ဟော်မိသားစုရဲ့ ကြမ္မာဆိုးနေ့
Vol. 18 Ch. 269
ဟော်ရှင်းယု ဒီနေရာက ဘယ်လိုထွက်လာလဲ ဆိုတာတောင် မသိတော့ပါ။
သူမ လင်းဖန်ကို လုံးဝ ဒေဝါလီခံသွားစေချင်ခဲ့သည်။
ဒီကာစီနိုကို လာခဲ့ခြင်းက သူမ၏ အထက်မြက်ဆုံး နည်းလမ်းဖြစ်သည်။
သူမ ဒီနေ့ည အနိုင်ရတာနဲ့ လင်းဖန် လက်အောက်က ကုမ္ပဏီအားလုံးကို ဒေဝါလီခံသွားရအောင် လုပ်နိုင်မည်။
ဒါက ဟော်ရှင်းယုရဲ့ နည်းလမ်းပဲ ဖြစ်သည်။
သို့သော်လည်း လင်းဖန် ပေါ်လာတာနဲ့ အားလုံး ပြောင်းလဲသွားခဲ့ပါပြီ။
ဟော်ရှင်းယု၏ အစီအစဥ်အားလုံး ပျက်စီးသွားရသည်။
သူမ၏ အရှုံးမရှိ သမိုင်းဝင် ဟူသည့်ဘွဲ့ကိုတောင် လင်းဖန်က ရိုက်ချိုးသွားခဲ့ပါသည်။
လင်းဖန်က သူမကို ကာစီနိုထဲတွင် အကြွင်းမဲ့ အနိုင်ယူသွားပါပြီ။
သခင်လေးလီနဲ့ သခင်လေးကျောင်းတို့၏ မျက်နှာတွေလည်း အလွန်အကျည်းတန်ကုန်သည်။
သူတို့နှစ်ယောက် တစ်ယောက်ကို သန်း ၅၀၀ နီးပါး ဆုံးရှုံးသွားကြသည်။
အစောပိုင်းမှာတော့ လင်းဖန်ကို အလွန်အထင်အမြင်သေးခဲ့ကြသည်။ လင်းဖန်ကို ဖဲချပ်တောင် မချိုးတတ်ဘူးဟု ခံစားခဲ့ရပါသည်။
လက်ရှိရလဒ်က သခင်လေးကျောင်းနဲ့ သခင်လေးလီတို့ကို နက်နက်ရှိုင်းရှိုင်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။
သူတို့နှစ်ယောက်စလုံး လင်းဖန်ကို ရှုံးနိမ့်သွားပါပြီ။
သူတို့ ၃ ယောက် ပြန်သွားသည့်အခါ ယွမ်ချမ့်နဲ့ ယန်ရှုတို့ လင်းဖန်ကို လေးစားစွာ ကြည့်လိုက်ကြသည်။
"ညီလေးလင်း။ မင်းက အရမ်းတော်တာပဲ။ ဟော်ရှင်းယုကို တကယ် အနိုင်ယူလိုက်တာပါလား"
"ကျောင်း၊ လီ မိသားစုတွေရဲ့ သခင်လေးတွေကတောင် မင်းကိုရှုံးသွားကြတယ်။ ငါတို့ အသားတင် အမြတ် ၁.၅ ဘီလီယံတောင် ရလိုက်တယ်"
"လင်းဖန် မင်း ဒီနေ့ည ၁.၅ ဘီလီယံအရယူနိုင်ခဲ့တာပဲ။ မင်း လုံးဝ နာမည်ကြီးပြီ"
ယွမ်ချမ့်နဲ့ ယန်ရှုတို့ လင်းဖန်ကိုချီးကျူးလိုက်ကြပါသည်။
သူတို့မျက်လုံးထဲမှာလည်း ပျော်ရွှင်မှုများ နက်ရှိုင်းလို့နေပါသည်။
ဒီနေ့အကြီးမားဆုံး အောင်နိုင်သူက လင်းဖန်သာဖြစ်သည်။
လင်းဖန်လည်း မတ်တပ်ရပ်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ "ဘာမှ အပန်းမကြီးပါဘူး။ တကယ်တော့ ကျွန်တော့်ရဲ့ လောင်းကစားစကေးတွေက အဲ့လောက် မကောင်းဘူး။ ကျွန်တော် ဟော်ရှင်းယုကို အနိုင်ယူဖို့ စိတ်ပညာ ဗျူဟာကို သုံးလိုက်တာပါ"
ယွမ်ချမ့်က ခေါင်းခါကာ ပြောလိုက်သည်။ "ညီလေးလင်း နိုင်တယ်ဆိုတာနဲ့တင် မင်းရဲ့ အစွမ်းအစကို သက်သေပြပြီးသား ဖြစ်သွားပြီ။ ဟော်ရှင်းယုက ကာစီနိုလောကမှာ အရှုံးမရှိတဲ့ ကစားသမားလို လူသိများပြီး စီးပွားရေး လောကမှာလည်း သမိုင်းဝင်ကြီး တစ်ယောက်ပဲ။ အဲ့ဒီဘွဲ့တွေက အလကားသက်သက် ရထားတာ မဟုတ်ဘူး။ အားလုံးက ရလဒ်ပေါ်မှာ မူတည်နေတာချည်းပဲ။ နောက်ဆုံးရလဒ်က မင်းအနိုင်ရသွားတယ်ဆိုတာပဲလေ"
လင်းဖန်က ၁.၅ ဘီလီယံကို ကြည့်လိုက်သည်။
ဘယ်သူမဆို ၁.၅ ဘီလီယံကို မက်မောကြပါလိမ့်မည်။
သူ ရရှိထားသည့် ၂ ဘီလီယံယွမ်ထဲတွင် သန်း ၅၀၀ က ကာစီနိုထဲက သူ့တိုကင်ပြား တန်ဖိုးဖြစ်သည်။ အသားတင်အမြတ်က ၁.၅ ဘီလီယံ ရခဲ့ပါသည်။
ဒီ ၁.၅ ဘီလီယံစလုံးကိုသာ ရလိုက်ပါက လင်းဖန်၏ ပိုင်ဆိုင်မှုများ ချက်ချင်းဆိုသလို ရှားဝမ်ချွေ့ကို ကျော်တက်သွားတော့မည်။
ဒီလိုသာဆို အနာဂတ်မှာ သူ့မိန်းမထက် အသာစီးရနိုင်ပြီ မဟုတ်လား။
"ညီလေးလင်း ဘာမှ ကြည့်နေစရာမလိုဘူး။ ဒီ ၁.၅ ဘီလီယံစလုံးက မင်းငွေတွေချည်းပဲ။ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ကုမ္ပဏီ ၂ခုစလုံး ဒေဝါလီခံသွားရပြီ" ယွမ်ချမ့်ကဆို၏။
လင်းဖန်လည်း တောက်ပစွာ ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "အစ်ကိုကြီးယွမ်၊ အစ်မယန်။ ဒီတစ်ခေါက် ကျွန်တော်ကမှ ဒုက္ခပေးမိတာပါ။ ကျွန်တော့်ကြောင့်သာ မဟုတ်ရင် ခင်ဗျားတို့ ကုမ္ပဏီတွေ ဒီလိုဖြစ်လာပါ့မလား"
"အရင်တစ်ခေါက်က ကျွန်တော် Bugatti ကော်ပိုရေးရှင်းကနေ ယွမ် ၁ ဘီလီယံ ချေးပေးခဲ့တယ်နော်။ အဲ့ဒီ ၁ ဘီလီယံကိုတော့ ပြန်ဆပ်ရလိမ့်မယ်။ ကျန်တဲ့ ယွမ် သန်း ၅၀၀ ကို ကျွန်တော် လောဘမတက်ပါဘူး။ အစ်ကိုကြီးယွမ်နဲ့ အစ်မယန်တို့ ဒီသန်း ၅၀၀ ကို ခွဲယူလိုက်ကြပါ" လင်းဖန်က ပြောလိုက်ပါသည်။
ဒီနေ့ည သူတကယ်ပဲ ၁.၅ ဘီလီယံ အနိုင်ရခဲ့ပါသည်။ သို့သော် သေချာစဥ်းစားကြည်ပြီးနောက် လင်းဖန် လောဘမတက်ဖို့သာ ရွေးချယ်မည်။
ဘာပဲဖြစ်ဖြစ် ဒီကုမ္ပဏီ ၂ ခုစလုံး မျိုးတုန်းခါနီးဖြစ်သွားတာ သူ့ကြောင့်ပဲ မဟုတ်လား။
ထို့အပြင် ယခု လင်းဖန်က ငွေမလိုပါ။ သူ့ ဇနီးနဲ့ နှစ်ဝက်အတွင်း ပိုင်ဆိုင်ထားသည့်ငွေကို ယှဥ်ပြိုင်လိုပါက အနုပညာလောကထဲတွင် ယှဥ်ပြိုင်ရပါမည်။
ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားနဲ့ မူးယစ်ဆေးလုပ်ငန်းများက လင်းဖန် အားမပေးသည့် လုပ်ငန်းများ ဖြစ်သည်။ ဆိုရှယ်လစ် တန်ဖိုးများနဲ့လည်း ကိုက်ညီမှု မရှိပေ။
သူ ပိုင်ဆိုင်ထားသည့်ငွေကို ရှားဝမ်ချွေ့နဲ့ ယှဥ်ပြိုင်လိုပါက မျှမျှတတ ယှဥ်ပြိုင်ရပါမည်။
မဟုတ်ပါက ပြိုင်ပွဲမစခင် ရလဒ်ဆုံးဖြတ်ပြီးသား ဖြစ်သွားလိမ့်မည်။
"မဟုတ်တာ ညီလေးလင်းရယ်။ မင်းငွေကို ငါတို့ မယူပါဘူး။ မင်း ဒီ သန်း ၅၀၀ ကိုယူလိုက်ပါ။ ငါ့ကို ဘယ်လိုလူမျိုးထင်လို့လဲ။ လောဘသမား ထင်လို့လား" ယွမ်ချမ့်က လင်းဖန်ကို ချက်ချင်း ကန့်ကွက်လိုက်ပါသည်။
"ဘော့စ်လင်း ရှင်က ကျွန်မတို့ကုမ္ပဏီရဲ့ အဓိက ရှယ်ယာဝင် ဖြစ်နေတုန်းပဲလေ။ ကျွန်မကို ဒီငွေတွေထပ်ပေးလိုက်ရင် ရှင့်ကို ကုမ္ပဏီရဲ့ ဘော့စ်လုပ်ခိုင်းရုံပဲရှိတော့မယ်" ယန်ရှုကလည်း ပြုံးကာ ပြောလိုက်သည်။
"ကောင်းပါပြီ။ ကျွန်တော် ဒီ သန်း ၅၀၀ ကို လက်ခံလိုက်ပါ့မယ်" လင်းဖန်က ပြောလိုက်သည်။ Bugatti ကော်ပိုရေးရှင်းကို ယွမ် ၁ ဘီလီယံ ပြန်ဆပ်ဖို့ တစ်ယောက်ယောက်ကို ချက်ချင်း ခိုင်းစေလိုက်ပြီး ကျန် သန်း ၅၀၀ ကို စုငွေထဲ ထည့်ထားလိုက်ပါသည်။
လက်ရှိ လင်းဖန်က အလွန်ချမ်းသာသော်လည်း ယွမ် သန်း ၅၀၀ သာ ရှိသေးသဖြင့် အလွန်နည်းပါသည်။
ယွမ် သန်း ၅၀၀ စလုံး လင်းဖန်ရဲ့ ဘဏ်အကောင့်ထဲကို ဝင်မသွားလောက်ပါ။ ဘာပဲဖြစ်ဖြစ် ဟော်မိသားစုက လင်းဖန်ကို ပစ်မှတ်ထားနေတာ မရပ်ကြသေးပေ။
စီးပွားရေး ပြိုင်ပွဲတွေရဲ့ အဓိက ဗဟိုက ဘာလဲ။
ငွေကြေး ပြိုင်ဆိုင်မှု ဖြစ်ပါသည်။
အထူးသဖြင့် ဟော်ကော်ပိုရေးရှင်းလို ယွမ် ၁၀၀ ဘီလီယံ ကော်ပိုရေးရှင်းနဲ့ ဟော်ရှင်းယုလို အားကောင်းသည့် ရန်သူမျိုးတွေပဲ ဖြစ်သည်။
ဒီပြဿနာ မပြီးဆုံးသေးပေ။
လင်းဖန် အိတ်ကပ်ထဲ လောလောဆယ် သန်း ၅၀၀ သာရှိပါသေးသည်။ ဒီသန်း ၅၀၀ စလုံး ဘယ်တော့ ကုန်သွားမလဲ မပြောနိုင်ပါ။
ဟော်ရှင်းယုက ကားထဲပြန်ရောက်နေပြီဖြစ်ပြီး အိမ်ပြန်ဖို့ ပြင်လိုက်ပါသည်။
လမ်းတစ်လျှောက်မှာလည်း သူမ ဘယ်လို ရှုံးနိမ့်သွားသည် ဟူသည့်အကြောင်းကို ပြန်စဥ်းစားနေသည်။
ဟော်ရှင်းယုလို လူမျိုးတောင် သက်ပြင်းမချဘဲ မနေနိုင်တော့ပါ။ လင်းဖန်၏ သရုပ်ဆောင် စွမ်းရည်နဲ့ လောင်းကစားစွမ်းရည်များက သံသယဖြစ်ဖွယ် မရှိအောင် ထက်မြက်လွန်းပါသည်။
"အစကနေ အဆုံးအထိ သရုပ်ဆောင်သွားတာ"
"လင်းဖန်က တော်တော်လည်း တတ်နိုင်တယ်လို့ ဝန်ခံရမယ်"
"ဒါပေမယ့် နင်က ငါ့မောင်ရဲ့ ခြေလက်တွေကို ချိုးထားတာ။ ဒီကိစ္စ မပြီးသေးဘူး။ ဟော်မိသားစုက နင့်ကို အလွယ်လေး အလွတ်မပေးနိုင်ဘူး။ ငါ ဒီနေ့ည သန်း ၅၀၀ ဆုံးရှုံးသွားရင်တောင် ခဏလေးနဲ့ ပြန်ရမှာ။” ဟော်ရှင်းယုက ပြောလိုက်ပါသည်။
သူမ ဆုံးရှုံးသွားသည့် သန်း ၅၀၀ လောက်ကို ဂရုမစိုက်ပါ။
ထိုအချိန်တွင် ဖုန်းတစ်ကော ဝင်လာခဲ့၏။
ဟော်ရှင်းယု ဖုန်းကိုင်လိုက်သောအခါ သူမ၏ မျက်နှာ ပြောင်းလဲသွားသည်။
ချက်ချင်း ကားကို လှည့်လိုက်ပြီး ကုမ္ပဏီထံသို့ အမြန်မောင်းသွားလိုက်ပါသည်။
ဟော်မိသားစုတော့ တစ်ခုခုဖြစ်နေလေပြီ။
သူမ ကုမ္ပဏီကို ရောက်တော့ ဟော်မိသားစု အထက်လူကြီးများက အထီးကျန်သော မျက်နှာများဖြင့ အတူတူ ရှိနေကြပါသည်။
"ဘာတွေဖြစ်သွားတာလဲ" ဟော်ရှင်းယုက မေးလိုက်၏။
"စီအီးအိုဟော်။ ကျွန်တော်တို့ ဟော်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာစျေး ညတွင်းချင်း ၁၀ ရာခိုင်နှုန်း ကျသွားပါပြီ"
"တစ်နည်းအားဖြင့် ညတွင်းချင်း ကျုပ်တို့ ကုမ္ပဏီ စျေးကွက်တန်ဖိုး ၁၀ ဘီလီယံကို ဆုံးရှုံးလိုက်ရပြီပေါ့"
"ကုမ္ပဏီပေါင်းများစွာကလည်း ကျွန်တော်တို့ ကုမ္ပဏီနဲ့ စပြီး ယှဥ်ပြိုင်လာကြပြီ။ ကျွန်တော်တို့ကုမ္ပဏီရဲ့ ကုန်သွယ်လမ်းကြောင်းတချို့လည်း ကျွန်တော်တို့နဲ့ တွဲလုပ်ဖို့ ရပ်တန့်လိုက်ကြပြီ။ ကုမ္ပဏီက အခြေအနေတွေကို ထိန်းသိမ်းဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်"
"မစ္စ၊ ကျွန်မတို့ကုမ္ပဏီ... အကြီးအကျယ် ဆုံးရှုံးသွားပြီ"
"၁၀ ဘီလီယံဆိုတာ ကျွန်မတို့ ကုမ္ပဏီရဲ့ ကျောရိုးကို ထိခိုက်စေလောက်တဲ့အထိ များတယ်။ ဒီတိုင်းသာ ဆက်သွားရင် ကျွန်မတို့ ကုမ္ပဏီက အရင် ဒေဝါလီခံသွားရလိမ့်မယ်" ဟော်မိသားစု၏ အထက်လူကြီးများက ပြောလိုက်ပါသသည်။
ဒီသတင်းကို ကြားသောအခါ ဟော်မိသားစုဝင်တွေအားလုံးလည်း တုန်လှုပ် ချောက်ချားသွားကြလေသည်။
သူတို့ထက် ပိုအားကောင်းသည့် အဖွဲ့တစ်ဖွဲ့က ဟော်မိသားစုကို တိုက်ခိုက်လိုက်တာ သိသာပါသည်။
ထို့နောက် နောက်ထပ် ဖုန်း တစ်လုံး ဝင်လာပြန်သည်။
'စီအီးအိုဟော်။ ကောင်မလေးတစ်ယောက်က ကျွန်တော်တို့ ကုမ္ပဏီ ကာစီနိုကနေ ယွမ် ၂ ဘီလီယံ နိုင်သွားတယ်။ ကျွန်တော်တို့ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး" ကာစီနို တာဝန်ရှိသူက ပြောလိုက်သည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ ပို၍ပင် ထိတ်လန့်ဖို့ ကောင်းသွားပါသည်။
ကောင်မလေး တစ်ယောက်က ဟော်ကော်ပိုရေးရှင်း ကာစီနိုထံမှ ၂ ဘီလီယံယွမ်ကို အနိုင်ရသွားခဲ့သည်။
ဟော်ရှင်းယု လင်းဖန်ကို ၂ ခါ ရှုံးတာတောင် ယွမ် သန်း ၅၀၀ သာ ဆုံးရှုံးသည်။
ဒီနေ့ ဟော်မိသားစု လုပ်ငန်းတွေနဲ့ ကာစီနိုတွေပါ အကြီးအကျယ် ထိခိုက်သွားခဲ့ပါသည်။
သူမ ကာစီနိုကို ရောက်သွားတော့ ဟော်ရှင်းယု၏ မျက်နှာ ဖြူရော်သွားရသည်။
မြင်လိုက်ရသည့် မြင်ကွင်းက ဟော်ရှင်းယုကို အလွန်အမင်း ဒေါသထွက်သွားစေသည်။
ကာစီနိုထဲက သူမ အစွမ်းအစများက ဟော်ရှင်းယုရဲ့ အရိုးရှင်းဆုံး စွမ်းရည်တွေသာ ရှိပါသေးသည်။
သူမရဲ့ အကောင်းမွန်ဆုံးအရာက စီးပွားရေးမှာ သမိုင်းဝင် ဘုရင်မတစ်ပါးဟု ခေါ်ဆိုခံရခြင်းပင်။
စီးပွားရေးလောကမှာ ဟော်ရှင်းယုက လူပေါင်းများစွာ လေးစားကြောက်ရွံ့ရသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
သို့သော်လည်း ကာစီနိုထဲမှာတော့ ကံနဲ့လည်း သက်ဆိုင်နေပါသည်။
စီးပွားရေးလောကမှာ လူတွေက စွမ်းရည် အစစ်အမှန်နဲ့သာ ယှဥ်ပြိုင်လေ့ရှိကြသည်။
ကာစီနို ဝင်ပေါက် တံခါးမကြီး ပွင့်လာခဲ့၏။
ဟော်ရှင်းယု ဝင်လာခဲ့သည်။
သူမက ဟော်မိသားစု၏ သမီးကြီးဖြစ်ကာ ယနေ့၏ ဇာတ်လိုက်လည်း ဖြစ်သည်။
သူမ လင်းဖန်ကို ရှုံးနိမ့်သွားသော်လည်း ဟော်ရှင်းယု ကိုယ်ပေါ်က တောက်ပမှုကတော့ ပျက်ပြယ်မသွားသေးပါ။
ဟော်မိသားစု၏လုပ်ငန်းတွေ အကြီးအကျယ် တိိုက်ခိုက်ခံလိုက်ရသည်။ ဟော်ရှင်းယု မကြောက်ပါ။ ထို့အစား အနည်းငယ်တောင် ပျော်နေပါသေးသည်။
နှစ်ပေါင်းများစွာကြာပြီး နောက်ဆုံးတော့ သူမရဲ့ ပြိုင်ဘက်ကို တွေ့ခဲ့ရပြီလား။
ဟော်ရှင်းယု ဝင်လာတော့ သူမရှေ့မှာ ကောင်မလေးတစ်ယောက်၏ နောက်ကျောကို မြင်လိုက်ရပါသည်။
ကောင်မလေးက လှည့်မကြည့်ပါ။
သူမ လှလှပပ အဝတ်အစားများဖြင့် ဆက်ထိုင်နေသည်။ လေပြည်လေညှင်းက သူမ၏ နူးညံ့သည့် ဆံနွယ်များကို တိုက်ခတ်သွားသဖြင့် ပြီးပြည့်စုံသည့် သူမ၏ မေးရိုးကို ပေါ်လာစေသည်။ သူမ မျက်နှာပေါ်က လှလှပပ ကောက်ကြောင်းများက သူမ၏ မျက်နှာ အစိတ်အပိုင်းများကို ပို၍ လက်ရာမြောက်စေသည်။ သူမ၏ ဖြူဖွေးပြီး သေးငယ်သည့် လည်ပင်းလေးကလည်း မြင်သူတိုင်းကို စိတ်ကူးယဥ်ဆန်သွားစေပါသည်။
ကောင်မလေး၏ မျက်လုံးများက နီလာသဖွယ် တောက်ပသည်။ ပြိုင်ဘက်ကင်းပြီး မှင်သက်ဖွယ်ကောင်း၏။ သူမ၏ ကြည်လင်သည့် မျက်လုံးများအပေါ် ရောင်ပြန်ဟပ်သည့် မီးအလင်းများက တစ်မြို့လုံးရဲ့ နီယွန်အလင်းရောင်များထက် ပိုမို တောက်ပနေသလိုပင်။
သူမက အပြစ်ကင်းစင်သည့် မိန်းကလေး တစ်ယောက်သဖွယ် ထိုင်နေသည်။ သူမ၏ မျက်လုံးများက ကြည်လင် သန့်ရှင်းပြီး၊ အပြစ်ကင်းစင်လွန်းသည်။
သူမက သာမန် ဂါဝန်ကို ဝတ်ဆင်ထားခြင်းဖြစ်သော်လည်း အလွန်လှပလွန်းသဖြင့် ယောက်ျားပေါင်းများစွာက နှစ်သက်သွားကြသည်။
သူမတွင် ရှည်လျား နက်မှောင်သည့် ဆံနွယ်များ ရှိသည်။ အသက်ရှူမှားလောက်ဖွယ် မျက်နှာလည်း ရှိသည်။ သူမဆီမှာ အရှိန်အဝါလည်း မရှိသလို မာနလည်းမရှိ ယုံကြည်ချက်လည်း မရှိပါ။
သူမက အထက်တန်းကျောင်းမှ ထွက်လာသည့် သန့်စင်သော ကျောင်းသူလေးတစ်ယောက်သဖွယ်ဖြစ်ကာ အရင်ကလောက် ချစ်ဖို့မကောင်းတော့သလို ဖြစ်သည်။
သို့သော်လည်း ထိုကောင်မလေးက ဘေးပတ်လည်ရှိ လူတိုင်းကို မော့ကြည့်သွားစေသည်။
သူမ၏ ရိုးရှင်းသည့် အရှိန်အဝါက အားလုံးကို ဖိနှိပ်သွားသည်။
ဟော်ရှင်းယုတောင် ကောင်မလေးရှေ့မှာ အရှိန်အဝါအားလုံးကို ဆုံးရှုံးလိုက်ရသ်။
ကောင်မလေးရဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်မှုကို ခံလိုက်ရသောအခါ သူမရင်ထဲက လျှို့ဝှက်ချက်တွေ အားလုံးကို သူမ ဖောက်ထွင်းမြင်သွားသလိုပင်။
ဟော်ရှင်းယု ကောင်မလေးဆီ မရောက်ခင်မှာပင် ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။
ဒီကောင်မလေးက တရုတ်နိုင်ငံရဲ့ လက်ရှိ စူပါစတား စုရှောင်းယွီပဲ ဖြစ်ပါသည်။
စုရှောင်းယွီရဲ့ သရုပ်မှန်ကို တခြားသူတွေ မသိလောက်သော်လည်း ဟော်ရှင်းယုကတော့ သိပါသည်။
စုမိသားစု၏ ဉာဏ်ကြီးရှင် ကောင်မလေးကို တစ်ချိန်က Bill Gates ကတောင် အထင်ကြီးခဲ့ဖူးသည်။
သူမက အသက် ၁၆ နှစ်အရွယ်မှာ ဟားဗဒ်တက္ကသိုလ်ကို တက်ရောက်နိုင်ခဲ့၏။ သူမ ကျောင်းတက်နေစဥ် အသက် ၁၈ နှစ်အရွယ်မှာ သူမ အဖေကို ကမ္ဘာပေါ်က အချမ်းသာဆုံး လူဖြစ်လာအောင် ကူညီပေးနိုင်ခဲ့သည်။
သူမ၏ ဉာဏ်ရည်ထက်မြက်မှုက လူပေါင်းများစွာကို မှင်သက်သွားစေသည်။
ဒီလိုဉာဏ်ကြီးရှင်ကောင်မလေးက လှလည်း အလွန်လှပသည်။ စီးပွားရေးလောကထဲမှာ ပြိုင်ဘက် မရှိတော့သဖြင့် တရုတ်ကိုလာပြီး ကြယ်ပွင့် တစ်ပွင့်အနေဖြင့် ဘဝကို ပျော်ရွှင်စွာ နေနေခြင်း ဖြစ်သည်။
ဟော်ရှင်းယုကို စီးပွားရေးဘုရင်မဟု လူသိများကြသော်လည်း သူမ လူတစ်ယောက်ကိုတော့ ဘယ်တော့မှ ယှဥ်နိုင်မှာ မဟုတ်တာ သိနေပါသည်။
သူမက စုရှောင်းယွီပဲဖြစ်သည်။
ဒီနေ့ည စုရှောင်းယွီကို မြင်လိုက်ရတော့ ဟော်ရှင်းယု နှလုံးခုန်သံများ မြန်ဆန်သွားရသည်။
ဟော်ကော်ပိုရေးရှင်း၏ ရှယ်ယာတန်ဖိုးက ညတွင်းချင်း ၁၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး စျေးကွက်တန်ဖိုး ဘီလီယံ ဆယ်ချီပြီး ဆုံးရှုံးသွားပါသည်။ အားလုံးက စုရှောင်းယွီ လက်ချက်သာ ဖြစ်သည်။
သူမသာ အမြင့်ဆုံးတွင် ရှိနေသည့် ဟော်မိသားစုကို ဒီလောက်အထိ နာအောင် လုပ်နိုင်လိမ့်မည်။
သို့သော် စုရှောင်းယွီက လင်းဖန်နဲ့ ဘာမှ မဆိုင်သင့်ပါ...။
လင်းဖန်ရဲ့ ကောင်မလေးက ရှားဝမ်ချွေ့ မဟုတ်ဘူးလား။ ဘာလို့ စုရှောင်းယွီက ဟော်မိသားစုကို ပစ်မှတ်လာထားရတာလဲ။
လင်းဖန်ကို အရင်တစ်ခေါက် ရှုံးနိမ့်သွားခြင်းက ဟော်ရှင်းယုအတွက် လျှပ်ထိရုံမျှသာဆိုလျှင် စုရှောင်းယွီ ထိုင်နေတာကို မြင်လိုက်ရခြင်းက ဟော်ရှင်းယုကို မျှော်လင့်ချက်တောင် ပျက်သုဥ်းသွားစေသည်။
သူမက တစ်ချိန်တုန်းက ဉာဏ်ကြီးရှင် မိန်းကလေးတစ်ဦးဖြစ်ကာ ကမ္ဘာပေါ်က အချမ်းသာဆုံး သူဌေးတစ်ယောက်ရဲ့ သမီးလည်းဖြစ်သည်။ လင်းဖန်အတွက် သူမ ဟော်မိသားစုကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါသည်။
ဒီနေ့ကတော့... ဟော်မိသားစုအတွက် အဆုံးသတ် ဖြစ်သွားပါတော့မည်။