← Chapters

လင်းဖန်က Alibaba ရဲ့ဒုဥက္ကဌ

Vol. 18 Ch. 270

လင်းဖန်က Alibaba ရဲ့ဒုဥက္ကဌ

Vol. 18 Ch. 270

"ဟယ်လို မစ္စစု" ဟော်ရှင်းယုက စုရှောင်းယွီ ရှေ့တွင် ထိုင်လိုက်ပြီး သူမ မျက်နှာကို အနည်းငယ် အရှက်ရစွာဖြင့် မော့ကြည့်လိုက်ပါသည်။

"မစ္စဟော် ၂ ပွဲလောက် ကစားကြမလား။” ဟုရှောင်းယွီက သူမ၏ မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ချိုမြိန်စွာ ပြုံးပြလိုက်ပါသည်။

စုရှောင်းယွီ၏ အပြုံးကိုမြင်သောအခါ ယောက်ျားအားလုံး၏ နှလုံးသားများ အရည်ပျော်ကျသွားရသည်။

ဒီလောက်လှတဲ့ ကောင်မလေးကို ကောင်းကင်ဘုံကများ စေလွှတ်လိုက်တာလား။

စုရှောင်းယွီက ဘာမိတ်ကပ်မှ လိမ်းမထားသော်လည်း အသက်ရှူမှားလောက်ဖွယ် လှပသော မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။

သူမ၏ အသံက တည်ငြိမ်နေ၏။ အရင်ကလောက် ချစ်ဖို့မကောင်းသလို ခွေးလေးတစ်ကောင်လို ချွဲသည့် လေသံမျိုးလည်း မဟုတ်ပါ။

"ကောင်းပါပြီ" ဟော်ရှင်းယုက ခေါင်းငြိမ့်လိုက်သည်။

စုရှောင်းယွီနဲ့ အလောင်းအစားမလုပ်ချင်သော်လည်း စုရှောင်းယွီကိုယ်တိုင်က တောင်းဆိုလာသဖြင့် မငြင်းရဲပါ။

ပထမပွဲ၊ ဒုတိယပွဲ၊ တတိယပွဲအထိ သူတို့ အလောင်းအစား လုပ်ခဲ့ကြသည်။

ဟော်ရှင်းယု ၃ ကြိမ်ဆက်တိုက် ရှုံးနိမ့်သွားခဲ့ပါသည်။

စုရှောင်းယွီက သူမကို ၃ ပွဲစလုံးမှာ အနိုင်ယူသွားသည်။

ထို ၃ ပွဲတည်းနဲ့ စုရှောင်းယွီ တစ်ယောက် ၆ ဘီလီယံလောက် ပိုင်ဆိုင်သွားပါပြီ။

စုရှောင်းယွီက ပြိုင်ဘက်ကို အကဲခတ်ပြီး အခွင့်အရေးကို ရှာတတ်သည့် လင်းဖန်လိုမဟုတ်ပေ။

သူမ တိုက်ခိုက်လိုက်တိုင်း အမြဲတမ်း Showhand လုပ်သည်။

စုရှောင်းယွီက ငွေကို ဂရုမစိုက်ပါ။

၆ ဘီလီယံဆိုတာ သူမမျက်လုံးထဲမှာတော့ အပ်ချည်မျှင်ပမာဏလောက်သာ ရှိနိုင်ပါသည်။

"မစ္စစု ကျွန်မတို့ ထပ်မလောင်းလို့ ရမလား။ ကျွန်မ အရှုံးပေးပါပြီ" ဟော်ရှင်းယုတစ်ယောက် ချွေးများပြန်နေလေပြီ။ လင်းဖန်နဲ့ အလောင်းအစားလုပ်ခဲ့တုန်းက အနည်းဆုံးတော့ တန်းတူ ဖြစ်ခဲ့သေးသည်။ စုရှောင်းယွီနဲ့ အလောင်းအစား ပြုလုပ်ချိန်မှာတော့ နောင်တရသွားလောက်သည့်အထိ အနိုင်ယူခံလိုက်ရပါသည်။

"ရပါတယ်" စုရှောင်းယွီက နူးညံ့စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။

စုရှောင်းယွီရှေ့မှာ တခြား ကောင်မလေး တစ်ယောက်ယောက် ထိုင်နေရင်လည်း ပြင်းထန်သည့် ဖိအားကို ခံစားရနိုင်ပါသည်။

ရှားဝမ်ချွေ့လို မိန်းကလေးမျိုးသာ စုရှောင်းယွီနဲ့ ပုံံစံအားဖြင့် ယှဥ်နိုင်လိမ့်မည်။

"မစ္စစု ကျွန်မတောင်းပန်ပါတယ်။ ကျွန်မတို့ အမှားကို နားလည်ပါပြီ"

"ခုချိန်ကစပြီး ဟော်မိသားစုက လင်းဖန်ကို ထပ်ပစ်မှတ်မထားတော့ပါဘူး။ သူ့ရှေ့မှာ ကျိုးကျိုးနွံနွံနေပါ့မယ်"

"ဟော်မိသားစုထဲက ဘယ်သူမှ လင်းဖန်ကို ထပ်ပြီး ပြဿနာ မရှာစေရဘူးလို့ ကျွန်မ ကတိပေးပါတယ်" ဟော်ရှင်းယု မတ်တပ်ရပ်လိုက်ပြီး စုရှောင်းယွီကို ဦးညွှတ်လိုက်ပါသည်။

သူမ၏ နဖူးလည်း ချွေးစေးများဖြင့် ဖုံးနေလေပြီ။

ဘေးနားကလူတွေလည်း ဟော်ရှင်းယုကို ဒီလိုပုံစံမျိုးနဲ့ မြင်လိုက်ရသဖြင့် တုန်လှုပ်သွားကြပါသည်။

ဟော်မိသားစု၏ သမီးကြီးက လင်းဖန်ကို ရှုံးနိမ့်ပြီးနောက် အလွန်ဆုံး စိတ်ပျက်တာမျိုးသာ ဖြစ်နိုင်သည်။

သို့သော် စုရှောင်းယွီရှေ့မှာတော့ သူမ အရှုံးကို ဝန်ခံခဲ့ပါသည်။

စုရှောင်းယွီက ဘာမှတောင် မပြောရသေးပါ။ ဟော်ရှင်းယုက အလွန်ကျိုးနွံစွာဖြင့် တောင်းပန်လိုက်ပါသည်။

လက်ရှိ စီးပွားရေး ဘုရင်မကြီး ဘယ်တုန်းက ဒီလိုဖြစ်ဖူးလို့လဲ။

စုရှောင်းယွီ ဘာမှမပြောဘဲ ဆက်ထိုင်နေသည်။

သူမ စကားမပြောသည့်အချိန်က ကြောက်ဖို့ အကောင်းဆုံးဖြစ်ပါသည်။

ဟော်ရှင်းယုက သူမ ခေါင်းကို ပို၍ပင် ငုံ့လိုက်သည်။

"မစ္စစု။ ကျွန်မ လင်းဖန်ကို တောင်းပန်ချင်ပါတယ်။ လင်းဖန် နောက်ပိုင်း အခက်အခဲ တစ်ခုခု ရှိလာရင်လည်း ဟော်မိသားစုက သေချာပေါက် သူ့ကို အကူအညီပေးမှာပါ" ဟော်ရှင်းယုက စုရှောင်းယွီကို ဒေါသထွက်အောင် လုပ်မိမှာ စိုးရိမ်သဖြင့် ရိုးသားစွာ ပြောလိုက်သည်။

"ကောင်းပြီ" စုရှောင်းယွီက နူးညံ့စွာ ပြန်ပြောလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး လှည့်ပြန်သွားပါသည်။

"မစ္စစု ကျွန်မ မေးခွန်းတစ်ခုလောက် မေးလို့ ရမလား"

"ရှင်က အရမ်းလှ၊ အရမ်းထက်မြက်ပြီး အရမ်းလည်း ချမ်းသာတယ်။ ယောက်ျားတွေမပြောနဲ့ မိန်းကလေးတွေတောင် သဘောကျတယ်။ ဒါပေမယ့် ဘာလို့ လင်းဖန်ကို ကူညီရတာလဲ" ဟော်ရှင်းယုက မေးလိုက်ပါသည်။

"ဘာလို့လဲဆိုတော့..." စုရှောင်းယွီက တောက်ပသော အပြုံးဖြင့် ရှေ့ကို ကြည့်လိုက်သည်။

သူ့ကို ကူညီပေးဖို့ အကြောင်းပြချက် လိုသေးလို့လား။

လင်းဖန် မှာ ကောင်မလေးရှိပြီးသားဖြစ်ကာ သူမ တရုတ်က ထွက်သွားဖို့ စီစဥ်ထားခဲ့တာတောင် ရှားဝမ်ချွေ့ကို မထားခဲ့နိုင်ပါ။ ထို့ကြောင့် သူမ ဆက်နေလိုက်ရခြင်း ဖြစ်သည်။

လင်းဖန်ကို အဝေးက ကြည့်နေရုံနဲ့ လုံလောက်ပါပြီ။

"သြော် ဟုတ်သားပဲ။ ကျွန်မ ပြောဖို့ မေ့နေတယ်"

"လင်းဖန်က Alibaba ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်။ Bugatti ကော်ပိုရေးရှင်းရဲ့ တတိယအများဆုံးရှယ်ယာဝင်ဖြစ်ပြီး LV နဲ့ Chanel တို့ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်လည်း ဟုတ်တယ်" စုရှောင်းယွီက သိမ်မွေ့စွာပြောပြီး လှည့်ထွက်သွားပါတောာ့သည်။

သူမ ထိုစကားများ ပြောပြီးနောက် ဟော်မိသားစုတစ်ခုလုံး တုန်လှုပ်သွားကြသည်။

ဟော်ရှင်းယု လက်တွေလည်း တုန်ယင်လာသည်။

စုရှောင်းယွီကတော့ သူမကို လိမ်မှာ မဟုတ်ပါ။

သူမ လင်းဖန်ရဲ့ နောက်ကြောင်းရာဇဝင်ကို ကြားလိုက်ရတော့ ကြောက်ရွံ့သွားရသည်။

ဟော်ကော်ပိုရေးရှင်းက ဘီလီယံ ရာဂဏန်းလောက်သာ တန်ဖိုးရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

လင်းဖန်က Bugatti ကော်ပိုရေးရှင်း၏ အဓိက ရှယ်ယာဝင်တစ်ယောက်လည်း ဖြစ်သည်။

Bugatti က ကမ္ဘာ့ ထိပ်တန်း ပြိုင်ကား ဘရန်း ဖြစ်၏။။ ထို့ကြောင့်ပဲ Bugatti ကော်ပိုရေးရှင်းက လင်းဖန်ကို ၁ ဘီလီယံယွမ် ထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

စုရှောင်းယွီ မရှိရင်တောင် ဟော်မိသားစု လင်းဖန်ကို ဆက်လက် ပစ်မှတ်ထားဖို့က မဖြစ်နိုင်ပါ။

လင်းဖန်၏ နောက်မှာ Bugatti ကော်ပိုရေးရှင်းအပြင် နောက်ထပ် ပိုပြီး အံ့သြဖွယ်ကောင်းသည့် ကုမ္ပဏီ ၂ ခု ရှိနေပါသေးသည်။

သူက ကမ္ဘာ့ နံပါတ် ၁ တန်ဖိုးကြီးဘရန်း LV ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လည်းဖြစ်သည်။

ကမ္ဘာ့ ထိပ်တန်း တန်ဖိုးကြီးဘရန်းတစ်ခုဖြစ်သည့် Chanel ရဲ့ အဓိက ရှယ်ယာဝင်လည်း ဖြစ်ပါသည်။

ထိုကုမ္ပဏီ ၂ ခုက ဟော်ကော်ပိုရေးရှင်းနဲ့ လုပ်ငန်း နယ်ပယ်ချင်း မတူကာ အိမ်ခြံမြေလုပ်ငန်းမှာ ဟော်မိသားစုနဲ့ ယှဥ်ပြိုင်ဖို့ မဖြစ်နိုင်သော်လည်း LV နဲ့ Chanel တို့ရဲ့ ကတ်စတမ်မာတွေက ဘယ်လိုလူမျိုးတွေဆိုတာကို မမေ့သင့်ပါ။

ထို ကုမ္ပဏီ ၂ခု၏ ကတ်စတမ်မာများက နယ်ပယ်ပေါင်းစုံက လက်ရွေးစင်များ၊ သန်းကြွယ်သူဌေးများ ဖြစ်ကြသည်။

LV နဲ့ Chanel တို့က သာမန်လူတန်းစားအတွက် မဟုတ်ပေ။

ထိုကုမ္ပဏီ ၂ ခု၏ အဆက်အသွယ်များက နက်ရှိုင်းပြိး သူတို့ပိုင်ဆိုင်ထားသည့် ငွေပမာဏကလည်း ဟော်မိသားစုထက် အများကြီး သာလွန်ပါသည်။

လင်းဖန်၏ နောက်ကြောင်းက ဒါနဲ့တင်မပြီးသေးပါ။ ပိုပြီး ထိတ်လန့်ဖို့ကောင်းတာက လင်းဖန်မှာ Alibaba ရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင်လည်း ဖြစ်သည်။

Alibaba ရဲ့ ဒုဥက္ကဌဖြစ်သွားတာနဲ့ ညီမျှပါသည်။

ဟော်မိသားစု ဘယ်လောက်ပဲ အားကောင်းနေပါစေ Alibaba ကို ဖြိုခွင်းဖို့တော့ မဖြစ်နိုင်ပါ။

ဟော်မိသားစုကို မဆိုဦးနဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေတောင် Alibaba ကို ဖြိုမချနိုင်လောက်ပါ။

Alibaba ၏ ပါရမီရှင်များ၊ လက်ရွေးစင်များ၊ အသင်းအဖွဲ့များ၊ စံပြများနဲ့ စီအီးအိုမာတို့လို ပါရမီရှင်တွေက ဒီနေ့ ဒီလိုနေရာအထိ ရောက်လာအောင် ကြိုးပမ်းခဲ့ကြသူများ ဖြစ်သည်။

Alibaba ၏ ဘရန်းက ကမ္ဘာတစ်ဝှမ်းလုံးကို ရောက်ရှိိနေပါပြီ။

လင်းဖန်က Alibaba ရဲ့ ဒုဥက္ကဌ ဖြစ်နေသည်။

လင်းဖန်သာ ဟော်မိသားစုကို ဖြိုခွင်းချင်ပါက Alibaba ၏ ဒုတိယအများဆုံးရှယ်ယာဝင်ဟူသည့် သရုပ်မှန်နဲ့တင် ဟော်မိသားစု အကြီးကြီး ထိခိုက်သွားအောင် လုပ်နိုင်သည်။

ဟော်မိသားစု နောက်ကြောင်းရာဇဝင်က အားမနည်းသော်လည်း လင်းဖန်၏ သရုပ်မှန်ကြောင့် သူတို့ အံ့အားသင့်သွားရပါသည်။

Alibaba ၏ ဒုဥက္ကဌဖြစ်နေခြင်းက လင်းဖန်၏ အကြီးမားဆုံး ဝှက်ဖဲ မဟုတ်သေးပါ။

လင်းဖန်၏ နောက်မှာ ရပ်တည်နေသည့် မိန်းကလေး ၂ ယောက်ထဲက တစ်ယောက်က တရုတ်နိုင်ငံရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်ကာ၊ ရှားမိသားစုရဲ့ တစ်ဦးတည်းသော သမီး ရှားဝမ်ချွေ့ဖြစ်သည်။

နောက်တစ်ယောက်က စုမိသားစုရဲ့ တစ်ဦးတည်းသော သမီး စုရှောင်းယွီ ဖြစ်သည်။ စုရှောင်းယွီ၏ အဖေက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူဖြစ်ပါသည်။

သို့သော်လည်း စုရှောင်းယွီရဲ့အဖေက စုရှောင်းယွီမရှိဘဲ ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်မလာနိုင်မှန်း အားလုံးသိကြသည်။

စုရှောင်းယွီသာ လင်းဖန်ကို ကူညီချင်သည်ဆိုပါက ဘယ်သူမျက်နှာသာ မပေးရဲဘဲနေမှာလဲ။

နှစ်ပေါင်းများစွာအတွင်း ယောက်ျားလေးများစွာ စုရှောင်းယွီကို ပိုးပန်းခဲ့သည်။ သို့သော် တစ်ခါမှ မအောင်မြင်ခဲ့ကြပါ။

အနုပညာလောကထဲမှာ အနက်ရှိုင်းဆုံး နောက်ကြောင်းရာဇဝင်ကို ပိုင်ဆိုင်ထားသူက စုရှောင်းယွီပဲ ဖြစ်သည်။

လက်ကိုင်ဖို့ နေနေသာသာ အကြင်နာပေးခန်းလည်း မရိုက်ဖူးသလို အချစ်ရေးဇာတ်ဝင်ခန်းတွေလည်း တစ်ခါမှ မရိုက်ဖူးပါ။ လင်းဖန်ကို မတွေ့ခင်တုန်းက အပျင်းထူသူတစ်ယောက်ဖြစ်ပြီး အန်ဒိုစာတွေလည်း လက်မခံပါ။

သူမက တကယ့် နတ်သမီးတစ်ပါးလို ဖြစ်သည်။

အခုချိန်ထိ ဖန်သားပြင်ပေါ်က သူမရဲ့ ပထမဆုံး အနမ်းကို မပေးရသေးပေ။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ကို ရိုက်ကူးရေးလုပ်ခဲ့စဥ်က အကြင်နာပေးခန်းတစ်ခန်း ပါဝင်သော်လည်း မရိုက်ကူးခဲ့ရပါ။

စုရှောင်းယွီ ထွက်သွားပြီးနောက် ဟော်မိသားစု၏ အထက်လူကြီးများ တုန်လှုပ်သွားကြသည်။

"ဘုရားဘုရား... လင်းဖန်က Alibaba ရဲ့ဒုဥက္ကဌတဲ့။ တန်ဖိုးကြီး ဘရန်း ၃ ခုရဲ့ ရှယ်ယာဝင်လည်း ဟုတ်တယ်။ လင်းဖန်ရဲ့ နောက်ကွယ်မှာ စုရှောင်းယွီလို လူမျိုးတောင် ရှိတယ်။ ငါတို့ ဒီလိုဘော့စ်ကြီးကိုမှ ရန်စမိတယ်လို့" ဟော်မိသားစု၏ အထက်လူကြီးများက ပြောလိုက်ကြသည်။

"အားလုံး ဟော်ထျန်းရဲ့ အပြစ်တွေချည်းပဲ။ ဟော်ထျန်းက ငါတို့မိသားစုကို ၂၀ ဘီလီယံ ဆုံးရှုံးအောင် လုပ်လိုက်တယ်။ ငါတို့ကုမ္ပဏီက ၁၀၀ ဘီလီယံယွမ်တန်တဲ့ ကုမ္ပဏီဖြစ်ရမှာ။ ဒီတိုင်းသာဆို ငါတို့ ၁၀ ဘီလီယံ ယွမ်ပဲ တန်တဲ့ ကော်ပိုရေးရှင်းဖြစ်လာတော့မယ်ထင်တယ်။” ဟော်ထျန်း၏ ဦးလေးဖြစ်သူက ပြောလိုက်ပါသည်။

"ဦးလေး ဟော်ထျန်းရဲ့ ခြေတွေ လက်တွေ အကုန်ကျိုးသွားတာ မဟုတ်ဘူးလား" ဟော်ရှင်းယုက မေးလိုက်၏။

"ဟုတ်တယ် အကုန်ကျိုးသွားပြီ" ဟော်ထျန်း၏ ဦးလေးက ခေါင်းငြိမ့်လိုက်ပါသည်။

"ကျန်တဲ့တစ်ချောင်းကိုပါ ရိုက်ချိုးလိုက်။ လင်းဖန်လို လူမျိုးကို သွားရှုပ်ပြီး ကျွန်မတို့ ဟော်မိသားစုကို မျိုးတုန်းအောင် လုပ်မိတော့မလို့။ JD က စီအီးအို လျို့ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ ကုမ္ပဏီ ဒေဝါလီခံသွားရပြီ" ဟော်ရှင်းယုက ပြောလိုက်သည်။

"အဖေနဲ့ အဘိုးတို့တောင် ဟော်ထျန်းကို သင်ခန်းစာ ပေးမှဖြစ်မယ်။ ရှားဝမ်ချွေ့ကို သွားကြောင်ပြီး ကျွန်မတို့ ဟော်မိသားစုကို ဒီလိုအခြေအနေမျိုးထိ ဖြစ်သွားအောင်လုပ်လိုက်တာ။ ဟော်မိသားစု အခုရှင်သန်သွားတယ် ဆိုရင်တောင် ဆိုးဆိုးရွားရွား ထိခိုက်သွားလိမ့်မယ်" ဟော်ရှင်းယု အလွန်ဒေါသထွက်နေပါသည်။

ဟော်မိသားစုထဲက လူတိုင်းလည်း တစ်ပြိုင်တည်း ခေါင်းငြိမ့်ကြသည်။

ဟော်မိသားစု လင်းဖန်လို ဘော့စ်ကြီးတစ်ယောက်ကို ရန်စမိသည့် အကြောင်းအရင်းက ဟော်ထျန်းကြောင့်ပဲဖြစ်သည်။

ကံကောင်းစွာဖြင့် ဟော်ရှင်းယုက ခေါင်းငုံ့ပြီး အမှားကို အမြန်တောင်းပန်လိုက်သည်။ တခြား တစ်ယောက်ယောက်သာဆို ဟော်မိသားစုနောက်ကွယ်မှာ JD ရှိနေရင်တောင် စုရှောင်းယွီရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါ။

ဒီတစ်ခေါက် စုရှောင်းယွီက မိသားစု ပိုင်ဆိုင်မှုတွေကိုတောင် မသုံးဘဲ ဟော်ကော်ပိုရေးရှင်းကို စျေးကွက်တန်ဖိုး ဘီလီယံ ဆယ်ချီပြီး ဆုံးရှုံးသွားအောင်လုပ်ခဲ့သည်။ ကာစီနိုမှလည်း ၆ ဘီလီယံ အနိုင်ရခဲ့သည်။

သူမ တကယ် လှုပ်ရှားပါက ဘဏ္ဍာရေး မုန်တိုင်းတစ်ခုဖြစ်သွားအောင် ဖန်တီးနိုင်လောက်သည်။

ထိုအခါ ဟော်မိသားစုလို အသေးအဖွဲမိသားစုလေးမှာ တကယ် ပြာကျသွားနိုင်ပါသည်။

နောက်ဆုံးတော့ ဟော်ရှင်းယု သက်ပြင်းသာ ချနိုင်တော့သည်။

စုရှောင်းယွီက လင်းဖန်ကို ဒီလောာက်ကာကွယ်ပေးလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

ဟော်ရှင်းယုတောင် အကြောင်းပြချက်ကို မသိနိုင်ပါ။

စုရှောင်းယွီ တစ်ယောက်သာ ဒီလျှို့ဝှက်ချက်ကို သိနိုင်ပါသည်။

All Chapters