← Chapters

မည်းပုပ်နေသော နှလုံးသား

Vol. 39 Ch. 536

မည်းပုပ်နေသော နှလုံးသား

Vol. 39 Ch. 536

“မင်းက အနှေးဆုံးပဲ.... အခုလို မင့်တည်နေရာကို ဖော်ပြလိုက်မှတော့ အမဲလိုက်တာ မခံရဘဲ နေမလား” ကောင်းကင်နတ်ဆိုးလူငယ်က မြေကြီးပေါ်၌ ပြန့်ကြဲနေသော ‌ချော်ကျောက်ခဲအစအနများကို ကြည့်နေသော်လည်း အတော်လေး အေးအေးဆေးဆေး ရှိလှသည်။ “ဒါ့အပြင် မင်းက အားလုံးထဲမှာ အနိုင်ကျင့်ရ အလွယ်ဆုံးလေ... မင်းကိုမှ အရင်မရှင်းပစ်ရင် ဘယ်သူ့ကို ရှင်းပစ်ရတော့မလဲ... ဒါပေမဲ့ မင့်အစွမ်းအစတွေက ငါ ထင်ထားသလို မဟုတ်ဘူး”

သူ၏သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသည်။ သူက အရှိန်အဝါကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်၏။ “မင်းက အနိုင်ကျင့်ရ လွယ်တဲ့ပုံပေါ်ပေမယ့် မင့်အစွမ်းအစက အင်မတန် သန်မာအားကောင်းတယ်.... အစစ်အမှန်နတ်ဘုရားအထုံပါရမီ မရှိတာတောင်မှ အဲဒီအဆင့်နီးနီး ရောက်နေပြီ... မင်းက ရွှီယောင်၊ ဟွမ်ယွဲ့နဲ့ ကျန်တဲ့သူတွေအောက် အားမနည်းဘူး.... ရှစ်ကွမ်းစုန့်နဲ့ တိုက်ခိုက်ပြီးတော့ မင်း လျှိုထားသေးတဲ့ စွမ်းရည်တွေ ဘယ်လောက်များများ ရှိနေသေးလဲ ငါ အမှန်တကယ် သိချင်မိတယ်... ဒီကြက်ပေါက်လေးကို ဂုတ်ချိုးသတ်ဖို့ လွယ်မလားလို့ပေါ့ကွာ”

မြေပြင်ထက်တွင် ဓားပျံများက ညင်ညင်သာသာ မြောက်ကြွလာပြီး ချင်မူက ခါးမတ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏အသက်ရှူနှုန်းက ပုံမှန်ပြန်ဖြစ်သွားပြီး ပြုံးလိုက်၏။ “ငါ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်လာကတည်းက ဘယ်သူကမှ ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ မပြောခဲ့ဖူးဘူး.... ဒီကြက်ပေါက်လေးကို ဂုတ်ချိုးသတ်ချင်ရင် ကြိုးစားကြည့်ပေါ့ကွာ”

စောစောက သူသည် မောဟိုက်ပင်ပန်းစွာ အသက်ရှူနေခဲ့ရသော်လည်း ယခုတွင် မည်သို့မျှမဖြစ်သည့်အလား အကောင်းပကတိအတိုင်း ရှိနေ၏။

ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်က ပြုံးလိုက်၏။ “ရှစ်ကွမ်းစုန့်က ငါတောင် သတိထားရတဲ့အထိ သိပ်သန်မာအားကောင်းတယ်... သူနဲ့ သူသေကိုယ်သေ တိုက်ခိုက်ထားရတော့ မင့်ဒဏ်ရာတွေက ပေါ့ပေါ့သေးသေး မဖြစ်နိုင်ဘူး... မင်းအနေနဲ့ အသက်ရှူနှုန်းကို ထိန်းထားနိုင်ပေမယ့် ဒဏ်ရာတွေကိုတော့ မဖုံးကွယ်နိုင်ပါဘူး.... ဒါပေမဲ့ မပူနဲ့ မင်းအစွမ်းအစတွေက ငါ့ကို ခြိမ်းခြောက်နိုင်တဲ့အထိ သန်မာအားကောင်းနေရင် တခြားလူရှာဖို့ လှည့်ပြန်လိုက်မယ်”

သူက ပတ်ဝန်းကျင်ကို ကြည့်ကာ အေးအေးလူလူ ပြောလိုက်သည်။ “ဒီကမ္ဘာထဲမှာ ပုန်းနေတဲ့ ပြိုင်ဘက်တွေ ရှိနေသေးတော့ သူ့ကို ရင်ဆိုင်ဖို့ ခွန်အားချွေတာရဦးမှာ မဟုတ်လား”

သူ့အသံတွင် မိစ္ဆာသံကိန်းဝပ်နေ၍ ကြင်နာတတ်သော အိမ်နီးချင်းအစ်ကိုကြီးတစ်ယောက် အမှန်တကယ် စိတ်ပူပေးနေသံ ပေါက်နေသည်။ သို့သော် ချင်မူ့စိတ်က ကြည်လင်ရှင်းလင်းနေသေး၏။

ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် မဟုတ်ပါ၏လော။ သူ့ကိုယ်သူ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ဟု မကြာခဏ ခေါ်တတ်သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် မိစ္ဆာလမ်းစဉ် သိုင်းပညာရှင်များစွာ ရှိပေသည်။ မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာကလည်း အတိုင်းထက်အလွန် ထူးဆန်းပြီး နှလုံးသားအပေါ် လိုက်၍ ပြောင်းလဲတတ်၏။

နှလုံးသားထဲ၌ မိစ္ဆာသဘာဝရှိလျှင် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက မိစ္ဆာကျင့်စဉ်များ ဖြစ်နေလိမ့်မည်။ နှလုံးသားထဲ၌ နတ်ဘုရားသဘာဝ ရှိလျှင် သမာသမတ်ကျင့်စဉ်များ ဖြစ်လိမ့်မည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်သည်နှင့်အညီ ချင်မူသည် မိစ္ဆာသံကြောင့် စိတ်နှလုံးထွေပြားသွားမည့် အဆင့်တွင် မဟုတ်ပေ။

ကောင်းကင်နတ်ဆိုးသိုင်းပညာရှင် ပြောခဲ့သော စကားတစ်လုံးကိုမျှ သူ မယုံပေ။

ဤစကားလုံးများက ချင်မူ သတိလက်လွတ် ဖြစ်သွားစေရန် ရည်ရွယ်ထားသည်။ ‘လှည့်ပြန်လိုက်မယ်’ ၊ ‘ပုန်းနေတဲ့ ပြိုင်ဘက်တွေ ရှိသေးတယ်’ ဆိုသော ပေါက်ကရစကားများအား သူ ယုံလိုက်မိလျှင် သေရလိမ့်မည်။

ချင်မူ တုပ်တုပ်မလှုပ်ဘဲ ရပ်နေသည်။ ဓားအလက်ရှစ်ထောင်က သူ့ပတ်ပတ်လည်တွင် ပျံဝဲလျက် နေရာယူထား၏။

ကောင်းကင်နတ်ဆိုးလူငယ်က ရုတ်တရက် ချင်မူ့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။ ဤကောင်းကင်နတ်ဆိုးလူငယ်၏ ရုပ်ခန္ဓာမှာ ပေါ်ထွက်လာသော စွမ်းအားကား ကြောက်မက်ဖွယ်ရာ ကောင်း၏။

ချင်မူ ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသောဓား’ ကို ထုတ်လွှတ်လိုက်သောအခါ ကောင်းကင်နတ်ဆိုးလူငယ်က ဖောက်ထွက်လာရန် အဆင်သင့်ဖြစ်နေသည်။

ချင်မူက မာန်သွင်းအော်ဟစ်လိုက်ပြီး ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား’က ကောင်းကင်နတ်ဆိုးလူငယ်၏ ခန္ဓာကိုယ်ကို ပိတ်လှောင်နိုင်လိုက်သွား၏။ ထိုအခါ ကောင်းကင်နတ်ဆိုးက အလံကြီးတစ်ခုထုတ်၍ ဓားရောင်ဆီသို့ ဝှေ့ယမ်းလိုက်၏။ တောင်တန်းမြစ်ပြင်ပန်းချီ၏ အစိတ်အပိုင်းတစ်ခု ပျောက်ကွယ်သွားသည်။

“ဝင်္ကပါပညာရှင်”

ချင်မူမှာ အံ့အားသင့်သွားမိသည်။ အလံကြီးက မြေပြင်ထဲ စိုက်ဝင်သွားပြီး ပြန့်ကားလာသည့်အခါ မရေမတွက်နိုင်သော မိစ္ဆာသင်္ကေတများ ပေါ်လွင်လာ၏။ သင်္ကေတများက ဝဲကဲ့သို့ လည်ရင်း မျက်လုံးတစ်လုံးသဏ္ဍာန် ဖြစ်တည်လာသည်။

ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်က အလံထဲ ခုန်ဝင်ကာ အစအနမကျန် ပျောက်ကွယ်သွားသည်။ ‘‌တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားဓား’ ပေါက်ကွဲသွားသော်လည်း မိစ္ဆာအလံကို မည်သို့မျှ မခုတ်ထစ်နိုင်လိုက်ပေ။ ဤအခြင်းအရာအရ မိစ္ဆာအလံသည် သာမန်ရတနာမဟုတ်ကြောင်း ထင်ရှား၏။

ချင်မူ ရွှင်ပျော်ပျော်ဓားဖြင့် အလံအား ပိုင်းဖြတ်တော့မည့်အချိန် ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်က သူ့အနောက်၌ ပေါ်လာသည်။ ချင်မူက ဓားအား အနောက်သို့ ဝိုက်ဆွဲချလိုက်သော်လည်း အလံကြီးနောက်တစ်ခု ဖွဲ့တည်လာ၏။ ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်က ထိုအလံထဲ ခုန်ဝင်ကာ ပျောက်ကွယ်သွားသဖြင့် ဓားချက်နှင့် လွဲသွားပြီး မြေပြင်ထက်၌ ဧရာမအလံကြီးတစ်ခုသာ ကျန်ရစ်ခဲ့ချေသည်။

မကြာမီ အလံရှစ်ခုက ချင်မူ့ကို ဝန်းရံထားပြီဖြစ်သည်။ အလံများက တဖပ်ဖပ် ပျံ့လွင့်နေပြီး အလံအစတစ်ဖက်စီက ကျန်အလံ၏အစနှင့် ချိတ်ဆက်ကာ အဋ္ဌဂံပုံစံရှိသော ရှစ်ထောင့်ဝင်္ကပါကို ခင်းကျင်းလိုက်သည်။ အလံတစ်ခုစီ၏အလယ်တွင် ပွင့်နေသော မိစ္ဆာမျက်လုံးတစ်လုံးစီ ရှိနေ၏။

မိစ္ဆာမျက်လုံးများက မိစ္ဆာနတ်ဆိုးချီများက သူ့ကို လာရောက်ထိခတ်နေသဖြင့် ချင်မူ မျက်မှောင်ကြုတ်နေမိသည်။

ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းလှည့်ပတ်ကာ ခေါင်းလောင်းကြီးအသွင် ဖွဲ့တည်သွားသည်။ ခေါင်းလောင်း၏နံရံ ပတ်ပတ်လည်၌ လျှပ်စီးမိုးကြိုးသင်္ကေတများ ရစ်ခွေနေ၏။ သူက ပဉ္စမဘိုးဘေးကြီးလူသားဧကရာဇ်၏ မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက်ခေါင်းလောင်းကို အသုံးပြုနေခြင်း ဖြစ်ချေသည်။

ဒေါင် ဒေါင် ဒေါင်

ချင်မူက ခေါင်းလောင်း၏အတွင်းသားနံရံကို ထိုးနှက်ရင်း အပြင်မှ တိုက်ခိုက်နေသော မိစ္ဆာနတ်ဆိုးချီများကို တွန်းထုတ်နေသည်။ မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက်ခေါင်းလောင်းက တစ်ချက်တစ်ချက် ကြီးလာပြီး၊ တစ်ချက်တစ်ချက် သေးငယ်သွားသည်။ တစ်ချက်တစ်ချက် သန်မာအားကောင်းလာပြီး တစ်ချက်တစ်ချက် အားနည်းသွားတတ်၏။

ထိုအချိန်တွင် မိစ္ဆာအလံများက တဖတ်ဖတ် လှုပ်ခါပျံလွင့်နေပြီး မိစ္ဆာမျက်လုံးများမှ မိစ္ဆာနတ်ဆိုးချီက သိပ်သည်းလိုက်၊ ပါးလျပ်သွားလိုက်၊ အားကောင်းလာလိုက်၊ အားနည်းသွားလိုက် ဖြစ်နေသည်။

ခေါင်းလောင်းသံမှာ အတောမသပ်နိုင်အောင် တဒေါင်ဒေါင် မြည်ဟည်းနေ၍ ချင်မူ့ချီနှင့် သွေးတို့ ဆူပွက်လာသည်။

သူ ရွေ့လျားသည့်အခါ မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက်ခေါင်းလောင်းလည်း သူနှင့်အတူ လိုက်ပါရွေ့လျားသည်။ သို့သော် အပြင်ရှိ မိစ္ဆာအလံများကလည်း လိုက်လံရွေ့လျားလာ၏။

မိုးကြိုးငါးသွယ်ကောင်းကင်ပင့်မြှောက်ခေါင်းလောင်းက ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းနှင့် လျှပ်စီးမိုးကြိုးကောင်းကင်နတ်သိုင်းကို ပေါင်းစည်းထားသော ပဉ္စမမြောက်လူသားဧကရာဇ်၏ ပြိုင်ဘက်ကင်းသိုင်းကွက်တစ်ကွက် ဖြစ်သည်။ မိုးကြိုးငါးသွယ်က မဟာမိုးကြိုးတိမ်တိုက်ငါးခုကို ကိုယ်စားပြုပြီး ပဉ္စမလူသားဧကရာဇ်၏ ကြံ့ခိုင်သန်မာသော ရုပ်ခန္ဓာဖြင့် ခေါင်းလောင်းအမှတ်အသားများကို ရေးဆွဲထားခြင်း ဖြစ်၏။ ကန်ချက်တစ်ချက်တိုင်း၊ ထိုးချက်တစ်ချက်တိုင်းက မိုးကြိုးငါးတန်းကို ဖြန့်ကျက်လိုက်သည့်အခါ ခေါင်းလောင်းက ကျုံ့ပြီး ပြန့်ကားသွားလိမ့်မည်။ ထိုအချိန်တွင် မိုးကြိုးတိမ်တိုက်ငါးခု၏ စွမ်းအားက များစွာမြင့်တက်သွားသဖြင့် မိစ္ဆာသိုင်းကွက်များကို ဖြိုခွင်းရန် အသင့်တော်ဆုံးဖြစ်၏။

သို့တိုင်အောင် ယခုတွင် ချင်မူ မဖြိုခွင်းနိုင်ပေ။

သူက စနေဂြိုဟ်အရှင်သခင်အသွင်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ သူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာပြီး ခန္ဓာကိုယ်ကို လည်နေသော ဂျင်ပမာ လှည့်လိုက်သည့်အခါ မုခ်ဝက အလံကြီးရှစ်ခုကို တိုက်ချသွားသည်။ များစွာမကြာလိုက်ဘဲ မုခ်ဝမှာလည်း မိစ္ဆာနတ်ဆိုးချီများကြောင့် ပြိုကွဲသွား၏။

ကောင်းကင်အလိုတော်မုခ်ဝမှာ ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်၏ ပုံစံအစစ် ထွက်လာအောင် မလုပ်နိုင်ခဲ့ပေ။

“မျက်လုံး နိုးထ”

ချင်မူ့မျက်လုံးနှစ်လုံးတွင် ဝင်္ကပါအလွှာအထပ်ထပ် တည်ဆောက်ခံလိုက်ရပြီး သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သို့သော် မည်သည့်ဘက်သို့ ကြည့်ကြည့်... ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်ကို ရှာမတွေ့ပေ။ တစ္ဆေများသဖွယ် အလံများအကြား လျင်မြန်စွာ ဖြတ်ပြေးနေသော အရိပ်များကိုသာ မြင်ရသည်။

ရှစ်ထောင့်ဝင်္ကပါထဲတွင် မိစ္ဆာနတ်ဆိုးချီများက ခေါင်းလောင်းကြီးအား အပြီးတိုင်မဖျက်စီးပစ်ပေ။ ထိုအစား သေးမျှင်ပါးလျသော မျဉ်းကြောင်းများသဖွယ် ရွေ့လျားနေသည်။ ထိုမျဉ်းကြောင်းများက ဟင်းလင်းပြင်ထဲ၌ ဖြာထွက်ပျံ့နှံ့၍ တစ်ကြောင်းနှင့်တစ်ကြောင်း ဆုံဖြတ်ကာ ကုဗတုံးများသဖွယ် ဖွဲ့တည်လာသည်။ ကုဗတုံးတစ်တုံးစီ၏ အတွင်း၌ မိစ္ဆာသင်္ကေတများ ပေါ်ထွက်လာနေ၏။

ကောင်းကင်နတ်ဆိုးလူငယ်သည် ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်၏။ စောစောက တိုက်ကွက်က အာရုံလွှဲမှုသာ ဖြစ်ခဲ့ပြီး သူ၏ရည်ရွယ်ချက်အစစ်က အသတ်အဖြတ်ဝင်္ကပါထဲတွင် ချင်မူ့ကို ချောင်ပိတ်သတ်ရန် ဖြစ်သည်။

ဤနည်းဖြင့် အခြားသူများကို ရင်ဆိုင်ရန် ခွန်အားချွေတာနိုင်မည်။

သူက ပမာဏအနည်းဆုံးသော စွမ်းအင်ဖြင့် ချင်မူ့ကို သတ်ရန် ကြိုးစားနေ၏။

ချင်မူ၏ မှော်စွမ်းအင်က အဆင့်တူများထက် များစွာသိပ်သည်းသည့်အပြင် သူ၏ကောင်းကင်နတ်သိုင်းများကလည်း ကြမ်းတမ်းပြင်းထန်သည်။ အဆင့်တူတွင် သူ့ကို အနိုင်ယူနိုင်မည့်သူဆို၍ ရွာလူကြီးနှင့် ပထမလူသားဧကရာဇ်ကဲ့သို့ အဆင့်မြင့်သိုင်းပညာရှင်များသာ ရှိ၏။ သို့သော် ယခု သူ ရင်ဆိုင်နေရသော ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်လည်း ပါဝင်လာသည်။

ပထမမျိုးဆက်လူသားဧကရာဇ်နှင့် ရွာလူကြီးသည် လမ်းစဉ်အဆင့် ဝင်ရောက်သွား‌သော သိုင်းပညာရှင်များဖြစ်သည့်အတွက် သူ့ကို အနိုင်ယူနိုင်သည်မှာ အံ့ဩစရာမရှိပေ။ သို့ရာတွင် ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်မှာ လူငယ်မျိုးဆက်ဖြစ်၏။ ဤအချက်တစ်ချက်တည်းဖြင့် သူ၏ဝင်္ကပါစွမ်းရည်က မည်မျှနက်နဲသိမ်မွေ့ကြောင်း မြင်ရပေသည်။

“ဝင်္ကပါသိုင်းလား”

ချင်မူ မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက်ခေါင်းလောင်းကို ဖယ်ခွာရုပ်သိမ်းကာ ဓားစက်လုံးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ဓားပျံသေးသေးလေးများက စီးဆင်းနေသော ရေအလျဉ်ပမာ သူ့လက်ကြားထဲမှ ထွက်သွားပြီး လှံတစ်လက်အသွင် ပြောင်းသွားသည်။

လှံကို အသေးစိတ်ကြည့်လိုက်ပါက ဖွဲ့တည်ပေးထားသော ဓားပျံအသေးလေးများ မရပ်မနား ရွေ့လျားနေသည်ကို မြင်ရလိမ့်မည်။ ဓားပျံတစ်လက်စီတိုင်းက ဝဲကတော့ဓားချက်ကို ထုတ်ဖော်နေပြီး လှံထိပ်ဖျားက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှသည့် ရွှင်ပျော်ပျော်ဓား ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချင်မူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ သင်္ကေတအမှတ်အသားများ ဖွဲ့တည်လာသည်။ အစွမ်းထက်ကောင်းကင်နတ်သိုင်း သင်္ကေတများ မဟုတ်ဘဲ အက္ခရာသင်္ချာသင်္ကေတများ၊ ထိုက်ကျိအင်းကွက်၊ ဝူကျိအင်းကွက်၊ နေနှင့်လ သင်္ကေတအမှတ်အသားများ၊ ဓာတ်ကြီးငါးပါးသင်္ကေတများ၊ အရပ်ခြောက်မျက်နှာသင်္ကေတများ၊ တြိသင်္ကေတရှစ်မျိုး(ပါ့ကွ)နှင့် ဆဋ္ဌသင်္ကေတခြောက်ဆယ့်လေးသွယ်တို့ ဖြစ်ကြသည်။ သင်္ကေတများက အဆက်မပြတ် ပြောင်းလဲရင်း သုံးဖက်မြင်ဟင်းလင်းပြင်ကို တွက်ချက်၍ သင်္ချာစနစ်တစ်ခုအား တည်ဆောက်နေ၏။

သင်္ကေတများက ထူးဆန်းစွာ ဆက်တိုက်ပြောင်းလဲနေပြီး မိစ္ဆာအလံရှစ်ခု ဖွဲ့တည်ထားသော ဝင်္ကါအခင်းအကျင်းကို တွက်ချက်နေသည်။ မရေမတွက်နိုင်သော သင်္ကေတများ ဟိုသည်ခုန်ကူးနေသည့်အပြင် တွက်ချက်နေသည့်အမြန်နှုန်းက ရင်သပ်ရှုမောဖွယ်ရာကောင်း၏။

ချင်မူ အာရုံစိုက်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က လှံနှင့်အတူ ငွေရောင်‌တောက်နေသော နဂါးတစ်ကောင်ပမာ ရွေ့လျားသွားသည်။ လာရောက်ထိမှန်သည့် မိစ္ဆာနတ်ဆိုးချီအားလုံး ပြိုကွဲကုန်သည်။

ရုတ်တရက် အလံရှစ်ခုက ယိမ်းခါကာ ရုပ်သိမ်းခံလိုက်ရသည်။ ဝင်္ကပါ ပျက်စီးသွားသဖြင့် ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်၏ ပုံသဏ္ဍာန်အစစ်အမှန် ပေါ်လာ၏။ သူက အလံများကို သိမ်းပြီး ရယ်မောလျက် ကပျာကယာ လှည့်ထွက်သွားသည်။ “အတွက်အချက်တော်တဲ့ သိုင်းပညာရှင်မျိုး တွေ့ရခဲတယ်.. မင့်အစွမ်းအစတွေက တကယ် သန်မာပါပေတယ်... ငါ သွားပြီ”

အလံက သူ့ကို လွှမ်းခြုံလိုက်၍ သူ ပျောက်ကွယ်သွားသည်။

ချင်မူ အလှံကြီးကို မြေပြင်ထဲ ထိုးစိုက်လိုက်ကာ သတိအနေအထားဖြင့် ရပ်နေသည်။

သို့သော် တခဏကြာသော် သူ့အရှိန်အဝါက အားနည်းသွားပြီး သူ သွေးတစ်လုပ် အန်လိုက်သည်။ သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ဖင်ထိုင်ချလိုက်သည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်က သူ့အနောက်၌ တစ္ဆေတစ်ကောင်လို ပြန်ပေါ်လာပြီး အလံကြီးကို လှံသဖွယ် အသုံးပြုကာ ချင်မူ့အား ထိုးစိုက်လိုက်၏။ သူက တဟားဟား ရယ်လိုက်ပြန်သည်။ “မင်းမှာ အားမရှိတော့မှန်း သိလို့ ငါ ပြန်လာတာပဲ”

ချင်မူ့မျက်နှာထက်တွင် ထူးဆန်းသောအပြုံးတစ်စ ဖြစ်ထွန်းလာသည်။ သူက ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်ကို ကျောပေးလျက် ထိုင်နေပြီး သူ့လက်ထဲရှိ လှံက ဓားမကြီးနှစ်လက်အဖြစ် ကွဲထွက်သွား၏။ တစ်လက်ကို ရင်ဘတ်ရှေ့၌ ကိုင်၍ ကျန်တစ်လက်ကို နောက်ပြန်ကိုင်ကာ နှလုံးသားဆီသို့ လာနေသည့် အလံကြီးအား ကာဆီးလိုက်သည်။

ထို့နောက် ချာခနဲ လှည့်ကာ အလံကြီးအား ဓားမတစ်လက်ဖြင့် ပင့်မြှောက်လိုက်ပြီး ရင်ဘတ်ရှေ့ရှိ ကျန်တစ်လက်ဖြင့် ခုတ်ချလိုက်၏။

ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်မှာ အံ့အားသင့်သွားပြီး လက်များထုံကျင်လာသည့်တိုင်အောင် အလံကြီးကို လွှဲယမ်းကာ ခုခံသည်။

“သိုင်းကွက်အသားပေးလမ်းစဉ်ရဲ့ အသေသတ်သိုင်းကွက်ကို မင်း သိလား”

နှစ်ယောက်လုံး ရှေ့သို့ပူးကပ်သွားသည့်အခါ ချင်မူက ရန်သူ၏နားအနား ကပ်ပြောလိုက်သည်။ သူ့ခြေထောက်များက ထိုင်လျက် အနေအထားဖြင့်သာ ရှိနေဆဲဖြစ်ပြီး သူက ခန္ဓာကိုယ်ကို ဂျင်သဖွယ် လှည့်ကာ အရူးအမူး တိုက်ခိုက်နေသည်။

ဤသည်မှာ သားသတ်သမား ခြေနှစ်ဖက်လုံး မရှိစဉ်တုန်းက ချင်မူ့ကို မကြာခဏ တိုက်ခိုက်ခဲ့သော အကွက်တစ်ကွက် ဖြစ်သည်။

တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်ခြင်း

သားသတ်သမား၏ သိုင်းကွက်များအနက်အန္တရာယ်အများဆုံး သိုင်းကွက်။

ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်က ထူးဆန်းသော ခြေလှမ်းခြေကွက်များဖြင့် ရွေ့လျားလိုက်ပြီး တစ္ဆေတစ်ကောင်အလား လျင်မြန်လှသော်လည်း ချင်မူ့အား ခါထုတ်မရပေ။ သူ့အလျင်က ပိုမြန်သော်လည်း ချင်မူက ကော်နှင့်ကပ်ထားသကဲ့သို့ သူ့ကျောတွင် ကပ်ပါလာ၏။

ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်၏ ပုံရိပ်က အဆက်မပြတ် ပြောင်းလဲနေပြီး ခန္ဓာကိုယ်လှုပ်ရှားမှုများကလည်း ထူးဆန်းလှသဖြင့် ခန့်မှန်းမရပေ။ အချိန်တိုအတွင်း ချင်မူကို ခါထုတ်နိုင်လိုက်၍ သူ ဝမ်းသာသွားသည်။ နောက်ဆုံးတော့ ချင်မူ့အား မျက်နှာချင်းဆိုင် တိုက်ခိုက်နိုင်တော့မည်။

ဤအခိုက်အတန့်တွင် ချင်မူ့အသံက သူ့နားဘေး၌ ထွက်လာသည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ”

“င့ါနာမည်က...”

ဓားမရောင် လက်သွားပြီး ချင်မူက နောက်ပြန်ကိုင်ထားသော ဓားမကို ပင့်မြှောက်လိုက်၏။ ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်မှာ စကားဆုံးအောင်ပင် မပြောနိုင်လိုက်ပေ။

“စကားဆုံးအောင် ပြောခွင့်မပေးခဲ့လို့ အားတော့နာပါတယ်”

ချင်မူက ဓားမနှစ်လက်ကို သိမ်းလိုက်၏။ ဓားမများက သဲမှုန်များသဖွယ် သူ့လက်ချောင်းများကြားမှ စီးဆင်းသွားပြီး ဓားစက်လုံးအဖြစ် ပြန်လည်ဖွဲ့တည်သွားသည်။

ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်မှာ ဗိုက်ပွင့်ထွက်နေပြီး အူတန်းလန်းဖြင့် မြေပြင်ပေါ်တွင် လဲကျသေဆုံးနေ၏။

ချင်မူက ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်ကာ ခေါင်းယမ်းလိုက်သည်။ “နောက်တစ်ယောက်သာ လာရင် ငါ သေလိမ့်မယ်”

ချင်မူ ခေါင်းစောင်းကာ နားစွင့်နေသော်လည်း ပတ်ဝန်းကျင်ရှိ တောင်တန်းများဆီမှ အသံတစ်ချက် ထွက်မလာပေ။ တခဏကြာသော် သူက အားနည်းဖျော့တော့နေသော အသံဖြင့် ထပ်ပြောလိုက်သည်။ “နောက်တစ်ယောက်သာ လာရင် ငါ သေမှာပဲ”

ပတ်ဝန်းကျင်ရှိ ခံ့ညားလှသော တောင်ကြီးများက တုပ်တုပ်မှမလှုပ်ပေ။

“ဖွီ....”

ချင်မူ ပါးစပ်ဟကာ သွေးများထွေးထုတ်ပြီး လဲကျသွားသည်။ သူက အကြောနှစ်ချက်ဆွဲပြီး ယက်ကန်ယက်ကန် အသက်ငင်နေ၏။

တောင်များကား တိတ်ဆိတ်နေဆဲပင်....

ချင်မူ့မျက်နှာ စိမ်းပုပ်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အသွေးအသားတို့ မာတောင့်သွားသော်လည်း ပတ်ဝန်းကျင်၌ လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိသေးပေ။ တခဏကြာသော် ချင်မူက ပြန်ထပြီး မီးနံရံဆီ ပြန်သွားကာ ဓားပျံများအား ခပ်တည်တည် ဆက်ထုနေသည်။

တောင်ထိပ်တစ်ခုပေါ်တွင် ကောင်းကင်နတ်ဆိုးမိန်းကလေးတစ်ယောက်က ကောင်လေးကို ငုံ့ကြည့်နေ၏။ ထို့နောက် တွေဝေဆုံ့ဆိုင်းခြင်းမရှိ လှည့်ပြန်သွားတော့သည်။

‘ဒီပန်းပဲဆရာလေးက ငါ့ထက်တောင် ပိုမိစ္ဆာဆန်သေးတယ်... ရန်သွားစလို့မဖြစ်ဘူး’

ထိုအခိုက်အတန့်တွင် ဟွမ်ယွဲ့က ရပ်၍ တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်သည်။ ဓားမရှည်ကြီးတစ်လက် လွယ်ထားသော လူတစ်ယောက်က တောင်ထိပ်ပေါ်၌ ရပ်‌နေ၏။

“ကျဲ့ဟွလီ”

၎

င

၎

၎

All Chapters