← Chapters

အခန်း(၂၆၇) လင်းဖန် အနိုင်ရရှိခြင်း

Vol. 18 Ch. 267

အခန်း(၂၆၇) လင်းဖန် အနိုင်ရရှိခြင်း

Vol. 18 Ch. 267

ယခု လင်းဖန်၏ ဖဲချပ်များမှာ ဝှက်ဖဲ၊ စပိတ် King၊ စပိတ် 10၊ စပိတ် Jack၊ စပိတ် Queen တို့ဖြစ်ကြသည်။

စုစုပေါင်း ၄ ချပ်ရှိပြီး ၄ ချပ်စလုံး Suit တူကြသည်။ ဝှက်ဖဲကသာ စပိတ် 9 ဖြစ်ပါက Straight Flush ဖြင့် နိုင်လိမ့်မည်။

၅ ချပ်ဖဲ ကစားနည်းတွင် Straight Flush က Four-of-a-kind ထက် ပိုပြီး ကြီးပါသည်။

ဟော်ရှင်းယု၏ ဖဲများက ဝှက်ဖဲ၊ ဟာ့ဒ် 8၊ စပိတ် 8၊ ဟာ့ဒ် 3၊ ဒိုင်းမွန်း 8 တို့ ဖြစ်သည်။

သခင်လေးလီ၏ ဖဲများက ဝှက်ဖဲ ဟာ့ဒ် 7၊ ဒိုင်းမွန်း 7၊ ဒိုင်းမွန်း King၊ ကလပ်ဘ် 7 တို့ ဖြစ်၏။

သခင်လေးကျောင်းကတော့ Fold လုပ်ဖို့ ရွေးချယ်လိုက်ပါပြီ။

ဝှက်ဖဲများကို မလှန်ခင် ဘယ်သူနိုင်သလဲဆိုတာ အတည်ပြုလို့မရသေးပါ။

ဟော်ရှင်းယုမှာ 8 လေးချပ် ရှိပြီး သခင်လေးလီမှာ 7 လေးချပ်ရှိကာ လင်းဖန် Straight Flush မရပါက သေချာပေါက် ရှုံးနိမ့်ပါလိမ့်မည်။

သခင်လေးလီမှာသာ 7 လေးချပ်ရှိပြီး ဟော်ရှင်းယုမှာ 8 သုံးချပ်ရှိပါက သခင်လေးလီ အနိုင်ရပါလိမ့်မည်။

ယခု နောက်ဆုံးအကြိမ် လောင်းကြေးထပ်ရမည့်အချိန်ကို ရောက်လာပါပြီ။

စားပွဲပေါ်က လောင်းကြေးများက သန်း ၃၀၀ ကျော်ရှိနေပါပြီ။ လင်းဖန် လောင်းကြေးထပ်ရမည့်အချိန်ကို ရောက်လာပြီ ဖြစ်၏။

လင်းဖန် ၅ ချပ်မြောက်ဖဲကို ကြည့်လိုက်ပြီးနောက် ထပ်ပြီး ပြုံးလိုက်ပြန်ပါသည်။

ပထမ အချီတုန်းကလိုပဲ လင်းဖန် အပြုံးကို မထိန်းသိမ်းနိုင်တော့ပါ။

သို့သော်လည်း ဒီတစ်ခေါက်တော့ လင်းဖန် ချက်ချင်းဆိုသလိုပဲ အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပါသည်။

တခြားသူတွေအမြင်မှာတော့ လင်းဖန်က ဉာဏ်ကောင်းချင်ယောင်ဆောင်နေပြီး သူ့မျက်နှာပေးကို ထိန်းသိမ်းဖို့ ကြိုးစားနေသယောင် ဖြစ်လိမ့်မည်။

သူ့မျက်နှာထားကြောင့်ပဲ ဟော်ရှင်းယုနဲ့ သခင်လေးလီတို့၏ အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။

လင်းဖန်၏ ၅ ချပ်မြောက်ဖဲက အမြင့်ဆုံးဖဲဖြစ်နေပြီး လင်းဖန် လောင်းကြေးထပ်ရတော့မည်။

လင်းဖန် သူ့တိုကင်အားလုံးကို အောင်ပွဲခံသော အပြုံးမျိုးဖြင့် တွန်းကာ ပုံလိုက်ပါသည်။

"Showhand"

လင်းဖန် အလွန်စိတ်လှုပ်ရှားနေပြီး အလွန်ပျော်ရွှင်နေပါသည်။

သူဘာမှမစဥ်းစားဘဲ Showhand လုပ်လိုက်သည်။

လင်းဖန်ကို ဒီလိုပုံစံမြင်လိုက်ရတော့ အားလုံး ဇာတ်ရှိန်မြင့်ကုန်ကြပါသည်။

ဒီနေ့ည တစ်ယောက်ယောက် Showhand လုပ်လိုက်တာ ပထမဆုံးအကြိမ်ပဲဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဇာတ်ရှိန်တက်သွားစေခဲ့သည်။

စားပွဲပေါ်တွင် လင်းဖန် ယွမ် သန်း ၃၀၀ တန် တိုကင်ပြားများ ရှိနေသေးသည်။ ၎င်းတို့အားလုံးကို ပုံပေးလိုက်ပြီး Showhand လုပ်လိုက်ပါသည်။

ဟော်ရှင်းယုနဲ့ သခင်လေးလီတို့သာ လောင်းကြေးထပ်ဖို့ ရွေးချယ်ပါက စားပွဲပေါ်က တိုကင်ပြားများ ၁.၂ ဘီလီယံအထိ ရှိသွားပါလိမ့်မည်။

သခင်လေးလီ နက်နက်ရှိုင်းရှိုင်း တွေးလိုက်၏။

ဟော်ရှင်းယုလည်း နက်နက်ရှိုင်းရှိုင်း တွေးတောနေပါသည်။

၁.၂ ဘီလီယံက သခင်လေးလီနဲ့ ဟော်ရှင်းယုတို့အတွက် အလွန်များပြားသော ပမာဏ ဖြစ်သည်။

ဟော်ရှင်းယု ဖြစ်နေရင်တောင် ဒီလောက်ပမာဏကို လျစ်လျူမရှုနိုင်ပေ။

သူမ၏ ဝှက်ဖဲက ကလပ်ဘ် 8 ဖြစ်သဖြင့် သူမမှာ စုစုပေါင်း 8 လေးချပ် ရှိသည်ဟူသည့် သဘောပင်။

သခင်လေးလီမှာ 7 လေးချပ် ရှိပါသည်။

ထိုဖဲချပ်တွေက အလွန်မြင့်သော်လည်း ရှုံးနိမ့်နိုင်ခြေ ရှိနေသေး၏။

လင်းဖန်၏ ဖဲတွေကသာ Straight Flush ဖြစ်နိုင်လျှင် သူတို့ ရှုံးနိမ့်ပါလိမ့်မည်။

သူတို့ အခု Fold လုပ်ဖို့ ဆုံးဖြတ်လိုက်ပါက အလွန်ဆုံး သန်း ၇၀ - ၈၀ သာ ဆုံးရှုံးလိမ့်မည်။

သူတို့ လင်းဖန်နောက်လိုက်ပြီး Showhand လုပ်လိုက်ပါက အားလုံး သန်း ၃၀၀ ကျော် ရှုံးသွားလိမ့်မည်။

သေချာစဥ်းစားပြီးနောက် ဟော်ရှင်းယု Fold လုပ်ဖို့ ရွေးချယ်လိုက်ပါသည်။

သူမ အမြင်မှာတော့ လင်းဖန်က လူသစ်တစ်ယောက်သာ ဖြစ်သည်။

အချီတွေအများကြီး ကစားပြီးနောက် လင်းဖန်၏ လှည့်ကွက်များကို သူမ သိသွားပါပြီ။

လင်းဖန်က ဖဲချပ်ကောင်းများ ရရှိသည့်အခါ သူ့ပျော်ရွှင်မှုကို ဖုံးဖိဖို့ အကောင်းဆုံးကြိုးစားနေသည်။ ဟော်ရှင်းယု၏ အကဲခတ်စွမ်းရည်ကြောင့် သတိထားမိပါသည်။

တစ်နည်းအားဖြင့် လင်းဖန်မှာ Straight Flush ရှိရမည်။

သူမသာ လောင်းကြေးထပ်ထည့်လိုက်ပါက သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်။

ကောင်းကွက်ဆိုးကွက်များကို အကြာကြီး စဥ်းစားပြီးနောက် ဟော်ရှင်းယု ဘာမှမပြောတော့ဘဲ သူမ၏ ဖဲချပ်အားလုံးကို လှန်လိုက်ပါသည်။

ဆိုလိုတာက ဟော်ရှင်းယု Fold လိုက်ပြီ ဖြစ်သည်။

ဟော်ရှင်းယု Fold လုပ်လိုက်တာကို မြင်တော့ သခင်လေးလီလည်း သက်ပြင်းချလျက် Fold လိုက်လုပ်လိုက်ပါသည်။

ကာစီနိုတစ်ခုမှာ လောင်းကစားလုပ်ခြင်းဟာ ကလေးကစားစရာ မဟုတ်ပေ။

သူတို့လင်းဖန်နောက်လိုက်ပြီး Showhand လုပ်လိုက်ပါက သူတို့ ရှုံးနိမ့်သွားရင် သန်း ၃၀၀ ကျော် ရှုံးလိမ့်မည်။ သူတို့ ရင်ကွဲနာ ကျသွားနိုင်ပါသည်။

လင်းဖန်ကလွဲပြီး အားလုံး Fold လုပ်ဖို့သာ ရွေးလိုက်ကြပါသည်။

စားပွဲပေါ်က သန်း ၃၂၀ တန် တိုကင်ပြားအားလုံး လင်းဖန်အပိုင် ဖြစ်သွားပါသည်။

ယွမ်သန်း ၃၂၀ ထဲတွင် အားလုံးက ယွမ် သန်း ၈၀ စီ လောင်းထားသဖြင့် ဆိုလိုရင်းက လင်းဖန် သန်း ၂၄၀ ကျော် အနိုင်ရလိုက်သည်။

လင်းဖန်က သူ့ ဝှက်ဖဲကို လှန်ပြကာ ပြောလိုက်ပါသည်။ "တကယ်တော့ ဒီတစ်ခေါက် ကျွန်တော့် ဝှက်ဖဲက ဟာ့ဒ် 2 ပါပဲ။ ဘယ်က Straight Flush ကမှာလဲ။ ကျွန်တော့်ရဲ့ အမြင့်ဆုံးဖဲကတောင် စပိတ် King ပဲ ရှိတာ။ ခင်ဗျားတို့ ၃ ယောက်မှာ ကျွန်တော့်ထက် အများကြီး ပိုမြင့်တဲ့ ဖဲတွေ ရှိနေတာကို"

လင်းဖန်၏ ဝှက်ဖဲကို အားလုံးရှေ့မှာ လှန်ပြလိုက်သောအခါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

လင်းဖန်မှာ မည်သည့် ဖဲချပ်ကောင်းကောင်းမှ မရှိပေ။

Straight Flush ဆိုတာလည်း ရှိမနေပါ။

လင်းဖန်က အစကတည်းက အနိမ့်ဆုံး ဝှက်ဖဲကိုသာ ပိုင်ဆိုင်ခဲ့သည်။

လင်းဖန်၏ ဖဲချပ်များက အနိမ့်ဆုံး ဖြစ်ကြသည်။

ဖဲချပ်အမြင့် တစ်ချပ်တည်းနဲ့ ဟော်ရှင်းယု၏ 8 လေးချပ်ကို ယှဥ်နိုင်ပါ့မလား။

သို့သော်လည်း ဒီလောက်ဆိုးရွားသည့် ဖဲချပ်တွေနဲ့တောင် လင်းဖန် သန်း ၂၄၀ ပိုင်ဆိုင်သွားခဲ့ပါသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

"မင်းရဲ့ ဖဲက ဟာ့ဒ် 2 လား။ လခွီးထဲမှ..." သခင်လေးလီက လင်းဖန်ကို မယုံနိုင်စရာကောင်းစွာ ဒေါသဖြင့် ကြည့်လိုက်သည်။

လင်းဖန် အရူးလုပ်တာကို သူခံလိုက်ရလေပြီ။

သူသာ လင်းဖန်နောက်လိုက်ပြီး Showhand လုပ်ဖို့ ရွေးလိုက်ပါက အနည်းဆုံး သူ သန်း ၅၀၀ ပိုင်ဆိုင်နိုင်သည်။

တစ်ချိန်တည်းမှာပဲ သူဟော်ရှင်းယုကိုပါ ရင်ဆိုင် အနိုင်ယူနိုင်လိမ့်မည်။ ယခုတော့ ဒီအခွင့်အရေးကို မယူလိုက်မိဘဲ လင်းဖန် လှည့်စားတာကို ခံလိုက်ရပါသည်။

လင်းဖန်၏ ဝှက်ဖဲကို ကြည့်ပြီး ဟော်ရှင်းယု၏ လှပသည့် မျက်လုံးများ တုန်လှုပ်သွားရသည်။

သူမ ရင်ဘတ် လှုပ်ရှားမှုများ ပြင်းထန်လာသည်။ လင်းဖန်၏ ဝှက်ဖဲက ဟာ့ဒ် 2 သာ ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

လောင်းကစားဝိုင်းတစ်ခုမှာ ဟော်ရှင်းယု ရှုံးနိမ့်ဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။

ဝိုင်းကြည့်နေသည့် လူအုပ်ကြီးလည်း အံ့သြ မင်သက်သွားကြ၏။

ဟော်ရှင်းယု ခပ်မြန်မြန်ပဲ စိတ်ပြန်လျှော့လိုက်ကာ အလွန်အံ့အားသင့်သွားပါသည်။

သူမကို အံ့အားသင့်အောင် လုပ်နိုင်တဲ့ လူမျိုး ပထမဆုံးအကြိမ် ဆုံဖူးတာပဲ ဖြစ်သည်။

သူမ လောင်းကစားဝိုင်းမှာ စထိုင်တဲ့အချိန်ကစပြီး လင်းဖန်ကို ပထမဆုံးအကြိမ် မြင်လိုက်ရတဲ့ အချိန်ကစလို့ ယခုအချိန်အထိ သူမ အမှားကြီးကြီး လုပ်မိပါပြီ။

လင်းဖန်က လောင်းကစား လုပ်တတ်ရုံတင် မကဘဲ ဆရာတစ်ဆူပါ ဖြစ်နေသည်။

သူဝင်လာကတည်းက လင်းဖန်၏ သရုပ်ပြမှုတိုင်းက ဟန်ဆောင်မှုသာ ဖြစ်သည်။

အစမှ အဆုံးအထိ လင်းဖန် သရုပ်ဆောင်နေခြင်း ဖြစ်သည်။

အားလုံး လင်းဖန် လှည့်စားတာကို ခံလိုက်ရပါသည်။

လင်းဖန်၏ စုတ်စုတ်ပြတ်ပြတ် သရုပ်ဆောင်စွမ်းရည်ကို မြင်နိုင်သည်ဟု အားလုံး ထင်နေခဲ့ကြစဥ်က လင်းဖန် မြင်စေချင်တာလည်း ဒါပဲဖြစ်သည်။

သူတို့က ဒုတိယအဆင့်မှာသာ ရှိသေးသော်လည်း လင်းဖန်က ပဉ္စမအဆင့်ကို ရောက်သွားပါပြီ။

သူ့ထောင်ချောက်ထဲ မျှားခေါ်ခဲ့ပြီး ဆက်တိုက်တိုက်ခိုက်ခဲ့သည်။

လင်းဖန်က အစီအစဥ်၏ အဆင့်တိုင်းကို ပြီးပြည့်စုံအောင် သရုပ်ဖော်ခဲ့ပြီး ဘာအပြစ်အနာအဆာမှမရှိပါ။

ဒီတော့ လင်းဖန်က လောင်းကစားဆရာတစ်ဆူပေါ့...။

သူမ လင်းဖန်ကို အထင်သေးလိုက်မိကတည်းက သူမ ရှုံးနိမ့်သွားပြီ ဖြစ်သည်။

လင်းဖန်က လောင်းကစားလုပ်တာ အလွန်တော်ပါသည်။

ဟော်ရှင်းယု လင်းဖန်ကို ကြည့်လိုက်ပြီး သူမ၏ ကုတ်အင်္ကျီကို ချွတ်လိုက်ပါသည်။

ဒီတစ်ခေါက်တော့ ဟော်ရှင်းယု အတည်လုပ်တော့မည်။

သူမ လင်းဖန်အနိုင်ယူတာကို တစ်ခါ ခံလိုက်ရပါပြီ။ နောက်တစ်ခေါက် ဘယ်တော့မှ ထပ်ပြီး မရှုံးစေရတော့ပါ။

ဒီနေ့ည လောင်းကြေးကို နောက်ဆုံးအချိန်အထိ မရှုံးနိမ့်စေရပါ။

ဟော်ရှင်းယု မျက်လုံးပြန်ဖွင့်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ ဘုရင်မသဖွယ် အရှိန်အဝါများကို ပြန်ရသွားပါပြီ။

တစ်ယောက်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ရှုံးနိမ့်ဖူးတာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါသည်။

သူမ မောင်လေး၏ ခြေလက်များကို လင်းဖန်က ချိုးခဲ့သည်။

ယခု လင်းဖန်ကို လောင်းကစားဝိုင်းမှာလည်း ထပ်ပြီး ရှုံးနိမ့်ပြန်ပါပြီ။

ထို့ကြောင့်ပဲ ဟော်ရှင်းယု သူ့ကို ကလဲ့စားပြန်ချေမှဖြစ်မည်။

ဟော်ရှင်းယု ပိုပြီး တည်တံ့သွားတာကိုမြင်ကာ ဘေးပတ်လည်က လူတွေပါ သူမ၏ သားရဲစိတ်ကို ခံစားလိုက်ကြရသည်။

ယွမ်ချမ့်၊ ယန်ရှု၊ လောင်းကစားဝိုင်းကို စင်နောက်က ကြည့်နေကြသူအားလုံး အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။

"လခွမ်း..."

"လင်းဖန်က လောင်းကစားလုပ်တတ်ပြီး ကျွမ်းလည်း ကျွမ်းတယ်။ ငါတို့ကိုလှည့်စားသွားတာပဲ။ လင်းဖန် ဘာလို့ ဒီလောက်တောင် တော်ရတာလဲ"

"လင်းဖန်က တော်လွန်းတယ်။ သူကသရုပ်ဆောင် တစ်ယောက်ဆိုတာကိုငါတို့မေ့သွားတာ။ သာမန်လူတိုင်း အဲ့လိုတွေးမိကြမှာပဲ။ လင်းဖန်က ဒီလောက်အသက်အရွယ်ကြီးနဲ့ ဖဲမချိုးတတ်စရာလား။ ၅ ချပ်ဖဲ ကစားနည်းရဲ့ စည်းမျဥ်းတွေကို မသိစရာလား။ သူက တခြားသူတွေကို သရုပ်ဆောင်ပြနေတာကိုး"

"အချိန်တိုလေးအတွင်း လင်းဖန် သန်း ၃၀၀ ရသွားပြီ။ သန်း ၃၀၀ ကြီးများတောင်။”

All Chapters