← Chapters

လမ်းခုလတ်တွင် ရပ်ရန် မဖြစ်နိုင်

Vol. 39 Ch. 538

လမ်းခုလတ်တွင် ရပ်ရန် မဖြစ်နိုင်

Vol. 39 Ch. 538

ရုတ်တရက် စန်းဟွာက တစုံတစ်ခုကို ခံစားလိုက်ရ၍ ခြေလှမ်းများ ရပ်လိုက်သည်။ သူမအရှေ့ရှိ ကောင်းကင်နတ်ဆိုးမိန်းကလေးလည်း အန္တရာယ်ကို သတိပြုမိလိုက်သဖြင့် တမုဟုတ်ချင်း ရပ်သွားသည်။ သိပ်မမြင့်မားသော်လည်း မတ်စောက်သောတောင်တစ်လုံးက သူတို့နှစ်ယောက်အား ခြားထား၏။

နှစ်ယောက်လုံး ကောင်းကင်နတ်သိုင်းများကို ရှေ့တူရူရှိ တောင်ဆီသို့ တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ကြသည်။ မိန်းကလေးနှစ်ယောက်၏ ပြင်းထန်အားကောင်းသော ကောင်းကင်နတ်သိုင်းများ ဝင်တိုက်သွားပြီး တခဏတိတ်ဆိတ်နေပြီးနောက် တောင်မှာ ဝုန်းခနဲ ပြိုကျသွားတော့သည်။ ဖုန်လုံးကြီးက မှိုပွင့်တိမ်တိုက်ပမာ ‌ကောင်းကင်ယံသို့ လိပ်တက်သွားသည်။

ဖုန်လုံးကြီးအတွင်း၌ သင်္ကေတအမှတ်အသားများက မီးရှူးမီးပန်းသဖွယ် လွင့်စင်ပြိုကွဲသွားကြ၏။ မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မမြင်ရသေးပေ။ ဓားစက်လုံးနှင့် ဓားမစက်လုံးက အင်္ကျီလက်အိုးထဲမှ ထွက်လာကာ လှပကြော့ရှင်းသော သူတို့၏ကိုယ်လုံးလေးများကို ဝန်းရံလှည့်ပတ်နေသည်။ ဓားပျံအသေးလေးများနှင့် ဓားမကွေးအသေးလေးများက ပိုးစုန်းကြူးများ ကခုန်နေသကဲ့သို့ ပျံဝဲလှည့်လည်နေ၏။

စန်းဟွာသည် သူမအဖေ၊ နတ်ဘုရားစန်းယဲ့ဆီမှ သင်ယူခဲ့ရ၍ သူမ တတ်ထားသည်မှာ ဓားသိုင်းဖြစ်၏။ အခြားတစ်ဖက်တွင် ကောင်းကင်နတ်ဆိုးမိန်းကလေးက မိစ္ဆာဓားမ ဖုလော့တော်၏ တပည့်ဖြစ်သည့်အတွက် ဓားမသိုင်းကို ကျင့်ကြံထားသည်။

သူတို့က တစ်ပြိုင်တည်း ပြေးဝင်သွားကြပြီး လိပ်ပြာလေးနှစ်ကောင်သဖွယ် လှပတင့်တယ်စွာ ပျံဝဲလိုက်ကြ၏။ မယုံနိုင်လောက်အောင် ထက်ရှသော ဓားမများနှင့် ဓားပျံများ ဝင်တိုက်သွားသည့်အခါ မီးဖွားများ လွင့်စင်ထွက်လာသည်။

“နတ်ဘုရားစန်းယဲ့ရဲ့ ဓားသိုင်း.... နင်က စန်းဟွာပဲ”

“မိစ္ဆာဓားမ ဖုလော့တော်ရဲ့ ဓားမသိုင်း.... နင်က ပိရီပဲ”

မိန်းကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တမုဟုတ်ချင်း သတိပြုမိလိုက်ကြသည်။ ဓားမရောင်နှင့် ဓားရိပ်များအကြားတွင် လှပကြော့ရှင်းသော မိန်းကလေးနှစ်ယောက်သည် ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်၍ အနီးကပ်တိုက်ခိုက်နေကြ၏။ ဓားမရောင်တစ်ချက်က ကောင်းကင်နတ်သိုင်းများကို ထိုးဖောက်လိုက်ပြီး ဓားရိပ်တစ်ချက်က ဆံမျှင်အကြား ဖြတ်သန်းသွားသည်။ လည်နေသော စက်လုံးများမှ အလင်းရောင်တို့ကြောင့် သူတို့၏မျက်ဝန်းများ ရွှင်းလဲ့လင်းလက်လျက် ရှိချေသည်။

သူတို့၏ရုပ်ခန္ဓာများက နုနယ်သယောင် ထင်ရသော်လည်း ချင်မူ့ထက်ပင် သန်မာအားကောင်းသော အင်အားကို ပိုင်ဆိုင်ထား၏။ တစ်ယောက်ကိုတစ်ယောက် မြင်လိုက်သည်နှင့် သူတို့၏ရုပ်ခန္ဓာများက မည်သည်ကိုမှမတွေးဘဲ အလိုအလျောက် တုံ့ပြန်ပြီးသား ဖြစ်ခဲ့သည်။ မိန်းမလှလေးနှစ်ယောက်က လက်ဝါးများ၊ တံတောင်များ၊ ပခုံးများ၊ ခြေထောက်များနှင့် ဒူးများဖြင့် ရန်သူကို မုန်တိုင်းပမာ တိုက်ခိုက်နေကြသည်။

မုန်တိုင်းတိုက်နေသကဲ့သို့ တရစပ်ကျလာသော တစ်ဖက်လူ၏ သိုင်းကွက်များကြောင့် တစ်ချက်တစ်ချက် ညည်းသံများ ထွက်လာသည်။ နှစ်ယောက်လုံး စုတ်ပြဲနေသောအိတ်များသဖွယ် တောင်ပေါ်မှ လိမ့်ကျသွားကြပြီး ခြောက်မိုင်၊ ခုနစ်မိုင်အကွာ ရောက်မှ ရပ်လိုက်နိုင်ကြ၏။

ရပ်တော့မည့်အချိန်တွင် ဓားစက်လုံးနှင့် ဓားမစက်လုံးက ရန်သူ၏ဦးခေါင်းဆီသို့ ကိုယ်စီ ပြေးဝင်သွားကြသည်။ တခဏအတွင်း ဓားပျံများနှင့် ဓားမများက မိုးရွာသကဲ့သို့ ရွာကျလာသည်။

မိန်းကလေးနှစ်ယောက်လုံး လူးလိမ့်ကာ ရှောင်တိမ်းလိုက်ကြသည်။ စန်းဟွာက ကျောနောက်ရှိ လေးကို ယူ၍ ကျားသစ်မလေးသဖွယ် ခန္ဓာကိုယ်ကို လိမ့်လိုက်သည်။ တစ်ချက်လှိမ့်တိုင်း မြားဆယ်စင်းကျော် ပစ်လွှတ်ခံလိုက်ရ၏။ ထိုအချိန်တွင် ဆယ့်သုံးမိုင်အကွာ၌ ပိရီကလည်း မိစ္ဆာလေးကို ထုတ်ကာ ပြန်ပစ်ခွင်းနေသည်။

သူတို့အ‌နောက်၌ ဓားစက်လုံးနှင့် ဓားမစက်လုံးက တိုက်ခိုက်နေဆဲ ဖြစ်သည်။

မိန်းကလေးနှစ်ယောက်က တောင်တစ်လုံး၏ တစ်ဖက်စီတွင် တိမ်းရှောင်ကာ မြားပစ်နေကြသည်။ လေးကြိုးမှ ဒင်ခနဲ တုန်ခါသွားတိုင်း မြားသည် တောင်ကို ထိုးဖောက်သွားတတ်၏။ မျာစွာမကြာလိုက်ဘဲ ‌တောင်တစ်လုံး ဇကာပေါက်သဖွယ် ဖြစ်လာသည်။

နှစ်ယောက်သား တစ်ဖက်လူ၏ မြားများ၊ ဓားများနှင့် ဓားမများကို ရှောင်ရင်း တရှိန်ထိုး ပြေးနေကြစဉ် ဧရာမပုဆိန်ကြီးနှင့် လှံကြီးအား စန်းဟွာ လှမ်းမြင်လိုက်သည်။ သူတို့နှစ်ယောက် တိုက်ခိုက်ရင်း လက်နက်နှစ်ခု ကြက်ခြေခတ်လျက် ရှိနေသော နေရာသို့ ပြန်ရောက်လာခဲ့ကြ၏။

မိန်းကလေးတစ်ယောက်က ပုဆိန်ကြီးပေါ် ပြေးတက်သွားပြီး ကျန်တစ်ယောက်က လှံပေါ် ခုန်တက်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရင်း မြွေများသဖွယ် ရွေ့လျားနေ၏။ နောက်ဆုံးတော့ ကောင်းကင်လက်နက်နှစ်ခု၏အပေါ်သို့ ရောက်သွားကြပြီး မိန်းကလေးနှစ်ယောက်က လေလယ်တွင် သိုင်းကွက်မျိုးစုံ ထုတ်လွှတ်လျက် ကြယ်တံခွန်လေးများသဖွယ် ပြန်ကျလာသည်။

စန်းဟွာ ကပျာကယာ နောက်လှည့်ကြည့်လိုက်သည့်အခါ သူမ ထောင်ထားသော ထောင်ချောက်ထဲသို့ ပိရီကျသွားသည်ကို မြင်လိုက်ရ၍ တမုဟုတ်ချင်း ဓားစက်လုံးဝင်္ကပါကို အသက်သွင်းလိုက်သည်။

“အားးးးး”

နတ်ဘုရားစန်းယဲ့၏ တစ်ဦးတည်းသောသမီး ဖြစ်သည့်အလျောက် စန်းဟွာသည် လိုသမျှ ရ၏။ ချင်မူကဲ့သို့ ဓားစက်လုံးမျိုး မသွန်းလုပ်နိုင်‌သော်လည်း သူမတွင် ဓားစက်လုံးမရှားပေ။

သူမက ဓားစက်လုံးခုနစ်လုံးကို ခုနစ်စဉ်ကြယ်ဓားအင်းကွက်ထဲ၌ မြှုပ်ထားခဲ့၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ သင်္ချာသင်ရမည်ကို ပျင်းသောကြောင့် ဘိုးဘေးများ ချန်ခဲ့သည့် ဓားအင်းကွက်များကိုသာ ကူးယူအသုံးပြုခဲ့သည်။ ဤသို့ဖြင့် အချိန်ကုန် သက်သာပြီး ကျင့်ကြံရာတွင် ပိုမိုအားစိုက်နိုင်၏။

ခုနစ်စင်ကြယ်ဓားအင်းကွက်က ထိုကဲ့သို့ ထောင်ချောက်ဝင်္ကပါတစ်မျိုး ဖြစ်ပေသည်။

ခုနစ်စင်ကြယ်ဓားအင်းကွက်မှာ သိပ်မရှုပ်ထွေးသည့်အပြင် အင်အားမကြီးမားသော်လည်း ဓားစက်လုံးခုနစ်လုံး မြှုပ်ထားသောကြောင့် သေးသေးမွှားမွှား မဟုတ်တော့ပေ။

သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ပွဲတွင် တခဏလေး ရပ်တန့်သွားသည်နှင့် ကံတရားကို အဆုံးအဖြတ်ပေးနိုင်၏။ ထောင်ချောက်ထဲ ကျသွားမှတော့ ပြောစရာပင် မလိုတော့ပေ။

စန်းဟွာက မည်သည်ကိုမှ မစဉ်းစားဘဲ တိုက်ခိုက်လိုက်သည်။ ဝှစ် ဝှစ် ဝှစ်...။ လေးကြိုးမှ မြားအလင်းတန်းများက ဓားအင်းကွက်ထဲ ဝင်သွား၏။ ပိရီက မြားချက်များကို အသည်းအသန် ရိုက်ထုတ်နေသော်လည်း နောက်တခဏတွင် စန်းဟွာ၏လက်ထဲရှိ ဓားစက်လုံးက ပျံထွက်သွားပြီး ဓားပျံများ ဖြာထွက်သွားသည်။ ပထမဓားက ကောင်းကင်နတ်ဆိုးမိန်းကလေး၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်သွား၏။ ထို့နောက် နောက်တစ်လက်၊ နောက်တစ်လက်.... ဓားပျံတစ်လက်ပြီးတစ်လက် သူမနောက်စေ့မှ ‌ဖောက်ထွက်သွားသည်။

ပိရီ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး ခုနစ်စဉ်ကြယ်ဓားအင်းကွက်မှ မရေမတွက်နိုင်သော ဓားပျံများဖြင့် လွှမ်းခြုံခံလိုက်ရ၏။

“ငါ နိုင်သွားတာလား”

စန်းဟွာ မှင်သက်သွားပြီး အလွန်ယုံကြည်ချက်ရှိလာသည်။ သူမက ခုနစ်စဉ်ကြယ်ဓားအင်းကွက်နှင့် ဓားစက်လုံးများကို သိမ်းလိုက်ပြီး ပုဆိန်နှင့် လှံနေရာမှ ထွက်ခွာကာ ရန်သူအား ရှာပုံတော်ဖွင့်တော့သည်။

သဲစားပွဲကမ္ဘာ၏အပြင်တွင် နတ်ဘုရားစန်းယဲ့၏ နဖူးမှ ချွေးများက တပေါက်ပေါက် ကျနေသည်။ သူသည် အတွေ့အကြုံများသည့် နတ်ဘုရားဖြစ်သောကြောင့် သူ့သမီး ကြက်ကန်းဆန်အိုးတိုးပြီး နိုင်ခဲ့ကြောင်း သိလေသည်။

စန်းဟွာအနေဖြင့် ကောင်းကင်နတ်ဆိုးများစွာ သတ်ဖြတ်ခဲ့ဖူးပြီး တစိုက်မတ်မတ် လေ့ကျင့်ခြင်းဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲများအား ကျော်ဖြတ်ခဲ့ဖူးသော်လည်း ကောင်းကင်နတ်ဆိုးပိရီနှင့် ယှဉ်လျှင် များစွာနိမ့်ကျနေသေးသည်။ သူမ၏အတွေ့အကြုံက ပိရီနှင့်ယှဉ်လိုက်ပါက သမုဒ္ဒရာနှင့် ရေစက်တစ်စက်ပမာ ကွာခြားလှသည်။

ပိရီကို အနိုင်ယူနိုင်ခဲ့သည်က ကံကောင်းထောက်မခဲ့သော်လည်း အချိန်တိုင်း ကံကောင်းနိုင်မည်မဟုတ်ပေ။ ကျန်ကောင်းကင်နတ်ဆိုးများနှင့်တွေ့လျှင် သူ၏တစ်ဦးတည်းသော သွေးသား သူ့အရှေ့မှာတင် အသတ်ခံလိုက်ရလိမ့်မည်။

နတ်ဘုရားစန်းယဲ့ သဲစားပွဲကမ္ဘာကို အကဲခတ်ပြီးသည့်အခါ စိတ်တည်ငြိမ်သွား၏။

သဲစားပွဲကမ္ဘာထဲတွင် တိုက်ပွဲတချို့ ပြီးဆုံးသွား၍ ကောင်းကင်နတ်ဆိုးအရေအတွက် လျော့ကျသွားသည်။ ဖုရွေ့‌လော်၏ တပည့် ကျဲ့ဟွလီနှင့် အစစ်အမှန်မိစ္ဆာနတ်ဆိုး စုမို၏ တပည့် ကျန်းရီတို့ နှစ်ယောက်သာ ကျန်သည်။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံဘက်မှ ချင်မူ၊ စန်းဟွာ၊ ယွီဟယ်နှင့် ရွှီယောင်တို့ ကျန်သည်။ ယွီဟယ်က ရွှီယောင်ကို ရှာတွေ့သွားသဖြင့် ကောင်းကင်နတ်ဆိုးများကို သတ်ရန် နှစ်ယောက်ပူးပေါင်းထားကြ၏။

မှန်သည်၊ ရန်သူအများဆုံး သတ်နိုင်ခဲ့သူမှာတော့ ခြွေလှေ့ကောင်လေး ချင်မူ ဖြစ်သည်။

သူက ကောင်းကင်နတ်ဆိုးသုံးယောက်ကို ဆက်တိုက် သတ်ပေးခဲ့သည့်အတွက် ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်သိုင်းပညာရှင်များအနေဖြင့် အသာစီးမှု ရှိနေသည်။

ကျန်းရီ၏အစွမ်းအစများက အတိုင်းထက်အလွန် မြင့်မားသော်လည်း ပြိုင်ဘက်ဖြင့် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ဒဏ်ရာရထားသဖြင့် သိုင်းစွမ်းရည် သိပ်မကျန်တော့ပေ။ သို့ဖြစ်၍ စန်းဟွာ အသက်ရှင်နိုင်သေးသည်။

‘ဒါပေမဲ့ ယွီဟယ်နဲ့ ရွှီယောင်လည်း ဒဏ်ရာရထားတဲ့ပုံပဲ...”

နတ်ဘုရားစန်းယဲ့ ရင်တုန်လာပြန်သည်။ သူ့မှာ မည်သို့မျှမတတ်နိုင်ဘဲ ပန်းပဲဆရာလေးဆီ တရှိန်ထိုး ပြေးနေသော သမီးဖြစ်သူကိုသာ ကြည့်နေရ၏။

ထိုစဉ် သဲစားပွဲကမ္ဘာ၏အစပ်နားတွင် ကျဲ့ဟွလီက မိစ္ဆာဓားမကို လွယ်လျက် သိက္ခာတော်ရ ရဟန်းတစ်ပါးပမာ တည်ငြိမ်‌အေးဆေးစွာ တစ်လှမ်းချင်း  လျှောက်နေသည်။ ကောင်းကင်နတ်သိုင်းများ မထုတ်လွှတ်ထား၍ သူ့ခြေလှမ်းများက မမြန်ပေ။ ပေတံဖြင့် အတိအကျ တွက်ချက်ထားသကဲ့သို့ သူ နင်းလိုက်သော ခြေလှမ်းက တစ်ပေတိတိ ရှည်လျား၏။ ခြေလှမ်းတိုင်း၏ အတိုင်းအတာက တစ်ထပ်တည်း ကျသည်။ တစ်လက်မ ပိုမရှည်သလို၊ တစ်လက်မ ပိုတိုခြင်းလည်း မရှိ။

ဤသည်မှာ သူ့ဓားမသိုင်း၏ စည်းကမ်းချက် ဖြစ်သည်။

ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ လှုပ်ရှားမှုများက မြန်ပြီး ကြမ်းတမ်းသည်၊ စည်းကမ်းလည်း မရှိသလို၊ သိုင်းစွမ်းရည်ကို လက်လွတ်စပယ် ထုတ်ဖော်တတ်၏။

သို့သော် ကျဲ့ဟွလီက ဓားမနတ်ဘုရားဖြစ်သော ကောင်းကင်ဓားမ လော့ဝူရွှမ်ဆီမှ ပညာသင်ထားခြင်းဖြစ်သည်။ လော့ဝူရွှမ်၏ ဓားချက်များ၌ သင်္ချာသဘောတရားများ ကိန်းဝပ်နေ၍ လွန်စွာတိကျသေသပ်သည်။ ကိုယ်ဟန်အနေအထား၊ အားအချိန်အဆ၊ ခြေလှမ်းခြေကွက်များ၊ ခန္ဓာကိုယ်လှုပ်ရှားမှုများနှင့် ကြွက်သားလှုပ်ရှားမှုများကိုပင် သင်္ချာဖြင့် အတိအကျ တိုင်းတာထား၏။ အနည်းငယ်မျှ အမှားမခံပေ။

ချီစွမ်းအင်လည်ပတ်မှု၊ မူလဝိညာဉ်ရွေ့လျားမှု၊ ရည်ရွယ်ချက်၊ အနှစ်သာရ စသည်တို့တွင်လည်း စည်းကမ်းချက်များ ပြည့်နေသည်။

ကျဲ့ဟွလီသည် ထိုကဲ့သို့သင်ကြားမှုများအောက်၌ ကြီးပြင်းလာရသောကြောင့် ထိုက်ဧကရာဇ်‌ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များ မတူ‌ပေ။ လော့ဝူရွှမ်၏ ဓားမကွက်များကို လေ့လာရန် သူ့အနေဖြင့် အက္ခရာသင်္ချာကို ထုံးလိုမွှေ ရေလိုနှောက် ကျွမ်းကျင်အောင် သင်ယူခဲ့ရ၏။

အမိန့်အရ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ဆင်းလာပြီး ဖုရွေ့လော်၏ တပည့် လုပ်ခဲ့သော်လည်း ဆရာအသစ်ဆီမှ အချုပ်အနှောင်ကင်းမဲ့သော သူရဲကောင်းဟန်ပန်ကို အတုမယူခဲ့ပေ။ လောဝူရွှမ် သင်ပေးခဲ့သည့်အတိုင်း သူ၏အပြောနှင့် အလုပ်အား စည်းကမ်းနှင့်အညီ တင်းကြပ်ထားခဲ့သည်။

မီးနံရံရှေ့သို့ ရောက်သည့်အခါ သူ ခေါင်းမော့ကြည့်လိုက်သည်။ ချင်မူက သူ့ကို ကျောပေးထားပြီး ဓားတစ်လက်မြှောက်ကာ သူ့လက်ရာသူ ကြည့်နေ၏။

ထိုကောင်လေးက ကျဲ့ဟွလီကဲ့သို့ သတိကြီးသောအကျင့် မရှိဘဲ ဖုရွေ့လော်လို အချုပ်အနှောင်ကင်းမဲ့သည့် သူရဲကောင်းဟန်ပန်မျိုးအား ပိုင်ဆိုင်ထားသည်။

ဓားကို ပင့်မြှောက်လျက် ကြည့်နေသော သူ၏ပုံရိပ်တွင် သူရဲကောင်းတစ်ယောက်၏ အမူအကျင့်မျိုး ကိန်းဝပ်နေ၏။ မီးအရှေ့တွင် ဓားတစ်လက်ကို ကြည့်ရှုနေသော သူ၏အသွင်အပြင်ကား မည်သူမျှမတုပနိုင်အောင် သူရဲကောင်းဆန်နေ၏။

ကျဲ့ဟွလီ ရင်ခုန်သံအနည်းငယ် မြန်လာသည်။ သို့‌သော် လျင်မြန်စွာ စိတ်ပြန်ထိန်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ဓားကိုင်ထားသည့် ကောင်လေးက သူ့နှလုံးခုန်သံပြောင်းလဲသွားသည်ကို ကြားလိုက်ရဟန်တူ၏။ သူက ခေါင်းငုံ့ကာ မျက်လုံးထောင့်စွန်းမှ သူ့ကို လှမ်းကြည့်သည်။

သို့သော် ကောင်လေးက မျက်လုံးထောင့်စွန်းမှ သူ့ကို လှမ်းကြည့်နေခြင်းမဟုတ်ကြောင်း ကျဲ့ဟွလီ သတိပြုမိလိုက်၏။ သူကား ဓား၏ ပြောင်လက်နေသော မျက်နှာပြင်မှတစ်ဆင့် သူ့အနောက်ရှိ ပုံရိပ်များကို ကြည့်နေခြင်း ဖြစ်ချေသည်။

‘သူ မျက်လုံးထောင့်စွန်းကနေ ငါ့ကို လှမ်းကြည့်နေတဲ့ပုံပေါ်အောင် လုပ်ခဲ့တာက ငါ အကဲဖြတ်မှားစေဖို့ပဲ... ငါသာ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လိုက်ရင် အကဲဖြတ်မှားသွားပြီး သူ အသာစီးရသွားလိမ့်မယ်’

ကျဲ့ဟွလီ မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။ သူတို့လို သိုင်းပညာရှင်များအနေဖြင့် ရန်သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုအား အကဲဖြတ်မှားသွားလျှင် ရန်သူက မည်သို့မျှ အလွှတ်ပေးတော့မည်မဟုတ်ပေ။

တစ်ခါတရံ အနိုင်အရှုံးမှာ အသေးငယ်ဆုံး အမှားလေးတစ်ခုဆီမှ အရင်းခံတတ်သည်။

‘သူက အသက်အရွယ်နဲ့ မလိုက် အတွေ့အကြုံများလွန်းတယ်’

ကျဲ့ဟွလိ အသက်ပြင်းပြင်းရှူ၍ ခါးမတ်လိုက်သည်။ ဤကောင်လေးသည် သူ့ဆရာ ကောင်းကင်ဓားမ မမေ့နိုင်ခဲ့သော လူငယ်ဖြစ်၏။ သူ၏ဓားမသိုင်းကိုပင် ပြသစေချင်ခဲ့သော လူဖြစ်သည်။

ကျဲ့ဟွလီ ချင်မူ့ကို အရိုအသေပေးကာ အလေးအနက် ပြောလိုက်သည်။ “ငါ့ဆရာက လော့ဝူရွှမ်ပါ”

ချင်မူက နောက်လှည့်ပြီး လက်ထဲရှိ ဓားကို စားပွဲတင်လိုက်သည်။ “သိတယ်... ငါ သူ့ကို မှတ်မိတယ်”

ကျဲ့ဟွလီက ခါးပြန်မမတ်သေးဘဲ ဆက်ပြောလိုက်၏။ “ငါ့ဆရာက.. မင်းကို တွေ့ရင် သူ ဖန်တီးခဲ့တဲ့ ဓားမသိုင်းကို မြင်ချင်လား မေးဖို့ မှာလိုက်တယ်”

သူ အရိုအသေပေးနေစဉ် မိစ္ဆာဓားမပေါ်ရှိ မိစ္ဆာမျက်လုံးက ရုတ်တရက် ပွင့်လာပြီး လည်နေသည်။ ၎င်းအကြည့်က ကောင်လေးအပေါ် ကျရောက်လာသည်။

ချင်မူက ပြုံးလျက် စားပွဲပေါ် လက်ဝါးတင်လိုက်သည်။ ဓားပျံများက သဲမှုန်များသဖွယ် သူ့ဆီသို့ ညင်သာစွာ စီးဆင်းလာပြီး လုံးဝန်းနေသော လက်မအရွယ် စက်လုံးတစ်လုံးဖြစ်လာ၏။

“ငါလည်း သူ့ဓားမသိုင်းကို သိပ်မြင်ချင်မိပါတယ်” ချင်မူ ဓားစက်လုံးကို ကိုင်လျက် ပြောလိုက်၏။ “မင်းက သူ့အစား သူ့ဓားမသိုင်းကို ထုတ်ဖော်ကစားပြမှာဆိုတော့ ငါ့ကို အရိုအသေပေးတယ်... ဒါပေမဲ့ ငါ့ကို လေးစားလို့မဟုတ်ဘဲ... သူ့ကို လေးစားလို့မဟုတ်လား”

ကျဲ့ဟွလီက ခါးပြန်မတ်ကာ ခေါင်းညိတ်လိုက်သည်။

ချင်မူက ပြုံးလိုက်၏။ “သူက လက်တစ်ဖက်တည်းနဲ့ ဓားမသိုင်း ကစားတဲ့လူ... မင်းကရော သူ့ဓားမသိုင်းကို လက်တစ်ဖက်နဲ့ ကစားတာလား... လက်နှစ်ဖက်နဲ့ ကစားတာလား”

ကျဲ့ဟွလီ၏မျက်လုံးများ မှေးကျဉ်းသွားသည်။

ချင်မူက သူ့အမူအရာကို တမုဟုတ်ချင်း သတိထားမိလိုက်၏။ သူ့အပြုံးက ပိုမိုတောက်ပလာသည်။ “ကျဲ့ဟွလီ .... မင်း သူ့ဓားမသိုင်းကို ထုတ်ကစားပြလို့ရပါတယ်”

ကျဲ့ဟွလီမှာ တာအိုနှလုံးသားအပေါ်သို့ မမြင်ရသော ဖိအားတစ်ခု သက်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

လက်တစ်ဖက်နှင့် ကစားသလား၊ လက်နှစ်ဖက်နှင့် ကစားသလား မေးလိုက်သော ချင်မူ၏မေးခွန်းက သူ၏တာအိုနှလုံးသားအပေါ် ဖိအားသက်ရောက်လာစေ၏။ အဘယ်ကြောင့်ဆိုသော် လော့ဝူရွှမ်က လက်တစ်ဖက်ကောင်းကင်ဓားမ ဖြစ်၍ပင်။

ကျဲ့ဟွလီအနေဖြင့် လက်တစ်ဖက်နှင့်သာ ကစားခဲ့လျှင် ကျန်တစ်ဖက်က အလကားဖြစ်လိမ့်မည်။ ထိုလက်ကို တိုက်ပွဲတွင် အသုံးမပြုပါက မည်သည့်ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်စေကာမူ ဓားမသိုင်းဖြင့် လိုက်လျောညီထွေ ဖြစ်မည်မဟုတ်‌ပေ။ ဤသို့ဖြင့် သူ့တွင် ဟာကွက် ရှိလာမည်။

လက်နှစ်ဖက်ဖြင့် ကစားခဲ့လျှင် လော့ဝူရွှမ်၏ လက်တစ်ဖက်ကောင်းကင်ဓားမအား မသင်ယူခဲ့ဟု ဆိုလိုမည်။ လော့ဝူရွှမ်၏ ဓားမသိုင်းကို လက်နှစ်ဖက်လုံးဖြင့် ထုတ်ဖော်ပါက အနှစ်သာရကို မဖမ်းဆုပ်မိ၍ ပြီးပြည့်စုံစွာ ထုတ်ဖော်နိုင်မည်မဟုတ်ပေ။

ကျဲ့ဟွလီ အောက်ဘုံသို့ ဆင်းလာခဲ့ခြင်းမှာ လော့ဝူရွှမ်၏ဆန္ဒကို ဖြည့်ဆည်းပေးရန်အပြင် ဖုရွေ့‌လော်ဆီမှ သူ၏ဓားမသိုင်းအား ပြည့်စုံစေမည့် နည်းလမ်းကို တောင်းခံရန်လည်း ဖြစ်ခဲ့သည်။ တိုက်ပွဲအတွေ့အကြုံများမှတစ်ဆင့် သူ၏လိုအပ်ချက်များကို ဖာထေးပြီး လမ်းစဉ်၊ ကျင့်စဉ်သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများတွင် နတ်ဘုရားငယ်အဆင့်တက်ရန်အတွက်လည်း ဖြစ်၏။

ယခုတွင် ရန်သူနှင့် မျက်နှာချင်းဆိုင်သည့်အခါ ရန်သူက သူ့ကို ထွင်းဖောက်မြင်သွားချေပြီ။ သူ ဓားမသိုင်းကို ထုတ်လွှတ်သည်ဖြစ်စေ၊ မထုတ်လွှတ်သည်ဖြစ်စေ လမ်းခုလတ်တွင် ရပ်ရန် မဖြစ်နိုင်တော့ပေ။

သဲစားပွဲကမ္ဘာ၏အပြင်တွင် တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်လုံးများ ဝင်းလက်သွားပြီး သူ့ဘေးရှိ ကျားနတ်မင်းဆီသို့ လှမ်းကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “သူ့စိတ်အခြေအနေက အင်မတန် သန်မာတယ်... တွေ့တာနဲ့ ကျဲ့ဟွလီကို ဖိအားပေးနိုင်သွားပြီ... သူ့စိတ်အခြေအနေက အားနည်းတယ်လို့ မင်း ဘာလို့ပြောခဲ့တာလဲ”

ကျားနတ်မင်းက နားရွက်ကုပ်လျက် မကျေမနပ် ညည်းတွားသည်။ “သူ့စိတ်အခြေအနေက တကယ် အားနည်းတာပါ.... အမူအရာတွေဆို အကြီးအကျယ်ကို ပြောင်းလဲနေတာ... ဟုတ်သား .. သူက စိတ်လည်းမငြိမ်ဘူး၊ လုပ်ချင်တာ လုပ်တတ်တယ်လို့ အရှင်ကိုယ်တိုင် ပြောခဲ့တယ်မဟုတ်ဘူးလား.... “

သစ်ခုတ်သမား၏အမူအရာက မပြောင်းလဲပေ။ “ဘယ်တုန်းက ပြောလို့လဲ... ပေါက်ကရတွေ မပြောနဲ့ ... မင်း နားကြားမှားတာ နေမှာ”

ကျားနတ်မင်းက နှုတ်ခမ်းဆူနေ၍ သစ်ခုတ်သမား၏နဖူး၌ သွေးကြောတစ်ကြော ထောင်လာသည်။ ကျားနတ်မင်းမှာ ကပျာကယာ မျက်လွှာချပြီး စပ်ဖြဲဖြဲ ရယ်လိုက်ရ၏။ “ဟုတ်ပါတယ်... ဒီကျားလေး နားကြားမှားတာပါဗျာ”

၎

င

၎

၎

All Chapters