြည်ပြီး ပြောလိုက်ပါသည်။
"မစ္စတာလင်းက စပိတ် Ace ရထားတာလေ။ ၅ ချပ်ဖဲ ကစားနည်းမှာ Ace က အကြီးဆုံးဖြစ်ပြီး 2 က အနိမ့်ဆုံးပါ"
လင်းဖန်က သဘောပေါက်သွားသလို ခေါင်းငြိမ့်လိုက်ပါသည်။ "သြော် သြော်"
လင်းဖန်က စည်းကမ်းကို မသိချင်ယောင် ဆောင်နေခြင်းသာ ဖြစ်သည်။ ဖဲကို ဘယ်လို ချိုးရမှန်း မသိသလိုတောင် ဟန်ဆောင်လိုက်ပါသည်။ အစကတည်းက အားလုံးကို ကြိုတင် အကွက်ချထားခြင်း ဖြစ်၏။
လင်းဖန်က ရူးချင်ယောင် ဆောင်နေရုံတင်မကဘဲ သူ့နားက လူတွေအားလုံးရဲ့ မျက်နှာထားကိုလည်း အကဲခတ်ဖို့ အကောင်းဆုံး ကြိုးစားနေပါသည်။
သခင်လေးကျောင်းက ပြုံးလျက် ပြောလိုက်ပါသည်။ "လင်းဖန် ခင်ဗျား ကစားတတ်ရဲ့လား။ မကစားတတ်ရင် သင်ပေးရမလား။"
လင်းဖန်က ခေါင်းခါလိုက်သည်။ "ဒီတိုင်း ပိုကာ ကစားတာပဲကို ဘာတွေခက်နေလို့လဲ။ စည်းမျဥ်းကို ခဏလောက် ဖတ်ကြည့်ပြီးတာနဲ့ ကစားတတ်သွားပြီ။ ကျွန်တော် ဒီကို လာခါနီးလေးတင် စည်းမျဥ်းစာအုပ်ကို ဖတ်ခဲ့သေးတယ်။"
သခင်လေးလီ၏ မျက်လုံးထဲက အထင်သေးမှုများ ပိုပြီး နက်ရှိုင်းသွားသည်။
လင်းဖန်က တကယ့်ကို အတွေ့အကြုံမရှိသူ ဖြစ်နေသည်။ ကာစီနိုထဲမှာ လောင်းကစားလုပ်တာက ဘယ်လိုလုပ် သာမန် ပိုကာကစားပွဲတစ်ပွဲနဲ့ တူမှာလဲ။
လင်းဖန်လိုလူမျိုးဆီက ဘာအခက်အခဲမှမရှိဘဲ ငွေတွေ သိမ်းပိုက်နိုင်တော့မှာ သူတို့ ဝမ်းသာနေကြပါသည်။
သခင်လေးလီနဲ့ သခင်လေးကျောင်းတို့၏ မျက်နှာထားများကို မြင်သောအခါ လင်းဖန်၏ အကြည့်က မတုန်လှုပ်သွားပါ။
ဟော်ရှင်းယုမျက်နှာက ခံစားချက်မဲ့နေဆဲ ဖြစ်သော်လည်း အနည်းငယ် စိတ်မရှည်ဖြစ်လာသည့်ပုံပင်။
Honor of Kings ထဲတွင် Challenger Rank ရှိပြီးသားလူကို လူသစ်တစ်ယောက်က Daji အတွက် အဆုံးမဲ့ဓားသွားကို ဝယ်သင့်သလား တပ်ဖွဲ့ထုချေသူကို ဝယ်သင့်လား လာမေးနေသကဲ့သို့ ဖြစ်သည်။
လင်းဖန်က ပြောလိုက်သည်။ " ၁ သန်း လောင်းမယ်"
လင်းဖန် ၁ သန်းလောင်းမည်ဟု ပြောလိုက်တော့ သခင်လေးကျောင်းနဲ့ သခင်လေးလီတို့ ခေါင်းခါလိုက်ကြသည်။
လင်းဖန်က တကယ့် ငနုံတစ်ယောက်သာ ဖြစ်၏။
ငနုံတွေသာ ကစားနေစဥ် ဒီလောက် နိမ့်သည့် လောင်းကြေးမျိုးကို လောင်းမည်ဖြစ်သည်။
ဒီနေ့ စည်းမျဥ်းအရ အနိမ့်ဆုံး လောင်းကြေးက ၁ သန်းဖြစ်၏။။
လင်းဖန်က ယွမ် ၁ သန်းသာလောင်းသဖြင့် ဆိုလိုရင်းက အများကြီး မလောင်းမိအောင် ချင့်ချိန်နေသည့် သဘော ဖြစ်သည်။
ဟော်ရှင်းယုက ဘာမှမပြောဘဲ ယွမ် ၁ သန်းဖိုး တိုကင်များကို စားပွဲပေါ်မှာ တင်လိုက်ပါသည်။
သခင်လေးကျောင်းနဲ့ သခင်လေးလီတို့လည်း တစ်ပြိုင်တည်း လောင်းကြေးထပ်လိုက်ကြသည်။
ထို့နောက် တတိယဖဲချပ်နဲ့ စတုတ္ထဖဲချပ်တို့ကို ဆွဲလိုက်ကြသည်...။
လင်းဖန်၏ ဖဲလေးချပ်က - ဝှက်ဖဲ၊ စပိတ် Ace၊ ဟာ့တ် 3၊ ဒိုင်းမွန်း Ace တို့ ဖြစ်သည်။
ဟော်ရှင်းယု၏ ဖဲချပ်များက - ဝှက်ဖဲ၊ ဟာ့တ် King၊ စပိတ် King၊ စပိတ် 4တို့ ဖြစ်ကြသည်။
သခင်လေးကျောင်း၏ ဖဲများက - ဝှက်ဖဲ၊ ကလပ်ဘ် 8၊ ဟာ့တ် 8၊ စပိတ် 3 တို့ ဖြစ်သည်။
သခင်လေးလီ၏ ဖဲချပ်များက - ဝှက်ဖဲဲ၊ ဒိုင်းမွန်း 9၊ ဟာ့တ် 9 နဲ့ စပိတ် 7 တို့ ဖြစ်ကြသည်။
စတုတ္ထအချီပြီးသည့်အခါ အားလုံး၏ ပဉ္စမမြောက်ဖဲကို ဝေပေးလိုက်သည်။
လင်းဖန်၏ ပဉ္စမမြောက်ဖဲက ဟာ့တ် 4 ဖြစ်သည်။
ဟော်ရှင်းယု၊ သခင်လေးကျောင်းနဲ့၊ သခင်လေးလီတို့၏ ပဉ္စမမြောက်ဖဲများက ဒိုင်းမွန်း 4၊ စပိတ် Jackနဲ့ ဟာ့တ် 10 တို့ အသီးသီး ဖြစ်ကြသည်။
တစ်နည်းအားဖြင့် ကစားပွဲတွင် လိမ္မာပါးနပ်ရမည့် အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။
လင်းဖန်၏ လှန်ထားသော ဖဲများတွင် Ace နှစ်ချပ် ပါသည်။
ဟော်ရှင်းယု၏ လှန်ထားသော ဖဲများတွင် King နှစ်ချပ် ပါသည်။
သခင်လေးကျောင်း၏ လှန်ထားသော ဖဲများတွင် 8 နှစ်ချပ်ပါပြီး သခင်လေးလီ၏ ဖဲများမှာတော့ 9 နှစ်ချပ် ပါဝင်သည်။ သူတို့ လေးယောက်တွင် တစ်စုံစီ ရှိနေကြသည်။
နောက်ဆုံး သူတို့ အနိုင်ရမရက ၎င်းတို့၏ ဝှက်ဖဲများအပေါ် မူတည်နေပါသည်။
အဆင့်တူ ဖဲချပ် ၃ ချပ် ပေါ်လာလျှင် အမြင့်ဆုံးဖဲကို ကိုင်ဆောင်ထားသည့်လူက လောင်းကြေး နိုင်လိမ့်မည်။
လင်းဖန်က ပဉ္စမမြောက် ဖဲများအနက် အမြင့်ဆုံးဖဲချပ်ကို ရရှိထား၏။
လင်းဖန် သူ့ဖဲကို လှန်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ ခန္ဓာကိုယ်တွေတောင် တုန်လာပါသည်။
ဒါအလွန်အမင်း စိတ်လှုပ်ရှားနေခြင်း လက္ခဏာဖြစ်သည်။
"သန်း ၂၀ လောင်းမယ်" လင်းဖန်က လောင်းကြေးမြှင့်ဖို့ ရွေးချယ်လိုက်ပါသည်။
သူ့ဝှက်ဖဲက Ace ဖြစ်၏။ ဆိုလိုရင်းက ဘာပဲဖြစ်ဖြစ် သူ့မှာ Ace သုံးချပ် ရှိသွားပါပြီ။ ဒါဆို လင်းဖန် သေချာပေါက် ဒီအချီကို နိုင်လိမ့်မည်။
တခြားသူတွေ သုံးချပ်တူရင်တောင် လင်းဖန်ကို နိုင်မှာ မဟုတ်ပေ။
လင်းဖန် စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ သူ ပထမအချီကို မနိုင်ချင်သေးပေ။
ပထမအချီ အနည်းငယ်ကို ရှုံးနိမ့်သွားပါက လင်းဖန်တစ်ယောက် ဖဲချပ်ကောင်းများ ရရှိသွားသည့် အားလုံး၏ လှုပ်ရှားမှုများနဲ့ မျက်နှာအနေအထားများကို အကဲခတ်နိုင်သည်။
သို့သော်လည်း ဒီတစ်ချီကိုတော့ လင်းဖန် သေချာပေါက် နိုင်ပါတော့မည်။ ဒါက ကံနဲ့ ဆိုင်သဖြင့် သူ့မှာ ရွေးချယ်စရာ မရှိပါ။
လင်းဖန် အနည်းငယ် ပျော်နေသယောင်သာ ဟန်ဆောင်နိုင်သည်။
တစ်ဖက်မှာတော့ ဟော်ရှင်းယု၊ သခင်လေးကျောင်းနဲ့ သခင်လေးလီတို့အားလုံး သူ့ကို အကဲခတ်နေကြသည်။
သခင်လေးကျောင်းတွင် 9 သုံးချပ် ရှိနေ၏။
လင်းဖန် သန်း ၂၀ လောင်းတာကိုမြင်ပြီး သခင်လေးကျောင်းလည်း လောင်းဖို့ ရွေးချယ်လိုက်သည်။ "ကျွန်တော်လည်း သန်း ၂၀ လောင်းမယ်။ လင်းဖန် ခင်ဗျားရဲ့ ဝှက်ဖဲက Ace ဖြစ်မယ်လို့ မထင်ဘူးနော်"
သခင်လေးကျောင်း လောင်းကြေးထပ်ဖို့ ရွေးချယ်လိုက်တော့ လင်းဖန် အပြုံးကိုမထိန်းနိုင်တော့ပါ။
သူဖုံးကွယ်ဖို့ အကောင်းဆုံးကြိုးစားနေသော်လည်း ဘေးက သာမန်ဖြတ်သွားဖြတ်လာတွေတောင် လင်းဖန် ဘယ်လောက် ပျော်နေသလဲ မြင်နိုင်ပါသည်။
ယခု စုစုပေါင်း လောင်းကြေး ယွမ် ၅၂ သန်း ရှိနေပါပြီ။
လင်းဖန် လောင်းထားသည့် ယွမ် ၂၃ သန်းကို နှုတ်လိုက်ပါက အသားတင်အမြတ် ၂၉ သန်းကို ရရှိနိုင်မည်။
သခင်လေးလီနဲ့ ဟော်ရှင်းယုတို့ပါ လောင်းကြေး ထပ်ဖို့ ရွေးချယ်ပါက လင်းဖန် ယွမ် ၆၉ သန်း ရရှိနိုင်ပါသည်။
ဘယ်သူမဆို ဒီလိုမျက်နှာမျိုး ဖြစ်နေလိမ့်မည်။
သခင်လေးလီတွင် 8 သုံးချပ် ရှိပြီး Fold လုပ်ဖို့ ရွေးချယ်လိုက်ပါသည်။
အားလုံး ဟော်ရှင်းယုဘက်ကို ကြည့်လိုက်ကြသည်။
ဟော်ရှင်းယု လောင်းကြေး ဆက်ထည့်မလား မထည့်ဘူးလား ဆုံးဖြတ်ရမည့်အချိန်ဖြစ်သည်။
"Fold လုပ်မယ်"
ဟော်ရှင်းယုက အေးအေးဆေးဆေး ပြောလိုက်လေသည်။ သူမတွင် King သုံးချပ် ရှိပြီး လင်းဖန်ထက် မြင့်သည့် ဖဲ မရှိပေ။
ဟော်ရှင်းယုက အမြင်ရှိသူဖြစ်သဖြင့် လင်းဖန်၏ မျက်နှာထားကို ဖောက်ထွင်းမြင်ပြီး သူ့ဖဲချပ်က ဘာမှန်း ခန့်မှန်းလိုက်နိုင်သည်။
လင်းဖန်က လူသစ်တစ်ယောက် ဖြစ်သဖြင့် သူ့မျက်နှာထားများက သိသာလွန်းနေသည်။
ထို့ကြောင့်လည်း ဟော်ရှင်းယုက အလိမ်မခံရခြင်း ဖြစ်သည်။
အမှန်ပင်။ လင်းဖန်က တမင်သက်သက် ဒီလို သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
ဟော်ရှင်းယု Fold လုပ်ပြီးနောက် လင်းဖန်က စိတ်ပျက်သွားသည့် မျက်နှာမျိုး ဖြစ်သွားသည်။
လင်းဖန်၏ တုန့်ပြန်မှုကိုမြင်ပြီး ဘေးက ကြည့်နေသူတွေတောင် ခေါင်းခါလိုက်ကြသည်။
လင်းဖန်က အလွန်သိသာလွန်းသည်။ တကယ့်ကို လူသစ် ပီသပါပေသည်။
လင်းဖန် ကံကို အားကိုးပြီး တစ်ချီလောက်သာ နိုင်နိုင်ပါလိမ့်မည်။
"သခင်လေးကျောင်း ကျွန်တော့်မှာ Ace သုံးချပ် ရှိတယ်" လင်းဖန်က ပြုံးလိုက်သည်။
သခင်လေးကျောင်း၏ မျက်နှာ ခက်ထန်သွားချိန်တွင် စားပွဲပေါ်က တိုကင်များအားလုံးကို လင်းဖန် ယူလိုက်ပါသည်။
ချက်ချင်းပဲ ယွမ် ၂၉ သန်းကို ရရှိသွားခဲ့သည်။
အများကြီး မဟုတ်သော်လည်း အစသာ ရှိပါသေးသည်။
လင်းဖန် လိုချင်တာက အားလုံးသူ့အစွမ်းကို အထင်သေးစေဖို့ ဖြစ်သည်။
သူတို့နောက်ထပ် ၁၀ ချီလောက် ကစားခဲ့ကြ၏။
လင်းဖန်က နိုင်လိုက် ရှုံးလိုက်ဖြင့် အများကြီးလည်း လောင်းကြေးမထပ်ပါ။
သူ့ဖဲချပ်တွေ အခြေအနေ မကောင်းတိုင်း လင်းဖန်က Fold လုပ်သည်။ သူ့ဖဲချပ်တွေ အခြေအနေကောင်းတိုင်း လင်းဖန်က ပေါ်လွင်အောင် ဟန်ဆောင်သည်။
ဟော်ရှင်းယု၊ သခင်လေးကျောင်းနဲ့ သခင်လေးလီတို့အကုန်လုံး စိတ်ညစ်သွားကြသည်။
လင်းဖန်ဆီက ဘယ်အချိန် ငွေတွေ အများကြီး သိမ်းနိုင်မှာလဲ။ သူတို့ ယွမ်သန်း ရာဂဏန်းလောက်ကို တစ်ချီတည်းနဲ့ အကုန် သိမ်းနိုင်ရင် ပိုကောင်းပါသည်။
နောက်ဆုံးတော့ ၁၃ ချီမြောက်ကို ရောက်ရှိလာခဲ့သည်။ လင်းဖန်က စတင်လှုပ်ရှားပါသည်။
ပထမအသုတ်တွင် လင်းဖန် လောင်းကြေး ၁၀ သန်း ထပ်လိုက်၏။
ဒါကိုမြင်သော ဟော်ရှင်းယု၊ သခင်လေးကျောင်းနဲ့ သခင်လေးလီတို့လည်း လောင်းကြေးထပ်ဖို့ ရွေးချယ်ပါသည်။
ဒုတိယနဲ့ တတိယအသုတ်တို့တွင် လောင်းကြေး တိုကင်ပြားများက သန်း ၃၂၀ အထိ ရောက်ရှိသွားပြီ ဖြစ်သည်။
ကာစီနိုထဲက ဘယ်သူမှ အသက်ပင် ဝဝ မရှူရဲကြတော့ပေ။
ဒီလောင်းကစားဝိုင်းပေါ်က တိုကင်ပြားများက ယွမ် သန်း ၃၀၀ ကျော် တန်သည်။
သူ နိုင်သွားလျှင် ယွမ် သန်း ၃၀၀ ကျော် အနိုင်ရမည်။
ဒီလို အလောင်းအစားက ယွမ်သန်းဆယ်ဂဏန်းလို အသေးအဖွဲကိစ္စမဟုတ်တော့ပါ။
လင်းဖန်နဲ့ ကျန် ၃ ယောက်တို့ နောက်ဆုံးတော့ အချီကြီး လောင်းလိုက်ကြပါပြီ။
ဒီလောင်းကြေးက အားလုံး၏ စံနှုန်းအစစ်အမှန်ကိုလည်း ထုတ်ပြနိုင်လိမ့်မည်။