← Chapters

အခန်း(၂၆၈) လောင်းကစားနတ်ဘုရား

Vol. 18 Ch. 268

အခန်း(၂၆၈) လောင်းကစားနတ်ဘုရား

Vol. 18 Ch. 268

နောက်ထပ် ပွဲ ၂၀ လောက် ကစားပြီးနောက် လင်းဖန်နဲ့ ဟော်ရှင်းယုတို့ နှစ်ယောက်စလုံး အရှုံးအနိုင် အသီးသီးဖြစ်နေကြသည်။

ပွဲ ၂၀ အတွင်း ဟော်ရှင်းယုက ပိုပြီးအနိုင်ရထားတာ သိသာပါသည်။

သူမ အလွန် လေးလေးနက်နက် ကစားလာ၏။

သူမ ဖဲချပ်တွေ မကောင်းတာနဲ့ Fold လုပ်လိမ့်မည်။

သူမ၏ ထက်မြက်သော လောင်းကစားစကေးများကို အကုန်အသုံးချခဲ့ပါသည်။

ပွဲမြင်ကွင်းကလည်း ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပါပြီ။

နောက်ဆုံးတော့ ပွဲ ၃၀ ဝန်းကျင်လောက်တွင် အခြေအနေ ပြောင်းလဲသွားခဲ့၏။

လင်းဖန်၏ အဖွင့်ဖဲချပ်က A တစ်ချပ်ဖြစ်ပြီး ဟော်ရှင်းယု၏ အဖွင့်ဖဲချပ်က K တစ်ချပ်ဖြစ်သည်။

သခင်လေးလီနဲ့ သခင်လေးကျောင်းတို့၏ အဖွင့်ဖဲချပ်များက နဲ့ J အသီးသီးဖြစ်ကြပါသည်။

...

ပွဲအနည်းငယ် ကစားပြီးနောက် အားလုံး ဆူညံ ပွက်လောရိုက်ကုန်ကြသည်

"လခွမ်း... ဒီတစ်ခေါက်က အရင်တစ်ခေါက် ထက်ပိုပြီး ကြမ်းလာပြီ။ စားပွဲပေါ်က လောင်းကြေး တိုကင်တွေလည်း သန်း ၄၀၀ တောင် ရှိသွားပြီ"

"သန်း ၄၀၀ တဲ့။ သခင်လေးလီနဲ့ သခင်လေးကျောင်းတို့ကလည်း Fold မလုပ်ကြသေးဘူး။ သူတို့ဖဲချပ်တွေက တော်တော်ကောင်းလို့များလား။”

"ဟော်ရှင်းယုသာ ဒီတစ်ချီနိုင်သွားခဲ့ရင် ကာစီနိုကို ဒေဝါလီခံသွားရအောင် လုပ်နိုင်လောက်တယ်"

...

ထိုအချိန်တွင် အားလုံး၏ အသက်ရှူသံများ ပြင်းထန်လာသည်။

ဟော်ရှင်းယုတောင် ခြွင်းချက် မရှိပေ။

ဒီတစ်ခေါက် လောင်းကြေးများက အရင်တစ်ခေါက်ကထက် ပိုမြင့်နေပါသည်။

လင်းဖန်၏ ဖဲချပ်များက ဝှက်ဖဲ၊ စပိတ် Ace၊ ဟာ့ဒ် Ace၊ စပိတ် 2 နဲ့ ဒိုင်းမွန်း Ace တို့ ဖြစ်သည်။

ဟော်ရှင်းယု၏ ဖဲချပ်များက ဝှက်ဖဲ၊ စပိတ် King၊ ဟာ့ဒ် King၊ ဒိုင်းမွန်း 9နဲ့ ဒိုင်းမွန်း King တို့ ဖြစ်သည်။

သခင်လေးလီ၏ ဖဲချပ်များက ဝှက်ဖဲ၊ စပိတ် Queen၊ ဒိုင်းမွန်း Queen၊ ကလပ်ဘ် 10 နဲ့ ဟာ့ဒ် Queen တို့ ဖြစ်ကြသည်။

သခင်လေးကျောင်း၏ ဖဲချပ်များက ဝှက်ဖဲ၊ စပိတ် Jack၊ ကလပ်ဘ် Jack၊ ဒိုင်းမွန်း Jack နဲ့ ဒိုင်းမွန်း 4 တို့ ဖြစ်ကြသည်။

သူတို့ ၄ ယောက်စလုံးတွင် ဖဲချပ်ကောင်းများ ရှိနေကြသည်။

ထုတ်ပြထားသည့် ဖဲချပ်များအနက် လင်းဖန်တွင် Ace သုံးချပ်၊ ဟော်ရှင်းယုတွင် King သုံးချပ်၊ သခင်လေးလီတွင် Queen သုံးချပ်၊ သခင်လေးကျောင်းတွင် Jack သုံးချပ်တို့ ရှိကြသည်။

အနိုင်ရနိုင်မရနိုင်က ၎င်းတို့၏ ဝှက်ဖဲများအပေါ်မှာ မူတည်နေပါပြီ။

လင်းဖန်တွင် အမြင့်ဆုံးဖဲချပ် ရှိနေသဖြင့် လင်းဖန်က ပြောခွင့်ရှိပါသည်။

လောင်းကြေးက ဒီအဆင့်လောက်ထိ ရောက်လာပြီဖြစ်သဖြင့် ဘယ်သူမှ စိတ်အေးအေး မထားနိုင်တော့ပါ။

လင်းဖန် စားပွဲပေါ်က ဖဲချပ်များကို ကြည့်လိုက်ပြီး အားလုံးကို အကဲခတ်လိုက်သည်။

သူ့လက်ချောင်းတွေက တုန်ယင်နေပြီး နှုတ်ခမ်းတွေလည်း တုန်ယင်နေပါသည်။

သူ့မျက်နှာပေါ်မှာ ထိန်းချုပ်လို့မရသည့်အပြုံးမျိုး ပေါ်လာခဲ့၏။

လင်းဖန် ဘုရင်တစ်ပါးလိုမျိုး သူ့တိုကင်အားလုံးကို စားပွဲပေါ် တွန်းတင်လိုက်ပါသည်။

"Showhand"

"သန်း ၄၀၀"

လင်းဖန် Showhand လုပ်ဖို့ ထပ်ရွေးလိုက်ပြန်ပါပြီ။

ဒီနေ့ည ဒုတိယမြောက် Showhand လည်း ဖြစ်သည်။

လောင်းကြေးတိုကင်ပြားတွေလည်း ချက်ချင်း သန်း ၈၀၀ အထိ တိုးသွားခဲ့ပါသည်။

တခြားသူတွေသာ လောင်းကြေးမထပ်လျှင် လင်းဖန် ထပ်နိုင်သွားပါဦးမည်။

"ရိုးရိုးသားသား ပြောရရင် ကျွန်တော့်ဝှက်ဖဲက A နော်။ ကျွန်တော့်မှာ A လေးချပ်ရှိတယ်။ ခင်ဗျားတို့ ရှုံးသွားလိမ့်မယ်။ Fold လိုက်ကြပါလား" လင်းဖန် ပြုံးလိုက်ပြီး အားလုံးကို ကြည့်လိုက်ပါသည်။

လင်းဖန် ထိုသို့ပြောတာကို ကြားသောအခါ သခင်လေးလီနဲ့ သခင်လေးကျောင်းတို့ ပြုံးသွားကြပါသည်။

ဟော်ရှင်းယုတောင် ခေါင်းကို ဖြေးညင်းစွာ ခါလိုက်သည်။

လောင်းကစားဝိုင်းလိုနေရာမျိုးမှာ ကိုယ့်ဝှက်ဖဲကို ကိုယ်ထုတ်ပြောတဲ့လူမျိုးရှိလို့လား။

လင်းဖန်က သူ့ဝှက်ဖဲကို Ace ဟုထင်စေချင်သဖြင့် တမင်သက်သက် ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

ဒီလိုသာဆို အရင်တစ်ခေါက် သူ Showhand လုပ်တုန်းကလိုမျိုး အားလုံး Fold ကြလိမ့်မည်။

ထိုအခါ လင်းဖန် ထပ်နိုင်သွားပါဦးမည်။

သူတို့ လင်းဖန် လှည့်စားတာကို တစ်ခါ ခံလိုက်ရပြီဖြစ်သဖြင့် နောက်တစ်ခေါက် မဖြစ်နိုင်တော့ပါ။

"Showhand" သခင်လေးလီလည်း သူ့တိုကင်အားလုံးကို တွန်းပေးလိုက်ပါသည်။

"Showhand" သခင်လေးကျောင်းလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။

သူတို့နှစ်ယောက် တစ်ပြိုင်တည်း Showhand လုပ်လိုက်ချိန်တွင် လင်းဖန်၏ မျက်နှာထား ကြက်သေ သေသွားရသည်။

သူ့မျက်နှာ မှုန်ကုပ်သွားပြီး လက်သီးတွေပါ ဆုပ်လိုက်မိပါသည်။

ထုတ်မပြသော်လည်း လင်းဖန်၏ မျက်နှာထားက အကျည်းတန်လွန်းလှသည်။

ဟော်ရှင်းယုကပါ ချက်ချင်းပဲ တိုကင်ပြားအားလုံးကို တွန်းပေးလိုက်ပါသည်။

"Showhand"

တိုကင်အားလုံးကို လောင်းကြေးထဲ ပေါင်းထည့်ပြီးနောက် ၂ ဘီလီယံအထိ ရောက်ရှိသွားခဲ့ပါသည်။

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ကစားသမားအကုန်လုံး Showhand လုပ်လိုက်ကြပါပြီ။

လင်းဖန်၏ အရင်တစ်ခေါက် သရုပ်ဆောင် စွမ်းရည်တွေက အလုပ်မဖြစ်တော့ပါ။

ဘယ်သူမှ လင်းဖန်ကို မကြောက်တော့ပေ။

ယွမ်ချမ့်နဲ့ ယန်ရှုတို့တောင် အပြေးသွားကြည့်ရသည်။ ထို့နောက် ဝှက်ဖဲများကို စတင် ထုတ်ပြကြပါပြီ။

"လင်းဖန် မင်းတော့ သေချာပေါက် ရှုံးပြီ။ ငါ့ဝှက်ဖဲက Jack ပဲ။ အခု ငါ့မှာ Jack လေးချပ် ရှိတယ် လင်းဖန်။ မင်းရဲ့ ဝှက်ဖဲကိုပြစမ်းပါ။ ဒီနေ့ည မင်းမှာ ဘာမှ မကျန်တော့တဲ့အထိကို မင်းရှုံးတော့မှာ" သခင်လေးကျောင်းက ပြောလိုက်ပြီး သူ့ဝှက်ဖဲကို ထုတ်ပြလိုက်ပါသည်။

"ညီအစ်ကိုကျောင်း စိတ်မကောင်းဘူး အဟက်။ ငါ့ဝှက်ဖဲက Queen ကွ။ အဲ့တော့ ငါ့မှာ Queen လေးချပ်ဖြစ်သွားပြီ။ ဒီလောင်းကြေး ငါနိုင်ပြီ။ ဒီနေ့ည ငါ အများဆုံး နိုင်တာပဲကွ" သခင်လေးလီက ပျော်ရွှင်စွာ ပြုံးလိုက်ပါသည်။

ဒီ ၂ ဘီလီယံကို ရရှိသည့် ဘယ်သူမဆို အလွန်ပျော်ရွှင်သွားပါလိမ့်မည်။

၁၀၀ ဘီလီယံ ယွမ်တန် ကုမ္ပဏီတိုင်း ငွေသား ယွမ် ၂ ဘီလီယံကို ထုတ်မပေးနိုင်ပါ။

၂ ဘီလီယံယွမ်က အများကြီး မဟုတ်သော်လည်း ငွေသား ၂ ဘီလီယံကို ပိုင်ဆိုင်ထားလျှင် အတော်များပြားနေပါပြီ။

ထိုအချိန်တွင် ဟော်ရှင်းယုက ထွက်လာသည်။

သူမ၏ ဝှက်ဖဲကို လှန်ပြလိုက်၏။

"King လေးချပ်"

ဟော်ရှင်းယုက ဘုရင်မတစ်ပါးလို အရှိန်အဝါ ကြီးမားသွားခဲ့ပါသည်။

ဟော်ရှင်းယုမှာ King လေးချပ်ရှိနေတာကို မြင်သောအခါ သခင်လေးကျောင်းနဲ့ သခင်လေးလီတို့ မျက်နှာများ ဖြူဖပ်သွားလေသည်။

ဟော်ရှင်းယုရဲ့ ဝှက်ဖဲက ဒီလောက်ကောင်းနေလိမ့်မည်ဟု ဘယ်သူထင်မည်နည်း။

"လင်းဖန် နင် ငါ့ရဲ့ မောင်လေးကို နာကျင်အောင် လုပ်ခဲ့တယ်။ ဒီနေ့တော့ ငါ ဒီမှာ ယွမ် ၂ ဘီလီယံကို အပိုင်သိမ်းလိုက်ပြီ။ နင် ငါ့မောင်လေးကို တောင်းပန်ပြီး နောက်ထပ် ၁ ဘီလီယံ ထပ်ပေးရမယ်။ အဲ့ဒီအချိန်ကျမှ ဒီကိစ္စကို အဆုံးသတ်ခွင့်ပေးမယ်" ဟော်ရှင်းယုက လင်းဖန်ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်ပါသည်။

သူမ ဒီလောင်းကြေးကို အနိုင်ရသွားသလိုပင်။

ကာစီနိုလောကတွင် အရှုံးမရှိသည့် သမိုင်းဝင်တစ်ယောက်ဖြစ်သည့် သူမက သူမ၏ အဆင့်အတန်းကို ကာကွယ်နိုင်ဆဲ ဖြစ်သည်။

သူမ တစ်ခါတစ်လေ ပွဲအသေးစား ၁ ပွဲ ၂ ပွဲလောက်ရှုံးတာ ကိစ္စမရှိပါ။ ဒီနေ့ည အကြီးမားဆုံး အနိုင်ရရှိသူကတော့ ဟော်ရှင်းယုပဲ ဖြစ်ပါသည်။

"ပွဲသိမ်းပြီ..." ယွမ်ချမ့်၏ မျက်နှာ ဖြူရော်သွားလေသည်။

"လုံးဝ ပြီးသွားပြီပဲ" ယန်ရှုလည်း သက်ပြင်းချလိုက်ပါသည်။

ဒီနေ့ညရဲ့ ကံကြမ္မာရ စီရင်ထားပြီးသားလား။

ဟော်မိသားစုရဲ့ သမီးကြီး ဟော်ရှင်းယုကို အနိုင်ယူဖို့ နည်းလမ်းမရှိတော့ဘူးလား။

"ဟော်ရှင်းယု"

"ဟော်ရှင်းယု"

"ဟော်ရှင်းယု"

ကာစီနိုတစ်ခုလုံး ဟော်ရှင်းယု၏ နာမည်ကို အော်နေကြဆဲ ဖြစ်သည်။

မီးအလင်းရောင်များအားလုံးလည်း သူမအပေါ်ကို ကျရောက်နေပါသည်။

သူမက ဒီနေ့အတွက် အဓိကဇာတ်ကောင်ပင်။

"နေပါဦး"

"လောင်းကြေးက မပြီးသေးဘူးလေ"

လင်းဖန်၏ အသံထွက်ပေါ်လာသည်။

အားပေးသံများဖြင့် ပြည့်နှက်နေခဲ့သည့် ကာစီနို ပြန်လည်တိတ်ဆိတ်သွားခဲ့ပါသည်။

အားလုံး လင်းဖန်ကို တစ်ပြိုင်တည်း ကြည့်လိုက်ကြလေသည်။

လင်းဖန်က သူ့ဝှက်ဖဲကို ကောက်ယူလိုက်ပြီး လှန်ပြလိုက်ပါသည်။

လင်းဖန်၏ နောက်ဆုံးဝှက်ဖဲမှာ ကလပ်ဘ် Ace ပဲဖြစ်သည်။

လင်းဖန်တွင် Ace လေးချပ်ရှိသွားပါပြီ။

"အားလုံးပဲ ကျွန်တော့် ဝှက်ဖဲက Ace ပါ"

"မစ္စဟော် ဒီပွဲကို ကျွန်တော်နိုင်သွားပြီ"

လင်းဖန် ပြောပြီးသွားတော့ အားလုံး အေးခဲသွားသလို ရပ်တန့်ကုန်ကြပါသည်.

ဟော်ရှင်းယု၊ သခင်လေးလီနဲ့ သခင်လေးကျောင်းတို့လည်း အားလုံးကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

နောက်ဆုံးလောင်းကြေးတွင် လင်းဖန်အားလုံးကို ထပ်ပြီး လှည့်စားသွားခဲ့ပြန်ပါပြီ။

ယနေ့ ကာစီနိုထဲကနောက်ဆုံးအနိုင်ရရှိသူမှာ လင်းဖန်ပဲ ဖြစ်ပါသည်။

ဟော်ရှင်းယု မျက်နှာများ ဖြူရော်လျက် ခြေလှမ်း ၂ လှမ်းနောက်ဆုတ်လိုက်မိပါသည်။

သခင်လေးလီနဲ့ သခင်လေးကျောင်းတို့လည်း ကြက်သေသေသွားကြသည်။

အားလုံး အလွန်တုန်လှုပ်သွားကြပါသည်။

"နိုင်သွားပြီ... ဟား... လင်းဖန်နိုင်သွားပြီကွ"

"လင်းဖန်"

"လင်းဖန်"

"လင်းဖန်"

ယွမ်ချမ့်နဲ့ ယန်ရှုတို့နှစ်ယောက်သား အရူးပမာ အားပေးနေကြသည်။

ဒီနေ့ညက သေချာပေါက် ကူရာကယ်ရာမဲ့နေသည့် အခြေအနေဟု သူတို့ထင်ခဲ့ကြသည်။

သို့သော် လင်းဖန်ပေါ်လာမှုကြောင့် သူတို့ ကယ်တင်ခံလိုက်ရပါသည်။

လင်းဖန်က လက်ရှိ ဘုရင်မတစ်ပါးဖြစ်သည့် ဟော်မိသားစု သမီးကြီး ဟော်ရှင်းယုကို အနိုင်ယူသွားပါပြီ။

ဟော်ရှင်းယု မျက်နှာဖြူရော်စွာဖြင့် ခြေ ၂ လှမ်းနောက်ဆုတ်လိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့..."

ဟော်ရှင်းယု တစ်ယောက်တည်းရေရွတ်နေမိသည်။ သူမရှေ့က ရလဒ်ကို လက်မခံနိုင်သေးပါ။ သူမ၏ ယုံကြည်မှုတွေကော မာနတွေကော တစ်ချိန်တည်း ပျက်စီးသွားခဲ့သည်။

သူမ တကယ်ပဲ... ရှုံးနိမ့်သွားခဲ့ပါသည်။

လက်ရှိ သမိုင်းဝင်စီးပွားရေးသမား၊ လောင်းကစား နတ်ဘုရား ဟော်ရှင်းယုကို လင်းဖန်ဟု ခေါ်သည့် လူတစ်ယောက်က အနိုင်ယူသွားလေပြီ။

အခုချိန်ကစပြီး လောင်းကစားနတ်ဘုရား ဟူသည့်ဘွဲ့က ဟော်ရှင်းယုနဲ့ မသက်ဆိုင်တော့ပါ။

လင်းဖန်၏ အပိုင် ဖြစ်သွားခဲ့ပါပြီ။

All Chapters